ဆန်းစစ်ဝေဖန်တွေးခေါ်ခြင်းဟာ အင်မတန်ပဲအရေးကြီးသလား ။ ဘာလို့ ပညာဥာဏ်မြင့်မားသူ
တွေအပါအဝင် လူအတော်များများ ဆန်းစစ်ဝေဖန်တွေးခေါ်ဖို့ရာမှာ ခက်ခဲနေကြသလဲ ။
ယေဘုယျဆိုရရင်တော့ ကျော်လွှားဖို့လိုတဲ့ ရှုပ်ထွေးတဲ့အဟန့်အတားတွေရှိလို့ပါပဲ ။ အဲဒီအထဲက
(၁) သက်ဆိုင်သော နောက်ခံသတင်းအချက်အလက်များ မရှိခြင်း (lack of relevant background
information) ၊
(၂) စာဖတ်အရည်အချင်းများ ချို့တဲ့မှု (poor reading skills) ၊
(၃) ဘက်လိုက်ခြင်း (bias) ၊
(၄) အခြေအမြစ်မရှိသော အစွဲအလမ်း (prejudice) ၊
(၅) အယူသီး ၊ အစွဲအလမ်းကြီးခြင်း (superstition) ၊
(၆) အတ္တကြီးခြင်း အလေ့အထ (မိမိကိုယ်ကို ဗဟိုပြု တွေးခေါ်ခြင်း) [egocentrism (self-centered
thinking)] ၊
(၇) ပတ်ဝန်းကျင်လူမှုအုပ်စုကို ဗဟိုပြုသော အလေ့အထ (အုပ်စုဗဟိုပြု တွေးခေါ်ခြင်း၊ အုပ်စုစိတ်
ဓါတ်) [sociocentrism (group-centered thinking)] ၊
(၈) အပေါင်းအဖေါ်များ၏ ဖိအား (peer pressure) ၊
(၉) ထုံးတမ်းစဉ်လာနောက်လိုက်ခြင်း အလေ့အထ (conformism) ၊
(၁၀) ဒေသအစွဲရှိခြင်း အလေ့အထ (provincialism) ၊
(၁၁) သဘောထားကျဉ်းမြောင်းခြင်း (narrow-mindedness) ၊
(၁၂) ပြင်ပအတွေး အမြင် အသိများကို လက်မခံခြင်း (close-mindedness) ၊
(၁၃) ကျိုးကြောင်းအပေါ် မယုံကြည်မှု (distrust in reason) ၊
(၁၄) ကိုယ်ပိုင်ယူဆချက်အပေါ်အရင်းခံသော အတွေးအခေါ် (relativistic thinking) ၊
(၁၅) ပုံသေကားကျဖြစ်ခြင်း (stereotyping) ၊
(၁၆) အကြောင်းမဲ့သော ယူဆချက်များ (unwarranted assumptions) ၊
(၁၇) မဆိုင်သည်ကို အပြစ်ပုံချခြင်း (scapegoating) ၊
(၁၈) ရှာကြံအကြောင်းပြခြင်း (rationalization) ၊
(၁၉) ငြင်းပယ်ပိတ်ပင်ခြင်း (denial) ၊
(၂၀) ဖြစ်ချင်သောအတွေး (wishful thinking) ၊
(၂၁) ရေတိုအတွေး (short-term thinking) ၊
(၂၂) ရွေးချယ် (ဇီဇာကြောင်သော) သိမြင်နားလည်ခြင်း (selective perception) ၊
(၂၃) ရွေးနှုတ်မှတ်မိသတိရခြင်း (selective memory) ၊
(၂၄) မွှန်ထူနေသော စိတ်ခံစားမှုများ (overpowering emotions) ၊
(၂၅) မိမိကိုယ်ကို လှည့်စားခြင်း (self-deception) ၊
(၂၆) မျက်နှာမပျက်အောင် ကာကွယ်ခြင်း ၊ အသရေဆယ်ခြင်း (face-saving) ၊
(၂၇) အပြောင်းအလဲကို ကြောက်ရွံ့ခြင်း (fear of change) တို့ပဲဖြစ်ကြပါတယ် ။
အဲဒီအထဲကမှ အဓိက အဟန့်အတားဖြစ်နေကြတဲ့ အချို့အချက်တွေကို အကျယ်ချဲ့ကြည့်ကြ
ရအောင် ။
□ အတ္တကြီးခြင်း အလေ့အထ (Egocentrism)
ဒီအလေ့အထဟာ လူတိုင်းဆီမှာ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်တာမျိုးပါ ။
အတ္တကြီးရင်ကြီးသလို ကိုယ့်ကိုယ်ကို လောကကြီးတစ်ခုလုံးရဲ့ အလယ်မှာထားပြီး ကိုယ်စိတ်ပါ
ဝင်စားရာ ၊ စိတ် ကူးစိတ်သန်းနဲ့ ထားရှိတဲ့တန်ဖိုးတွေဟာ အခြားသူတွေထက်သာတယ်လို့ ယူဆ
တတ်ကြပါတယ် ။ ဒီအလေ့အထမှာ နှစ်မျိုးခွဲလို့ရပါတယ် ။
▫ Self-interested thinking – လူတစ်ယောက်ရဲ့ အရာရာကို ကိုယ့်အလိုကျ ဟန်ချက်ညှိလက်ခံပြီး
ဒါကိုလည်း ယုံယုံကြည်ကြည်ကာကွယ်ဖို့ဖက်ကို ယိမ်းယိုင်တာမျိုးပါ ။ ဥပမာဆိုရရင် -
◊ ဆရာဝန်အများစုက သူတို့ကို တရားစွဲဖို့ခက်အောင်လုပ်တဲ့ဥပဒေကို ထောက်ခံကြပါတယ် ၊ (ဒါကို
တရားတဘောင်နဲ့ အသက်မွေးတဲ့ ရှေ့နေအများစုကတော့ မထောက်ခံပါဘူး) ၊
◊ ကျောင်းဆရာအများစုက အလုပ်တည်မြဲရေး ၊ ခံစားခွင့်အမျိုးမျိုးရရှိရေး ၊ စာသင်ချိန်နည်းရေးနဲ့
ကျောင်း ဆုံးဖြတ်ချက်တွေချရာမှာ ပါဝင်လိုကြပါတယ် ၊ (အခွန်ဆောင်သူတွေနဲ့ ကျောင်းအုပ်ချုပ်
ရေး တာဝန်ခံတွေကတော့ ဒီလိုမတွေးပါဘူး) ၊
◊ အလုပ်သမားတွေက အလုပ်ရုံပိတ်ပစ်တာကို ကြိုတင်အသိပေး အကြောင်းကြားစေမယ့် ဥပဒေ
တွေကို ထောက်ခံပါတယ် ၊ (အလုပ်ရှင်တွေကတော့ ဆန့်ကျင်ဖက်တွေးကြပါတယ်) ၊
◊ မဲပေးသူအတော်များများက တိုင်းပြည်ရဲ့ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လိုချင်ကြပါ
တယ် ၊ (ရွေးကောက်ခံထားရတဲ့ နိုင်ငံရေးသမားတွေကတော့ မကြိုက်ကြပြန်ပါဘူး) ။
ဒီကိစ္စရပ်တွေမှာ ခိုင်လုံတဲ့ အရင်းခံအကြောင်းပြချက်တွေ ရှိနိုင်ကြပါတယ် ။ ဒါပေမယ့် စိတ်ပိုင်း
ဆိုင်ရာ ရှုထောင့်ကနေကြည့်ရင်တော့ အတ္တအခြေပြု အတွေးအမြင်တွေဟာ အတိုင်းအတာတစ်ခု
အထိ ပါဝင်ပတ်သက်နေကြပါတယ် ။
တစ်ဖက်မှလည်း ကိုယ်ကျိုးဖက်အတွေးတွေဟာ နားလည်ခွင့်လွတ်ပေးလို့ရတယ်လို့ မြင်ရနိုင်ပါ
တယ် ။ ဥပမာ - ဒါဟာ ငါ့အတွက်အကျိုးရှိတယ် ၊ ဒီတော့ ဒီအရာဟာကောင်းတယ်ဆိုတဲ့ အတွေး
မျိုးတွေဟာ လူတွေကို အမြဲတမ်းဆွဲဆောင်နေပါတယ် ။ ဒါပေမယ့် critical thinking အတွက် က
တော့ ဒါတွေဟာ အဓိကအဟန့်အတားတွေ ဖြစ်နေတတ်ပါတယ် ။ တခါတရံမှာ နာကျင်ကောင်း
နာကျင်စေမှာဖြစ်ပေမယ့် သက်သေခံတွေနဲ့ ငြင်းခုံချက်တွေကို မျှမျှတတဘက်မလိုက်ပဲ ချိန်ဆဖို့
လိုပါတယ် ။
▫Self-serving bias - ဒါကတော့ ကိုယ့်ကိုယ်ကို ရှိတာထက်ပိုပြီး အကဲဖြတ်တတ်တဲ့ ယိမ်းယိုင်မှု
မျိုးပါ ။ အချို့ကတော့ သူတို့ကိုယ်ကို ဒီအနေအထားကနေ ကင်းလွတ်တယ်လို့ ထင်တတ်ပါတယ် ။
အဲဒီလို ထင်မိပြီ ဆိုရင်တော့ ကိုယ့်ဘာသာလှည့်စားနေမိလားဆိုတာ သတိထားရပါတော့မယ် ။ အမှန်
တော့ ကိုယ့်ဘက်ကိုယ် လိုက်တတ်တာဟာ အပေါ်လွင်ဆုံး လက္ခဏာတစ်ရပ်ပါ ။
သုတေသနတစ်ခုရဲ့အဆိုအရ အထက်တန်းကျောင်းသားပေါင်း “တစ်သန်း” ကို သူတို့ရဲ့ “ပေါင်းသင်း
ဆက်ဆံရေး အရည်အချင်း” နဲ့ပတ်သက်ပြီး မေးခွန်းမေးခဲ့ရာမှာ တစ်ယောက်မှ မိမိကိုယ်ကို ညံ့ကြ
တယ်လို့ မထင် တာတွေ့ရပါတယ် ။ တက္ကသိုလ်ပါမောက္ခ ၉၀% ကျပြန်တော့ သူတို့ရဲ့ စာသင်ကြား
တဲ့ အရည်အချင်းဟာ သာမန်ထက်ပိုတယ် (ကောင်းတယ်) လို့ ဖြေကြားခဲ့ကြပါတယ် ။
အမှန်တကယ် လုပ်ကိုင်အောင်မြင်မှုတွေအပေါ် အခြေခံတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုဟာ အောင်
မြင်မှု အတွက် အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပေမယ့် ၊ လွန်ကဲတဲ့ယုံကြည်မှုကတော့ ပုဂ္ဂိုလ်ရေး
အရကော ဥာဏ်ရည်တိုးပွားရေးအတွက်ပါ အတားအဆီးတွေ ဖြစ်လေ့ရှိပါတယ် ။
□ ပတ်ဝန်းကျင်လူမှုအုပ်စုကို ဗဟိုပြုသော အလေ့အထ (Sociocentrism)
ဒီအလေ့အထဟာ critical thinking ကို နည်းလမ်းအမျိုးမျိုးနဲ့ လွဲချော်စေနိုင်ပါတယ် ။ အဲဒီ အထဲ
က အဓိကနှစ်မျိုးကို ကြည့်ရအောင် ။
▫ Group bias - လူတစ်ဦးဟာသူ့မိသားစု ၊ လူမှုအသိုင်းဝိုင်း ၊ ဒါမှမဟုတ် နိုင်ငံနဲ့ပတ်သက်လို့ ပိုပို
သာသာ ရှုမြင်တတ်ကြပါတယ် ။ တဆက်ထဲမှာပဲ အပြင်လူလို့ သတ်မှတ်ထားတဲ့သူတွေအပေါ် သံ
သယနဲ့ သို့မဟုတ် မျက်နှာသာမပေးတဲ့ ပုံစံမျိုးတွေနဲ့ ကြည့်တတ်တဲ့အလေ့တွေဟာ အလွယ်တကူ
တွဲပါလာတတ်ပါတယ် ။ ဒါဟာ သမိုင်းအစဉ်အဆက်တစ်လျှောက် မှန်မှန်ဖြစ်နေခဲ့တဲ့ အလေ့ပါ ။
ဒီစိတ်ထားမျိုးဟာ ငယ်စဉ်ကတည်းက မသိစိတ်ထဲ ဝင်ရောက်ကိန်းအောင်းနေတတ်ပြီး ဆွစ်ဇာလန်
လူမျိုး ပညာရှင်တစ်ယောက်ကနေ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ရာမှာ ခုလိုတွေ့ရပါတယ် ။
စဉ်းစားတွေးတော တတ်လာကာစအရွယ် ၊ စကားကိုလည်း အမှန်အတိုင်းဖြေတတ်တဲ့ အရွယ်ဖြစ်
တဲ့ ၈ နှစ်သား ဆွစ်ဇာလန်ကလေးလေးတစ်ယောက်ကို ရွေးချယ်မေးမြန်း ခဲ့ရာမှာ -
ပညာရှင် - အကယ်၍ မင်းကို ကြိုက်တဲ့နိုင်ငံရဲ့ နိုင်ငံသားအဖြစ်ကို ပေးမယ်ဆိုပါတော့ ၊ ဘယ်နိုင်ငံကို
ရွေးမှာလဲ ။
ကလေးငယ် - ဆွစ်ဇာလန်နိုင်ငံသားပါ ။
ပညာရှင် - ဘာဖြစ်လို့လဲ ။
ကလေးငယ် - ကျနော်ဒီမှာမွေးလို့ပါ ။
ပညာရှင် - ဆွစ်နဲ့ ပြင်သစ်လူမျိုးနှစ်မျိုးလုံးဟာ စိတ်ကောင်းကြတယ် ၊ သူတို့စိတ်ကောင်းတာခြင်း
အတူတူပဲလား ၊ ဒါမှမဟုတ် ဘယ်လူမျိုးက ပိုကောင်းသလဲ ။
ကလေးငယ် - ဆွစ်လူမျိုးပါ ။
ပညာရှင် - ဘာဖြစ်လို့လဲ ။
ကလေးငယ် - ပြင်သစ်တွေဟာ အမြဲတမ်းဆိုးကြတယ် ။
ပညာရှင် - ဒါနဲ့ ဆွစ်နဲ့ပြင်သစ်လူမျိုးတွေ ယှဉ်လိုက်ရင် ဘယ်လူမျိုးက ပိုဥာဏ်ကောင်းသလဲကွ ။
ကလေးငယ် - ဆွစ်လူမျိုးပါ ။
ပညာရှင် - ဘာကြောင့်လဲ ။
ကလေးငယ် - ဆွစ်လူမျိုးတွေက ပြင်သစ်စကားကို ခဏလေးသင်ရုံနဲ့ တတ်ကြတယ် ။
ဒီပညာရှင်ကပဲ ပြင်သစ်ကောင်လေးတစ်ယောက်ကို အမေးအဖြေလုပ်ပြန်ပါတယ် ။
ထွက်လာတဲ့အဖြေတွေက အပေါ်ကနဲ့ မတိမ်းမယိမ်းပါပဲ ။ ပြင်သစ်တွေက အားလုံးသာတာပေါ့ ။
နောက်ဆုံး မေးခွန်းမေးဖို့က ပညာရှင်ကိုယ်တိုင်ကိုပါပဲ ။ ဒီတော့ ဘယ်နိုင်ငံက ပိုသာသလဲ ။ ဆွစ်
ဇာလန်ပညာရှင်ရဲ့ အဖြေကရှင်းပါတယ် ။ ဆွစ်ဇာလန်နိုင်ငံဟာ ပြင်သစ်ထက် အမြဲတမ်းသာနေခဲ့
တာကြောင့် ဆွစ်ဇာလန်က သာပါတယ်တဲ့ခင်ဗျား ။
▫ Conformism - ဒါကတော့ လူတွေရဲ့အုပ်စုနောက်ကို ယိမ်းပြီးလိုက်သွားတတ်တဲ့ အလေ့ပါ ။ အုပ်
စုဝင် ဖြစ်ချင်တဲ့စိတ်ထားဟာလည်း ဒီအုပ်စုရဲ့ သြဇာ သို့မဟုတ် ယုံကြည်ချက်နဲ့ သတ်မှတ်ထား
တဲ့ လုပ်ဆောင်ရမှာတွေကို မစဉ်းစားပဲလိုက်လျှောက်ဖို့ လူတွေရဲ့စိတ်ကို ကြီးကြီးမားမား နှိုးဆွပေး
ပါတယ် ။
စမ်းသပ်မှုတစ်ခုမှာ လူတစ်ယောက်ကို ရိုးရှင်းလွယ်ကူတဲ့ မေးခွန်းတွေကို ဖြေစေတဲ့အခါ ၉၉% ကို
မှန်အောင်ဖြေနိုင်တယ်ဆိုတာ တွေ့ရပါတယ် ။ နောက်တစ်ကြိမ်မှာတော့ အဖြေမှန်ကိုသိပေမယ့် အ
မှားတွေချည်းဖြေတဲ့ လူ ၈ ယောက်နဲ့အတူတူ မေးခွန်းသစ်တွေ ဖြေစေတဲ့အခါမှာတော့ အဖြေသုံးပုံ
ပုံရင် တစ်ပုံကို မှားဖြေထားတာ တွေ့လိုက်ရပါတော့တယ် ။
နောက်ထပ်လူသိများတဲ့ စမ်းသပ်မှုတစ်ခုမှာတော့ ကျောင်းသားတစ်စုကို လျှပ်စစ်ကျင်စက်ခလုပ်
တွေကို ထိန်းချုပ်ကိုင်တွယ်စေပါတယ် ။ ခလုပ်တွေဟာ လျှပ်စစ်ဓါတ်နည်းနည်းလေးလွတ်နိုင်တဲ့
အဆင့်ကနေပြီး အန္တရယ်ရှိတဲ့အဆင့်အထိလွှတ်လို့ရပြီး အခြားတစ်ဖက်ခန်းမှာက စမ်းသပ်ခံရမယ့်
လူတွေရှိပါတယ် ။ ကျောင်းသားတွေကိုတော့ “ကျင်စက်ဒဏ် ခံနိုင်ရည်စမ်းတာ”လို့ပဲ ပြောထားခဲ့
ပါတယ် ။
စမ်းသပ်စဉ်ကာလတလျှောက်မှာ ကျောင်းသားအများစုဟာ နာကျင်အော်ဟစ်နေတဲ့ အစမ်းသပ်ခံ
လူတွေကို မျက်ကွယ်ပြုပြီး အနောက်ကနေအမိန့်ပေးတဲ့အတိုင်း လျှပ်စစ်လွှတ်တဲ့ခလုပ်ကို အန္တရာယ်
ရှိတဲ့အဆင့်အထိ မြှင့်တင်ခဲ့ကြပါတယ် ။
အမှန်မှာတော့ လျှပ်စစ်ဓါတ်တွေ တကယ်စီးမနေခဲ့ပါဘူး ။ စမ်းသပ်ခံလူတွေကနေ ဟန်ဆောင်
အော်ဟစ် နေခဲ့ကြတာ ဖြစ်ပါတယ် ။ အကယ်၍သာ လျှပ်စစ်အမှန်တကယ်စီးနေခဲ့ရင် လူအတော်
များများ အသက်ပါ ပါသွားမယ့် အနေအထားရှိပါတယ် ။ ဒါကိုကြည့်ရင် လူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်
တန်ဖိုး ၊ ယုံကြည်မှုနဲ့ တွေးခေါ်ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းတွေကို မျက်ကွယ်ပြုပြီး အမိန့်အာဏာနဲ့
ခိုင်းစေမှုတွေအပေါ် မှီခိုလုပ်ဆောင်တတ်တဲ့ သဘောသဘာဝကို မြင်နိုင်ပါတယ် ။
Critical thinker တစ်ယောက်အနေနဲ့ ဒီလို အမိန့်အာဏာအပေါ် မှီခိုတတ်မှုနဲ့ ညှို့ယူဖမ်းစားတတ်
တဲ့ ပတ်ဝန်းကျင်ဖိအားတွေကို သတိထားပြီး ၊ ဒါတွေကိုရင်ဆိုင်နိုင်ဖို့ လွတ်လပ်တဲ့အတွေး အလေ့တွေ
မန်းကိုကို
Reference
Bassham G, Irwin W, Nardone H & Wallace J 2008, Critical Thinking: a student’s introduction, 3rd edn, McGraw-Hill Higher Education, New York.
ကောင်းလိုက်တာဗျာ။ ဖတ်ရင်းနဲ့ ဆုံးသွားမှာတောင် စိုးမိတယ်။ ဆရာမိုကန်းကန်းက အတွေးဆန်းလေးတွေ ပေးတယ်။
ReplyDeleteခင်မင်လျက်
အတွေးဆန်းတွေရယ်လို့တော့ အပြေးမမှန်းလိုက်ပါနဲ့ သူကြီးရယ် ၊ ကျနော့်ကိုယ်ပိုင် အတွေးအမြင်ဆိုလို့ ဘာသာပြန်တဲ့အခါ ဘယ်ဟာကအရေးကြီးပြီး ဘယ်သင်းကတော့ဖြင့် ချန်ထားလို့ရတယ်ဆိုတာ ဆုံးဖြတ်ရုံလောက်ပဲ ရှိပါတယ် ။
ReplyDeleteအရင်ပို့စ်တွေတုန်းက လွယ်သယောင်ရှိပေမယ့် ခုတစ်ခါတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလို့လားမသိဘူး သုံးလလောက်တောင် အရှိန်ယူလိုက်ရတယ် ။ နောက်ထပ် ပို့စ် ၃-၄ ခုလောက် အနည်းဆုံးရှိဦးမှာဆိုတော့ အဆုံးသတ်ဖို့ကလည်း အချိန်ယူရဦးမှာ သေချာပါတယ် ။ အဲဒီကြားထဲတော့ နိုင်ငံရေးမိတ်ဆက်နဲ့ အခြားဟာလေးတွေပါ ရောရေးဦးမယ် စိတ်ကူးပါတယ် ။
အမှန်မှာတော့ critical thinking နဲ့ နိုင်ငံရေးအကြောင်းတွေက လူတွေအများကြီး ရေးခဲ့ ၊ ဘာသာပြန်ခဲ့ပြီးသားပါ သူကြီးရယ် ။ ကျနော်က ကိုယ်စိတ်သန်ရာ ၊ စာအုပ်တွေထဲက ရှာရလွယ်တာနဲ့ နားလည်လွယ်တာ ၊ သူများတွေ ရေးခဲ့ ဘာသာပြန်ခဲ့တဲ့ စာအုပ်တွေနဲ့ မတူတာကို ရွေးချယ်မိသွားရာက သူကြီးလည်း မသိဖူးတာတစ်ချို့ပါလာပြီး သဘောကျသွားတာ နေမှာပါ ။
နောင်ကိုလည်း ညံ့ကွက်ကလေးတွေ အများကြီး ရေးသွားဦးမှာမို့ စိတ်ပျက်စရာတွေလည်းရှိကြောင်း ကြိုတင်အသိပေးလိုက်ရပါတယ် ပြိုင်စံရှားတုံးဖလားသူကြီးခင်ဗျား ... :-)
Half of the Swisses speak French as the mother tongue while another half speak German. In other words, half Swisses are culturual if not ethnic kins to French, another half of Swizerland to Germany.
ReplyDelete