ဆန်းစစ်ဝေဖန် တွေးခေါ်ဖို့ရာမှာ ကျော်လွှားဖို့လိုတဲ့ ရှုပ်ထွေးတဲ့ အဟန့်အတားအချို့ရဲ့ နိဂုံးပိုင်း ခေါင်း
စည်းကလေးတွေကို ကြည့်ကြရအောင် ။
* အကြောင်းမဲ့သော ယူဆချက်များနှင့် ပုံသေကားကျ အယူအဆများ
(Unwarranted Assumptions and Stereotypes)
လူတွေဟာ ယူဆချက်တွေအပေါ် အခြေခံပြီး နေ့စဉ်လုပ်ကိုင်ဖြတ်သန်းနေကြပါတယ် ။ ဥပမာ -
ကျောင်းသားတစ်ဦးဟာ သူ့ဆရာကို ဘယ်အချိန် ကျောင်းသွားရမလဲဆိုတာ နေ့တိုင်းလှမ်းမေးမနေဘဲ
သူမှာရှိထားတဲ့ အချိန်ဇယားဟောင်းအတိုင်း ကျောင်းကို အရောက်သွားတာဟာ ၊ သူရထားတဲ့ အချိန်
ဇယားထဲကအတိုင်း မပြောင်းမလဲ ကျောင်းတက်ရမယ်လို့ ယုံကြည်ယူဆလို့ဖြစ်ပါတယ် ။ ဒါပေမယ့် ဒါ
က ယုံကြည်လောက်တဲ့ အကြောင်းရှိတဲ့ ယူဆချက်ဖြစ်ပါတယ် ။ မိုးလေဝသ ကြေငြာချက်ကြောင့် အ
ပြင်သွားတဲ့အခါ ထီးဆောင်သွားတာဟာလည်း ၊ မိုးရွာမယ်လို့ခန့်မှန်းတာကို မှန်တယ်လို့ ယူဆစရာ
အကြောင်းရှိတယ်လို့ ပြောနိုင်ပါတယ် ။
အကြောင်းရင်းမဲ့တဲ့ ယူဆချက်တွေကတော့ အများအားဖြင့် ပုံသေကားကျ အယူအဆ သို့မဟုတ်
ယေဘုယျ ရောနှောသတ်မှတ်တတ်မှုတွေဆီက လာပါတယ် ။ နယ်တစ်နယ်က လူတစ်ယောက်နဲ့
ဆက်ဆံရရာမှာ ရိုင်းစိုင်းတဲ့အတွက်ကြောင့် ၊ ဒီလူရဲ့နယ်က လူတွေအားလုံး ရိုင်းကြမှာပဲဆိုပြီး တစ်
ဖက်သတ် သတ်မှတ်တာမျိုးဟာ ဒီအမျိုးအစားထဲမှာ ဝင်ပါတယ် ။ ဒါ့ပြင် လူတစ်ယောက်ရဲ့ အရည်
အသွေးနဲ့ အမူအကျင့်တွေကို ကြည့်ပြီး တိုင်းတာတာမဟုတ်ပဲ သူပါဝင်နေတဲ့ အဖွဲ့အစည်းကိုမူတည်
ပြီး ဆုံးဖြတ်သတ်မှတ် ယူဆတာမျိုးဟာလည်း ပုံသေကားကျယူဆတဲ့ ဘောင်ထဲဝင်နေတာမို့ သတိ
ပြုကြဖို့ လိုပါတယ် ။ ဒီတော့ အရင်းရှင်တွေ ၊ လက်ဝဲသမားတွေ ၊ ဂျူးတွေ ၊ အစွန်းရောက်တွေ စသည်
ဖြင့် သုံးစွဲတဲ့အခါမျိုးမှာ ပုံသေကားကျ (stereotypes) ဘောင်ထဲ ရောက်သွားတတ်ပါတယ် ။
* ကိုယ်ပိုင်ယူဆချက်အပေါ်အရင်းခံသော တွေးတောမှု (Relativistic Thinking)
တက္ကသိုလ်တစ်ခုမှာ ကြုံတွေ့နေကျ အဖြစ်တစ်ခုကို ကြည့်ရအောင် ။
တပည့် - ဆရာ ၊ ကျနော့်ရဲ့ အဖြေလွှာကို ဘာကြောင့်အမှတ်နည်းနည်းပဲ ပေးရတာလဲ ဆရာ ။
ဆရာ - ဒါလား ၊ အဖြေလွှာရဲ့ အောက်ဆုံးမှာ ပေးထားတဲ့မှတ်ချက်ကို တွေ့တယ်မဟုတ်လား ။
မင်းရဲ့ အဖြေလွှာထဲမှာ မင်းရဲ့ထင်မြင်ချက်တွေကို တင်ပြထားခဲ့ပေမယ့် အဲဒါတွေကို
ထောက်ခံသက်သေပြတဲ့ အချက်အလက်တွေ တစ်ခုမှ ထည့်မထားဘူးလေ ။
တပည့် - ဆရာက ကျနော့်ရဲ့ ထင်မြင်ယူဆချက်ကို သဘောမတူလို့ အမှတ်နည်းနည်းပဲ ပေး
တယ်လို့ ဆိုလိုတာလား ဆရာ ။
ဆရာ - မဟုတ်ပါဘူးကွ ၊ မင်းအမှတ်နည်းရတာဟာ မင်းရဲ့ ထင်မြင်ယူဆချက်ကို ထောက်ခံ
တင်ပြတဲ့ သက်သေပြချက်တွေ မပါလို့ပါ ။
တပည့် - ဒါပေမယ့် ဆရာရယ် ၊ လူတိုင်းဟာ သူတို့ရဲ့ ထင်မြင်ချက်ကို တင်ပြခွင့်ရှိကြတာပဲ ။
လူတိုင်း သူတို့ရဲ့ ထင်မြင်ယူဆချက်ကို စွဲကိုင်ခွင့်ရှိပြီး ၊ တပါးသူတွေကလည်း မှား
ကြောင်း သက်သေမပြနိုင်ကြပါဘူး ။ ဒါနဲ့များ ဒါကိုမှန်ကြောင်း သက်သေပြဖို့ လို
သေးလို့လား ဆရာရယ် ။
ဒီဖြစ်ရပ်မှာကြည့်ရင် တပည့်လုပ်သူဟာ Relativistic Thinking ထောင်ချောက်ထဲက မရုန်းထွက်
နိုင်တာကို တွေ့ရနိုင်ပါတယ် ။ ဒီနေရာမှာ ထောင်ချောက်ကို မြင်နိုင်ဖို့ဟာ အရေးပါလာပါတယ် ။
ဘာလို့လဲဆိုတော့ ဒီလိုထောင်ချောက်ထဲ ရောက်သွားပြီဆိုတာနဲ့ critical thinking ကို ဆက်လေ့
လာဖို့တောင် အကြောင်းရင်းမရှိ (သို့မဟုတ်) မမြင်နိုင်တော့လို့ပါပဲ ။
Relativistic Thinking (relativitism) မှာ အခြေခံအကျဆုံးအနေနဲ့ နှစ်မျိုးထပ်ခွဲလို့ ရပါသေးတယ် ။
(က) အမှန်တရားဟာ လူတစ်ဦးစီရဲ့ ထင်မြင်ချက်နဲ့သာ ဆိုင်တယ်ဆိုတဲ့ အယူအဆ (subjectivism) နဲ့
(ခ) အမှန်တရားဟာ လူမှု သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ထင်မြင်ချက်လို့ ယူဆတဲ့ (cultural relativism)
တို့ပဲ ဖြစ်ကြပါတယ် ။
(ထင်မြင်ချက် ၊ ယဉ်ကျေးမှု ၊ လူ့ကျင့်ဝတ်စတာတွေဟာ လိုအပ်တာ မှန်ပေမယ့် ကျယ်ပြန့်တဲ့ အမြင်
မတူတာတွေ ၊ မဆုံးနိုင်တဲ့ အငြင်းအခုံတွေနဲ့ ကျိုးကြောင်းကျတဲ့ ဖြေရှင်းမှုတွေကို ပေးနိုင်ဖို့မလွယ်တဲ့
အရာတွေဖြစ်ပါတယ် ။ critical thinking ကတော့ သိပ္ပံနည်းလမ်း အကျနိုင်ဆုံးဖြစ်အောင် လုပ်ဖို့ကြိုး
စားတဲ့ တွေးခေါ်ခြင်းမျိုးလို့ ဆိုနိုင်ပါတယ် ။)
* ဖြစ်ချင်သောအတွေး (Wishful Thinking)
ဘောလီဘောပွဲတစ်ခုမှာ ဖြစ်ပါတယ် ။
နောက်ဆုံးပွဲမှာ အမှတ်အကြိတ်အနယ်ဖြစ်နေချိန်တုန်း အသင်းတစ်ခုက အခွင့်ရေးကောင်းတစ်ခု
ရလာပါတယ် ။ အဲဒါကတော့ သူတို့ရဲ့ပြိုင်ဖက်အသင်းဝင်တွေ ကစဥ့်ကလျားဖြစ်သွားတာပါပဲ ။ ဒါကို
အခွင့်ကောင်းယူပြီး ဘော်လုံးကို အကွက်ကျကျ ပို့လိုက်ရုံနဲ့ “နိုင်”ရတော့မယ့် အနေအထားမှာ အရမ်း
နိုင်ချင်ပြီး အစွမ်းလည်းပြချင်နေတဲ့ ရှေ့တန်းကအသင်းသားက ဘောလုံးကို အားရပါးရ ရိုက်ချလိုက်
ပါတော့တယ် ။ အကျိုးဆက်ကတော့ ဘော်လုံးဟာ စည်းပြင်ကို ကပ်ကာသီကာ ထွက်သွားပြီး တဖက်
အသင်းကို အခွင့်အရေး လက်လွဲပေးလိုက်ခဲ့သလို ဖြစ်သွားပါတော့တယ် ။
နောက်ဆုံး အရှူံးနဲ့ ကွင်းပြင်ကို ထွက်လာခဲ့ရပေမယ့် ခုနက အမှားလုပ်ခဲ့တဲ့ အသင်းသားကတော့
သူ့အမှားကို လက်မခံနိုင်သေးပါဘူး ။ တစ်သင်းလုံးနဲ့တစ်ယောက် “ငါရိုက်လိုက်တာ စည်းအထဲကို
တစ်တောင်လောက်တောင် ဝင်နေတာ ၊ ဒိုင်ညစ်လို့သာ ငါတို့ရှူံးသွားတာ” လို့ ခံငြင်းနေပါတယ် ။
လပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ဒီအသင်းသားဟာ သူမှားခဲ့ပါတယ်ဆိုတာ ဝန်ချနိုင်တဲ့
အနေအထားကို ရောက်လာခဲ့ပြီး အားလုံးကို တောင်းပန်ခဲ့ပါတော့တယ် ။
ခင်ဗျားတို့ကော ဒီလိုဖြစ်ချင်တဲ့အတွေးတွေနဲ့ မှားခဲ့ဖူးပါသလား ။ မှားခဲ့ဖူးပါတယ်ဆိုရင် ခင်ဗျားတစ်
ယောက်ထဲမဟုတ်ပါဘူး ။ လူသားသမိုင်းတစ်လျှောက်လုံးမှာကိုက ဒါမျိုးတွေနဲ့ ပြည့်နေတာပါ ။ အခု
သိပြီဆိုရင်တော့ ရှေ့လျှောက်သတိထားဖို့ရာ နောက်မကျသေးပါ ။
- Critical Thinking မိတ်ဆက် (၃ - ၁)
- Critical Thinking မိတ်ဆက် (၂)
- Critical Thinking မိတ်ဆက် (၁)
- ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၁)
ကောင်းမြတ် စုံလင်ကြစေလိုသော စေတနာများဖြင့် ၊
မန်းကိုကို
၂၂ ၊ ၁၀ ၊ ၂၀၁၁
Bassham G, Irwin W, Nardone H & Wallace J 2008, Critical Thinking: a student’s introduction, 3rd edn, McGraw-Hill Higher Education, New York.
======================
Notes:
** ဒီစာစုတွဲကို စိတ်ဝင်စားသူတွေရှိသလို ၊ လေ့လာကျင့်သုံးသူ ၊ ဝေမျှလက်ဆင့်ကမ်းသူတွေလည်း
ရှိမယ်လို့ ယုံကြည်ပါတယ် ။ ဘယ်လိုသုံးစွဲ ခွဲဝေမျှပေးတာမျိုးကိုမဆို ကြိုဆိုပါတယ် ။
** ဒီစာတွဲနောက်မှာ Fallacies လို့ခေါ်တဲ့ “အတွေး ၊ အထင်အမြင် ၊ ယုတ္တိအမှားများ” တွေအကြောင်း
တစ်တွဲဆက်ရေးသွားဖို့ ရည်ရွယ်ထားပါတယ် ။
တစ်တွဲဆက်ရေးသွားဖို့ ရည်ရွယ်ထားပါတယ် ။
** စာရေးသူဟာ တီထွင်ဖန်တီးသူမဟုတ်ပါ ။ စုစည်း ဘာသာပြန် ဝေဌသူသာ ဖြစ်ပါတယ် ။ ဒါကြောင့်
ဘယ်သူမဆို ဒီစာစုတွေကို ကူးယူ သုံးစွဲ ဖြန့်ဝေတာမျိုးကို ခွင့်ပြုပါတယ် ။ ခွင့်တောင်းစရာ မလိုသလို ၊
စာရေးသူအမည်ကို အသုံးမပြုချင်ရင်လည်း ဖြုတ်ထားခဲ့လို့ ရပါတယ် ။
* ဒိထက်မက လေ့လါချင်သူတွေအတွက် critical thinking နဲ့သက်ဆိုင်တဲ့ Link အတော်များများ ထည့်
သွင်းပေးထားတဲ့နေရာကို သွားလိုရင်တော့ Air University link မှာ သွားရှာဖတ်နိုင်ကြပါတယ် ။
* ဒိထက်မက လေ့လါချင်သူတွေအတွက် critical thinking နဲ့သက်ဆိုင်တဲ့ Link အတော်များများ ထည့်
သွင်းပေးထားတဲ့နေရာကို သွားလိုရင်တော့ Air University link မှာ သွားရှာဖတ်နိုင်ကြပါတယ် ။
Shared on my fb.
ReplyDeleteYou're welcome.
ReplyDelete