တင်ထားတဲ့ အရက်ခွက်ကို ယူသောက်တော့လဲ
အရင်လိုပဲ ၊
မှုးရစ်ဝေဝါး ၊ ဆေးတစ်ရိုးဝါးလိုက်တော့လဲ
အရင်လိုပဲ ၊
ဆိုးတုန်း မိုက်တုန်း သားတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ်သိနေတာလဲ
အရင်လိုပဲ ၊
မိုးသောက်ချိန်မဟုတ်တာတော့ သေချာတယ်
ဘဝရဲ့ မွန်လွဲချိန်လား ၊ နေဝင်ချိန်လား ဆိုတာ
ကိုယ့်ကံတရားက ဆောင်းတွင်းလား ၊ နွေနေ့ခင်လား မသိနိုင်တာလဲ
အရင်လိုပဲ ၊
၂၀၁၀
အင်း ၂၀၁၀ ပါပဲ ၊
ဘာမှမသိသလို ၊ လက်လွတ်စပယ်
ပြက္ခဒိန်တွေ ဖြတ်သန်းသွားပေမယ့်
ငါ့အသိ ငါ့ခန္ဓာ ၊ ငါ့နိုင်ငံ ၊ ငါတို့အတွက် ဒီမိုကရေစီ
အရင်လိုပဲ ၊
ဘာတွေ
ပြောင်း
လဲ
သွား
လဲ
?
Black
Note - ဒီဇင်္ဘာ ၅ ရက်နေ့မှာ “ရည်သွေးဏီ” ထံမှ ပို့ပေးလိုက်တဲ့ ကဗျာလေး ဖြစ်ပါတယ်။
ဒီမိုးက ရေစီးတဲ့ ကိစ္စတွေ ပြောဖို့ အားမရှိတာကြာပြီ...
ReplyDeleteမိုးမကောင်းသေးလို့ပါ :-)
ReplyDeleteအရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင်အတွက်လို့ပဲထင်ပါတယ်။
ဆိုလိုတာက ကိုယ့်အတွက် အစစအရာရာ ပြည့်စုံအောင်ပြင်ဆင်မှုတွေ လုပ်နေဖို့ပါ။ အသိပညာ ဥစ္စာဓနတွေ ပြည့်စုံနိုင်သမျှ ပြည့်စုံနေရင် အနည်းဆုံးတော့ တချိန်မှာ ကိုယ့်အတွက်ရော (စေတနာရှိရင်) အများအတွက်ပါ စိတ်သွားသလောက် ကိုယ်ပါ ပါပြီး လုပ်နိုင်မယ်လို့ ယူဆပါတယ်။ ရှာရင်းလုပ် လုပ်ရင်းရှာပုံစံမျိုးလည်း သွားလို့ရတာပါပဲ။
ဒါပေမယ့် ဒီစကားမျိုး ဒီဘလော့မှာပဲပြောပါ။
အခြားမှာ မတတ်နိုင်လို့ မကူညီနိုင်တာပါလို့ပြောလည်း စိတ်ဆိုးတတ်တဲ့သူတွေ ရှိတယ်။ :-)
ကိုယ်တိုင်ဝမ်းအေးရင်၊ သင့်တော်တဲ့ပတ်ဝန်းကျင်မှာ ရှိနေရင်၊ အသိပညာ ပြည့်စုံထားရင် (ကိုယ့်အတွက်) ဒီမိုကရေစီရဲ့အချိန်ဟာ ရောက်လာမှာပါ။ အသင့်ဖြစ်နေဖို့တော့ အရေးကြီးပါတယ်။
တစ်နေ့နေ့ပေါ့...
ReplyDeleteမျှော်လင့်နေကြတုန်းပါ။
သရာ ရော အရင်လိုပဲလား။
ReplyDeleteအားလုံးဟာ ပြောင်းလဲနေကြရတာပါပဲ။
ReplyDeleteအစရှိသလို အဆုံးလည်းရှိတဲ့ လောကသဘာဝကို ရှောင်လွှဲလို့ မရစကောင်းပါဘူး။ မတော် ပိုကြာအောင် ဆွဲရှည်လို့ပဲ ရကောင်းရပါလိမ့်မယ်။
ထာဝရမြို့တော်ဆိုတဲ့ “ရောမမြို့”၊ အလယ်ခေတ်က လူတကာကို ဖိန့်ဖိန့်တုန်စေခဲ့တဲ့ မွန်ဂိုအင်ပါယာ၊ နေမဝင်ပါဘူးဆိုတဲ့ ဗြိတိသျှအင်ပါယာ၊ ခုနောက်ဆုံး ကမ္ဘာ့ပုလိပ်ကြီးလို့ခေါ်ကြတဲ့ အမေရိကန်စသည်ဖြင့် ဘယ်အင်ပါယာသော နိုင်ငံတော်သော ဘာမှတည်မြဲရိုးထုံးစံ မရှိပါဘူး။ အပေါ်ကပြောသလိုပဲ သူတို့ရဲ့ ရထားတဲ့အချိန်လေးတွေကို ဆွဲဆန့်ရုံလောက်ပဲ တတ်နိုင်ကြပါတယ်။
သေချာတာတစ်ခုကလည်း ခုချိန်မှာ အင်အားရှိလို့ ဘယ်လောက်ပဲကိုယ့်ကိုယ်ကို အမွှန်းတင်တင်၊ တချိန်ကျရင် သမိုင်းထဲမှာ ကျန်ရစ်မယ့်နေရာကို ကိုယ်တိုင်စောင့်ပြီး နေရာချလို့ မရနိုင်ပါဘူး။ နောင်လာနောက်သားတွေရဲ့ အဆုံးအဖြတ်ဟာ ကိုယ်ရမယ့်နေရာပါပဲ။ ဒီတော့ မာန်ယစ်ပြီး စတုတ္ထမြန်မာနိုင်ငံ ဖြစ်နေနိုင်ကြပေမယ့် အဆုံးဆိုတာ အနှေးနဲ့အမြန် ရောက်လာမှာပါ။
ကျနော်မြင်တာကတော့ ကျနော်ဟာ ပြောင်းလဲနေပါတယ်။ လာဖတ်သူတွေလည်း ပြောင်းလဲနေမှာပါ။ ပုံစံတော့ ကွာကောင်းကွာပါလိမ့်မယ်။ ဒီလိုပြောင်းလဲရင်း အခြေအနေ အခွင့်အရေး ပေးလာတဲ့အချိန်မှာ ရအောင်မယူနိုင်လို့ လက်သီးဆုပ် အံကြိတ်ပြီး ကျန်မရစ်အောင်တော့ လှုပ်ရှားသင်ယူနေဖို့ လိုမယ်ထင်ပါတယ်။
တခါတရံစဉ်းစားပြီး “ဖြစ်လာမယ့်အရာတွေဟာ နံရံပေါ်မှာ ရေးသားထားပြီးဖြစ်တယ်” ဆိုတဲ့ စကားလေးကို လက်ခံချင်မိတယ်။ အဲဒီရေးထားတာတွေကို ဝိရိယနဲ့ ဥာဏ်ကိုသုံးပြီး ပြောင်းလဲဖို့ ကြိုးစားနေသူတွေလည်း အများကြီးရှိပါလိမ့်မယ်။ အဲဒီအကြောင်းတွေကိုလည်း နံရံပေါ်မှာ ရေးထားပြီးသား ဖြစ်မှာပါ။
ဘယ်လိုပဲဖြစ်ဖြစ့် ဒီရေးထားတာတွေကိုကြိုမသိတဲ့ ခင်ဗျားတို့ ကျနော်တို့ဟာ စမ်းတဝါးဝါး ကြိုးစားရုန်းကန်ကြရင်းနဲ့ပဲ .....
ရည်သွေးဏီ ပါခင်ဗျာ၊ရဲသွေးနီ မဟုတ်ပါဘူး ၊ ခုလိုကျွန်တော့်ကဗျာကို အသုံးပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ၊
ReplyDeleteစိတ်မရှိပါနဲ့ဗျာ၊ ငါးပိသံနဲ့ အသံထွက်ကြည့်လိုက်မိလို့ပါ။ :-)
ReplyDeleteတကူးတက ပို့ပေးတာကို ကျေးဇူးတင်ပါတယ်။