ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, December 27, 2012

ရွေးစရာလမ်း မရှိလှတော့တဲ့အခါ ......



   ကျနော် KNU, KIA, SSA, ဝ ဘယ်အဖွဲ့ကိုမှ ၁၀၀% မထောက်ခံပါဘူး ။
   ထောက်ခံဖို့ ဆိုတာလည်း ကျနော့် ကိုယ်ပိုင်ခံယူချက်တွေနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး ။

   ထို့နည်းတူ ဒီအဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေနဲ့ အားပေးသူတွေဆီက စာတွေကိုလည်း
လိုအပ်တယ်လို့ ယူဆမှသာလျှင် Facebook ပေါ်မှာ Share လုပ်ပါတယ် ။

   ဒါပေမယ့် ခုနေခါမှာ တစ်ခု ထူးခြားလာပါတယ် ။
   ကချင်ထိုးစစ် မြှင့်လာချိန်နဲ့အကိုက် ကချင်သတင်းဌာနဟာ အတိုက်ခံနေရပါတယ် ။ တိုက်ခိုက်
သူတွေ အနေနဲ့လည်း ရန်သူမို့ တိုက်ခိုက်တယ်လို့ ဝန်မခံတဲ့အပြင် နာမည်ကောင်းခံပြီး ဝါဒဖြန့်မှု
နဲ့ပါ တွဲလုပ်လာတာကို တွေ့ခဲ့ရပါတယ် ။

Monday, December 24, 2012

ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၄)




(၈)  တစ်ဖက်သားငြင်းခုံချက်ကို ထင်ယောင်မှားစေခြင်း (Straw man)

     တစ်ဖက်လူရဲ့ ငြင်းခုံချက်ကို ပုံပျက်ယွင်းအောင် မမှန်မကန် လိုရာဆွဲပြီး တိုက်ခိုက်ဖို့လွယ်ကူ
အောင် လုပ်တာမျိုး ဖြစ်ပါတယ်။

“ရန်ကုန်တိုင်း ဘော်လုံးအသင်းဟာ ရှမ်းပြည်နယ် ဘော်လုံးအသင်းထက် ပိုကောင်း
တယ်လို့ ဦးလှမင်းက ဆိုနေပါတယ်။ တကယ်တော့ ရှမ်းပြည်နယ် ဘော်လုံးအသင်း
ဟာ ဘော်လုံးရာသီတိုင်းမှာ အမှတ်အများဆုံးရတဲ့ အသင်းတွေထဲ အမြဲတမ်း ပါဝင်
နေခဲ့တာပါ ။ ဒါကိုကြည့်မယ်ဆိုရင် ဦးလှမင်းဟာ သူဘာပြောနေသလဲဆိုတာ သူ့ဘာ
သူတောင် သိပုံမရပါဘူး” - ဆိုတဲ့ ပြောဆိုချက်ကို ကြည့်ရအောင်။

Tuesday, December 18, 2012

အတိုဆုံး သွယ်ဝိုက်စကား နှင့် ...


   ဒီကနေ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ရာက စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာတစ်ခု
ပိုသေချာသွားတာကြောင့် ဒေါသမပါ  စာတစ်စုအဖြစ် ချရေးလိုက်တယ် ။

Monday, December 3, 2012

တင်ပါး မီးလာမြှိုက်သူများ


    ထိုင်ပါများရင်တော့ တင်ပါးပူမှာပဲ ၊ သို့သော် ခံနိုင်ပါတယ် ။


   တင်ပါးကို မီးလာမြှိုက်သူ ၊ တစ်နည်းအားဖြင့် မခံမရပ်နိုင်လောက်အောင် လာလာဆွသူများကျ
တော့ အတိုင်းတာ နည်းနည်းရှိလာပါတယ် ။ တစ်ခါခါလည်း အခံရခက်တော့ ထအော်မိတာပေါ့ဗျာ ။
ဒီလိုအခါမှာ မနှဲလေးတစ်ယောက် ထခုန်ပြီး အော်တာကိုသာမြင်ရလို့ ဘာများဖြစ်နေတာပါလိမ့်လို့
ဇဝေဇဝါ မဖြစ်ရလေအောင် ၊ အောက်ကနေ ကဏန်းညှပ်လို့ပါ ဆိုတာကိုလည်း ထည့်အော်ရသေး
သကိုး ။


   ခုနောက်ဆုံး အမြှိုက်ခံရတဲ့မီးကတော့ လက်ပန်တောင်းတောင် သံဃာမီးပူဇော်ပွဲပေါ့ ။
   မေးခွန်းအချို့ ရှိလာတာက -
-  ဘာကြောင့် ညအချိန်မှ ဝင်ရှင်းရတာလဲ ၊
-  မီးကျည်လို့ ယုံကြည်ရတဲ့ အရာတွေကို ဘာလို့ သုံးရတာလဲ ၊
-  ဒေါ်စုမလာခင်တစ်ရက်ကျမှ ဘာလို့ လုပ်ရတာလဲ ၊
-  ဒီထက်ကောင်းမယ့် ဖြေရှင်းနည်းတွေ ရွေးချယ်စရာ ရှိခဲ့သလား စသည်ဖြင့်ပေါ့ ။