ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, October 14, 2011

သတ်ပုံ မှန်လုလု သာ ဓု



   နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင် လွှတ်ပေးလိုက်ပါပြီ ။
   ဖြစ်သင့်တဲ့ကိစ္စမို့ အကောင်းဖက်ကို ဦးတည်တယ်လို့ ပြောရပါမယ် ။

   စုစုပေါင်း လွှတ်လိုက်တဲ့ထောင်သားပေါင်းက ၆၀၀၀ ကျော်ပါ ။
   သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ပေးတာမို့ “သာဓု”ခေါ်ချင်ပါတယ် ။ ဒါပေမယ့် ခပ်ဆဆ ပြန်စဉ်း
စားရပြန်တယ် ။

   နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာဟာ ၊ ဖြစ်သင့်တာမို့ ဝမ်းသာစရာဖြစ်ပေမယ့် ၊ အာလူးဟင်း
ချက်တာ မလောက်လို့ ကြက်သားရောချက်ရတယ် ဆိုတာမျိုးကို သွားသတိရတယ် ။ အခြား သိမြင်
ဖူးတာတွေနဲ့ တွဲစပ်ကြည့်ပြီး မေးခွန်းတွေလည်း နည်းနည်းထွက်လာတယ် ။

   များမကြာခင်က အမေရိကန်မှာ နိုင်ငံ့အသုံးစရိတ် လျှော့ချဖို့အတွက် အကျဉ်းသားတွေကို အချိန်
စောပြီး လွှတ်ပေးဖို့ အဆိုပြုချက်တွေ ရှိလာခဲ့ပါတယ် ။

   ဘာဖြစ်သလဲဆိုတော့ ၊ သာမန်လူအတော်များများက ကိုယ့်လုံခြုံရေးအတွက် သေနတ်တွေဝယ်ဖို့
ရာ စိုင်းပြင်းကြပါတော့တယ် ။ မြန်မာပြည်မှာတော့ ဝယ်စရာ သေနတ်ကို အသာထားလို့ နောက်တစ်
နေ့အတွက် စဉ်းစားနေကြရသူ အများစုကတော့ အုပ်ချုပ်သူတွေသနားမှ နေရ သေရမယ့်သဘော
မှာ ရှိနေလေတော့ ဘယ်သူတွေများ လာပြီးစာနာပေးမလဲ မပြောတတ်တော့ပါ ။

   ငွေများ တရားသေလွှတ်သွားသူတွေအတွက် မထောင်းတာလှပေမယ့် ၊ မရှိခိုးစား ထောင်ကိုသွားရ
သူတွေနဲ့ မတရားဖြစ်ဖြစ် မမှန်မကန်ဖြစ်ဖြစ် ထောင်ကျခံနေရသူတွေ ၊ မျှော်လင့်တကြီးနဲ့ သွေးသား
ရင်း ချစ်ခင်သူတွေကို စောင့်နေကြသူတွေအတွက် စာနာတာတော့ အမှန်ပါပဲ ။ တဖက်မှာကျတော့
လူမှုအသိုင်းဝိုင်အတွက် လုံခြုံမှုကို ခြိမ်းခြောက်လာနိုင်သူတွေ အများကြီးပါနိုင်တာ ထည့်တွက်ရပါ
မယ် ။ အချို့သော ထောင်တွင်းမှာ ပိုအဆင်ပြေသူတွေနဲ့ ထောင်ကလွဲရင် လူအသိုင်းအဝိုင်းမှာ ပြန်
ဝင်လို့မတတ်တော့လောက်အောင် အဆက်ပြတ်နေခဲ့ကြသူတွေလည်း အသင့်အတင့် ရှိနိုင်ပါသေး
တယ် ။ (အိမ်အပြန်ကားခ တစ်မျိုးထဲကလွဲရင်) ဒါတွေကို လွှတ်ပေးသူတွေ က ထည့်တွက်ပုံတော့
မပေါ်ပါ ။



   ဧရာဝတီသတင်းတစ်ပုဒ်မှာ ဖတ်ခဲ့ရတာက မြန်မာပြည်မှာ အကျဉ်းသား ၂သိန်းခွဲလောက် ရှိတယ်
လို့ ဆိုပါတယ် ။ ဒီတော့ နောက်တစ်ခုတွေးလို့ရတာက နှစ်သိန်းကျော်ရှိတဲ့ ထောင်သားတွေထဲမှာ
အခုဆို ၂ သောင်းခွဲကျော်ကျော် လွှတ်ပေးလိုက်တာဟာ ၊ မကြာခင်က နိုင်ငံ့အသုံးစရိတ် လိုငွေ
တွေပြနေတယ် ဆိုတဲ့အချိန်နဲ့ လာပြီးတိုက်ဆိုင်နေတဲ့ ကိစ္စပါ ။ (ဦးသိန်းစိန် လုပ်ရကိုင်ရ ခက်နေ
တာမို့ နိုင်ငံရေးသမားနဲ့ ရာဇဝတ်သားတွေ ရောလွှတ်နေတာမျိုးများ ဖြစ်မလားလို့လည်း တွေးမိပါ
တယ်) ။

   တခါ ဒီနေရာမှာ အကျဉ်းသားနဲ့ လူဦးရေအချိုးကို တွက်ကြည့်ရင် လူ ၂၀၀ ကျော်လောက်မှာ တစ်
ယောက်ဟာ ထောင်ထဲ သို့မဟုတ် အချုပ်ထဲမှာ ရောက်နေတယ်လို့ အဖြေထွက်နေပါတယ် ။ (အဲဒီ
လို တွက်ပြတဲ့ ကွန်မန့်ကိုတော့ ဧရာဝတီ ဆင်ဆာထိသွားလို့ မပါခဲ့ပါဘူး) ။ ဒီလို ထောင်ကျဦးရေ
များနေတာနဲ့ပတ်သက်လို့ - လူတွေရဲ့ အကျင့်စာရိတ္တကို ထိန်းကျောင်းဖို့အတွက် ၊ ထောင်ချတာတစ်
မျိုးထဲ ရှိတာမဟုတ်တော့ဘူးဆိုတာ လက်ခံလာကြပြီဖြစ်တဲ့ ဒီလိုခေတ်အခါမှာ ၊ ထောင်ထဲမှာ လူတွေ
ပုံနေတာမျိုးတွေကို လျှော့ချလာ နိုင်ဖို့တော့ မျှော်လင့်မိပါတယ် ။

   ပြီးတော့ လွှတ်လာသူတွေထဲမှာ ကိုဇာကနာလည်း ပါလာတာမို့ ဝမ်းတစ်ခြမ်းသာရတာတော့ အမှန်
ပါ ။ အမောအပန်း ပြေကြစေဖို့ မကြောက်မရွံ့ ဟာဒယရွှင်ဆေး တိုက်ကျွေးတတ်တဲ့သူတစ်ယောက် ၊
ယုံကြည်ချက်ခိုင်မာပြီး မှန်မှန်ကန်ကန် လုပ်တတ်သူတစ်ယောက်ဖြစ်တာမို့လည်း ဝမ်းသာရတယ်လို့
ပြောလို့ရနိုင်ပါတယ် ။

   သူလွှတ်ပြီး တဆက်ထဲမှာ အင်တာဗျူးတွေထဲ ပြောသွားတာတွေက သဘောကျစရာလေးတွေပါ ။
တစ်ခုရှိတာတော့ သူ့စကားတွေဟာ ပြတ်သားတယ် ၊ သဘောထားတင်းမာသယောင်ယောင်နဲ့ ဆက်
ပြီး ရင်ဆိုင်တိုက်ပွဲဝင်သွားမယ့်သဘောတွေ ဆောင်နေတယ်လို့ မြင်မိတယ် ။ မြန်မာပြည်ရဲ့ နိုင်ငံရေး
ရှေ့ခရီးမှာ အားလုံးတူစရာမလိုပဲ အပျော့ အမာ အပြင်းတွေ စုံစုံလင်လင် ရှိသင့်တာမို့ ၊ သူ့ကို ဆက်
အားပေးသွားရမှာပါပဲ ။

   နောက်တစ်ခု မြင်မိတာက ၊ ကိုဇာကနာနဲ့ သတင်းထောက်အချို့တို့လို နိုင်ငံရေးကို ဦးဆောင်သူ
တွေမဟုတ်ပဲ ၊ သွယ်ဝိုက်အားပေးသူတွေကို အများစု ရွေးလွှတ်ပေးလိုက်သလားလို့ပါ ။

   ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ ဝမ်းသာရခက် ဝမ်းနည်းရခက်တဲ့ သီတင်းကျွတ်လပြည့် လူလွှတ်ပွဲကြီးအတွက်
“သာဓု” ကို တစ်ခွန်းလောက်ပဲ တုန်တုန်ချိချိ ခေါ်ထားလိုက်ပါဦးမယ် ။ ကောင်းတာတွေ ထပ်လုပ်လာ
ရင်တော့ ထပ်ခေါ်ပေးသွားပါ့မယ် ။

             ----------------------------------------------------------------------------



   မြို့ထဲကြည့်နေတဲ့ မျက်လုံးတွေကိုလှည့်ပြီး ၊ နယ်တွေဖက် ကြည့်လိုက်ပြန်တော့ ၊ တိုက်ပွဲတွေက
ဘယ်လိုမှ ပြတ်နိုင်ဖို့ လမ်းမမြင်သေးဘူး ။

   နိုင်ငံရေး မျက်နှာစာမှာ အပြောင်းအလဲဆီကို ဦးတည်နေသယောင်ဖြစ်နေပေမယ့် တိုင်းရင်းသားတွေ
အပေါ်မှာတော့ သံလက်သီးကျွေးဖို့ ကြိုးစားနေတာတွေဟာ ၊ တကယ့်ကို သဘာဝ မကျတာတွေပါ ။
တိုင်းရင်းသားတွေကို တစ်ဖွဲ့တစ်မျိုး ဆွေးနွေးဖို့ ကြိုးစားနေတာတွေဟာလည်း နကိုကရှိထားတဲ့ သံသ
ယတွေကို လျော့ဖို့နေနေသာသာ ပိုတိုးဖို့ ဖြစ်နေပါတယ် ။

   တိုင်းရင်းသားတွေနဲ့ကိစ္စမှာ အပြတ်သတ် နေ့ချင်းညချင်း အပြတ်ချေမှုန်းဖို့ဆိုတာဟာ လောလော
ဆယ်ဆယ် အိပ်မက်ထက် မပိုပါဘူး ။ ဒါပေမယ့် အမိုက်ခံ အနာခံပြီး ဝင်တိုးနေတာဟာ စဉ်းစားစရာ
လေးတွေတော့ ပေးပါတယ် ။

-  မကြာခင် နိုင်ငံတကာက လက်ခံလာနိုင်ချေ အများကြီးရှိတဲ့ အရပ်သားအစိုးရအတွက် အသာစီးက
ဆွေးနွေးနိုင်ရအောင် ရတဲ့အချိန်လေးမှာ ကပ်ပြီး စစ်ရေးအရ အတင်းဖိအားသုံးတဲ့ သဘောလား ။

- သောသီးခိုဘလော့မှာ ပါသလို ဦးသိန်းစိန်ဟာ စစ်တပ်ကိုမထိန်းနိုင်ပဲ ၊ ဦးသန်းရွှေတို့တစ်စုရဲ့ ကြိုးဆွဲ
ရာကို ဗိုလ်ချုပ်မင်းအောင်လှိုင်က လိုက်“က”နေ ကစားနေတာလား ။

- နောက်ဆုံးအနေနဲ့ ဦးသိန်းစိန်ကိုယ်တိုင် ကြိုးဆွဲရာကနေပြီး ၊ တဖက်ကလည်း မမှန်သတင်းတွေ
ဖေါင်းပွအောင် လုပ်နေတာမျိုးလည်း ဖြစ်နိုင်ပြန်ပါတယ် ။

   ဒီနေရာမှာ ဦးသိန်းစိန်ဟာ စေတနာမှန်တယ် ၊ တိုင်းပြည်အတွက် တကယ်လုပ်ချင်တယ်ဆိုရင် ၊ လုပ်
လို့ရတဲ့ နည်းလမ်းတွေထဲကတစ်ခုကတော့ ရဲရဲဝံ့ဝံ့ရှေ့ထွက်ပြီး ပြည်သူ့ဘက်သားပါဆိုတာကို ကွဲပြား
အောင် ပွင့်ပွင့်လင်းလင်း ပေါ်ပေါ်ထင်ထင် ပြောဆိုလုပ်ကိုင်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ ။
အခြေနေကို မျှတသင့်တင့်အောင် ထိန်းညှိလုပ်ကိုင်နေရတာမျိုးလည်း ရှိနိုင်တာမို့ ဖြစ်ကိုဖြစ်ရမယ်လို့
တော့ တထစ်ချမပြောချင်ပါဘူး ။ အရာရာကို စောင့်ကြည့်နေရတဲ့ကာလမို့ ဒီမိုကရေစီလိုလားသူတွေ
အနေနဲ့ အာဏာပိုင်တွေရဲ့ ကကွက်ကိုလိုက်ပြီး “က”နေရတာတော့ အမှန်မို့ ၊ အကောင်းဆုံးဖြစ်ပါစေ
လို့သာ ဆန္ဒပြုဖို့ တတ်နိုင်ပါအုံးမယ် ။

   ဦးသိန်းစိန်ကို အကောင်းဖက်ဦးတည်ပြီး မြင်နေတာမို့ သူ့ကိုထောက်ခံတယ်ရယ်လို့တော့ အဓိပ္ပါယ်
မဆောင်ပါ ။ လက်ရှိ အာဏာရယူထားသူတွေဟာ ပြည်သူတွေကို ကိုယ်စားပြုတယ်လို့ လက်မခံ
ထားတဲ့အတွက် ၊ ဆည်ဆောက်တာတွေကစပြီး သစ်ထုတ်တာ ၊ တွင်းထွက်နဲ့ သတ္တုတူးဖေါ်တာ ၊
စက်မှုဇုံစီမံကိန်း စသည်ဖြင့် အားလုံးကို သဘောမတူပါဘူး ။ ကန့်ကွက်လို့ရသမျှ ကန့်ကွက်သွား
မှာပါပဲ ။ ပြည်သူတွေရဲ့အသံတွေ အုပ်ချုပ်သူတွေကြားထဲ တိုးဝင်ပျံ့နှံ့ အကောင်အထည် ပေါ်လာ
တဲ့အခါမှသာ လုပ်ဆောင်မှုအများစုကို ထောက်ခံကောင်း ထောက်ခံမိပါလိမ့်မယ် ။

   တိုင်းရင်းသား တပ်ဖွဲ့တွေအနေနဲ့ကတော့ ၊ လက်ရှိမှာ ဘယ်သူ့ကိုမှ အားမကိုးပဲ ၊ ပြည်မတပ်
တွေကို တတ်စွမ်းသမျှ တွန်းလှန်ခုခံဖို့နဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ တည်ဆောက်ကြဖို့ပဲ ရှိတယ်လို့ မြင်
ပါတယ် ။ အနည်းဆုံး ကြံ့ကြံ့ခံထားနိုင်ရင်တော့ ဆွေးနွေးမှုတွေဖြစ်လာတဲ့အခါမှာ လက်ရှိထက် အ
များကြီးထပ်လျှော့ပေးရတယ် ဆိုတာမျိုး မဖြစ်ရလေအောင် ကာကွယ်နိုင်ပါလိမ့်မယ် ။


မန်းကိုကို
၁၅ ၊ ၁၀ ၊ ၂၀၁၁

- အမြင်မတူသူတွေကို ပြောချင်ပါတယ် ။
  အခုလို ရေးတာ ပြောတာတွေဟာ သင်ပြ တရားချ ဆရာလုပ်နေတာ မဟုတ်ပါ ။
  တွေးမြင်မိတာတွေကို အချိန်ရခိုက်မှာ လွတ်လွတ်လပ်လပ် ဖေါ်ထုတ်ပြသတာပါ ။
  စာရေးသူဟာ အမြဲတမ်း မမှန်နိုင်သလို ၊ အားလုံးကျေနပ် သဘောကျအောင်လည်း မရေးပါ ။
  ရေးတဲ့စာတိုင်းဟာလည်း စာကောင်းပေမွန် ဖြစ်ဖို့ရာ မရည်ရွယ်ပါ ။
  သင့်တင့်သလို အမြင်မတူရင် မတူသလို ဝေဖန်ဆန့်ကျင် ကွဲလွဲနိုင်ပါတယ် ။

No comments:

Post a Comment