ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, May 27, 2010

(မ)အေးချမ်းလှတဲ့ ထိုင်းနိုင်ငံ၊

၁၉၊ ၀၅၊ ၂၀၁၀ နေ့မှာတော့ ဘန်ကောက်မြို့လယ်ခေါင်က ငြိမ်းချမ်းတဲ့ ဒီမို
ကရေစီတောင်းဆိုကြသူများလို့ ကြွေးကြော်နေတဲ့ အနီရောင်ဝတ်ဆင်သူတွေရဲ့
နှစ်လကျော်ကြာခဲ့တဲ့ ဆန္ဒပြပွဲဟာ လုယက်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေအပါ
အ၀င် ဘတ်သန်းထောင်ပေါင်းများစွာ ဆုံးရှူံးစေခဲ့တဲ့ အဆောက်အဦ မီးတင်ရှို့မှု
တွေနဲ့ မလှမပ အဆုံးသတ်သွားခဲ့ပါတယ်။ စစ်သားတွေအပါအ၀င် လူပေါင်း ၈၈
ယောက် သေဆုံးခဲ့ရပြီး ၁၀၄၂ ယောက် (အချို့ ၁၈၀၀ ကျော်ဟုဆို) ထိခိုက်
ဒဏ်ရာ ရခဲ့ကြပါတယ်။

Wednesday, May 19, 2010

ခိုလှုံသူများ၊ UN, ပြီးတော့ … မလေးရှား

   ခိုလှုံသူများ (Refugees) အကြောင်းစလိုက်ရင် ခိုလှုံခွင့်တောင်းသူများ (Asylum
Seekers) အကြောင်းမပါရင် မပြီးသလို၊ တဆက်ထဲ စပ်ဟပ်နေတဲ့ ခိုလှုံသူများ
ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စီမံခန့်ခွဲမှု၊ လက်တွေ့ဘဝ အခြေအနေများ
ကိုလည်း ချန်ထားရစ်လို့ မရကောင်းပါဘူး။

Saturday, May 15, 2010

ရေ .. ရေ .. ရေ ..

ရေအသက် တစ်မနက်လို့ ဆိုပါတယ်။

ရေမရှိပဲ သာမန်လူတစ်ယောက်ဟာ တစ်ပတ်လောက်ပဲ အသက်ရှင်နိုင်ပါတယ်။
ထားပါတော့၊ လိုရင်းကတော့ လောလောဆယ်မြန်မာပြည်မှာ ရေရှားနေတဲ့ ကိစ္စပါ။
သောက်ရေနဲ့ ချက်ပြုတ်စရာ “ရေ” မှမရှိရင် ... အကျိုးဆက်တွေက မတွေးချင်
စရာပါ။

Sunday, May 9, 2010

တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှုများ (နောက်ဆက်တွဲ - ၂)

သုတေသန (Research)

   သုတေသန လို့ဆိုလိုက်ရင် ငယ်စဉ်က အင်မတန်ကြီးကျယ်တဲ့ကိစ္စ၊ ပညာအဆ
မတန် တတ်သူများရဲ့အလုပ် ရယ်လို့နားလည်ခဲ့ရပေမယ့် ဒီကနေ့ခေတ်၊ အထူး
သဖြင့် တိုးတက်ပြီးနိုင်ငံတွေမှာ မူလတန်းကျောင်းသူ၊ ကျောင်းသားတွေကအစ
လုပ်နေကြရတဲ့ သာမန်ပညာသင်ကြားရေး အထောက်အကူပြု လုပ်ငန်းစဉ်တစ်ခု
သာ ဖြစ်နေပါတယ်။

Thursday, May 6, 2010

မှတ်တိုင်လေးတစ်ခု၊

“သွေးချင်းတွေ သွေးချင်းချင်းမနီစေချင်” ဆိုတဲ့ဆောင်းပါးကို သတင်းဋ္ဌာနတွေကို
ပို့ရင်းပို့ရင်း (မသုံးရင်း မသုံးရင်း) နဲ့ မမျှော်လင့်ပဲ အနည်းဆုံး သတင်းဋ္ဌာန ၃ ခုမှာ
ဆက်တိုက် ပါလာပါတယ်။

မပါ၊ မပါနဲ့ ပြုံပြီးပါလာပြန်တော့ မျက်လုံးပြာပြီး ငါတော့ဂြိုလ်ဝင်ပြီလို့ သိလိုက်ပါ
တယ်။ အောက်မှာ ဖေါ်ပြထားတာကတော့ ပထမဦးဆုံး လက်ခံရရှိတဲ့ ဂုဏ်ပြုစာ
ဖြစ်ပါတယ်။ ပြန်ရေးလိုက်တဲ့စာကိုပါ ဖေါ်ပြပေးလိုက်ပါတယ်။
------------------------------------------------

Saturday, May 1, 2010

သွေးချင်းတွေ သွေးချင်းချင်းထပ်မနီစေချင်၊

   မြန်မာပြည်က ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်
တွေဟာ သက်ဦးဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆလို့ရနိုင်ပြီး ဒီကနေ့
အထိလည်း စဉ်ဆက်မပြတ် သက်ရောက်နေသေးကာ လူတန်းစားအဆင့်ဆင့် တုံး
အောက်ကဖားတွေလို ပြားနေကြရတာ ခံစားတတ်သူ့ ပုထုဇဉ်တွေအတွက်တော့
စိတ်မကောင်းစရာပါ။