ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, February 18, 2013

ဦးပွစိရဲ့ စကားစတချို့


(၁)  အရောင်ပြောင်းလွယ်သူများ

  လူ့အခွင့်ရေး ကော်မရှင်နာ ကင်တားနားကို သဲသဲလှုပ် ထောက်ခံသူ ၊ ကယ်တင်ရှင်လို မျှော်သူ
ထဲမှာ ကိုယ်မပါ ။

  ခုတစ်မျိုး နောက်တစ်မျိုး မလုပ်ခဲ့တဲ့ သူဟာ ၊ မြန်မာပြည်က လူတွေ အရမ်းကြည်ညိုနေကြတဲ့
ခေါင်းဆောင်တချို့ထက်တောင် ပိုမှန်ကန်သေးတယ်လို့ မြင်တယ် ။
  သို့သော် သူ့ဆီက မျှော်လင့်ခဲ့တာတွေနဲ့ မကိုက်ညီတော့မှ ပြူးပြူးပြဲပြဲ ဖြစ်သူတွေ ၊ ဆန့်ကျင်
သူတွေထဲလည်း ကိုယ်မပါတဲ့အပြင် ၊ အဲသည်လို လုပ်သူတွေဟာလည်း ဂုဏ်သိက္ခာ နည်းပါးသူ
တွေအဖြစ် မပြောသော်လည်း ၊ စိတ်ထဲက ယူဆတယ် ။

Thursday, January 17, 2013

Facebook ပေါ်က ဝါယောစုများ




(၁)  မာ့က်စ်ဝါဒီများနှင့် ကျနော်

     များမကြာခင်က ဖတ်မိတဲ့ သရော်စာဆန်ဆန် စာစုတစ်စုကတော့ "ဘိုဘိုလန်းစင်" ရေးတဲ့
"ဂျပန်ခေတ်က မဟဝှါ" ပါ ။ Facebook ပေါ်မှာ share လုပ်ရင်း ရေးဖြစ်ခဲ့တာကတော့ အောက်က
အတိုင်းပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~

~   သရော်စာကောင်း တစ်ပုဒ်လို့ မြင်တယ် ။

    တစ်ဆက်ထဲ မှတ်ချက်တစ်ခု ပြုချင်တယ် ။
   မာ့က်စ်ဝါဒကို လက်မခံပဲ ဘာကြောင့် သူ့နောက် ယုံကြည်လိုက်လျှောက် နေသူတွေနဲ့ကျ ပလဲ

နံသင့်ပုံ ရနေသလဲလို့ မေးချင်သူတွေ ရှိကောင်းရှိမယ် ။

ကျနော့်အဖြေက - ကမ္ဘာမှာကြည့်ရင် အချို့သော အလယ်ယိမ်းတဲ့ အချို့သော အစုအဖွဲ့တွေက

လွဲရင် မာ့က်စ်ဝါဒဟာ ယေဘုယျအားဖြင့် ဆုတ်ယုတ်နေတဲ့ ဝါဒတစ်ခုဆိုတာ မှန်ပါတယ် ။ ဒါဟာ
လက်တွေ့ကျတဲ့ အဖြေပါ ။ 

Sunday, January 13, 2013

ရာဇဝင်ရိုင်းသွားတဲ့ ရင်နှစ်ပန်း



   ရေးသင့်ချင်မှ ရေးသင့်မှာမို့ ချီတုံချတုံ ဖြစ်နေခဲပြီးမှ နောက်ဆုံးမှာ ချရေးဦးမှပါပဲလေလို့ ဆုံး
ဖြတ်လိုက်တယ် ။ ဒီအတွေးဆီကို တွန်းပို့ခဲ့တာကတော့ ကချင်ဒေသက သတင်းတစ်ခုကြောင့်
ပါ ။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့အဖွဲ့ ကချင်ပြည်နယ်ကအပြန် သုံ့ပန်းစစ်သား
အယောက် ၃၀ ကို ပြန်ခေါ်လာဖို့ ကြိုးစားခဲ့ရာမှာ အာဏာပိုင်တွေက ရဲတပ်ဖွဲ့ဝင် ၃၀ ဆိုပြီး
သုံးစွဲပြောဆိုခဲ့တဲ့ ကိစ္စပါပဲ ။

Tuesday, January 8, 2013

ပလုံစီလာတဲ့ ကရင်တွေရဲ့ အသံ




  လှိုင်သံ / ပဲ့တင်သံ

   များမကြာခင်က KNU ရဲ့ (၁၅) ကြိမ်မြောက် အထွေထွေညီလာခံ ပြီးဆုံးသွားခဲ့တယ် ။ မျက်
နှာသစ် မျက်နှာဟောင်း ခေါင်းဆောင်တွေလည်း အရွေးချယ်ခံရတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အလျို
လျို ပေါ်ထွက်လာခဲ့တယ် ။ အဖွဲ့နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိတဲ့ ကျနော့်အနေနဲ့ ကောင်း
တယ် မကောင်းဘူး ၊ ဘာဖြစ်တယ် ဘယ်လိုတွေပေါ့ဆိုပြီး မပြောလိုပါ ။ သို့သော် နီးစပ်ရာ
မိတ်ဆွေအချို့နဲ့ စကားစမြည် ပြောဖြစ်ရာကနေ စုဆောင်းရရှိတဲ့ မေးခွန်းလေးတစ်ချို့ကို
တော့ မှတ်တမ်းတင်ထားချင်ပါတယ် ။ မိမိကိုယ်ကို အမျိုးသားရေး ခေါင်းဆောင်တွေလို့ ခံ
ယူထားသူတွေဆီ တစ်နည်းနည်းနဲ့ ပေါက်ရောက်ပြီး ယူတတ်ရင် အကျိုးဖြစ်ကောင်း ဖြစ်နိုင်
မယ်လို့ ယူဆမိလို့ပါ ။

Saturday, January 5, 2013

အော်လှန်ရေး




   ခေတ်အဆက်ဆက်မှာ အုပ်ချုပ်သူ ၊ ဖိနှိပ်သူ ၊ ကျူးကျော်သူ ၊ အင်အားပိုကြီးသူတွေကို လက်
နက်ကိုင်ပြီး တန်ပြန်တော်လှန်သူတွေ ရှိခဲ့တယ် ။ အမိန့်အာဏာကို မလိုက်နာခြင်းအားဖြင့် အာ
ခံသူတွေလည်း ရှိခဲ့တယ် ။ တန်ပြန်တော်လှန်ဖို့ ၊ အာခံဖို့ ဆိုတာကလည်း အနည်းဆုံး လုပ်ရ
ကောင်းမှန်း သိမှ ၊ စဉ်ဆက်မပြတ် စွမ်းအားနဲ့ တွန်းအားတွေရှိမှ ၊ ဝိုင်းဝန်း အကာအကွယ်ပေးမှု
အတိုင်းတာတစ်ခုထိ ရှိပါမှလည်း လုပ်နိုင်ကြမှာဖြစ်တဲ့အတွက် လက်ဆင့်ကမ်း ဝေမျှသူ ၊ အား
သစ်လောင်းပေးသူတွေလည်း လိုအပ်နေခဲ့တာတော့ အမှန်ပဲ ။ ဒီလိုလူတွေဟာ ပုံစံအမျိုးမျိုး ၊
နည်းအမျိုးမျိုးနဲ့ ရှိခဲ့ လှုပ်ရှားခဲ့ကြရာမှာ အာဏာရှိတဲ့ အသိုင်းဝန်းထဲကပဲ ပေါ်ပေါက်ဖြစ်တည်
လာတတ်သလို ၊ သီးခြား အင်အားစုတွေ အဖြစ်နဲ့လည်း ရှိနေတတ်ကြပါတယ် ။

Thursday, December 27, 2012

ရွေးစရာလမ်း မရှိလှတော့တဲ့အခါ ......



   ကျနော် KNU, KIA, SSA, ဝ ဘယ်အဖွဲ့ကိုမှ ၁၀၀% မထောက်ခံပါဘူး ။
   ထောက်ခံဖို့ ဆိုတာလည်း ကျနော့် ကိုယ်ပိုင်ခံယူချက်တွေနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး ။

   ထို့နည်းတူ ဒီအဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေနဲ့ အားပေးသူတွေဆီက စာတွေကိုလည်း
လိုအပ်တယ်လို့ ယူဆမှသာလျှင် Facebook ပေါ်မှာ Share လုပ်ပါတယ် ။

   ဒါပေမယ့် ခုနေခါမှာ တစ်ခု ထူးခြားလာပါတယ် ။
   ကချင်ထိုးစစ် မြှင့်လာချိန်နဲ့အကိုက် ကချင်သတင်းဌာနဟာ အတိုက်ခံနေရပါတယ် ။ တိုက်ခိုက်
သူတွေ အနေနဲ့လည်း ရန်သူမို့ တိုက်ခိုက်တယ်လို့ ဝန်မခံတဲ့အပြင် နာမည်ကောင်းခံပြီး ဝါဒဖြန့်မှု
နဲ့ပါ တွဲလုပ်လာတာကို တွေ့ခဲ့ရပါတယ် ။

Monday, December 24, 2012

ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၄)




(၈)  တစ်ဖက်သားငြင်းခုံချက်ကို ထင်ယောင်မှားစေခြင်း (Straw man)

     တစ်ဖက်လူရဲ့ ငြင်းခုံချက်ကို ပုံပျက်ယွင်းအောင် မမှန်မကန် လိုရာဆွဲပြီး တိုက်ခိုက်ဖို့လွယ်ကူ
အောင် လုပ်တာမျိုး ဖြစ်ပါတယ်။

“ရန်ကုန်တိုင်း ဘော်လုံးအသင်းဟာ ရှမ်းပြည်နယ် ဘော်လုံးအသင်းထက် ပိုကောင်း
တယ်လို့ ဦးလှမင်းက ဆိုနေပါတယ်။ တကယ်တော့ ရှမ်းပြည်နယ် ဘော်လုံးအသင်း
ဟာ ဘော်လုံးရာသီတိုင်းမှာ အမှတ်အများဆုံးရတဲ့ အသင်းတွေထဲ အမြဲတမ်း ပါဝင်
နေခဲ့တာပါ ။ ဒါကိုကြည့်မယ်ဆိုရင် ဦးလှမင်းဟာ သူဘာပြောနေသလဲဆိုတာ သူ့ဘာ
သူတောင် သိပုံမရပါဘူး” - ဆိုတဲ့ ပြောဆိုချက်ကို ကြည့်ရအောင်။

Tuesday, December 18, 2012

အတိုဆုံး သွယ်ဝိုက်စကား နှင့် ...


   ဒီကနေ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ရာက စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာတစ်ခု
ပိုသေချာသွားတာကြောင့် ဒေါသမပါ  စာတစ်စုအဖြစ် ချရေးလိုက်တယ် ။

Monday, December 3, 2012

တင်ပါး မီးလာမြှိုက်သူများ


    ထိုင်ပါများရင်တော့ တင်ပါးပူမှာပဲ ၊ သို့သော် ခံနိုင်ပါတယ် ။


   တင်ပါးကို မီးလာမြှိုက်သူ ၊ တစ်နည်းအားဖြင့် မခံမရပ်နိုင်လောက်အောင် လာလာဆွသူများကျ
တော့ အတိုင်းတာ နည်းနည်းရှိလာပါတယ် ။ တစ်ခါခါလည်း အခံရခက်တော့ ထအော်မိတာပေါ့ဗျာ ။
ဒီလိုအခါမှာ မနှဲလေးတစ်ယောက် ထခုန်ပြီး အော်တာကိုသာမြင်ရလို့ ဘာများဖြစ်နေတာပါလိမ့်လို့
ဇဝေဇဝါ မဖြစ်ရလေအောင် ၊ အောက်ကနေ ကဏန်းညှပ်လို့ပါ ဆိုတာကိုလည်း ထည့်အော်ရသေး
သကိုး ။


   ခုနောက်ဆုံး အမြှိုက်ခံရတဲ့မီးကတော့ လက်ပန်တောင်းတောင် သံဃာမီးပူဇော်ပွဲပေါ့ ။
   မေးခွန်းအချို့ ရှိလာတာက -
-  ဘာကြောင့် ညအချိန်မှ ဝင်ရှင်းရတာလဲ ၊
-  မီးကျည်လို့ ယုံကြည်ရတဲ့ အရာတွေကို ဘာလို့ သုံးရတာလဲ ၊
-  ဒေါ်စုမလာခင်တစ်ရက်ကျမှ ဘာလို့ လုပ်ရတာလဲ ၊
-  ဒီထက်ကောင်းမယ့် ဖြေရှင်းနည်းတွေ ရွေးချယ်စရာ ရှိခဲ့သလား စသည်ဖြင့်ပေါ့ ။

Sunday, November 25, 2012

ဒီတစ်လတာ မျက်စိထဲမှာ (နိုဝင်္ဘာ-၂၀၁၂)





   အိုဘားမား လာမယ် ။
   ဖတ်မိသမျှ (၅) ချက်ပဲတွေ့တယ် ။

(၁)  နေ့ဝက်လောက်ပဲနေမယ် ၊
(၂)  ပျဉ်းမနားမြို့သစ် (နေပြည်တော်)ကို မသွားဘူး ၊
(၃)  ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်း လွှတ်တော်ရုံးမှာပဲတွေ့မယ် ၊ ဦးရွှေမန်းကို အပိုဆုအနေနဲ့တွေ့မယ် ၊
(၄)  ဒေါ်စုနဲ့ တွေ့မယ် ၊
(၅)  ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောမယ် ။

   ပြည့်စုံဖို့ မဖြစ်နိုင်ပေမယ့် အဓိပ္ပါယ်တစ်ချို့ ဖွင့်ကြည့်ချင်တယ် ။

Saturday, November 17, 2012

မှတ်ချက် ရဂုံ (၂)




   ဒီတစ်ခါတော့ ဒုတိယအသုတ် မှတ်ချက်တွေပါ ။
   မဆက်ခင် ပြောချင်တာတစ်ချို့ကို မှတ်ချက်ချရေးထားချင်ပါတယ် ။

   ကျနော့်ရဲ့ မှတ်ချက်တွေကို ကိုယ့်ဘာသာ သတိထားမိတာက - အချို့သောအချက်တွေမှာ သီ
အိုရီအရ ဖြစ်သင့်ဖြစ်ထိုက်တာအရ မှန်ကန်ပေမယ့် လက်တွေ့ဘဝမှာတော့ အံဝင်ခွင်ကျအောင်
အကောင်ထည်ဖေါ်ဖို့ရာ ညှိနှိုင်းချိန်ဆဖို့တွေတော့ လိုနေတတ်တာတွေ ရှိပါတယ် ။ စီမံခန့်ခွဲရေး
ပိုင်းမှာ အတွေ့ကြုံနဲ့ အမြင်ရှိသူတွေအတွက် နားလည်ပေးနိုင်ပေမယ့် အချို့အတွက်တော့ လက်
တွေ့မကျတာတွေ ပြောနေတယ်လို့ ထင်နိုင်စရာ အကြောင်းရှိပါတယ် ။

Saturday, November 10, 2012

မှတ်ချက် ရဂုံ (၁)




   အတိုဆုံး မိတ်ဆက်ရရင်တော့ ဒီပို့စ်ဟာ ကျနော်ရေးဖြစ်ခဲ့တဲ့ မှတ်ချက်တွေကို စုစည်းထား
တယ်လို့ ပြောနိုင်ပါတယ် ။ စာတွေ သိပ်မရေးဖြစ်သလို ဖြစ်နေပေမယ့် တစ်ကယ်တန်းမှာတော့
မိသားစုအရေးတွေကို အချိန်ပေးရတာအပြင် Facebook လိုနေရာမျိုးမှာ မှတ်ချက်ရှည်တွေ ရေး
ဖြစ်ရာက စာတွေပြန့်ကြဲသွားတာကြောင့်ပါ ။

   ကျနော့်မှတ်ချက်တွေကို စုစည်းလိုက်တဲ့အခါ တစ်ခုနဲ့တစ်ခု အဆက်စပ်တော့ ရှိချင်မှ ရှိပါ
မယ် ။