ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, January 17, 2013

Facebook ပေါ်က ဝါယောစုများ




(၁)  မာ့က်စ်ဝါဒီများနှင့် ကျနော်

     များမကြာခင်က ဖတ်မိတဲ့ သရော်စာဆန်ဆန် စာစုတစ်စုကတော့ "ဘိုဘိုလန်းစင်" ရေးတဲ့
"ဂျပန်ခေတ်က မဟဝှါ" ပါ ။ Facebook ပေါ်မှာ share လုပ်ရင်း ရေးဖြစ်ခဲ့တာကတော့ အောက်က
အတိုင်းပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~

~   သရော်စာကောင်း တစ်ပုဒ်လို့ မြင်တယ် ။

    တစ်ဆက်ထဲ မှတ်ချက်တစ်ခု ပြုချင်တယ် ။
   မာ့က်စ်ဝါဒကို လက်မခံပဲ ဘာကြောင့် သူ့နောက် ယုံကြည်လိုက်လျှောက် နေသူတွေနဲ့ကျ ပလဲ

နံသင့်ပုံ ရနေသလဲလို့ မေးချင်သူတွေ ရှိကောင်းရှိမယ် ။

ကျနော့်အဖြေက - ကမ္ဘာမှာကြည့်ရင် အချို့သော အလယ်ယိမ်းတဲ့ အချို့သော အစုအဖွဲ့တွေက

လွဲရင် မာ့က်စ်ဝါဒဟာ ယေဘုယျအားဖြင့် ဆုတ်ယုတ်နေတဲ့ ဝါဒတစ်ခုဆိုတာ မှန်ပါတယ် ။ ဒါဟာ
လက်တွေ့ကျတဲ့ အဖြေပါ ။ 

Sunday, January 13, 2013

ရာဇဝင်ရိုင်းသွားတဲ့ ရင်နှစ်ပန်း



   ရေးသင့်ချင်မှ ရေးသင့်မှာမို့ ချီတုံချတုံ ဖြစ်နေခဲပြီးမှ နောက်ဆုံးမှာ ချရေးဦးမှပါပဲလေလို့ ဆုံး
ဖြတ်လိုက်တယ် ။ ဒီအတွေးဆီကို တွန်းပို့ခဲ့တာကတော့ ကချင်ဒေသက သတင်းတစ်ခုကြောင့်
ပါ ။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့အဖွဲ့ ကချင်ပြည်နယ်ကအပြန် သုံ့ပန်းစစ်သား
အယောက် ၃၀ ကို ပြန်ခေါ်လာဖို့ ကြိုးစားခဲ့ရာမှာ အာဏာပိုင်တွေက ရဲတပ်ဖွဲ့ဝင် ၃၀ ဆိုပြီး
သုံးစွဲပြောဆိုခဲ့တဲ့ ကိစ္စပါပဲ ။

Tuesday, January 8, 2013

ပလုံစီလာတဲ့ ကရင်တွေရဲ့ အသံ




  လှိုင်သံ / ပဲ့တင်သံ

   များမကြာခင်က KNU ရဲ့ (၁၅) ကြိမ်မြောက် အထွေထွေညီလာခံ ပြီးဆုံးသွားခဲ့တယ် ။ မျက်
နှာသစ် မျက်နှာဟောင်း ခေါင်းဆောင်တွေလည်း အရွေးချယ်ခံရတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အလျို
လျို ပေါ်ထွက်လာခဲ့တယ် ။ အဖွဲ့နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိတဲ့ ကျနော့်အနေနဲ့ ကောင်း
တယ် မကောင်းဘူး ၊ ဘာဖြစ်တယ် ဘယ်လိုတွေပေါ့ဆိုပြီး မပြောလိုပါ ။ သို့သော် နီးစပ်ရာ
မိတ်ဆွေအချို့နဲ့ စကားစမြည် ပြောဖြစ်ရာကနေ စုဆောင်းရရှိတဲ့ မေးခွန်းလေးတစ်ချို့ကို
တော့ မှတ်တမ်းတင်ထားချင်ပါတယ် ။ မိမိကိုယ်ကို အမျိုးသားရေး ခေါင်းဆောင်တွေလို့ ခံ
ယူထားသူတွေဆီ တစ်နည်းနည်းနဲ့ ပေါက်ရောက်ပြီး ယူတတ်ရင် အကျိုးဖြစ်ကောင်း ဖြစ်နိုင်
မယ်လို့ ယူဆမိလို့ပါ ။

Saturday, January 5, 2013

အော်လှန်ရေး




   ခေတ်အဆက်ဆက်မှာ အုပ်ချုပ်သူ ၊ ဖိနှိပ်သူ ၊ ကျူးကျော်သူ ၊ အင်အားပိုကြီးသူတွေကို လက်
နက်ကိုင်ပြီး တန်ပြန်တော်လှန်သူတွေ ရှိခဲ့တယ် ။ အမိန့်အာဏာကို မလိုက်နာခြင်းအားဖြင့် အာ
ခံသူတွေလည်း ရှိခဲ့တယ် ။ တန်ပြန်တော်လှန်ဖို့ ၊ အာခံဖို့ ဆိုတာကလည်း အနည်းဆုံး လုပ်ရ
ကောင်းမှန်း သိမှ ၊ စဉ်ဆက်မပြတ် စွမ်းအားနဲ့ တွန်းအားတွေရှိမှ ၊ ဝိုင်းဝန်း အကာအကွယ်ပေးမှု
အတိုင်းတာတစ်ခုထိ ရှိပါမှလည်း လုပ်နိုင်ကြမှာဖြစ်တဲ့အတွက် လက်ဆင့်ကမ်း ဝေမျှသူ ၊ အား
သစ်လောင်းပေးသူတွေလည်း လိုအပ်နေခဲ့တာတော့ အမှန်ပဲ ။ ဒီလိုလူတွေဟာ ပုံစံအမျိုးမျိုး ၊
နည်းအမျိုးမျိုးနဲ့ ရှိခဲ့ လှုပ်ရှားခဲ့ကြရာမှာ အာဏာရှိတဲ့ အသိုင်းဝန်းထဲကပဲ ပေါ်ပေါက်ဖြစ်တည်
လာတတ်သလို ၊ သီးခြား အင်အားစုတွေ အဖြစ်နဲ့လည်း ရှိနေတတ်ကြပါတယ် ။