ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, February 8, 2011

ပင်လုံနဲ့ယှဉ်တဲ့ အလွတ်သဘော အဖြေရှာချက်တချို့ (၅)

ဆွေးနွေးပွဲပို့စ်တွေမှာ ဒီပို့စ်ကတော့ နောက်ဆုံးအပိုင်းပါ။ ဆွေးနွေးတယ်ဆိုတာထက်
ရပ်တည်ချက်တွေကို ပြောကြတာလို့ ဆိုနိုင်ပါတယ်။ ကိုယ်ပိုင်ဘလော့မို့လို့ အချိန်ယူ
ပြင်ဆင်ခွင့်ရတဲ့အပြင် အပြင်အဆင်တွေနဲ့ပါပေါင်းပြီး လိုချင်တဲ့လမ်းကို ကြောင်းပေး
နိုင်ခွင့်ရတာကြောင့် ဆွေးနွေးသွားသူတွေ (အထူးသဖြင့် အမည်မသိ) အတွက် အား
 အားနည်းချက်တွေ ဖြစ်သွားစေနိုင်တာမို့ ဖတ်ပြီး မျှတအောင် ချိန်ညှိကြစေချင်ပါတယ်။

(မန်းကိုကို)



Anonymous said...

Great to see a lot of discussions. It is good to learn that there are people
who are still interested in own affairs. I have mentioned that why I think
PinLong 2 will pose political and even personal risks for Daw Su. I will try
to discuss why we cannot give easy promises, and Daw Su should avoid
places where all kind hearted people will likely to give in promises. Regional
autonomy, we discussed above can be fatal for us, for Shans, then next
possile merger with Thailand, same for others. Same for Ka Chins, there are
also Jain Phaws in China, it is one of the official minorities there, and also
ethnic Ka Chins are in India. Nagas are in Nagaland (they are fighting for
their separation from India). So while it is true that Burmese think Nagas as
naked people, they can merge with their Naga states, and their autononmous
state can be spring board for bigger states. So even if we want to give greater
autonomy, we cannot give them just like that. It will be inviting disaster for
future Burma. All things are connected, so when you think of A, you have to
analyse B and conjecture C and contemplate D. Then you act. KIA officers
were trained in Chinese military academies and some in Indian, they even
have engineering corps. They are not rag tag army. KIA is ahead of KNU in
that case. KNU is still pinned down in warlordism and failed to train
next generation Kayins.

So Burmese have to aware that our issue is not only local but regional.
Wrong move, we will be f..ked by neighbours and it will not be pleasant.
Bangladesh is an immigrant (both legal and illegal) exporter nation, we have
a lot of Burmese muslims and so it is possible that a lad from Bangladeshi
can use Burma to reach Malaysia via Thailand. If we are to our borders
unchecked, our country will be next Afganistan, a transit for extremists.

Under those circumstances, integration is the only solution, if we can make
sure that all Burmese citizens as kids go through identical curriculum, all Ka
Chins, Ka Yins, Mons and Ka Lars (our Ka Lars) and Ta yotes (our ta yotes)
can speak fluent Burmese, we can easily screw the extremists as it will be
easy to catch them.

That is how we can surrect an invisible wall between us and those who
will infilterate us. We can differentiate our ka lars and their ka lars, our ta
yote and their ta yotes, our ka yins and their ka yins, kind of. So like it or
not integration or Burmanization is pragamatic solution for us. So apart
from economical and financial reasons, now a social engineering reason in
favour of integration.
  January 15, 2011 1:22 AM


မန်းကိုကို said...

   ဘလော့ကို ဧည့်သည်တွေနဲ့ ထားခဲ့သလိုဖြစ်သွားတယ်ဗျာ။

   ကိုတင့်ဦးမှတ်ချက်ကို စာပြန်ဖို့ ဗမာလို ၁၉၄၇ အခြေခံဥပဒေကို အင်တာနက်ထဲက ဆွဲချ
ဖို့ကြိုးစားရင်း ကွန်ပြူတာ ဆန့်ငင်ဆန့်ငင် ဖြစ်သွားတာနဲ့ ရှိသမျှမှတ်တမ်းတွေပါ အားလုံး
ပျောက်၊ လူလည်း တတ်သမျှ မှတ်သမျှနဲ့ ပြန်ပြင်ရင်း ခုမှ ပြန်ဝင်လာနိုင်တော့လို့ပါ။

   အနီးဆုံး အမည်မသိရဲ့ မှတ်ချက်ကို အရင်အတိုချုပ် ပြန်ပြောပါ့မယ်။

     ယေဘုယျအနေနဲ့ အမည်မသိရဲ့ မှတ်ချက်ဟာ “ဖြစ်ကောင်းဖြစ်လာနိုင်တယ်” ဆိုတာ
တွေအပေါ် ကောက်ချက်ဆွဲထားရုံမက ဆွေးနွေးချက်ဆိုတာထက် ရပ်တည်ချက် သဘော
ထားဖြစ်နေတာကြောင့်လည်း ဆွေးနွေးလို့ ရကောင်းတာမျိုး မဟုတ်ဖူးလို့ ယူဆမိလို့ပါ။

     လူမျိုးစုတိုင်းအတွက် ရှေ့နေလုပ်ဖို့ သင့်တော်တဲ့အနေအထား မရှိပေမယ့် ကရင်တစ်မျိုး
အတွက်တော့ နည်းနည်းတွေးကြည့်ပါမယ်။ သေချာတာက လက်ရှိ တိုက်နေခိုက်နေကြတာ
ဟာ နိုင်ငံသစ်ထောင်ဖို့ မဟုတ်ပါ။ ဒီခေတ် ဒီအခြေနေမျိုးမှာလည်း နိုင်ငံပိစိကွေးထောင်ဖို့
သင့်တော်တဲ့ အနေအထားလည်း မရှိပါဘူး။ ယိုးဒယားနိုင်ငံမှာ ကရင်တွေ ရှိပေမယ့်လည်း
ပြည်နယ်ထောင်ဖို့တောင် စဉ်းစားကြသူတွေ မဟုတ်ပါဘူး။ ကနေ့ ကရင်ဒေသလို့ ခေါ်လို့
ရတဲ့နေရာ အတော်များများမှာလည်း လူမျိုးပေါင်းစုံ ရောနှောနေထိုင် နေကြပါတယ်။ ဒါ
ငါတို့နယ်ဆိုပြီး ဒီမိုကရေစီနည်းအရ ဖြစ်ပေါ်လာမယ့် ပြည်နယ်လွှတ်တော်လို နေရာမျိုးမှာ
လက်ဝါးကြီးအုပ်လို့လည်း မရကောင်းပါဘူး။

     ဒီတော့ ကရင်တွေနဲ့ အခုဖြစ်နေကြတာကိုကြည့်ရင် နိုင်ငံပြိုကွဲဖို့ ဆိုတာမျိုးနဲ့ မဆိုင်ပဲနဲ့
ဒီနယ်မှာ ရှိနေသူတွေကို ဘယ်လောက်အတိုင်းအတာ အသိအမှတ်ပြုမလဲ၊ ပြည်မရဲ့ “ငါတို့
စီမံသမျှ တစ်လုံးမကျန် လိုက်နာရမယ်” ဆိုတဲ့ အနေအထားကနေ ဘယ်လောက်အထိ
အလျှော့ပေးနိုင်မလဲ ဆိုတဲ့ ပုစ္ဆာအပေါ်သာ မူတည်နေတာပါ။

     ဒါပေမယ့် ၆၂ နောက်ပိုင်း ဝါဒဖြန့်တာတွေကို စွဲနေအောင်မှတ်သူ ပြည်မသား (ဗမာ)
အတော်များများ အနေနဲ့တော့ လျှော့ဖို့မတွေးမိကြတာလည်း သိပါတယ်။ တစ်ဖက်မှာလည်း
ငြိမ်းချမ်းရေး ဆွေးနွေးကြမယ်လုပ်တိုင်း ငါတို့ဆီလာ၊ အပစ်ခဏရပ်မယ်၊ လုံခြုံရေး တာဝန်
ယူတယ်၊ ကျန်တာဘာမှ မတောင်းနဲ့၊ ပြီးရင် အပြီးလက်နက်ချ ဆိုတဲ့ လုပ်ပုံကိုင်နည်းတွေ
ဟာ အထောက်အကူမဖြစ်သလို လူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားတွေရဲ့ အသိ
အမြင် အတွေး အလုပ်တွေကအစ ထိန်းချုပ်လမ်းကြောင်းဖို့ ကြိုးစားတာဟာလည်း ကိုယ်
လိုချင်တာရဲ့ ဆန့်ကျင်ဖက်ကိုပဲ တွန်းပို့နေတယ်ဆိုတာ လူမှုရေးဘာသာရပ် လိုက်စားစရာ
မလိုပဲ သိမြင်နိုင်တယ်လို့ ယူဆပါတယ်။
January 18, 2011 4:41 AM

မန်းကိုကို said...

     အင်း .. ကိုတင့်ဦး ပြောသွားတာတွေနဲ့ ကိုကျော်ထင် ပြန်ပြောသွားတာတွေနဲ့တင် အတိုချုပ်
အတော်ငုံမိနေပါပြီ။

     ကိုတင့်ဦးပြောသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကို ခေါ်ချင်သူတွေ မပါတာမျိုး၊ တပ်တွေ
ကို “မင်းတို့ကြည့်လုပ်လိုက်ကွာ” လို့ လွတ်လိုက်တာမျိုးတွေကို အနည်းအကျဉ်းသိပေမယ့် ဆရာ
သမားက စီကာပတ်ကုံး စေ့ငုပေးလိုက်တော့ ပိုရှုင်းသွားတာပေါ့။ ပြီးတော့ အေးအေးဆေးဆေး
ဆွေးနွေးဖြစ်ခဲ့ရင် ပြည်ထောင်စု ပြိုကွဲဖို့မရှိဖူးလို့ ယူဆတာ၊ လက်ရှိ ပင်လုံကို အပြစ်ပြောနေ
တာတွေဟာ ၆၂ နဲ့ နောက်ပိုင်း စစ်တပ် ထိပ်တန်းအရာရှိတွေရဲ့ သဘောထားလို့ နားလည်
တာတွေမှာလည်း အမြင်တူတယ်လို့ ပြောနိုင်ပါတယ်။

     ကိုကျော်ထင်ရဲ့ comprehensive process တစ်ခု လိုနေတယ်ဆိုတာလည်း မှန်ပါတယ်။
တကယ်တန်း လုပ်ချင်ကြဖို့နဲ့ တကယ်လုပ်ဖို့ပဲ လိုနေပါတယ်။ လက်ရှိ မြန်မာပြည် အခြေအနေ
ဟာ သဘာဝအရ ပူးကပ်တွဲမြဲနေကြတာ မဟုတ်ပဲ ဇွတ်အတင်း ဆွဲချည်ထားတာနဲ့ တူတာ
ကြောင့် အခန့်မသင့်ရင် တစ်စစီကြေမွဖို့အထိ အမြဲတန်း စိုးရိမ်နေရတာပါ။ အမှန်မှာတော့
ကိုတင့်ဦးပြောခဲ့သလိုပဲ ပြည်သူ့ဆန္ဒ ခံယူပွဲတွေလုပ်ပြီး တွဲရေးခွဲရေး ဆုံးဖြတ်ခဲ့ရင်တောင် ခွဲ
ရေးနိုင်ဖို့ အင်မတန်ခက်ခဲတဲ့ ကိစ္စပါ။ ကျနော်မြင်တာ တစ်ခုကတော့ တကယ်တန်းမှာ အား
လုံးအတွက် အဆင်ပြေနိုင်မယ့် လမ်းကြောင်းကို လွယ်အောင် ရှင်းအောင် (simplify) လုပ်
လို့ရပါတယ်၊ သိပ်ရှုပ်ထွေးလှတယ်တော့ မဟုတ်ပါဘူး။ စကားတွေကိုလည်း သာမန်လူတိုင်း
နားလည်အောင် သုံးစွဲလို့ ရပါတယ်။ မရတာကတော့ လူတွေရဲ့ စိတ်နှလုံးကို ပြောင်းလဲလာ
ဖို့ပါ။

     ကိုတင့်ဦးအနေနဲ့ ၄၇ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်အကြောင်းတွေ ရနိုင်သလောက်
ဆက်ဆွေးနွေးပေးနိုင်ရင်တော့ ကောင်းမှာပါပဲ။ ကျနော်သိတာတွေက တစ်စစီ ဖြစ်နေလို့ပါ။
(အပေါ်မှာလည်း ဝင်းဂိတ်ရဲ့ ချင်းဒစ်နဲ့ မေဂျာစီးဂရင်းရဲ့ လေထီးပျောက်ကျားတွေကို နည်းနည်း
ရောသွားသေးတယ်)။ ဆရာပြီးချပြမှ ကျနော်တို့တတွေ ဝိုင်းဖြည့်ပေးကြတာပေါ့။ :-)
January 18, 2011 5:42 AM


ကျော်ထင် said...

     ကျုပ်ဟာ ဗမာလူမျိုးဖြစ်ပေမယ့် anonymous ပြောသွားတဲ့ burmanization နဲ့ပတ်သက်
လို့ လုံးဝသဘောမတူပါဘူး။

     ဒါပေမယ့် ဒီအဆို၊အမြင်တွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေဖက်က အမြင်က ပိုသင့်
တော်မယ်ထင်လို့ ကျုပ်ကိုယ်တိုင်က အသေးစိတ်ကို မပြောတော့ပဲ ရှပ်ပြီးတော့ပဲ ဆွေးနွေး
ပါမယ်။ ဆရာမန်းပြောထားတာတွေလဲ အတော်လေး ပြည့်စုံထိရောက်ပါတယ်။ ကျုပ်က ဗမာ
ဖက်က အမြင်အနေနဲ့ ဖြည့်စွက်ရုံလေးသက်သက်ပါ။

     အခုလဲ တိုင်းရင်းသားတွေအပေါ်ပြုမူကျင့်ကြံနေတာတွေဟာ Burmanization လုပ်နေ
တာပဲ မဟုတ်လား၊ အခုလဲ တိုင်းရင်းသားဘာသာစကား များလွတ်လပ်စွာသင်ကြားခွင့်မရှိ၊
တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေကအစ ထိန်းချုပ်မှုအောက်
မှာလုပ်နေရတာပါပဲ။ အပစ်ရပ်စဲ ငြိမ်းချမ်းရေးဆိုတာလဲ တိုင်းရင်းသားတွေကို စီးပွားရေးနဲ့
ဖြားယောင်းပြီး ချွေးသိပ်ထားခဲ့ပေမယ့် ဘယ်လောက်များ အောင်မြင်နေပါသလဲ။ လက်တွေ့
ကျကျ မြင်နေရပါတယ်။ သဘောကတော့ အမည်မသိပြောသွားခဲ့တဲ့ အရာတွေအားလုံး
လက်ရှိကျင့်သုံးနေပါတယ်။ ကျင့်သုံးတာလဲ ကြာလှပါပြီ။ ဘာလို့များ Burmanization မ
အောင်မြင်ပါသလဲ၊ ဘာလို့များ တစုံတရာ အကျိုးရှိမလာတဲ့အပြင် နဂိုက ရင်ကြားစေ့မလိုလို
တောင် ဖြစ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာက ချုပ်ငြိမ်းမသွားပဲ ပိုဆိုးလာ
မယောင်ဖြစ်လာရပါသလဲ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ နယ်ချင်းစပ်နေတဲ့ ဒေသက တိုင်းရင်း
သားအားလုံးလိုလို ခွဲထွက်ဖို့ လုပ်ကြလိမ့်မယ်ဆိုတဲ့ အမြင်ဟာ အတော့်ကို အပေါ်ယံဆန်
လွန်းပါတယ်။ မိုးပြိုမှာ တွေးကြောက်နေတဲ့ တစ်တူတူးလိုပါပဲ။ တိုင်းရင်းသားတွေရဲ့ လက်ရှိ
ခံစားချက် ယုံကြည်ချက်တွေကို ခနဘေးဖယ်ထားပြီးခွဲထွက်ဖို့ လုပ်ကြမယ်ပဲ ဆိုပါအုံး။
majority vote နဲ့ကြည့်ရင် အတော့်ကို ဖြစ်နိုင်ချေနည်းလွန်းပါတယ်။ ဒါ့အပြင် အခုလက်ရှိ
ကမ္ဘာဟာ အရင်ကလို ခွဲချင်သလိုခွဲခွင့်ရှိတဲ့ ကမ္ဘာမဟုတ်တော့ပါဘူး။ ဆူဒန်လို အသက်
သွေးတွေ အများကြီးစတေးခံရပြီး၊ တောင်နဲ့မြောက် အမုန်းကြီးမုန်း အကွဲကြီးကွဲနေကြတဲ့
နိုင်ငံမှာတောင်မှ တရားဝင် referendum လုပ်ပြီးခွဲရေး တွဲရေး အတွက် စဉ်းစားရပါတယ်။

     နောက်ဆုံးဗျာ တကယ်ကိုပဲ တိုင်းရင်းသား လူမျိုးတစု ဥပမာ. ရှမ်းပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်
ဖြစ်၊ ကျုပ်တို့ ဗမာတွေကို တကယ်မုန်းလို့ မပေါင်းချင်ဘူး လုံးဝကိုကွဲမှဖြစ်မယ်ဆိုတဲ့ သူများ
တယ်ပဲဆိုအုံး။ အဲလို အခြေအနေ တကယ်ဆိုက်လာရင် ဘာလို့ ကျုပ်တို့ကလဲ အတင်းဆွဲထား
စရာလိုပဲ။ သူ့ဟာနဲ့သူ ကုန်းတွင်းပိတ် နိုင်ငံပိစိလေးအနေနဲ့ နေပစေဆိုပြီး သွားခွင့်ပေးလိုက်
ရုံပါပဲ။ မနေချင်သူကို အတင်း ဆွဲထားရတာကမှ တိုင်းပြည် အန္တရယ်လဲ များသလို၊ ပြည်တွင်း
ငြိမ်းချမ်းရေးလဲ ပိုထိခိုက်ပါလိမ့်မယ်။ ဗမာပြည်မှာ ကန်ထဲက ငါးကြီးဘ၀နဲ့ နေရတဲ့ တိုင်း
ရင်းသားလူမျိုးစုဟာ၊ တရုတ်လို၊ အင်ဒီးယားလို တိုင်းပြည်ကြီးတွေနဲ့ အောက်ကျခံသွားပေါင်း
ပြီး ငါးပမွှားလေး အဖြစ်ခံရလောက်အောင်လဲ တိုင်းရင်းသားတွေ မတုံးလောက်ဘူးဗျ..။

     ပြောစရာသိပ်များပေမယ့် မအားတာရော၊ တိုင်းရင်းသား အမြင်ကို ဦးစားပေးချင်တာရော
ကြောင့် ဒီမှာပဲ ရပ်လိုက်ပါရစေ။
January 18, 2011 9:02 AM


An Asian Tour Operator said...

   ကဲ... ပဒို.. လုပ်ဗျာ။ ဒီကွန်မန့်တွေ အရမ်း တန်ဖိုးရှိ လို့ (ဆွေးနွေးခန်း တခုလို ဖြစ်နေလို့)
ပို့စ် အဖြစ် တင်လိုက်ပါ့လား..ပဒို။
January 21, 2011 12:53 AM


မန်းကိုကို said...

   ဆရာလေးလုပ်မှ တွေးနေရပြီ၊ :-)

   ပို့စ်အဖြစ်လုပ်လိုက်ရင် အနည်းအကျဉ်းတည်းဖြတ်ရတော့မှာ။ ဒီတော့ ဝင်ဆွေးနွေးထားတဲ့
သူတွေကို အခွင့်ကောင်းယူသလို ဖြစ်သွားနိုင်တယ်လေ။ ဒါ့ပြင် ဒီလောက်ရှည်တဲ့ဟာကို ဖတ်
ရင်းအိပ်ပျော်သွားကြမလား၊ မဖတ်ပဲ ကျော်သွားကြမလား မသိဘူး။ နောက်ဆုံးတစ်ခုက အ
ချက်အလက်နဲ့ ပြည့်ပြည့်စုံစုံ ဆွေးနွေးထားတာ မဟုတ်တော့ နည်းနည်း ဝန်လေးမိပါတယ်။

   လောလောဆယ်တော့ ကိုယ့်ဘာသာ ပြန်ဖတ်ရင်းတောင် ခေါင်းတွေ မူးလာပြီ။ :-)
January 21, 2011 6:10 AM


An Asian Tour Operator said...

   သေခြာဖတ်ကြည့်ရင် အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဆွေးနွေး ထားတာမဟုတ်ဘူးလို့
တော့ပြောလို့ မရပေဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် အလွတ်သဘော ဆွေးနွေးချက်များ ဆိုပြီး
သက်ဆိုင်ရာ ဆွေးနွေးသွားတဲ့ ပုဂ္ဂိုလ်တွေ အသိပေးပြီး တည်းတန်တာ တည်း ဖြတ်တန်တာ
ဖြတ် လုပ်ပြီး တင်လိုက်ယုံပဲ မဟုတ်လား။ အများဖတ်လို့ ရတာပေါ့။ အကြံပေးယုံသက်
သက်ပဲနော် ပဒို။
January 21, 2011 5:43 PM


မန်းကိုကို said...

   ကဲ အပေါ်မှာတွေ့တဲ့အတိုင်းပဲ အမည်မသိ၊ ကိုကျော်ထင်နဲ့ ကိုတင့်ဦးရေ၊ စိတ်တော့ပါ
လာပြီ၊ လက်မခံရင်ပြောကြဗျ၊ မဟုတ်ရင်တော့ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဆိုပြီး
သဘောထားလိုက်မယ်နော။ :-)
January 21, 2011 9:05 PM


ကျော်ထင် said...

   No objection, Syar Mann! You can edit my posts as you wish to suit with your
blog post.
January 22, 2011 1:54 AM


Saw Thet Lin said...

   ဒီဆွေးနွေးတာတွေကို ပို့စ် အဖြစ် တင်ရင် ကောင်းပါသည်။
February 1, 2011 3:56 AM


မန်းကိုကို said...

@ Saw Thet Lin - လာဖတ်တာ ဝမ်းသာပါတယ်။

   ပို့စ်အဖြစ် တင်မလို့ပါပဲ၊ ဒါပေမယ့် တဆက်ထဲ အနေအထားလေးတစ်ခုလည်း ဖန်တီးချင်လို့
အချိန်တွေယူရင်း ကြာနေတာပါ။

   မကြာခင်တင်မယ့် ပို့စ်တစ်ခု နှစ်ခုလောက်ဆို ပြန်တင်လို့ ရပါပြီ။ ပြောထားတာ ကြာနေပြီမို့
ကိုကျော်ထင်တို့တတွေကိုလည်း အားနာလှပါပြီ။ အကျိုးပိုများအောင် အရှိန်ယူတာ နည်းနည်း
များသွားသလို ဖြစ်နေတယ်။
February 1, 2011 11:16 PM


မန်းကိုကို
၀၈၊ ၀၂၊ ၂၀၁၁

5 comments:

  1. ကျော်ထင်February 8, 2011 at 12:59 AM

    Thank you for keeping these discussions well-recorded. Hope we'll have a chance again to exchange views like this.

    ReplyDelete
  2. အစဖေါ်ပေးတဲ့ ကိုကျော်ထင်ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ ။
    ရှေ့ဆက်ပြီးလည်း အကောင်းဖက်ဦးတည်မယ့် ဆွေးနွေးဝိုင်းလေးတွေ ထပ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။

    (တစ်ခုထူးဆန်းနေလို့ ၊ ကိုကျော်ထင် ဒီတစ်ခါ ဘလော့ထဲဝင်လာတာ လာနေကျနိုင်ငံက မဟုတ်လို့ ခရီးများထွက်နေသလားပဲ) ။

    ReplyDelete
  3. ကျော်ထင်February 10, 2011 at 1:29 AM

    ခရီးတော့ မထွက်ဖြစ်ပါဘူး။ ဒါပေမယ့် remote login နဲ့ ကွန်ပြူတာပေါင်းစုံချာလပတ်လည်အောင် သုံးနေတော့ ဘယ်ကနေဘယ်လိုဝင်မိလို့ ဆြာမန်းဆီမှာ ဘယ်လိုပေါ်နေလဲမသိဘူး

    ReplyDelete
  4. ကျော်ထင်February 10, 2011 at 2:48 AM

    ခုနက ရေးထားတာ ထူးဆန်းစွာပျောက်သွားတယ် ဘယ်လိုဖြစ်သလဲမသိဘူး။
    ခရီးတော့ မထွက်ပါဘူး.. ကွန်ပြူတာ အလုံးပေါင်းများစွာကို remote login နဲ့ဝင်ပြီးသုံးရင်း ပျင်းတဲ့အခါ ဟိုဝင်ဒီထွက် net surfing လုပ်တော့. ဆြာမန်းဆီမှာ ဘာတွေပေါ်သွားလဲ မသိဘူးဗျ။

    ReplyDelete
  5. ဆောရီး ကိုကျော်ထင်ရေ ၊
    အပေါ်က မှတ်ချက်နှစ်ခုက spam ထဲဝင်နေတာ ခုမှတွေ့လို့ ပြန်ထည့်လိုက်တယ် ။
    တလောက malware တွေကိစ္စကြောင့်လည်း ဖြစ်နိုင်ပါတယ် ။
    အပေါ်မှာ အံသြမိတာက ကိုကျော်ထင်ရဲ့ IP ဟာ ဥရောပကနေ လာနေကျကို ပြောင်းပြန်ဖြစ်ပြီး အရှေ့စွန်းဖက်ကို ညွှန်နေလို့ပါ ။

    ReplyDelete