ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, May 25, 2013

လျှံကျခဲ့တဲ့ စကားတချို့ (၂) (ဝါ) ဒီမိုကရေစီ အက်ကြောင်းရှာပုံတော်



   "ဒီမိုကရေစီ အက်ကြောင်း ဟုတ်လား ၊ ဘယ်မှာလဲ" လို့မေးရင် - ခင်ဗျားနဖူးပေါ်မှာလို့ ဖြေဖြစ်
မလား မသိဘူး ။ ဟုတ်ကဲ့ မှန်ထဲတော့ သွားကြည့်မနေပါနဲ့ ၊ ထုံးစံအတိုင်း တင်စားပြောလိုက်တာ
ပါ ။ အဲ .. ဒါကလည်း ဖြစ်နေ ပျက်နေတာတွေကို မသိ (သို့မဟုတ်) မသိချင်ဟန်ဆောင်နေတာ
မျိုးတွေ ပွထနေတာ မြင်မိလို့ ပြောတာပါဗျာ ၊ 'ငါ့ကို ဦးတည်ပြီး ပြောနေပြီဟ' လို့တော့ လှေနံ ဒါး
မထစ်လိုက်ပါနဲ့ဦး ။

(၆)  ‘ဝ’ ရေးချ ‘ဝါ’

   ‘ဝါ’တယ်ဆိုတာ ကျနော်တို့ ဒေသထွက်စကားတော့ မဟုတ်ဘူးဗျ ၊ အညာသား မိတ်ဆွေကြီး
တစ်ယောက်က ပြောတာပဲ ။ အဓိပ္ပါယ်က ‘ဟ’ဝှာလုပ်တယ် ဆိုလားပဲ ။ အဲဒီ ‘ဟဝှာ’ဆိုတာ ဘာ
လဲ လာမမေးနဲ့ဗျို့ ၊ ညစ်ညစ်ပတ်ပတ်သာ မှတ်ယူလိုက်ကြပါ ။

   ခုမှ လိုရင်းကိုဆက်ရရင် ၊ ‘ဝ’တွေလည်း အ‘ဝါ’ခံရဖို့ တစ်လှမ်းပိုနီးလာပြီလို့ ပြောရမယ် ။ ဒါ
ပေမယ့် ထူးတယ်ဗျ ။ ထူးဆို သိပ်သည်းဆများလာတဲ့ လေမုန်းတိုင်းက အရင်နဲ့မတူပဲ အကွက်
ပြောင်းလာလို့ပါ ။

Wednesday, May 22, 2013

လျှံကျခဲ့တဲ့ စကားတစ်ချို့


  ပြောမှာတွေက ကိုယ့်ဘာသာတော့ မှန်မယ်လို့ယူဆတဲ့ အမြင်လေးတစ်ချို့ပါပဲ ။ သို့သော် ခေတ်
ကာလက သိပ်မကောင်းလေတော့ စေတနာနဲ့ပြောတာ တုတ်နဲ့ထိုးသလို ဖြစ်လိုဖြစ် ၊ အနာပေါ်
ဆားနဲ့ပက်သလို ထင်လိုထင်ရ ၊ မလုံတဲ့ကြားထဲ ထန်းလက်တွေဈေးကောင်းအောင် လျှပ်စီးတွေ
လက်ပြလိုပြသလို ဖြစ်ကောင်းတော့ ဖြစ်နေမလားပဲ ။ အထွေထူးတော့လည်း မဟုတ်လှပါဘူး ၊
Facebook ထဲက ကြုံသလို ရေးဖြစ်တာလေးတွေကို ပြန်စုစည်းပြီး အနည်းကျဉ်း ပြင်ဆင်တင်ပြ
ထားတာပါ ။ အချို့အမြင်တွေဟာ ကာလရှည်ကြာ ရင့်သန်လာရတာကြောင့် ဖတ်သူအတွက်တော့
အရင်းမရှိ အဖျားမရှိနဲ့ အစွန်းထွက်လိုထွက်လည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ လက်သင့်ရာ
စားတော်ခေါ်ထားသလို မုန့်လက်သုတ်တွေကို စုချတည်ပေးလိုက်ပါတယ် ၊ ခန္တီတရားကိုသာ
လက်ကိုင်ထားကြပါလေကုန်  :-)

Friday, April 26, 2013

အမှန်တရား ခါးသက်လေရဲ့




   အားလုံးကို နှုတ်ခွန်းဆက်သပါတယ် ။
   ဒါပေမယ့် ဆက်ရေးသွားမှာတွေက အမှန်တရားဖြစ်သော်လည်း ခါးသက်နိုင်တာကြောင့် အား
လည်း နာပါတယ် ။ ဒီကိုရောက်လာမှတော့ ဆက်ဖတ်သွားတော့မယ်ဆိုတာ သေချာသလောက်
မို့ ပိုအားနာပါတယ် ။

     ဒီနေရာမယ် ကျနော့်အတွက် အခက်အခဲက -
(၁) အမှန်ကို ပြောသင့်သလား ၊
(၂) သက်ဆိုင်သူတွေ ခံသာအောင် စာဖွဲ့နိုင်ပါ့မလား ၊ နဲ့
(၃) ရေးသမျှတွေဟာ တိုက်ခိုက်ဖို့မဟုတ်တာနဲ့ သင့်တင့်တဲ့ ထွက်ပေါက် (သို့မဟုတ်) လက်ခံနိုင်
လောက်မယ့် အဖြေတချို့ကို ချပြနိုင်ပါ့မလား ဆိုတာတွေပါ ။

Friday, April 5, 2013

တွင်းနက်နဲ့ မှတ်စုတိုစများ



  ဒီစာရဲ့ ရည်ရွယ်ရင်းက တလောက မိတ္ထီလာအရေးနဲ့နွယ်ပြီး မြင်တာလေး အနည်းကျဉ်းကို တွဲစုပြီး
စာလေးတချို့ တို့ထားဖို့ပါ ။

  မြန်မာပြည် လူ့အသိုင်းဝိုင်းအတွင်းမှာ နီးလျက်နဲ့ဝေးပြီး ဒဏ္ဍာရီဆန်နေကြရာက ၊ သူ့အကြောင်း
ကိုယ်မသိ ကိုယ့်ကိုသူက သံသယပွား နေကြတာတွေထဲက တစ်ချို့တစ်ဝက်ကို နည်းကောင်းနည်း
အောင် လုပ်နိုင်လေမလားဆိုတဲ့ အတွေးလည်း ပါပါတယ် ။ ဒီနေရာမှာ ဘာသာရေး ၊ လူမျိုးရေး ၊
နိုင်ငံရေး တွေကစလို့ စုပေါင်းဖြစ်တည်လာခဲ့တဲ့ ကြိုတင်မျှော်မှန်းလို့ မရတဲ့ မုန်းတီးမှုအမိုက်မှောင်
ကြီးကို တွင်းနက်နဲ့ တင်စားထားလိုက်တာပါ ။

Sunday, March 31, 2013

တုံးအောက်က ဟစ်သံ


۩  နှလုံးအက် ပဲ့တင်


  မန်းကိုကို၊ နင်ရေးထားတဲ့ အကြောင်းတွေကို ငါ့ကလေးတွေ ပြောပြတယ်။
  သူတို့ဖတ်ရတဲ့ တခြားအကြောင်းတွေလည်း ငါ့ကို ပြောပြကြတယ်။
  နင်က စာကို ဗမာလိုရေးပေမယ့် ကရင်လို့ပြောတယ်၊ ဟုတ်လား။
  ငါမရေးတတ်လို့ ငါရေးတာတွေကို နင်ဗမာလို ကောင်းအောင်ပြန်ရေးပေးပါ။

Thursday, March 14, 2013

ဦးပွား စကား ၊ စောမျိုးချစ် ၊ တစ်ကြောင်းရေး မှတ်ချက်


မပြောချင်သော်လည်း မသိသူတွေ သိအောင်တော့ ပြောသင့်တယ် ထင်တာပဲ ။

ခရစ်ယာန် ဘာသာထဲက ဂိုဏ်းတစ်ခုရဲ့ သွန်သင်မှုပါ ။
မာန်နတ်(Satan) ရဲ့ သင်္ကေတဟာ '၉၉၉' ပါတဲ့ ။
မူကွဲတစ်ခုကျပြန်တော့ - ပြောင်းပြန်ဖြစ်တဲ့ '၆၆၆' ဟာလည်း အဓိပ္ပါယ် အတူတူပါပဲတဲ့ ။

Tuesday, March 12, 2013

နိုင်ငံရေး ကကြီးခခွေး (၁)




  နိုင်ငံရေးဆိုတဲ့ စကားလုံးကို ကြားမိကြရင်ဖြင့်၊ လူအတော်များများကနေ နားလည်တယ်လို့ ယူဆမိ
နိုင်ပါတယ်။ နိုင်ငံရေးဟာ ကမ္ဘာတစ်ဝှမ်းမှာ လေ့လာနေတဲ့ ဘာသာရပ်တစ်ခုလည်း ဖြစ်တာကြောင့်၊
ကိုယ်သိထားပြီးသားတွေနဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေကိုယ်တိုင် ဒီဘာသာရပ်အပေါ် နားလည်
နိုင်အောင် ကြိုးပမ်းချက်တွေနဲ့ စုစည်းတင်ပြမှုတွေကို တိုက်ဆိုင်ကြည့်ကြရအောင်ပါ။

  နေ့စဉ်ဘဝထဲက နိုင်ငံရေး
  ပထမဆုံး မေးစရာကတော့ “နိုင်ငံရေး လေ့လာသင်ယူခြင်းဟာ သင့်တင့်လျောက်ပတ်တဲ့ အမှုကိစ္စ
တစ်ခုလား” ပါပဲ ။

Common Sense စပါးလုံး တစ်ထောက်စာ



   အင်တာနက်ပေါ်ကြည့်တော့ အချို့လူတွေရဲ့ မြင်ပုံတွေးပုံတွေက စိတ်မှပုံမှန်ပါလေစလို့ ထင်
ချင်စရာ ကောင်းလောက်အောင် ချွတ်ချော်နေပုံရတာ တွေ့ရတယ် ။ တကယ်တန်းမှာ စိတ်အ
ခြေနေက သိပ်မဆိုးလှကြပေမယ့် ၊ အစွဲတွေနဲ့ မြင်ကြပြောပြတာကြောင့်သာ ဟန်ချက်လွဲနေ
တာတွေလို့ နားလည်ပေးလို့ ရပါတယ် ။ သို့သော် ခုမှ ဘဝကို ကကြီးရေးက စနေတဲ့ လူငယ်
အချို့များ အတုယူ လွဲခြင်းမက လွဲသွားလေမလားဆိုပြီး ကြုံဖူးသမျှလေး ခြစ်ချုပ်ထုတ်ပြီး
common sense ဆိုတဲ့ ခေါင်းစဉ်နဲ့ စပါးလုံး တစ်ထောက်စာလောက်များ နက်နဲကောင်းရဲ့လို့
ရေးကြည့်တာပါ ။

Monday, March 4, 2013

မျက်နှာလွှဲလို့ ခဲကိုပစ်

  •  
    Mahn Koko - တရုတ်နိုင်ငံဟာ တစ်နှစ်တစ်နှစ်ကို လူပေါင်း ထောင်နဲ့ချီပြီး သေဒဏ်
    ချနေတဲ့ နိုင်ငံပါ ။ ပွင့်လင်းမြင်သာမှု မရှိသလို ၊ မေးခွန်းထုတ်စရာ အများကြီးရှိတဲ့ တရားရေး
    စနစ်ကို ကျင့်သုံးနေတယ် ။ ဒါပေမယ့် တပါးသူ နိုင်ငံ့အရေးကို ဝင်စွက်ဖက်လို့ မရသလို ၊ သင့်
    လည်း မသင့်ပါဘူး

    ဒါပေမယ့် "စိုင်းနော်ခမ်း" ကို လုပ်ချင်သလို လုပ်သွားတာ ၊ အချိန်တိုအတွင်းမှာ သေဒဏ်စီရင်
    ချက်ကို အကောင်ထည် ဖေါ်တော့မှာတွေနဲ့ပတ်သက်လို့ ၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲ
    ရေးကို တွင်တွင်ပြောနေခဲ့ကြသူတွေဆီက နားကွဲမတတ် တိတ်ဆိတ်နေတာဟာ ၊ ရုပ်ပျက်
    ဆင်းပျက် ဖြစ်ရုံတင်မက ၊ သတ္တိဆိုတဲ့ စကားလုံးကိုပါ နေ့စဉ်သုံး စကားတွေထဲက ဖယ်ထုတ်
    ထားဖို့တောင် သင့်ပါတယ် ။

Friday, February 22, 2013

တို့မြေမှာ ငရဲမီးတွေ ကွက်ကြားရွာနေခဲ့တယ်


   ဒီစာကို မတင်ချင်ဘူး ။
   ထို့နည်းတူ ၊ ရေးထားတဲ့ အကြောင်းရာတွေဟာလည်း ဘယ်တုန်းကမှ မဖြစ်သင့်ခဲ့တာ အသေချာ ။

   လျှံကျနေတဲ့ နာကျည်းမှုတွေကို ဘယ်သူအတွေးထဲကိုမှ မစီးဆင်းစေချင်ဘူး ။
   ဒါပေမယ့် ၊ မမြင်ရာမှာ ရွာသွန်းနေတဲ့ ငရဲမီးမိုးတွေအတွက်လည်း ၊ စာနာမှု အမိုးအကာတွေ လစ်
ဟာ လိုအပ်နေတယ် ။

Monday, February 18, 2013

ဦးပွစိရဲ့ စကားစတချို့


(၁)  အရောင်ပြောင်းလွယ်သူများ

  လူ့အခွင့်ရေး ကော်မရှင်နာ ကင်တားနားကို သဲသဲလှုပ် ထောက်ခံသူ ၊ ကယ်တင်ရှင်လို မျှော်သူ
ထဲမှာ ကိုယ်မပါ ။

  ခုတစ်မျိုး နောက်တစ်မျိုး မလုပ်ခဲ့တဲ့ သူဟာ ၊ မြန်မာပြည်က လူတွေ အရမ်းကြည်ညိုနေကြတဲ့
ခေါင်းဆောင်တချို့ထက်တောင် ပိုမှန်ကန်သေးတယ်လို့ မြင်တယ် ။
  သို့သော် သူ့ဆီက မျှော်လင့်ခဲ့တာတွေနဲ့ မကိုက်ညီတော့မှ ပြူးပြူးပြဲပြဲ ဖြစ်သူတွေ ၊ ဆန့်ကျင်
သူတွေထဲလည်း ကိုယ်မပါတဲ့အပြင် ၊ အဲသည်လို လုပ်သူတွေဟာလည်း ဂုဏ်သိက္ခာ နည်းပါးသူ
တွေအဖြစ် မပြောသော်လည်း ၊ စိတ်ထဲက ယူဆတယ် ။

Thursday, January 17, 2013

Facebook ပေါ်က ဝါယောစုများ




(၁)  မာ့က်စ်ဝါဒီများနှင့် ကျနော်

     များမကြာခင်က ဖတ်မိတဲ့ သရော်စာဆန်ဆန် စာစုတစ်စုကတော့ "ဘိုဘိုလန်းစင်" ရေးတဲ့
"ဂျပန်ခေတ်က မဟဝှါ" ပါ ။ Facebook ပေါ်မှာ share လုပ်ရင်း ရေးဖြစ်ခဲ့တာကတော့ အောက်က
အတိုင်းပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~

~   သရော်စာကောင်း တစ်ပုဒ်လို့ မြင်တယ် ။

    တစ်ဆက်ထဲ မှတ်ချက်တစ်ခု ပြုချင်တယ် ။
   မာ့က်စ်ဝါဒကို လက်မခံပဲ ဘာကြောင့် သူ့နောက် ယုံကြည်လိုက်လျှောက် နေသူတွေနဲ့ကျ ပလဲ

နံသင့်ပုံ ရနေသလဲလို့ မေးချင်သူတွေ ရှိကောင်းရှိမယ် ။

ကျနော့်အဖြေက - ကမ္ဘာမှာကြည့်ရင် အချို့သော အလယ်ယိမ်းတဲ့ အချို့သော အစုအဖွဲ့တွေက

လွဲရင် မာ့က်စ်ဝါဒဟာ ယေဘုယျအားဖြင့် ဆုတ်ယုတ်နေတဲ့ ဝါဒတစ်ခုဆိုတာ မှန်ပါတယ် ။ ဒါဟာ
လက်တွေ့ကျတဲ့ အဖြေပါ ။