ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, May 10, 2012

သတ်စရာတွေလည်း အများကြီးရှိသေးတယ်


     ဒီရက်ပိုင်း သတင်းတွေထဲက http://www.thithtoolwin.com/2012/05/kia-bgf.html
ထဲမှာ ပါလာတဲ့ မှတ်ချက်တစ်ခုက မျက်လုံးထဲ စူးစူးရှရှ ဝင်လာခဲ့တယ် ။
Ko Nyo Khant ( Mdy university.) said...
   "နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်တပ်ဘဲရှီတယ်၊ ကျန်လက်နက်ကိုင်တွေကို
အမြစ်ပြတ်ခြေမှုန်းပြစ်ရမယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့သူမှန်သမျှ
တိုက်ထုတ်ပြစ်ရမယ် ရှေးပဝေသနီထဲက ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင်
တွေရဲ့ လက်အောက်ခံဘဲ ဒို့ဗမာဘုရင်တွေရဲ့အာဏာဟာ မဏိပူရ အာသံ၊
ဇင်းမယ်ထိ ပြိုင်စံရှားခဲ့တယ်။ လက်နက်လူသူအင်အားမမျှလို့ သူ့ကျွန်ဖြစ်ခဲ့
ရတယ်။ အင်္ဂလိပ်က သွေးခွဲအုပ်ချုပ်ခဲ့လို့ ဒို့နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့
ရတယ် လွတ်လပ်ရေးရပြီးသည့်တိုင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်
မနေခဲ့ရဘူး၊ ဒို့ဗမာဘုရင်တွေက ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံ
တော်၊ တတိယ မြန်မာနိုင်ငံတော်တွေအဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်၊
ဒို့ဗိုလ်ချုပ်အောင်ဆန်းက စတုတ္ထ မြန်မာနိုင်ငံတော်အဖြစ် စည်းရုံးသိမ်းသွင်း
နိုင်ခဲ့သလို ခုဒီမိုကရေစီမြန်မာနိုင်ငံတော်အနေနဲ့ ပဉ္စမမြန်မာနိုင်ငံတော်ကြီး
ဖြစ်အောင် သိမ်းသွင်းနေတယ်။ အဲဒါကို တိုင်းရင်းသားပေါင်းစုံက အသိစိတ်
ဓါတ်ရှိရှိ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်သင့်ကြောင်း ရေးသားလိုက်ပါတယ်။"
   အခိုက်တန့်တစ်ခုအတွင်း စိတ်ထဲပေါ်လာသမျှနဲ့ တုန့်ပြန်ရေးချမိတာတွေကတော့ -
"     အကြိုက်ဆုံး စာသားလေးတွေပါ ၊ ဗမာ အမျိုးသားရေးဝါဒီ တစ်ယောက်ရဲ့
ရင်ထဲအသည်းထဲက ထွက်ယိုစီးကျလာတဲ့ စကားတွေဆိုတာ ယုံကြည်ပါတယ် ။
ကူးယူထားပြီး နောင်လာနောက်သားတွေကို စံနမူနာအဖြစ် လေ့လာစေသင့်တဲ့
တစ်ဖက်သတ် အတ္တစကား စစ်စစ်တွေပါပဲ ။

     ဒီမှာတော့ ဝေဖန်ချက် သိပ်မပေးလိုတော့ပါဘူး ။ ကိုယ့်ဆီက ပေါက်ပေါက်
ကျမှ ကိုယ့်သွေး ၊ သူတစ်ပါးလက်က လုယူစားသောက်ရတာမှ နတ်သုဒ္ဓာ ၊ "ငါ့"ရဲ့
အရင်းအမြစ်ကိုမှ မသိပဲ "ငါ ငါ ငါ" ဆိုသူမျိုးအတွက်လည်း ပြောလို့ထူးနိုင်မှာ မ
ဟုတ်ပါဘူး ။ အချိန်ရမှသာ ဘလော့ပို့စ်တစ်ခု အနေနဲ့ တစ်စစီ ဆန်းစစ်ပြပါ့မယ် ။

     တစ်ဖက်မှာလည်း "Unknown" ကိုလည်း ကျေးဇူးတင်ပါတယ် ။
     ကေအိုင်အို ၊ ကေအန်ယူ ၊ အက်စ်အက်အေ ဆိုတဲ့ မြင်နေရတဲ့ အဖွဲ့တွေ
ပျက်ပြုန်းသွားတာဟာ ရင်ထဲက အကြိတ်အခဲတွေ ပျောက်သွားတာ မဟုတ်ဘူး
လို့ သဘာဝကျကျ မြင်နိုင်သူတွေ များလာပါမှ ငြိမ်းချမ်းရေးဆိုတာ ရလာမှာပါ ။
အလွယ်ဆုံးနဲ့ အတိုဆုံးတွးကြည့်ရင် - ရလာမှာနဲ့ ပေးဆပ်ရမှာတွေ တန်ရဲ့လား
ဆိုတာ ချင့်ချိန်သင့်ကြပါတယ် ။

     မကြာခင် အချိန်တွေမှာ လက်ရှိ ဗဟိုကထိန်းချုပ်လို့ ခေါင်းပါးနေရတဲ့ အသိ
ပညာပေါင်းစုံနဲ့ ဘက်ပေါင်းစုံက လက်တွေ့သတင်းမှန်တွေလည်း ပြန့်ပွားခွင့် ရှိ
လာမှာပါ ။ အဲဒီအခါကျ တဖက်သတ် သတင်းတွေကြောင့် အမြင်လွဲခဲ့တာတွေနဲ့
ကိုယ့်တစ်ဘို့ထဲ တွေးခဲ့တာတွေဟာ ပြန်ပြင်လို့ မရတော့တဲ့ ဝမ်းနည်းစရာတွေ
အဖြစ်နဲ့ပဲ ကျန်ရစ်ရပါလိမ့်မယ် ။"
~~~~~~~~~~~~~~~~~~~~~~~~

    ဖြစ်နိုင်ရင်တော့ လေးလေးနက်နက်နဲ့ စာလုံးတစ်လုံးစီအထိ ခွဲခြမ်းစိတ်ဖြာကြည့်ချင်ပါတယ် ။
ဒါပေမယ့် စိတ်ထဲမှာ ဝန်လေးနေတာကြောင့် အပိုင်းစတချို့ကိုပဲ ကြည့်ပါမယ် ။

* "နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်တပ်ဘဲရှီတယ်"  -  နိုင်ငံအများစုမှာ ဟုတ်ပါတယ် ၊ ပြည်သူ
                                                                တွေရဲ့ ဆန္ဒနဲ့အညီ တည်ရှိလာတဲ့ အစိုးရ
                                                                တွေအတွက် မှန်ပါတယ် ။

* "ကျန်လက်နက်ကိုင်တွေကို အမြစ်ပြတ်ခြေမှုန်းပြစ်ရမယ်" - ငယ်စဉ်က အဖြူ-အမဲ ၊ အဆိုး-အ
                                                                          ကောင်း တွေပဲရှိတယ်လို့ နားလည်
                                                                          ထားခဲ့မိတာကို သတိရမိတယ် ။

* "အချုပ်ခြာအာဏာကို ထိပါးတဲ့သူမှန်သမျှ တိုက်ထုတ်ပြစ်ရမယ်" - တရုတ်ဖြူတွေတုန်းကဆို
                                                                                   ဟုတ်ပါတယ် ၊ ခုနေမှာပြော
                                                                                   သူဟာ အိပ်မက်နေသလိုပါ ။

* "လက်နက်လူသူအင်အားမမျှလို့ သူ့ကျွန်ဖြစ်ခဲ့ရတယ်" = "ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင်
                                                                         တွေရဲ့ လက်အောက်ခံဘဲ" - သူ့ဘာ
                                                                         သာ ဖြေပြီးသားမို့ ထပ်ဖြည့်ပြောစရာ
                                                                         မရှိလှပါ ။

* "ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင် တွေရဲ့ လက်အောက်ခံဘဲ .... တိုင်းရင်းသားပေါင်းစုံက
အသိစိတ်ဓါတ်ရှိရှိ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်သင့် ... " = "လက်အောက်ခံ တိုင်းရင်း
သားပေါင်းစုံက အလိုက်သိသိ နာခံသင့်တယ်" လို့ပြောရင် ကောင်းမလား ။

 ~~~~~~~~~~~~~~~~~~~~~~~~

       အပေါ်က မှတ်ချက်လေးဟာ အကောင်းဆုံး နမူနာ(classic example)လေးတွေထဲက
ပေါ်လွင်လွန်းတဲ့ စံပြုစရာ အရေးသားတစ်ခုမို့ မှတ်တမ်းတင်ပို့စ်တစ်ခုအနေနဲ့ တင်ဖြစ်တာပါ ။
ဘေးကကြည့်တဲ့ သူတစ်ယောက်အနေနဲ့ အမျိုးသားရေးစိတ်ဓါတ် ပိန်းပိန်းပိတ်နေအောင် ဖုံး
နေသူတစ်ယောက်ရဲ့ အမြင်ဆိုတာ ပြောစရာလိုမယ် မထင်ပါ ။ ရိုင်းရိုင်းပြောတော့ မုဒိမ်းကျင့်
မယ်လုပ်တာကို အကျင့်ခံရမယ့်သူက အဝတ်တွေ အဆင်သင့် ချွတ်မထားပေးတာကြောင့် အ
ပြစ်တင်နေတာနဲ့ အလားသဏ္ဍာန် တူနေပါတယ် ။

   ဒီလိုစိတ်ထားရှိသူတွေ ဗမာတွေထဲမှာ အများကြီးရှိတယ်ဆိုတာ တိုင်းရင်းသားတွေအနေနဲ့
မသိဘူးရယ်လို့ မရှိပါ ။ ဒါပေမယ့် သူတို့ကို ရှေ့တန်းတင်ရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်တာ
ကြောင့် မမေ့ပေမဲ့ မသိသလို လုပ်နေကြရတာပါ ။

   အခြားတစ်ဖက်မှာလည်း တွေးစရာ ထည့်တွက်စရာတွေ ရှိပါတယ် ။
   တလောက မြန်မာပြည်နဲ့ အဆက်သွယ်ရတော့ မိတ်ဆွေတစ်ယောက်က လက်ရှိငြိမ်းချမ်း
ရေးဆွေးနွေးပွဲတွေမှာ "ကေအိုင်အိုက ခေါင်းမာနေတာကိုး" လို့ ပြောပါတယ် ။ (ဘာလို့ ခေါင်း
မာနေရသလဲဆိုတာတော့ သူလည်းမသိဘူး) ။ ဒီလိုစကားမျိုးတွေ အင်တာနက်ပေါ်မှာလည်း
အသုံးများနေကြတာ မြင်နေရတယ် ။ အတိုချုပ်က မြန်မာပြည်တွင်းက လူအတော်များများရဲ့
အမြင်ကို ထင်ဟပ်နေတယ်လို့ ပြောနိုင်ပါတယ် ။ တစ်နည်းအားဖြင့် တစ်ဖက်သတ် သတင်း
တင်ပြမှုတွေက သက်ရောက်မှု အများကြီးရှိနေတယ်လို့ ပြောလို့ရတယ် ။

   တစ်ဆက်ထဲမှာလည်း နိုင်ငံပြင်ပက အမြင်တွေကို ထင်ဟပ်တဲ့ ဗီအိုအေနဲ့ ဘီဘီစီလိုသ
တင်းတွေကို ရိုဟင်ဂျာမုန်းတီးရေးနဲ့ ပြန်အထောက်ခံထားရတယ် ။ တိုင်းရင်းသား အဖွဲ့တွေ
ရဲ့ အမြင်နဲ့ အနေထားတွေဟာလည်း လူတွေဆီရောက်အောင် သိပ်မလုပ်နိုင်ကြဘူး ။ တန်
ပြန်မှုတွေ ထိထိရောက်ရောက် မရှိဘူး ၊ တစ်ဖက်သတ် မီဒီယာစစ်ပွဲကို မြင်နေရတယ် ။

   မနေနိုင်သူ ကိုယ်ကလည်း ပါလာရတော့မယ် ။ မရေးချင် မပြောချင်တာတွေတချို့ကို
လည်း ပြောရရေးရတော့မယ် ။ ပွဲဆူ ရေနောက်တာကို ကြိုက်လို့မဟုတ်ပဲ ဝင်'က'ရတော့
မယ် ။ ဒါပေမယ့် ဘယ်လိုပြောပြော ကျင့်ဝတ်နဲ့ အကန့်အသတ်တွေတော့ ထားရသေးတာ
ပါပဲ ။

   ပို့စ်ခေါင်းစဉ်ကို ပြန်ကောက်ရအောင် ။
   ဘာလို့သတ်စရာတွေ အများကြီးရှိရမှာလဲ ၊ မေးချင်စရာ ဖြစ်ကောင်းဖြစ်မယ်  ။
   အပေါ်က မှတ်ချက်လို သဘောထားရှိသူတွေ များနေသမျှ ကာလပတ်လုံး ၊ တစ်နည်း
အားဖြင့် တိုင်းရင်းသား (သို့) လူနည်းစု အဖွဲ့စည်းတွေနဲ့ ဆက်ဆံရာမှာ အာဏာနဲ့ လုပ်ပိုင်
ခွင့်တွေကို ချုပ်ကိုင်ထားသူတွေကနေ သူတို့ရဲ့ အမြင်နဲ့ ရပ်တည်ချက်တွေကို အလျှော့အ
တင်း မလုပ်နိုင်မချင်းတော့ လူနည်းစုနဲ့ အားနည်းသူတွေကတော့ ပေးဆပ်စရာ အသက်ပဲ
ရှိကြတော့တာကြောင့်  ဒီခေါင်းစဉ်ကို ရွေးလိုက်တာပါ ။

   တကယ်တန်းမှာ ပြည်မစစ်သားတွေလည်း လူတွေပါပဲ ၊ သူတို့လည်း သားမယားဆွေမျိုး
တွေ ရှိပါတယ် ၊ (လိုရာ စေခိုင်းနေတဲ့ အာဏာပိုင်တွေကနေ) တန်ဖိုးထားသင့်ပါတယ် ၊ စား
ဝတ်နေရေးကအစ ထည့်တွက်ပေးသင့်ပါတယ် ၊ စစ်ရေးစစ်ရာနဲ့ အခြားပေးဆပ်ရတဲ့ တန်ဖိုး
တွေဟာ ရလာမယ့် အကျိုးမြတ်တွေနဲ့ ကာမိလို့ စစ်ကိုပဲ အသည်းအသန် သွားတိုက်နေရ
တာလား ။ အခြားနည်းလမ်း မရှိတော့ဘူးလား ၊ အင်အားကြီးသူဖက်က လုံးဝလျှော့လို့ မရ
တော့ဘူးလား ။ "လား" ပေါင်းများစွာနဲ့ ပြောစရာတွေ အများကြီး ဆွဲထုတ်လို့ရပေမယ့်
ကျောက်တောင်ကို ကြက်ဥနဲ့ပစ်သလိုပဲ ဖြစ်နေမှာဆိုတော့ အရှည်မချဲ့တော့ပါဘူး ။

   အောက်မှာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပြီးတာတောင် ပြည်မစစ်တပ်ရဲ့ စိတ်ထဲမှာစွဲနေ
သေးတဲ့ စိတ်ထားကို ထင်ဟပ်တယ်လို့ ပြောနိုင်တဲ့ ပုံကလေးတွေပါ ။ အချို့လည်း အတုလို့
ဆိုချင်ကြပါတယ် ။ အစစ်လို့ အာမ မခံပေမယ့် လက်ရှိအနေထားကို ငုံကြည့်ရင် ဖြစ်နိုင်ချေ
ဖက်က ပိုများတယ်လို့ ဆိုနိုင်ပါတယ် ။ ပြီးတော့ စိတ်ဝင်စားစရာ တွေးစရာ လင့်တစ်ခုလည်း
ထည့်ပေးလိုက်ပါတယ် ။ (လင့်)



မန်းကိုကို
၁၀ ၊ ၀၅ ၊ ၂၀၁၂

15 comments:

  1. ဗမာဆိုတဲ့ခေတ်က ကုန်ခါနီးပါပြီ။

    ReplyDelete
    Replies
    1. ခေတ်တစ်ခေတ်ပြောင်းဖို့ မျိုးဆက်တစ်ခုလောက် စောင့်ရတတ်ပါတယ် ။ ရှိပြီးသား လူတွေကိုတော့ စွဲနစ်နေတဲ့ အသိအမြင်အတွေးတွေ ပြောင်းအောင်လုပ်ဖို့ အတိုင်းအတာတစ်ခုအထိပဲ ရနိုင်ပါတယ် ။ မြန်မာပြည်သူ ပြည်သားတွေမှာ ခုထက်ထိ ကလေးငယ်တွေကို မျှတတဲ့အမြင်တွေ ပျိုးထောင်ပေးတဲ့ အလေ့မရှိသေးပါဘူး ။ ဒါတွေကိုထောက်ရင် အနာဂါတ်ဟာ မှုန်ဝါးနေဆဲပါ ။

      Delete
    2. This comment has been removed by the author.

      Delete
    3. This comment has been removed by a blog administrator.

      Delete
    4. @ AnonymousJune 30, 2013 at 4:36 AM

      မကြေနပ်လို့ပြောချင်ရင် ပြောလို့ရပါတယ် ။ ကိုယ်ပိုင်အခွင့်အရေးပါ ။
      သို့သော် အကန့်အသတ်ဆိုတာ ရှိပါတယ် ။
      ဆဲတာတစ်ခုပဲ တတ်တယ်ဆိုရင်တော့ အင်တာနက်ပေါ်မတက်တာကောင်းပါတယ် ။
      ကိုယ်လည်း အကျိုးမရှိ ၊ မဆိုင်သူတွေလည်း စိတ်အနှောင့်ယှက်ဖြစ်ပါတယ် ။

      Delete
  2. ကောင်းပါတယ်... ဆက်လုပ်ကြပါ ၊ ဒီိလိုပုံနဲ့တော့ ဒီမိုကရေစီတော့မရဘူး ၊

    ReplyDelete
    Replies
    1. ဘာတွေလုပ်တာ ဘာတွေကောင်းလို့ ဘာဖြစ်ပြီးတော့ ဒီမိုကရေစီ မရဘူးလဲဆိုတာ နားမရှင်းလို့ ဖြေစရာ ဆွေးနွေးစရာ မရှိပါ ။

      Delete
    2. အားလုံးကိုရှုတ်နေတာဘဲ

      Delete
  3. မင်းတို့နှစ်ယောက် တစ်နိုင်တစ်ပိုင် တန်ပြန်ဖြည်ဖို့ လုပ်နေတာတွေကို အသိမှတ်ပြုပါတယ် ။ မင်းပေးထားတဲ့ လင့်တွေထဲမှာတင် ကိုယ့်ကို ဖေးမသလိုလိုနဲ့ အချွန်နဲ့ ကပ်ထိုးသူတွေလည်း သတိထားမိမယ်ထင်တယ် ။ တကယ်ယုံကြည်လို့ ရိုးရိုးသားသား ပြောသူတွေကို အသိပေး ရှင်းပြလို့ ရပေမယ့် ၊ မင်းတို့လိုလူတွေကို နင်းချေဖို့ အချိန်ပြည့် ထိုင်စောင့်နေသူတွေကိုလည်း သတိထားပါ ။

    ပြီးတော့ လူတွေရဲ့ အသက်နဲ့ ဆိုင်တာကို ပေါ့ပေါ့ပါးပါးဖြစ်အောင် ရယ်စရာလုပ်ပြောတာ တစ်ခါခါတော့လည်း ရွေးစရာ ဒီတစ်လမ်းပဲ ရှိတတ်တာမို့ အပြစ်တော့ မတင်ချင်ပါဘူး ။ ဒါပေမယ့် အမြဲတော့ မလုပ်နဲ့ပေါ့ကွာ ။ တစ်ကယ်ခံရသူတွေအနေနဲ့ ခံစားရ အင်မတန် ခက်တတ်တာကြောင့် သတိတော့ထားကြပါ ။

    ReplyDelete
  4. ဖြစ်စေချက်တာကတော့ စစ်တပ်ကိုပြန်တိုက် ပြန်သတ်ဖြတ်ရင်တော်သေးတယ်
    တခြားဌာနက ဝန်ထမ်းတွေကိုတော့ မသတ်သင့်ဖူးလို့ထင်တယ် လူသတ်တယ်ဆိုကတည်းကကို မကောင်းတာပါ အိုဗျာ လက်နက်ကိုင်ထားတဲ့သူနဲ့ လက်နက်မရှိသူ ကွာလှပါတယ်
    စစ်တပ်ရော ကချင်ဖွဲ့ရော မကောင်းတာပါပဲ
    ပြည်သူပြည်သားတွေအသက်ကို တန်ဖိုးထားကြစေချင်တယ်
    ဒီဘက်ကလည်း ဒီဘက် ဟိုဘက်ကလည်းဟိုဘက်
    ကြားထဲမှာ အပြစ်မဲ့လူတွေ စတေးနေရတာကိုက မကျေနပ်စရာပါပဲ
    အာဏာလုအုပ်ချုပ်နေတဲ့ စစ်တပ်အစိုးရကိုမကြိုက်ရင် မကျေနပ်ရင် လက်နက်ကိုင်ထားတဲ့ စစ်တပ်ကိုပဲ တိုက်ကြဗျို့.........

    ReplyDelete
    Replies
    1. Anonymous ပြောတာ ယေဘုယျအားဖြင့် မှန်ပါတယ် ။
      အသေးစိတ်ကတော့ ရှည်ရှည်လျားလျားကို ပြောရမယ်ထင်ပါတယ် ။

      အတိုဆုံးအနေနဲ့ကတော့ စစ်တိုက်ကြမှတော့ ကြားလူတွေ ထိခိုက်မှာတော့ သေချာပါတယ် ။ အဲဒီထိခိုက်တာကို လျော့နည်းဖို့ရာ သူပုန်တွေဖက်က ပိုစောင့်စည်းတယ် ဆိုတာမျိုးကတော့ ကြားလို့မှ မတော်တဲ့ကိစ္စပါ ။

      ဒီလိုပြောတာ တစ်ဖက်ကကောင်းပြီး တစ်ဖက်က လုံးဝဥသုံ မကောင်းဘူးလို့ မဆိုလိုပါဘူး ။ အနှစ်ချုပ်တော့ ဒီအဖြစ်တွေဟာ ရှိကို မရှိသင့်တော့တဲ့ ကိစ္စတွေပါ ။ အရှည်ရေးဖို့လည်း စိတ်တော့ကူးထားပါတယ် ။

      တစ်ဖက်မှာလည်း အစကနေအဆုံး လိုက်ပြောလို့ မရတာတွေလည်း ရှိပါတယ် ။ ပိုသိမှ မှတ်ချက်ပေးလို့ ပိုကောင်းတာမျိုးတွေလည်း ရှိပါတယ် ။ ဥပမာ ပြည်မအစိုးရက အခွန်ကောက်သလို ကေအင်ယူကလည်း အခွန်(ဆက်ကြေး) ထပ်ကောက်တယ် ဆိုတာမျိုးပါ ။ သူတို့မှာလည်း အဖွဲ့စည်းရဲ့မူနဲ့ ရှေ့တန်းကလူတွေ အချိတ်ဆက်လွဲနေတာတွေ ရှိပါတယ် ။

      တခြားဌာန ဝန်ထမ်းတွေကို သတ်တယ်ဆိုတာက ကချင်မှာ ဖြစ်တာကို ပြောတယ်ထင်ပါတယ် ။ ခက်တာက အဲဒါ အစိုးရပြောတဲ့ သတင်းဖြစ်နေပါတယ် ။ အခြားဖက်မှာလည်း သတင်းတွေက ကွဲလွဲနေပါတယ် ။ လောလောဆယ် ချင့်ချိန်ယုံဖို့လောက်ပဲ ဖြစ်နိုင်ပြီး တစ်ချိန်ချိန်မှသာ အသေးစိတ် အမှန်တရားတွေ ပေါ်လာမယ်လို့ မျှော်လင့်ပါတယ် ။ အကယ်၍ ကေအိုင်အေက လုပ်တာမှန်ရင်တော့ ရှုတ်ချရမှာပါ ။

      Delete
    2. ပြောသွားတာ နှစ်ယောက်စလုံးကတော့ ဟုတ်သလိုလိုပဲ
      ကိုယ့်အမြင်နဲ့ကိုယ်ကြည့်ပြီး ပြောသွားကြတယ်လို့ထင်တယ်
      ဘယ်သူမှမမှားပေမဲ့ ဖြေရှင်းစရာတွေ ဆွေးနွေးဖလှယ်စရာတွေက လူတွေကြားထဲမှာကို အများကြီးရှိသေးတယ်
      သတင်းတွေသိပ်မလွတ်လပ်သေးတာနဲ့ ဒေသထဲကွင်းဆင်းသတင်းယူတာ မရှိသေးတာကလည်းတစ်မှောင့်

      ဒီအထဲမှာ ထင်တိုင်းပေါက် လုပ်တိုင်းဖြစ်တာက စစ်တပ်ပဲ
      သူပုန်တွေလည်း အချိုးတွေပြင်ဖို့ အများကြီးရှိတာပဲ
      ဒါပေမယ့် လုပ်စရာ ရပ်စရာ ထိန်းစရာတွေကို စစ်တပ်ကဦးဆောင်လုပ်မှ အလုပ်ဖြစ်ဖို့ ပိုသေချာတယ်
      သူတို့က ဖဲထုပ်ကိုင်ထားတာလေ

      ဒါကိုဘလော့ပိုင်ရှင်လည်းသိမှာပါ အသေးစိတ်တွေရေးပြပေးပါ
      အပေါ်ကAnonymousကလဲ တစ်ဖက်တစ်လမ်းလက်ဆင့်ကမ်းပေးရင် သာမန်လူတွေကြား နားလည်မှုတွေပိုများလာပြီး ငြိမ်းချမ်းရေးအတွက် အထောက်ပံ့ဖြစ်မှာပါ

      အတ္တတွေ မာနတွေလျှော့ပြီး ပြည်သူတွေအတွက်ရှေ့တန်းတင်မှ အောင်မြင်မှာပါ
      ပြည်သူကိုကျောခိုင်းရင် အချိန်တန်ရင်ဒဏ်ခတ်ခံရမှာပဲ

      Delete
    3. Anonymous ထောက်ပြသွားတာတွေက လက်ခံနိုင်တာတွေပါပဲ ။
      အသေးစိတ်တွေကိုတော့ တတ်နိုင်သမျှ ကြုံရင်ကြုံသလိုသာ ရေးနိုင်မှာမို့ အာမတော့ မခံရဲပါဘူး ။ တစ်ယောက်နဲ့တစ်ယောက် အနေထား အခွင့်လမ်းချင်း မတူကြတာမို့ နားလည်ပေးပါလို့သာ ပြောထားချင်ပါတယ် ။ ကျနော်ရေးတာကို ဆက်တိုက် ဖတ်မိသူတွေကတော့ ကျနော့ရဲ့ ဆိုလိုချင်တာတွေကို စိတ်ထဲ ရုပ်လုံးဖေါ်မိနိုင်ကြမယ် ထင်ပါတယ် ။ မှတ်ချက်အတွက် ကျေးဇူးပါ ။

      Delete
  5. မန္တလေးတိုင်းရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်ရှမ်းစုအုပ်စုရှမ်းစုကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမောင်တင်ဦးသည် နိုင်ငံတော်မှတန်ဖိုးနည်းဖုန်းကဒ်များကို ခွဲတန်းစနစ်ဖြင့်မဲနှိုက်ခွဲပေးခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ရောင်းစားချနေပါသဖြင့် တာဝန်ရှိသူများမှလိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါရန်လေးစားစွာဖြင့်တင်ပြအပ်ပါသည်။



    အထက်ပါကိစ္စရပ်များသည်မှန်ကန်ပါသည်။ မေးမြန်းစရာများရှိပါက ဦးပုည မဟာဓမ္မိကာရာမတိုက်ကျောင်း ဖုန်း 09 402699313သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


    ဦးပုည
    မဟာဓမ္မိကာရာမတိုက်ဆရာတော်
    09 402699313

    ReplyDelete
  6. စောက်ဗမာတွေ သမိုင်းကြောင်းနားမလည် ဘဲနဲ့ ခွေးသူတောင်းစား အောင်ဆန်း ငါတို့တိုင်းရင်းသားတွေကို ဘယ်လို အလိမ်အညာ ကတိစကား ပေးခဲ့တယ်ဆိုတာကို panglung agreement မှာကြည့်

    ReplyDelete