ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, January 2, 2015

ပယော ဟဲလီး




   စကောကရင် စကားပါ ။
   “ဗမာ လာပြီ” - လို့ အဓိပ္ပါယ် ရပါတယ် ။
ပိုးကရင်လိုလည်း ရှိပေမယ့် ၊ လိုရင်းတိုရှင်းအဖြစ်ဆုံး စကောကရင် အသုံးနှုန်းကိုသာ ဖေါ်ပြလိုက်တယ် ။

   ပယောဟဲလီး-ကို ဘယ်မှာ ကြားရသလဲ ။
ကရင်လူမျိုးတွေ အခြေချနေထိုင်ရာ နယ်ပယ်တွေဖက်မှာ အဓိက ကြားရပါလိမ့်မယ် ။
မြို့ပြတွေနဲ့ ဝေးကွာလာတာနဲ့အမျှ ၊ ဒီစကားရဲ့အဓိပ္ပါယ်ကလည်း ကွာခြားလာတာ တွေ့ရမယ် ။