ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Showing posts with label News and Articles. Show all posts
Showing posts with label News and Articles. Show all posts

Thursday, December 27, 2012

ရွေးစရာလမ်း မရှိလှတော့တဲ့အခါ ......



   ကျနော် KNU, KIA, SSA, ဝ ဘယ်အဖွဲ့ကိုမှ ၁၀၀% မထောက်ခံပါဘူး ။
   ထောက်ခံဖို့ ဆိုတာလည်း ကျနော့် ကိုယ်ပိုင်ခံယူချက်တွေနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး ။

   ထို့နည်းတူ ဒီအဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေနဲ့ အားပေးသူတွေဆီက စာတွေကိုလည်း
လိုအပ်တယ်လို့ ယူဆမှသာလျှင် Facebook ပေါ်မှာ Share လုပ်ပါတယ် ။

   ဒါပေမယ့် ခုနေခါမှာ တစ်ခု ထူးခြားလာပါတယ် ။
   ကချင်ထိုးစစ် မြှင့်လာချိန်နဲ့အကိုက် ကချင်သတင်းဌာနဟာ အတိုက်ခံနေရပါတယ် ။ တိုက်ခိုက်
သူတွေ အနေနဲ့လည်း ရန်သူမို့ တိုက်ခိုက်တယ်လို့ ဝန်မခံတဲ့အပြင် နာမည်ကောင်းခံပြီး ဝါဒဖြန့်မှု
နဲ့ပါ တွဲလုပ်လာတာကို တွေ့ခဲ့ရပါတယ် ။