ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, February 6, 2011

ပင်လုံနဲ့ယှဉ်တဲ့ အလွတ်သဘော အဖြေရှာချက်တချို့ (၂)


မတူတဲ့အမြင်တွေနဲ့ ဆွေးနွေးထားချက်အချို့ကို နောက်ဆက်တွဲတွေအနေနဲ့ ပို့စ်ပြီးလုပ်တင်ထား
လိုက်ပါတယ်။ ဆွေးနွေးသွားသူတွေရဲ့ လိုအပ်ချက်နဲ့ မပြည့်စုံတဲ့ အတွေးအမြင် အဆိုပြုချက်တွေကို
မြင်တွေ့နိုင်ကြမယ် ထင်ပါတယ်။ ထောက်ပြဖြည့်ဆည်းပေးနိုင်ကြရင်တော့ အားလုံးအတွက်လည်း
အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မန်းကိုကို


Anonymous said...

     You stated that KNDO had fought back offices from communists and gave
  those to Burmans and KNDO was forced to betray the federal state.

     I think this is your opinion, heresays and wishful thinking and I have not read
  in any book written by either Burmese or foreign authors. Please give me
  references or any solid evidence. Otherwise, please read the books written by
  retired Col. Tin Maung and Saw San Phoe Thin memoirs.

     I will start with Shans, Shan rulers were powerful till Taung Ngu dynasty, Ba
  Ying Naung managed to subdue those powerul Shan rulers as tribunal states of
  Taung Ngu. Since then Shans become part of Burma, when British India armies
  annexed Burma. Shans are with us and so it is very logical for independent
  Burman to inherit the same map British Burma. Chao Phyas are not as benevolent
  rulers as you thought, I have a relative who is a business man in Shan state and
  he still gets those worships from some old naive people. For me, it is sick, it is
  Feudal state. I am glad we get rid of Feudalism from our country. The real issue
  with Shans today is that if we let them split, we will be giving leverage to
  Thailand. I am sick of seeing them worshipping the ****** king from
  neighbouring country.

     What happened with KNDO and Burmans is not race. Most Burmese think
  Ka Yins are good folks but the problem was we do not know what happened.
  Reds used Ka Yin mutiny as a lever to make deals with fellow Burmese and
  those negotiations did not go through. You can look at archives in Burmese
  newspapers head quarters in Rangoon.

     The real issue with KNU and KNDO was that the Kayin state they were
  asking whole lower Burma. Which is not something Burmese or Mons or Kayah
  or Pa Oh or Beit thar and Ta voi men can accept.

     Burmese also mistrusted some Karen officers, noone accused BG Saw Kya
  Doe, but not what they were thinking of Smith Doun. One real issue between
  Burmese and Karen was that Karen was a favoured race by divide and conquer
  rulers, manipulative British. So Burmese were jealous of Karens and so when
  they got the chance, some crackers among Burmese did bad things to Karens
  and so s**t happened.

     I disagreed with your assertions about U Ne Win.
  He cannot forsee and planned that ahead, Burmese army was weak, there
  were Levis, volunteers but they were not a match for Karen battalions. If you
  read Aung San Thuriya private Hla Thaung who fought for Col. Chit Myaing,
  whose Burmese 3rd rifle fought with 2nd Kayin, you will see their dismal state.
  So U Ne Win or any other Burmese army officers or U Nu or U Kyaw Nyein will
  think of doing that. Even Col. Maung Maung (later BG Maung Maung) was
  captured by KNLA and he was nearly executed. He converted to Catholism as
  per Yangon Ba Swe. Was that U Ne Win's plot too? Will anyone claim so? I
  have Karen friends. I am surprised that they believe - they are uni graduates -
  that they are lost tribe of Israel. British exploited that very well and they are
  also to be blamed. Anyway, good to start this topic as people can share.
January 9, 2011 1:55 AM


tint said...

   ကိုမန်းကောက်ကိုင်လိုက်တာတော့ချီးကျူးပါတယ် ။ ဒါပေမဲ့  ကိုင်လိုက်တဲ့  တော့ပစ်နဲ့ လိုက်
အောင်ဆိုရင် စိတ်ခံစားမှုတွေကိုဘေးဖယ်ထားပြီး hard facts တွေကိုဘဲ ကြည့်သင့်တယ်ထင်
တယ် ။

   ခုအခြေအနေကို ရှင်းချင်ရင် ၁၉၄၇ နိုင်ငံရေးနဲ့  လက်နက်ကိုင်အင်အားစုတွေရဲ့  အင်အား
ချိန်ခွင်လျှာနဲ့  အဲဒီအင်အားစုတွေထဲ က လူတယောက်စီရဲ့ motives and emotions ကို စိတ်
ရှင်းရှင်းလေ့လာရမယ် ။ အဲလောက်ရှုပ်ထွေးတဲ့  ပြဿနာကြီးကို နေ၀င်းမကောင်းလို့  လို့
တကြောင်းထဲ အဆုံးသတ်လို့ မရပါ ။ ဦးစောပေါ်တောင်သဘောထားကြီးနိုင်သေးတဲ့  ကိုမန်း
ဟာ နေ၀င်းကျမှ စထဲကကောင်းတဲ့ ကောင်မှမဟုတ်တာလို့  သုံးသပ်ချလိုက်ပုံကတော့ critical
thinking :P အား ကောင်းလှချီလား လို့  ရီမိပါကြောင်း ..
January 9, 2011 4:19 AM


မန်းကိုကို said...

@ ကိုတင့်ဦး

   နောက်တယ်လား ဆရာ :-)
   ဆရာပြောတာတွေက မမှားပါဘူး၊ ဒါပေမယ့် ကျနော့်တင်ဆက်ပုံက အခြေအနေကို ခြုံငုံ
သုံးသပ်ရင်း ကိုယ့်သိတဲ့အချက်တစ်ချို့ကို ထည့်ပြီးဆွေးနွေး ချပြသွားတဲ့သဘောပါ။

   ဦးနေဝင်းကိစ္စကတော့ ကြားသိရတဲ့အတိုင်း ထည့်ရေးပြီး တွေးစရာလေး ချပေးတယ်လို့
ယူဆလို့ရပါတယ် (ပြောပြတဲ့ ဆရာကြီးကိုလည်း စာအုပ်ရေးဖို့ တိုက်တွန်းထားပါတယ်)။
ဆက်ရှင်းရရင်တော့ ဦးနေဝင်းနဲ့ပတ်သက်လို့ ကျနော်စိတ်ခံစားမှု မပါပါဘူးဗျာ၊ သူ တော်
တဲ့အကြောင်းတွေကတော့ ဦးစောထက်တောင် များနိုင်လို့ ချန်ထားခဲ့ရပါတယ် :-)

   အပေါ်ကပြောသလိုပဲ ကိုကျော်ထင်ရဲ့ မေးထားတာကို စာပြန်တဲ့အနေနဲ့ ခြုံငုံရေးထားတာမို့
အသေးစိတ်ကိုတော့ နောင်စာအုပ်စာတမ်းတွေ စုံလာတဲ့အခါ၊ ကျနော့်ပညာရေးလည်း ပိုမြင့်
လာတဲ့အခါကျမှ ရေးပါရစေဗျာ။ အဲဒီအခါကျရင်တော့ ပညာရှင်စာတန်းလို ဖြစ်ကောင်းဖြစ်
နိုင်ပါတယ်။ (လောလောဆယ်တော့ သွားလည်းနည်းနည်းကိုက်နေလို့ အာရုံသိပ်စိုက်လို့ မရဖူးဗျ)။
January 9, 2011 5:15 AM

မန်းကိုကို said...

@ Anonymous

   အင်း .. တော်တော်ရှည်ရှည်ဖြေရမယ့်ပုံစံပဲ။
   ပထမတစ်ပိုဒ်အတွက်ပြောရရင်တော့ ဒီပို့စ်ဟာ အပေါ်ကကိုတင့်ဦးကို ပြောခဲ့သလိုပဲ
အတိုချုပ်ပါ။ အသေးစိတ်ပြောဖို့ကတော့ အင်မတန်ကျယ်ပြန့်တာမို့ နောက်နောင်များမှပဲ
ပြည့်ပြည့်စုံစုံရေးဖို့ ကြိုးစားပါ့မယ်။ ခုနေ သိသမျှအနည်းအကျဉ်းလောက် ချရေးပြရင် စိတ်
ခံစားချက်နောက်လိုက်တယ် တို့၊ အချက်အလက်တွေက တဖက်သတ်ဖြစ်တယ်တို့နဲ့ ပိုရှုပ်
သွားနိုင်ပါတယ်။ မကြာခင်ကလည်း သမိုင်းနဲ့ပတ်သက်လို့ ရေးနိုင်သားနိုင်တဲ့ အနည်းဆုံး
၂ ဦးလောက်နဲ့ တွေ့ဖြစ်တဲ့အခါမှာ သူတို့သိသမျှ လေ့လာထားသမျှတွေကို စာပေအဖြစ်
တင်ဖြစ်အောင် ရေးကြတင်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ မြန်မာပြည်မှာ ကနေ့ သိကြ
သင်နေကြရတာတွေဟာ ဗမာ့သမိုင်းလို့ ခေါ်လို့ရပါတယ်။ မှန် မမှန် တိကျမတိကျကိုတော့
မငြင်းလိုပါဘူး။ ဒါပေမယ့် စောစံဖိုးသင်နာမည်ပါ ပါလာလို့ နည်းနည်းပြောပါမယ်။ သူစာကို
ဘယ်လောက်အတိုင်းအတာထိ ရေးခွင့်ရခဲ့သလဲ မသိပေမယ့် သူအညံ့ခံခဲ့တာဟာ မှားပါ
တယ်လို့ ဝန်ခံခဲ့သူတစ်ယောက်ဖြစ်သလို သေတဲ့အထိ အိမ်နဲ့မလှမ်းမကမ်းမှာ လူနှစ်ယောက်
နဲ့ စောင့်ကြည့်ခံနေခဲ့ရသူပါ။ သေဆုံးချိန်မှာလည်း တကယ်သေမသေ လူတစ်ယောက်လွတ်
ပြီး ပါးလိမ်ဆွဲစမ်းသပ်တာကို ခံခဲ့ရပါတယ်။

   နောက်တစ်ခုက ပဒေသရာဇ်စနစ်ကို ဖြုတ်ချရာမှာပါခဲ့တဲ့ ရှမ်းပြည်လူငယ်ခေါင်းဆောင်
(ဟောင်း) ဦးရွှေအုန်းရဲ့ နောင်တရကြောင်း ရေးခဲ့တဲ့စာအုပ်ကို ကြားဖူးမယ်ထင်ပါတယ်။

   ရှမ်းပဒေသရာဇ်တွေ ကောင်းတယ် မကောင်းဖူးကို (အပေါ်မှာစွပ်စွဲခံရသလို) မပြောလို
ပါဘူး။ သူ့ခေတ်နဲ့သူ့အခါ အဆိုးအကောင်းတွေရှိခဲ့တာ သိထားပါတယ်။

   တဆက်ထဲမှာပဲ ကျိုးကြောင်းကျတယ်ပြောထားလို့ ရှမ်းနဲ့ ဗမာပြည်ကြား ချိတ်ဆက်မှုတွေ
ကိုကြည့်တော့ ထိပါးလာသူတွေကို နှိမ်နင်းတယ်ဆိုတဲ့စကားနဲ့ နယ်ချဲ့တယ်ဆိုတဲ့စကားကြား၊
နိုင်ငံ (nation state) တွေလို့ ခေါ်ဝေါ်ပေါ်ထွက်လာချိန်နဲ့ မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်း
ပိုက်တဲ့ ကာလအပိုင်းအခြား၊ အရင် လက်ဆောင်ပဏ္ဍာဆက်ရတဲ့ လက်အောက်ခံနယ်မြေနဲ့
အခုခေတ်တိုက်ရိုက်အုပ်ချုပ်မှု စသည်ဖြင့်ယှဉ်တွေးမယ်ဆိုရင် ပြောစရာဆိုစရာတွေ အများ
ကြီးဖြစ်လာဖို့ သေချာပါတယ်။ အချိန်ရတဲ့အခါမျိုးမှာ သရုပ်ပြန်ခွဲကြည့်စေချင်ပါတယ်။ လက်ရှိ
အခြေအနေမှန်တွေကို လစ်လျူရှုလို့မရသလို ထည့်စဉ်းစားစရာတွေ စုံလင်ပါမှ အားလုံးလက်
ခံနိုင်မယ့် အခြေအနေတစ်ရပ်ကို ရောက်နိုင်မယ်လို့ ယူဆပါတယ်။ (စကားမစပ် သူတစ်ပါးနိုင်
ငံရဲ့ artificial ပဲပြောပြော အထွဋ်အမြတ်ထားတဲ့သူကို စကားလုံးကြမ်းကြမ်းသုံးဖို့ ပညာတတ်
တစ်ယောက်အနေနဲ့ နှစ်ခါပြန် စဉ်းစားသင့်ပါတယ်။ အပြင်မှာ ဆွေးနွေးလို့ of the record က
တစ်ကဏ္ဍပါ။)
January 9, 2011 7:04 AM

မန်းကိုကို said...

@ Anonymous

   နောက်တစ်ပိုဒ်မှာရေးထားသလို “the problem was we do not know what happened”
လို့ဆိုလိုက်မှ အားလုံးရှင်းသွားပါတော့တယ်။ ဟုတ်လည်းဟုတ်သလို တဖက်မှာလည်း အပေါ်က
ဗိုလ်မှူးကြီးတင်မောင်နဲ့ စောစံဖိုးသင်တို့ရဲ့ စာတွေကို ဘယ်လိုသဘောထားမလဲ (ဘယ်လောက်
မှန်သလဲ) လို့ မေးစရာတွေ ပြန်ပေါ်လာပါတယ်။ အတိုင်းအတာတစ်ခုအထိတော့ မှန်မယ်လို့
ထင်ပါတယ်။ ဒါပေမယ့် အတိအကျကိုတော့ နှစ်ပေါင်းအများကြီး စောင့်ရဦးမယ်ထင်ပါတယ်။
ဆိုလိုတာက KNDO အပါအဝင် အဲဒီအချိန်က ကစားသမားတိုင်း (အဖွဲ့တိုင်း) အမှားရော အမှန်
တွေပါ လုပ်ခဲ့ကြသလို ဘယ်သူမှ ကိုယ်ကောင်းတာကလွဲရင် အကုန်မပြောကြသေးတဲ့ အခက်
အခဲက ရှိနေပါတယ်။ တစ်ခုရှိတာက နိုင်ငံမတည်မငြိမ်ဖြစ်မှာစိုးလို့ ခုထိပိတ်ထားတဲ့အပိုင်း
လည်း ပါပါလိမ့်မယ်။ တစ်ခုဝန်ခံရမှာကတော့ နယ်မြေတောင်းတဲ့ကိစ္စမှာ ကရင်တွေဖက်က
လွန်လွန်ကျွံကျွံကို ဖြစ်သွားတယ်လို့ ယူဆနိုင်ပါတယ်။ (ခုခေတ်စစ်အာဏာပိုင်တွေလို အင်
အားကြီးတော့ ဆွေးနွေးတဲ့အခါတိုင်း လက်နက်လုံးဝချဖို့ချည်း ပြောနေတာနဲ့ သွားဆင်နေ
မယ်ထင်ပါတယ်။)

   အင်္ဂလိပ်တွေရဲ့ သွေးခွဲအုပ်ချုပ်ရေးစနစ်ကတော့ ဟုတ်လည်းဟုတ်တယ်၊ အကုန်လုံးလည်း
မဟုတ်ဖူးလို့ ပြောရပါမယ်။ သူတို့ဟာ ဒေသခံတွေကိုအုပ်ချုပ်ရာမှာ လူမျိုး၊ ဘာသာ၊ ဓလေ့
တွေနဲ့ အသုံးချလို့ရတဲ့အပေါ် မူတည်ပြီး စနစ်တကျ ဆုံးဖြတ်လုပ်ကိုင်သွားတာကြောင့် ဒီကိစ္စ
ကတော့ အပြန်အလှန်ပြောစရာ အရှည်ကြီးပါပဲ။ သွေးခွဲတယ်လို့ လုံးဝဥသုံ တစ်ထစ်ချပြောလို့
ရနိုင်မယ်မထင်ဘူး။

   ဦးနေဝင်းကိစ္စကတော့ ကြိုတင်ပြင်ဆင်တာထက် သူအဆင်ပြေသလို လှုပ်ရှားသွားပုံရပါ
တယ်။ နောက်ဆုံး KNDO တွေ ရန်ကုန်သိမ်းနိုင်မယ့် အနေအထားကနေ အခြေအနေပြောင်း
သွားတာဟာ အချို့လည်း ပြည်ပနိုင်ငံတွေလက်ချက်၊ ရန်ကုန်ကလူတွေအားလုံးရဲ့ စွမ်းစွမ်း
တမံ တွန်းလှန်မှု၊ စစ်ပရိရာယ်ကြွယ်ဝမှုလို့ ပြောကြပြီး တစ်ဖက်မှာကျတော့ ဗမာတွေ လူလည်
ကျသွားတာ စသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ အဆိုပြုချက်တွေ ရှိကြပါတယ်။ ကိုယ်
ရောက်နေတဲ့နေရာနဲ့ သိသမျှအပေါ်မူတည်ပြီး လိုရာကိုဆွဲယုံလို့ရပါတယ်။ ဥာဏ်သာသူ
စားသွားတယ် ပြောချင်လည်းရပါတယ်။ ဖတ်ဖူးတာတော့ အဲဒီအချိန်က ဟာဂျီမဒေါ်ပု လေ
ယာဉ်နဲ့နိုင်ငံတကာလှည့်ပြီး နိုင်ငံပိုင်ကျောက်မျက်ရတနာတွေကို ဦးနေဝင်းစေခိုင်းချက်နဲ့
လိုက်ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လက်နက်ဝယ်ဖို့ပါ။ (မဆလခေတ် မဂ္ဂဇင်းတစ်စောင်မှာ
ရေးထားတာပါ။ ဒေါ်ပုဟာ မွတ်ဆလင်ပါ)။

   “I am surprised that they believe - they are uni graduates - that they are lost
tribe of Israel.” ကိစ္စကတော့ ကြားရသိရပါတယ်။ ဒါတင်မကပါဘူး ကရင်တွေရဲ့ ယဉ်
ကျေးမှုဓလေ့တွေ တိမ်ကောလာရတာကိုပါပေါင်းပြီး အပြစ်တင်လို့ရတာကတော့ ခရစ်ယာန်
သာသနာပြုတွေကိုပါပဲ။ ဗြိတိသျှအစိုးရဆိုပြီး အပြစ်ပုံချလို့ ရလောက်အောင်တော့ သိပ်မသေ
ချာပါ။

   ရှည်လည်းရှည်သွားပါပြီ၊ နောက်တစ်နေ့မနက်စောစော သွားဆေးခန်းပြဖို့ အိပ်သင့်ပြီမို့
နောက်များမှပါပဲ။
January 9, 2011 7:05 AM


ကျော်ထင် said...

   ကျနော် ဆွဲထုတ်တဲ့ အစကနေ အခုလို နှံ့နှံ့စပ်စပ်ရှိပုံပေါက်တဲ့သူတွေ ၀င်ရောက်ဆွေးနွေး
လာကြတာ ၀မ်းပဲသာရမလား၊ ၀မ်းပဲနာရမလားမသိဘူး။ ၀မ်းသာတာကတော့ ကျယ်ကျယ်
ပြန့်ပြန့် ပိုပြောဖြစ် လာကြမှာကိုပါ၊ ၀မ်းနာရမှာကတော့ သမိုင်းဖြစ်စဉ်တွေကို နှံ့စပ်ဟန်တူတဲ့
ကိုတင့်နဲ့ ဘိုလိုရေးသွားတဲ့ အမည်မသိတို့နှစ်ယောက်ပြောစကားတွေမှာ တည်တည်တံ့တံ့
ဆွေးနွေးချက်တွေနဲ့ မသင့်လျော်တဲ့ ခနိုးခနဲ့လေသံတွေ၊ သူများနိုင်ငံက အမြတ်တနိုးထားတဲ့
ခေါင်းဆောင်ကို မိုက်မိုက်ရိုင်းရိုင်းပုတ်ခတ်တာတွေပါလာတော့ နဂိုက ရစ်နေတဲ့ ၀မ်းနာရပါ
တယ်။

   ဆရာသမားတို့ကို တောင်းပန်ပါတယ်။ hard facts တွေနဲ့ ပြောကြကြေးဆို ကိုယ်တိုင်
ကလဲ အဲလိုပဲကျင့်သုံးလိုက်နာကြပါ။

   ကျုပ် ဆြာမန်းကို ဒါရေးဖို့တောင်းဆိုတဲ့ ရည်ရွယ်ချက်ကိုက တိုင်းရင်းသားတစ်ယောက်
အနေနဲ့ သူ့ဖက်က ခံစားချက်ပါတဲ့ အမြင်ကို တမင်သိချင်လို့မေးတာပါ။ ဒါဟာ ဟန်ဆောင်
ပန်ဆောင် လူကြားကောင်းအောင်ပြောနေတာထက် ပိုအရေးကြီးပါတယ်။ ရှေ့ကိုခရီးမြန်မြန်
ပေါက်အောင် လျှောက်နိုင်ဖို့ နောက်ကိုသိပ်လှည့်ကြည့်လို့မရပါဘူး။ ဒါပေမယ့် ရင်ထဲမှာ မျိုး
ဆက်အဆင့်အဆင့် အမြစ်တွယ်နေတဲ့ ခံစားချက်ကိုတော့ ဆွဲထုတ်ကြည့်မှဖြစ်ပါလိမ့်မယ်။

  ဆရာသမားတို့ ရှေ့ဆက်ဆွေးနွေးမယ့် ဟာတွေကို ဆက်လက်စောင့်မျှော်နေပါမယ်။
January 9, 2011 10:22 AM


Anonymous said...

     Yes, I agree with you for that comment.
  Since I do not have any good regards to feudals or royals of any kind, and
  worse I see that neighbour was acting as a nice chap while he was also
  benefited from our miseries, I was a bit rude. For SSA South is worshipping
  him or his predecssoprs great great grand daddies by erecting a statue, so
  that made me bashed that old good actor :D) with non diluated 100% degree
  pure full hatred.
January 9, 2011 9:03 PM

Anonymous said...

     This is the interview with Col. Chit Myaing, who led remaining companies
  of third Burman rifles with 2nd Karen that was decisive for post world war 2
  history of Burma. Not in this interview, but claimed by Tat Kyat Maung Htoo
  (ex-major) in Aung San Thuriya private Hla Thaung biography, the author
  said, the Col. Chit Maung felt puzzled why 2nd Kayin was as strong as a
  mechanized brigade with armoured and ammos those can fully equipped
  a brigade. The formation of a brigade was 4 times than a battalion and 2nd
  Karen was infantry battalion but their convoy has a lot of armoured vehicles.

  http://www.burmadebate.org/archives/julaug97bttm.html#Colonel

     You can confirm in another book, by Col.Tin Maung. The mistrust between
  some Burman officers like Bo Sein Mann (Sein Mann YanDa Yar commander
  who was killed when bombing from the passenger cockpit of a fighter jet).

     So Burmese army, however cunning the leaders you want to accuse, were
  not in a powerful position to purge. Again check Theik Ka Tho Phone Naing,
  who also fought in that Insein front. The point is there were villains on both
  sides, and victims on both sides in that era.

     The real issue for Burmese state dealing with Shans harshly is because
  that Thai expansionism and Shan's pro Thai stance. The reason UWSA is
  now being allowed to reach northern Thailand under China's blessing is
  because to counter the expansion of Thais and their ethnically close Shans
  in Burma. If we let autonomy to Shans, I have Shans in my extended family
  and so I am amazed at their patriotism but it is not because Burmans do
  not want Shans autonomy, the real danger is Thailand. If Shans chose to
  be with Thailand, we will be facing stronger arch rival growing economically,
  militarily in our eastern borders and that can threat Burman heartlands.
  That is the real issue Burmese will face. In the past, kings sacrified their
  subjects lives, but now, although Shan highlands may be independent in
  the past, they have been with us for so long. No way, we should or can let
  them join with Thailand forming greater Thailand, exposing our flanks to
  Thais. Worse, it will be risky for us as South Western China has some Tai
  groups, and China will not like to see Shans being part of greater Thailand,
  even as an autonomous state of Burma, with close ties with Thailand, will
  be neighbouring their Tais.

     So if we let Shans go, we may have to wage war with China, or our
  eastern borders may be very hostile. So those are not very wise for Burmese.
  The point is there were crackers in both sides in the past, now we have cracker,
  we still have mistrusts, but at least this conversation is a good starting point.
  Yes I am a foul mouthed guy but this is a good blog topic Par Ka Nyout!
January 9, 2011 10:14 PM


မန်းကိုကို said...

     အပေါ်က Anonymous ကို ပြန်မဆွေးနွေးခင် စကားပလ္လင်တွေ နည်းနည်းခံရပါဦးမယ်။
ကျနော်ငယ်စဉ်က အိမ်မှာလူလေးယောက်မရတဲ့ ထင်းရူးသေတ္တာနဲ့ စာအုပ်အပြည့်ရှိပေမယ့်
အသုံးမဝင်လှတဲ့ စာပေဗိမာန်ထုတ် စာအုပ်တွေပဲ များခဲ့ပါတယ်။ ထင်ရှားတဲ့သူတွေရေးတဲ့ စာ
အုပ်အချို့ကို မြည်းစမ်းဖူးပေမယ့် ကျွတ်ကျွတ်ဝါးသလိုဖတ်ပြီး စိတ်အာရုံနည်းတာမို့ သိပ်မှတ်
မထားခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် ကိုတင့်ဦးက ကျနော့်ထက် သမိုင်းဖက်မှာ အများကြီးနှံ့
စပ်ပါတယ်။ မြန်မာပြည်မှာ ကနေ့သိနေ သင်နေကြတဲ့သမိုင်းဟာ ဗမာ့သမိုင်းပဲဆိုဆို၊ ဗမာတွေ
စိတ်ကြိုက်တည်းဖြတ်ထားတယ်၊ ရာဇဝင်နဲ့ မသဲကွဲဖူးပဲပြောပြော ကိုတင့်ဦးတို့လို ပိုနှံ့စပ်သူက
ဆွေးနွေးပေး တင်ပြပေးရင် အကျိုးပိုမယ်လို့ ထင်ပါတယ်။ (လိုနေ မှားနေတာတွေ ရှိရင်လည်း
ဆရာ့ဆရာများထပ်ဝင်လာပြီး ထောက်ပြပေးမယ်လို့ မျှော်လင့်ပါတယ်။) ကျနော်လိုနေတယ်
ထင်တာ လွဲနေတယ်ထင်တာကို (စိတ်ခံစားမှုပဲပါပါ) ဝေဖန်ထောက်ပြတာကို စိတ်ထဲဘယ်လိုမှ
မထားပါဘူး။ အားနာစရာ မလိုပါဘူး။ ကိုယ်လည်း မပြည့်စုံတာကြောင့် ပို့စ်ကိုတောင် “၁.၁”
လို့ပဲ ခေါင်းစဉ်ပေးရဲတာပါ။

   ပထမ Anonymous ပြောတဲ့ နှစ်ဖက်တပ်တွေရဲ့ ကွားခြားမှုဟာ ဖြစ်နိုင်ပါတယ်။ အလှည့်
အပြောင်းမှာ အဓိကကျတဲ့ အချက်အချို့ကတော့ ကရင်တပ်တွေ ရန်ကုန်သိမ်းကာနီးမှာ လက်
နက်ခဲယမ်းဖက်မှာ အတော် အခက်အခဲရှိနေပြီလို့ သိရပါတယ်။ နောက်တစ်ခုက အပစ်ရပ်
ဆွေးနွေးတာကို ကရင်တွေက စောင့်ထိန်းလိုက်တာကြောင့်လို့ ဆိုသူတွေလည်း ရှိပါတယ်။
ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်လေးမှာ မြန်မာပြည်အနှံ့က တပ်တွေကို ပြန်စုလိုက်နိုင်
ပြီး (အပေါ်ကပြောတဲ့ ဒေါ်ပုတို့လိုလူတွေ ရှာပေးတဲ့ငွေနဲ့) လက်နက်တွေ ဖြည့်တင်းနိုင်ခဲ့တဲ့
အချိန်မှာ ကရင်တပ်တွေက သူတို့နှာခေါင်းထိပ်လေးတင်ကပ်ပြီး ဝင်လာတဲ့စစ်ကူတွေကို ဒီ
အတိုင်း လက်ပိုက်ကြည့်နေခဲ့ ကြရတယ်လို့လည်း သိရပါတယ်။ ပြန်မဖြစ်နိုင်တာတွေကို
တမ်းတပြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းတွေသင်တဲ့အခါ ဒါတွေထည့်ပြောမယ်
မထင်လို့ ထည့်ရေးတာပါ။

   ဘုရင်စနစ်နဲ့ ထိုင်းဘုရင်ကိစ္စကတော့ နည်းနည်းပြောချင်ပါတယ်။ အရင်က ထိုင်းနိုင်ငံ
အကြောင်း ပို့စ်ရေးနေရာက ဆက်မရေးပဲ ဖြတ်ထားတာကြောင့် သိထားတဲ့ အကြွင်းအကျန်
ကလေးတချို့ကို ထည့်ပေးတဲ့သဘောလည်း ပါပါတယ်။ ယေဘုယျ ဘုရင်စနစ်ကို ဒီဖက်
ခေတ်အထိ ဆွဲယူလာတာကတော့ ဘဝင်သိပ်ကျလှတယ်မဟုတ်ပေမယ့် သူများရဲ့အမြစ်
တွယ်နေတာကို အပြစ်လို့တော့ သွားမပြောရဲပါဘူး။ ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုကို အပုပ်
ချတယ်လို့ ယူဆရင် သူတို့ရှိထားတဲ့ သားရေပင်ဥပဒေကလည်း နိုင်ငံခြားသား အတော်
များများကိုတောင် ဒုက္ခပေးခဲ့ပြီးပါပြီ။

   ဒီကနေ့ ဘုရင်ကိုထိခိုက်တာကြောင့် ဆင်ဆာပိတ်ထားတဲ့ ဝက်ဘ်ဆိုဒ်ပေါင်း ၂၅၀၀ ကျော်
ရှိပါတယ်။ ဘုရင့်အသရေဖျက်မှု ဥပဒေကို သူတို့ရဲ့ သံရုံးဝက်ဘ်ဆိုဒ်တွေမှာလည်း ပြူးနေ
အောင် ကြေငြာထားပါတယ်။ အိမ်ရှေ့မင်းသား ဘုရင်ဖြစ်လာရင် ရှုပ်လာနိုင်တာတွေကို
ကြိုတင်ပူပန်နေသူတွေလည်း ရှိပါတယ်။ ဘုရင်ကိုယ်တိုင်လည်း သူ့လူတွေရဲ့ အထွဋ်အမြတ်
တင်တဲ့ ဖြစ်စဉ်မှာ ဓါးစာခံလိုဖြစ်နေတဲ့ အပိုင်းလည်းရှိတယ်လို့ ပြောလို့ရပါတယ်။ (ဒီဘုရင်
ကောင်းလို့ ဘုရင်စနစ် ရှိသင့်တယ်လို့တော့ အဓိပ္ပါယ် မထွက်ပါဘူး)။ ဘုရင့်မိသားစုကိုမှီပြီး
တွင်ကျယ်နေသူ၊ မျိုးချစ်လုပ်နေသူတွေ၊ အခွင့်အရေး ယူနေသူတွေလည်း အများကြီးပါ။ ဘု
ရင့်အသရေဖျက်မှုနဲ့ ထောင်ချခံခဲ့ရတဲ့ သြစတြေးလျသတင်းထောက် တစ်ယောက်ရဲ့အတွေ့
အကြုံအရ ဘုရင်ကိုအင်တာဗျူးလုပ်ထားတဲ့ စာအုပ်တစ်အုပ်ဆိုရင် အပြင်မှာရောင်းခွင့်မရှိပဲ
ထောင်စာကြည့်တိုက်မှာသာ အင်္ဂလိပ်လို တင်ထားပေးတယ်လို့ ဆိုပါတယ်။

   ပြောရင်တော့ အများကြီးပါပဲ၊ ဒါပေမယ့် ဘုရင်ကို ထိုင်းနိုင်ငံသားတိုင်းချစ်တယ် အထွဋ်
အမြတ်ထားတယ်ဆိုတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၆-၇ နှစ်လောက်က ပထမဆုံး ထိုင်း
တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရဲ့ “သူဟာ သာမန် အသက်ကြီးသူ တစ်ယောက်ပါ” လို့
ပြောတာကြားပြီး အံ့သြခဲ့ရဖူးပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံမှာ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေ
ထဲက ကွန်မြူနစ်တွေလည်း ဘုရင်စနစ်မကြိုက်သူတွေထဲ ထိပ်ဆုံးကပါလိမ့်မယ်လို့ ယူဆ
နိုင်ပါတယ်။
January 10, 2011 4:18 AM


မန်းကိုကို said...

   နောက်တစ်ခုကတော့ ထိုင်းလူမျိုးတွေဟာ မြန်မာပြည်ထက် ကံကောင်းရုံကလွဲပြီး လူမှုရေး
ပညာရေး စသည်ဖြင့် ဘက်စုံထိုးဖေါက်ပြီး တိုးတက်နေတဲ့အဆင့် ရောက်နေပြီလို့ ဘယ်လိုမှ
ပြောလို့မရနိုင်သေးတဲ့ အနေအထားမှာ ရှိနေတုန်းပါ။ အာရှစိတ်ဓါတ်၊ ပဒေသရာဇ်စိတ်ဓါတ်
နာမည်တွေ ကြိုက်သလိုတပ်ချင်ရင် တပ်လို့ရနိုင်တဲ့အဆင့်မှာ ကန့်လန့်ဖြစ်နေတုန်းပါ။ အဲဒီ
ထဲမှာ ကရင်နဲ့ အခြားတိုင်းရင်းသားတွေကို ဒုတိယတန်းစား နိုင်ငံသားအဆင့်ပဲ (မသိသလို
တစ်မျိုး၊ သိသိကြီးနဲ့ ရူးချင်ယောင်ဆောင်ပြီး) သဘောထားကြတာတွေကိုလည်း သတိထား
ကြည့်ရင် တွေ့နိုင်ပါတယ်။

   နောက်ဆုံး ရှမ်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားတာကို သဘောပေါက်ပါတယ်။ ဒါပေ
မယ့် ကျနော့်အမြင်ပြောမယ်နော်။ ဗမာစနစ်နဲ့ ပညာသင်ကြီးပြင်းလာခဲ့ရသူ တစ်ယောက်
အနေနဲ့ ဗမာတွေတွေးပုံကို နားလည်ပေးလို့ ရပါတယ်။ အထူးသဖြင့် အခြားတိုင်းရင်းသား
တွေ အကြောင်းကို ကျောင်းမှာသင်ထားခဲ့ရသလောက်ပဲ သိထားရတဲ့ အချိန်တွေတုန်းကပါ။

   ဒီကနေ့မှာတော့ နယ်ချဲ့လို့ခေါ်ခဲ့ကြတဲ့ အင်္ဂလိပ်တွေလည်း သူတို့သိမ်းပိုက်ထားတဲ့ နယ်
မြေတွေနဲ့ပတ်သက်လို့ ဒီလိုပုံစံပဲ တွေးကြလေမလားဆိုတာ အသိဝင်လာပါတယ်။ အင်္ဂလိပ်
ခေတ်နဲ့ မတူတာကတော့ ငွေကြေးတွေ ပိုကြပ်တည်းလာတာ၊ ယဉ်ကျေးမှုတွေကို လွတ်
လွတ်လပ်လပ် ဖေါ်ထုတ်ခွင့်မရှိတာနဲ့ အုပ်ချုပ်ရေးမှာ အစစအရာရာ ပြည်မ (ဗမာတွေ)
အမိန့်အတိုင်း လုပ်နေကြရတာတွေက စရပါလိမ့်မယ်။ တစ်နိုင်ငံလုံးလည်း ဒီအတိုင်းပဲ၊ မင်း
တို့ တစ်မူးပိုမရှူနဲ့လို့ ဆိုတဲ့အဆင့်အထိတော့ မလုပ်သင့်ပါ။ အလယ်အလတ် လမ်းစဉ်တွေ
ရှိပါတယ်။ ဒီလိုပြောပြန်တော့ ဗဟိုမှာက စစ်အာဏာရှင်တွေနဲ့ ကန့်လန့်သွားခံနေပြီး အချို့
ဗမာတွေအတွက် အတော်ခွကျပါလိမ့်မယ်။ တဖက်ကလည်း သူများဖက် ပါမသွားစေချင်
တိုင်း အတင်းလုပ်လို့ တွန်းထုတ်တဲ့ပုံစံမျိုး ဖြစ်မသွားစေဖို့လည်း လိုတယ်ဆိုတာ သတိ
ထားသင့်ပါတယ်။ (နောက်မှ ဆက်ဆွေးနွေးပါဦးမယ်။)
January 10, 2011 4:18 AM

No comments:

Post a Comment