ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Saturday, November 17, 2012
မှတ်ချက် ရဂုံ (၂)
   ဒီတစ်ခါတော့ ဒုတိယအသုတ် မှတ်ချက်တွေပါ ။
   မဆက်ခင် ပြောချင်တာတစ်ချို့ကို မှတ်ချက်ချရေးထားချင်ပါတယ် ။
   ကျနော့်ရဲ့ မှတ်ချက်တွေကို ကိုယ့်ဘာသာ သတိထားမိတာက - အချို့သောအချက်တွေမှာ သီ
အိုရီအရ ဖြစ်သင့်ဖြစ်ထိုက်တာအရ မှန်ကန်ပေမယ့် လက်တွေ့ဘဝမှာတော့ အံဝင်ခွင်ကျအောင်
အကောင်ထည်ဖေါ်ဖို့ရာ ညှိနှိုင်းချိန်ဆဖို့တွေတော့ လိုနေတတ်တာတွေ ရှိပါတယ် ။ စီမံခန့်ခွဲရေး
ပိုင်းမှာ အတွေ့ကြုံနဲ့ အမြင်ရှိသူတွေအတွက် နားလည်ပေးနိုင်ပေမယ့် အချို့အတွက်တော့ လက်
တွေ့မကျတာတွေ ပြောနေတယ်လို့ ထင်နိုင်စရာ အကြောင်းရှိပါတယ် ။
   နောက်တစ်ချက် ဖြည့်စွက်ချင်တာက ကျနော့် အတွေးအမြင် သုံးသပ်ချက်တွေဟာ ဟာကွက်
နည်းပြီး ကောင်းတယ်လို့ ယူဆချင်သူတွေလည်း ရှိနိုင်ပါတယ် ။ ဒီနေရာမှာ မမေ့ဖို့ကတော့ ကျ
နော်စာရေးတဲ့အခါ အနည်းဆုံး နှစ်ပြန်လောက်ပြန်ဖတ်ပြီး အသေးစိတ်ပြန်ကြည့်ဖို့လည်း အခွင့်
ရေးတွေရှိနေတယ် ဆိုတာကိုပါ ။
   ကျနော့်မှတ်ချက်တွေဟာ အနိုင်ယူဖို့ အဓိက မဟုတ်ပါဘူး ၊ သူတစ်ပါးရဲ့ အားနည်းချက်ကိုနင်း
ပြီး တက်လှမ်းဖို့ မဟုတ်ပါဘူး ။ ထို့အတူပဲ ကျနော်အားနည်းတဲ့ ကဏ္ဍတွေမှာ ထဲထဲဝင်ဝင် ပြည့်
ပြည့်စုံစုံနဲ့ ထိထိရောက်ရောက် မဆွေးနွေးပြနိုင်တာကိုလည်း ရှူံးနိမ့်တယ် ၊ ရှက်စရာကောင်းတယ်
လို့ မခံယူပါဘူး ။ ပိုသိသူ ၊ ပိုပြီး ရှင်းရှင်းလင်းလင်း ဆွေးနွေးပြနိုင်သူနဲ့ သက်ဆိုင်ရာအပိုင်းတွေကို
ကျွမ်းကျင်သူတွေဟာ ကျနော့်နဲ့ ဆွေးနွေးရာမှာ အခြားဖတ်မိသူတွေကို အကျိုးပြုနိုင်တယ်ဆိုရင်ပဲ
ကျနော့်ဦးတည်ချက်တွေထဲက တစ်ခုကို ပြည့်စုံစေတာပဲလို့ ယူဆပါတယ် ။
   နောက်တစ်မျိုးက အချို့တွေအနေနဲ့ ကိုယ်ရေးလိုက်တဲ့ မှတ်ချက်ကို အရေးမပါဘူးလို့ ထင်
တတ်ကြတယ် ။ မှန်သင့်သလောက်လည်း မှန်နိုင်ပါတယ် ။ ဒါပေမယ့် သတိထားစရာတစ်ခုက
အင်မတန်မိုက်မဲတဲ့ မှတ်ချက်တစ်ခုဖြစ်စေ ၊ တိုက်ခိုက်အပုပ်ချတဲ့ မှတ်ချက်တိုဖြစ်စေ တစ်ခါ
တစ်ရံ ကျနော်တို့လို ဖတ်မိတဲ့သူတွေအတွက် မခံချင်စိတ် ၊ အတွေးသစ်အမြင်သစ် ၊ တွန်းအား
စတာတွေကို ပေးတတ်ပါတယ် ။ ဒါကြောင့် ကျနော်ကတော့ အများစုကို တန်ဖိုးထားပါတယ် ။
ဒီလိုလူတွေမရှိပဲ ပြည့်စုံကောင်းမွန်တဲ့စာ ၊ ရေပက်မဝင်လောက်တဲ့ ချေပမှုတွေကို လွယ်လွယ်
ကူကူ လုပ်နိုင်ဖို့ရာ လွယ်မယ်မထင်ပါ ။
မန်းကိုကို
၁၃ ၊ ၁၁ ၊ ၂၀၁၂
******************************************************************************
ဟော်လန်မှာ သိုးတွေကို သားသတ်ရုံမှာသတ်ပြီး ဒီလိုလိုက်ဝေတယ်။
ဒီလို ကုရ်ဘာနီ လုပ်တာမျိုး မကောင်းဘူးလား။
Employees from the Islamic butcher company RIF unload lambs from a truck in the Hague,
on October 26, 2012. Muslims celebrate the Eid al-Adha, an important 3-day religious holiday
celebrated by Muslims worldwide to honor their willingness to sacrifice everything to Allah.
AFP PHOTO
14Like · ·
  • Ye Kyaw and 27 others like this. 
     ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
  • Mahn Koko - ကျနော်မြင်တာကတော့ ထည့်တွက်စရာတွေ အများကြီးရှိတယ်လို့ ထင်ပါ
    တယ် ဦးဘို ။
      သြစတြေးလျမှာလည်း သူတို့ အင်ဒိုနီးရှားကို တင်ပို့လိုက်တဲ့ နွားတွေကို ရက်ရက်စက်စက်
    သတ်တာတွေရှိကြောင်း မီဒီယာတွေက တင်ပြလာရာက ကုန်သွယ်ရေး ပြဿနာတောင် ဖြစ်
    ခဲ့ပါတယ် ။ ဒီမှာတော့ မေ့ဆေးပေးပြီးမှ ကိစ္စတုံးကြတာကိုး ။
       ဒါကိုကြည့်တော့ -
    - ဒီလိုသတ်ဖြတ်မှုတွေဟာ အင်ဒိုနီးရှားက သားသတ်ရုံတိုင်း မလုပ်ဘူး ၊
    - မွတ်ဆလင်တွေက halal ဖြစ်တာကိုပဲ စားလိုကြတယ် ၊
    - နောက်တစ်ဆင့် သူတို့ အင်ဒိုနီးရှား လူမျိုးတွေကိုယ်တိုင် သတ်ပေးတာကို ပိုစိတ်ချကြတယ် ၊
    - သြစတြေးလျက သူတို့ရဲ့ လူမှုတန်ဖိုးကို export လုပ်ချင်ကြတယ် ၊
    - သြစတြေးလျမှာ တိရိစ္ဆာန်သတ်ဖို့ အကုန်ကျများတယ် ၊
    - အင်ဒိုနီးရှားမှာ လုံလောက်တဲ့ အအေးသိုလှောင်ရုံတွေ မရှိဘူး ၊
    - လူတွေဝိုင်းအော်တော့ သြစတြေးလျ အစိုးရက တင်ပို့မှု ကန့်သတ်လိုက်တယ် ၊
    - လူအချို့ စိတ်ချမ်းသာသွားတယ် ၊ ဒါပေမယ့် မွေးမြူရေးနဲ့ သယ်ယူပို့ဆောင်ရေး သမားတွေ
    မှာ ပြဿနာ ရှိလာပြန်ရော ။
  • Mahn Koko - မြန်မာပြည်မှာ ကြည့်တဲ့အခါ အများစုက ဗုဒ္ဓဘာသာတွေ ဖြစ်တာကြောင့်
    သားသတ်သမားတွေ အားလုံးလိုလိုဟာလည်း ဗုဒ္ဓဘာသာဝင်တွေဖြစ်တာ သေချာပါ
    တယ် ။ ဒီတော့ ကိုယ့်ဖက်လုံအောင် မရမက ကြိုးစားကာကွယ်နေရတာမျိုး မဖြစ်ရအောင်
    သားသတ်တာကို အပိုင်းတွေ ခွဲကြည့်ပြီး နည်းလမ်းရှာသင့်တယ်လို့ ထင်ပါတယ် ။
      အရင်ဆုံး ကိုယ့်ဘာသာ အရင်ကြည့်တော့ - အသားလျှော့စားချင်ပေမယ့် သိပ်မလျှော့ဖြစ်
    သေးတာ အဦးဆုံး မြင်ပါတယ် ။ တစ်ခါတစ်ရံ ငါးနဲ့ ပင်လယ်စာဖက် လှည့်စားတာမျိုး ၊ ထ္မင်း
    ဆီဆမ်း ပဲပြုတ်သုတ် သီးစုံဟင်း ပုန်းရည်ကြီးသုတ် စသည်ဖြင့် အပြောင်းအလဲ လုပ်ဖြစ်တာ
    လည်း နည်းနေပါတယ် ။ စုံလင်ပြီး စားချင်စရာကောင်းတဲ့ သက်သတ်လွတ်ဟင်းတွေ အသင့်
    မရနိုင်တာကလည်း အခက်ခဲတစ်ခုပါ ။
      အသား demand ရှိနေသမျှ supply ကလည်း အမှီလိုက်နေမှာပါပဲ ။ အဲဒီမှာ ကနေ့ ဖွံ့ဖြိုး
    နေတဲ့ နိုင်ငံတွေမှာလို တိရိစ္ဆာန်တွေကို စာနာတဲ့အမြင်နဲ့ စိတ်သဘောထားမျိုးတွေကိုလည်း
    တစ်ခါမှ မြင်ဖူးဖို့ မဆိုထားနဲ့ ကြားတောင် မကြားဖူးသူတွေအနေနဲ့ ကျင့်ကြံနိုင်မယ်လို့ မ
    မျှော်လင့်ကောင်းတာ သေချာပါတယ် ။ လုပ်လို့ရတာက သိသူတွေက မသိသူတွေကို လက်
    ဆင့်ကမ်းပေးရင် အတိုင်းတာတစ်ခုအထိ ညှိညှိနှိုင်းနှိုင်း စိတ်အနှောင့်ယှက်နည်းနည်းနဲ့ အ
    တူတွဲနေသွားကြဖို့ အနေထားတစ်ခုကို ဦးတည်နိုင်လိမ့်မယ် ထင်ပါတယ် ။
      လက်တွေ့ဘဝမှာ လက်လီကြုံရတာကတော့ အများကြီးပါ ။ ဒါပေမယ့် တစ်ဆင့်တက်ပြီး
    စီမံခန့်ခွဲရေးအမြင်နဲ့ မြင်ပြီး လိုချင်တဲ့ဖက်ကို လမ်းကြောင်းပေးသင့်တယ် ထင်ပါတယ် ။ ကျ
    နော့် ယောက္ခမကိုယ်တိုင် တစ်ချိန်က အသားစားကြက် မွေးခဲ့ဖူးပါတယ် ။ ရန်ကုန်က လက်
    ကားလာဝယ်သူတွေ ကြက်တွေကို ခြေထောက်ကနေ စုချည်တဲ့အခါ အရိုးနဲ့ အလေးချိန်
    မမျှတဲ့ ကြက်တွေခမျာ ခြေထောက်ရိုးတွေ တစ်ဖျောက်ဖျောက်နဲ့ ကျိုးသံတွေကြားပြီးနောက်
    ထပ်မမွေးဖြစ်တော့ဘူးလို့ ဆိုပါတယ် ။
      အခြား နမူနာတွေလည်း ရှိပါသေးတယ် ။ အသားစားသူတွေထဲက အသားတွေ လက်တွေ့
    ထုတ်လုပ်ပုံနဲ့ ဒီစီးပွား လည်ပတ်ပုံတွကို သိဖြစ် တွေးဖြစ်သူတွေ နည်းနေသမျှတော့ သံသ
    ရာတစ်ခု အနှောင့်ယှက်ကင်းကင်း လည်ပတ်နေဦးမှာပါပဲ ။
  • Bo K Nyein - ဘယ်ပြသနာ မဆို လွယ်လွယ် တွေးလို့ မရတာ (သိ) ပါတယ်။
    လူဆိုတာ ကိုယ်မှန်တယ်ဘဲ တွေးချင်ကြတာကိုး
    ဦး ကတော့ တိရိစ္ဆန်ချစ်တတ် တဲ့သူမို့ မြင်လိုက်ရတော့ စိတ်မကောင်းဖြစ်မိတယ်
    လူ့လောကကြီး မှာ မမျှတ တာတွေ ၊ မတရားတာတွေ ကအများကြီးပဲ
    တသက်လုံး အလေ့အထဖြစ်လာတော့ ၊ vegetarian မဖြစ်နိုင်သေးတာကိုလည်း
    ကိုယ့်ဟာကိုယ်လည်း ၊ စိတ်ဆိုးမိတယ်။
    Hyprocrisy ဘောင် က မလွပ်နိုင်သေးဖူး ဆိုတာကိုလက်ခံရမယ်။
    ဒါပေမဲ့ တတ်နိုင်သလောက် (အသား) မစားဖို့ ကြိုးစားလျက်ပဲ
    ကြီးလာတော့ Protein မရှိလို့ကလည်း မရ
    Life ရဲ့ Dilemma တွေပဲ မန်းရေ
  • Mahn Koko - မွတ်ဆလင်တွေနဲ့ ပတ်သက်လို့က အစွန်းရောက် တစ်ယူသန်သူတွေ ရှိသလို ၊
    မျှတတဲ့အမြင်နဲ့ ခေတ်ကို အညီလိုက်ဖို့ ကြိုးစားသူတွေလည်း ရှိကြတာပါပဲ ။ ပညာရေးနဲ့ ဗ
    ဟုသုတ ပြန့်ပွားမှုက အရေးပါတယ်လို့ ယူဆပါတယ် ။
      ခက်တာက အလယ်လတ်သမားတွေခမျာ သူတို့ရဲ့ အစွန်းရောက်တွေက တိုက်တာကိုလည်း
    ခံရ ၊ အခြားဘာသာနဲ့ လူမျိုးတွေကလည်း ဝိုင်းဆော်ကြတဲ့အခါ တွယ်ရာမရ ထွက်ပေါက်ရှာ
    ကြရတာမျိုးဆီ တွန်းပို့ခံရသလို ဖြစ်တတ်တယ်လို့ မြင်ပါတယ် ။
      တကယ်လို့ အလယ်လတ်သမားတွေကို ကျနော်တို့တွေကပါ ဝိုင်းမကာကွယ်ရင် အစွန်း
    ရောက်သမားချည်း ကျန်နေပြီး ပညာရေးကအစ madrasah (မလေးရှားမှာတော့ pondok)
    လို ကျောင်းမျိုးတွေနဲ့ ကလေးတွေကို ငယ်ငယ်ထဲက ဘာသာရေး ရိုက်သွင်းမယ့် အနေထား
    မျိုးဆီ တွန်းပို့သလို ဖြစ်သွားနိုင်ပါတယ် ။
      ကျနော်လည်း ခုတစ်လော မွတ်ဆလင်တွေနဲ့ ပတ်သက်လို့ အတော်ပြောဖြစ်တယ် ။ ပြော
    ရာတွေလည်း ဖြစ်လာခဲ့ပြီကိုး ။ အဓိက ရည်ရွယ်ချက်တွေထဲက တစ်ခုကတော့ မြန်မာပြည်
    အသိုင်းဝိုင်းကြား mutual destruction လမ်းကြေားဆီ ဦးမတည်ဖို့ပါပဲ ။
  • U U Mhaw Sayar ကျနော်ကတော့ အသားဓါတ်ထဲမှာ ငါးနဲ့ပုဇွန်၊ကြက်ဥကလွဲရင် ကျန်တဲ့အသားမစားတဲ့သူတစ်ယောက်ပါ။ တိရိစ္ဆာန်ချစ်တတ်လို့လည်း မဟုတ်သလို၊ ကိုးကွယ်ယုံကြည်မှုကြောင့်လည်း မဟုတ်ပါဘူး။ကျနော် ဘာသာမဲ့တယောက်ပါ ။ ကျနော်သိချင်တာက ဦးဘိုဘိုကျော်ငြိမ်းက အသားလည်းစားတယ်၊ ဒီလိုသတ်တာကိုလည်း ရက်စက်တယ်လို့မြင်တယ် ဆိုတော့ ကိုယ်စားမဲ့သားကောင်တွေကို ဘယ်လိုသတ်တာ ကောင်းမယ်ထင်ပါသလဲ ။
  • Bo K Nyein - Christianity က Dark Ages ကိုဖြတ်သန်း ပြီးခဲ့ပြီ
    Islam က ခုမှ ကြမ်းတုန်း ၊ ရမ်းတုန်း လို့ ကောင်းကြတုန်း
    တာလီဘန် တွေ malala ကို သတ်ဖို့ ကြိုးစားသာတာကြည့်တော့
    အရွယ်မရာက်သေးတဲ့ သူငယ်မ စာသင်ချင်လို့ သတ်တာတဲ့
    Mosque တွေမှာ ဗုံးဖေါက်တာ ဘယ်သူတွေလဲ ၊ သူတို့ပဲလေ
    ပြဿနာ က ဆော်ဒီက petro dollar နဲ့ Wahhabism ကိုဖြန့်လာတယ်။
    တာလီဘန် က လူသတ် ပြီး ဓါးမိုး ဘာသာဖြန့်လာကြတယ်။
    Islamic Intellectual တွေ ၊ ရှိရင်တောင် ပါးစပ် မဟ ရဲကြဖူး။
    အင်မတန် ဥါဏ်ကြီး တဲ့ လီကွန်ယူး ပြောတာကြည့်ပါလား
    Mecca ကို Hajj သွားပြီးရင် radicalized ဖြစ်လာကြတယ်။
    မြန်မာ နိုင်ငံသားတွေ က ရွှေတိဂုံ ကြည့်ပြီးကြီးပြင်းလာကြတော့ Rigths လို့ထင်တယ်။
    အမှန်က ခုခေတ်မှာ Privilege ဆိုတာကိုမေ့လို့ မရဖူး
    ဘာသာရေး ကျုးကျော်သူတွေ ရှိတယ်ဆိုတာကို သတိရှိရမယ်
    အိန္ဒြိယ မှာ Buddhist တွေကို ခြေမုန်းတာ ဟိန္ဒြူတွေ မဟုတ်ဖူး ၊ မွပ်စလင်တွေ
    ချင်းမိုင်မှာ Roti ရောင်းတဲ့ ခလေးမလေးတွေ အများစုကို မေးကြည့်တာ
    အဖွားက တောင်ငူဖက် ကရင် တွေ ၊ မွတ်စလင် နဲ့ ရပြီး မြေးတွေ ခေါင်းမြီးခြုံဖြစ်ကုန်ရတာ
    အဲချာဇီးယား က Documentary မှာပြသွားတာ ၊ အင်္ဂလန်မှာ လစ်ဖရယ်တွေ က စိတ်မပူကြပါနဲ့
    Immigrant ၁၄၀၀၀ ထဲပါပြောပြီး ဟော ချက်ချင်း ၇၅၀၀၀၀ ဖြစ်နေပြီတဲ့
    မောင်းထုတ်လို့ ကလည်း မရ တော့ ၊ နောက်ကျသွားပြီ
    ဒါကြောင့် Europe မှာ အခု nationalists တွေအားကောင်း လာတာ BBC Hardtalk မှာ ဆွေးနွေးကြတယ်
    လစ်ဖရယ်တွေက Idealism ကိုမှီပြီး စိတ်ကူးယဉ် နေကြတာ။
    ပြန်မတိုက်ရင် ဘင်္ဂါလီကုလားပြည် ဖြစ်သွားမယ်
    Australia ကို အခု ခိုးဝင်နေတာ ဘယ်သူတွေလဲ ၊ ဒီကုလား နဲ့ အာရပ်တွေပဲ
    အဖြူတွေက သိလို့ Chrsitmas Island နဲ့ အခု pacific island တွေမှာ immigrations center တွေဖွင့်နေရပြီ မဟုတ်လား
    Islamists တွေက ကောင်းကောင်း လာတာမဟုတ်ဖူး Sharia law ကိုကျင့်သုံးပြီး ၊ အားလုံးကို
    ဘုရားရှစ်ခိုး ခိုင်းတာ ၊ ခေတ်သစ် Religious Colonization ဘဲ
    ဒါကို မတိုက်ရဲရင် ၊ ကရင်ရော ဗမာ ချင်း အားလုံး ကုလားဖြစ်ကုန်မယ်။
    Islam မှာ moderate or Intellectual ဆိုတာ ရှိရဲ့လား ၊ သေသေချာချာ စဉ်းစားကြည့်ပါ
  • Mahn Koko - ဦးဘိုက သက်သတ်လွတ်အကြောင်းပြောလို့ တစ်ခုသတိရမိပါတယ် ။
    သာမညဆရာတော် ရှိစဉ်အခါကတည်းက သက်သတ်လွတ်အလေ့ ကျနော်တို့ဖက်မှာ
    ကျယ်ပြန့်လာခဲ့ပါတယ် ။ ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ ။
      သိပ်မကောင်းတာကတော့ လူတွေရဲ့ အလှူနဲ့လက် မပြတ်ချင်တဲ့ စိတ်စေတနာ ၊ လောဘ
    မောဟတွေ မကင်းနိုင်တဲ့ အတွင်းစိတ်တွေရဲ့ တွန်းပို့မှုတွေကြောင့် အရင်က သိပ်မရှိခဲ့တဲ့
    လမ်းဘေးအလှူခံတွေ အလျိုလျို ပေါ်လာခဲ့တာမျိုး ၊ လမ်းဘေးရွာက ကလေးတွေ အလွယ်
    ရတဲ့ ကားတွေနောက်ပြေးလိုက်ပြီး ပိုက်ဆံတောင်းတာမျိုး ၊ သာမညတောင်ခြေမှာ ချဲသမား
    တွေ လွတ်လွတ်လပ်လပ် ခြေချင်းလိမ်လာတာတွေဟာ ၈၈ အရေးခင်းပြီးနောက်ပိုင်း အာ
    ဏာပိုင်တွေ မသိကျိုးကျွံပြုပြီး အရင်က မရှိခဲ့တဲ့ လောင်းကစားဝိုင်းတွေနဲ့ ပေါင်းလိုက်တဲ့
    အခါ လူမှု စီးပွားရေးတွေ ရှိသင့်သလို မရှိကြတော့ပဲ ကမောက်ကမ ဖြစ်လာခဲ့တာတွေပါပဲ ။
      သက်သတ်လွတ်နဲ့ ပတ်သက်တာ နောက်တစ်ခုက အသီးအနှံတွေရဲ့ အာဟာရ ပါဝင်
    မှု
    နှုန်းဟာ ရှေးခေတ်တွေကနဲ့ လုံးလုံးကြီး ခြားနားသွားတဲ့ ပကတိ အခြေနေပါ ။ ခုနောက်
    ပိုင်း ခေတ်စားလာတဲ့ organic farming တွေဟာလည်း အရင် အာဟာရ ပါဝင်မှုနှုန်းကို
    ဘယ်လိုမှ ပြန်မဖြည့်နိုင်တော့ပါဘူး ။
      အပေါ်ကဟာတွေ အချုပ်ပြောရရင်တော့ ကျနော်တို့ လူမှုအသိုင်းဝိုင်းမှာ အားလုံးဟာ
    တစ်နည်းတစ်ဖုံနဲ့ ပတ်သက် ဆက်စပ်နေကြတာကြောင့် holistic solution မဟုတ်ရင်
    တောင် အဖြစ်နိုင်ဆုံးတွေထဲက အကောင်းဆုံးတွေ ဖြစ်ရလေအောင် ဝိုင်းလုပ်ကိုင်ကြဖို့ပါ ။
    ဒါဟာ အင်မတန် ရိုးအီနေမယ့် စကားဖြစ်ပေမယ့် အခြား ပိုကောင်းမယ့် လမ်းကြောင်းတွေ
    မရှိသ၍တော့ ဆက်ပြောနေရမှာပါပဲ ။
      ကျနော်ကတော့ ဆုတောင်းဖြစ်ရင်တောင် အားလုံး အစစအရာရာ ပြည့်စုံကောင်းမွန်ဖို့
    သတ္တဝါတွေ ကြုံတွေ့နေရတဲ့ ဒုက္ခဝေဒနာတွေ လုံးဝကင်းဝေးဖို့ထက် ၊ ဖြစ်နိုင်သမျှ ရနိုင်
    မျှ ဝေဒနာတွေ သက်သာဖို့ပဲ ဆုတောင်းဖြစ်ပါတယ် ။
  • Bo K Nyein - မန်းရေ Buddhism မှာလည်း traditionalist တွေများပြီး အခွင်အရေး ယူချင်
    တဲ့ သူတွေ ကအများသား။
    လူရှိရင် အသားစားတာ ရှိမှာပဲ ၊ တားလို့လည်းရမှာ မဟုတ်ဖူး
    အမေရိကားမှာတော့ Humanely သတ်ဖို့ကြိုးစားတဲ့ သူတွေရှိတယ်။
    ဗမာပြည်မှာ ၀က်သတ် တာလည်း အင်မတန် ရက်စက် ကြတာပဲ
    တရုတ် နဲ့ ဗီယက်နမ်တွေ ခွေးသားစားတာ စိတ်ညစ်စရာ
    နောက်ဆို laser နဲ့ တချက်ထဲ အပြီး သတ်နိုင်ရင် ကောင်းမယ်။
    ဒါပေမဲ့ လူဆိုတာ လောဘသားတွေ မို့ အမြတ်ရဖို့ က ပိုအရေးကြီးတယ်။
    သံသရာ လည်ဖို့ အကြောင်းတွေပေါ့
  • Maung Nauktoe - မွတ်ဆလင်မဟုတ်တဲ့ အမေရိကန်တွေလည်း နွားတွေသိုးတွေသတ်နေ
    ကြတာပါပဲ။ မွတ်ဆလင်တွေမသတ်ရင် အသားကြိုက်တဲ့ ဗုဒ္ဓဘာသာတွေအတွက် ဘယ်သူ
    က ပါဏာတိပါတကံ အထိုက်ခံပြီး သတ်ပေးကြမလဲ။
  • Waynaythu Lay - ခန္ဓာကိုယ်ထဲမှာ သံကောင်တွေရှိတယ်။ တစ်ချို့ သံကောင်တွေက လူ
    အသက်ကိုတောင် အသက်အန္တာရယ်ပြုနိုင်တာတွေ ရှိတယ်။ အဲဒီလိုမျိုးဖြစ်တဲ့ အခါ ဆေး
    ထိုး ဆေးသောက် ပြီး သတ်ပစ်ရတယ်။ သူ့ အသက်ကို သက်ရှင်းမှ ရှောင်ကြဉ်ပါ၏ ဆို့တဲ့
    ပါဏာတိပါတာကံ ဆိုတာ ဘယ်မှာ သွားထားမလည်း ။ ဗုဒ္ဓရဲ့ အလို့အရ ဖြစ်နိုင်ရင် သတ္တ
    တော့ ခက်လှပါတယ်။ မဇ္ဇိမပဋိပဋာ ဆိုတာ အလယ်အလတ် လမ်းစဉ်ပါ။ အစွန်း မရောက်
    အောင် ကျင့်ကြံပါလို့ တိုက်တွန်းပါတယ်။
  • Maung Nauktoe - ဝေးနေသူလေးကို ထောက်ခံပါတယ်။ အကျင့်သီလတစ်ခုကို အစွန်း
    ရောက်ကျင့်သုံးရင် ဥပါဒါန်လေးပါးထဲက သီလဗ္ဗတုပါဒါန်နဲ့ငြိနိုင်တယ်လို့ ပညာရှင်များ
    ထောက်ပြထားကြပါတယ်။
  • Mahn Koko - Islam ဘာသာဝင်အချို့ ခုမှ ကြမ်းရမ်းလို့ ကောင်းကြတုန်းဆိုတာ ကျနော်
    လက်ခံပါတယ် ဦးဘို ၊ ဒါဟာ ပကတိ အရှိတရားပါ ။
      အခြားတစ်ဖက်မှာကလည်း လူ့သဘောသဘာဝအရ ချိုသာတဲ့ စကားတွေကပဲ နားထောင်
    ရ အဆင်ပြေလေတော့ အားလုံးကို ဖာဖာထေးထေးလေး ပြောသင့်ပြောရတာပါ ။ နောက်
    ဆုံး ကျနော်တို့ ကရင်တိုင်းရင်းသားအချို့ရဲ့ လုပ်ရပ်တွေတောင် ကိုယ့်လူမို့ နာနာထောင်းလို့
    မရပါဘူး ။ စိတ်ထဲ ဆဲချင်နေသည့်တိုင် တရားနည်းလမ်း ကျနိုင်သလောက် ရှင်းလင်းပြောရ
    တာပါပဲ ။
      ၂၀၀၉ ခုနှစ် အင်္ဂလိပ်စာသင်တန်းတက်တော့ အီဂျစ်သူတစ်ယောက် ပါပါတယ် ၊ အီဂျစ်က
    Coptic ခရစ်ယာန်တစ်ယောက်ပါ ။ သူတို့ကြုံခဲ့ရတဲ့ ခါးသီးမှုတွေကို ကြားမိတဲ့နောက် ကမ္ဘာ
    အနှံ့က Islamist တွေ တစ်စခန်းထနေကြတာနဲ့ တစ်လောက Coptic ခရစ်ယာန်တစ်ယောက်
    တမန်တော်မိုဟာမက်ကို တမင်ချိုးနှိမ်တဲ့ ရုပ်ရှင်ကားတစ်ကား ဖန်တီးခဲ့တာတွေကို ဆက်စပ်
    ကြည့်တော့ ရေးရေးလေး နားလည်လာပါတယ် ။
      တစ်ခု မမေ့သင့်တာက ပါကစ္စတန်မှာ သတ်ဖို့ အကြိုးစားခံခဲ့ရတဲ့ Malala ဟာလည်း မွတ်
    ဆလင်ပါပဲ ။ Intellectual ဆိုလို့ လက်ညှိုးမထိုးပြတတ်ပေမယ့် သူ့လို လူမျိုးတွေကို ကျ
    နော့်အနေနဲ့ moderate လို့ နားလည်မိပါတယ် ။ ဒါ့ပြင် အစွန်းရောက်တစ်ချို့ ရှိကောင်းရှိနိုင်
    ပေမယ့် မြန်မာပြည်မှာရှိတဲ့ မွတ်ဆလင် အများစုကိုလည်း moderate လို့ပဲ ခေါ်ချင်ပါတယ် ။
    သူတို့ဟာ ရာနှုန်းပြည့်နီးပါး ဗမာမှုပြုထားပြီးသူတွေလို့ မြင်ပါတယ် ။ မြန်မာပြည် အသိုင်း
    ဝိုင်းထဲမှာ deeply embedded or intertwined ဖြစ်နေပါပြီ ။ ဒီလိုလူတွေကို အတူနေလို့ ရ
    သူတွေလို့ နားလည်ထားပါတယ် ။ သူတို့ကို ဝါးလုံးရှည်နဲ့ရမ်းပြီး အတွယ်တာမဲ့အောင် မ
    လုပ်သင့်ဘူး ၊ လိုအပ်ရင် အကာကွယ်တောင် ပေးရမယ်လို့ ယူဆပါတယ် ။
  • Mahn Koko - လက်ရှိ မြန်မာပြည်မှာ ပြဿနာတစ်ခုက အမျိုးသားရေးလက္ခဏာ (national
    identity) တွေဟာ မတိကျ မကွဲပြားတဲ့အပြင် ၊ ထိထိရောက်ရောက် တွေးတော သတ်မှတ်
    တဲ့အလေ့နဲ့ ကျယ်ပြန့်တဲ့ ပညာကို အခြေခံတဲ့ အတွေးခေါ်တွေလည်း ဟာနေပါသေးတယ် ။
    ဗုဒ္ဓဘာသာကို ပင်တိုင်လက္ခဏာအဖြစ် ထည့်လိုက်ရင်ဖြစ်ဖြစ် ၊ ဗမာစာ ဗမာယဉ်ကျေးမှုကို
    အခြေခံ ဒေါက်တိုင်တွေအဖြစ် သတ်မှတ်ရင်ဖြစ်ဖြစ် မြန်မာပြည်ကို တည်ဆောက်ထားတဲ့
    လူမှုအသိုင်းဝိုင်းဟာ တစ်ထစ်တစ်ထစ်လျော့ပြီး လုံးပါးပါးသွားဖို့ပဲ ရှိပါတယ် ။ Inclusive မ
    ဟုတ်ပဲ exclusive ပုံစံနဲ့ သွားဖို့ကြိုးစားရင် လက်ရှိ အချို့လူတွေ ပြောနေကြတဲ့ တိုင်းပြည်ကို
    သစ္စာမခံသူတွေ တိုးပွားလာမှာ သေချာပါတယ် ။ သစ္စာဆိုတာတောင် သစ္စာမခံတာနဲ့ သစ္စာ
    ဖေါက်တာကို ခွဲခြားပြောရပြန်ပါမယ် ။ Nationalist အတော်များများကတော့ သူတို့ကို သစ္စာ
    မခံသူကို အမြင်တိုတိုနဲ့ သစ္စာဖေါက်လို့ သတ်မှတ် စွတ်စွဲတတ်ကြပြန်ပါတယ် ။ ဒီမှာတင်
    တစ်ဖက်သတ်သံသရာက မဆုံးတော့ပါ ။
      ကျနော်သိသမျှကတော့ နှစ်ဆယ်ရာစုနှောင်ပိုင်းကစပြီး အိန္ဒိယမှာ စစ်သွေးကြွ ဟိန္ဒူဘာ
    သာဝင်တွေ တစ်စခန်းထလာနေပါတယ် ။ တရားဝင်ကို စနစ်တကျ ဖွဲ့စည်းထားပြီး အကြမ်း
    ဖက်မှုတွေလည်း ပါလာပါတယ် ။ သီရိလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာတွေလည်း အစွန်း
    ရောက်နိုင်ကြောင်း ပထမဆုံး နမူနာပြသွားခဲ့ပါပြီ ။ မြန်မာပြည်ဟာလည်း နောက်ထပ် အ
    လားသဏ္ဍာန်တူတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့ အားလုံးမှာ ပြဿနာ
    ရှိလာမှာ အမှန်ပါပဲ ။ ကမ္ဘာကြီးဟာ အချိန်တန်ရင် ပျက်မှာရယ် ၊ လူတွေအချင်းချင်း သတ်
    ဖြတ်နှိပ်စက် အနိုင်ယူ ဂုတ်သွေးစုပ်ကြမှာ သေချာပါတယ် ။ ဒါပေမယ့် အဲဒီအထဲမှာ ကျနော်
    တို့ရဲ့ သားသမီး မြေးမြစ်နဲ့ ဆွေမျိုးသင်္ဂဟ မိတ်ဆွေတွေအားလုံးကို အမုန်းမီးဝိုင်းပြီး ချန်မ
    ထားခဲ့ချင်တာက ကျနော့်ဆန္ဒတွေထဲက တစ်ခုပါ ။
  • Bo K Nyein - မန်းရေ..အခုမှ အပြင်ကပြန်ရောက်လို့
    ဦးအမြင်ကတော့ (လူ) ဆိုတာ ကောင်းတဲ့ သတ္တ၀ါတွေ မဟုတ်ပါဖူး လို့ဆိုနိုင်တယ်။ ကောင်း
    တာနဲ့ ဆိုးတာ မှာ မကောင်းတာကများမယ်ထင်တယ်။
    ဘာသာတိုင်းမှာလည်း ကောင်းတဲ့သူ နဲ့ မကောင်းတဲ့သူ ဒွန်တွဲ နေကြတာပဲ မဟုတ်လား။
    ဗုဒ္ဓဘာသာဝင် တွေ ထဲမှာလည်း ကောင်းတဲ့ သူတွေ ရှိသလို ၊ မကောင်းတဲ့ သူတွေရှိတာပဲ။
    မွတ်စလင် တွေထဲမှာလည်း စိတ်ကောင်းရှိတဲ့ သူတွေရှိကြတာပါ။
    ဗုဒ္ဓဘာသာ ဘာသာအရ ဘယ်လို (ကုသိုလ်) က (စိတ်ကောင်း) (ရှိ) တဲ့သူ ဖြစ်စေတယ် ၊
    မဖြစ်စေတယ်လို့ ၊ မပြောတတ်ဖူး ၊ ယျေဘူရ အားဖြင့်တော့ (မွေးရာပါ) ပဲလို့ထင်မိတယ်။
    တချို့တွေက ကိုယ်ချင်းစာနာတတ်တဲ့ စိတ်ရှိတယ် ၊ ဆင်းရဲသားတွေကို ညှာတာတတ်တဲ့
    စိတ်ရှိတယ် ၊ တိရိစ္ဆာန်တွေကို ညှာတာတယ်ဆိုတာ ၊ ကိုယ်ချင်းစာစိတ် ရှိလို့ပေါ့။ တချို့ကတော့ မွေးရာပါ ရက်စက်ကြမ်း ကြုပ်မယ် ၊ မနာလိုစိတ်များမယ် ၊ အပြိုင်အဆိုင်များ
    မယ် စတဲ့ မကောင်းစိတ် တွေ နဲ့ လွှမ်းမိုးလျှက်
    ဒါက natural – nature လို့ ဦးကမြင်တယ်။
    ဘာသာရေး ဆိုတာက ဦးဥါဏ်မှီသလောက် တွေးကြည့် တာ (Nurture) သတ်သတ်ပဲ။
    Nature အပေါ် Nurture ကလာလွှမ်းမိုးတာပဲ။ malala လိုခလေးမ ဟာ သူ့ (အသိ) နဲ့ ဆို
    သူဘာဖြစ်မယ် မပြောတတ်ပေမဲ့ ပါကစ္စတန် လို အစ္စလမ်လွှမ်းမိုးတဲ့ နိုင်ငံမှာ (လူ) ဖြစ်ရ
    တာကြောင့် အစ္စလမ်ဘာသာ ၀င်ဖြစ်ရပေမဲ့ ၊ သူက လူကြီးတွေရဲ့ Interpretation ကိုဆန့်
    ကျင်နေပြီ။ သူနေတဲ့ Swat valley ဟာ တာလီဘန် ကြီးစိုးတဲ့ နေရာလေ။ တာလီဘန် တွေ
    ရဲ့ Interpretation ကို သူဆန့်ကျင်နေပြီ။ တာလီဘန် တွေရဲ့ အမြင်အရ မိန်းမဟာ ဟာ စာ
    တတ် စရာမလို။
    ဗုဒ္ဓလက်ထက် ကလို ၊ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ အချိန်ကဆို သူကလေး ဟာ သူတော်စင်
    ဖြစ်နေမှာ။ Swat Valley ကအခုမှကြမ်းသွားတာ။ တချိန်က ဗုဒ္ဓဘာသာ ထွန်းကားပြီး သာ
    ယာခဲ့တာပေါ့။
    ဘယ်သူတွေက အစ္စလမ်ဘာသာ ဟာ အလွန်ငြိမ်းချမ်း တဲ့ ဘာသာ လို့ပြောပြော ၊ တကမ္ဘာ
    လုံး ၊ ဘာသာ ရေးကို အကြောင်းပြပြီး သတ်ဖြတ်ရက်စက် နေကြတာ ဘယ်ဘာသာလဲ။
    ဘယ်နိုင်ငံ မှ အစ္စလမ်အကြမ်း ဖက်တွေနဲ့ မကင်းဖူး။ ဒီလို အကြမ်းဖက် ၀ါဒကို justify
    လုပ်နိုင်လောက်အောင် ၊ ကိုရမ် မှာပါလို့သာ ၊ အကြမ်းဖက်သမားတွေ က ဘုရားအတွက်
    ဆိုတဲ့ စိတ်တွေပေါ်လာတာပေါ့။ ဦးဆိုလိုတာက မကောင်းတဲ့ သူ က wrongfully interpret
    လုပ်ပါတယ်ဆိုရင်တောင် ၊ (အစ) ကလေးရှိ နေလို့ သာ အကြမ်းဖက် ရောက် အောင်
    (ဆွဲယူ) နိုင်တာပေါ့။
    Christianity ကလူတွေ ဘာကြောင့် ..(Thou shall KILL) လို့ Interpret မလုပ်နိုင်ကြသလဲ။
    Jesus က thous shall love thy neighbor လို့ပဲ ပြောသွားတာကိုး။ Go Kill the non-believers
    ဆိုပြီးပြော သွားတာမှ မဟုတ်တာ။ Infidels ဆိုတာဘာသာ တစ်ခုမှာပဲ ရှိတာပဲ။ non
    believers တွေကို အဓမ္မ သိမ်းသွင်းရမယ် ဆိုတာ ဘယ်ဘာသာကြီး တွေက ပြောခဲ့သလဲ။
    (အဓမ္မ) မှု က ဒီက (စ) တာပဲလို့ ထင်မိတယ်။
    ဘိဋိက (၃) ပုံမှာ မြတ်စွာဘုရားက “ချစ်သားတို့ သတ်ကြလေတော့ “ လို့ မဟောခဲ့လို့
    “သတ်စေသတည်း” လို့ဘယ်သူ မှ မပြန်ရဲ ကြတာပေါ့။
    Thou shall not Kill လို့ဆိုတာကို thou shall kill လို့မှ ပြန်လို့ (မရ) တာ။
    (၀) ရှိလို့သာ (၀ိ) လုပ်နိုင်ကြတာပေါ့။ မီးခိုး ရှိတာ မီး ရှိလို့ပေါ့။
  • Bo K Nyein - ပြည်တွင်း အစ္စလမ်ဘာသာဝင် တွေ ရဲ့ ပြဿနာက သိမ်မွေ့တယ်။
    သာမာန် အားဖြင့်တော့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်သား မွတ်စလင် တွေကို
    တိုက်ခိုက်ဖို့ နေနေသာသာ လိုအပ်ရင် ကာကွယ်သင့်တယ် ဆိုတဲ့ မန်းရဲ့ အတွေးက မှန်
    ပါတယ်။ ဆရာခြယ် တို့လို မွတ်စလင် တွေရှိဖူးတာ အသိအမှတ်ပြုရပါမယ်။
    Wahhabism မထင်ပေါ်ခင် အထိ ၊ အစ္စလမ်ဘာသာ ဟာလည်း ကိုလိုနီဖိနပ် အောင်မှာ
    ပြားပြားဝပ် နင်းပြား ဘ၀မှာ ခေါင်းမှ မထောင်နိုင်တာကိုး။
    Pertro dollars တွေ နဲ့ ဆော်ဒီ တွေ ကြောင့် Wahhabism က တကမ္ဘာလုံး လွှမ်းမိုးဖို့ ကြိုးစား
    လာတော့ မှ ပြဿနပေါ်တာကိုး
    (ရေ) ဆိုတာ သဘာဝ အရ (ပူ) တာမှ မဟုတ်တာ။
    အောက်က မီးမြှိုက် တော့ (ပူ) လာပြီး (ရေ) (ဆူ) လာရတယ် မဟုတ်လား။
    တိုင်းရင်းသား အစ္စလမ် ဘာသာဝင် တွေလည်း ၀ဟာဘီ ဆိုတဲ့ (မီး) ရှို့တော့ (ဆူ) လာရပြီပေါ့။
    သနားစရာကောင်း တာက ပြည်တွင်းမှာ တကယ် နေနေရတဲ့ အစ္စလမ်ဘာသာ ၀င်တွေက
    ယေဘူယျ အားဖြင့် (အာမကျယ်) ကြပါဖူး
    (အာကျယ်) နေတာကတော့ (အပြင်) က လူတွေပါ။
    ဘင်္ဂါလီ တွေက ခိုးလည်းဝင်လာသေးတယ် ၊ နယ်ချဲ့ လူပါးဝ ချင်သေးတယ်။
    ဆီ နဲ့ ရေ ကွာသွားသလို ၊ ဘင်္ဂါလီ illegal Aliens တွေကိစ္စလည်းဖြစ် ရော ဒီလူတွေ က တိုင်း
    ပြည် ထက် ဘာသာရေး ဖက် ပါသွားရော။ တိုင်းပြည်ကို ကြည့်တဲ့သူ က ရှားသား
    အမေရိကား က ၀န်ကြီးသား ကုလားရော ကနေဒါက ကုလားပါ ဘင်္ဂါလီတွေ အတွက် နာလိုက်ကြရတာ။ Lobby လုပ်လိုက်ကြရတာ။ သောက်ပေါ NCGUB က ငပု ကလည်း ဒေါ်လာရနိုးနဲ့တပည့်ဝင်ခံရသေးတယ်။
    Long Live Rohingyar လို့ ထထ အော်နေတဲ့ အကိုင်းလွပ်ခဲ့ရ တဲ့ (မျောက်ကြီးဖင်ခေါင်း
    ကျယ်) လို ပေါ်ပြူလာ တကိုယ်ကောင်း သမားတွေ ကို သစ္စာဖေါက် ကလွဲလို့ ဘယ်လို
    သတ်မှတ်ရမလဲ
    အောင်ထားတာက ပညာရေး ၊ အော်နေတာက နိုင်ငံရေး ၊ အပြင်ရောက်မှ စားရချောင်အောင်
    ထအော် နေတာပါ။ ဘယ်တက္ကသိုလ်က မှ Permanent ပါမောက္ခရာထူး မပေးဖူး။ ASEAN
    နိုင်ငံငယ်လေး တစ်ခု မှာ ဘင်္ဂါလီ ကုလားတွေ ရဲ့ အကူအညီ နဲ့ အလုပ်ရသွားတာ မကြာ
    သေးဖူး။ သူ့မိန်းမ က သူ့ website မှာ ငါတို့ ကြိုးစားနေ တာ ၊ (၃) နှစ် ရှိပြီလို့ ၀န်ခံထားတယ်။
    ဒီရုံ မြင်လို့ ဒီ ခြုံ ထွင်တာပါ။ သူ့ အလုပ် ဌါန ကိုဖွက် ထားတယ်။ သူ့ thesis ဆိုတာ သူ့ကျောင်း
    မှာ ရှာမရဖူး။
    မန်းရဲ့ မိတ်ဆွေ ကွန်မြူနစ် လေးတွေကတော့ Internationalism စိတ်မပျောက်တာလည်း ပါ
    သလို ၊ ဘ၀င် စိတ်လေးတွေ နဲ့ ဗမာဖြစ်ရတာတောင် ရှက်ရချည် ရဲ့လို့ထ အော်နေကြတာပါ။
    ရိုဟင်ဂျာ ဆိုပြီး ဖင်ပြဲအောင် အော်နေကြတဲ့ မောင်းတော က အော်လံ တွေက (လုပ်စား)
    တွေပါ။ ဒီကုလားတွေကို စည်းရုံးအောင် (စု) ပေးခဲ့တာ ဘယ်သူထင်သလဲ။ (ရှမ်း) လူလည်။
  • Bo K Nyein - အပြင် က ကျယ်ကျယ်အော် လေ ၊ ကြားရတဲ့ သူတွေက စိတ်တိုလေပေါ့။ အပြင်
    က ကလိန်ကကျစ် တွေကို တွေ့မြင်နေရတော့ အထဲက လူတွေကို သံသရ ပိုဝင်လာကြတာပေါ့။
    ကုလားတွေ အော်နေတာ ဘာ effect ရှိမှန်းတောင် မသိကြရှာဖူး
    သဘာဝ အရ (ရေ) ဆိုတာ (ဆူ) မှတ်ရောက် ပြီးရင် (ဘ၀) ပြောင်းပြီး (ရေငွေ့) အဖြစ် ပျေက်သွား ရတာပါပဲ။ ဒါ သဘာဝ ပဲလေ။
    ဦးအထင် ၊ (လူ) တွေလည်း (ဆူ) မှတ်ကျော်ရင် (အငွေ့) ဘ၀ ရောက်သွားကြမှာပါ။
    တကမ္ဘာလုံး က အန္တရယ် လို့ ဆုံးဖြတ်လာတဲ့ တနေ့ မှာ (၀ုန်း) ဆိုရင် ပြီးသွားမှာပါ။
    တော တွေ သဘာဝ အရ သိပ်ခြောက်လာရင် သဘာဝ အရ တောမီးလောင် ပေးရတယ် မဟုတ်
    လား
    ဆီးရီးယား မှာ စူနီ ၊ ရှီရာ တွေ အသေသတ်နေကြတာလည်း သဘာဝ က ရှင်းပေးနေတာပါ။
    လစ်ဖရယ် ငပေါတွေက ၀င်သနား နေကြတာ။ perpetual civil war က တဖြည်းဖြည်း ၊ အဖြေရှာ ပေးသွာမှာပါ။
    အစက ဦး က သနားမိတယ်။ နောက်တော့ ဒါ သူတို့ဘုရားသခင် ရဲ့ အလိုပဲလေ ဆိုပြီး အမြင်
    မှန် ရ သွားတယ်။
    Nature ကို Nurture က ကျော်နိုင်ပါဖူး
    စူနီ ၊ ရှီရာ ပြိုင်ဖက် ရက်စက်မှု က မသေးဖူး
    သူတို့ အချင်းချင်း သတ် နေကြရင် ၊ ကျန်တဲ့ သူတွေ ကို ဒုက္ခ မပေးနိုင်ဖူးပေါ့
    အာလုံး ကတော့ အေးအေးချမ်းချမ်း နေချင်ကြတာပဲ မန်းရေ
    ကျုးကျော်လာရင် တော့ တိုက်ထုတ် ရမှာပဲ။
    နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရထားတဲ့ အိုဘားမား တောင် Drone addiction ဖြစ်နေရှာပြီ။
    အစ္စလမ်ကို နိုင်ခဲ့တဲ့ သူ ရှိပါတယ်။ Gengis Khan တဲ့ ။
  • Phyo Phyotha - အင်း သားသတ်တဲ.အပိုင်းကတော.ဗုဒဘာသာဝင်စစ်စစ်ဖြစ်သွား၇င်တော.ကုသိုလ်အကုသိုလ်
    အကျိုးကြောင်.တော.သတ်တော.မှာမဟုတ်ပါဘူး၊ဒါပေမယ်.ဒီလိုဆိုတော.ဗုဒဘာသာဝင်တွေ
    သတ်သတ်လွတ်စားသင်.တာပေါ.လို.ဆိုသင်.တာပေါ.လို.ဆိုလာမယ်ဆိုပါစို.၊တကယ်တော.
    ဗုဒဘာသာဝင်တွေရဲ.စိတ်မှာက ကိုယ်.အတွက်ရည်စူးပြီးသတ်တာကိုသိတ်စားလေ.မရှိပါဘူး၊
    ဆိုလိုတာကမျက်စိရှေ့မှောက်မှာသတ်ဖြတ်နေတာနဲ.ပတ်သက်လို.ပေါ.၊အသားစားခြင်းမစား
    ခြင်းနဲ.ပတ်သက်လို.Buddha လက်ထက်ကတည်းကပြသ၁နာေုရတွရှိခဲ.ကြတယ်၊ ဗုဒကလည်းအသက်သတ်ခြင်းကြေင်.အကျိုးအပြစ်ကိုဟောတယ်၊ဒါပေမယ်.လူတွေကိုလိုက်နာ
    ခြင်းမလိုက်နာခြင်းဟာလူနဲ.ပဲဆိုင်တယ်လို.ယူဆထားတယ်၊ Buddha လက်ထက်မှာ ဗုဒအတွက်ရည်စူးပြီးသတ်ပြီးလှုတာပါလို.ဘုရားကိုကြိုလျှောက်ရင်ဘုရားကဆွမ်းဘုန်းမပေး
    ဘူး၊ပယ်ပါတယ်၊ဒါပေမယ်.Buddha လက်ထက်မှာ ဗုဒ ဟာ အသားစားခြင်းနဲ.ပတ်သက်လို.
    ထွေထွေထူးထူးမိန်.တော်မမူဘူး၊ ဘာလို.လဲဆိုတော.ရဟန်းတွေအတွက်ရောသာသနာအတွက်ရောအရှည်သ ဖြင်.ကြည်.ပြီး
    လုပ်ရလို.ပါပဲ၊ရဟန်းဆိုတာလှုတာစားရတာပဲမဟုတ်လား၊ ဒါကြောင်.ရဟန်းတွေက ဘုန်း
    ဘုန်းတို.အတွက်ရည်စူးပြီးလုပ်တဲ.အလှုဒါနအကြီးကြီးတွေမှာ အသားတွေကို သားသတ်ရုံ
    တွေကနေကြိုတင်မမှာကြားကြဖို.မိန်.ကြားတတ်ကြပါတယ်၊ဒါက Buddhist point of views
    ပါ၊ ဒါပေမယ်. ဖန်ဆင်းရှင်မှာကျတော.အသက်သတ်ခြင်းကြောင်.အကျိုးအပြစ်ကို မပြော
    ထားဘူး၊ဖန်ဆင်း၇ှင်က တိရိစ္ဆာန်တွေကို စားဖို.ဖန်ဆင်းတာပါလို.ပြောခဲ.တယ်၊ ဒါကကြီးမား
    တဲ.အကွဲအလွဲတခုပဲ၊တခါအစ္စလမ်မစ်တွေကျတော.ဟီဘရူးတွေလက်ထက်မှာလုပ်ခဲ.တဲ.
    အလေ.အထ အစ်ကြီးကို မိုဟာမက်ကဆင်.ပွါးလက်ခံယူခဲ.တယ်၊ ဒါပေမယ်.ခေတ်ကာလ
    အမြင် တိုးတက်လာတော. ဂျူးတွေက ဒါကိုလက်မခံကြလို.ဆက်မလုပ်ဖြစ်တော.ဘူး၊ ဒါ
    ပေမယ်.အစ္စလမ်မစ်တွေကတော.ဆက်လက်လုပ်ဆောင်ကြတယ်၊ဘာသာတရားတခုရဲ.
    ကိုးကွယ်ယုံကြည်ရာမို.လို.ဒါကိုတားမြစ်ပိတ်ပင်ဖို.ခက်လှတယ်၊လူဆိုတာက ပြုပြင်ပြောင်း
    လဲဖို.အတွက်ခက်ခဲလှတယ်၊ အရိုးစွဲလာတာကြာလာတဲ.အလေ.အထတခုကိုထပြောင်းဖို.ဆိုတာကတော်ရုံသတ္တိနဲ.မဖြစ်နိုင်
    ဘူး၊ တော်.တော်.ကို ခေတ်မှီတဲ.အမြင်အတွေးအခေါ်ရှိမှသာပြုပြင်ပြောင်းလဲတတ်ကြတာကိုး၊
    အဲဒီတော. ဦးဘိုဘိုကျော်ငြိမ်းရဲ.အမြင်ကိုလေးစားပါတယ်၊ ဒါပေမယ်.လူတိုင်းကိုပြုပြင်ပြောင်း
    လဲရေးလုပ်ဖို.ဆိုတာက လူ.လောကအတွက်ဘယ်လိုမှ ကြိုးစားလို.မဖြစ်နိုင်ဘူးလို.ထင်တယ်၊
    ပညာနဲ.စဉ်းစားတွေးခေါ်နိုင်မှုကသာအဆုံးအဖြတ်ပေးနိုင်ပါလိမ်.မယ်လို.ထင်ပါတယ်ဗျာ၊
  • Thein Maung - အစ္စလမ် ဘာသာ ဆိုတာ လက်ရှိ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး ယုံ
    ကြည် ခြင်းခံနေရတဲ့ ဘာသာတခု အဖြစ် ရှိနေဆဲပါ .. ဒါကြောင့် သတ္တ၀ါ တွေကို လည်လှီး
    တာ ကောင်းမှု ကုသိုလ် တခုလို့ အရိုးစွဲ အမြစ်တွယ်နေခဲ့တဲ့ ယုံကြည်ချက်ကို ပျောက်
    ကွယ်သွားအောင်လုပ်ဖို့ အတော့် ကို အချိန်ယူရအုံးမှာ ဖြစ်ပါတယ် ..သို့သော်လဲ ဘာ
    သာရေးအယူအဆ နဲ့ ကျင့်ဝတ်ဆိုတာ မပြောင်းမလဲဘဲ ထာဝရတည်ရှိနေနိုင်တဲ့ သဘော
    တော့ မရှိပါ ..အစ္စလာမ် တွေ ကြီးစိုးတဲ့ နိုင်ငံ ... မဖွံ့ဖြိုးမတိုးတက်သေးတဲ့ ဒေသတွေမှာ ..
    အမျိုးသမီးတွေ ဖောက်ပြန်ရင် ခဲ..နဲ့ ပေါက်ပြီး အသေသတ် အဆုံးစီရင်တဲ့ အလေ့အထ
    တွေ ရှိနေသေးပေမဲ့ .. အတော်တော့ နဲ လာပါပြီ ..အခု ဆိုးနေတာက ဂျီဟာဒ် အလေ့ အထ
    ပါဘဲ .... အစ္စလာမ် ယုံကြည်မှုအတွက် မိမိအသက်ကို စွန့်လွတ်ရဲ တယ် ဆိုတဲ့ ဆိုတာထက် ...
    ကိုယ့်အသက်ကို စွန့်လွတ်ရာမှာ အခြားသောသူများကိုပါ ထိခိုက်နစ်နာ သေဆုံးအောင် လုပ်
    တာ .... ကိုယ့်ဘာသာတရား ပြန့်ပွါးအောင် တရားနည်းလမ်းတကျ စည်းရုံး သွေးဆောင် တာ
    မျိုးထက် ... နိုင်ငံငယ်တွေမှာ ပဋိပက္ခတွေ ဖန်တီးပြီး ဘာသာတရား နယ်မြေ ခြေကုတ်ယူဖို့ ဖန်တီးတာမျိုးကတော့ အလွန်တရာစက်ဆုတ် ဖို့ ကောင်းပါတယ် .... လက်ရှိ တိဘက် ဘုန်းတော်ကြီးနဲ့ သီလရှင်တွေ တရုတ်မှာ ကိုယ့်ကိုကိုယ် မီးရှို့ ပြီး ဆန္ဒ ပြ သတ်သေနေတာ ၆၀ ကျော် သွားလို့ တရုတ်အစိုးရ နဲ့ တရုတ်ပြည်သူတွေကြားမှာ တဖြည်းဖြည်း လှုပ်ခါ လာ
    တာ ကို သတိထားမိပါတယ် ...ဗုဒ္ဓ ဘာသာ မှာ တကြိမ် ကိုယ့်ကိုကိုယ် သတ်သေ တာ အထုံ
    သဘော ဆောင်တဲ့ အတွက် ဘ၀ပေါင်းများစွာမှာ အကြိမ်ကြိမ် သတ်သေတဲ့ အလေ့အ
    ဖြစ်လိမ့်မယ် လို့ ယုံကြည်ကြပါတယ် ...အဲဒါကို သိရက်နဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များ ဟာ
    ဘာသာရေး လွတ်လပ်ခွင့် နိုင်ငံရေး လွတ်လပ်ခွင့် အတွက် ကိုယ်ခန္ဓာ ကို မီးရှို့ ပြီး ဘုရား ပူဇော် ကြတာ ဖြစ်ပါတယ် ...တောင်ပိုင်းမှာ ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကား လာရင် အလွန်ကောင်း
    မှာပါ တရုတ်ပြည်မှာ အလားအလာရှိနေပါတယ် ... အဲဒါကြောင့် တိဘတ် အရေးကို ပြည်ပ
    ရောက် မြန်မာတွေ ၀ိုင်းဝန်းကူညီ အားပေး ထောက်ခံသင့်ပါတယ် ... ကျုပ်တို့က ထေရ၀ါဒ ..
    သူတို့က ဟိနာယာန ရယ်လို့ ပိုင်းခြားပြီး မနေသင့်တော့ဘူး လို့ မြင်ပါတယ် ....
    မန်မာနိုင်ငံမှာကတော့ ဗဟို သံဃာ့ မဟာနာယက လို့ ခေါ်တဲ့ ဆရာတော်ကြီးတွေက နိုင်ငံ
    တော် အုပ်ချုပ်ရေး လောင်းရိပ် မိနေကြရပါတယ်.. လက်ရှိ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးကို
    သွားနေတယ်ဆိုရင် ... သဃာ့ မဟာ နာယက ပြန်လည်ဖွဲ့စည်းရေး .. သမုတိ သံဃာ အစစ်
    အမှန်ပေါ်ပေါက်ရေး ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရေးကို... ပြည်တွင်းက သံဃာ တော်တွေ စု
    ပေါင်းဆောင်ရွက်သင့်တဲ့ အချိန်ရောက် ပြီလို့ ယူဆပါတယ် ... ဒါမှသာ ပြည်တွင်းပြည်ပ မှာ
    ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကား လာနိုင်ဖို့ တက်ကြွတဲ့ သာသနာ့ အာဇာနည် ရဟန်းတော်တွေ
    သာသနာတော် ၃ ရပ် ကို ဖြန့်ချိ ဆောင်ရွက်နိုင်ဖို့ ဖြစ်လာမှာပါ ...ဒါမှသာ.. လက်ရှိ ရခိုင်အရေး
    နဲ့ ဗုဒ္ဓဘာသာ .. ရေရှည်တည်တံ့နိုင်ဖို့ အစီအမံတွေကို အမျှော်အမြင် ကြီးကြီးနဲ့ ဆောင်ရွက်
    နိုင်မှာ ဖြစ်ပါတယ် ... လက်ရှိ ရခိုင် ကိစ္စ ဆိုတာ လတ်တလော ချက်ခြင်း ပြီးသွားဖို့ သိပ်လွယ်
    ကူလှတဲ့ ကိစ္စတော့ မဟုတ်ပါ ... နိုင်ငံတော် အုပ်ချုပ်ရေးအပိုင်း ... ပြည်သူလူထုရဲ့ အမျိုးသား
    ရေး စိတ်ဓါတ် ....အသိအမြင် တွေအပြင် ... ဘာသာရေး ပိုင်းက ထေကြီး ၀ါကြီး ဆရာ
    တော်ကြီးများအနေနဲ့ ... ဗဟိုသံဃာ့ နာယက အဖွဲ့ကို ပြုပြင်ပြောင်းလဲရေး လုပ်ပြီး ဦး
    ဆောင်... ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ် ..... ။
  • Nay Win Thant - ကိုယ်တော်လေးတို့ ကိုယ်တော်ကြီးတို့ရေ။ အဲဒါရာဇ်ပူဇော်တာမဟုတ်ဘူး။
    အဲလိုသတ်ရင် ကုသိုလ်ရလို့ သတ်တာလည်းမဟုတ်ဘူး သူများဘာသာစော်ကားဖို့ပဲစဉ်းစား
    မနေနဲ့ ကိုယ့်ဘာသာ ရဲ့ jurisprudence တောင်ကိုယ်ကောင်းကောင်းမသိတာ သူများဘာ
    သာသွားစော်ကားနေသေးတယ်။ အေးသူတို့ လုပ်ပုံလုပ်နည်း ပြင်ဖို့လိုကောင်းလိုလိမ့်မယ်။
    ဥပမာ လုံခြုံတဲ့ လူသူမမြင်ရတဲ့နေရာမှာလုပ်သလိုမျိုးပေါ့။ ဒါပေမယ့် အသားဆိုတာ သတ်ပြီး
    မှ စားလို့ရတယ်ဆိုတာနားလည်ထားဖို့လိုတယ်။ အပင်အသီးအရွက်လည်း သတ်ပြီးမှပဲရတာ။
    Islam မှာ သတ်မှတ်ထားတဲ့ အသားတွေရှိတယ်။ သေချာလိုက်ကြည့်ရင် မျိုးပွားနှုန်းအင်မ
    တန် မြန်ပြီး လူတွေရဲ့ ကျန်းမာရေးအတွက် မထိခိုက်နိုင်တဲ့ တိရိစ္ဆာန် မျိုးတွေ သတ်မှန်ပေး
    ထားတာကိုကြည့်ရင် ငါတို့မင်းတို့ထက် ပိုတိကျတဲ့ ပို logical ဖြစ်တဲ့ Rules and
    Regulations တွေလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းကရှိခဲ့တယ်ဆိုတာတွေ့နိုင်တယ်။
    မင်းတို့ငါတို့လည်း အလှူလုပ်ကြရင် သား၊ ငါးဝယ်ကြရတာပဲ။ တောတွေရွာတွေမှာဆိုရင်
    ကိုယ်မှာရှိတဲ့ သားကောင်တွေကို သတ်ပြီးဧည့်ခံတတ်တာ ဗမာဓလေ့လို့တောင် ပြောလို့
    ရသေးတယ်။ ဘာသာတိုင်း လူမျိုးတိုင်း သတ်နေရတာပဲဟာကို သူတို့သတ်တော့မှ မင်းတို့
    က ၀ိုင်းသနားနေကြတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။
  • Nay Win Thant - ဦးဘိုရေ ဆီးရီးယား မှာ စူနီ ၊ ရှီရာ တွေ အသေသတ်နေကြတာလည်း သ
    ဘာဝ က ရှင်းပေးနေတာဆိုရင် ၂၀၀၇ တုန်းက သံဃာတော်တွေကို စစ်တပ်က ပစ်သတ်ခဲ့
    တာ၊ အရေးအခင်းတွေမှာ လူတွေအသတ်ခံရတာ၊ တိုင်းရင်းသားတွေကို Genocide လုပ်
    နေတာတွေလည်း သဘာဝ က ရှင်းပေးနေတာလို့ ဆိုလိုချင်တာလား။
  • Nay Win Thant - နောက်ဆုံး comment ကို ဖတ်လိုက်တော့ တော်တော်ရယ်ချင်သွားတယ်
    ဗျာ ဘာတဲ့ အစ္စလမ်ကို နိုင်ခဲ့တဲ့ သူ ရှိပါတယ်။ Gengis Khan တဲ့ ကြည့်လည်းလုပ်ပါဦးဗျာ။
    မွန်တွေ ပါရှားရောက်၊ အိန္ဒိယ ရောက်ပြီး အစ္စလာမ်ဘာသာကိုးကွယ်သွားကြ လို့ မွန်ဂိုတော်
    တော်များများကို အစ္စလာမ်ဘာသာဝင် အနေနဲ့ တွေ့နေရတာ အခုထိပါပဲ။ Gengis Khan
    တောင် သေခါနီး အစ္စလာမ် ဘာသာဝင်ဖြစ်သွားသေးလားမသိဘူး။
  • Mahn Koko - အချိန်အခက်ခဲကြောင့် ခုမှပဲ ပြန်ရေးဖြစ်ပါတယ် ဦးဘို ။
      ပထမဆုံးတစ်ချက် ဦးဘိုနဲ့ကျနော် သဘောကွဲတာတွေ ရှိတယ်ဆိုတာ သဘောတူရပါလိမ့်
    မယ် ။ ကျနော့်အနေနဲ့ မြန်မာပြည်ကြုံတွေ့နေရတဲ့ မဖြစ်သင့်တာတွေ ၊ ကျော်လို့မရတဲ့ဘောင်
    တွေကို မရမက ဖြတ်တက်ဖို့ ကြိုးစားမယ့်အစား win-win situation တစ်ခုကို ဦးတည်စေချင်
    တာပါ ။ ဒီနေရာမှာ ဘာသာရေးတွေနဲ့ပတ်သက်လို့ အနည်းဆုံး အခြေခံအချက်တွေလောက်
    တော့ ကိုယ်စီ နားလည်ထားသင့်ပြီး မသိသေးသူတွေကို လက်ဆင့်ကမ်းပေးသင့်တာမှန်ပေ
    မယ့် သူတို့ရဲ့ အားနည်းချက် တစ်ခုစီကို လိုက်ထောက် ပြောဆိုဖို့ထိအတွက်တော့ စိတ်မသိုး
    မသန့် ဖြစ်မိပါတယ် ။ သိပ်လိုအပ်လာပြီလို့ ယူဆတဲ့အခါတွေကလွဲရင် ပြောဖြစ်အုံးမယ် မ
    ထင်ပါ ။
      ဘယ်လိုဖြစ်ဖြစ် ကျနော်လက်လှမ်းမီသမျှနဲ့ ဖြစ်နိုင်သမျှကို အနည်းအကျဉ်း ဆွေးနွေးကြည့်
    ပါမယ် ။
      ဘာသာရေးဆီ မသွားခင် လူနဲ့ပတ်သက်ရင် Nature နဲ့ Nurture နှစ်ပိုင်းကွဲတာကို လက်ခံပါ
    တယ် ။ တစ်လက်စထဲမှာလည်း အဲဒီနှစ်ခုမှာ Nature နဲ့ စပေမယ့် တစ်ဆက်ထဲမှာပဲ အပြန်
    အလှန် သက်ရောက်မှု တွေနဲ့ ခွဲလို့မရလောက်ပဲလို့ ယူဆရမယ် ထင်ပါတယ် ။ တစ်ခါ Nurture
    မှာလည်း အနည်းဆုံး သဘာဝ/ရာသီဥတုနဲ့ရေမြေ ၊ ကြုံတွေ့ခဲ့ရတဲ့သမိုင်း ၊ လူမှုအသိုင်းဝိုင်း
    နဲ့ ဘာသာရေးတွေဆိုပြီး ခွဲခြားလို့ရမယ်လို့ ယူဆပါတယ် ။ ကျနော်ဆိုချင်တာက ကြမ်းတမ်း
    တဲ့ သဘာဝပတ်ဝန်းကျင်က လူတွေကို အသက်ရှင်ရပ်တည်ဖို့ တွန်းအားပေးပြီး စိတ်ကြမ်း
    ကိုယ်ကြမ်း ဖြစ်စေတတ်သလို ၊ သမိုင်းထဲက မျိုးပြုတ်မတတ် စစ်ပွဲတွေနဲ့ လူမျိုးတစ်စုအဖြစ်
    အတည်တကျ ရပ်တည်နိုင်ဖို့ရာ အခက်ခဲတွေကလည်း အချို့လူမျိုးတွေကို ကနေ့အထိ ရပ်
    တည်နိုင်အောင် တွန်းအားနဲ့ အခွင့်ရေးတွေ ပေးခဲ့ လမ်းကြောင်းပေးခဲ့တယ်လို့ ယူဆပါတယ် ။
    ဥပမာ ရာသီဥတုကြမ်းပြီး မွန်ဂိုနဲ့ ဂျပန်တို့ရဲ့ဒဏ် ကောင်းကောင်းခံခဲ့ရတဲ့ ကိုရီးယားတို့လိုမျိုး
    ပါ ။ ဆင်တူယိုးမှားအနေနဲ့ - နေ့ပူညအေး အလယ်ပိုင်းဒေသမှာ နေခဲ့ပြီး ရှမ်းနဲ့ မွန်တွေကြောင့်
    အထက်ပြေး အောက်ပြေးခဲ့ရတဲ့ ဗမာတွေလည်း ဒီကနေ့လို ရပ်တည်နိုင်အောင် အခြေနေ
    တွေက တွန်းပို့ခဲ့ပြီး ပင်ကိုယ်လည်း အောင်မြင်ဖို့ အုတ်မြစ်တွေရှိခဲ့တာကြောင့်လို့ ယူဆလို့
    ရနိုင်ကောင်းပါတယ် ။
      ဘာသာရေးပိုင်းကတော့ ခွဲခြမ်းစိတ်ဖြာ ပြောနိုင်လောက်အောင် မပြည့်စုံတာကြောင့်
    ယေ
    ဘုယျအမြင်ကို ပြောရရင် ဘာသာတရားတွေဟာ လောက (သို့မဟုတ်) သဘာဝဖြစ်စဉ်ကြီး
    ကို တစ်နေရာစီကနေ ကြည့်မြင်ကြရာက ကြည့်ပုံ မြင်ပုံ တင်ပြပုံ အဓိပ္ပါယ်ဖွဲ့ပုံတွေ မတူ
    တာသာ ဖြစ်တယ်လို့ သဘောထားလို့ ရနိုင်ကောင်းမယ် ထင်ပါတယ် ။ ဒါကြောင့် ဒီအပေါ်
    မှာ ဘယ်သူကမှားတယ် ဘယ်သူကမှန်တယ်ရယ်လို့ သတ်မှတ်လို့မဖြစ်နိုင်ပဲ ကြည့်တဲ့သရဲ့
    ရှု့ထောင့်အပေါ်မှာ မူတည်နိုင်တယ်လို့ ယူဆပါတယ် ။ ဒီလိုပြောလို့ ကျနော် ဘာသာမဲ့
    တော့ ဖြစ်မသွားပါဘူး ။ ဘာသာတရားတွေရဲ့ Nurture မှုကြောင့်လည်း ကနေ့လို အတွေး
    အမြင်တွေနဲ့ ရပ်တည်နေတာပါ ။
      ရိုဟင်ဂျာကိစ္စမှာတော့ “ဘက်”အားလုံးကို ကျနော် စာနာပါတယ် ။ ကူညီဖို့ ဖြစ်နိုင်တဲ့ဖက်
    ကလည်း ကူညီခဲ့သလို ဆက်ပြီးလည်း ကူညီသွားမှာပါ ။ “ဘက်”မလိုက်မိဖို့ ကြိုးစားပေမယ့်
    စာနာမှုတွေက ဘက်လိုက်သလို ထင်စရာတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
  • Mahn Koko - လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကတော့ ဗိုလ်ချုပ်တင်ဦး (NLD) နဲ့ မဆလ
    ခေတ်မှာ နီးစပ်ခဲ့ဖူးသူ တစ်ယောက်ကို စကားနည်းနည်း ပြောဖြစ်ပါတယ် ။ ဖြစ်နေတဲ့ကိစ္စ
    တွေဟာ လွတ်လပ်ရေး ရစကတည်းက ရှိနေခဲ့ပြီး ဘယ်ဖက်မှ အပြစ်ကင်းကြတာတော့ မ
    ဟုတ်ဘူးလို့ သူ့အပြောအရ နားလည်ရပါတယ် ။ ဘာတွေ ဖြစ်ခဲ့ လုပ်ခဲ့ကြသလဲဆိုတာ
    ဦးတင်ဦးတို့လို ပတ်သက်ခဲ့သူတွေအနေနဲ့ ဘယ်တော့မှ ထုတ်ပြောလိမ့်မယ်လို့ မထင်သ
    လို ပြဿနာကလည်း အချိန်တိုနဲ့ ဖြေရှင်းလို့ ရမယ့်ပုံ မပေါ်ပါ ။
      ဆက်စပ်ပြီး အရင်ဆွေးနွေးချက်တစ်ခုမှာ ဦးဘိုဆီမှာ ကျနော် မှတ်ချက်ပေးခဲ့ဖူးသလို “ကျ
    နော်တို့တတွေ တစ်စုံတစ်ခု လုပ်တော့မယ်ဆိုရင် basic moral ground တော့ သတ်မှတ်ထား
    ရှိဖို့ လိုတယ်”ဆိုတာကိုမှီပြီး အမြင်တစ်ခု ပြောချင်ပါတယ် ။
      မြန်မာပြည်မှာ institutions တွေအနေနဲ့ တရားမျှတအောင် လုပ်ကိုင်ပြီး သိက္ခာတည်ဆောက် ၊
    ဒီမိုကရေစီနည်းကျတဲ့ ဥပဒေတွေနဲ့ ထိထိရောက်ရောက် အကောင်ထည်ဖေါ် ၊ အားလုံးရဲ့ အ
    ကျိုးစီးပွားတွေကို ထည့်တွက်ပြီး အရင်ဆုံး ညှိနှိုင်းအကောင်ထည်ဖေါ်ဖို့ လိုပါတယ် ။ ဒါတွေ
    လုပ်နိုင်ပြီး ပြည်တွင်းပြည်ပ အားလုံးလိုလို လက်ခံနိုင်တဲ့ အနေထားတစ်ရပ်ကို ခိုင်ခိုင်မာမာ
    ထူထောင်ပြီးပြီဆိုရင် နိုင်ငံကိုဖြစ်ဖြစ် ဒေသနဲ့ လူထုကိုဖြစ်ဖြစ် အန္တရာယ်ပေးမယ့် အရာတွေ
    ကို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန်လုပ်ချင်ရင် လုပ်လို့ရပါပြီ ။ အဲဒီအခါကျ တော်ရုံ
    ဘယ်သူမှ ကန့်ကွက်လို့ မလွယ်တော့ပါ ။
      နောက်တစ်ခု ဦးဘိုက Gengis Khan ကိုထည့်ပြောတာကြောင့် ကျနော့်အမြင်ကို ပြောပါ
    ရစေ ။ ကျနော်နားလည်ရသလောက် ခရူးဆိတ်စစ်ပွဲမှာ ခရစ်ယာန်တွေဟာ မွတ်ဆလင်တွေ
    နဲ့စာရင် အဖက်ဖက်က ခေတ်နောက်ကျနေခဲ့တာကြောင့် ဒီစစ်ပွဲဟာ သူတို့အတွက် အမြင်
    ပွင့်လာဖို့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ် ။ အဲဒီတုန်းက မွတ်ဆလင်တွေဟာ
    သိပ္ပံနည်းကျ မဟုတ်ပေမယ့် Nano technology နည်းလမ်းကို တွေ့ရှိသုံးစွဲခဲ့ပြီး သံချပ်ကာ
    တွေကို ဖေါက်ခုတ်နိုင်တဲ့ ဓါးကောက်အပါဝင် သတ္တုလက်နက်တွေကို ထုတ်လုပ်ခဲ့တယ်လို့
    ဖတ်မိဖူးပါတယ် ။
      Gengis Khan ရဲ့တပ်တွေ ခုခေတ်အီရတ်ရဲ့ ဘက္ကဒက်မြို့ကိုသိမ်းမိတော့ စာပေကျမ်းဂန်တွေ
    ကို ဘေးကမြစ်ထဲပစ်ချတာဟာ မြစ်တစ်ခုလုံးကို မှင်ရောင်တွေ လွှမ်းသွားစေခဲ့တယ်လို့လည်း
    ဆိုပါတယ် ။ ကျနော့်အမြင်ကတော့ အဲဒီဖြစ်ရပ်ဟာ အဲဒီဒေသနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့
    ရှိခဲ့တဲ့ တိုးတက်မှုတွေကို အတိုင်းတာတစ်ခုထိဆုတ်ယုတ်ဖို့ သက်ရောက်ခဲ့မယ်လို့ ထင်ပါ
    တယ် ။
      ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ ဦးဘိုပြောသလိုပဲ အချို့အသိုင်းဝိုင်းတွေဟာ ကိုယ့်ဘာသာ အငွေ့ပျံ
    မယ့်လမ်းကို ရွေးကြတာပါပဲ ။ ကျနော်တို့ တိုင်းရင်းသားတွေထဲမှာတောင် တွေ့နိုင်ပါတယ် ။
    ကျနော်လည်း ဘာမှ မတတ်နိုင်ပါဘူး ။ ဝင်ပါမိလို့ ကိုယ်ပါအငွေ့ဖြစ်ဖို့လည်း မလိုချင်ပါဘူး ။
      ဒါပေမယ့် အခြားတစ်ဖက်မှာကလည်း လူသားတစ်ယောက်အနေနဲ့ စိတ်သန့်သန့်ပဲ ရှင်သန်
    ချင်ပါတယ် ။ ဖြစ်နိုင်ရင်လည်း သူတစ်ပါးကို လက်လှမ်းမီသလောက်လေး ကူညီနိုင်ရင် နတ်
    ပြည်တို့ ကောင်းကင်ဘုံတို့ ရောက် မသေချာပေမယ့် ၊ လတ်တလော စိတ်သက်သာစေတာ
    တော့ အမှန်ပါပဲ ။ ဒါတွေလုပ်တာဟာ Nature ကြောင့်လား Nurture ကြောင့်လား မသဲကွဲပေ
    မယ့် ၊ သိသိကြီးနဲ့ ကိုယ်စိတ်ကြိုက် ရွေးတဲ့လမ်းမို့ ဆက်လျှောက်သွားဖြစ်မှာပါပဲ ။ ဆွေးနွေး
    ပေးသွားတာတွေအတွက် ကျေးဇူးပါ ဦးဘို ။
                                 +++++++++++++++++++++++++++++++++++++
No comments:
Post a Comment