ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Friday, November 25, 2011
မျှော်လင့်မိသည် ဒေါ်(နန့်)အောင်ဆန်းစုကြည်
“အကယ်၍ အဲဒီသစ္စာဖေါက်တွေသာ အသက်ရှင်နေမယ်ဆိုရင် ၊ ခမာလူမျိုးတွေဟာ ပျောက်ကွယ်သွားခဲ့
         မှာပဲ ၊ ဒီတော့ ကျုပ်တို့ချခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ ကျုပ်ပြောရဲတယ်”
“အကယ်၍ ကျုပ်တို့ လူတွေအပေါ် သနားကြင်နာမှု ပြခဲ့မယ်ဆိုရင် ၊ နိုင်ငံတော်ဟာ ပျောက်ဆုံးသွားခဲ့
           မှာပဲ”
   ၁၉၇၉ ခုနှစ် ဗီယက်နမ်ရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရချိန်မှာ ၊ လူပေါင်း ၁.၇ သန်းကို သတ်ဖြတ်သေကြေစေပြီး
ခဲ့တဲ့ ခမာနီတွေရဲ့ “အကိုကြီး နံပါတ် ၂” လို့ လူသိများပြီး ၊ ဝါဒရေးရာမှာ ဦးဆောင်ခဲ့သူ Nuon Chea ရဲ့
၂၀၀၉ ခုနှစ် မှတ်တမ်းဗီဒီယိုထဲမှာ ပြောခဲ့တဲ့ စကားတွေပါ ။ အာဏာလက်လွတ်ခဲ့ရတာ အနှစ် ၂၀ ကျော်
လွန်ခဲ့ပေမဲ့ မာန်မာန ၊ အမုန်းတရားနဲ့ မကောင်းဆိုးရွားတွေလို့ ခေါ်ရလောက်တဲ့ ခံယူချက်တွေကို လက်
မလွှတ်နိုင်သေးတာဟာ ကျောချမ်းစရာပါ ။
   သင်္ခန်းစာ ယူလို့ရတယ်လို့ အလွယ်တကူ ပြောလို့ရပါတယ် ။
   မြန်မာလူထု အများစုအနေနဲ့ကော ၊ တကယ်ပဲ သမိုင်းကနေ သင်္ခန်းစာတွေ ရနေခဲ့ကြပြီလား ။
   ပြောရင်တော့ စွပ်စွဲသလို ထင်ကောင်းထင်နိုင်ကြပါတယ် ၊ ဒါပေမဲ့ မြန်မာပြည်မှာ လူအတော်များများ
ဟာ လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု ဓလေ့နဲ့ ဘာသာရေးတွေမှာ သည်းခံနိုင်စွမ်းအားတွေ ၊ နားလည်
ပေးနိုင်တဲ့စွမ်းအားတွေ ၊ မေတ္တာပွားများနိုင်တဲ့ အနေအထားတွေ အင်မတန် နည်းပါးနေသေးတာတော့
သေချာပါတယ် ။
   တစ်သက်လုံး ချစ်ခင်ကြင်နာတာကို မခံခဲ့ရတဲ့ လူတစ်ယောက်ဟာ အချစ်တို့ ၊ အကြင်နာတို့ ၊ နားလည်
စာနာပေးနိုင်တာတို့ ၊ သည်းခံခွင့်လွတ်ခြင်း ဆိုတာတွေကို နားမလည်တာ ၊ မလုပ်တတ်တာ ၊ မကျင့်ကြံ
နိုင်တာဟာ အပြစ်လို့ ပြောဖို့ခက်ပေမဲ့ ၊ ဇွတ်မှိတ် နားပိတ်ပြီး လူ့မှုဝန်းကျင်ဆီက သင့်တင့်တာတွေကို
ဆို့ပိတ် တွန်းကန်ထုတ်နေမယ်ဆိုရင်တော့ ပြဿနာ သို့မဟုတ် ကိစ္စ နည်းနည်းရှိလာပါတယ် ။
   သည်လိုပြောမိပြန်တော့ ၊ လူသားတွေရဲ့ သဘာဝအရ ၊ ဆက်စပ် သတိရမိတာတွေလည်း ရှိလာပြန်
တယ် ။ တိုက်ဆိုင်မှုလို့ပဲ ဆိုရလေမလား ၊ မြန်မာပြည်နဲ့ပတ်သက်လို့ MKO တည်ထောင်ဖို့ စီစဉ်ပေးခဲ့တဲ့
“အန်ကယ်ကနဲမီ” ဆီက ကြားသိခဲ့ရတာတွေရယ် ၊ တလောက facebook မှာ တွေ့ခဲ့ရတဲ့ မှတ်ချက်
ချို့ရယ်ဟာ ကျနော်သိထားတာအချို့နဲ့ ဆက်စပ်မိပြီး ရုပ်လုံးတစ်ခု ပေါ်လာပါတော့တယ် ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ၀ ~ ~ ~ ~ ~ ~ ~ ~ ~ ~
   facebook ကမှတ်ချက်ရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည်ဟာ မြစ်ဝကျွန်းပေါ်က
ကရင်အမျိုးသမီးတစ်ဦး ဖြစ်ပါတယ် ။ သူ့အစ်မကတော့ သခင်သန်းထွန်းနဲ့ အကြောင်းပါခဲ့တယ်လို့ ဆို
ထားပါတယ် ။ အဲဒီ အချိန်အပိုင်းအခြား ကာလတွေမှာ ကရင်အမျိုးသမီးတွေရဲ့ သူနာပြုပညာနဲ့  အသက်
မွေးဝမ်းကြောင်းနေကြသူတွေရဲ့ အများစုဖြစ်နေခဲ့တာကလည်း ဒေါ်ခင်ကြည် ကရင်အမျိုးသမီး တစ်
ယောက်ဖြစ်ဖို့ အထောက်အကူပြုနေတဲ့ အချက်တစ်ချက်ပါ ။
   အန်ကယ်ကနဲမီနဲ့ စကားပြောဖြစ်တဲ့အခါမတော့ ၊ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်တွေကို တော်လှန်တဲ့
အခါ ဒေါ်ခင်ကြည်တို့တတွေကို ကရင်ရွာတစ်ရွာမှာ သွားထားခဲ့တယ်လို့ သိရပြန်ပါတယ် ။ ကရင်အမျိုး
သမီးတစ်ဦးမို့ ကရင်ရွာမှာ သွားထားခဲ့တာလား ၊ ဒါမှမဟုတ် ကရင်တိုင်းရင်းသားတွေကို ပိုပြီး ယုံကြည်
စိတ်ချလို့ သွားထားခဲ့သလားဆိုတာ မသဲကွဲပေမဲ့ ၊ သေချာတာကတော့ ဒေါ်ခင်ကြည်ဟာ အနောက်ပိုး
ကရင်စကားကို ကောင်းကောင်းပြောနိုင်တယ် ဆိုတာပါပဲ ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ၀ ~ ~ ~ ~ ~ ~ ~ ~ ~ ~
   ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်တိုင်းရင်းသွေး ပါသူဆိုတာကတော့ သေချာနေပါပြီ ။
အနောက်ပိုးကရင်လို့ ဒေါ်စုသာ သူကိုယ်သူ ခံယူမယ်ဆိုရင်တော့ ၊ ခုနေမှာ “ဒေါ်နန့်အောင်ဆန်းစုကြည်”
ဖြစ်နေမှာပါ ။ ဒါပေမဲ့ ဒေါ်စုက သူ့ကိုယ်ကို ဗမာပါလို့ ခံယူရင်တော့လည်း ကျနော့်အနေနဲ့ ကန့်ကွက်စရာ
မရှိပါဘူး ။ သူ့ဆုံးဖြတ်ချက်ကို ကျနော် အလေးထား လေးစားမှာပါ ။
   ဘာလို့ ဒါတွေ လာပြောနေသလဲလို့ မေးကောင်းမေးကြမယ် ။
   ကျနော်လည်း ဒါကိုရေးဖို့ စဉ်းစားနေတာ ကြာခဲ့ပါပြီ ။ အချိန်မတန်ပဲ လျှောက်ဖွသလိုဖြစ်နေရင် မလိုတဲ့
နေရာတွေမှာ စွမ်းအားတွေ တလွဲအသုံးချမိအောင် လမ်းကြောင်းပေးတဲ့ တရားခံ မဖြစ်ချင်တာကြောင့် ၊
ထိန်းသိမ်းခဲ့တာပါ ။
   ကျနော့်မှာ တွေးမိတာ နည်းနည်းရှိပါတယ် ။
   မြန်မာပြည် ခေါင်းဆောင်တက်လုပ်ခဲ့ကြသူတွေမှာ ဦးနေဝင်းလို လူကအစ မိုးပေါ်ကပဲ ကျလာသလိုလို ၊
ဟိုလူမျိုးနဲ့ စပ်သလိုလို ၊ လူမှုရေးနဲ့ အခြားအချက်အလက်တွေမှာလည်း ဟိုလိုလို သည်လိုလိုတွေအပြင် ၊
အချို့များဆို ဘာသာရေးများတောင် လိုလို လိုလိုတွေ ပါလိုက်ပါသေးတယ် ။ ပွင့်လင်းမြင်သာမှု မရှိလေ
တော့ ၊ အရပ်စကား အတင်းစကားတွေကိုပဲ ယုံရကောင်းနိုးနိုး ဖြတ်သန်းခဲ့ကြရတယ် ။
   ခုမတော့ ခေတ်နဲ့စနစ်လည်း ရွေ့လျှောခဲ့ပါပြီ ။
   ဒေါ်အောင်ဆန်းစုကြည်က ဒေါ်နန့်အောင်ဆန်းစုကြည် ဖြစ်နေရင် ဘာများထူးလာမလဲ ။
   ကျနော့်တစ်ယောက်ထဲအမြင်ကတော့ ဟိုးအပေါ်ကရေးခဲ့သလို ၊ လူမျိုး ဘာသာ နိုင်ငံရေး ယဉ်ကျေးမှု
တွေမှာ သဘောထားကြီးကြီး မထားနိုင်ကြသေးသူများအနေနဲ့ ၊ သြဇာကြီးမားပြီး အနစ်နာခံ ဦးဆောင်နေ
သူရဲ့ နောက်ခံကိုသိခြင်းအားဖြင့် ၊ သူတို့ရဲ့ ခံယူရပ်တည်မှုတွေကို မျှတလာအောင် သတိဝင်လာနိုင် ပြင်
ဆင်လိုစိတ်တွေ ပေါ်ပေါက်လာအောင် လမ်းကြောင်းပေးနိုင်ပါတယ် ။
   ကရင်လူထုထဲက လူငယ်တွေဟာလည်း ၊ မိခင်တစ်ယောက်လို မျှော်ကြည့်အတုယူစရာ သူရဲကောင်း
ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မြင်လာကြပြီး တိုးတက်စရာ ပျိုးထောင်မှုလေးတွေကို အစဖေါ်ပေးနိုင်ကောင်း
နိုင်မှာဖြစ်သလို ၊ အချို့သော ကရင်-ဗမာ ရန်ထောင်အမုန်းပွားနေသူတွေအတွက် အကောင်းဖက် ဦး
တည်စေမဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ် ။ အမျိုးသားပြန်လည်သင့်မြတ်
ရေးလို့ ဆိုချင်ရင် ဆိုနိုင်ပါတယ် ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ၀ ~ ~ ~ ~ ~ ~ ~ ~ ~ ~
   အန်ကယ်ကနဲမီ အနေနဲ့ ဒေါ်ခင်ကြည်က အနောက်ပိုးကရင်စကား ကောင်းကောင်းပြောနိုင်တယ်လို့
ပြောပြလာတဲ့အချိန်မှာ ကျနော်တစ်ချိန်က အမှုမဲ့အမှတ်မဲ့ထားခဲ့တဲ့ အမှတ်သညာက ပြန်ပေါ်လာပါ
တယ် ။ ဘာလို့လည်းဆိုတော့ ဒေါ်ခင်ကြည်နဲ့ အနောက်ပိုးကရင်စကားသုံးပြီး အပြန်အလှန် ပြောဆိုခဲ့
သူကို ကျနော် သိနေလို့ပါပဲ ။ အခုတော့ သက်ကြီးရောဂါနဲ့ ဆုံးပါးသွားရှာပြီ ဖြစ်ပါတယ် ။
   တစ်ခါ ဒီနေရာမှာ တစ်ခုထူးလာပြန်ပါတယ် ။
   လူတိုင်း လက်ခံဖို့ ခက်ကောင်းခက်ပါလိမ့်မယ် ။
   ဒေါ်ခင်ကြည်ရဲ့ဖိတ်ခေါ်မှုကြောင့် တခါတရံ သွားရောက် ခဲ့လေသူ အနောက်ပိုးကရင် အမျိုးသားကြီး
ဟာ ၊  ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ ဘုရားကျောင်းတစ်ခုက တရားဟောဆရာကြီးတစ်ယောက် ဖြစ်နေလို့
ပါပဲ ။ သူအပြင် အဲဒီဘုရားကျောင်းက အခြားဆရာကြီးတွေဟာလည်း ဒေါ်ခင်ကြည်ထံမှာ အလှည့်ကျ
ဘုရားသွားဝတ်ပြု နေခဲ့ကြတာပါ ။
   အဲဒီဆရာကြီးတွေထဲက သူတို့ရဲ့ အတွေ့အကြုံတွေ ပြန်ပြောပြခဲ့တာကို မှတ်မိပါသေးတယ် ။
   “ဒေါ်ခင်ကြည်က သူကြိုက်တဲ့ကျမ်းစာပိုဒ်တွေကို အလွတ်ရထားတာကွ ၊ ငါတို့က တရားဟောဆရာ
လုပ်ပြီး ကျမ်းစာထဲ ပြန်ပြန်ကြည့်နေရတာ ရှက်တောင်ရှက်တယ်” လို့ ဆိုပါတယ် ။
   ဒါတွေက အချက်အလက်တွေပါ ၊ စိတ်ကူးယဉ် မဟုတ်ပါဘူး ။
   ဒါကြောင့် ဒီအပိုင်းအတွက် ထင်မြင်ချက်တွေ မဖြည့်လိုတော့ပါဘူး ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ၀ ~ ~ ~ ~ ~ ~ ~ ~ ~ ~
   ဒီလောက်နဲ့လည်း မပြီးသေးပါဘူး ၊ နောက်ထပ် အရေးကြီးတာ တစ်ခုရှိပါသေးတယ် ။
   ဒါဟာလည်း မပြောချင်ပေမဲ့ ၊ လမ်းကြောင်းမှန်မှန် အသုံးချနိုင်ရင် အကျိုးရှိကောင်း ရှိနိုင်မယ်ယူဆလို့
ပြောဖို့ဆုံးဖြတ်ရခြင်းပါ ။
   အပေါ်ကပြောတဲ့ တရားဟောဆရာကြီးဟာ တောင်ငူဖက်က ဧည့်သည်တစ်ယောက်ကို အဖေါ်ပြုပြီး
ဒေါ်ခင်ကြည်ဆီမှာ သွားရောက်ဘုရားဝတ်ပြုရင်းနဲ့ ဒေါ်ခင်ကြည်ရဲ့ နှုတ်ထွက်စကားတစ်ခွန်းပါ ။ အဲဒီ
ဆရာကြီးက ကွယ်လွန်အထိ ပြန်မပြောပဲ ထိန်းသိမ်းခဲ့ပေမဲ့ ၊ သူနဲ့ပါသူကတော့ စောင့်ထိန်းစရာ မလိုဘူး
ထင်လို့ ပြောပြခဲ့တာပါ ။
အဲဒါကတော့ “ဗမာတွေ မကောင်းဘူး” တဲ့ ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ၀ ~ ~ ~ ~ ~ ~ ~ ~ ~ ~
     မြန်မာလူမှုအသိုင်းဝိုင်းအပေါ် တာဝန်ကျေခဲ့တဲ့ ၊ တိုင်းပြည်အတွက် တတ်စွမ်းသမျှ ပေးဆပ်ခဲ့တဲ့ ၊
လူထုခေါင်းဆောင် နောက်တစ်ယောက်ကို မွေးထုတ်ပျိုးထောင်ပေးခဲ့တဲ့ ၊ မြန်မာစစ်တပ်ရဲ့ မိခင်အရာမှာ
ရှိခဲ့တဲ့ ဒေါ်ခင်ကြည်ရဲ့ တွေ့ကြုံခံစားခဲ့ရတာတွေကို အားလုံးမသိနိုင်ပေမဲ့ ၊ တိုင်းပြည်အတွက် အဖက်
ဖက်က ဝတ္တရားကျေပွန်ခဲ့သူ လူထုခေါင်းဆောင်ရဲ့ ပါရမီဖြည့်ဖက် တိုင်းရင်းသူတစ်ဦးအနေနဲ့ မျိုသိပ်ထား
ခဲ့ရတဲ့ တွေ့ကြုံခံစားမှုတွေကို လူများစုဗမာတွေက နားလည်ပေးနိုင်ကြဖို့ရာကတော့ ခုချိန်ထိ အိပ်မက်
အဆင့်ကနေ မတက်လှမ်းနိုင်သေးတာဟာ ခံစားတတ်တဲ့ စိတ်နှလုံးရှိသူတစ်ယောက်အတွက်ဆိုရင်
တော့ ရင်နင့်စရာပါ ။
    ကိုယ်ကိုယ်တိုင် အကန်တော့ခံနေခဲ့ရပေမဲ့ မိဘမောင်ဘွားနဲ့ သားသမီးတွေမှာတော့ မျက်စေ့အောက်
တင် ဒါးအထိုးခံနေရတာကို ကြည့်နေရတဲ့ မိခင်တစ်ယောက်ရဲ့ အကူအညီကင်းမဲ့တဲ့ ဘဝမျိုးကို ဘယ်သူ
တွေများ မြင်ပေးနိုင်ကြမလဲ ။ လင်ယောက်ျားဖြစ်သူကို နတ်ဘုရားလို ကိုးကွယ်နေကြသူတွေကနေ ပါရ
မီအဖြည့်ခံကိုယ့်ရဲ့ ရသင့်ရှိထိုက်တဲ့ အခွင့်အလမ်း ၊ ဂုဏ်ပုဒ်နဲ့သိက္ခာ ရှိသမျှတွေကို တစ်စချင်းဆွဲခွာပစ်
တာခံရပြီး ၊ နောက်ဆုံးမတော့ ခိုင်မြဲတဲ့ ကိုယ်ပိုင်စိတ်ဓါတ်နဲ့ ကိုယ်ကျင့်တရားလောက်ပဲ ကျန်ရစ်နေခဲ့
တာတွေကို ဘယ်သူများ ကရုတစိုက်နဲ့ ကာဆီးပေးခဲ့ကြသလဲ ။ ဝတ္တရားကင်းကင်းနဲ့ လစ်လျူရှုခဲ့ကြ
သလား ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ၀ ~ ~ ~ ~ ~ ~ ~ ~ ~ ~
   ဒေါ်စုဟာ ဒေါ်ခင်ကြည်ရဲ့ လက်ထပ်သွန်သင်မှုအောက်မှာ ကြီးပြင်းလာသူတစ်ဦး ၊ မြန်မာမှုကို အင်မတန်
ထိန်းသိမ်းခဲ့သူတစ်ဦး ၊ ပညာတတ်တစ်ဦး ၊ ကိုယ်ကျိုးစွန့်သူတစ်ဦးအနေနဲ့ ခုအသက်ရွယ်ထိ တိုင်ခဲ့ရာမှာ
ရှိသင့်တာတွေနဲ့ အင်မတန်မှပဲပြည့်စုံပြီး လေးစားအားကိုးစရာ ကောင်းတာကတော့ ပြောစရာမလိုတာ သိ
ကြပါတယ် ။
   ဒါပေမဲ့ ဒေါ်စုကနေ တိုင်းရင်းသားကိစ္စ ၊ ကိုယ့်သွေးသား ကရင်လူမျိုးတွေအတွက် ရှေ့တန်းတင် ပြောဆို
လုပ်ကိုင်ခဲ့တာမျိုး အင်မတန်နည်းတာလည်း လူတိုင်း သတိထားမိမှာပါ ။ မိခင်ရဲ့ အနီးကပ် ပျိုးထောင်မှု
အောက်မှာ ကြီးပြင်းလာသူတစ်ဦးအနေနဲ့လည်း မိခင်ရဲ့ ခံစားရမှုနဲ့ စိတ်ဆန္ဒတွေကိုလည်း သိရှိနားလည်မှာ
ယုံမှားစရာ မရှိပါဘူး ။
   ဒီတော့ တွေးစရာက ၊
   အချိန်မတန်သေးတာကြောင့် ပြောသင့်တာတွေကို မပြောပဲ နေခဲ့တာလား ၊
   ဗမာရယ်လို့ ခံယူတာကြောင့် အရေးမကြီးဖူးလို့ မြင်မိတာတွေကို ဘေးဖယ်ထားလေသလား
   ဒါမှမဟုတ် ၊
   ဒေါ်စုဟာ secularism ကို ကျင့်သုံးဖို့ စိတ်အားထက်သန်ပြီး ၊ လူမျိုးအရေးနဲ့ စိတ်ခံစားမှုတွေကို
ဦးစားမပေးခဲ့ပဲ တစ်တိုင်းတစ်ပြည်လုံးအတွက်ကို ရှေ့ရှုလုပ်နေခဲ့တာလား ၊ စသည်ဖြင့်ပါ ။
   အကယ်ယ်၍များ ခုအောက်ဆုံးကအချက်လို ခံယူဖြစ်ပျက်နေတာဆိုရင်တော့ ၊ ကိုယ်လည်း ခံစားမှု
တွေကို မျိုသိပ်ပြီး ၊ ဝိုင်းဝမ်းသာပေးမှာပါ ။
   အကယ်၍ အပေါ်ကနှစ်ခုလို ဆိုရင်လည်း ကျနော်ဘာများ တတ်နိုင်မှာလည်း ။
   ဆိုခဲ့သလိုပဲ ၊ နားလည်ပေးရတော့မှာပါပဲ ။
   ဘယ်လိုဖြစ်ဖြစ်ပါ ၊ ဒေါ်စုဟာ တိုင်းပြည်အတွက် ဧရာမတာဝန်ကြီးတွေကို ထမ်းပိုးထားရတာ နားလည်
ပါတယ် ။ ရှေ့ရှောက် ရင်ဆိုင်ရမယ့် မီးပင်လယ်ဟာလည်း ကျယ်ပြန့်ပြီး အင်မတန် ပူလောင်တာမျိုးပါ ။
   ဒါပေမဲ့ .. ဒါပေမဲ့ ... တစ်ခါတစ်ရံမတော့ လူသားကျနော်ဟာလည်း လူသားတစ်ယောက်လိုပဲ တွေးမိတာ
ပါပဲ ။ Wishful thinking လို့ပဲ ဆိုချင်ဆိုပေါ့ ။
“ဒေါ်နန့်အောင်ဆန်းစုကြည်” လို့များဖြစ်လိုက်ရင် ဘယ်လောက်များကောင်းလိမ့်မလဲလို့ .. နော ......
အတွေးကြွယ်မိတဲ့ ၊
မန်းကိုကို
(လတ်တလော လက်ရွေးစင်)
70 comments:
  1. ကျွန်မလည်း ဇဝေဇ၀ါပဲ ကျွန်မအဖေလားမသိဘူး ဒေါ်ခင်ကြည်ဟာ ကရင်လို့ ပြောတာ တခါကြားဖူးတယ် ဒါကြောင့် အတော်ကြာကြီးအထိ ကရင်ပဲထင်နေတယ်။ ဒါမေပဲ့ နောက်တော့ သူများတွေက မဟုတ်ဘူးဆိုတာ အော်မဟုတ်ဘူးလား ကျွန်မက ကရင်ထင်နေတာ ဆိုတာနဲ့ပဲ ပြီးသွားတယ်။ ကျွန်မ စိတ်ထဲမှာ ဒေါ်ခင်ကြည် ကရင်ပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် ဘာမှထူးထူးခြားခြား မပြောင်းလဲသွားဘူး။ တခုရှိတာက ကရင်လူမျိုးဖြစ်တာ ဆန်းတာမှ မဟုတ်ဘဲ ဘာဖြစ်လို့ ဖုံးကွယ်ထားးစရာ လိုလဲ။ ဒေါ်ခင်ကြည် ကရင်ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကပြားဆိုရင် ကျွန်မစိတ်ထဲမှာ ပိုတောင်ကောင်းသေးတယ်လို့ထင်တယ်။
    ReplyDelete
  2. သူကရင်ဖြစ်မှမင်းတို့ ကထောက်ခံမှာလား? ဘာလူမျိုးပဲဖြစ်နေပါစေတိုင်းပြည်ကောင်းစားဖို့ ဆိုရင်ကြိုဆိုရမှာပဲလေ။ ဘဘတွေရဲ့ အုပ်ချုပ်မှုကြောင့်ဗမာဆိုရင်ဘာမှမဟုတ်ခဲ့တဲ့ယိုးဒယားကတောင်လေဆိပ်အ၀င်/အထွက်မှာပြေလည်တာရှားတယ်။
    ReplyDelete
  3. @ မငယ်နိုင်
    ကျနော်လည်း ကပြားဆိုတာကို ပြောပြချင်တာပါပဲ ။
    မြန်မာပြည်မှာက ပုဂ္ဂိုလ်ခင်လို့ တရားမင်တာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပါ ။ ဒါကို သိပ်ကြိုက်လှတယ် မဟုတ်ပေမဲ့ ခုလိုနေရာမှာတော့ အကောင်းဖက်က အသုံးချလို့ ရနိုင်ပြန်တာမို့ သိထားတာကို ချပြလိုက်တာပါ ။
    မငယ်နိုင်အတွက် လူမျိုးရေးအပိုင်းမှာ ပြဿနာ မရှိတာ ကျနော် သဘောပေါက်ပါတယ် ။ ဒါပေမဲ့ မြို့ပေါ်နေပြီး သိကျွမ်းသူတွေကြောင့် မိတ်ဆွေလို သဘောထားကြတာကလွဲရင် ကြီးမားတဲ့ ဒုက္ခတွေကို ခံစားနေကြရတဲ့ တိုင်းရင်းသားတွေအတွက် ဘယ်လိုမှ စာနာ ကိုယ်ချင်းစာပေးလို့ မရကြတဲ့သူတွေ ၊ လူမှုပတ်ပတ်ဝန်းကျင်ရယ် ၊ တွေ့မြင်ရိုက်သွင်း ခံနေရတဲ့သတင်းတွေနဲ့ အဖွဲ့အစည်း သြဇာတွေကြောင့် ကရင်အပါဝင် တိုင်းရင်းသားတွေကို အမြင်မကြည် သူတွေကနေစပြီး မုန်းသူတွေအထိပါ ရှိကြတာကြောင့် ခုလိုထုတ်ပြောဖို့ လိုအပ်တယ်ထင်လို့ ၊ အချက်လက်တွေအပေါ် အခြေခံပြီး ပြောပြရတာပါ ။
    ဒေါ်ခင်ကြည် ခရစ်ယာန်ဖြစ်တာ ၊ ဒေါ်စု ကရင်သွေးပါတာတွေဟာ ဖုံးကွယ်ထားတယ်လို့တော့ စွပ်စွဲလို့ရချင်မှ ရပါလိမ့်မယ် ၊ မပြောပဲနေတာလို့သာ ဆိုရမယ်ထင်ပါတယ် ။ ဒါကို လူတွေ ကျယ်ကျယ်ပြန့်ပြန့် မပြောကြ မသိကြပါစေနဲ့လို့ ကြိတ်ဆုတောင်းပြီး ငြိမ်နေကြသူတွေလည်း ရှိမှာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် မငယ်နိုင်ပြောသလို ပိုကောင်းသေးတယ်လို့ ယူဆသူတွေ များနေရင်တော့ ကောင်းကျိုးဖက်ကို ဦးတည်သွားနိုင်တယ်လို့ ယုံကြည်ပါတယ် ။
    @ sinbadd
    ကွန်မန့်ပေးဖို့ google account တစ်ခုကို အချိန်ကုန်ခံ လုပ်နိုင်ပေမဲ့ ၊ ပို့စ်ကျတော့ ဂဃနဏ မဖတ်ဖြစ်ပဲ ၊ ဘုကလန့်လောက် ပြောဖို့စိတ်စောနေသူကို ပြန်ပြောစရာ စကားလည်း မရှိလှပါဘူး ။
    မသိသေးဘူး ဆိုရင်တော့ ညွှန်ပေးလိုက်ပါ့မယ် ။ ဘလော့ရဲ့ ညာဖက်အောက် ထောင့်မှာ လင့်ကလေးတွေ ရှိပါတယ် ။ အဲဒီကမှ ထပ်ဆင့်လင့်တွေဆီ ထပ်သွားလို့ရပါသေးတယ် ။ sinbadd ကို ကြိုဆိုကြမှာပါ ။
    ReplyDelete
  4. မန်းကိုကို ဘာကြောင့်များ ဒီလိုပို့စ်ကို တင်ရသလဲ ???
    စိတ်ထဲ မရှင်းသူတွေ ရှိနိုင်တယ် ။
    ဒီလို ကွဲရှလွယ်တဲ့ အချက်လက်ကို ရေးတင်ရကောင်းလားဆိုပြီးလည်း အပြစ်တင်ချင်သူတွေ ရှိနိုင်မယ် ။
    သုံးစက္ကန့်လောက်မှ အချိန်ပေးမဖတ်ပဲ စိတ်စေရာ စည်းလွတ်ဘောင်လွတ် ပြောချင်သူတွေလည်း ရှိမှာပါပဲ ။
    အစအဦးအနေနဲ့ ကျနော်ရေးတဲ့ပို့စ်တွေ အများစုဟာ ရည်ရွယ်ချက် ၊ ပေးချင်တဲ့သတင်း ၊ ညွှန်ပြချင်တဲ့လမ်းတွေ အနည်းနဲ့အများ ပါကြပါတယ် ။ အပြည့်အစုံ ဖတ်သူတွေအနေနဲ့ သိလျက်ဖြစ်စေ ၊ မသိလျက်ဖြစ်စေ ကျနော် ပြောချင်တာတွေကို ရသွားကြမယ်လို့ မျှော်လင့်မိတာပါပဲ ။
    အခုပို့စ်မှာတော့ ဒေါ်ခင်ကြည်ရဲ့ “ဗမာတွေ မကောင်းဘူး” ဆိုတဲ့စကားမျိုး ထည့်ထားတာကြောင့် အထူးသဖြင့် ဖတ်မိတဲ့ ဗမာတွေအတွက် စိတ်ကသိကအောက် ဖြစ်ဖို့များပါတယ် ။
    မှန်ပါတယ် ၊ ကျနော့်အနေနဲ့ကလည်း ကိုယ်ပြောချင်တာကို လမ်းကြောင်းပေးနိုင်ဖို့ မသုံးမဖြစ် သုံးဖို့လိုအပ်လို့သာ သုံးလိုက်ရတာပါ ။ ဘယ်သူ့ခံစားချက်ကိုမှ တိမ်းရွဲ့သွားအောင် မရည်ရွယ်ရိုး အမှန်ပါ ။
    ပို့စ်ရဲ့ အဓိက ရည်ရွယ်တာကတော့ အထူးသဖြင့် ဗမာလူမျိုးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ မှန်ကန်နေပြီလို့ ယူဆနေပါစေ ၊ တိုင်းရင်းသားတွေရဲ့ စိတ်ထဲက ခံစားမှုတွေကို သတိမထားမိပဲ တစ်ဦးနဲ့တစ်ဦး နီးကပ်အောင် လုပ်ဖို့ထက် ၊ ဝေးကွာစေမဲ့ လုပ်ရပ်တွေ အပြောဆိုတွေသာ ထပ်ကာထပ်ကာ လုပ်နေမိတတ်ကြတာတွေ ရှိနေတယ်ဆိုတာကို သိစေချင်တာပါ ။ ဒေါ်ခင်ကြည်လို စိတ်သဘောထား ပြည့်ဝပါတယ်လို့ ဆိုနိုင်သူကနေတောင် ဒီလို စကားမျိုး ပြောဖြစ်ခဲ့တယ်ဆိုတော့ ၊ ဗမာတွေဆီမှာ များများစားစား မဟုတ်ဖူးလို့ ယူဆရင်တောင် တစ်စုံတစ်ခုတော့ လွဲချော်နေခဲ့ပြီလို့ တွေးမိကြအောင် ပုံပမာပြလိုက်တာပါ ။
    အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားတွေအနေနဲ့ ဒေါ်စုကနေ သူတို့ကို စွန့်ပစ်ထားတယ်လို့ ခံစားမိမှာထက် ၊ အတုယူ အားကျစရာနဲ့ ဗမာအပါဝင် တိုင်းရင်းသားတွေရဲ့ သွေးနှောနေတတ်တဲ့ သဘာဝကို နားလည်သဘောပေါက်ပြီး မျှတတဲ့ အမြင်တွေ ရှိနိုင်ကြဖို့ မျှော်လင့်မိပါတယ် ။
    အခုပို့စ်အပါဝင် ဗမာနဲ့ တိုင်းရင်းသားတွေကြား နားလည်မှု ပိုရကြအောင် ရေးနေတာဟာ ကျနော့် ဘဝတစ်သက်တာ အတွေ့ကြုံတွေအပေါ် မှီပြီးရေးတာလည်း ဖြစ်ပါတယ် ။ ငယ်စဉ်က ကိုယ့်အိမ်မှာလာနေတဲ့ ဝမ်းကွဲမောင်နှမ တွေအပေါ်မှာတောင် မစာနာတတ်ခဲ့တာကို အခြားဆွေမျိုးနဲ့ အသိမိတ်ဆွေတွေအိမ်မှာ လနဲ့ချီ သွားနေခဲ့ပြီးမှ ၊ နိုင်ငံအချို့ကို လှည့်လည်ပြီး နေရာအတော်များများနဲ့ အလုပ် အဆင့် အတော်များများမှာ လုပ်ခဲ့ပြီးမှ တွေ့ကြုံခံစား မြင်လာတာတွေအပေါ် မူတည်ပြီး ကိုယ်ချင်းစာစိတ်နဲ့ ရေးတာပါ ။ ကိုယ်တိုင် မပြည့်စုံသေးပေမဲ့ မတူတဲ့ အတွေ့ကြုံနဲ့ မမြင်မိကြသူတွေ ရှိခဲ့ရင် အသိပေးနိုင်အောင် လက်ဆင့်ကမ်းပေးဖို့ ကြိုးစားနေတာပါ ။
    ဒီစာဟာ လူတိုင်းအတွက်တော့ ဟုတ်ချင်မှ ဟုတ်မှာဖြစ်ပေမဲ့ ၊ ကွက်လပ်လေး အချို့ကိုတော့ ဖြည့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ အကောင်းဖက် ရည်ရွယ်ပေမဲ့ အဆိုးဖက်ရောက်သွားရင်လည်း ရင်ဆိုင်သွားရမှာပါပဲ ။
    ReplyDelete
  5. The majority should have broad minded and try to adjust and patient with minority. Otherwise minority will always think they are oppressed and bullied. Just like in a family. Parents make sacrifice for kids.
    ReplyDelete
  6. ကျနော်လည်ကြားဘူးတယ် ဒါပေမဲ့မဟုတ်ဘူးဆိုတာသေးချာတယ် ကိုမန် ဥပမာဦးသန့် ပန်တနော်သားဆိုတချိုကလည်ဒီလိုဘဲပြောတယ် သူနာပြုတာကိုအစွဲပြုပြီးဒေါ်ခင်ကြည်ကိုလဲဒီလိုပြောကြတယ် နောက်ဆုံးကျနော်မေးမြန်ခဲ့တဲ့ဖူသမိန်ထွန်းတိုဖူမန်ငြိမ်မောင်တိုကိုမေးကြည်သေးတယ် ကရင်တွေနဲ့ပေါင်းသင်ဆက်ဆံတာတောမှန်တယ်ဒါပေမဲကရင်မဟုတ်တာတောသေးချာတယ် နောက်တခုကဒီချိန်မှာသွေးလိုက်စပ်နေလိုဒီကောင်တွေကကိုယ်ကိုပိုလိုတောင်အထင်သေးနိုင်တယ်သတိထားစေချင်တယ် ဘယ်လိုဘဲဖြစ်ဖြစ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသွေးကစကားပြောတာဘဲ
    ReplyDelete
  7. ဒေါ်ခင်ကြည်ဟာ ကရင်အမျိုးသမီးတစ်ဦးဖြစ်နေစေကာမူ
    သူဖြတ်သန်းလာခဲ့တဲ့ ခေတ်ရဲ့အနေအထားနဲ့
    ပတ်ဝန်ကျင်အခြေအနေတွေကြောင့် ကရင်ဖြစ်ရတဲ့ ကိုယ်ခံအား နည်းသွားသလို ဖြစ်သွားပါတယ်။
    ဘာပဲဖြစ်ဖြစ်....... ဒေါ်စုရဲ့သားငယ် ကရင်ပုဆိုးဝတ်တာနဲ့ ကရင်လူမျိုးကိုချစ်တယ်လို့ ပြောမယ်ဆိုရင် လက်လွတ်စပယ်
    နိုင်လွန်းပါတယ်။
    ဒေါ်စုအနေနဲ့ သူဟာကရင်ကပြားတစ်ဦးဖြစ်ကြောင်း အသိပေးလာဖို့
    ကရင်တွေ မျှော်လင့်နေကြမယ်ဆိုရင် ကိုယ့်ကံကြမာ ကိုယ်ဖန်တီးမဲ့မူကို
    ထိခိုက်လာနိုင်တယ်ဆိုတာ ကရင်တွေ သတိထားဖို့ လိုအပ်ပါတယ်။
    ကရင်ဖြစ်ပြီးတော့ ကရင်ဖြစ်ရတဲ့ကိုယ်ခံအားနည်းတဲ့သူတွေဟာ
    ဘယ်တော့မှ ကရင်စကားပြောတတ်ဖို့ မကြိုးစားသလို
    ကရင်ဖြစ်ရတဲ့ အခွင့်ထူးကိုလည်း နှစ်ခြိုက်မှာ မဟုတ်တဲ့အတွက် ကရင့်လက်နက် ကရင့်လက်ထဲရှိဖို့ပဲ အရေးကြီးပါတယ်
    မန်းကိုကိုရယ်............။
    ReplyDelete
    Replies
    1. ကရင့်လက်နက်လား။ ရိုးသားဖြောင့်မတ်ခြင်းနဲ့ သစ္စာရှိခြင်းကို အမြဲဆောင်ထားရင် လုံလောက်နေပြီ။ ကရင်ဖြစ်ရတဲ့ ကိုယ်ခံအားကောင်းသူတိုင်း အမှန်တရားကို ချစ်ကြပါလိမ့်မယ်။
      Delete
  8. I think if Daw Khin Kyi is Kayan, it's not a big deal to say she is Kayan & Daw Aung San Su Kyi is 1/2 kayan. It's canna be better for her when she try to unite all of the Burmese people.
    ReplyDelete
  9. ကရင်နဲ့ ဗမာ ညားပြီး မြန်မာစစ်စစ်လေးတွေမွေးပြီး တိုင်းပြည်တိုးတတ်အောင်အမုန်းမပွားပဲ လုပ်ဆောင်တာ ဘာဖြစ်လဲ ဘယ်သူ
    တွေနစ်နာစရာရှိလဲ အရှိပါဘူး ကရင်နဲ့ မြန်မာ အတူတူတန်တူပဲ ဖြစ်တာပေါ့
    နောက်မို့ မင်းကရင် စစ်စစ် ငါက ဗမာစစ်စစ်ဆိုပြီး ရန်ထောင်နေဦးမယ် က
    နဲ့ ဗမာများများ ညားကြ လေ မြန်မာစစ်စစ်လေးတွေများလေးကောင်းလေးပဲ
    ReplyDelete
  10. ဒီထက် ခိုင်လုံတဲ့အချက်အလက်လေးနဲ့ရေးပေးစေချင်ပါတယ်..အခုက ပါးစပ်ပြောရာဇဝင်လိုဖြစ်နေလို့ပါ. လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းဆိုသလို တုတ်ထမ်းပြီးပြောရမယ့်ကိန်းဆိုက်အောင်တော့မလုပ်ပါနဲ့ဗျာ.
    ReplyDelete
  11. အဲဒါကတော့ “ဗမာတွေ မကောင်းဘူး” တဲ့ ။
    ReplyDelete
  12. Hi man,
    You wana be like U Saw.
    It is the time to unite all people in Myanmar for our country. But, from your posts I think you want to destroy Daw Su and our country. Stop distributing destructive rumors. Consider about th people of Myanmar.
    ReplyDelete
  13. အားပါး ကိုမန်းဒီတခါဆွဲတာတော့ ကင်းကောင်အဘ အမြီးဘဲ
    ReplyDelete
  14. :) ဗမာတွေမကောင်းဘူးဆိုတဲ့ မှတ်ချက်လေးကိုဖတ်ပြီး ပြုံးမိသွားတယ်..။ တမင်စော်ကားလိုစိတ်နဲ့ပြောတာမဟုတ်ဘဲ စိတ်ခံစားမှုနဲ့ပြောတဲ့စကားလုံးတွေအတွက် စာနာပေးလို့ရပါတယ်..။ သူ့ပတ်ဝန်းကျင်မှာ မကောင်းတဲ့ဗမာအများအပြားနဲ့ ကြုံလိုက်ရတော့ ဒီလိုကောက်ချက်မျိုးချဖြစ်သွားတယ် ဖြစ်မှာပါ..။ အကိုဖြစ်စေချင်တဲ့ ကရင်ကပြားတစ်ယောက်ဖြစ်လဲတမျိုးကောင်းတာဘဲလို့ တကယ့်စိတ်ရင်းနဲ့ ဆန္ဒပြုမိတယ်..။ ပြီးတော့ အမေစုက အကိုပြောတဲ့အောက်ဆုံးအချက်လို လူမျိုးရေးစိတ်ခံစားမှုမထားဘဲ တစ်တိုင်းပြည်လုံးအတွက် ရှေးရှူမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ အကြွင်းမဲ့ပါ..။ ကျနော့်အတွက်ကတော့ ကပြားပဲဖြစ်ဖြစ် ကရင်အစစ်ပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ အမေဟာ အမေပါဘဲ..။
    ReplyDelete
  15. @ ‘Anonymous’ of ‘November 28, 2011 11:26 AM’
    လူများစုက သဘောထားကြီးသင့်တာ လက်ခံပါတယ် ၊ လက်ရှိ မြန်မာပြည်အနေထားက သဘောထား ကြီးတယ်ဆိုတာ စံနမူနာကိုက သိပ်မရှိတာမို့ ၊ သဘောထားကြီးတယ်ဆိုတာကို အတုယူ စံထားနိုင်ကြဖို့ ဒေသစုံကနေ အတွေ့အကြုံနဲ့ ဗဟုသုတ အစုံတွေကို မိတ်ဆက်ပေးဖို့ လိုကောင်း လိုနိုင်တယ်လို့ ယူဆမိပါတယ် ။ နောက်တစ်ခုကတော့ တစ်မြေထဲနေ တစ်ရေထဲသောက်တဲ့ ဗမာအပါဝင် တိုင်းရင်းသားတွေကို မိသားစု တစ်စုနဲ့ နှိုင်းတာထက် တစ်ရပ်ကွက်ထဲ အတူနေတဲ့ အိမ်နီးချင်း သို့မဟုတ် ရပ်ဆွေရပ်မျိုးတွေလို့ သုံးနှုန်းရင် ပိုများကောင်းမလားလို့ ထင်မိပါတယ် ။ စပ်မှတော်ပြီး ရည်ရွယ်လို့ မဟုတ်ပဲ ၊ အတူလာနေနေမိတဲ့ သဘောရှိတာမို့ပါ ။
    မတူတဲ့ မြင်မိတာကို အဆိုပြုပြတာပါ ။ Anonymous မှားတယ်လို့ မဆိုလိုပါဘူး ။
    @ phamawklo
    မဟုတ်တာ သေချာတယ်ဆိုရင် ချပြနိုင်တဲ့ အချက်လက်တွေများရှိရင် တတ်နိုင်သလောက် ချပြစေချင်ပါတယ် ။ ကျနော့်ဖက်ကတော့ သူနာပြု ဆိုတာတစ်ခုထဲကို မှီးငြမ်းရေးတာ မဟုတ်သလို ၊ (အန်ကယ်) တီးကနဲမီကိုလည်း အခုဖုန်းဆက် မေးလို့ရပါတယ် ။ တီးကနဲမီက ထပ်ဆက်ပေးရင်လည်း ကျနော့်ဖက်က ရေးခဲ့တဲ့ တရားဟောဆရာကြီးတွေရဲ့ နာမည် ၊ ဘုရားကျောင်း ၊ ဖြစ်ပျက်ခဲ့တဲ့ ခုနှစ်တွေကအစ ပြောပြနိုင်ပါတယ် ။
    သွေးလိုက်စပ်လို့ အထင်သေးမယ့်သူရှိရင် ကျနော်ကတော့ အထင်သေးခံပါမယ် ။
    တကယ်တန်းမှာက သွေးလိုက်စပ်တာ မဟုတ်ပါဘူး ။ အရှိကို အရှိအတိုင်း လူတွေသိအောင် ချပြတာပါ ။ ဦးဘိုဘိုကျော်ငြိမ်း ဖေ့ဘွတ် စာမျက်နှာမှလည်း သွားတင်ထားပေးပါတယ် ။ သူပြန်ရေးတဲ့ မှတ်ချက်ကောင်းလည်း ရှိတာမို့ သွားဖတ်ကြည့်လို့ ရပါတယ် ။ (http://www.facebook.com/#!/profile.php?id=614109784) ။
    နောက်တစ်ခုက “သွေးကစကားပြောတာဘဲ” ဆိုတာကတော့ သိပ်မသေချာလှပါဘူး ။
    ဥပမာ ကျနော်ဟာ ကရင်သွေး ၁၀၀% မဟုတ်ပါဘူး ၊ ကိုယ့်ကိုယ်ကို ကရင်လို့ ခံယူလို့သာ ကရင်ဖြစ်နေတာပါ ။ ဒေါ်စုကလည်း သူ့ခန္ဓာထဲ ပြောင်းလဲလို့မရတဲ့ သွေးတွေပါနေပေမဲ့ ၊ သူ့ကိုယ်သူ ဗမာပါလို့ ခံယူထားရင် ဘယ်သူမှ ဘာမှ မတတ်နိုင်ပါဘူး ။ အရှိတရားဟာ ပုံသေဖြစ်ပေမဲ့ ၊ ခံယူချက်ကတော့ အပြောင်းလဲရှိတဲ့ လူ့စိတ်အပေါ် မူတည်ပါတယ် ။ မသိလိုသော်လည်းကောင်း ၊ သိသိကြီးနဲ့လည်း လိုအပ်ချက်အရ သော်လည်းကောင်း ကိုယ်ပိုင်ရွေးချယ်မှုတွေ ရှိနိုင်ပါတယ် ။
    @ ကိုးဒီသွေး
    ဒေါ်ခင်ကြည်အနေနဲ့ သူရွေးခဲ့တဲ့ လူနေမှုဘဝ လမ်းကြောင်းကတော့ ကရင်တွေအမြင်မှာ တစ်မျိုးဖြစ်နေမှာကတော့ သေချာပါတယ် ။ ဒါပေမဲ့ ဒေါ်စုသား ကရင်ပုဆိုးဝတ်တာတော့ အခုပြောမှပဲ သိရတော့တယ် ။ အဲဒီလိုတွေ့လို့ ကရင်တွေကို ချစ်တယ်လို့ တစ်ချက်မှ မပြောခဲ့မိပါဘူး ။ ဒေါ်စုလည်း ကရင်တွေကို အချစ်ပိုတယ် ဆိုတာမျိုးလည်း မထင်ရဲပါဘူး ။ သူ ကပြားဖြစ်မဖြစ်ကို အခြေနေ တောင်းဆိုလာရင်တော့ ထုတ်ပြောရမယ်လို့ ယုံကြည်ပါတယ် ။ ပြောလည်း ပြောစေချင်ပါတယ် ၊ အပေါ်က ရေးခဲ့သလို အများအကျိုးကို မျှော်ကိုးတာကြောင့်ပါ ။
    နောက်တစ်ပိုင်းရေးထားတဲ့ မှတ်ချက်ကတော့ ကျနော့်နဲ့ သဘောထား ကွဲလိမ့်မယ်ထင်တယ် ။
    ကျနော်ကတော့ နှစ်ခြောက်ဆယ်ကျော် ဇာတ်မျောကြီးကို အဆုံးသတ်ဖို့ စိတ်ဝင်စားတယ် ။ အသေးစိတ်ထဲက တချို့ကို နောင်ပို့စ်တွေမှာ အနည်းနဲ့အများ ရေးသွားမှာဖြစ်သလို ၊ လူကိုယ်တိုင် ပြောမှဖြစ်မဲ့ အပိုင်းတွေလည်း ရှိနိုင်ပါတယ် ။ အခြားတစ်ဖက်မှာလည်း ကိုယ်လုပ်စရာ ရှိတာကို မှန်မှန်လုပ်သွား ကြဖို့တော့ လိုပါလိမ့်မယ် ။
    @ Heartmuseum
    ဒေါ်စုဟာ တိုင်းရင်းသားသွေး ပါမပါဆိုတာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ အတန်သင့် အရေးပါတယ်လို့ ယူဆပါတယ် ။ ဒါကြောင့်လည်း ဒီလို ထိရှလွယ်တဲ့ စာမျိုးကို ခေါင်းခံပြီး ရေးလိုက်ရတာပါ ။ ဒေါ်စုအနေနဲ့ မြန်မာ ပြည်သူလူထု တစ်ရပ်လုံးကို တစ်စုတစ်စည်းထဲဖြစ်အောင် စုစည်းပေးနိုင်ဖို့ကတော့ ကျနော့်ဆန္ဒနဲ့ တစ်ထပ်ထဲပါပဲ ။ ဒါက လူမျိုးစွဲ ၊ ဘာသာစွဲ ၊ ဒေသစွဲ ဘာအစွဲမှ မထားဘဲ ထောက်ခံအားပေးသင့်တဲ့ ကိစ္စတစ်ရပ်ပါ ။
    ReplyDelete
  16. @ ‘Anonymous’ of ‘November 28, 2011 2:36 PM’
    Anonymous ဟုတ်သင့်သလောက်လည်း ဟုတ်ပါတယ် ၊ ဒါပေမဲ့ မျိုးချစ် ဆိုသူများအတွက်တော့ အင်မတန် နားခါးစေမယ့် စကားပါပဲ ။ အမှန်က ဗမာလူမျိုးမှာ အခြားလူမျိုးတွေရဲ့ သွေးတွေရောနေခဲ့တာ တိုင်းရင်းသားတွေနဲ့စာရင် အများကြီးပိုပါတယ် ။ ဗမာစကားပုံ တစ်ခုကို သတိရမိတယ် ။ “အမျိုးစစ်မှ အမျိုးချစ်မည်” ဆိုတာပါ ။ မြင်တာတော့ အချို့လူတွေ ကိုယ့်စိတ်ကိုယ် ကျေနပ်အောင်ပြောတဲ့ လက်တွေ့မကျတဲ့ စကားပုံပါ ။ အမျိုးစစ်ပြီး အမျိုးအချစ်ကောင်းလို့ ထင်ရာစိုင်းရာက ကိုယ့်အမျိုး မပြုတ်တာတောင် ကံကောင်းတယ်လို့ ပြောလို့ရမယ့် သာဓကတွေ အများကြီးပါ ။ ဒီတော့ Anonymous သဘောအတိုင်း ၊ ကပြားများလေလေ (သို့မဟုတ်) ကိုယ့်ကိုယ်ကို ကပြားလို့ နားလည်ခံယူသူတွေ များလေလေ ငြိမ်းချမ်းလေလေမို့ အဲဒီလိုဖြစ်အောင်ပဲ ဆုပန်ရမလို ဖြစ်နေပြီ ။
    @ Lu Nga Tay
    တင်ပြပေးထားတာတွေကို သိပ်အားမရသေးဘူးလို့ နားလည်မိပါတယ် ။ ဒါကလည်း သဘာဝကျပါတယ် ။ ပုဂံရာဇဝင်လို မှန်းဆရတဲ့ အရာတွေနဲ့စာရင်တော့ ၊ ဒီကိစ္စမှာ လက်တွေ့ဖြေရှင်းနိုင်တဲ့ သက်ရှိထင်ရှား ရှိနေသူတွေ အများကြီး ရှိနေသေးတာမို့ ၊ ပါးစပ်ပြော ရာဇဝင်ထက် အများကြီး ပိုပါတယ် ဆိုတာ Lu Nga Tay အနေနဲ့ လက်ခံနိုင်လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ် ။ အများနဲ့ဆိုင်တဲ့ နေရာမှာ ရှိနေသူ ဒေါ်စုအနေနဲ့လည်း ဒါကို အနှေးနဲ့အမြန် ပွင့်ပွင့်လင်းလင်း လုပ်သွားဖို့ကို လိုအပ်တယ်လို့ ယူဆပါတယ် ။
    @ ‘Anonymous’ of ‘November 28, 2011 5:08 PM’
    မည်သူမဆို ကိုယ်ကြိုက်တာလေးတွေ ၊ အထူးပြုလိုတာတွေ ၊ ထပ်ဆင့်ပြောပြီး စိတ်ကျေနပ်မိတာတွေ ကအစ အမျိုးမျိုး ရှိနိုင်ပါတယ် ။ Anonymous ကဖြင့် ဘယ်လိုဆိုပြီး မှတ်ချက် မပေးလိုပေမဲ့ ကျနော့် အနေနဲ့ကတော့ အဲဒီစကားကို အရသာတွေ့လို့ ပြောတာမဟုတ်ဖူးလို့ ပြောထားချင်ပါတယ် ။ စိုးရိမ်တယ် မဟုတ်ပေမဲ့ ၊ အမြင်လွဲသူတွေ ရှိနိုင်တာမို့ ကြိုပြော ဖြေရှင်းထားတာပါ ။
    @ ‘Anonymous’ of ‘November 28, 2011 5:08 PM’
    Anonymous အနေနဲ့ အခြေမြစ်မဲ့ စွပ်စွဲချင်တာလား ၊ မဟုတ်ရင်လည်း ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခု ရှိသလားဆိုတာ စာက တိုလွန်းလို့ အဓိပ္ပယ် သိပ်မပေါက်မိဘူး ။
    တစ်ခုခြင်း ပြောရရင်တော့ ကျနော်ဟာ ဦးစော အဆင့်ကို ခြေဖျားတောင် မှီနိုင်လိမ့်အုံးမယ်လို့ မထင်ပါဘူး ။ ဆက်ပြောရင် အရင်တစ်ခါ ဖြစ်ဖူးသလို ၊ လိုရာဆွဲတွေးပြီး အမုန်းပွားသူတွေ ရှိနိုင်တာကြောင့် ဦးစောနဲ့ ပတ်သက်တာကို ဒီလောက်နဲ့ပဲ ရပ်ထားပါမယ် ။
    ခုချိန်ဟာ ပြည်သူလူထု တစ်ရပ်လုံးကို စုစည်းစည်းလုံးအောင် လုပ်ဖို့လိုတဲ့ အချိန်ဆိုတာ လက်ခံပါတယ် ။ ဒါပေမဲ့ ကျနော့်ပို့စ်က ဒေါ်စုကို ထိခိုက်မှုတွေ ရှိတယ်ဆိုတာ ခိုင်ခိုင်လုံလုံ အကြောင်းပြနိုင်ရင် ၊ လက်ခံနိုင်လောက်တာဆိုရင် ဒီပို့စ်ကို ပြန်ရုပ်သိမ်းပေးဖို့ ဝန်မလေးပါဘူး ။ ကွန်မန့်နဲ့ မရေးချင်လည်း စာနဲ့ပို့လို့ ရပါတယ် ။ (mahnkoko@gmail.com) ။
    တစ်ဖက်မှာ Anonymous အနေနဲ့လည်း အခုရေးထားတာတွေဟာ ကောလဟာလထက် ပိုတယ်ဆိုတာ သိမှာပါ ။ ဘလော့ရေးတယ် ဆိုတာဟာလည်း သိက္ခာကို အလောင်းအစား လုပ်ထားရတတ်တာမျိုးပါ ။ ဒီလိုပဲ လူအများအတွက် တကယ်တန်း လိုအပ်မယ်ဆိုရင် ၊ ကျနော့်သိက္ခာကို အထိခိုက်ခံပြီး ဆန့်ကျင်ဖက်လမ်း ပြန်ရွေးလျှောက်တာမျိုး လုပ်သင့်ရင် လုပ်ပါ့မယ် ။ Anonymous ဖက်က အများအကျိုး တကယ်တန်း ရှိကြောင်းသာ ဂဃနဏ ပြောပြပေးပါ ။ ဘယ်သူ့မျက်နှာမှ ထောက်ထားစရာ ၊ အားနာစရာ ၊ မလိုပါဘူး ။
    @ tint
    ဟုတ်တယ် ဆရာတင့်ရေ ၊ တလောက ဂေါ်ဇီလာ မီးမှုတ်တာ ခံရပြီး ၊ ကျောကုန်းမှာတောင် ညှော်နံ့က မစင်ချင်သေးဖူး :-)
    ကျနော်လည်း ကိုယ်နဲ့ အနည်းအကျဉ်း လာဆက်စပ်မိတာလေးမို့ အကျိုးမျှော် တင်လိုက်တာပါဗျာ ။ နောက်ပိုင်း ဖြစ်နိုင်ရင် ပညာရေး ဝေဌတာလေးတွေနဲ့ပဲ စွဲကပ်နေမိအောင် ကြိုးစားပါ့မယ် ။
    @ White
    ထပ်တူပဲ ဆန္ဒပြုမိပါတယ် ။
    ဒေါ်စုဟာ ကရင်သွေး ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ ၊ နိုင်ငံအတွက် အကောင်းဆုံး လုပ်နေတယ်လို့ တကယ်ယုံကြည်ပါတယ် ။ ဒါကတော့ မပြောင်းလဲမယ့် သူ့ရဲ့ စိတ်ဓါတ်နဲ့ စေတနာတွေပါ ။ NLD ပါတီဝင်မဟုတ် ၊ ဘာမှနီးပါး မသက်ဆိုင်ပေမဲ့ လိုအပ်ရင်တော့ တတ်စွမ်းသမျှ သူ့ကို ဝန်းရံပေးဖို့လည်း ဆန္ဒရှိပါတယ် ။
    ReplyDelete
  17. ဒေါ်ခင်ကြည် ကရင်လူမျိုးဟုတ်မဟုတ်ကို သူ့ အဖေနဲ့ အမေနာမည်တွေစစ်လိုက်ရင် အဖြေပေါ်ပါလိမ့်မယ် ကရင်လူကြီးတွေမှာတော့အဲဒီမှတ်တန်းတွေရှိပါတယ် ဗိုလ်ချုပ်အောင်ဆန်းတောင်မှ ဗမာစစ်စစ်မှမဟုတ်တာဘဲ ဦးဖာ ဒေါစုတဲ့  ဒေါစုကတော ဗမာပါ ဖာဆိုတာ ဗမာစကားမှာကောင်းတဲ့အရာမှမဟုတ်တာဘဲ ဖာဆိုတာ ဘယ်ဗမာမှ နာမည်မှာမထဲကြပါဘူး ဦးဖာဟာ ချင်းလူမျိုးပါ ဖာရဲ့ အဓိပ္ပါယ်သိချင်ရင်တော့ချင်လူမျိုးကိုသာမေးကြည့်ပေတော့
    ReplyDelete
  18. ကိုမန်ရေး ဒီချိန်မှာကျနော်ကရင်အရေးနဲ့ကြည့်ရင် နှိပ်ပါနေတဲ့အချိန်ပါ ဒီလိုအချိန်မှာဒီအကြောင်းတွေပြောလိုရှိ အမြင်မကျယ်တဲ့လူတွေအတွက်တောရယ်စရာဖြစ်မှာသေးချာတယ် နောက်တခုကလည် အဲဒီချိန်အဲဒီအခုက ကရင်တွေစည်းရုံးဖိုအတွက် ခေါင်းစဉ်းလေပြောင်လိုက်တယ်ဆိုတာမခက်ပါဘူးဒီအမေရိကမှာလည်ဒီလိုလုပ်စားနေတဲ့ကောင်တွေရှိပါတယ် အသုံးချပြီးသွားရင်တောဘာသိဘာသာနဲ့ပြီးသွားတာပါဘဲ ကရင်အိကျီဝတ်လိုကရင်ဆိုရင်တောသိတောမလွယ်လောက်ဘူးထင်တယ် လွတ်လပ်ရေးရဖိုအတွက်အောင်ဆန်အသုံးချသွားတဲ့အကွက်တွေကိုနောက်ရောက်ခံလိုက်မနှင်စေချင်ဘူး ဒီလိုတောတောများများရှိပါတယ်တပင်ရွှေထီတိုဘုရင်နောင်တို့ ဦးသန့်တို ဗမော်တင်အောင်တို့အများကြီးဘဲပါးစပ်ရာဇာဝင်နဲ့ပြောနေကြတာဘဲ ဒီချိန်မှာဘာနဲ့တူသလဲဆိုတောစစ်ရေးနိုင်ငံရေးနှိပ်ကျနေတဲ့အချိန်မှာအပစ်ရပ်သွားဆွေးနွေးရင်တောအောက်ဈေးဘဲရမယ်
    ကိုမန်ရေး
    ReplyDelete
  19. Daw Aung San Suu Kyi is A Karen or whatever, she is our democratic leader.If you not support her, you stay with Thein Sein Next fifty or a hundred years.
    ReplyDelete
  20. philosophermgmyathar said...
    ကိုမန်းကိုကိုသို့..
    ရေးသားထားသောအချက်အလက်လေးတွေဟာ
    တော်တော်တန်ဖိုးရှိပါတယ်၊ ဒါပေမဲ့အဲဒီအချက်
    အလက်တွေထဲက ဒေါ်ခင်ကြည် အနောက်ပိုးက
    ရင်စကားတတ်တယ်ဆိုတာတချက်ထဲနဲ့ဒေါ်ခင်
    ကြည်ဟာကရင်လို့ပြောလို့မရပါဘူး၊နာစ့်အလုပ်ကိုကရင်တွေချည်းလုပ်တာမဟုတ်ပါဘူး၊ဒါပေမဲ့
    ဒေါ်ခင်ကြည်ဟာခရစ်ယာန်ကျောင်းထွက်ဖြစ်ပါ
    လိမ့်မယ်၊ အင်္ဂလိပ်စာဦးစားပေးသင်တဲ့ကျောင်း
    တွေပါ၊အရင်ကဗမာပြည်မှာရှိပါတယ်၊နောက်သူနာပြုမှာကရင်အမျိုးသမီးတွေများများစားစားလုပ်တာဖြစ်လေတော့ကရင်လိုတတ်တာ
    လဲဖြစ်ပါလိမ့်မယ်၊နောက် မြောင်းမြဟာဧရာ
    ဗမာတွေရောနေထိုင်ကြတာဖြစ်ပါတယ်၊ကရင်စကားတတ်တာတခုတည်းနဲ့တော့ကရင်မဖြစ်နိုင်ပါဘူး၊ ကျနော်ဆိုရင်မလေးစကားကိုကျွမ်းကျွမ်းကျင်
    ကျင်ပြောနိုင်ပါတယ်.ဒါပေမဲ့ ကျနော်မလေး
    မဟုတ်ပါဘူး၊ ဗမာလူမျိုးဖြစ်ပါတယ်..အဲလိုများဖြစ်နေမလား
    လို့ကျနော်တွေးမိတာလေးပါ၊ နောက်တခုက
    ဒေါ်အောင်ဆန်းစုကြည်ဟာကရင်လူမျိုးတခု
    အတွက်တင်ကွက်ပြီးပြောမှာမဟုတ်ပါဘူး။
    တတိုင်းပြည်လုံးအတွက်ပြောနေတာလုပ်နေ
    တာပါ၊နောက်တခု ..ကျနော်စဉ်းစားမိတာတ
    ခုပေါ့..ဗိုလ်ချုပ်အောင်ဆန်းလက်ထက်က ကရင်ဗမာအထိကရုဏ်းတခုဖြစ်ခဲ့ဘူးပါတယ်
    ဗိုလ်ချုပ်ကိုယ်တိုင်ရှင်းခဲ့တာဖြစ်တဲ့အတွက်
    ပြေလည်ရုံမက.အင်္ဂလိပ်စစ်တပ်မှာအမှုထမ်း
    တဲ့ စောကြာဒိုး.အစရှိတဲ့ကရင်လူမျိုးတွေဗမာ့
    လွတ်လပ်ရေးတပ်မတော်ထဲကိုတောင်ဝင်လာ
    ကြပါတယ်၊ဗိုလ်ချုပ်အောင်ဆန်းစစ်ရုံး(ယခင် )တည်ရှိရာကိုလာပြီး ဗိုလ်ချုပ်ကိုသတ်ဖို့အကြံ
    အစီရှိတဲ့ စောစံဖိုးသင် ဟာဗိုလ်ချုပ်နဲ့တွေ့ပြီး
    ဗမာ့လွတ်လပ်ရေးတပ်မတော်မှာအတူတကွ
    အမှု့ထမ်းခဲ့ကြပါတယ်..ကျွန်ုပ်နှင့်သံလိုက်ကြီး
်ဗိုလ်ချုပ်အောင်ဆန်းစာအုပ်ကိုဖတ်ကြည့်ပါ၊.
    နောက်ကရင်ခေါင်းဆောင်များဖြစ်တဲ့စောစံဖိုး
    သင်တို့.စောကြာဒိုးတို့ဟာဗို်လ်ချုပ်နဲ့အင်မတန်ရင်းနှီးကြသူတွေပါ၊နောက်အာဇာနည်မန်းဘ
    ခိုင်ဟာ ကရင်လူမျိုးစစ်စစ်ပါ၊ဒေါ်ခင်ကြည်
    ဟာကရင်အမျိုးသမီးဖြစ်ရင်အထက်ပါခေါင်း
    ဆောင်တွေကတော့သိကိုသိကြမှာပါ၊နောက်
    တချက်.ဗိုလ်ချုပ်ဟာသူ့ဇနီးကရင်အမျိုးသမီး
    ဖြစ်ရင် ဗိုလ်ချုပ်ဟာဂုဏ်ယူစွာနဲ့ကျနော့်အမျိုး
    သမီးက ကရင်ဗျ ..လို့ ပြောမှာအသေအချာပါ
    ဗိုလ်ချုပ်ဟာ လူမျိုးမခွဲ အချစ်ကြီးပါတယ်၊ရိုး
    သားလွန်းပါတယ်၊ဒါ ကျနော့်ရဲ့တွေးဆမှု့၊တွေး
    တောမှုတွေပါ၊ ခရစ်ယာန်ကျမ်းစာအပိုဒ်တွေ
    ကိုသိတယ်ဆိုရာမှာလည်း ခရစ်ယာန်ကျောင်း
    အင်္ဂလိပ်ကျောင်း တွေမှာခရစ်ယာန်ဘာသာ
    ရေးအကြောင်းတွေကိုသင်ရတယ်လို့ကြားရ
    ဘူးပါတယ်၊ဒေါ်ခင်ကြည်ဟာပညာတတ်တဦး
    ဖြစ်တာကြောင့်လေ့လာထားလို့သိတာလဲဖြစ်
    နိုင်ပါတယ်၊ဒေါ်ခင်ကြည်ဟာကရင်အမျိုးသမီး
    ဖြစ်ရက်နဲ့ ဘယ်လိုအကြောင်းကြောင့်မှဗမာ
    ပါလို့ လိမ်ပြောမှာမဟုတ်ပါဘူး၊လိမ်ပြောတာ
    ကိုဗိုလ်ချုပ်အောင်ဆန်းဟာငယ်ငယ်လေးကထဲက မုန်းသူတဦးဖြစ်ခဲ့တာကိုကြည့်ခြင်းအား
    ဖြင့် ကရင်လူမျိုးဖြစ်ရက်နဲ့ဗမာလို့ ကွယ်ဝှက်
    ထားစရာအကြောင်းမရှိပါဘူး၊ဗမာပြည်ဟာ
    ကရင်၊ဗမာ၊ရှမ်း၊ကချင်၊မွန်၊ကယား၊ချင်း၊ရခိုင်
    စတဲ့လူမျိုးများစုပေါင်းပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပါ
    တယ်၊ဗမာတဦးတည်းမပိုင်ပါ၊ကရင်တဦးတည်းလဲမပိုင်ပါ၊ထို့အတူကျန်လူမျိုးစုများလည်းမပိုင်ပါ၊အားလုံးပိုင်ဆိုင်ကြပါတယ်။ဒီလောက်ဆို
    ၇င်ဆက်ပြီးတွေးလို့ရနိုင်ပါတယ်၊ကျနော်ပြောတဲ့ ကရင်လူမျိုး အာဇာနည်မဖြစ်လိုက်ရသော
    စောစံဖိုးသင်ဆိုတဲ့ စာအုပ်ကို စောစံဖိုးသင်
    ကိုယ်တိုင်ရေးခဲ့ပြီး စောစံဖိုးသင်သည် အလုံ
    မြို့(ရန်ကုန် )တွင်နေထိုင်ပါသည်၊ယခုရှိသေး
    သလား..ကွယ်လွန်ပြီလား ကျနော်မသိတော့
    ပါ၊လေးစားစွာဖြင့် .ကျနော်.ဖီလော်ဆိုဖာမောင်မြသာ ပါ
    November 29, 2011 6:42 AM
    Post a Comment
    ReplyDelete
  21. အန်တီစု ဟာကရင်ဖြစ်လည်းချစ်မှာပါပဲ..ရှမ်းဖြစ်လည်းချစ်မှာပါပဲ
    ဗမာဖြစ်လည်းချစ်မှာပဲ ..အားကိုးကြမှာပါပဲ..မျိုးရိုးရာဇ၀င်ကိုက
    ကမ္ဘာသိလေ.အန်တီစုကိုယ်တိုင်ကလည်း တကယ့်ကိုကြည်ညို
    ထိုက်သူ.လေးစားအားကျထိုက်သူ.ဗိုလ်ချုပ်ခြေရာကိုထပ်ချပ်နင်း
    နိုင်သူတဦးဖြစ်လို့ကိုတိုင်းပြည်လူထုကအားထားတာပါ၊အန်တီစု
    အကိုကြီး ဦးအောင်ဆန်းဦး ကျတော့ ဘယ်သူ့ကမှ အားမကိုးကြ
    တော့ပါဘူး၊အားကိုးလို့မရလို့ အားမကိုးတာပါ၊..သမိုင်းကိုလိမ်လို့
    မရပါဘူး၊ ကျနော်သဘောကတော့ကရင်ဆိုလည်းကျေနပ်ပြီးသား
    ချစ်ပြီးသားပါ၊ ကချင်ဆိုလည်းကျေနပ်ပြီးသားချစ်ပြီးသားပါ၊ရှမ်း
    ဖြစ်နေ၇င်လည်း ချစ်ပြီးသား၊ကျေနပ်ပြီးသားပါ၊ဘယ်တိုင်းရင်း
    သားဖြစ်ဖြစ်ပါ..ချစ်ပြီးသားကျေနပ်ပြီးသားပါ၊ဗမာမကောင်းဘူး
    ဆိုတာကလည်း ဗိုလ်ချုပ်ကိုသတ်တာလည်း ဗမာပါပဲ..တိုင်းရင်း
    သားမပါပါဘူး၊ဒါကြောင့်ဗမာမကောင်းဘူးလို့ ယေဘုယသဘော
    ပြောတာဖြစ်နိုင်ပါတယ်၊အကောင်းအဆိုးကတော့ဘယ်နေရာ
    ဖြစ်ဖြစ်ရှိပါတယ်.လူမျိုးမှမဟုတ်ပါဘူး၊လောကသဘာဝကိုက
    အကောင်းအဆိုးဆိုတာ ဒွန်တွဲနေပါတယ်.အကြောင်းအရာတခု
    ကိုသဘာဝကျကျစဉ်းစားတတ်ရင်အစွန်းလွတ်ပါတယ်..
    တတိုင်းပြည်လုံးအေးချမ်းစေချင်ပါတယ်၊တိုင်းရင်းသားအားလုံး
    ဗမာအပါအ၀င်ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာချမ်းချမ်းသာသာ
    နေနိုင်ဖို့..တိုင်းပြည်မှာစစ်အာဏာရှင်စံနစ်မြန်မြန်ချုပ်ငြိမ်းဖို့.က
    အရေးအကြီးဆုံးလို့ထင်ပါတယ်၊အခုအချိန်မှာအန်တီစုကိုဝိုင်းဝန်းထောက်ခံပြီးအားပေးရင်ပိုလို့သဘာဝကျပါတယ်လို့..လေးစား
    စွာဖြင့်..ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ
    ReplyDelete
  22.့ဒေါ်ခင်ကြည်သည်ကရင်အမျိုးသမီးတစ်ဦးဖြစ်သည်။
    ReplyDelete
  23. share လိုက်ပါတယ်
    ReplyDelete
  24. စောသန်းနိုင်November 29, 2011 at 11:24 PM
    ကျုပ်ကတော့တကယ့်ကိုသဘောထားကြီးတဲ့သူတွေကိုလေးစားပါတယ်
    ဒါပေမဲ့။အရှိကိုအရှိတိုင်းနဲ့ အမှန်ကိုအမှန်အတိုင်းမြင်နိုင်တဲ့သူကိတော့ ပိုပြီးလေးစားပါတယ်
    ဗမာတွေက၇င်အင်းကျီဝတ်။က၇င်လိုနေ။က၇င်လိုတွေးခေါ်။က၇င်စိတ်ဓာတ် တွေမွေး။ဗမာစကားတောင်မပြောတတ်တော့ပဲ ကရင်စားကိုပဲကြွမ်းကျင်
    ဗမာဖြစ်မှန်းတောင်မိမိကိုကိုမသိရင်ပိုပြီးသဘောကျပါတယ်
    ကျုပ်ကဒီလောက်အထိသဘောထားကြီးပါတယ်
    ဒါကိုဗမာတွေကိုသိစေချင်ပါတယ်
    ReplyDelete
  25. မန်းကိုကို ပြောသလို နှစ်(၆၀)ကျော်ကြာ တော်လှန်ရေးကို အဆုံးသတ်ဖို့ ပိုစိတ်ဝင်စားတယ်ဆိုတာ လက်ခံပါတယ်။ ကျွန်တော်လည်း ကရင်ပြည်နယ်ဒေသခံတွေကို စာနာပြီး ငြိမ်းချမ်းရေးအကြောင်း အမြဲပြောဖြစ်ပါတယ်။
    သမိုင်းကြောင်းအရ ဒီပယောတွေကို အကြွင်းမဲ့ယုံကြည်လို့ မရတဲ့အတွက် ငြိမ်းချမ်းရေးလုပ်နေစေကာမူ ကရင့်လက်နက် ကရင့်လက်ထဲရှိဖို့တော့ လိုအပ်တယ်လို့ ခံယူထားပါတယ်။
    ကရင့်ကံကြမ္မာကို ဘုရားလက်ထဲအပ်မဲ့အစား ကိုယ်တိုင်ကြိုးစား အားထုတ်ပြီး ဖန်တီးယူတာ ကရင်အမျိုးသားတစ်ရပ်လုံးအတွက်
    ကျယ်ပြန့်စေပါတယ်။
    မြန်မာပြည်အနေအထားအရ ကရင့်အမျိုးသားလှုပ်ရှားမှုက ဘယ်နည်းနဲ့ဖြစ်ဖြစ် ရှိကိုရှိနေရဦးမယ်လို့ ယုံကြည်ထားပါတယ်။
    ReplyDelete
  26. ကို မန်းမန်းကိုကို လောက် အတွေးမကြွယ်ပေမယ့် ကျွန်တော်ငယ်ငယ်က ကျွန်တော့်အရပ်က ဒေါ်နု ဆိုတဲ့မိန်းမကြီး တစ်ဦးပြောတာက ဒေါ်အောင်ဆန်းစုကြည်ငယ်ငယ်က သူထိန်းပေးရတယ်လို့ ပြောဘူးတာမှတ်မိတယ်၊ သူမကတော့ ဧရာဝတီတိုင်း ဘက်ကပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကြားမိဘူးလို့ ပြောပြခြင်းသာဖြစ်ပါတယ်။
    sm
    2011-11-28 4:18 PM#
    ReplyDelete
  27. ကျွန်တော့်အဒေါ်က ဒေါ်ခင်ကြည်နဲ့အတူ ဂျပန်စစ်ဆေးရုံမှာ နတ်စ်အတူတူလုပ်ခဲ့ဘူးတယ်။ သူမသည် ကရင်တဦးဖြစ်တယ်လို့ ပြောခဲ့ဘူးတယ်။
    စော
    2011-11-29 2:14 AM#
    ReplyDelete
  28. ဘလောဒ်တခုကဘန့်လိုက်လို့ လားတာ
    ဒေါ်စုကရင်ပဲဖြစ်ဖြစ် တတိုင်းပြည်လုံးအကျီိုးကို ဆောင်ရွက်ထာမကောင်းဘူးလား ကရင်အကျိုးရေဆောင်ရင် ဗမာပြည်သူကထောက်ခံပါ့မလား ဗမာအရေးပဲ ဆောင်ရွက်ရင်ကော အလားတူပဲ
    အဲတောလိုအပ်နေတာက အားလုံးတန်တူညီမဲ့ တိုင်းရင်းသား မြန်မာတိုင်းရင်းသားလေးတွေပါ
    နေထက်ပူပျင်း
    2011-11-29 12:18 PM#
    ReplyDelete
  29. မှတ်ချက်တွေကို စာမပြန်ခင် ကျနော် ထပ်သိလာရတာ အချို့ကို အရင်ချပြချင်ပါတယ် ။
    မနေ့က ကျနော့်ဟာ ဘာသာစကားတွေအပိုင်းမှာ အားသန်ပြီး ၊ အတွေ့ကြုံ ဗဟုသုတများတဲ့ အန်ကယ်ခလိုက်(တီးခလိုက်)နဲ့ စကားပြောဖြစ်ခဲ့ပါတယ် ။ သူပြောပြတာတွေနဲ့ အင်တာနက်ပေါ်မှာ အနည်းအကျဉ်း ရှာကြည့်လိုက်ရာက တွေ့လာရတာတွေထဲ အချို့ကို စာရင်းအတိုချုပ် လုပ်ကြည့်ပါမယ် ။
    (က) ဒေါ်ခင်ကြည်ဆီကို သွားရောက်ခဲ့ကြတဲ့ တရားဟော ဆရာကြီးတွေနာမည်ကို ကျနော့်ထက် တီးခလိုက်ကနေ ပိုပြီး စုံစုံစေ့စေ့ ပြောပြ ထောက်ပြနိုင်ခဲ့ပါတယ် ။
    (ခ) ဒေါ်ခင်ကြည်ဟာ အပေါ်မှာ ပြောခဲ့တာတွေထက်မကတဲ့ သူတွေနဲ့ ပတ်သက်ခဲ့ရာမှာ ဗိုလ်ချုပ်(ဒေးဗစ်)အေဘယ်လ် ဟာလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ် ။ ပိုပြီး ကျယ်ပြန့်လာတဲ့ သက်သေသာဓက တစ်ခုအဖြစ် သုံးစွဲလို့ ရနိုင်တဲ့ အလားအလာပါ ။ ဒီနေရာမှာ အချက်လက်တစ်ခုဖြစ်တဲ့ ဘာသာရေးနဲ့ ဆိုင်တာကိုတော့ မပြောပဲ ချန်ထားခဲ့ပါ့မယ် ။
    (ဂ) ဒေါ်စုကိုယ်၌က သူ့မိခင် ဒေါ်ခင်ကြည်ဟာ ကရင်ဖြစ်ကြောင်း အနည်းဆုံးတစ်ကြိမ် ဖွင့်ဟပြောဆိုခဲ့ဖူးပြီး ၊ သတိထားမိသူ (သို့) စိတ်ဝင်စားသူ နည်းတာကြောင့် မပေါ်လွင်ခဲ့တာပါ ။
    * ဒေါ်ခင်ကြည်အကြောင်း အင်တာနက်ထဲ တွေ့နိုင်တာ တစ်ခုကတော့ - “Born in 1912 in Myaungmya, Irrawaddy Division to U Bo Nhyin and Daw Pwa Su, Daw Khin Kyi graduated from the all-female ABM High School in Kyeemyindaing and completed a diploma in nursing and midwifery from Dufferin Hospital (Women’s Hospital).”
    (http://www.voanews.com/burmese/news/a-27-a-2003-01-07-3-1-93477864.html) ဖြစ်ပါတယ် ။
    တဆက်ထဲ ဦးသန့်နဲ့ပတ်သက်လို့ကတော့ -
    (၁) ဦးသန့်ရဲ့ မိခင်ဟာ မြစ်ဝကျွန်းပေါ် (အနောက်ပိုး) ကရင်စစ်စစ် ဖြစ်ပါတယ် ။ သူ့နဲ့ပတ်သက်တဲ့ စာအုပ်တွေမှာ လည်း ပါပါတယ် ။
    (၂) ဒါပေမဲ့ တီးခလိုက်သိတဲ့ ဦးသန့်သမီးတစ်ယောက်ကတော့ သူ့တို့ဆီမှာ ကရင်သွေးပါတယ် ဆိုတာကို ခါးခါးသီးသီးကို လက်မခံဖူးလို့ ဆိုပါတယ် ။
    * အင်တာနက်ထဲရှာရင် ဦးသန့်မိခင်ကိုတော့ “Nan Thaung” လို့ ပါပါတယ် ။ (http://en.wikipedia.org/wiki/U_Thant) မှာ တွေ့နိုင်ပါတယ် ။
    * တစ်လက်စထဲ ရန်ကုန်က အလုံနဲ့ (ဒေါ်ခင်ကြည် ကျောင်းတက်ခဲ့တဲ့) ကြည့်မြင်တိုင်လို မြို့နယ်တွေမှာ ကရင်လူမျိုးတွေ အများအပြား နေထိုင်နေတာနဲ့ ပတ်သက်လို့ကတော့ စာရေးဆရာကြီး မောင်စင်ကြယ် (မန်းညွန့်မောင်)ရဲ့ နောင်ထွက်လာမယ့် “ယုဒသန်နှင့် မြန်မာရွှေပြည်” စာအုပ်ထဲမှာ ပါလာမယ်လို့ ယုံကြည်ပါတယ် ။ (အမှန်က စာရိုက်ဖို့ အကူညီ အတောင်းခံရတာက ကျနော်ပါ ၊ ရိုက်မအားသေးလို့ အိမ်မှာ ဒီအတိုင်း ရှိနေပါသေးတယ်) ။
    “တီးခလိုက်”နဲ့ “တီးကနဲမီ”ရယ်ကို ကရင်နဲ့ တော်လှန်ရေး အသိုင်းဝိုင်းမှာ သိသူများပါတယ် ။ အပြင်လူတွေအတွက် နည်းနည်းစိမ်းနေနိုင်ပေမဲ့ နောင်ကို သိလာကြဖို့ အခွင့်အလမ်းတွေ ရှိလာမှာပါ ။
    ReplyDelete
  30. ကိုမန်း
    ကျွန်တော့အတွေးတွေကို စီကာစဉ်ကာမဟုတ်ဘဲ ပေါ်သလိုဘဲချရေးပေးလိုက်တယ်ဗျာ ။
    ၁) Cornwall and Isle of Lewis ဆိုတဲ့  ယူကေရဲ့ တောင်ဆုံးနဲ့ မြောက်ဆုံးမှာ ပြောစမှတ်တခုရှိသတဲ့  ။ အဲအရပ်တွေမှာ နှစ် ၃၀လောက်နေနေတဲ့  သူတွေတောင် Foreigner အခေါ်ခံရတုန်းတဲ့ 
    ၂) တခါသားကျွန်တော့ချစ်လှစွာသော ဂိုအာဖွား ကုလားကြီးတယောက်က သူ့ သားလေး အဲအချိန်ဆေးကျောင်းပြီးစကို ကုလားပြည်က ဆေးရုံတခု လေ့လာစေသတဲ့  ။အဲ ၂ရက်မခံပါဘူး ။ ပြန်ရောက်လာရော ။ ကျူးလွန်ခဲ့တဲ့  အပြစ်ကြီးက ကုလား ပရော်ဖက်ဆာကို နာမည်ခေါ်မှုတဲ့  ။ အဲတော့ဆရာက ညည်းရှာတယ် ။ ငါ့သားဟာ အင်္ဂလိပ်လဲမဖြစ် ကုလားလဲမဖြစ်တဲ့  ။ အဲပြသနာက စိတ်ထဲ တငွေ့ ငွေ့ နဲ့ နေတာကို သူ့ လိုဘဲ ဂိုအာသားကြီး ဆရာနောက်တယောက်နဲ့  တွေ့ တော့မှ ပြေတော့တယ် ။ မင်းဆရာသားက ကုလားတို့  အဂ်လိပ်တို့ မဖြစ်နိုင်ပေမဲ့ British တော့ ဖြစ်နေသားဘဲတဲ့  ။ ဘာပြသနာရှိလဲတဲ့ 
    ၃) ကိုမန်းတို့  ဖက်တာရဲတို့  ဖက်တီးရဲတို့ တွေ ပြောနေထဲက ဒါလေးတခုထောက်ချင်နေတာပါ ။ အမြဲတန်း လူနဲစု နစ်နာမှုဆိုတာ ရှိနေတတ်တာဘဲဗျ ။
    ခုန Isle of Lewis ကိုဘဲပြန်ကောက်ရရင်
    လူလေး ၂သောင်း၂ထောင်နေတဲ့  ဒီကျွန်းလေးကို ကျန်းမာရေးစောင့်ရှောက်တော့ လူတယောက် ကို ပြည်မနဲ့  ယှဉ် ၃ဆကုန်တယ် ။ ဒါပေမဲဒီလောက်သုံးပြီး ပြည်မအဆင့်မီလားဆိုတော့ မမီသေးဘူး လိုနေတာ ဟနေတာတွေမနဲ ။ Westminister မှာ ဒီကျွန်းလေးတွေကို ကိုယ်စားပြုတာက အမတ်လေးတယောက်ရယ် ။ ဒါပေမဲ့ ခုထိ ကျန်တဲ့  ပြည်မက မင်းတု့ ကောင်တွေ ကုန်တယ်ဘာညာ ဆူပူတာ မတွေ့ သေးသလို ဟိုလူတွေကလဲ ငါတို့ အဆင့်နိမ့်နေတယ် ဖက်တာရဲမယ်ကွ လုပ်တာ မတွေ့ သေးပါ ။
    နောက်ဆုံးတော့ဗျာ ဘယ်နေရာနေ ဘာလူမျိုး ဆိုတာထက် လိုအပ်သော ၀န်ဆောင်မှုကို within reasonable limit ရရင် ပြီးတယ်လို့ စိတ်ထားနိုင်ဘို့ ပါဘဲလေ
    ဒီနေရာမှာ တွေ့ ဘူးတာလေး တခုပေါ့ဗျာ ။ ထည့်ပြောရရင်
    ( ဘာကိုမှ မထိမခိုက်ဘဲ ဖြစ်တတ်တဲ့ သဘာဝတခုကို အရင်းတိုင်းချပြတာပါ )
    လန်ဒန်မြို့ ကြီးမှာ သီတင်းသုံးနေပြီးဆရာဝန်ပေါင်းစုံ ကုန်းကုန်းဦးချနေတဲ့  နာမည်ကျော်ဆရာတော်ကြီးတပါးဟာ အရေပြားကင်ဆာကို တကိုယ်လုံးပျံ့ ပြီးပျံလွန်တော်မူခါနီးမှ ရောဂါသိတာ ဖြစ်ဘူးသလို တသက်လုံးဆိုးသွမ်းမိုက်မဲ ဆေးစွဲနေတဲ့ ထောင်သားဟာ 4.9mm melanoma ရှိနေတာကို ထောင်ထဲေ၇ာက်မျ သိပြီး ကုသမှုစရပေမဲ့  ခုထိတော့ တခြားပျံ့ တာ မတွေ့ ရသေးတဲ့ အဖြစ်မျိုးလဲ ရှိတတ်တယ်လေ ။
    အဓိကကတော့ အခြေအနေတွေကို အရှိအတိုင်းလက်ခံနိုင်ပြီး အကောင်းဆုံး လုပ်နိုင်ဘို့ လို့  မြင်ပါတယ်ဗျာ
    ReplyDelete
  31. စာမပြန်ခင် ထပ်ပြီးတော့ ပြောချင်တာ တစ်ခုရှိပါသေးတယ် ။
    ကျနော့်ပို့စ်ဟာ လူအများအတွက် ကွက်လပ်ဖြည့်ဖို့ ကြိုးပမ်းချက် တစ်ခုသာသာပါ ၊ ဒီကိစ္စတစ်ခုထဲမှာ မိန်းမောပြီး အာရုံစိုက်မနေကြဖို့ သတိပေးချင်ပါတယ် ။ ဒေါ်စု ကရင်သွေး ပါမပါဆိုတာဟာ ကောင်းကျိုးသက်ရောက်မှုတွေ ပေးနိုင်ကောင်း ပေးနိုင်မှာဖြစ်ပေမဲ့ လက်တွေ့ဘဝမှာ လုပ်ကိုင်လှုပ်ရှား ရှင်သန်ရမှာက ကျနော်တို့တတွေ ကိုယ်တိုင်ကိုယ်ကျမို့ပါ ။
    @ Anonymous (November 29, 2011 6:57 AM)
    Anonymous တင်ပြတာတွေက စိတ်ဝင်စားစရာတွေပါပဲ ။ မြောင်းမြသူ ဒေါ်ခင်ကြည်ဟာ ကရင်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း အခိုင်မာ သက်သေပြဖို့ အချက်လက်တွေဟာ ကြာလေခိုင်မာလေလို့ ယူဆလို့ ရပါတယ် ။ ဗမာတွေ အနေနဲ့လည်း သက်ကြီးဝါကြီးတွေ အပါအဝင် ခုထက်ထိ အချက်လက်နဲ့ ငြင်းဆိုသူ တစ်ယောက်မှ မရှိသေးတာဟာလည်း အထောက်ကူ တစ်ခုလို့ မြင်လို့ရပါတယ် ။ ဦးဖာနဲ့ ပတ်သက်လို့က အင်မတန် ရှားပါးတဲ့ နာမည် တစ်ခုဖြစ်တာတော့ သေချာပါတယ် ။ ချင်းမိတ်ဆွေတွေကိုလည်း ကြုံရင် မေးမြန်းကြည့်ပါဦးမယ် ။
    @ phamawklo
    နိုင်ငံရေး စစ်ရေး စသည်ဖြင့် နိမ့်ကျတယ် အားနည်းတယ် ဆိုတာတွေက ကိုယ့်လက်ထဲမှာ အဓိက မူတည်နေပါတယ် ။ တလောက ဧရာဝတီမှာ ပါခဲ့တဲ့ အင်တာဗျူးတစ်ခု အပါအဝင် ကိုယ့်ကရင်တွေနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာ အများကြီးပါ ။ အထူးသဖြင့် တကယ့် အခြေခံကျတဲ့ ကိစ္စတွေမှာတောင် အရှိကို အရှိအတိုင်း မမြင်နိုင်ကြတာမျိုးတွေကို တွေ့ရရင် အင်မတန် စိတ်မချမ်းသာ ဖြစ်ရပါတယ် ။
    အမုန်းခံရတာ တစ်ခုပဲ အဖတ်တင်လာမှာမို့ လူတိုင်းသိအောင် ဖွင့်မပြောချင်ပေမဲ့ ကိုယ်တန်ဖိုးထားတဲ့ အရာတစ်ခုဟာ အခြားလူတွေ လက်ထဲမှာ တဖြည်းဖြည်းနဲ့ ကျေပျက်ယုတ်လျော့ တန်ဖိုးကျနေရာက ၊ အဲဒီလူတွေရဲ့ မဆီမဆိုင် တလွဲတွေ ပြောနေတာကို ထိုင်ကြည့်နေရတာဟာ အင်မတန်ကို လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး ။ နောက်နောင်ကို ပြောပြခွင့် ကြုံလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။
    @ Than
    ဘုကလန့်ပြောတာထက် နည်းနည်းပိုပြီး စိတ်ဝင်စားမယ်ဆိုရင် မေးခွန်းလေး နည်းနည်းမေးချင်ပါ တယ် ။
    - ဒေါ်စု တိုင်းရင်းသားသွေးပါတာ အရေးမကြီးဖူးလား ။ မြန်မာပြည်သူ ပြည်သားအများစုရဲ့ စိတ်ထားတွေကို နားလည်မိသလား ၊ မဟုတ်ရင်လည်း ခွဲခြမ်းစိတ်ဖြာဖူးသလား ။ အပေါ်ကပို့စ်နဲ့ မှတ်ချက်တွေကိုရော အသေချာ ဖတ်မိသလား ။
    - ဒေါ်စုဟာ ဒီမိုကရေစီအရေးမှာ ခေါင်းဆောင်လို့ ဆိုချင်တာလား ၊ ဒါမှမဟုတ် သူဟာ ဒီမိုကရေစီကျတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ဆိုလိုတာလား ။
    - ဒေါ်စုကို မထောက်ခံရုံနဲ့ ဘာဖြစ်လို့ ဦးသိန်းစိန်နဲ့ အနှစ် ၅၀-၁၀၀ နေရမှာလဲ ။ မြန်မာပြည်ဟာ အဖြူနဲ့အမဲလို ဒေါ်စုနဲ့ ဦးသိန်းစိန်နှစ်ယောက်ကလွဲရင် ဘယ်သူမှ ဘယ်နည်းလမ်းမှ ရွေးချယ်စရာ မရှိတော့ဘူးလား ။
    Than အနေနဲ့ ဆန္ဒရှိမယ်ဆိုရင် မေးခွန်းပေါင်း နောက်ထပ် ၄-၅-၆၀ လောက် ဝိုင်းထုတ်ပြီး အားလပ်ချိန်တွေမှာ စဉ်းစားနိုင်အောင် အကူညီပေးလို့ ရပါသေးတယ် ။
    @ Anonymous (November 29, 2011 1:02 PM)
    Anonymous ရဲ့ “ဒေါ်ခင်ကြည်သည် ကရင်အမျိုးသမီးတစ်ဦး ဖြစ်သည်။” ဆိုတာကတော့ အင်မတန်ရိုးရှင်းပြီး ထိရောက်တဲ့ စာတစ်ကြောင်းပါပဲ ။ ဒါပေမဲ့ စိတ်နဲ့ကိုယ် တွဲဖက်ထားတဲ့ လူသားတွေ လက်ခံလာဖို့ရာ အဲဒီလောက်နဲ့ မလုံလောက်လို့ ကျနော်ကတော့ ပြောနေ ရှင်းနေ ဆွေးနွေးနေရဦးမှာပါ ။ :-)
    @ Anonymous (November 29, 2011 9:44 PM)
    “share လိုက်ပါတယ်” ဆိုတဲ့ Anonymous က New Generation ဘလော့က ထင်ပါတယ် ။ ရပါတယ် ၊ သဘောအတိုင်းပါပဲ ခင်ဗျား ။
    @ စောသန်းနိုင်
    ပျော်ချင်လို့ ၊ ခနဲ့ချင်လို့ စသည်ဖြင့် စောသန်းနိုင်ရဲ့ ကွန်မန့်ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်လို့ ရပေမဲ့ ဘာမှတော့ မပြောလိုပါဘူး ။ အရင်ကလည်း ပြောခဲ့ဖူးပါတယ် ။ အောက်မြန်မာပြည်မှာတော့ လူအတော်များများဟာ သွေးနှောနေသူတွေ များတယ်လို့ နားလည်ရပါတယ် ။ ဒါပေမဲ့ သူတို့ကိုယ်ကို ဗမာလို့ ခံယူထားလို့ ၊ အချို့လည်း ထင်ကြလို့ ဗမာဖြစ်နေကြတာပါ ။ ကရင်အပါ အဝင် တိုင်းရင်းသားတွေမှာတော့ အဝါးမျိုခံနေရသလို ဖြစ်နေတာကြောင့် ကိုယ့်ဘာသာစကား ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ရာမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရပါတယ် ။ ကျနော်ကတော့ အပြစ်လိုက်တင် နေတာနဲ့စာရင် လက်တွေ့ကျတဲ့ အလုပ်တွေကို ကိုယ်တိုင် အသံတိတ်နဲ့ ဖြစ်အောင်လုပ်တာမျိုးကို ပိုသဘောကျပါတယ် ။
    ReplyDelete
  32. @ ကိုးဒီသွေး
    “ကရင့်လက်နက် ကရင့်လက်ထဲရှိဖို့တော့ လိုအပ်တယ်”
    “ကရင့်အမျိုးသားလှုပ်ရှားမှုက ဘယ်နည်းနဲ့ဖြစ်ဖြစ် ရှိကိုရှိနေရဦးမယ်” စတာတွေနဲ့ပတ်သက်လို့ ပြောချင်တာတွေတော့ ရှိပါတယ် ။ မျက်နှာချင်းဆိုင် ပြောဆိုဖြစ်ကြတာက ပိုထိရောက်တယ်လို့ ထင်ပါတယ် ။ စိတ်ဆန္ဒ ရှိသူတွေနဲ့ ဆွေးနွေးဖလှယ်ခွင့် ကြုံလာနိုင်ဖို့လည်း မျှော်လင့်ပါတယ် ။ အတိုဆုံး ပြောရရင်တော့ တိုင်းရင်းသားအရေးမှာ ဘယ်အရာမှ ရှင်းလင်းလွယ်ကူတဲ့ အရာတွေ မဟုတ်ကြတာမို့ အချိန်ပေး ၊ စုပေါင်းအားယူ ၊ အကောင်းဆုံး လုပ်နိုင်ကြမှ တော်ကာကျမှာပါ ။ ဘာသာရေးနဲ့ ပတ်သက်လို့တော့ ကျနော်အနေနဲ့ စိတ်ထဲ သိပ်အလေးနက်ကြီး ထားသူ မဟုတ်ပါဘူး ။
    ဘယ်လိုပဲဖြစ်ဖြစ် ဒီဘလော့ထဲမှာ တစ်ယောက်ယောက် တစ်မျိုးမျိုး ပြောလိုက်တိုင်း ကျနော့် ရပ်တည်မှုက ဘယ်တော့မှ တသမတ်ထဲ မဟုတ်သလို ဖြစ်နေရင် နားလည်ပေးဖို့ လိုမှာက ၊ ကျနော်ဟာ အဆိုပြုလာသူရဲ့ အနေထားပေါ်မူတည်ပြီး တုန့်ပြန်နေတာကြောင့် မူလဘူတ ခံယူချက်တွေ ပျောက်သလို ဖြစ်နေတတ်တယ် ဆိုတာပါ ။ အထူးသဖြင့် မှတ်ချက်တွေကို တုန့်ပြန်တဲ့အခါ ပိုပြီး ဝေဝါးနေတတ်ပါတယ် ။
    @ sm
    ကျေးဇူးတင်ပါတယ် ၊ sm ပြောပြတာဟာ ဒီပို့စ်အတွက် အတိုင်းအတာ တစ်ခုအထိတော့ အထောက်ကူ ဖြစ်မှာပါပဲ ။
    @ စော
    အပေါ်က sm ပြောတာနဲ့ အလားတူပါပဲ ၊ ဒီပို့စ်ကို တနိုင်တပိုင် ဝိုင်းပြီးထောက်ပင့်ပေးကြတဲ့ အုတ်ချပ်ကလေးတွေလို သဘောထားပါတယ် ။ ကျေးဇူးပါ ။
    @ နေထက်ပူပျင်း
    အပေါ်မှာ အတော်များများ ပြောခဲ့ပြီးပြီမို့ ကျေနပ်လောက်မယ် ထင်ပါတယ် ။ အောက်ဖက်မှာလည်း ပြောဆိုဆွေးနွေးတာတွေ ထပ်လာဦးမှာမို့ ပြည့်စုံသလောက် ဖြစ်ဖို့တော့ မျှော်လင့်ပါတယ် ။
    ReplyDelete
  33. @ philosophermgmyathar
    ကိုမြသာ ခင်ဗျား ၊ ကွန်မန့်ရှည်ကြီးအတွက် အချိန်မရ ၊ အချက်လက်လည်း ထပ်ရှာချင်သေးလို့ ခုမှ စာပြန်ရေးဖြစ်ပါတယ် ။ အပေါ်မှာ ရေးထားခဲ့တဲ့အချို့ဟာလည်း ကိုမြသာ မရှင်းတာ အချို့ကို တိုက်ရိုက် / သွယ်ဝိုက်အဖြေပေးပြီးသား ဖြစ်လိမ့်မယ်လို့ ယူဆပါတယ် ။
    မြောင်းမြမှာမွေးတယ် ၊ ကရင်တွေ စုနေတဲ့ ကြည့်မြင်တိုင်လိုနေရာမှာ အမျိုးသမီးကျောင်းကနေ ပညာအခြေခံ ယူခဲ့တယ် ၊ သူ ကရင်လူမျိုးဖြစ်ကြောင်း အတည်ပြုတဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု တင်ပြလာကြတယ် ၊ ဒေါ်စုကိုယ်တိုင် ပြောခဲ့တယ် စတာတွေမှာ အချို့ဟာတွေက ပိုတိကျပြီး နောက်ခံခိုင်မာအောင် သုတေသနလုပ် အတည်ပြု ထောက်ခံရမှာတွေ လုပ်ဖို့ လိုကောင်းလိုမှာ ဖြစ်ပေမဲ့ ၊ ကိုမြသာ အဆိုပြုတာတွေကျပြန်တော့ အထင်တွေအပေါ် မူတည်နေတာကြောင့် ရှေ့က ဟုတ်ကြောင်း ထောက်ခံချက်တွေနဲ့စာရင် ပိုအားပျော့တယ် လို့ ယူဆမိပါတယ် ။ ဒေါ်ခင်ကြည်နဲ့ပတ်သက်လို့ အတည်ပြုဖို့ရာ သေချာသလောက် ရှိနေပြီး ၊ ဟုတ်ပါတယ်လို့ ကာယကံရှင်က ထပ်လောင်းပြောဆိုတာပဲ လိုတော့တယ်လို့ ယုံကြည်ပေမဲ့ ကိုမြသာရဲ့ အဆိုတွေကို နည်းနည်း ပြန်ဆွေးနွေးကြည့်ပါမယ် ။
    ဒေါ်ခင်ကြည်နဲ့ တရားဟောဆရာကြီးတို့ စကားပြောခဲ့ရာမှာ ၊ ရှည်ရှည်လျားလျား စကားစမြည် ပြောခဲ့တာကို ဆိုလိုပါတယ် ။ ဗမာတွေ မကောင်းဘူး ဆိုတာဟာ တစ်စကို ဆွဲထုတ်ထားတာသာ ဖြစ်ပါတယ် ။ ဆက်ပြီး ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်အောင် ဘာတွေလိုနိုင်မလဲ ကြည့်ရအောင်ပါ ။
    ကျနော်ဟာ အရှေ့ပိုးကရင် တစ်ယောက် ၊ မွန်လူမျိုးတွေနဲ့ အိမ်ချင်းကပ်ပြီး နေခဲ့ပြီး ၊ စကောကရင်တွေနဲ့လည်း လက်ပွန်းတတီး နေခဲ့ပါတယ် ။ ထိုင်းစကားနဲ့ ဆယ်စုနှစ်တစ်ခုကျော် ၊ မလေးစကားနဲ့ ၇-၈ နှစ် ထိတွေ့မှု ရှိခဲ့ပါတယ် ။ ဒါပေမဲ့ ချောမွေ့ကျွမ်းကျင်မှု မရှိခဲ့ပါဘူး ။ ကိုမြသာက မလေးစကားတော့ ကောင်း ကောင်းတတ်ပါတယ်ဗျလို့ စောဒက တက်နိုင်ပါတယ် ။ ကျနော်လည်း မလေးစကားကို တတ်ပါတယ် ၊ ဒါပေမဲ့ cakap pasar လို့ခေါ်တဲ့ ပုံမကျ ပန်းမကျ ပြောဆိုနေကြတဲ့ စကားပါ ။ Bahasa Malaysia လို့ခေါ်မယ့် ရုံးသုံးတွေ ၊ cakap kampong/Melayu လို့ ပြောနိုင်မယ့် မလေးလူမျိုး စစ်စစ်တွေရဲ့ စကားကို ကြားရင်တော့ မျက်လုံးလေးတွေ ပေကလပ်ပေကလပ် ဖြစ်ရတာပါပဲ ။ ဒါတောင် ကျနော်က kamus ခေါ် dictionary နဲ့ စကားစပြောတတ်လာသူ တစ်ဦးပါ ။
    ဒီတော့ ကရင်စကားကို ကျွမ်းကျင်ချောမွေ့ဖို့ဆိုတာ ၊ မြိုပေါ်မှာ ကျောင်းတက်ခဲ့ပြီး ကရင်နယ်မှာ နှစ်ရှည်လများ အလုပ်မလုပ်ဖူးပဲနဲ့ မလွယ်ဖူးလို့ ယူဆနိုင်ပါတယ် ။ ကျနော့်ဇနီးကိုယ်တိုင် ငယ်စဉ်က ကရင်တွေနဲ့ လက်ပွန်းတတီး ရှိခဲ့ပြီး ၊ အိမ်ထောင်ကျပြီး ကရင်တွေကြား ငါးနှစ်လောက် နေခဲ့ပေမဲ့ စကားအချို့ နားလည်ရုံလောက် ပါပဲ ။
    ReplyDelete
  34. (philosophermgmyathar)
    ... ဗိုလ်ချုပ်အောင်ဆန်းအပါဝင် မြန်မာ့သမိုင်းကို အခြေခံပြီး ဆွေးနွေးပြန်ရင် နားလည်မှုတွေက “ဟ”နေနိုင်ပါတယ် ။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့ ကျနော်လည်း ငယ်စဉ်က ကိုမြသာလိုပဲ အာဏာပိုင်တွေရဲ့ ခွင့်ပြုမှုအောက်မှာ ဖြန့်ဝေခဲ့တဲ့ သမိုင်းအကြောင်းနဲ့ အမြင်တွေကိုပဲ သိခဲ့ရာက ၊ ၈၈ နဲ့ နောက်ပိုင်းမှာ မသိမကြားဖူး မထင်ဖူးခဲ့တဲ့ သမိုင်းအချက်လက်တွေကို သိလာရတဲ့အခါမှ အတွေးအမြင် အပြောင်းအလဲတွေ ရှိလာခဲ့တာပါ ။
    ဗိုလ်ချုပ်အောင်ဆန်းက ဒေါ်ခင်ကြည်ဟာ ကရင်အမျိုးသမီးပါလို့ မပြောခဲ့တာဟာ လိမ်တာ မဟုတ် ပါဘူး ၊ အာပတ်လွတ်ပါတယ် ။ ဒါပေမဲ့ မပြောတာနဲ့ မဟုတ်တော့ဘူးလို့ ပြောလို့လည်း မရပြန်ပါဘူး ။ ဒေါ်ခင်ကြည် ကျမ်းစာပိုဒ်တွေ အလွတ်ရတယ်ဆိုတာ ကိုမြသာအဆိုအတိုင်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ ခရစ်ယာန် တရားဟောဆရာတွေကို ခေါ်ဖိတ်တာကတော့ အလွတ်ရတာနဲ့ မဆိုင်တော့ပါဘူး ။ ဘာလို့ ဒီဘုရားကျောင်းက ဆရာတွေကိုမှ ရွေးခေါ်ရသလဲဆိုတာတော့ မပြောသင့်သေးဖူးလို့ ထင်တာအချို့ကို ချန်ထားတာရှိလို့ ဆက်ပြောရခက်ပါတယ် ။ ဗိုလ်ချုပ်အေဘယ်လ်နဲ့ ပတ်သက်တာတစ်ခုကလည်း ဒီအတိုင်းပါပဲ ။ နောင်မှပဲ ဂဃနဏ ပေါ်လာဖို့ မျှော်လင့်ပါတယ် ။
    တစ်လက်စထဲ သမိုင်းနဲ့ပတ်သက်ပြီး ကိုမြသာနဲ့ ကျနော်တို့ သိထားတာနဲ့စာရင် ကွဲပြားမယ့် အချက်လက်တွေ ပေါ်လာနိုင်သေးတယ်ဆိုတာ မျှော်လင့်ထားဖို့ လိုပါမယ် ။ ဥပမာ ကရင်-ဗမာအရေးခင်းဟာ ဗိုလ်ချုပ်အောင်ဆန်းအပါဝင် အဖက်ဖက်က ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုကြောင့် ပြီးဆုံးခဲ့တယ် ဆိုပေမဲ့ ၊ ကရင့်ခေါင်းဆောင် ဆာစံစီဖိုးရဲ့ အသေခံစွန့်စားမှုမျိုးနဲ့ ဂျပန်ကင်ပေတိုင် အကြီးအကဲကို မရမက ဝင်တွေ့ပြီး အဖြစ်မှန်ကို ရှင်းပြခဲ့တယ် ဆိုတာမျိုးတွေ သိသူနည်းပါသေးတယ် ။ နောက်ပြီး ဂျပန်နဲ့ပေါင်းခဲ့တဲ့ ဗမာခေါင်း ဆောင်တွေဟာ အခြေနေပြောင်းလာလို့ အင်္ဂလိပ်တွေကို ပြန်ကပ်ဖို့ရာမှာ ကရင်ခေါင်းဆောင်တွေ ကတဆင့် အကြိတ်အနယ် ကြိုးစားခဲ့ရတာတွေ ရှိတယ်ဆိုတာ ဘယ်သူမှ မပြောသလောက်ပါပဲ ။ ပြည့်စုံတဲ့ မြန်မာပြည်သမိုင်းဟာ မကြာမတင်အတွင်း လူတွေလက်ထဲ ရောက်လာမယ်လို့လည်း မထင်မိပါ ။
    စောစံဖိုးသင်ကတော့ သေရှာတာ ကြာပါပြီ ။ သူ့မြေးနှစ်ယောက်နဲ့ မလေးရှားမှာ အတူလုပ်ခဲ့ဖူးပါ တယ် ။ သေသည်အထိ အိမ်ရှေ့မှာ အရပ်ဝတ်အစောင့်နှစ်ယောက်နဲ့ မလူးသာ မလွန့်သာ နေခဲ့ရတာမို့ သူ့ရဲ့စာအုပ်မှာ ဘယ်အတိုင်းတာအထိ ရေးခွင့်ရှိခဲ့မလဲတော့ ကျနော်လည်း မခန့်မှန်းချင်ပါဘူး ။
    ဒေါ်စုနဲ့ ပတ်သက်လို့ကတော့ ကျနော့်အနေနဲ့ အတော်ပြောခဲ့ပြီးပါပြီ ။ အတိုချုပ်ရရင် ထောက်ခံဖို့ ဝန်းရံဖို့ ဝန်မလေးပေမဲ့ အကြွင်းမဲ့ ဘယ်တော့မှ ပုံအပ်မိမှာ တော့မဟုတ်ပါဘူး ။ ကိုယ်စွမ်းသလောက် ကိုယ့်အား ကိုယ်ကိုးဖို့လည်း စိတ်ဝင်စားပါတယ် ။ ဘယ်လိုဆိုဆို မှတ်ချက်အတွက် ဝမ်းသာပါတယ်ဗျာ ။ ကိုယ်ပိုင်ဘဝမှာလည်း အောင်မြင်ပါစေ ။
    ReplyDelete
  35. @ tint
    ဆရာတင့်ပြောမှပဲ ကျနော်လည်း အစီအစဉ်မကျတဲ့ ဖြေရှင်းချက်တွေက ခေါင်းထဲ တစ်သီကြီးပေါ်လာပြီး အချိန်ကလည်း အကန့်အသတ် ရှိတာကြောင့် အဆင်ပြေသလိုပဲ ရေးလိုက်ပါ့မယ်ဗျာ ။
    ပထမ ကျနော်နဲ့ပတ်သက်တဲ့ အခြေခံ သဘောထားအချို့ကို အရင်ပြောရမယ် ထင်ပါတယ် ။
    စေ့စပ်လို့ မလွယ်လောက်အောင် ကွာဟနေတဲ့ အမြင်အတွေး ခံယူမှုတွေကြားမှာ အတတ်နိုင်ဆုံး ဘက်မလိုက်ဖို့ ကြိုးစားနေပေမဲ့ တစ်ခါတစ်ရံတော့လည်း ဖက်ဒရယ်လို နေရာမျိုးတွေမှာ တစ်စုံတစ်ခုကို ဆုပ်ကိုင်ပြပြီး ဆက်ဆွေးနွေးရတာမျိုးတွေ ရှိသပေါ့ ဆရာရယ် ။ အထူးသဖြင့် အားနည်းတဲ့ဖက်က ၊ အခံဖက်က ၊ အကူညီလိုသူဖက်က ရပ်တည်ဖို့ ကြိုးစားအားထုတ် တတ်တာဟာ ကျနော့်ရဲ့ ဝသီလို့ခေါ်ရမလား ၊ အားနည်းချက်လို့ ပြောရမလားတော့ မသိပါဘူးဗျာ ။
    အကယ်၍ ကျနော်က ဖက်ဒရယ်သမားလားလို့ မေးလာရင် ၊ အဖြေရတော့ အကြပ်သား ။ အခုမှ လေ့လာဖို့ ပြင်ဆင်ဆဲမို့ ပြတ်ပြတ်သားသား ပြောဖို့တော့ မဖြစ်နိုင်သေးပါဘူးလို့ ဆိုရမှာပါ ။ ဒါပေမဲ့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလို့ အဓိပ္ပါယ်ဖွင့် အဆိုတင်တာကိုတော့ လက်ခံဖို့ရာ ကန်တော့ဆွမ်းလို့ ပြောရမှာ သေချာပါတယ် ။
    ဆရာတင့် နမူနာ ပြောသွားတာတွေကို ကျနော် သဘောပေါက်ပါတယ် ။ ဒါ့ပြင် ခုတလောလည်း culture အကြောင်းကို သင်နေရတော့ ဆရာမက သူ့အတွေ့အကြုံတွေနဲ့ပါ ယှဉ်ပြီးပြောပြတာတွေဟာ အတော်ကောင်းပါတယ် ။ ကနေ့ လူမျိုးပေါင်းစုံ စုစည်းနေထိုင်ပြီး သည်းခံမှုတရား မြင့်မားကြတဲ့ သြစတြေးလျမှာ လွန်ခဲ့တဲ့ အနှစ် ၃-၄၀ က ဥရောပသားချင်းအတူတူတောင် ခွဲခြားဆက်ဆံ ခံခဲ့ရတာကို သူပြောမှ ကြားဖူးရတော့တာပါ ။ သင်္ခန်းစာ ယူစရာလေးတွေပါပဲ ။
    ဆရာတင့်ပြောတဲ့ “အခြေအနေတွေကို အရှိအတိုင်းလက်ခံနိုင်ပြီး အကောင်းဆုံး လုပ်နိုင်ဘို့” ဆိုတာ သိပ်မှန်တာပေါ့ခင်ဗျ ။ ကျနော့် တစ်ယောက်ထဲအတွက် ဆိုရင်ပေါ့ ။ ပြဿနာက ကျနော်ဝင်ရပ်နေတဲ့ ကြားခံဒေသ ပတ်ပတ်လည်မှာရှိတဲ့ အခြားဘယ်သူတွေက ဘယ်လောက်အထိ လက်ခံမလဲ ဆိုတာပါပဲ ။
    ဒီတော့ ဥပမာ - အဆီအစ်ပြီး သွေးကြောပိတ်သေမလောက် ဖြစ်နေသူဆိုရင် ၊ ဟာ .. ဝလို့လှလို့ပါလား ၊ ဟိုရေကူးကန်ဘေးက စားသောက်ဆိုင်က သိပ်ကောင်းဆိုပဲ ၊ မနက်ဖြန် ရေသွားကူးရင်း စားမလို့ လိုက်ခဲ့ပါဦးလား ဆိုပြီး တစ်ဖက်လှည့်နဲ့ လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ကြံဖန်ရတာမျိုး ...
    ပိန်ခြောက်ပြီး အရိုးပေါ်အရေတင်သူကိုလည်း ၊ ဟယ် .. ပြောလို့ပြောတာ မဟုတ်ဘူး ၊ နင်ကမှ သွယ်သွယ်လေးနဲ့ တကယ့်မော်ဒယ် ။ ဒါနဲ့ ဟိုမော်ဒယ်ကို သိတယ်မို့လား ၊ သူ့လက်မောင်းကလေးက လုံးနေတာပဲ ။ သူက ဗိုက်တာမင်ဆေးနဲ့ မနက်ဆိုရင် ဟောဒီလို စားစရာကောင်းကောင်း တစ်ပွဲစားတယ်ဆိုပဲ ။ နင့်ကို ဖြစ်စေချင်လိုက်တာဟာ ဆိုပြီး အစာညာကြွေးရတာက တစ်မျိုး .. ရူးတယ်ပြောပြော ၊ ပေါတယ်ဆိုဆို ၊ ကြောင်တယ်လို့ စွပ်စွဲစွဲ အမျိုးမျိုး တွေးကြံဆ လုပ်ရတာပါပဲဗျာ ။
    ဆရာလည်း ပြောချင်ရာပြော ၊ ကျနော်လည်း အတွေးပေါက်ရာ ပြန်ပြောဆိုတော့ လွဲနေမလားတော့ မသိပါဘူး :-)
    ReplyDelete
  36. အေးဗျာ
    ကျွန်တော်လဲံ ထင်တာပြော ကိုမန်းလဲ ထင်ရာပြန်နဲ့  ကျွန်တော်တို့ ၂ယောက်က တရုပ်ကားကြည့်လာတဲ့  ကုလားကြီးက ဗမာလိုပြန်ပြောတာလိုပါဘဲ ။
    ကျွန်တော်လဲ စိတ်ထဲပေါ်သလို ရိုက်ချလိုက်တာဆိုတော့ ဒီလိုဗျာ ။ ပြောချင်တာက လူတယောက်ဟာ ဘာလူမျိုးဆိုတာထက် သူ ဘယ်လူစုပေါ် သစ္စာခံတယ်ဆိုတာ ပိုအရေးကြီးတယ်လို့  ဆိုချင်တာပါဗျာ ။
    လေထပ်ရှည်ရရင်
    ခု ယူကေကြီး ပြည့်ရှင် windsor family ဆိုတာ တကယ်ကတော့ ဂျာမန် Saxe-Coburg and Gotha ဖြစ်သလို အမေရိကန် သမတ ကနေဒီဟာ အိုင်းရစ်လူမျိုးဘဲလေ
    တချိန်က ကျွန်တော် ကိုးကားဘူးသလိုပါဘဲ
    နှစ် လေးဆယ်စစ်မှာ မွန်ဘုရင် ရာဇဓိရာဇ်ရဲ့  ပြည်ထိုးစစ်ကိုတန့် စေခဲ့တဲ့  အ၀သူရဲကောင်း ပြည်စားပျံချီဟာ သွေးစစ်တော့ မွန်ဘုရင့် ညီ မြောင်းမြစားလောက်ဖျားရဲ့ သားတယောက် ဖြစ်နေသလို
    နောင်အခါ အလောင်းမင်းနဲ့  စစ်ပြိုင်ဘက် မွန်ုဘုရင် ဘွဲ့ ခံတဲ့  ဗညားဒလဟာလဲ အ၀ဘုရင် ဟံသာဝတီရောက်မင်းရဲ့  ဦးလေးအရင်း ဗမာကြီးပါဘဲဗျာ ။
    ReplyDelete
  37. အင်း ကျနော် အပေါ်က ပြောခဲ့တာတွေဟာ ဆရာတင့်လိုသလို မဖြစ်ပေမဲ့ သွယ်ဝိုက်ပြီးတော့ဖြင့် သက်ဆိုင်တယ် ထင်မိပါတယ် ။ ထားပါတော့ ကျနော် လတ်တလော စိတ်ထဲပေါ်သမျှ ထပ်ဖြေကြည့်ပါဦးမယ် ။
    အဦးဆုံး ပြောရမှာက ဆရာတင့်ပြောတဲ့ “ဘယ်လူစုအပေါ် သစ္စာခံတယ်ဆိုတာ ပိုအရေးကြီးတယ်” ဆိုတဲ့ စကားဟာ ကျနော့်အနေနဲ့ အတွေးတွေများပြီး အင်မတန် ဖြေရခက်သလို ခံစားရစေတာပဲဗျ ။ ပြီးရင် ဘယ်က စပြောရမှန်းလည်း မသိပြန်ဘူး ။
    အရာအားလုံးနီးပါးဟာ သပွတ်အူလို ယှက်နွယ်နေသလိုပါပဲ ။ ပြောရင်းနဲ့လည်း လူမျိုးရေးက တစ်ခါတစ်ရံ မဖြစ်မနေ ပါလာရတော့ အားနာရတာ ၊ ထိန်းသိမ်းရတာ ၊ စကားတွေ ရွေးပြောရတာတွေနဲ့ လူကို စိတ်တင်းကြပ်စေသဗျ ။ ကျနော်ကလည်း ဖြစ်နိုင်ရင် လွပ်လွပ်လပ်လပ် ဘဝမျိုးကို ကြိုက်တာမှ ချုပ်နှောင်ထားသလို ခံစားရတဲ့ လက်ပတ်နာရီ ၊ လက်စွပ်နဲ့ ဆွဲကြိုးတွေတောင် မဝတ်ပဲနေတတ်သူမို့ ၊ ရေးဖို့ ပြောဖို့ရာ တွန့်ဆုတ် နေရတာမျိုးတွေလည်း ရှိလေတာကိုး ။
    ပညာကျော်များရဲ့ အဆိုအရ အမျိုးသားရေး စိတ်ဓါတ်ဆိုတာ ၁၉ ရာစုလောက်မှ ခေါင်းထောင်လာပြီး ၊ ဥရောပသားတွေက နယ်လိုက်ချဲ့ရင်း အာရှအပါဝင် ကမ္ဘာကို ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ် ။ မြန်မာပြည်လို အနေထားမှာတော့ မှန်တယ်လို့ ဆိုရခက်ခက် ၊ ခပ်ဝါးဝါး ဖြစ်နေသလိုပါပဲ ။
    တခါ အင်ပါယာတွေရဲ့ ထွန်းတောက် ပျောက်ကွယ်မှုတွေနဲ့အတူ ဖြစ်တည်လာတဲ့ တိကျတဲ့ နယ်နိမိတ်တွေနဲ့ ပြည်ထောင် သို့မဟုတ် နိုင်ငံတွေ ပေါ်လာရာက အဲဒါတွေနဲ့ပတ်လက်ပြီး ၊ တိုင်းရင်းသား ၊ နိုင်ငံသား ၊ အာဏာဖြစ်တည်မှု ၊ သမိုင်းနဲ့ ယဉ်ကျေးမှုတွေအပေါ် မူတည်ပြီး ဖြစ်လာတဲ့ (ကိုတင့်ပြောတဲ့) လူစုဆိုတာမျိုးတွေ ၊ အဲဒီကမှ လူတစ်ယောက်အတွက် ရှိလာတဲ့ တာဝန် ဝတ္တရား ကျင့်ဝတ် သစ္စာခံမှု စတာတွေ ၊ နောက်တစ်ဆင့် ဘာဖြစ်လို့ လူတစ်စု သို့မဟုတ် နိုင်ငံတစ်ခုကို လူတစ်ယောက်ကနေ သစ္စာခံသင့်သလဲ ၊ ဘာတာဝန်တွေ ရှိသလဲ ၊ အာဏာယူထားသူတွေက ဘာတွေ လုပ်ဖို့လိုသလဲ စသည်ဖြင့် ခိုင်မာတဲ့ ဗဟုသုတ အသိအမြင်နဲ့ ဆန်းစစ်ဝေဖန်ပြီးမှ ခံယူချက်တွေကို အရင်တည်ဆောက်ချင်တဲ့ ကျနော့်အနေနဲ့ ဆရာ့ရဲ့ ဆိုချင်တာအပေါ် အဖြေရခက်တယ်ဆိုတာ နည်းနည်း သဘောပေါက်မိမယ် ထင်ပါတယ် ။
    နောက်တစ်ခုကတော့ ၊ မြန်မာပြည်မှာ အမျိုးသားရေးနဲ့ လူမျိုးရေးဟာ သိပ်ပြီးတော့ မကွဲပြားလှဘူးလို့ မြင်မိတယ် ။ အမျိုးသားရေးလို့ ဆိုလိုက်ရင် အနည်းဆုံး အခု ကျနော်တို့ လုပ်နေသလို ဗမာစာကိုသုံးပြီး ဆွေးနွေးတာကအစ ၊ နေရာတိုင်းလိုလိုမှာ ဗမာအခြေပြုတွေပဲ ဖြစ်နေတာကြောင့် အမျိုးသားရေးဆိုရင် ဗမာလူမျိုးအရေးလို့ ဆိုရမလောက်အောင်ပါပဲ ။ ဒါကို ငြင်းမယ့်ဗမာတွေကလည်း အများစု ဖြစ်နေပြန်ပါတယ် ။ အကြောင်းပြမှာက ကျနော်တို့ အားလုံးသိကြပေမဲ့ သတိလွတ်နေ တတ်ကြတဲ့ အပေါ်ယံ စည်းလုံးညီညွတ်မှုနဲ့ အားလုံးဟာ တန်းတူတွေပဲလို့ မြင်နေကြတဲ့ ၊ အရိုးစွဲအောင် အလွတ်ရအောင် ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ သွန်သင်ချက်တွေပါပဲ ။
    ဆရာတင့်လည်း တွေ့မှာပါ ။ လမ်းလူကြီးကနေစပြီး တိုင်းနဲ့ပြည်နယ် အဆင့်အထိ တကယ်တန်းမှာ ဘယ်သူမှ အပြည့်ဝ လုပ်ပိုင်ခွင့် မရှိပါ ။ လုပ်လို့ရလည်း မလုပ်ရဲကြပါ ။ ဒီတော့ တစ်ခုခုဆို အထက်က အမိန့်ကြောင့် လုပ်ရတာပါဆိုတာ ကြားရဖန်များလွန်းလို့ တစ်ကြိမ်မှာ လူကြီးတစ်ယောက်ကို ကျနော်က “ဦးလေးတို့ အထက်ကဆိုပြီး လက်ညှိုးထိုးထိုးနေတာ တစ်ဆင့်တစ်ဆင့်နဲ့ သိကြားမင်း ဖင်ကိုတောင် ထိုးမိတော့မယ်လို့” အချဉ်ပေါက်ပေါက်နဲ့ ပြောခဲ့ဖူးပါတယ် ။ ဒါနဲ့တဆက်ထဲ နယ်က တိုင်းရင်းသားတွေမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိတော့သလို ဖြစ်သွားပါတယ် ။ ဗမာဗုဒ္ဓဘာသာတွေရဲ့ လက်ဝါးကြီးအုပ်နိုင်အောင် လုပ်ထားတဲ့ စနစ်ကြီးတစ်ခု တည်ဆောက်ထားသလို ဖြစ်လာပါတယ် ။
    ReplyDelete
  38. တိုင်းရင်းသူ ဒေါ်ခင်ကြည်ကို လွင့်သွားအောင် လုပ်ခဲ့သလို ၊ တိုင်းရင်းသွေးပါတဲ့ ဦးသန့်လို လူမျိုးကို လုံးဝနှိပ်ကွပ်ဖို့ လုပ်ခဲ့တာတွေဟာ နိုင်ငံရေးပိုင်း ရာခိုင်နှုန်းများနိုင်ပေမဲ့ လူမျိုးရေးပိုင်းမှာလည်း အမျိုးမျိုး ယူဆလို့ ရနိုင်စရာတွေပါပဲ ။ တစ်ခါ အဲဒီလို ဗမာလက်ဝါးကြီးအုပ် ပေါ်လစီ တရားဝင် မရှိဖူးဆိုပေမဲ့ ၊ တိုင်းရင်းသားတွေဆိုရင် ဗိုလ်ချုပ်အယ်လ်ခွန်ဖန်ကလွဲရင် ဘယ်တိုင်းရင်းသားကမှ ထိပ်ပိုင်းကို တရားဝင် ရောက်မလာကြတော့တာ တွေ့ရနိုင်ပါတယ် ။ ဒေါ်ကြိုင်ကြိုင်ကိုပဲ ကြည့်ပါ ၊ ပအို့ဝ် သို့မဟုတ် ပအို့ဝ်ကပြားဖြစ်တဲ့ ကျနော်တို့ ဘားအံသူ မသင်္ကြန် (နောက်တော့ ဒေါ်ကြန်ကြန် ၊ ပြီးတော့မှ ဒေါ်ကြိုင်ကြိုင်) ဟာ ဘယ်တုန်းကမှ သူ့လူမျိုးကို တရားဝင်မပြောခဲ့ သို့မဟုတ် ပြောခွင့်မရခဲ့ပါဘူး ။ ထိပ်ပိုင်းရောက်နိုင်ဖို့ရာ ကိုယ့်ကိုသူကြောက် ၊ သူ့ကိုကိုယ်ကကြောက် စနစ်မျိုးနဲ့ ကုပ်ကုပ်လေးနေပြီး တက်ရတာပါ ။
    ဗိုလ်ချုပ်ချစ်ဆွေ ညီမအငယ်ဆုံးရဲ့ ယောက်ျားကျတော့ မွတ်ဆလင်ပါ ။ ညွှန်ချုပ်ရာထူး ရနိုင်ဖို့အရေး ဗုဒ္ဓဘာသာ ပြောင်းခဲ့ရပါတယ် ။ ဒါတွေက အတိအကျသိထားတဲ့ နမူနာ အချို့ပဲရှိပါသေးတယ် ။ (မုန်းလို့ ပြောတယ်လည်း မထင်စေချင်ပါ ။ မြင်တာ အချို့ကို ပြောပြတာပါ) ။ ဒါတွေကိုထောက်ရင် အမျိုးသားရေးတို့ ၊ မြန်မာပြည်ကို သစ္စာခံဖို့ ဆိုတာတွေ ပြောတဲ့အခါမှာ ဗမာအမျိုးသားရေး ၊ ဗမာတွေကို သစ္စာခံဖို့လို အဓိပ္ပါယ် သက်ရောက်နေတာကြောင့် ပြဿနာ ရှိလာတယ်လို့ ပြောလို့ရပါတယ် ။ ကျနော့်အမြင်ကို ပြောတာနော် ၊ လက်ခံရမယ်လို့တော့ မဆိုလိုပါဘူး ။
    ဒီနေရာမှာ ဦးသန်းရွှေနဲ့ အပေါင်းအပါတွေက ဆရာတင့်ပြောသလို နားလည်သဘောပေါက် လက်ခံပြီး လက်တွေ့ကျင့်သုံးနေပါတယ်လို့ ပြောရင်တော့ အင်မတန် လက်ခံဖို့ ခက်ပါလိမ့်မယ် ။ ဒီတော့ အခြားတိုင်းရင်းသားတွေကို ပြောဖို့ဆိုတာကတော့ ပိုခက်ပြီပေါ့ ။ အမှန်က ကျနော် အရှေ့တွေမှာလည်း အတော်ပြောခဲ့ပြီးပါပြီ ။ ဖြေရှင်းဖို့ ၊ အကောင်းဆုံးဖြစ်အောင် အားလုံး လက်ခံလို့ရအောင် ဆိုတာတွေဟာ အင်မတန် ရိုးစင်းတာတွေပါ ။ မလုပ်လို့သာ မဖြစ်တာပါ ။ ဒါကြောင့် အခု ဦးသိန်းစိန်ကနေ အပေါ်ယံ ရွှေမှုန့်လေး ဖြူးပေးရုံနဲ့ အတော်များများက ဝမ်းပမ်းတသာ ဖြစ်နေကြရတာပါ ။
    လက်ရှိ တိုက်ခိုက် ဖြစ်နေကြတာတွေကို လက်ခုတ်နှစ်ဖက်တီးမှ မြည်တာပါလို့ ပြောသူတွေလည်း မရှားပါဘူး ။ ဒါပေမဲ့ လှုပ်ရှားလို့ရတဲ့ လက်ခုတ်တစ်ဖက်က ဒီအတိုင်းငြိမ်နေတဲ့ လက်ခုတ်ကို သွားသွားတီးနေတာကိုတော့ မသိချင်ကြတာ ခက်နေပါတယ် ။ အဲဒီအပြောနဲ့ အလုပ်တွေဟာ ကိုယ်ထိုင်နေတဲ့ သစ်ကိုင်းကို ခုတ်ချတဲ့ သစ်ခုတ်သမား အဖြစ်ကို သွားသတိရစေပါတယ် ။ နောက်ထပ် ငယ်စဉ်က ဖတ်ရတဲ့ ကာတွန်းကိုလည်း သတိရမိတယ် ။ ခေါင်းနှစ်လုံးရှိတဲ့ ကြက်တစ်ကောင်မှာ ကြီးတဲ့ခေါင်းက ငယ်တဲ့ခေါင်းကို အမြဲနှိပ်စက်ပါသတဲ့ ၊ အစာဆိုလည်း အနိုင်ကျင့်ပြီး စားတတ်ပါတယ် ။ မခံနိုင်တော့တဲ့အဆုံး တစ်နေ့ ခေါင်းကြီးအလစ်မှာ ခေါင်းအငယ်ကနေ တွေ့လာရတဲ့ အဆိပ်လုံးကို မျိုချလိုက်တော့ ၊ တစ်ကိုယ်ထဲ ဆက်နေတဲ့ ခေါင်းနှစ်လုံးစလုံး အတူတူ သေကြပါလေရောတဲ့ ။
    ကျနော်ဆိုချင်တာက ဆရာတင့်ပြောသွားတာ ကောင်းပါတယ် ။ လိုနေတာက အပေါ်က ကြက်နမူနာက ခေါင်းအကြီးလိုပဲ ခေါင်းအငယ်ကို အထက်စီးမယူဖို့ပါ ။ အနည်းဆုံး အထက်စီး မယူဖူးလို့ ထင်ရလောက်အောင် လုပ်ပြနိုင်ရပါမယ် ။ တစ်ကိုယ်ထဲ ဆက်နေတာကြောင့် ခေါင်းတစ်လုံးကလုပ်တာ အခြားတစ်လုံးကလည်း အေးအတူ ပူအမျှ ခံစားကြရမှာမို့ ဆင်ခြင်စရာတွေက အများသားလို့ ပြောချင်ပါသဗျာ ။
    ReplyDelete
  39. ကိုမန်း
    ခံစားချက်တွေကိုဆွပေးနေသလိုဖြစ်ရင်တော့ တောင်းပန်ပါတယ်ဗျာ ။
    ကျွန်တော်လဲ စကားပြန်ခံပါမယ် ။ ခုနေခါမှာ ဖြစ်နေတဲ့  ၃ပွင့်ဆိုင် ထဲက ဘယ်လူကြီးကိုမှ မသိပါဘူး ။ သိတယ်လို့ လဲ မထင်ပါဘူး ။ ( နက်ထဲ ပွထနေတဲ့  ချစ်ရင် နတ်စင်ပေါ်တင်ထား မုန်းရင် အိမ်သာထဲ ရေဆွဲချတဲ့  စာမျိုးတွေကိုလဲ အတည်မယူနိုင်ပါ )
    ကျွန်တော့ အမြင်ကတော့ ခုနေခါ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ main players တွေဟာ ဦးနေ၀င်း legacy ထဲက မထွက်နိုင်သေးလို့ ဘဲ မြင်နေပါတယ် ။
    ဒီလိုဆိုလိုက်တော့ နှိုင်းယှဉ်လေ့လာသင့်တာက ခေါင်းဆောင် ၃ယောက် ရှိလာပါတယ် ။
    ကျွန်တော့ အမြင်ကို ရှင်းအောင်ပြောရရင် သူတို့  ၃ယောက်မှာ ဗိုလ်ချုပ်အောင်ဆန်းတယောက်သာ သူ့ တာဝန်နဲ့  လိုက်အောင်အချိန်မီ ကြီးရင့်လာနိုင်တဲ့  ထူးခြားတဲ့  အရည်အချင်းရှိတယ်လို့ မြင်မိပါတယ်
    သခင်ကိုယ်တော်မှိုင်း တခြမ်းပဲ့  သခင် ခေါင်းဆောင်ဘ၀ကနေ သခင် ၂ဖွဲ့ ပေါင်းရဲ့  ရဲဘော် ၃ကျိပ် ခေါင်းဆောင်
    အဲကနေ ရဲဘော် ၃ကျိပ် နဲ့  ယူနစ် အုပ်စု ၂ခုပေါင်းရဲ့  BIA , BDA ခေါင်းဆောင် ။
    အဲကနေ သခင်တွေ ဒေါက်တာဗမော်အဖွဲ့ နဲ့ တခြား လူတွေပေါင်းထားတဲ့  ဂျပန်ခေတ်အစိုးရရဲ့  အရေးပါတဲ့ ခေါင်းဆောင်
    အဲကနေ မြန်မာအများစု ရဲ့  ဖဆပလခေါင်းဆောင်
    ပင်လုံနောက်ပိုင်းမှာ ဗမာနဲ့  တိုင်းရင်းသားတွေရဲ့  ခေါင်းဆောင်အဖြစ်ကို သူ့ ကိုယ်သူ ကြီးရင့်မြန်ခဲ့တယ်
    နောက် ဦးနုကျတော့ ဗမာအများစု ဖြစ်နေတဲ့ ဖဆပလထဲက တချို့ သော လူစုရဲ့ ခေါင်းဆောင်အဖြစ်ကနေ တနိုင်ငံလုံးရဲ့ ခေါင်းဆောင်အဖြစ်ကို မကြီးရင့်နိုင်ခဲ့ ဘူး
    ဦးနေ၀င်းကျ မကြီးရင့်ဘဲ ပြောင်းပြန်ပြန်သွားတယ်လို့ မြင်မိပါတယ်
    အာဏာရခါစက ယူနစ်အုပ်စုတွေရဲ့ ဆရာ ဗိုလ်နေ၀င်းဟာ ကျဉ်းထဲကြပ်ထဲ ဖြစ်လာတော့ တပ်ရင်း ၄တပ်ရင်းမှူး ဗိုလ်မှူးနေ၀င်းဘ၀ကို နောက်ပြန်ဆုတ်သွားခဲ့ပါတယ် ။
    ခုကိုမန်းတို့ ခံစားချက်တွေ မြစ်ဖျားခံလာတာက အဲဒီပြသနာကပါဘဲ
    လူကြီးလုပ်တဲ့ သူက ဘယ်လို အချိုးမျိုးမှ ကြိုက်တယ်ဆိုတဲ့  အောက်ကလူတွေလိုက်လုပ်တာပါဘဲ ။
    ဘယ်လူမျိုး ဘာဘာသာဝင်ဆို မြှောက်စားဆိုတဲ့  တရားဝင်ရေးထားတဲ့  ပေါ်လစီကတော့ ရှာတွေ့ မယ်မထင်ပါဘူး။
    အဲ ဘာလူမျိုးဘဲဖြစ်ဖြစ် ရွှေစိတ်တော်မကျ၇င် ဘေခံထိတယ်ဆိုတာကို ရဲဘော် ၃ကျိပ် ဗိုလ်ကျော်ဇောကနေစ ခု အတိုက်အခံတွေထဲ မွထနေတဲ့  ဦးနေ၀င်းဘေခံထိ လူကြိးစာရင်းကို ကြည့်သိသာပါတယ် ။
    ဒါပေမဲ့  ( အိမ်က ကလေးတွေစကားနဲ့ ဆို ဒါဗင်နဲ့  )
    ကိုမန်းတို့ အနေနဲ့ ကြည့်တော့ ဗမာတွေ ငါတို့ တမင် အုပ်တယ်လို့ ဘဲ မြင်နေတာကို နားလည်ပေးနိုင်ပါတယ်ဗျာ ။
    ReplyDelete
  40. @ tint
    ဆရာတင့်ရေ မအားမလပ် ဖြစ်နေလို့ ခုမှ စာပြန်ဖြစ်တာ ဆန့်ငင်ဆန့်ငင်ဖြစ်အောင် လုပ်သလိုများ ဖြစ်သွားသလား မသိဘူး ။ ဆရာက တောင်းပန်တယ်ဆိုလို့ ကျနော်ကလည်း အရင် ပြန်ရှင်းပြရပါ ဦးမယ် ။
    အပေါ်က ကျနော့်စာမှာ အသုံးအနှုန်း နည်းနည်း တင်းမာသွားသလို ဖြစ်သွားတာဟာ ဆရာတင့်သာမက လာဖတ်သူတွေ အားလုံးကို ရည်စူးပြီး ရှင်းပြထားတာကြောင့်ပါ ။ ခုမပြောလည်း နောင်ကို ပြောရမယ့် ကိစ္စတွေဆိုတော့ တစ်လက်စထဲ ပေါင်းပြီးရေးလိုက်တာမို့ အားနာပေမဲ့ ပြောသင့်တယ်လို့ ယူဆတာမို့ပါ ။ ဒါကြောင့် ခံစားချက်ကို ဆွပေးတယ်လို့ ပြောရခက်သလို ဆရာတင့်အပေါ်လည်း ဘာမှ စိတ်ထဲမရှိပါဘူး ။ အမှန်တော့ ဆရာ့လို သမိုင်းကြောင်းချီသိပြီး ခြုံငုံဆွေးနွေးပြနိုင်သူ မရှားရင်တောင် နည်းပါတယ်ဗျ ။ ဒီတော့ ကျနော့်အနေနဲ့ ဆရာတင့်ကနေ အခုလို အမြင်တွေ ပြောပြတာကိုပဲ ကျေးဇူးတောင် တင်သင့်တာပါ ။
    ပြီးရင် ဆရာတင့်ပြောတဲ့ “ခုနေခါမှာ ဖြစ်နေတဲ့  ၃ပွင့်ဆိုင်” ဆိုတာ ဘယ်သူတွေတုန်း ၊ လုပ်စမ်းပါဦး ၊ ကျနော်က နက်ထဲ ဝင်ဝင်နေပေမဲ့ အားလုံးစုံအောင် လိုက်မဖတ်နိုင်တော့ တစ်ခါခါ လွတ်သွားတာတွေလည်း အများကြီးမို့ပါ ။
    မှတ်ချက်နောက်ပိုင်း ဆွေးနွေးပြသွားတာတွေထဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုအပိုင်းတွေမှာ သဘောအတော် တူပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းက သာမန်လူတွေရဲ့ အရည်အချင်းတွေထက် ပိုသွားတာက မြင်သာတဲ့ မယိုင်မလဲ စာရိတ္တနဲ့ အပြော အလုပ်ညီပြီး အလုပ်ဖြစ်အောင် လုပ်တတ်တာတွေလို့ မြင်ပါတယ် ။ လက်တွေ့သမားဖြစ်လို့ အချိန်တိုင်း ထိပ်မှာနေရာ ယူနိုင်ခဲ့ပေမဲ့ ဦးနုကျတော့ ဆရာတင့်ပြောသလိုပဲ အုပ်စုအချို့ရဲ့ ခေါင်းဆောင်အဖြစ်ကနေ နောက်တစ်ဆင့်တက်ဖို့ အခြေခံ မခိုင်ခဲ့ဖူး ။
    ဦးနေဝင်းနဲ့ ပတ်သက်လို့တော့ သူ့ legacy ထဲက မထွက်နိုင်သေးဘူးဆိုတာ မှန်ပေမဲ့ သူ နောက်ပြန်ဆုတ် သွားခဲ့တာဟာ တကယ်ဆုတ်သွားတာ မဟုတ်ပဲ ၊ တစ်ကွက်ကျော် ရိုက်ဖို့လုပ်တဲ့ လောင်းကစား သမားတစ်ယောက် အကွက်ဖန်သလို မြင်မိတယ် ။ သူ့ legacy တွေ အနေနဲ့ကတော့ စစ်တပ်ကို နိုင်ငံရဲ့ ပင်မ မဏ္ဍိုင်လုပ်ထားတာနဲ့ သူ့လို ကစားကွက်တွေ ဖန်သွားတဲ့ ဦးသန်းရွှေတို့လိုလူတွေ မွေးထုတ်ပေးခဲ့တာကို မြင်မိတယ် ။ ကျန်တာတွေက ကိုင်းပွားကိုင်းနားတွေပါ ။
    တစ်ခုရှိတာတော့ ဆရာတင့်ပြောတဲ့ အောက်ကလူတွေက လူကြီးကြိုက်တဲ့ အချိုးမျိုး လိုက်လုပ်တယ် ဆိုတာကျတော့ တစ်ခုလိုနေတယ် ထင်ပါတယ် ။ အထူးသဖြင့် အာဏာရှင်ဖြစ်တဲ့ ဦးနေဝင်းလိုလူက သူမကြိုက်တဲ့သူဆိုရင် ဘေတယ်ဆိုပေမဲ့ သူ့လို အကွက်ကျကျ ကစားတတ်တဲ့ လောင်းကစားသမား တစ်ယောက်ကနေ အနည်းဆုံး ကြားဝင်ခေါင်းခံပေးရမယ့် တိုင်းရင်းသား အချို့ကို မွေးထားဖို့ လိုသေးတယ်ဆိုတာ မေ့နေမယ်တော့ မထင်ပါ ။ တကယ်တန်းမှာတော့ ဗမာမျိုးချစ် အများစုရဲ့ စိတ်ထဲမှာ စွဲနစ်နေတဲ့ စိတ်ထားအချို့ကြောင့် ခွဲခြားတတ်တဲ့ ဓလေ့အချို့ကို မသိလိုက် မသိဖာသာ ဖန်တီးမိခဲ့တယ်လို့ မြင်မိတယ် ။
    အခု ကျနော့်သဘောက အဲဒါတွေကို အပြစ်တင်နေဖို့ မဟုတ်ပါဘူး ။ ပြောင်းလဲလို့ ရတာဟာ ကိုယ်ကိုယ်တိုင် တစ်ယောက်ကိုပဲ လုပ်လို့အဖြစ်နိုင်ဆုံးလို့ လက်ခံထားပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် လူထုချစ်တဲ့ တိုင်းပြည်ခေါင်းဆောင်တွေဟာ ဗမာတွေချည်း မဟုတ်ပါဘူးဆိုတာ ဖေါ်ထုတ်ခြင်း အားဖြင့် အကောင်းဖက်များ ဦးတည်လာနိုင်မလားဆိုပြီး ဒီပို့စ်ကို ရေးလိုက်တာပါ ။ ဒါဟာ အခြေခံ အဆင့်ပဲ ရှိပါသေးတယ် ။ မျှော်လင့်ချက် မရှိလှပေမဲ့ ဒီကနေ ဗမာအပါဝင် တိုင်းရင်းသား အားလုံးလိုလို တစ်ဦးနဲ့တစ်ဦး သွေးမဝေးကြ ပါလားဆိုတာ စိတ်ထဲ ဝင်လာမိကြမှ နောက်တစ်ဆင့် သင့်မြတ်ရေး ညီညွတ်ရေးဆီ တက်လှမ်းဖို့ ပိုနီးစပ်မယ်လို့ မြင်ပါတယ် ။
    [အကယ်၍ ဆရာတင့် မှတ်ချက်မှာ ရေးရခက်တာမျိုး ရှိရင်လည်း မေးလ်ထဲ တိုက်ရိုက်ပို့လို့ ရပါတယ်ဗျာ ။ ကျနော်လည်း တစ်ခါခါ အများအတွက် ထိန်းရေးနေတော့ အားလုံးလည်း မပြောဖြစ်ဘူးလေ ။ တကယ်တန်းမှာ ကရင် ဗမာတွေကအစ ၊ အတော်များများ အူနုကျွဲခတ်စေမဲ့ စကားတွေ ၊ ပြောစရာတွေ ရှိပါတယ် ။ တစ်စစတော့ ရေးရမှာပါပဲ ။ ဖွဖို့မဟုတ်ပါဘူး ။ မြင်မိ ပြင်မိကြစေဖို့ပါ ။ ပြောရရင်တော့ ကျနော်ဟာ တော်ရုံနဲ့ ခံစားမှုနောက် မလိုက်ဖြစ်အောင် ကြိုးစားနေသူပါ ။ ကျနော့်နဲ့ ပတ်သက်လို့ ၊ မြင်တာကို ဘွင်းဘွင်းပြောဆို ဝေဖန်လို့ရပါတယ် ။ မသင့်တော်ဖူး ထင်ရင်တော့ ၊ ဆိုခဲ့သလိုပဲ မေးလ်ထဲရေးပေါ့ဗျာ ။ ဒါမှ ကျနော် စိတ်ဆိုးရင်တော့ ဒီလူ အလကားလူပဲဆိုပြီး လှည့်မကြည့်ပဲ ချန်သာ ထားခဲ့ဗျို့ :-) ]
    ReplyDelete
  41. စဉ်းစားမှ ထွက်လာတာမျိုးတွေမို့  တခါတလေလဲ အဆက်အစပ်မမိတာတွေ ရှိမယ်ကိုမန်း ။
    ၃ပွင့်ဆိုင်လို့ သုံးလိုက်တာက စစ်တပ် ၊ဒေါ်စုနောက်လိုက်တွေ နဲ့  တခြားဗမာမဟုတ်သော ပလေးယားတွေလို့ ဆိုလိုတာပါ ။
    ကိုမန်းသတိရမလားမသိဘူး
    တချိန်ကကိုဝတုတ် ဘလော့မှာ ကျွန်တော်တို့ ဆွေးနွေးတော့ မြစ်ဝကျွန်းပေါ် ပြသနာမှာ ၂ဘက်လုံးက မြင်သားမကျတဲ့  အခြေခံကို ကျွန်တော် ထောက်ခဲ့ပါတယ်
    ကရင်စစ်ပြန်တွေဘက်က အရာရှိဆို ဆင်ဘရောင်းနဲ့  ။ ခေါက်ရိုးမကြေတဲ့  စစ်ဝတ်နဲ့  ၊ ပြောင်နေအောင်တိုက်ထားတဲ့  သားရေဖိနပ်နဲ့  မြင်နေကျကနေ ရင်ဘတ်မှာ တံဆိပ်လေးတခု ထိုးပြီး လက်ပါတ်တခု ပါတ်လာတဲ့ စုတ်ခြာခြာ ဘီအိုင်အေဗိုလ်ကို မခန့် သလိုဘဲ
    ကိုယ်တိုင်က မနေ့ ကမှ ဂျပန်ရိုင်ဖယ် ၁၄-၅လက် နဲ့  ဂျပန်စက်သေနတ်လေး ၂လက်လောက် မြင်ဘူးတဲ့  ဘီအိုင်အေဗိုလ်တွေခင်မျာလဲ ကိုယ်စီ ရိုင်ဖယ် ၆လုံးပြူးတွေ ကိုင်ထားတဲ့  ကရင်စစ်ပြန်တွေကို ဧရာမအန္တရာယ်ကြီးမြင်လာ မဆန်းပါဘူး
    ဒီကနေ ဇာတ်တွေစတော့တာပါဘဲလို့  ကျွန်တော် ထောက်ခဲ့ဘူးပါတယ်
    ခုဖြစ်နေတဲ့  ပြသနာတွေကလဲ လူတွေရဲ့  စိတ်ထားမှာဘဲ အခြေခံသွားဖြစ်နေပါတယ်
    ကျွန်တော် ခေါင်းထဲစွဲနေတဲ့  ဇာတ်ကြောင်းလေးတခု ပြန်ပြောချင်ပါသေးတယ်
    ReplyDelete
  42. ကိုမန်ရေးဒီလိုအချိန်ကုန်နေမယ်စာတွေေ၇းနေမဲ့အစာကိုယ်လူမျိုးကိုယ်အဖွဲအစည်းအတွက်အထောက်အကူဖြစ်စေမဲ့စာတွေနောက်တတ်လာမဲ့ကရင်လူငယ်တွေအတွက်အတွေးအခေါ်စာတွေကိုရေးစေချင်ပါတယ်ဒါတွေကိုလိုက်ရေးရင်ကျွဲပါစောင်တီသလိုမဖြစ်နေဘူးလာဒါကြောင့်ကွက်ကျော်မလုပ်စေချင်ဘူးဗျာ ကိုမန်မှာ skype ရှိရင်စကားပြောရအောင်ဗျာ ကျနော်email နဲskype နာမည်ပိုလိုက်ပါကျနော်အက်လိုက်မယ် sawmawklo@gmail.com
    ReplyDelete
  43. ဆရာတင့်ရေ “ခုဖြစ်နေတဲ့  ပြသနာတွေကလဲ လူတွေရဲ့  စိတ်ထားမှာဘဲ အခြေခံသွားဖြစ်နေပါတယ်” ဆိုတာတော့ ထောက်ခံရမှာပဲထင်တယ် ။ ချွင်းချက်အချို့တော့ ရှိနိုင်တာပေါ့လေ ။ ကျနော်က သမိုင်းမတင့်တတင် အချိန်အထိ နောက်ကြောင်းပြန် စဉ်းစားမိတာကိုး ။
    ဘယ်ကနေပဲစစ တော်ရုံ ဘယ်ကိစ္စမဆို လုံလောက်တဲ့ အင်အားတွေနဲ့ဆိုရင် vicious circle တွေကို အစဖြတ်လို့ ရနိုင်တယ်လို့ ယူဆမိတယ် ။ အဲဒီလို ဖြတ်နိုင်မယ့် အင်အားစုတွေကို တည်ဆောက်ဖို့ရာနဲ့ ပေးဆပ်ချင်သူတွေ လုံလုံလောက်လောက် ရှိဖို့တော့ အရေးကြီးတာပေါ့ ။ ဒါမှ မဟုတ်ရင်တော့ သမိုင်းတွေဟာ တစ်နေရာရာမှာ အမြဲတန်း တစ်ပတ်ပြန်လည်နေမှာပါပဲ ။
    အဲ ဒီနေရာမှာ သမိုင်းကို အမှန်အတိုင်း တင်ပြပြီး ၊ သင်္ခန်းစာ ယူနိုင်ကြဖို့ဟာလည်း အရေးပါတယ်လို့ ယုံတယ် ။ ဒါကြောင့် ခေတ်အချို့ကို မှီခဲ့တဲ့ ဆရာကြီး ဦးစင်ကြယ်ကိုလည်း သူပြောပြတဲ့ “သခင် တစ်မတ်သား” တွေကြောင့် ကြီးထွားခဲ့တဲ့ မြစ်ဝကျွန်းပေါ် ပြဿနာတွေနဲ့ သဘောထား ကြီးနိုင်ကြတဲ့ ရှေ့တန်းနဲ့ အထက်တန်း ခေါင်းဆောင်တွေ အကြောင်းကိုလည်း စာတင်ဖို့ အကြံပေးထားပါတယ် ။
    ဒါနဲ့ ခေါင်းထဲစွဲနေတဲ့ ဇာတ်ကြောင်းတစ်ခုကို ပြောပြချင်တယ်ဆိုပြီး ထွက်တော့ မပြေးနဲ့လေဗျာ ၊ ပြောစရာ ရှိတာလည်း ပြောသွားပါဦး :-)
    @ phamawklo
    အချိန်ကုန်တယ် ၊ အကျိုးရှိတယ် ဆိုတာတွေဟာ ၊ ကိုယ်ပိုင် လက်ခံထားတဲ့ “စံ”တွေနဲ့ ဆိုင်မယ် ထင်ပါတယ် ။
    ကျနော်က ဘယ်အဖွဲ့စည်းဝင်မှ မဟုတ်တာကြောင့် ၊ ဘာမှတော့ နောက်ဆံ မတင်းရတာ စိတ်ချမ်းသာ နေမိတာပဲ ။ လူငယ်တွေအတွက်ရော အခြားလူကြီးတွေ အတွက်ပါ အတွေး အမြင် ဗဟုသုတတွေ ဖလှယ်ချင်တာကတော့ ပင်ကိုရှိထားတဲ့စိတ်မို့ phamawklo ပြောသလို အခြေနေပေးရင် ပေးသလို စာတွေရေးဖို့ အသင့်ပါ ။ ဒါပေမဲ့ လူတိုင်း အတွေးခေါ် စာပေယဉ်ကျေးမှု ၊ ကာယဥာဏ ကိုယ်သန်ရာဖက်မှာ တတ်နိုင်သလောက် လုပ်ကြကိုင်ကြဖို့ ကြုံသူတွေကို ပြောနေခဲ့တာပါပဲ ။ မလုပ်သူတွေက ၉၉.၉၉% လောက် ဖြစ်နေတာကတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရဘူးပေါ့ ။
    တစ်ဖက်မှာကလည်း ဘလော့ရေးတယ် ၊ မှတ်ချက်တွေကတစ်ဆင့် အပြန်လှန် ဆွေးနွေး ရေးတယ် ဆိုတဲ့နေရာမှာ ၊ တစ်ခါတစ်ရံ လာဆဲတဲ့ သူမျိုးတွေဆီကတောင် ကိုယ့်အတွက် တွန်းအားသော်၎င်း ၊ အရင်က မမြင်မိတာတွေကို မြင်မိအောင်သော်၎င်း လမ်းဖွင့်ပေးတာမျိုးတွေ ကြုံလာခဲ့တာမို့ ၊ တော်ရုံ ဘယ်သူ့ကိုမှ လျှော့မတွက်ပါဘူး ။ လုပ်ရင်းသင် ၊ သင်ရင်းလုပ်နေတဲ့ ကျနော့်အတွက် လူတိုင်းဟာ တန်ဖိုးအတိုင်းအတာ တစ်ခုစီတော့ ရှိကြတာမို့ ၊ လက်ရှိလုပ်နေတာကို ဆက်လုပ်သွားဖို့တော့ ရည်ရွယ်ပါတယ် ။
    skype အကောင့်တော့ တစ်ခါမှ မဖွင့်ဖူးလို့ နောက်နှစ်ပတ် ကျောင်းပိတ်လောက်မှ လုပ်ကြည့်ပြီး အကြောင်းကြား လိုက်ပါ့မယ် ။ သီးခြား ပြောချင်တာရှိရင် စာရေးလို့လည်း ရပါတယ် ။ မေးလ်ကို နေ့တိုင်း မဖွင့်ဖြစ်လို့ သတိပေးမှ အမြန်သိပါလိမ့်မယ် ။
    ------------------------------------------------------------------------------
    လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အိမ်နီးချင်း “ချင်း”မိသားစု တစ်စုနဲ့ စကားဝိုင်းဖွဲ့မိချိန်မှာ ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖခင်ဖြစ်သူ ဦးဖာအကြောင်း မေးကြည့်ခဲ့ပါတယ် ။
    အတိုချုပ်ရရင်တော့ ချင်းလူမျိုး မဟုတ်ဖူးလို့ ယတိပြတ်ငြင်းတာ မဟုတ်ပဲ ၊ “ချင်းလူကြီးအချို့ ပြောခဲ့တာတွေကို ကြားနာခဲ့ရပေမဲ့ ဖွင့်မပြောထုတ်ချင်ပါဘူး” ဆိုတာနဲ့ အဆုံးသတ်ခဲ့ပါတယ် ။ နောက်ပြီး ဂန့်ဂေါနယ်ဖက်မှာ ချင်းစကား မပြောနိုင်တော့တဲ့ ချင်းလူမျိုးတွေ နေကြတယ်ဆိုတာလည်း သိခဲ့ရပါတယ် ။ ဆက်နွယ်နေတာလေးတွေထဲက ရသမျှ တစ်စလေး ထပ်ဖြည့်ပေးလိုက်တာပါ ။
    ReplyDelete
  44. မအားလို့ ပါဗျာ
    စိတ်ထဲစွဲနေတဲ့  အချက်လေးတခုဘဲ ချရေးမယ် ဆိုတော့ စာဗူးတောင်းသိုက် ဆွဲမိသလို အစတွေဖွါထွက်လာလေရဲ့ ဗျာ ။
    အရေးကြီးတာလေးတွေဘဲ နံပါတ်စဉ်ထိုးပြောဘို့ ကြိုးစားပါ့မယ် ။
    ဒီမှာစကားခံထားရမှာက ဘယ်သူ့ ကိုမှ အပြစ်တင်ဘို့  မဟုတ်ပါ ။ အဖြစ်ကိုသာ သုံးသပ်နိုင်ဘို့ တင်ပြတာပါ
    ၁) ၁၉၄၂မှာ အောင်မြင်စွာ ထွက်ပြေး အဲလေ ဆုတ်ခွါလာတဲ့  အင်္ဂလိပ်တပ်တွေ အင်ဖါးအရောက်မှာ ဘားမားရိုင်ဖယ် ကိုဖျက်သိမ်းခဲ့ ပါတယ်
    အဲလို ဖျက်တဲ့  အခါမှာ တပ်က ထွက်ခွင့်ပေးခဲ့ တဲ့  ကရင်စစ်ပြန်ကြီးတွေကို ၃လခနဲ့  ကိုယ်ဆောင် လက်နက် ။ ဖာ့စ်လိုင်း လို့ ခေါ်တဲ့  ကျည် ၅၀စိ ပေးခဲ့ တယ်လို့  မှတ်တမ်းရှိပါတယ် ။ ဒီမှာ ဘယ်စစ်တပ်မှ တပ်က ထွက်ခွင့်ပေးတဲ့  သူကို တပ်ပိုင် လက်နက်ပေးရိုးထုံးစံမရှိတာကို သတိပြုမိပါတယ် ။ ဒီလက်နက်တွေကိုင်ထားခြင်းဖြင့် ကရင်စစ်ပြန်တွေအဘို့  အကျိုး ဖြစ်မလား ။ နောက်က တက်လာတဲ့  ဂျပန်တပ်နဲ့  ညိပြီး ပို ဆိုးကျိုးဖြစ်မလားဆိုတာ တွေးစရာပါ။ တကယ်လို့ မိမိကိုယ်ကိုကိုယ်ကာကွယ်ဘို့ ဆိုရင် တပ်မ ၃၃ နဲ့  ၅၅ဆိုတဲ့  ဒီဗီးရှင် ၂ခုအပြည့်ကို ရိုင်ဖယ်တလက် ကျည် ၅၀နဲ့ ကရင်စစ်သည်တော်တွေက ဘာများလုပ်စေချင်တာလဲဆိုတဲ့  အမေးမေးသင့်မသင့်
    တခါ လွတ်လပ်ရေးရခါနီးလေးမှာ ထောက်ပို့ ကိုင်ခဲ့တာ အင်္ဂလိပ်စစ်မစ်ရှင်ဗျ။
    သူကနေ စက်ကင်းကရင်ကို လက်နက်တပ်ပေးတော့ သာမန် ခြေလျင်တပ်ရင်း ဖွဲ့ စည်းပုံမပါတဲ့  ဘရဂိတ် လက်နက်တွေချပေးခဲ့ကိုးဗျ ။ ခြေလျင်တပ်ရင်း လူ ၅၀၀လောက်ကို ဆိုင်နေရတာက တပြည်လုံးရဲ့ ရီဂူလာအာမီကို ဆိုတော့ ဘာများဖြစ်စေချင်တာလဲ မေးရမလို
    ၂) သာယာဝတီမင်းနဲ့  သားတော်ပြည်မင်းသား စိတ်ကောက်ကြတော့ ယင်းတောဝန်ကြီးဆိုတာကို သာယာဝတီမငိးက ငါ့သားဘက်ပါရလားကွဆို လှံနဲ့ ဘေတာ ဆန့် ကရော ။ ( ထုံးစံ စစ်တာတွေ အမိန့် ချ ပါးကွက်သတ်ခိုင်း ဆိုတဲ့  ဟာတွေတောင်မလုပ်တော့ပါ )
    တခါ ဘီအိုင်အေတပ်ရဲ့  တရားခံဘ၀ရောက်နေတဲ့ ရန်ကုန်ဘဆွေကို သူ နဲ့ လုပ်ဘော်တယောက်က မသိဟန်လုပ်ပြီး အချုပ်ထဲထည့်ခဲ့တယ် .။ အချုပ်က လွတ်တော့ တောင်းပန်ပုံက တရားခံတယောက် နဲ့  သူ သိနေတယ်ဆိုတာကို လူကြိးတွေသိရင် သူရထားတဲ့  ရာထူးလေးပြုတ်မှားစိုးသတဲ့ 
    ကဲ မကြာသေးတဲ့  တချိန်က သိတော်မူကြတဲ့  ဆရာခင်ညွန့်  ပြုတ်တော့ ဗိုလ်လောင်းလေးတောင် သူ နဲ့ သိဘူးတယ်ဆို ပြုတ်ကရောဆိုသတဲ့ 
    အဲလိုဆိုရင် အုပ်ချုပ်သူတွေ ဘက်က လွန်ခဲ့ တဲ့  နှစ် ၁၀၀ကျော်မှာ ဘာများပြောင်းလဲသလဲ
    အဲတော့ဗျာ ။ ကိုမန်းရာ
    ကျွန်တော် ထောက်ချင်တာက ကျွန်တော်တို့ တွေက အရင်နှစ် တရာလောက်ကလဲ ဒီတိုင်းဘဲဗျ။ ခုလဲ မတိုးတက်ပါဘူးဗျာ ။
    ကဲ ဒီတော့ ဒါကို ပြောင်းစေချင်ရင် ဘာလုပ်ကြမလဲ မေးရင် ကျွန်တော်လဲ သေချာမသိပါဗျာ ။
    သိသလို မသိသလိုပါဘဲ ။ အပိုတွေကို မဆို တတ်ဘူး ( အဲ ဆောရီး အဲက မေဆွိ )
    အဲ
    သိသလိုလိုလေးတခုကတော့ ခုနေခါမှာ နတ်ပြည်မှာ နတ်သမီး တဘက် ၇၉၃ယောက်နဲ့  စံနေလောက်တဲ့  ဗိုလ်မှူးထူးခေါ် စာရေးဆရာတပ်ကြပ်မောင်ထူးရဲ့  သုံးသပ်ချက်လေးတခုကိုတော့တင်ပြချင်ပါသဗျာ ။
    သူကပြောပါတယ် ။ ရဲဘော်သစ်လေးတွေ ဆိုတာ ကြောက်တတ်တာဘဲတဲ့  ။ တိုက်ပွဲဆိုတာ ပန်းနဲ့ ပေါက်နေတာမဟုတ်တော့ ကိုယ့်ထိသေမယ်ဆိုတာ သိတာပါဘဲတဲ့  ။ ဒါပေမဲ့  တဘက်ကနေ ကြေးစားတွေ ၊ ငနုခွေးတွေ ၊ တိုက်ရဲတာ အလံနီကွ လို့  အဆွခံလိုက်ရတော့ သေလဲသေကွာ ဆိုတဲ့ စိတ်ဖြစ်လာပါရောတဲ့  ။
    ဒီတော့ ဒီတော့
    ReplyDelete
  45. ဒါထက် စကားမစပ်
    တမတ်သခင်ဗျ
    အဲတုန်းက ဒို့ ဗမာ အစည်းအရူံကိုဝင်ရင် ၀င်ကြေးတမ်ပေးရတယ်
    ဘီအိုင်အေတက်လာတော့ ခါတော်မီ ၀င်ကြေးတမတ်နဲ့ ဝင်လာတဲ့  အချောင်သမားတွေကို လှောင်ခေါ်တဲ့  နာမည်ပါ ။
    ReplyDelete
  46. The men of the Burma Rifles who reached India were given the option of returning home, with three months pay, a rifle and 50 rounds of ammunition.
    http://www.rothwell.force9.co.uk/burmaweb/burif.htm
    ReplyDelete
  47. ကိုမန်ရေးအဖွဲဝင်ဖြစ်မှ ရေးတောမှာလာ အ၀င်ဖြစ်မှအမျိုးသားရေးကိုလုပ်တောမှလာ ဘာဖြစ်လိုကျနော်တိုက်တွန်ရသလဲဆိုတာကိုမန်မှာရေးအားရှိတယ် ကျနော်တိုထက်အတွေ့အကြုံရှိလိုကျနော်တောင်ဆိုတာပါ ကရင်မှာ ဘလောင်တွေအများကြီးဘဲဒါပေမဲ့အမျိုးသားရေးဆောင်းပါးတွေ လူငယ်တွေအတွက်ပညာပေဆောင်းပါးတွေရေးတာမတွေ့ရဘူး ဒါကြောင့်တိုက်တွန်တာပါ ကိုမန်ကနောက်စံမတင်ဘူးဆိုတော ၀မ်းနည်းစရာပေါကိုမန်ရေး နိုင်ငံခြာရောက်နေတဲ့ကရင်တွေအာလုံးဒီလိုနောင်စံမတင်ဘူးဆိုရင် ကျနော်တိုရဲ ကရင့်တော်လှန်ရေးဟာ မကြာခင်မှာ သမိန်ကျားလိုဖြစ်သွားမှာစိုးရိမ်တယ်
    ကျနော်အဖေကျနော်ကိုပြန်လာခေါ်တုန်ကစကားကို ကျနော်လက်ဆောင်ပေးလိုက်မယ်
    အဖေတပ်ကနေခွင့်ပြန်လာတွေ တပ်ကိုအပြန်မှာ ကျနော်ကိုပါတခါတည်ခေါ် သွားဖိုပြောတယ် ဒါကိုအမေကတာတယ် နင်လုပ်နေပြီးတဲ့နင်သားလုပ်စရာလိုလို့လားတဲ့အမေကမေးတယ် အဖေဘာပြန်သလဲဆိုတော ( ငါလုပ်တာငါအတွက်ကရင်တယောက်အနေနဲ့ကရင့်တာဝန်ကိုလုပ် ငါသားလုပ်မှာလဲသူတာဝန်ကိုသူလုပ်မှာတဲ့) ဆိုလိုချင်တာကကရင်တိုင်းမှာတာဝန်ကိုယ်စီရှိပါ အဖွဲဝင်ဖြစ်မှ တပ်သားဖြစ်မှ ဆိုတာမရှိပါဘူး ကိုသန်ရာကိုလုပ်တာပိုကောင်းပါတယ် ကိုမန်မှာရေးအားရှိလိုကျနော်တိုက်တွန်တာပါ ကျနော်တိုမှာမရေးနိုင်ဘူးအမှန်းကိုပြောရရင်ဗမာစာကိုကောင်းကောင်းမသင်ဖူဘူးမွေတည်ကတော်လှန်းရေးကဖွင့်ထားတဲ့ကျောင်းမှာဘဲနေခဲ့တယ် ဒါအမှန်ပါ
    လေစားလျှက်
    ReplyDelete
  48. @ tint
    ဆရာက မအား ၊ ကျနော်ကလည်း ဘာမှန်းမသိအောင်ကို ရှုပ်နေတာဆိုတော့ အတော်ပါပဲ ။
    ပထမ ဆရာ့ရဲ့ “တမတ်သခင်” မမှားသလို ၊ “တစ်မတ်သားသခင်/ သခင်တစ်မတ်သား” ဟာလည်း မမှားလောက်ပါဘူး ခင်ဗျ ။
    ရှင်းရရင်တော့ ဒီစကားဟာ ကိုယ်တွေ့ ကြုံခဲ့ရသူ တစ်ဦးဆီက စကားမို့ပါ ။ တစ်မိသားစုလုံးနီးပါး အဖမ်းခံထားခဲ့ရပြီး ကျားသနားမှ နွားချမ်းသာမယ့် ဘဝရောက်ခဲ့သူ တစ်ဦးအနေနဲ့ ပညာတတ် သခင်ဆိုသူတွေကြောင့် ခြံထဲလှောင်ထားတဲ့ ကြက်လို မဖြစ်ခဲ့ပေမဲ့ ၊ ကံမကောင်း အကြောင်းမလှသူ အချို့မှာတော့ တစ်မတ်သားလောက်တောင် အမျှော်အမြင်မရှိ ၊ အတွေးအခေါ်မရှိပဲ သွေးဆာနေခဲ့တဲ့ သခင်အမည်ခံ အချို့ကြောင့် အသက်အိုးအိမ်တွေ အလဟဿ ဖြစ်ခဲ့တာကို ဆိုလိုရင်းလို့ နားလည်မိပါတယ် ။
    ဆရာပြောတဲ့ ဗိုလ်မှူးထူးရဲ့ ပြောတာလည်း လက်တွေ့ကျပါတယ် ။ ကျနော်ကိုယ်တိုင် ကနေ့မှာ အတော်များများက “စစ်ခွေး” ဆိုတဲ့ စကားလုံးကို ပုံးပေါလအော သုံးနေကြတာကိုလည်း အလားတူလို့ မြင်မိတယ် ။ ဒီစကားနဲ့ တန်တဲ့သူတွေ ရှိတာမှန်ပေမဲ့ ၊ လွန်လွန်ကျွံကျွံ သုံးတဲ့အခါ “ရန်ငါစည်း” မပြတ်ပြတ်အောင် တွန်းအား ပေးပါလေတော့တယ် ။ ရန်ငါစည်း ပြတ်နိုင်တာ ကောင်းပါတယ် ။ မကောင်းတာ (ပြဿနာ) ကတော့ အဲဒီလို ပြောနေသူတွေဟာ နိမ့်ပါးတဲ့ဖက်မှာ ရှိနေသူတွေ ဖြစ်နေကြလို့ပါ ။ ဥပမာပေးရရင် - ခွေးတောင် ချောင်ပိတ်ပြီး အရိုက်ခံရရင် ပြန်ကိုက်တတ်သေးတယ် ၊ ခွေးမဟုတ်ပဲ ကျားကို တုတ်ချွန်လောက်နဲ့ သွားထိုးရင်တော့ ကိုယ့်တွင်းကိုယ်တူးတာ မဟုတ်ပေမဲ့ သိပ်တော့ သင့်တော်လှမှာ မဟုတ်ဖူးလို့ ချိုချိုသာသာ ပြောရမလို ဖြစ်နေတယ် ။ ဒီလိုပြောလည်း လက်ခံကြမယ်တော့ မမျှော်လင့်ပါဘူး ။ ပြီးရင် စိတ်ဆိုးမှာက အဆစ်ပါသေးတယ် ။
    “အုပ်ချုပ်သူတွေ ဘက်က လွန်ခဲ့ တဲ့  နှစ် ၁၀၀ ကျော်မှာ ဘာများပြောင်းလဲသလဲ” ဆိုတာကတော့ အရင်က ကျနော် ပြောဖူးပါတယ် ။ လွန်ခဲ့တဲ့ အနှစ် ၁၀၀၀ လောက်အတွင်း မြန်မာပြည်မှာ လူနဲ့ အသွင်သာပြောင်းသွားတယ် ၊ စနစ်ကတော့ ပဒေသရာဇ်ဆန်ဆန် ပါပဲ ။
    ပြောင်းလဲဖို့ ဘာလုပ်ရမလဲဆိုတော့ ၊ ဆရာတင့် အခုလုပ်နေတာပဲလေ ။
    ဆိုလိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ လောက်အတွင်းမှာ အခု ဆရာတင့်လုပ်သလို လေ့လာတာ ၊ ခြုံငုံသုံးသပ်တာ ၊ ဆွေးနွေးတင်ပြတာတွေ မရှိခဲ့ဘူးလေဗျာ ။ ရှိခဲ့တဲ့ စနစ်နဲ့ အခြေနေတွေက ကွန်ဖြူးရှပ်လို ၊ ပလေတိုလိုလူတွေ ပေါ်ထွန်းအောင် ခွင့်မပြုခဲ့သလို ၊ renaissance တို့ ၊ enlightenment လိုတွေ ဖြတ်သန်းဖို့ အသာထားလို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးသန့်တို့လို လူတွေအတွက်တောင် နေရာမရှိခဲ့တော့လည်း အခုလို ကျနော်တို့ တတ်နိုင်သလောက် ပြောဆိုခွင့် ရကြတာကိုပဲ အကောင်းဖက်က ရှုရမှာပေါ့ဗျာ ။ လက်တွေ့ပိုင်း လိုက်လာဖို့လည်း လိုတော့ လိုတာပေါ့ ။
    အင်္ဂလိပ် လုပ်ခဲ့တာတွေကျတော့ ဆရာတင့်ပြောတဲ့ အချက်အလက်တွေကို ကျနော် လက်ခံပါတယ် ။ ဒါပေမဲ့ သုံးသပ်မှု အပိုင်းမှာတော့ ကျနော့်အနေနဲ့ လောလောဆယ် သိပ်မလုပ်ချင်သေးဖူးဗျ ။ ကျနော်မြင်တာက အဲဒီအချိန်က အင်္ဂလိပ်တွေဟာ တပ်ဖြန့်ထားတာ ကျဲပြီး ၊ ဂျပန်တွေကို ခုခံဖို့ကလည်း မလေးရှား စင်္ကာပူ တိုက်ပွဲ အခြေနေတွေအရ ဘယ်လိုမှ အသင့်လည်း မဖြစ်တာကြောင့် ဗျူဟာအရ လက်သင့်ရာကို ထိုးကျွေးလိုက်တာလည်း ဖြစ်နိုင်ချေ ရှိပါတယ် ။ အောက်ခြေမှာလည်း ကရင်တွေဟာ အားကိုးရတယ် ။ ဒါကိုမှီပြီး တစ်ချက်ခုတ် ဆယ်ချက်ပြတ် ပြန်လွှတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ် ။
    အကျိုးအမြတ်အနေနဲ့ သူတို့မှာ ဝန်ပေါ့သွားမယ် ၊ ဗမာတွေနဲ့ ဖြစ်မယ့် ပြဿနာကို ပေးဆပ်မှုလေး တစ်ခုလောက် သဘောထားပြီး ၊ ဂျပန်တွေကို ကြိုပြီး အလုပ်ပေးထားမယ် စသည်ဖြင့် ရှိနိုင်တာတွေက အများကြီးပါပဲ ။ ဒါ့ပြင် အင်္ဂလိပ်တွေရဲ့ ထိပ်ပိုင်းက နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရ ၊ အောက်ခြေမှာ လက်တွေ့ အုပ်ချုပ်နေသူတွေနဲ့ စစ်တပ်ကြားမှာ အတိုင်အဖေါက် မညီတာတွေလည်း ထည့်တွက်စရာ လိုနိုင်ပါသေးတယ် ။ အသေးစိတ် လိုက်ရင်တော့ လူမှုရေးအပိုင်းတွေလည်း ရှိပေမဲ့ စာတင်ရေးဖို့ရာမှာ နားလည်မှုလွဲရင် ရှုပ်နိုင်လို့ မပြောတော့ပါဘူး ။
    ကျနော်လည်း ဖြစ်နိုင်တာတွေချည်း ထပ်နေအောင် ပြောနေရလို့ အားတော့ သိပ်မရဘူး ။ ဒါက ကျနော်ဖက်က ဆရာတင့်လို အချက်အလက်နဲ့ ဆွေးနွေးဖို့ နောက်ခံမရှိတာ ပါသလို ၊ အချို့ဟာတွေဟာလည်း နောင်တစ်ချိန် ဘက်ပေါင်းစုံက အရင်ကထက် ပြည့်စုံတဲ့ အချက်လက်နဲ့ တင်ပြမှုတွေရှိလာပြီး အစွဲမပါပဲ ဆွေးနွေးနိုင်တဲ့ အနေထား ရောက်လာမှ ပိုပြည့်စုံမယ့် သုံးသပ်ချက်မျိုးတွေ ထွက်လာနိုင်တာမို့ ယတိပြတ် မပြောနိုင်သေးတာဟာလည်း သဘာဝကျလိမ့်မယ်လို့ ထင်ပါတယ် ။
    ReplyDelete
  49. @ phamawklo
    phamawklo နဲ့ ကျနော်နဲ့ဟာ မတူတဲ့ နောက်ခံကနေ လာကြတာမို့ ၊ အတတ် အမြင် အတွေးနဲ့ သဘောထားတွေ တူကြမှာတော့ မဟုတ်ပါဘူး ။ phamawklo ကို စာပြန်ရေးဖို့ရာ အင်မတန်မှ ရှည်နိုင်ပါတယ် ။ အခု အတိုချုပ် ရေးလိုက်ရင် ၊ ဖတ်လို့ကောင်းနိုင်ပေမဲ့ ကောင်းကောင်း နားလည်ဖို့ရာတော့ ခက်နိုင်ပါတယ် ။ ဒီတော့ နောက်တစ်ပတ် နှစ်ပတ်လောက်မှာ skype နဲ့ စကားပြောဖြစ် ခဲ့ရင်တော့ အချို့နေရာတွေမှာ အမြင်ရှင်းသွားမယ် ထင်ပါတယ် ။
    ကြိုပြောထားချင်တာက ကျနော့်တွေးမြင်ပုံဟာ phamawklo နဲ့ တူမှာတော့ မဟုတ်ပါဘူး ။ ဒီတော့ အခြေခံ အကျဆုံး အချက်တွေကို အရင်ညှိကြဖို့လည်း လိုကောင်း လိုပါလိမ့်မယ် ။
    ReplyDelete
  50. အေးဗျာ
    ၀ါသနာတားမရလို့ သာ
    ကျွန်တော်လဲ ဂျန်န၀ါရီလကုန်ထိ လုပ်ရမဲ့ ဟာတွေက စီနေပြီးသား
    ခုနေခါ ပြောကြဆိုကြတာတွေ ကြားရတာတော့ ကြက်သီးထမိပါတယ်ဗျာ ။
    ကျွန်တော်တို့ ဆွေးနွေးလာတာလဲ ရှည်လာတော့ ဒီအပိုင်း ဒီနား နိဂျုံးခုတ်ရအောင်
    နောက်ဆုံးတချက်လေးဗျာ
    အမေရိကန်မှာပြည်တွင်းစစ် ၄နှစ် ဖြစ်ခါနီးတော့ မြောက်ပိုင်းက လူတွေကလဲ တောင်ပိုင်းကို ဒီတောသားတွေ ငါတို့ တပ်မတော်ကို ဘာနဲ့  ပစ်မလဲ လို့ အထင်သေး
    ဟိုဘက်ကလဲ မြောက်ပိုင်းက ဈေးဘဲရောင်းတတ်တဲ့  လူညာတွေ ငါတို့  မြင်းတပ်နဲ့ တွေ့  အူပွေ့ ပြန်သွားရမယ်လို့ အထင်သေးပြီး ဆော်ဘလန်တေလိုက်တာ ၄နှစ်အကြာမှာ ၂ဘက်လုံး ကွဲပြဲပြီး စစ်ကြီးပြီးထဲက နောင်ဆို အချင်းချင်းဘေဘို့  အသံမထွက်ရဲတော့ဘူးတဲ့ 
    ကျွန်တော်တို့ က အချင်းချင်းအုပ်နေတာ အနှစ် ၆၀ မကတော့ ။ သို့ သော် သို့ သော်
    လေတွေကတော့ သိတော်မူကြတဲ့ အတိုင်းပါဘဲ ။
    ၃ပွင့်ဆိုင်လေတွေက ။
    ကိုမန်းပြောသလိုပါဘဲ ။
    နက်ထဲ ပြောနေတာ ပိုက်ဆံမပေးရပေမဲ့  တကယ်လက်တွေ့  လုပ်နေတဲ့  ၂ဘက် လူငယ်တွေ ဒီအသည်းကြားက အဆဲတရားတွေ ရင်ဝယ်ပိုက်ပြီး နယ်ဆင်းမှာကို ကျွန်တော်တော့ တွေးတောင်မကြည့်ရဲပါဗျာ ။
    ReplyDelete
  51. In (most)traditions in Myanmar, children of mixed ethnicity followed the father's side. If the father is Burmese the children are Burmese.
    ReplyDelete
  52. ပဒို့ကို ကျနော် တခါပြောဘူးတယ် တောက်တဲ့ အမြီး ဆွဲပါ...လို့ :))
    ReplyDelete
  53. @ Anonymous
    ထိုက်သင့်သလောက် မှန်ပါတယ် ။ ဒါပေမဲ့ မြန်မာပြည်ထဲ ယောက်ျားသားတွေ အသာစီး ယူထားတဲ့ခေတ်ဟာ globalisation နဲ့ နိုင်ငံရဲ့ပညာရေး မြင့်လာတာနဲ့အမျှ မနှေးအမြန် သမိုင်းထဲမှာ ကျန်ရစ်တော့မှာပါ ။ ဒါ့ပြင် ဒေါ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကိုတောင် မမှတ်မိနိုင်သေးခင် ခွဲခွာခဲ့ကြရတယ် ဆိုတာလည်း မမေ့ဖို့ လိုပါတယ် ။
    @ AATO
    ဆွဲမလို့ပါပဲ ၊ သူများတွေ ဈေးကြီးပေးပြီး အရင်ဝယ်သွားလို့ :-)
    ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စုံစုံလင်လင် သိချင်သူများ လေ့လာအားကောင်းတဲ့ AATO အမြီးကို ဆွဲကြပါ :-)
    ReplyDelete
  54. စိတ်ဝင်စားဖို့ အရမ်းကောင်းတဲ့ ဆွေးနွေးချက်တွေပါပဲ....သမိုင်းကိုသိထားတော့ မ အ တော့ ဘူးပေါ့... .
    အထက်မြန်မာပြည်အင်းဝ ကို ရှမ်းတွေ နှစ်ပေါင်းများစွာသိမ်းထားတဲ့ အကြောင်း..
    ရခိုင်ပြည် က ဘိုးတော်ဦးဝိုင်းလက်ထက်မှ မြန်မာပြည်ထဲ ပါလာတဲ့ အကြောင်း..အလောင်းမင်းတရားနဲ့ စစ်ပြိုင်ဖက် က ကွေဲ့ကရင်မင်းဖြစ်ကြောင်း..အောက်မြန်မာပြည်က မွန်မင်းဆက်..ကရင်မင်းဆက်တွေ အကြောင်း..စသည်ဖြစ်သိထားသင့် ပါတယ်..သမိုင်းကိုဗမာသမိုင်း ချည်ပဲမသင်ပဲ တိုင်းရင်းသားအားလုံးရဲ့ သမိုင်းကြောင်းတွေဘာထည့် သွင်းသင်ကြားပေးသင့် ပါတယ်...
    ReplyDelete
  55. Anonymous အနေနဲ့ သမိုင်းကို အသင့်တင့် သိထားတယ်လို့ ထင်ပါတယ် ။ လိုတာဖြည့် ၊ သိတာ ပြောပြသွားရင် ကောင်းမှာပါပဲ ။
    အထက်မြန်မာပြည်ကို ဗမာပြည်အဖြစ် ရှမ်းတွေအောက်က ရုန်းထွက်နိုင်ဖို့ လုပ်ခဲ့သူဟာ ရှမ်း-ဗမာ ကပြားဘုရင်လို့ ဖတ်ထားရပါတယ် ။ အပေါ်ယံရှပ် ဖတ်ခဲ့တာမို့ နာမည်မေ့နေတာကြောင့် (ဆရာတင့်တို့လို) နှံ့စပ်သူတွေက ဖြည့်တွေး/ပြောပေးကြရင်တော့ ပိုပြည့်စုံသွားမှာပါ ။
    Anonymous ပြောသလို လုပ်သင့်တယ်လို့ လက်ခံပါတယ် ။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ သမိုင်းကို ဖေါ်ထုတ်ဖို့နဲ့ ၊ သမိုင်းကို ပညာရပ် တစ်ခုအနေနဲ့ ဘက်မလိုက်ပဲ လေ့လာ ဆည်းပူး မှတ်တမ်းတင်ဖို့ရာတော့ ဗမာလူမျိုးတွေအတွက် အချိန်တွေ အများကြီးယူပြီး အားမွေး သတ္တိမွေးလုပ်ဖို့ လိုဦးမယ်လို့ မြင်ပါတယ် ။ လောလောဆယ် အထိတော့ မျှော်လင့်ချက် တစ်ခုအဆင့်ထက် မပိုနိုင်သေးပါဘူး ။
    ReplyDelete
  56. အပေါ်မှာ မအားတဲ့ အချိန်တုန်းက လာချွန်သွားတဲ့ phamawklo ခုများတော့ ပြောတဲ့အတိုင်း အီးမေးပို့လည်း ဖြတ်ပိုင်းက ပြန်မလာ ၊ အတုလား အစစ်လားတော့ မပြောတတ်ဖူး :-)
    အစစ်များ ဆိုရင်တော့လည်း Skype - mahnkoko ကိုသာ ခေါ်ချင်ရင် ခေါ်လိုက်ပါလို့ ။ Skype မှာ မှတ်ပုံတင်ပြီးသွားပြီ ဖြစ်ပါကြောင်း တရားဝင် အကြောင်းကြားလိုက်ပါတယ် :-)
    ReplyDelete
  57. အကိုေ၇.. ကျမကြားဖူး တာတော.ဦးဖာ ကမြေပြန်.ချင်း လူမျိုးဆိုတာကိုပါ... မြေပြန်.ချင်း (သို.) အရှိုချင်း လို.ခေါ်ပါတယ်.. မကွေးတိုင်း ဆိုတာကလည်း မြေပြန်.ချင်း တွေ နေထိုင်၇ာဒေသ ဖြစ်နေတော. ပြော၇ခက်သားလား.... ပင်လုံစာချုပ် အတွက်ရှမ်းပြည်ကို ရောက်နေတဲ. အချိန်မှာ ဗိုလ်ချုပ်ကိုယ်တိုင်က ကျနော.မှာ ချင်းသွေးတ၀က် ပါတယ်လို. ပြောဖူးကြောင်း ကြားဖူးပါတယ်...တကယ်လားတော.မသိပါ.. စည်းရုံးေ၇း အတွက်လည်း ဖြစ်နိုင်ပါတယ်...
    ReplyDelete
  58. ကျေးဇူးတင်ပါတယ် ။
    မကွေးတိုင်းမှာ အရှိုချင်းတွေ နေကြတာကို သိခဲ့ရတာတော့ ကြာပါပြီ ။ ခုနောက်ပိုင်းမှ ချင်းစကားတောင် မပြောတတ်ကြတော့တဲ့ ချင်းတွေ ရှိတယ်လို့လည်း သိရပါတယ် ။ ဧရာဝတီတိုင်းက ကရင်စကားနဲ့ ကရင်နာမည်ကိုတောင် သုံးဖို့မလွယ်တဲ့ အနောက်ပိုးကရင်တွေကို သွားသတိရမိပါတယ် ။
    ဗိုလ်ချုပ်အောင်ဆန်းက သူ ချင်းသွေးတစ်ဝက် ပါတယ်လို့ ပြောခဲ့ရိုးမှန်ရင်တော့ ဟုတ်ဖို့ များပါတယ် ။ သူ လိမ်မပြောတတ်တာ လူတိုင်းလိုလို လက်ခံထားတဲ့ အချက်ပါ ။
    ခက်နေတာက သမိုင်းကို ဖန်တီးဖို့ ကြိုးစားနေသူတွေနဲ့ ပတ်သက်တယ်လို့ မြင်ပါတယ် ။
    ဆိုရှယ်လစ်ခေတ်မှာ ဆိုရှယ်လစ်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆန္ဒဖြစ်တယ်လို့ ဆိုကြပါတယ် ။
    ဒီမိုကရေစီခေတ် ရောက်ပြန်တော့ ၊ ဗိုလ်ချုပ်က ဒီမိုကရေစီ လို့ဆိုဆိုပြီး လုပ်ကြပြန်ပါတယ် ။ အသေးစိတ်ကတော့ ပြောလို့ ကုန်နိုင်မှာ မဟုတ်ပါဘူး ။
    လက်ရှိ တစ်ခုသတိထားမိတာကတော့ ၊ အထူးသဖြင့် အာဏာပိုင်တွေဟာ လူတိုင်းရဲ့ လူမျိုး ဘာသာတွေကို သိနိုင်အောင် အတော် အလေးထားပုံ ရပေမဲ့ ၊ သူတို့ကိုယ်တိုင်နဲ့ ထင်ရှားတဲ့ သူတွေရဲ့ နောက်ခံ အသေးစိတ်ကိုတော့ လူတကာသိမှာ အတော်လန့်နေပုံပါပဲ ။ အထင်နဲ့ သီအိုရီတွေ လျှောက်ထုတ်ကြည့်လို့ ရပေမဲ့ ၊ သက်ဆိုင်သူတွေက ကိုယ်တိုင် ထုတ်ပြောတာနဲ့ သုတေသနလုပ်ထားတဲ့ မှတ်တမ်းမှတ်ရာမျိုးတွေ ပေါ်ထွက်လာဖို့ မျှော်လင့်မိသလို ၊ လူတိုင်းဟာလည်း တာဝန်မကင်းလှဘူးလို့ ယူဆမိပါတယ် ။
    ReplyDelete
  59. ကျမ၇ဲ. ကွန်မန်.ကို ဂရုတစိုက် ပြန်ဖြေပေးတဲ. အတွက်ကျေးဇူးတင်ပါတယ်..
    တကယ်ဆို၇င်ကျမ နိုင်ငံေ၇း ကိုသေချာ နားမလည်ပေမဲ. စိတ်တော.၀င်စား
    မိတယ်.. နိုင်ငံ၇ပ်ခြားေ၇ာက်လာတော. ကိုယ်.လူမျိုး အကြောင်းကို လည်း
    ပိုပြီးသိချင် လာတယ်..ကျမက တောင်ပေါ်ချင်းလူမျိုး တစ်ယောက်ပါ..
    ဗမာပြည်မှာ နေခဲ.တုန်းက ပြည်ထောင်စုနေ. အခမ်းအနားကို ချင်းပြည်နယ်
    ကိုယ်စားပြုပြီး တက်ေ၇ာက်ခဲ.ဖူး ပါတယ်...အဲဒီမှာတက်ေ၇ာက်လာ သူတွေ
    ထဲမှာ ၇ခိုင်ဖက်က လာတယ်ဆိုတဲ. မြို ဆိုလား မြောင်ဆိုလား လူမျိုးတစ်မျိုး
    တွေ.ဖူးတယ်..ဒီေ၇ာက်ပြီးမှ ကိုယ်.ချင်းမျိုးနွယ်စုမှာ ပါမှန်းသိခဲ.၇တယ်..
    ဆိုလိုတာကတော. ကိုယ်.လူမျိုး အချင်းချင်း တောင် သွေးခွဲခံ၇တာ အ၇မ်း
    ၇င်နာဖို.ကောင်းတယ်.. ၇င်နာဖို. အကောင်းဆုံးကတော. ဆလိုင်းတင်မောင်ဦး ဆိုတဲ.အရှိုချင်း ကျောင်းသားတစ်ယောက်ကို ဦးသန်.
    အေ၇းအခင်းမှာ ဗိုလ်နေ၀င်းက ကြိုးမိန်.ပေး တာကိုတောင် မသိခဲ.တာကိုပဲ...
    ပို.စ်နဲ. မဆိုင်တာတွေ လေရှည်မိတာ..တောင်းပန်ပါတယ်..
    ReplyDelete
  60. ကွန်မန့်ရှည်တွေအတွက် လေရှည်တယ်လို့ သဘောမထားပါဘူး ။
    ဘယ်ကိစ္စမဆို အကြေအလည် ဆွေးးနွေးပြောဆိုကြတာ အကောင်းဆုံးလို့ ယူဆပါတယ် ။
    အချိန်နဲ့ အခြေနေပေးသမျှ ကာလပတ်လုံး တတ်သိ မှတ်မိသမျှ စာတွေ ပြန်ပေးသွားမှာပါ ။
    ဆလိုင်းတင်မောင်ဦး အကြောင်းကို ကျနော်လည်း ပြည်ပရောက်မှ ကြားဖူးတာပါ ။
    ဒါမျိုးတွေနဲ့ပတ်သက်လို့ စိတ်ထဲမှာ သင်္ခန်းစာတစ်ခု ၊ လက်ဆင့်ကမ်းစရာ အသိတစ်ခုအနေနဲ့ ထားရင် ကိစ္စမရှိလှပေမဲ့ ၊ ခံစားမှုတစ်ခုအနေနဲ့ ထားမယ်ဆိုရင်တော့ အကျိုးမြတ် သိပ်ပေးမယ်မထင်ပါဘူး ။ ပြီးခဲ့တာတွေကို ပြင်လို့ မရတာကြောင့် ရှေ့ကိုသာ ကိုယ်ကိုယ်တိုင် ပါဝင်ပြီး ဘယ်လမ်းကြောင်းကို ဝိုင်းဝန်း ဖေးမလျှောက်လှမ်းမလဲဆိုတာ ဆုံးဖြတ်လုပ်ကိုင်နိုင်ရင် ပိုကောင်းမယ် ထင်ပါတယ် ။
    ဒီလို ပါဝင်တာဟာလည်း နိုင်ငံရေး လုပ်တာပါပဲ ။
    နိုင်ငံရေးဟာ အားလုံးနဲ့ဆိုင်ပြီး ရှောင်လွဲလို့လည်း မရနိုင်တဲ့ အရေးကိစ္စပါ ။
    ကျနော်ကိုယ်တိုင်လည်း ဖတ်ရှုလေ့လာရင်း သိလာသမျှတွေကို "နိုင်ငံရေး မိတ်ဆက်"ဆိုပြီး ပို့စ်တွေအဖြစ် စုစည်းဖို့ ပြင်ဆင်နေပါတယ် ။
    ကြံတိုင်းအောင် ၊ ဆောင်တိုင်းမြောက်ပါစေ ။
    ReplyDelete
  61. ရှမ်း နဲ့ ဗမာ
    ဆက်စပ်ရသလောက်ကတော့ ရှမ်း က အုပ်ချုပ်သူ ဗမာက အုပ်ချုပ်ခံဆိုတဲ့  သဘောမတွေ့ ဘူးဘူးဗျ
    နောက်ကြောင်းနဲနဲပြန်ဆုတ်ရင်
    ပုဂံပျက်တော့ ရှမ်းညီနောင် ၃ဦးဆိုပြီး မှူးမတ်နေရာနေသူတွေကနေ မြင်စိုင်းမှာ မြို့ ပြ ထူထောင်ခဲ့တယ် ။ အဲကနေ သူတို့ အဆက်တွေဘဲ အထက်ဗမာပြည်မှာ ပင်းယ ၊ ပင်လယ် ၊ စစ်ကိုင်း စသဖြင့် မြို့ ပြနိုင်ငံငယ်လေးတွေ ဖြစ်လာတယ် ။ နောက် သတိုးမင်းဖျား အ၀ကို တည်တာကနေ ဘုရင့်နောင် တိုက်လို့  အ၀စည်သူကျော်ထင် ပျက်တဲ့ ထိ က အထက်ဗမာပြည်မင်းတွေဟာ ခုန ရှမ်းညီနောင် ၃ဦးရဲ့ အနွယ်တွေဘဲဗျ ။
    ပြသနာ အကြီးကြီး မရှိခဲ့ဘူး ။ ရှမ်းဗမာဟာ ဓလေ့ နဲ့  ကိုးကွယ်မှု မကွာလှလို့  ရောနေတာဘဲ ဖြစ်နေတယ် ။
    ကြားမှာ တခုရှိဘူးတာက သိုဟန်ဘွားခေါ်တဲ့  ရှမ်းဘုရင်က နရပတိကို ပုန်ကန်ပြီး မင်းတက်လုပ်ခဲ့တဲ့ ကာလ မြန်မာ သက္ကရာဇ် ၈၈၈ မှာ ခဏဖြစ်ဘူးတယ် ။ ဒါလဲ မကြာလိုက်ဘဲ မင်းကြီးရန်နောင်ဆိုတဲ့  အမတ်က တော်လှန်ပြီး အုန်းဘောင်ခုံမှိုင်းကို နန်းအပ်ခဲ့တယ်လို့  မှတ်တမ်းရှိတယ်ဗျ ။
    တခုပေါ့နော်
    ကျွန်တော်ခုထိ လိုက်မရသေးတာက ရှမ်းပြည်ရဲ့ ကိုးကွယ်ယုံကြည်မှု သမိုင်းဘဲ ။ ကွင်းဆက်တွေ ပြတ်နေသေးတယ် ။
    မှတ်တမ်းအတိုအစ ရှိသမျှ နဲ့ ပါးစပ်ရာဇ၀င်တွေပ် လိုက်ထောက်ရတာတော့
    ရွှေစာရံတည်ခဲ့ တဲ့  အနော်ရထာ ရဲ့ မိဘုရား စောမွန်လှဟာ Buddhist လို့ ယူသော်ရမလားဘဲ ။
    ဒါဆို ပုဂံထက်တောင် ရှမ်းပြည်က သာသနာ စောသလို ဖြစ်နေတယ်
    ဒါပေမဲ့ ဘုရင့်နောင် လက်ထက်မှာ စော်ဘွားသေရင် သားမယား ကျေးကျွန် ဆင်မြင်းပါစတေးတယ်ဆိုတဲ့  ဟင်ဒီ ဆတ်ထိ ဆန်ဆန် အလေ့တွေ ရှိနေတယ်ဆိုပြန်တော့ တွေးရခက်ပြန်ရောဗျ
    ဒါက ရှမ်းပညာရှင်တွေ ဖြည့်မှ ရမဲ့ ကွက်လပ်ပါ
    နောက်တခု ရခိုင်ပညာရှင်တွေ ဖြည့်် ရမဲ့  ကွက်လပ်တခုက ဘိုးတော်ဟာ သူ့ သား မဟာ ဥပရာဇ်ကို ထီးဆောင်းမင်းချင်းအတူ ဆို ထန့် တဲ့  ရခိုင်သိမ်းဘို့  လွှတ်တော့ တပ်ပေါင်း ၃၃တပ်( လူ ၃၃၀၀)ဘဲ ပေးတယ်လို့ ဗမာမှတ်တမ်းက ဆိုတယ် ။ ယှဉ်တွေးစရာက တချိန်ထဲလောက် ( နဲနဲ လေးနောက်ကျတဲ့  ) ဘကြီးတော်လက်ထက် ဗမာက လက်အောက်ခံ စော်ဘွားဆိုပြီး သိပ်မခန့် တဲ့  မဏိပူကို တက်တော့ တပ် ၅၅တပ် လူ ၅၅၀၀ ပေးခဲ့တယ် ။
    ဒီတော့ ဗမာမှတ်တမ်းမှားသလား ။ ဒါမှမဟုတ် တခြားရခိုင်မှာ အဲအချိန် ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ လက်လှမ်းမမီတော့ပါ
    ReplyDelete
  62. အေးဗျာ
    ကျွန်တော် စိတ်ထဲ ခုတော့ ခေတ်ပြင်ဆိုပြီး တလတကြိမ်ထုတ် စာစောင်လေးတခု တပြည်လုံးတောရောမြို့ ပါ ရောက်အောင်ထုတ်ချင်စိတ်တွေပေါ်နေတယ်ဗျာ ။
    အကြောင်းကတော့ ဟိုနေ့ က မဟာမုနိရင်ပြင်ပေါ်မယ် သားကို ဥပရာဇာ ကြေးရုပ်ရှေ့  ဖိုတို ရိုက်ပေးမိတော့ ဘေးက အဒေါ်ကြီးတယောက်က မှတ်ချက်ချသဗျ။ ကျန်စစ်သားရုပ်ရှေ့  ဘာလို့ ဖိုတိုရိုက်နေတာလဲတဲ့  ။ :P
    ReplyDelete
  63. ဟုတ်ပါတယ်ဆို
    ReplyDelete
  64. ဆရာတင့်ရေ ၊ ကျနော် မနိုင်တာကို ချပြလာတော့ မအားတာနဲ့ရောပြီး စာပြန်ဖို့ အတော်တွန့်သွားတယ် :-)
    မကြာခင် ကျောင်းဖွင့်တဲ့အခါ ၊ အရှေ့တောင်အာရှအကြောင်း လေ့လာဖို့ ရွေးထားရာက ကိုယ့်ဒေသအကြောင်းတောင် ကိုယ်မနှံ့တဲ့ အနေထားကို သတိထားမိတော့ စိတ်အားများလည်း ငယ်ရပါတယ် ။ ဖတ်မိသမျှ စွဲမှတ်မထားခဲ့တာက တစ်ပိုင်းပါသလို ၊ ကိုယ်နိုင်ငံ ဒေသမှာလည်း စနစ်တကျ သုတေသနလုပ်ပြီး အပြည့်အစုံ စုစည်းထားတဲ့ သမိုင်းကလည်း မရှိသလို ဖြစ်နေတော့ ၊ ကိုယ့်အပြစ်ချည်းလည်း မဟုတ်ဘူးလို့ စိတ်ဖြေရတော့မှာပဲ ။
    ဆရာတင့်ပြောတာနဲ့ ဆက်စပ်ပြီး ၊ အစီစဉ်မကျပေမဲ့ လတ်တလော မှတ်မိသမျှထဲမှာတော့ ..
    - အနော်ရထာရှေ့က ပုဂံသမိုင်းဟာ တကယ့်ကို မှုန်ဝါးဝါးမို့ အများကြီး ဖြည့်စရာတွေ လိုအုံးမယ် ထင်ပါတယ် ၊ အထူးသဖြင့် ပြည်မပညာရှင်တွေ အစဉ်တစိုက် လစ်လျူထားခဲ့ကြတဲ့ အိမ်နီးချင်း ဒေသသမိုင်း အပါဝင် ၊ စာမတင်တဲ့ (မတင်နိုင်အောင် လုပ်ထားတဲ့) လူမျိုးစုတွေရဲ့ သမိုင်းတွေနဲ့ တိုက်ဆိုင် ဆက်စပ် အတည်ပြုစရာတွေ အများကြီး လိုလိမ့်အုံးမယ်လို့ ယုံကြည်ပါတယ် ။
    - ဆရာတင့်ပြောတဲ့ ရှမ်းနဲ့ဗမာကြားမှာတော့ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေ ဟုတ်မဟုတ်ဟာ - သမိုင်းတစ်ခုလုံး ခြုံငုံကြည့်တာနဲ့ တစ်ခေတ်စီအလိုက် ပိုင်းခြားကြည့်တာအပေါ် မူတည်ပြီး အမျိုးမျိုး ပြောလို့ရမယ် ထင်ပါတယ် ။ သာသနာ ဘယ်ကို အရင်ရောက်သလဲဆိုတာ မပြောနိုင်ပေမဲ့ ၊ ကျနော် စိတ်ထဲအမြဲ ဝင်နေတာတစ်ခုက ဟိန္ဒူဘာသာဟာ အရင်ပေါ်ပေါက် ပျံ့နှံ့ခဲ့တာရယ် ၊ ထိုင်းနိုင်ငံရဲ့ သာသနာဟာ အင်ဒိုနီးရှား (ဘာလီ) ဖက်က ဝင်ရောက်ခဲ့တယ်ဆိုတဲ့ လူကြီးတစ်ယောက်ရဲ့ အပြောတွေပါပဲ ။ အတိုအစနဲ့ အထင်တွေ လျှောက်ရေးရင်တော့ တော်တော်ရှည်မယ် ထင်ပါတယ် ။ စာတွေကြိုဖတ်ပြီး မျက်နှာချင်းဆိုင် ပြောကြတာ ပိုကောင်းမလားပဲ ၊ ကျနော် နားထောင်မယ်လေ :-)
    - ဒါနဲ့ ရခိုင်ဆိုလို့ ၊ ဘယ်က ရမှန်းမသိပေမဲ့ ကိုဘိုဘိုလန်းစင် ရေးထားတဲ့ ၊ ဘင်္ဂလီကျွန်တွေကို မထိန်းနိုင်လို့ ရခိုင်တွေ ဗမာကို ရှူံးနိမ့်ခဲ့ရတယ်ဆိုတဲ့ အဆိုကို အတော် စိတ်ဝင်စားမိတယ် ။ အခက်ခဲတစ်ခုက အမျိုးမာန် ဇာတိမာန် ကြီးပါတယ်ဆိုတဲ့ ဗမာနဲ့ အဲဒီဘက်မှာ မသာရင်တောင် မလျော့တဲ့ ရခိုင်တွေကြားမှာ သမိုင်းဘယ်လိုညှိမယ် ဆိုတာပါ ။ ကျနော်ကတော့ ဆားပွင့်ကလေး အဖြစ်မခံရဲပါဗျာ ။
    - ဆရာတင့် စာစောင်ထုတ်ချင်တာ ဝမ်းသာပါတယ်ဗျာ ၊ သေချာတာတွေရှိရင် အသိပေးတာ အဆိုပြုတာ အမှန်ပြင်ပေးတာ ဖြန့်ဖြူးဝေဋ္ဌတာတွေဟာ ဒီခေတ်မှာ လုပ်သင့်တဲ့ကိစ္စတွေထဲက တစ်ခုပါ ။
    ကျနော်ကိုယ်တိုင်လည်း မှတ်မှတ်ရရ ဈေးကွက်ဂျာနယ်မှာ ဖတ်ခဲ့ရတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် စိတ်အနှောင့်အယှက် အတော်ဖြစ်နေခဲ့တာပါ ။
    သထုံပျက်တာ ပုဂံသွားတိုက်လို့ မဟုတ်ပဲ ၊ ကပ်ဘေးကျလို့ မနူဟာမင်းနဲ့ အချွေအရံတွေဟာ (အဝေးကြီးက) ပုဂံကို သွားပြီးခိုလှုံတာပါတဲ့ ။ ပြီးရင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို မှီးငြမ်းထားပါတယ် ဆိုတာက ပါသေးတယ် ။ ဖတ်မိပြီး စိတ်ထဲစွဲသွားမယ့် လူငယ်တွေအတွက် ရင်လေးစရာပါ ။
    အဲဒိတစ်ခုထဲကိုမှီပြီး ကျနော်အမြင်နဲ့ ပြောရရင် ၊ အချို့ဗမာတွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတဲ့အကြောင်းပြချက်နဲ့ ၊ သမိုင်းတွေကို သံပန်းတံခါးလုပ်သလို သံချောင်းတွေကို လိုရာကွေး ဆက်စပ်ယူပြီး ၊ မြန်မာပြည်က တိုင်းရင်းသားလို့ သတ်မှတ်ထားသူတွေ အကြားမှာ ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ယောင် အပေါ်ယံ ရွှေမှုန့်ကြဲဖို့ ကြိုးစားနေတာဟာ သမိုင်းအန္တရယ် တစ်ခုလို့ မြင်မိတယ် ။
    အင်းလေ ၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ လက်ရှိမှာ ပြီးပြည့်စုံတဲ့ သမိုင်းမရှိပေမယ့် ၊ ရှိထား သိထားတာလေးတွေကိုပဲ သမိုင်းမကွေးအောင် သမာသမတ်ကျအောင် ဓမ္မဓိဋ္ဌာန်ကျကျ တင်ပြ ဆွေးနွေးနိုင်ကြရင်ပဲ တော်ပါပြီလို့ ပြောရမယ် ထင်ပါတယ်ဗျာ ။
    ReplyDelete
  65. မန်းကိုကို နဲ့ ဆရာတင့် ဆွေးနွေးကြတာကို အရမ်းသဘောကျတယ်ဗျာ။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားလွန်းလို့ အသေအချာ မှတ်သားထားပါတယ်။ ဆက်ကြပါဦး ဆရာတို့..
    ReplyDelete
  66. (အောင်ဆန်း Operation) အောင်ဆန်းကို ဘုရားဆစ်ဆူသဖွယ် ကိုးကွယ်ကြသောဗမာ လူမျိုးများ လေ့လာထားကြရန်နျင့် သုံးသပ်ဆင်ခြင်နိုင်ကြစေရန်။ ၄င်းရေးသားချက်များသည် လုပ်ကြံရေးသားထားခြင်မဟုတ် အမှန်တကယ်ရေးသားထားသော အောင်ဆန်းစစ်ဆင်ရေး စစ်စစ်ဖြစ်ပါသည်။ရိုးသားမှုအပြည့်အ၀ရှိသည်ဟုဆိုကြသော အောင်ဆန်း၏နောက်ကွယ် မှချမှတ် ထားခဲ့သော ကရင်လူမျိုး မျိုးတုံးရေး လမ်းစဉ် အခြေခံဥပဒေများ။ (ယခုထက်တိုင် ၄င်းဥပဒေဖြင့် ဗမာခေါင်းဆောင်များ ဆက်လက်လုပ်ဆောင်နေဆဲ။)
    (နိုင်ငံတော်အရေး)
    အောင်ဆန်း၏ နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေများ။
    အပိုင်(၁) နိုင်ငံတော်အရေး။
    (က) ကရင်ပြည်ကိုလုံးဝမပေးရ။
    (ခ) အချက်အချာရှိသည့်နေရာများတွင် ကရင်တွေကိုအကြီးးအကဲမထားရ။
    (ဂ) အဆောက်အဦးရှိသည့်နေရာများမှာ ကရင်တွေကိုအကြီးအကဲမထားရ။
    (ဃ) ကရင်လူမျိုးတွေကိုသွေးနှောစနစ်လုပ်ရမည်။( ကရင်အားလုံး သတိ )
    အပိုင်း(၂) နိုင်ငံတော်စစ်ရေး ။
    ကရင်နီတောင်တန်းက အောင်ဆန်းကလူမော် နောက်တန်းကတကယ်ဆော်မယ်။
    ကြိုးစားဖို့တွေး၊ မေ့လျှင် တို့ ကြေလိမ့်မယ်။ တောင်မှန်လျှင်အလံတွေ ကိုမိုး ချီးကအစရှင်း။
    အပိုင်း(၃) နိုင်ငံတော်အုပ်ချုပ်ရေး
    အခန်း (၁ - ၂)
    အခန်း( ၁) လက်ပြင်ကြ၊ ပို့ဆောင်ခန်း။ ရင်နှီးစွာသွေးဆောင်။
    အခန်း (၂) ဂေါရန်ခေါ် ဟိုတောင်ကြောက သောကော၍နေထိုင်။ ရင်နှီးစွာ ဘာသာနှောပြန်။
    (ကရင်တွေ ကရင်စကားပြောမတတ်အောင်) နောင်အတည် ကျွန်ပြည်မည်လိမ့်မည် လွမ်းစေဘို့  တို့ တန်းခိုး။
    မဟာဗမာလူမျိုးကြီးအသိုင်းအ၀ိုင်း
    (၁) အောင်ဆန်း
    (၂) သခင်ကိုယ်တော်ငြိမ်း
    (၃ ) သခင်နု
    (၄) သခင်တင်
    (၅) သခင်ထွန်းအုပ်
    (၆) သခင်ဗစိန်
    (၇) သခင်ကျော်ဒွန်း
    (၈ )သခင်မြ
    (၉ )ဦးကျော်ငြိမ်း
    ( ၁၀ ) သခင်ဘဆွေ
    ( ၁၁ )ဗန်းမော်တင်အောင်
    ( ၁၂ ) သခင်သန်းထွန်း
    ( ၁၃ ) သခင်စိုး
    ( ၁ ) သခင်ထွန်းအုပ်
    ( ၂ ) သခင်ဘစိန်
    ( ၃ ) သခင်ကျော်ငြိမ်း
    ( ၄ ) သခင်ဘဆွေ
    ကရင်အဆောက်အဦးများကို ဖြိုခွဲရန်ဦးဆောင်သူများ။
    ( ၁ ) သခင်သန်းထွန်း။ အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည်ကွန်မြူနစ်ပါတီ။
    လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းထွက်လာလျှင်ဝါးမျိုရေး။ (ပြည်ပအစိုးရ)
    ( ၂ ) သခင်စိုး။ အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည် အလံနီကွန်မြူနစ်ပါတီ။ ဗြိတိသျှ အစိုးရဖွဲ့ စည်းထားသည့် ကရင်တပ်မတော်ကို ဖျက်ဆီးပစ်ရမည်။ ( သုတ်ဿာန် )
    ( ၃ ) ဗန်းမော်တင်အောင်။ အောင်ဆန်းပေးသောတာဝန်မှာ - ကရင်တွေနိုင်ငံရေးနားမလည်အောင် အတိုက်အခံလုပ်။ (ပမညတ ) ပြည်ထောင်စု မြန်မာနိုင်ငံ ညီညွတ်ရေးတပ်ပေါင်းစု )
    ( ၄ ) သခင်နု။ အောင်ဆန်းပေးသောတာဝန်မှာ - ပြည်ပအုပ်ချုပ်ရေး ။ လူမျိုးကြီး လူမျိုးငယ် ၀ါးမျိုရေးစနစ်။ ကရင်အိုးအိမ်သေကြေပျက်စီးရေး။
    ဗမာခေါင်းဆောင် အကြီးအကဲ( ၃ )ဦး။
    ( ၁ )အောင်ဆန်း
    ( ၂ ) ဦးကျော်ငြိမ်း
    ( ၃ ) သခင်နု အောင်ဆန်းနှင့် ဦးနုတို့ အမြင်
    - ကျွန်နော်တို့ ခေတ်ကျရင် ကရင်တွေ လုံးဝမရှိစေရ ။
    ကျွန်တော်တို့ ခေတ်မှာ ကရင်တွေရှိလို့ ရှိရင် နောက်နောင်လာမည့် ဗမာသားသမီး ရတနာကောင်းလေးတွေဟာ ဘ၀တိုင်းဘ၀တိုင်းမှာ ကရင်တွေနဲ့ ဆက်တိုက်ရမှာဘဲ။
    အဲဒါကြောင့် မင်းတို့  (ဗမာတွေ ) နားလည်ရမှာက ဒီပြည်မှာ ကရင်တွေ မရှိစေရ။
    တဆက်ထဲမှာ ဦးကျော်ငြိမ်းက ကျူပင်ခုတ် ကျုငုတ်မကျန်။ ကရင်မှန်လျှင် အဆိပ်သားကောင်မချန်၊ လုပ်ငန်းအစီအစဉ်ချမှတ်ရန်။
    ReplyDelete
    Replies
    1. Anonymous အနေနဲ့ ကိုယ်ယုံကြည်ရာကို လက်ဆင့်ကမ်းပေးလိုတဲ့ ဆန္ဒရှိတာကြောင့် ဒီမှတ်ချက်ကို လာတင်ထားပေးတယ်လို့ ထင်ပါတယ် ။
      ဒီစာတန်းဟာ တကယ်ရှိခဲ့မရှိခဲ့ဆိုတာ ကျနော်သိထားသလောက်နဲ့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး ။ ဒါပေမယ့် ပင်မ သတင်းစာနယ်ဇင်းနဲ့ စာပေတွေမှာတော့ လက်ခံမယ့်အနေထား မမြင်မိတဲ့အပြင် ၊ စာသားတွေမှာလည်း အားနည်းချက်တွေ ပါနေတယ်လို့ ယူဆပါတယ် ။
      သေချာတာ တစ်ခုကတော့ ၊ ကိုယ့်စာကို သူတပါး အလေးဂရုပြုစေလိုရင် အနည်းဆုံးတော့ စနစ်ကျအောင် ၊ အသုံးစွဲ အရေးသားတွေ တတ်နိုင်သမျှ နီးစပ်မှုရှိအောင် သတိထားပေးရပါတယ် ။ အဲသည်လို မလုပ်နိုင်ရင်တော့ ကိုယ်ဦးတည်တာရဲ့ ပြောင်းပြန်သက်ရောက်မှုတွေတောင် ဖြစ်လာတတ်တယ်ဆိုတာ အသိပေးချင်ပါတယ် ။
      Delete
    2. Anonymous...​ကျေးဇူးပါပဲ friရဲ့...comment ကို copyကူးထားလိုက်​ပီး...သိမ်းထားဖို့အတွက်​...
      Delete
  67. ယာအတွက်​​တော့ post ​ရော comment ​တွေ​ရော ဗဟုသုတရ​စေပါတယ်​...
    ReplyDelete