ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, October 30, 2011

အတ္တတောင်ကိုကျော်၍ အမုန်းသမုဒ္ဒရာထဲသို့ ခုန်ဆင်းခြင်း



   အရင်က မပြောဖြစ်ခဲ့တာလေးတွေကို စုစည်းလိုက်ပါတယ် ။
   ဒါတွေအားလုံးဟာ ကျနော့်သဘောထားပါ ။ တိကျတဲ့ စာအုပ်စာတန်း အချက်အလက်တွေကို အခြေ
ခံမထားပါဘူး ။ သိနားလည်ထားတာတွေနဲ့ ကိုယ်တွေ့ ကြားသိခဲ့ရတာတွေရယ်ကို ယှဉ်တွဲပြီး ယထာ
ဘူတကျအောင် ကြိုးစားတွေးမြင်ကြည့်ထားပေမဲ့ လွတ်ကွက် ဟာကွက်တွေလည်း ရှိနိုင်ပါတယ် ။ စိတ်
ခံစားချက်အပေါ် အခြေမခံတဲ့ ဆွေးနွေးအကြံပြုချက်တွေကို အမြဲတမ်း လက်ခံနားထောင်ပေးသွားမှာပါ ။


Russia ရောက် လူဆိုးတွေလား

   ဒီမိုကရေအစီအကြောင်း ပြောဆိုပြီး လိုလားကြောင်း အရိပ်အယောင် ပြမိတာနဲ့ “ဒီမိုတွေ” ဆိုတဲ့
ရထားတွဲထဲ ရောထည့်ခံရတတ်သလို ၊ ရုရှကို ပညာတော်သင် သွားသူတွေ အပါအဝင် လူများစု စီး
မျောနေတဲ့ ပင်မသဘောထားတွေကို လက်မခံပဲ မေးခွန်းထုတ်သူတွေကိုလည်း အာဏာရှင်တွေရဲ့
လက်ကိုင်တုတ်စာရင်းထဲ အမေးအမြန်းမရှိ တွန်းသွင်းတတ်ကြပြန်တာ မကြာမကြာ တွေ့နေရပါ
တယ် ။

Saturday, October 29, 2011

ရွှေမန်းသဘင်


   

   အားလုံးပဲ မင်ဂလာဘါ ။
   ခုပဲ critical thinking, ခုပဲ ဇာတ်ထ“က”ရတာ ရှက်တော့လည်း ရှက်ပါတယ် ။
   “စ”မိပြီဆိုတော့လည်း မတတ်နိုင်ဘူးဗျာ ၊ အထုပ်ဖြည် ပြရတော့မှာပေါ့  :-)

   အပြင်မှာဆိုရင်တော့ ဘွင်းဘွင်းရှင်းရှင်း ရင်းရင်းနှီးနှီး ပြောပြချင်ပါတယ် ။
   ခုဟာက စာထဲမှာဆိုတော့လည်း အထာတွေကိုင် ၊ အဖွင့်အပိတ် ကလေးတွေနဲ့ ဖတ်ကောင်းအောင်
ရေးရတော့တယ်ဗျာ ၊ မပြည့်တဲ့အိုး ရေတဗွမ်းဗွမ်းဖြစ်နေတာကို ညှစ်ကြွားနေတယ်လို့ သဘောထားရင်
လည်း ငါးခူပြုံး ၊ ငါးသလောက်ပြုံးလေးနဲ့ ဖြစ်နေတဲ့ မိုကန်းကန်းကိုသာ မြင်ယောင်ကြည့်ကြပါ ။ ဟုတ်
တယ်လေ အခု ဒီနာမည်က ကလောင်နာမည် ဖြစ်ပေမဲ့ ၊ ရေရှည်လည်း ဒီနာမည်နဲ့ပဲ ရပ်တည်သွားရမှာ
ကိုး ။

=====================================================
   အောက်မှာကတော့ ကျနော် လက်ဆော့ဖြစ်အောင် လမ်းကြောင်းပေးခဲ့တဲ့ ဦးဋ္ဌေးဇော် (အင်းဝ) ရဲ့
ပေးစာ ၊ ကဗျာနဲ့ သဘောထားစာလေး အချို့ပါ ။ အချို့ဟာလေးတွေက မှန်ပါတယ် ၊ ကောင်းပါ
တယ် ။ ကျနော် ပြောချင်တာက သူတစ်ပါးကို တစိုက်မတ်မတ် တိုက်ခိုက်နေတတ်တဲ့ အစိတ်အပိုင်း
တွေကိုပါ ။

Saturday, October 22, 2011

Critical Thinking မိတ်ဆက် (၃ -၂)




   ဆန်းစစ်ဝေဖန် တွေးခေါ်ဖို့ရာမှာ ကျော်လွှားဖို့လိုတဲ့ ရှုပ်ထွေးတဲ့ အဟန့်အတားအချို့ရဲ့ နိဂုံးပိုင်း ခေါင်း
စည်းကလေးတွေကို ကြည့်ကြရအောင် ။

* အကြောင်းမဲ့သော ယူဆချက်များနှင့် ပုံသေကားကျ အယူအဆများ
  (Unwarranted Assumptions and Stereotypes)

   လူတွေဟာ ယူဆချက်တွေအပေါ် အခြေခံပြီး နေ့စဉ်လုပ်ကိုင်ဖြတ်သန်းနေကြပါတယ် ။ ဥပမာ - 
ကျောင်းသားတစ်ဦးဟာ သူ့ဆရာကို ဘယ်အချိန် ကျောင်းသွားရမလဲဆိုတာ နေ့တိုင်းလှမ်းမေးမနေဘဲ
သူမှာရှိထားတဲ့ အချိန်ဇယားဟောင်းအတိုင်း ကျောင်းကို အရောက်သွားတာဟာ ၊ သူရထားတဲ့  အချိန်
ဇယားထဲကအတိုင်း မပြောင်းမလဲ ကျောင်းတက်ရမယ်လို့ ယုံကြည်ယူဆလို့ဖြစ်ပါတယ် ။ ဒါပေမယ့် ဒါ
က ယုံကြည်လောက်တဲ့ အကြောင်းရှိတဲ့ ယူဆချက်ဖြစ်ပါတယ် ။ မိုးလေဝသ ကြေငြာချက်ကြောင့် အ
ပြင်သွားတဲ့အခါ ထီးဆောင်သွားတာဟာလည်း ၊ မိုးရွာမယ်လို့ခန့်မှန်းတာကို မှန်တယ်လို့ ယူဆစရာ
အကြောင်းရှိတယ်လို့ ပြောနိုင်ပါတယ် ။

Saturday, October 15, 2011

ဟောဒီက ဖက်ဒရယ်အတု



   ဒေါက်တာ (ဦး)လှိုင်မြင့်လည်း ဖက်ဒရယ်အကြောင်း ရေးရင်းရေးရင်းနဲ့ ဝင်လာသမျှကို ဆန်စင်ရာ
ကျဉ်ပွေ့လိုက်သလို တုန့်ပြန်ရေးနေရတော့ အတော်လည်း မောနေရော့တော့မယ်လို့ ထင်မိတယ် ။

   ဦးလှိုင်မြင့်ရဲ့ စာတွေကရှည် ၊ ကွန်မန့်တွေကများ ၊ တုံ့ပြန်ရေးသူတွေလည်း ပေါ်လာတာကြောင့် ၊
ဖတ်ရင်းနဲ့ အာရုံသိပ်မစိုက်နိုင်တော့လို့ အများကြီးဆက်မရေးခင် အရေးအကြီးဆုံး အခြေခံတစ်ချက်
ကိုပဲ အရင်ဆုံးပြောချင်ပါတယ် ။ ဒီအချက်ဟာ တိုင်းရင်းသားအရေး ၊ ဖက်ဒရယ်အရေး စတာတွေရဲ့
အနှစ်ချုပ်လို့နားလည်မိပြီး ဦးလှိုင်မြင့် ကြိုးစားပမ်းစား ရေးခဲ့သမျှတွေအားလုံးကိုလည်း ခြုံငုံဖြေပြီး
သား ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ် ။

Friday, October 14, 2011

သတ်ပုံ မှန်လုလု သာ ဓု



   နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင် လွှတ်ပေးလိုက်ပါပြီ ။
   ဖြစ်သင့်တဲ့ကိစ္စမို့ အကောင်းဖက်ကို ဦးတည်တယ်လို့ ပြောရပါမယ် ။

   စုစုပေါင်း လွှတ်လိုက်တဲ့ထောင်သားပေါင်းက ၆၀၀၀ ကျော်ပါ ။
   သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ပေးတာမို့ “သာဓု”ခေါ်ချင်ပါတယ် ။ ဒါပေမယ့် ခပ်ဆဆ ပြန်စဉ်း
စားရပြန်တယ် ။

Wednesday, October 5, 2011

ရွှေတစ်ခေတ် မပြေပြစ်ခဲ့တဲ့ ပုံရိပ်လွှာ

   ဖေ့ဘွတ်ပေါ်မှာ တွေ့ရတာ လပိုင်းလောက် ရှိလာပြီဖြစ်ပေမယ့် ကန့်သတ်လို့မရတဲ့ အချိန်အတိုင်း
တာ တစ်ခုအထိ ဆက်မှန်သွားဦးမှာဖြစ်တဲ့ စာတစ်စုကို တင်လိုက်ပါတယ် ။ မမီလိုက်တဲ့ သူများအ
တွက် ဗဟုသုတ တိုးစရာဖြစ်သလို မကြာခင်က ဒေါက်တာလှိုင်မြင့်ရေးခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု
အကြောင်းနဲ့ပတ်သက်လို့ ပို့စ်တစ်ပုဒ်ရေးဖို့ရာ အကြိုပြင်ဆင်မှု တစ်ခုလည်းဖြစ်ပါတယ် ။

             ========================================

(ကွယ်လွန်သူ ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဦးဇန်ထာဆင်၏ ဒီမိုကရေစီ ပြောင်းပြန် စာအုပ်မှ
ကူးယူ ဖော်ပြခြင်းဖြစ်ပါတယ်။  ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီးအပြီး ပေါ်ပေါက်လာ
သည့်  မြန်မာပြည်လွှတ်တော် နိုင်ငံရေးအခင်းအကျင်းအပေါ် တိုင်းရင်းသား ခေါင်းဆောင်တစ်
ဦး၏ ခံစားချက် တစ်စိတ်တစ်ဒေသကို လေ့လာနိုင်စေလိုသောကြောင့် ပြန်လည် မျှဝေခြင်း ဖြစ်ပါ
သည်။)
by Thant Ko Ko Maung on Monday, August 1, 2011 at 5:20pm (မူရင်း facebook လင့်)



လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ

   ၁၉၅၁-၅၂ တွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၌ ယှဉ်ပြိုင်အရွေး
ခံသော အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ရှိရာ ကချင်အမျိုးသားကွန်ဂရက်အဖွဲ့သည် အားလုံးသောအဖွဲ့များ
ထက် အများဆုံးရရှိကြ၏။ ထို့ကြောင့် အမျိုးသားကွန်ဂရက် အဖွဲ့ဝင်များနှင့် အမတ်များ၏ ယုံကြည်
ချက်မှာ ပြည်နယ်၏ အုပ်ချုပ်မှုအာဏာကို မိမိတို့က ရရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။

Tuesday, October 4, 2011

တစ်ကိုယ်တော်ဓါးသမား ၊ ခြေလျင်စစ်သားနဲ့ လက်ခုတ်တီးသူများ


** အာဏာရှင်စံနစ်လား။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစံနစ်လား **

  အခုတလော ကျနော်စိတ်ထဲမကောင်းဘူးဗျာ။
  (အမှန်ကစိတ်ဆိုးရမှာ။ စိတ်မဆိုးချင်လို့။)

  အဲဒီအတွက် စိတ်ပျက်လာတယ်။ ဒါလည်း စိတ်ညစ်တာကို အကျင့်မလုပ်တော့တဲ့အခါ မညစ်
ပတ်တောဘဲ တခါတည်းကို ပျက်စီးသွားတော့တာ။ ပျက်တဲ့စိတ်တွေများလာရင် စိတ်ကုန်သွား
တော့မယ်။ ကျနော်စိတ်မကုန်ချင်သေးဘူး။ ဒါကြောင့် ဒီစာကိုရေးတာပါ။