ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Intro

     ပဏာမ မိတ်ဆက်ရရင်တော့ ကျနော်ဟာ လူလတ်ပိုင်းအရွယ် ကရင်တိုင်းရင်းသား
တစ်ယောက်ပါ။

     လူတိုင်းလူတိုင်းဘဝမှာ ယုံကြည်ချက်၊ လိုအင်ဆန္ဒနဲ့ အိမ်မက်တွေ ကိုယ်စီရှိကြ
မယ်လို့ ယုံကြည်ပါတယ်။ သူလိုကိုယ်လို လူသားတစ်ယောက်ဖြစ်တဲ့ ကျနော့်မှာလည်း
အနှစ်နှစ်အလလ သိမ်းဆည်းထားခဲ့တာတွေကို ဒီဘလော့မှာ ဖေါ်ထုတ်ပြလို့ရသမျှ
ရေးချပြဖို့ ရည်ရွယ်ပြီး စလုပ်ခဲ့တာ ဖြစ်ပါတယ်။

     မြန်မာပြည်သားတွေ အဖတ်များတဲ့ သတင်းစာမျက်နှာတွေမှာ မှတ်ချက်တွေရေး၊
ဆောင်းပါးလေးတွေ စမ်းပို့ကြည်ရာက မှတ်ချက်တွေပေးတဲ့အခါ (အထူးသဖြင့်
တိုင်းရင်းသားတွေရဲ့ အမြင်ကို ကျိုးသင့်ကြောင်းသင့်ရေးရင်တောင်) မလိုရင် မလို
သလို ဆင်ဆာဖြတ်တာမျိုး၊ ဆောင်းပါးတွေဆိုလည်း မသုံးရင်လည်း မသုံးနိုင်ကြောင်း
ကျိုးကြောင်းပြန်မလာတတ်တဲ့ ဖြစ်သင့်တဲ့ ဆိုင်ရာကျင့်ဝတ်တွေ လျော့နည်းနေကြတာ
ဟာလည်း ဒီဘလော့ရဲ့ ဖြစ်လာဖို့ တွန်းအားတစ်ခုအနေနဲ့ ကျေးဇူးတင်မိပါတယ်။

     သိ၊ တတ်၊ လေ့လာ၊ တွေ့ကြုံမှတ်သားမိခဲ့တာတွေကို တစ်စပြီးတစ်စမျှဝေရင်း
ရနိုင်သမျှလည်း ပြန်သင်ယူသွားဖို့ ဆုံးဖြတ်ထားတာမို့ အလည်လာသူတွေဆီကလည်း
ဝေဖန်အကြံပြုချက်တွေ မျှော်လင့်ပါတယ်။ ဘယ်သူမဆို မတူညီတဲ့ ဘဝအတွေ့အကြုံ
တွေ အသီးသီး ရှိကြတာမို့ ဘာနောက်ဆံမှ တင်းနေစရာမလိုပဲ အပြုသဘောဆောင်
ပြောနိုင်ကြပါတယ်။ လူမျိုး၊ ဘာသာမတူလို့၊ ပညာတော်သင်ရောက်နေတဲ့သူ၊ ဆန့်ကျင်
ဘက် ဘက်မတူသူ မို့လို့ဆိုတာမျိုးတွေနဲ့ ကိုယ့်ကိုယ်ကို တုပ်နှောင်ထားကြစရာ မလိုပါ
ဘူး၊ ဒီဘလော့ထဲမှာ အားလုံးဟာ ယေဘုယျအားဖြင့် တစ်တန်းတစ်စားထဲပါ။ ကျိုး
ကြောင်းသင့်တင့်အောင် ရေးလိုသူတွေအားလုံးကို ကြိုဆိုပါတယ်။


     မှန်မှန်လာလည်သူတွေအနေနဲ့ သတိထားမိနိုင်စရာတစ်ခုကတော့ ဒီဘလော့မှာ
တင်ထားတဲ့စာစုအတော်များများဟာ ဟန်ပန်နဲ့ စာသားအသုံးအနှုန်း တစ်ချို့ပြောင်းလဲ
သွားတတ်တာမျိုးကိုပါ။ အမှန်ကန်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်သွားဖို့၊
မှားနေရင်လည်း ရဲရဲဝန်ခံသွားဖို့ သံဓိဋ္ဌာန် ချထားတာမို့ ပြောင်းလဲလို့မရတဲ့ မှတ်တမ်း
မှတ်ရာတွေကလွဲပြီး အပြောင်းအလဲလေးတွေ ရှိလာနိုင်ပါတယ်။

     လာလည်တာကို ကျေးဇူးတင်ပါတယ်။

အရင်က ဇွဲကပင်မြေသား ဖြစ်ခဲ့တဲ့ ...

မန်းကိုကို

မှတ်ချက် - ကျနော် မန္တလေးသား မဟုတ်ပါဘူး၊ ဘားအံ (ဖါးအံ) က ဖြစ်ပါတယ်။
            - တင်တင်စီးစီး နာမည်မှည့်ထားတာလည်း မဟုတ်ရပါဘူး၊ နောင် အခြေနေ
               ပေးရင် ရှင်းပြသွားပါမယ်။

8 comments:

  1. ဟုတ်ကဲ့ ဦးဦးမန်းတိုတို။း)))
    အနော်က လူငယ်.. ဦးဦးက လူလတ်ရှိုဒေါ့ ဦးဦးလို့ထော်မယ်နော်
    ခွိခွိ....

    ReplyDelete
  2. မင်္ဂလာပါခင်ဗျာ-ကျန်းမာပါစေ
    အသိပညာအတတ်ပညာတွေကိုစုစည်းတင်ပြထားတဲ့ဘလောက်ကလေးကို
    ဖန်တည်းမှု့အတွက်လေးစားမိတာအမှန်ပါ-ဒီဘလောက်ကလေးရှိတာအခုမှသိပါ
    တယ်-နောက်ကိုလည်းလာခဲ့ပါရစေဗျာ-

    ReplyDelete
  3. မင်္ဂလာပါ။ ကျွန်တော်တို့က ညီအကိုတွေပါ။

    ReplyDelete
  4. မင်္ဂလာပါ လာလည်ပါတယ်

    ReplyDelete
  5. အကို မန်းကိုကို ရောက်ရှိပါတယ် ။ အလည်လာလို့ ၀မ်းသာပျော်ရွှင်မိပါတယ်။
    ကျနော်လည်း စာရေးတာ သိပ်တော်တာမဟုတ်ပါဘူး ၀ါသနာပါလွန်းအားကြီး
    လို့ ဘလော့ဂ် လေးကိုလုပ်ထားတာပါ အမှားတွေများပါနေရင်လည်း ပြောပြ
    နိုင်ပါတယ် ။ ဘလော့ဂ်ဂါ ကိုကို ၊ မမ များကိုလည်း အထူးလေးစား ဂုဏ်ယူ
    မိပါတယ် ။ အကို မန်းကိုကို ထာဝရပျော်ရွှင်နိုင်ပါစေ ခင်ဗျား................. :)

    ReplyDelete
  6. ကျနော်လည်း နဲနဲပြောမယ်။ ကျနော်က ခင်ဗျားရဲ့ဘလော့ဒီဇိုင်းလေးနဲ့ သပ်ယပ်မှုကို သဘောကျသွားပြီဗျာ။ နောက်ပြီး ခင်ဗျားရဲ့အာဘော်အာရင်းတွေကိုလည်း နောက်ချန်ထားလို့မရပါဘူးနော်။

    ReplyDelete
  7. ညီလေးမန်းကိုကို
    ကလေးစစ်သားလေးဆိုတာ ကရင်ရယ်ဗမာရယ်ရှမ်းရယ် မဆိုလိုပါဘူး ကလေးအရွယ် အကြောင်းကြောင်းကြောင့် လက်နက်ကိုင်ခဲ့ရတဲ့ကလေးတွေကို ဆိုလိုတာပါ စစ်အာဏာရှင်တွေရဲ့ မတရားမှု ဖိနှိပ်မှု ချိန်းခြောက်အနိုင်ကျင့်ခံရမှု စစ်ထဲအဓ္ဒမအသွင်းခံရမှုကြောင့် မဖြစ်ချင်ပဲဖြစ်လာရပြီး မပြတ်ချင်ပဲပြတ်ရ မသေချင်ပဲသေသွားရတဲ့ကလေးတွေကို ဆိုလိုတာပါပဲဗျာ.ကျနော့်အမေက မြစ်ဝကျွန်းပေါ်ပိုးကရင်အမျိုးသမီးပါပဲဗျာ.

    ReplyDelete
  8. HI you are my friend. I like you written about in you mine. Thank you so much and Happy New Year.လေးစားပါတယ်မိတ်ဆွေ။

    ReplyDelete