ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, November 4, 2014

ပြည့်လည်ရွဲကို လွှဲမျက်နှာ လှည့်မည်လား (ပ-လွှာ)

   ကြာခဲ့ပါပြီ ။
   စောစောပိုင်း ညတစ်ည ။
   မဟာဗန္ဒုလ ပန်းခြံဝင်းထဲဖွင့်ထားတဲ့ Happy World ဂိမ်းရုံလေးရဲ့ ရှေ့မှာ ။
   အပျင်းပြေ တီဗွီဂိမ်းလေး ဝင်ကစားပြီး အထွက် ၊ ဂိမ်းရုံရှေ့လေးတင် ခွေးခြေပုလေးတွေနဲ့ခင်းထားတဲ့
လမ်းဘေးဆိုင်လေးမှာ ဝင်ထိုင်လိုက်တယ် ။
   အနီးနားမတော့ ယောက်ျားသားအချို့နဲ့ အမျိုးသမီးအချို့ ရှိနေကြတယ် ။
   အချို့လည်း ကိုယ့်နားတစ်ဝိုက်က ခုံပုလေးတွေမှာ ထိုင်နေကြတယ် ။

Sunday, September 21, 2014

ဒီမိုး ၊ ဒီလေ ၊ ဒီကရင်တွေနဲ့



။။။  ရယ်စရာမလိုတဲ့ ကရင်တွေအတွက် သရော်စာ (၁)  ။။။


(A) ကရင်တွေတော့ "ဟင်္သာကိုးသောင်းဇာတ်" ခင်းနေကြပြီ ။

(B) ဟေ့ ... တို့ကရင်တွေကို ဒီလိုမနှိမ်နဲ့ကွ ။
ကရင်တွေ ဒိထက်မက "သာ"တယ် ။

Sunday, September 14, 2014

လက်တစ်ဆုံး အမုန်းခံပြီး ပြောပါရစေ ဖထီးရေ



   ‘ဖထီး’ရေ ၊ စာမလာတာကြာလို့ စိတ်များတောင် ကွက်နေသလား ။
   ‘ယာ’လည်း ဘဝသစ်မှာ တစ်ဆစ်ထပ်ချိုးနေရလို့ မရေးဖြစ်တာပါ ။
   ခဏခဏရေးပြီးလည်း ဖထီးနဲ့ ဖထီးရဲ့ အဖွဲ့စည်းကြီးကို တကျီကျီ နားမပူစေချင်ဘူးလေ ။
   ခုရေးတာကိုလည်း နားနဲ့မနာပဲ ၊ ဖဝါးနဲ့ဖြစ်ဖြစ် ကျောကုန်းနဲ့ဖြစ်ဖြစ် ဇက်ပိုးနဲ့ဖြစ်ဖြစ် အဆင်ပြေသလို
နာပေးပါနော ။

   ယာလည်း ရေးချင်ပြောချင် တွေ့ချင်မေးချင် ဆွေးနွေးချင်တဲ့စိတ်တွေက အများသားပါ ။
   ဒီလိုနဲ့ပဲ ကာလရှည်ကြာ ကြိမ်ဖန်များစွာဖြစ်လာတော့ ၊ ပြောရမှာတောင် လည်ပင်းမှာ ငါးရိုးစူးသလိုလို
ဧရာမနှမ်းစေ့ကြီး နင်နေသလိုလိုပါပဲ ။

   ခက်သည်က သည်လို ဖထီးရဲ့ ။
   ဖထီးလုပ်ကိုင်နေတဲ့ ကရင့်အဖွဲ့စည်းကြီးရဲ့ လုပ်ပုံကိုင်ခန်းတွေက ၊ ပြောချင် ပြူးချင် စွေစောင်းစောင်းနဲ့
ကြည့်ချင်စရာတွေက အများသားမို့လား ။

Sunday, May 25, 2014

ကရင်များအတွက် တို့ထိ ဆွေးနွေးကြည့်ခြင်း



   နေ့စဉ် ဖြတ်သန်းမှုတွေကသော်၎င်း ၊ ဘဝမှာ တွေ့ကြုံဆုံတာတွေအပေါ် မူတည်ပြီးသော်၎င်း ၊ စိတ်
စေတသိတ်ကို လှုံ့ဆော်လာတဲ့ အကြောင်းရင်းများကြောင့်သော်၎င်း ၊ ကျနော်ဟာလည်း အများသူငါ
တွေလိုပဲ စိတ်ကူးပေါက် အမြင်ရောက်ပြီး တွေးတောစစ်ကြောမိတာလေးတွေ ရှိတတ်စမြဲပါ ။ အဲဒီအထဲ
က သင့်ရာရာကို အဆင်ပြေအားလပ်ချိန်မှာ ၊ စာအဖြစ် ချရေး မှတ်တမ်းပြုဖို့ ရည်ရွယ်ချက်နဲ့ ဒီစာကို
သီကုံးဖြစ်ပါတယ် ။ ကရင်တွေအတွက်လို့ဆိုပေမယ့် ၊ ဖတ်မိသူတိုင်းအတွက်လည်း မတူတဲ့ စိတ်ကူး
စိတ်သန်းလေးတွေ ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ် ။ အကျိုးသာ များမယ်ဆိုရင် ၊ မပယ်မပစ် ငါးဖယ်
ခြစ်သလို အကုန်အစင် ရယူသုံးစွဲသွားကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ။

   အခါအားလျော်စွာ ဆင့်ကဲ ရေးသွင်းသွားမယ့် ဒီစာစုဟာ - အသေးဖွဲ ကိစ္စရပ်တွေ ပါနိုင်သလို ၊ ခြုံငုံ
မြင်တွက်ပြီး အယူအဆ တင်ပြပုံအနေမျိုးနဲ့လည်း ရှိနိုင်ပါတယ် ။ ကုန်ကုန်ပြောရရင် ၊ ခုဖတ်နေတဲ့ စာ
ပိုဒ်တွေကိုတောင် နောက်တစ်ခါ လာအဖတ်မှာ ရှိကောင်းမှ ရှိတော့မှာဖြစ်သလို ၊ မမှတ်မိလောက်
အောင် စီပြောင်းသရုပ်ချထားလို့ အသွင်လွဲနေတဲ့ စာစုလေးတွေအဖြစ် မြင်ကောင်းမြင်ရမှာပါ ။ လူ
တိုင်းသိပြီးသား မတည်မြဲတဲ့ လောကကြီးမှာ ၊ ဘာတွေ မြင်မိသလဲဆိုတာ ဆက်ကြည့်လိုက်ကြရ
အောင် ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++




(၇)  ငိုကြရအောင်

   ငိုတတ်တဲ့ကလေး နို့ပိုစို့ရတယ်ဆိုတာ လူအများ သိထားကြပြီးသားပါ ။
   သတိထားမိသူနည်းတဲ့ အမြင်ကတော့ - ကရင်လူမျိုးတွေနဲ့ငိုတာ ဘယ်လို ဆက်စပ်ပတ်သက်နေ
သလဲ ဆိုတာပါ ။

   ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မေ့မရတဲ့ အတွေ့ကြုံတစ်ခု ပြောပြချင်တယ် ။
   ခိုလှုံရာစခန်း (refugee camp) ထဲမှာ နိုင်ငံရပ်ခြား အဖွဲ့စည်းတစ်ခုကနေ စစ်ဘေးဒုက္ခနဲ့ပတ်သက်
လို့ မေးမြန်းစုံစမ်း မှတ်တမ်းလေးလုပ်ချင်တယ်လို့ အကူညီတောင်းလာတယ် ။
   ဆိုးဆိုးရွားရွား ကိုယ်တိုင် ခံစားခဲ့ရသူတစ်ဦးကို ရွေးချယ်ဖိတ်ခေါ်ပြီး အမေးအဖြေ လုပ်ပါတယ် ။
   ကျနော့်မိတ်ဆွေဖြစ်သူကတော့ စကားပြန်ပေါ့ ။

Saturday, March 15, 2014

အဝေးနယ်ချဲ့ ၊ အနီးနယ်ချဲ့နဲ့ မျက်ရည်ကြားက ဟားတိုက်ရယ်ကြရမယ့်သူတွေ



   ဒီစာစု ရေးဖြစ်ဖို့ရာဟာ Facebook ပေါ်က ဗိုလ်မှူး Sai Thein Win ထံမှာ လတ်တလောဖြစ်နေတဲ့ ၊
ကရိုင်းမီးယား ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖြစ်ရာက စခဲ့ပါတယ် ။ အဓိကအနေနဲ့ ကျူးကျော်မှု
လုပ်လာတဲ့ရုရှကို အလွန်မရှိဘူးလို့ ဆိုချင်သူတွေရဲ့ လှုံ့ဆော်မှုကြောင့်လို့ ဝန်ခံရပါလိမ့်မယ် ။
    Mahn Koko - ရုရှကျူးကျော်တာ မလွန်ဘူးလို့ ပြောသူတွေဟာ ၊ တစ်ခုခုတော့ လွဲနေပြီလို့
                      ကောက်ချက်ချမယ် ။
                      မသိလို့သော်၎င်း ၊ ကြီးနိုင်ငယ်ညှင်းစနစ် ကြိုက်လို့သော်၎င်း ၊ နိုင်ငံတကာ ကျင့်
                      ဝတ်တွေကို အလေးမထားလို့သော်၎င်း ၊ ဖြစ်နိုင်ခြေကတော့ အမျိုးမျိုးရှိတယ် ။

    Sunday, February 23, 2014

    ကျွံနိုင်သော်လည်း ဆိုရေးကရှိသည်မို့


    (၁) သိက္ခာ
     
        အပစ်ရပ်ဖို့ အမိန့်ပေးထားပါတယ် ။
        တိုက်လိုက်တာများ လိုင်ဇာနားရောက်သွားတယ် ။
     
        နိုင်ငံရေးအကျဉ်းသားမရှိဘူး ။
        လွှတ်လိုက်ပါပြီ ဟောကနဲ ဟောကနဲ ။

    Saturday, February 15, 2014

    မီးပူတိုက်ပါရစေ



       မီးပူတိုက်ပါရစေဆိုလို့ မီးလောင်တိုက်သွင်းမယ်လို့တော့ အယူမမှားစေလို ။
       အဝတ်အစားဆန့်ပြန့်ရလေအာင် မီးပူတိုက်ခြင်းမျိုးကိုပဲ ညွန်းရည်ပါတယ် ။
       သဘောလည်းမမျှ အရေးကြီးတယ်လည်း မထင်ရပါရင်ဖြင့် ၊ ကျနော့်ရဲ့ ယွင်းလိုချက်မို့ ၊ နောက်များ
    နောင်ခါမှပဲ ဖြည့်ပြန်ဆည်းပိုးပေးပါ့မယ် ။ ခုများခါတော့ စရိယာဒုက္ခာလေးများ ၂ မိနစ်လောက် ပါရမီ
    ဖြည့်တင်းပေးကြပါကုန် ။

    - ဆင်ကို ကြာရိုးနဲ့ ထိုးကြည့်မယ်

     မကြာမတင်က ဖတ်မိတဲ့ အမေးဖြေခန်းလေးတစ်ခုမှာ အရေးကြီးပြီး ထောက်ပြပြောဆိုဖို့ လိုနိုင်တယ်
    ထင်မိတာလေးတစ်ခုကို အောက်ကအတိုင်း ချရေးထားပါတယ်ဗျာ ။

    Tuesday, January 14, 2014

    ပိန်းကြာတောလယ် တိုးဝင်မိသောအခါဝယ်



       လူအတော်များများ ၊ ကိုယ်မကျွမ်းကျင် မရင်းနှီးတဲ့ ပတ်ဝန်းကျင်ထဲကို မျက်စေ့လည်လမ်းမှားပြီး
    ရောက်ဖူးကောင်း ရောက်ဖူးကြမယ် ။
       အဲသည်ထဲမယ် ရာခိုင်နှုန်းအတော်အတန်ရဲ့ စိတ်ထဲပူပင်သွားတာမျိုး ၊ စိုးရိမ်သွားတာမျိုး ၊ မသက်
    မသာ ဖြစ်တာမျိုးတွေလည်း ဖြစ်တတ်ကြလေ့ရှိတာ ၊ သိကြ ကြုံကြ ကြားဖူးကြလိမ့်မယ်လို့ ယူဆပါ
    တယ် ။
       ဒါမျိုးကို ကျနော်လည်းမကြုံချင်သလို ၊ စာဖတ်သူအများစုကလည်း ကြုံချင်ကြလိမ့်မယ် မထင်ပါ ။
       သို့သော် တစ်ခါတစ်ရံမှာတော့ ၊ စိတ်အလိုလိုက်လို့ဖြစ်စေ ချိန်ဆပြီးတော့ဖြစ်စေ လိုအပ်လို့ဖြစ်စေ ၊
    တမင်ကို သွားရ ဝင်ရ ပြောဆိုရတာမျိုးတွေလည်း ရှိတတ်တာပါပဲ ။

    Wednesday, January 8, 2014

    စွန့်ဦးလုပ်ငန်းရှင် - မိတ်ဆက် (Entrepreneur - An Introduction)


       “ကျုပ်ရဲ့အခွင့်အလမ်းတွေကို ကျုပ်မြင်လို့ အဲဒါတွေကို ကျုပ်ရယူခဲ့တယ်”။
       ဒီစကားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်လောက်က နယူးယောက်မြို့မှာ သြဇာရှိနိုင်ငံရေးသမား
    တစ်ဦးဖြစ်ပြီး၊ တမူထူး အကျင့်ပျက်ချစားခဲ့တဲ့ George Washington Plunkitt (1842-1924) ဆိုသူ
    ကနေ၊ သူ့ရဲ့ ‘ရိုးသားတဲ့အကတိလိုက်စားမှု’လို့ တင်စားထားတဲ့ နိုင်ငံရေးနဲ့စီးပွားရေး ရောပွမ်းအသက်
    မွေးတဲ့အလုပ်ကို ခြုံငုံပုံဖေါ်ပြီး ပြောခဲ့တဲ့စကားစုပဲ ဖြစ်ပါတယ်။ သူဟာ တကယ့်ကို လူလိမ်လူညစ်တစ်
    ယောက် ဖြစ်ခဲ့ပေမယ့်၊ သူ့ရဲ့ တိုတိုနဲ့လိုရင်းရောက်တဲ့ ပြောဆိုချက်လေးကတော့ ကနေ့အချိန်ထိ “စွန့်
    ဦးလုပ်ငန်းရှင်”ဆိုတာကို အဓိပ္ပါယ်ဖေါ်ပြတဲ့နေရာမှာ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေဆဲပါ။

    Thursday, January 2, 2014

    ရိုးရှင်းတဲ့ နောက်ထပ် နေ့ကလေးတစ်နေ့




       ဒီကနေ့ဟာ အနောက်တိုင်း Gregorian calendar နှစ်သစ်နဲ့ ကရင့်နှစ်သစ်ကူးနေ့တို့ လာတိုက်ဆိုင်
    တဲ့ နှစ်တစ်နှစ်ပါ ။ ဒီကနေ့မနက် မဲလ်ဘုန်းမြို့ ၊ က ၊ မူလတန်းကျောင်းမှာလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲ
    အခမ်းအနားကို ကလေးတစ်ယောက်ခေါ်ပြီး သွားတက်ဖြစ်ခဲ့တာကြောင့် ၊ မှတ်တမ်းမှတ်ရာအနေနဲ့
    တင်ထားလိုက်သလို ၊ မနက်ပိုင်း နေ့ကူးစမှာ ချရေးထားဖြစ်တဲ့ ဖေ့စ်ဘွတ်က စာစုလေးတစ်စုကိုပါ
    မှတ်တမ်းတင် ထည့်ထားလိုက်ပါတယ် ။