ဒီကနေ့
မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ရာက စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာတစ်ခု
ပိုသေချာသွားတာကြောင့်
ဒေါသမပါ စာတစ်စုအဖြစ် ချရေးလိုက်တယ် ။
များစွာသောသူတွေရဲ့ စိတ်ထဲစွဲနေတဲ့ အရိပ်လေးတစ်ခုပါ ။ ပုံပြင်လေးတစ်ခုလို ပမာပြုကြပါစို့ ။
များစွာသောသူတွေရဲ့ စိတ်ထဲစွဲနေတဲ့ အရိပ်လေးတစ်ခုပါ ။ ပုံပြင်လေးတစ်ခုလို ပမာပြုကြပါစို့ ။
“ဟိုးဖက်ရွာက တုတ်ကြီးကနေ ကိုယ့်ရွာထဲလာပြီး တုတ်ဒါးအားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျ လုယက်တာကို တစ်ရွာလုံးလိုလို မခံချင်ပဲ အာခံဖို့ ကြိုးစားခဲ့ကြပေမယ့် ၊ရွာထဲက သူကြီးသာဂိရဲ့ လက်ရုံးရည်အားကိုးပြီး နည်းမျိုးစုံနဲ့ ဂုတ်သွေးစုပ် လက်ဝါးကြီးအုပ် နှိပ်စက်ကလူ ပြုမူတာတွေကိုတော့ တစ်ရွာလုံးကနေ ကြည်ဖြူကြလိမ့်မယ်လို့ သူ့အသိုင်းအဝိုင်းထဲ အများစုက ယူဆပါသတဲ့” ။ ဒါပါပဲ ။
ဒီဖြစ်စဉ်မှ
တစ်ခုခုတော့ သေသေချာချာ တော်တော်ကြီး မှားနေပါပြီ ။
ရွာသူရွာသားတွေမှာလည်း
မိုးလုံးပြည့်သက်သေတွေနဲ့ပေါ့ ။
အမုန်းပွားစရာ
များမှာမို့လို့ ပဟေဋ္ဌိနဲ့သာ အဖြေညှိဖို့ရာ
ချန်ထားလိုက်တော့မယ် ။
မန်းကိုကို
၁၅
၊ ၁၂ ၊ ၂၀၁၂
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
□ ခင်ဗျားဘုရား ဘာဟောထားသလဲ ဆိုတာထက် ...□ ခင်ဗျား ဘာလုပ်သလဲဆိုတာကို ပိုစိတ်ဝင်စားတယ် .....
မန်းကိုကို
၁၆ ၊ ၁၂ ၊ ၂၀၁၂
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
◊ ခင်ဗျားနဲ့ကျနော် ဆင်ဖြူတော်
နိုင်ငံတော် …
နေပြည်တော် …
ဆင်ဖြူတော် …
တော်ဝင်ရပ်ဝန်းထဲက တော်ပေါင်းများစွာကို ရေရွတ်ကြည့်ရင်း
“ဆင်ဖြူတော်” ကိုရောက်
တော့ စိတ်ကူးပေါက်ပြီး နည်းနည်းတွန့်သွားတယ် ။ ခင်ဗျားတို့ ကျနော်တို့တွေဟာ
ဆင်ဖြူ
တော်တွေ ဖြစ်နေပြီလား ။
အဲ .. “ဆင်ဖြူတော်”ဆိုလို့ ဘဝင်တော့ မမြင့်လိုက်ပါနဲ့ဦး
။
ကျနော့်အမြင်မှာက “ဆင်”ဆိုတဲ့ တိရိစ္ဆာန်ဆိုတာကိုသာ ဦးတည်တာပါ
၊ မြင့်မြတ်မှုတို့ ခမ်း
နားတင့်တယ် ကြွယ်ဝမှုတွေ မဟုတ်ဘူး ။
သက်ဦးဆံပိုင် ဘုရင်စနစ်တုန်းက ဆင်ဖြူတော်ဆိုရင် ဂုဏ် ၊ ဘုန်းကျက်သရေနဲ့
ကြွယ်ဝမှု
တွေကို ကိုယ်စားပြုတယ်ဆိုတာ မှန်ပါတယ် ။ ပြောင်းလဲလို့မရတဲ့
အတိတ်ကို ဘေးဖယ်ပြီး ခု
ခေတ်အမြင်နဲ့ ကြည့်ရအောင် ။
ပထမ ဆင်ဖြူဆိုတာဟာ ခရုသင်းစွဲတာလား ၊ သို့တည်းမဟုတ် Albino
လို့ခေါ်တဲ့ အရေ
ပြား အရောင်မရှိတဲ့ ရှားပါးအနေထား တစ်ရပ်လားဆိုတာ တစ်ချိန်ကျရင် သိလာနိုင်ကြမယ်
လို့
မျှော်လင့်ရတာပဲ ။ ဒါက သတ္တဗေဒနဲ့ မျိုးရိုးဗီဇပညာရှင်လို လူတွေရဲ့အလုပ်မို့ သူတို့အပူ
လို့ပဲ
ထားလိုက်တော့မယ် ။ ဘယ်လိုဖြစ်ဖြစ် Albino ဆိုရင်တော့ မြန်မာပြည်မှာ ဆင်လာဖြစ်
ရတာ နည်းနည်း
ကံကောင်းတယ်ပြောရမယ် ။ အာဖရိကမှာ လူသွားဖြစ်ရင်တော့ သူ့ရဲ့ ကိုယ်
ခန္ဓာအစိတ်ပိုင်းတွေ ဆေးဖက်ဝင်တယ်ဆိုပြီး အောက်လမ်းဆရာတွေရဲ့
အမဲလိုက်သလိုလိုက်
တာ ခံရလိမ့်မယ် ။
ထားပါတော့ ၊ လိုရင်းကို ဆက်ပါ့မယ် ။
ခင်ဗျားတို့လည်း ဘုရင်ခေတ်မှာ အင်မတန်လိမ္မာတဲ့ စီးတော်ယာဉ်
ဆင်ဖြူတော်အကြောင်း
တွေ ကြားဖူးလိမ့်မယ် ။ ထူးဆန်းပြီး ရင်သပ်ရှုမောစရာ ကောင်းသလို ၊
ပိုင်ဆိုင်တဲ့ဘုရင်ရဲ့ ဘုန်း
အရှိန်ဝါဟာလည်း အံ့မခန်းလို့ ပြောရမှာပေါ့ဗျာ ။
သို့သော် ကျနော်က ဒီလိုတွေးတယ်ဗျ ။
ခေတ်အဆက်ဆက် ဆင်ဖြူတွေဟာ ဘုရင်တွေဆီ သူ့ဘာသာ သူလာတာလား ၊
သွားဖမ်း
ယူရတာလားလို့ မေးရင် ၊ သွားဖမ်းရတာချည်းပါပဲ ။
တစ်ခါ ဖမ်းလာတော့ သူ့အလိုလို ယဉ်သွားတာပဲလား ။
မယဉ်ပါ ၊ လေ့ကျင့်ပေးတဲ့ သူတွေအပေါ် မူတည်ပြီး အခန့်မသင့်ရင်
အထုအထောင်းခံ ၊ လှံ
ချွန်နဲ့ အထိုးခံ ၊ အခြားဆင်တွေနဲ့ အားမတန် မာန်လျှော့လောက်အောင်
အကြာကြီး ပယ်ပယ်
နယ်နယ် ဘဝကြမ်းကို ဖြတ်သန်းရတာပါ ။ အင်တာနက်မှာ ရှာကြည့်လို့ ရပါတယ် ။
ဒါတင် ပြီးပြီလား ။
မပြီးပါ ၊ ဘုရင်ရှေ့ရောက်ရင် ဆင်ဖြူက automatic ဒူးမထောက်ပါ
၊ ဆင်ထိန်းက အားနည်း
ကွက်ဖြစ်တဲ့ နားရွက်နောက်နားမှာ ချွန်းနဲ့ ထောက်ပါတယ် ၊ ပေါက်ပါတယ်
။ နာလည်းနာ ၊ အ
ခြား ရွေးစရာလမ်းလည်း မရှိမှန်းသိတော့ ဒူးထောက်ပေးရပါတော့တယ် ။
ဆိုတော့ကာ အဖြေကဘာလဲ ။
စိတ်အလိုမတူပဲ ဖမ်းဆီးချုပ်နှောင်ခံရတယ် ၊
သဘာဝနဲ့ ကင်းကွာပြီး နေရတယ် ၊
မလုပ်ချင်တာ ၊ မလုပ်တတ်တာကို အနာခံပြီး အသင်ခံရတယ် ၊
ပြီးရင် ပျော့ကွက်ကိုထောက်ပြီး အခိုင်းခံရတယ် ။
ဒါ့ပြင် ဆင်ဖြူဆိုလို့ ဆင်မဲနဲ့ကော ဘာကွာသလဲ ။
တစ်မူးလောက် ပိုရှူကောင်းပိုရှူရမယ် ၊ ဒါပေမယ့် ဆင်ဟာ ဆင်ပါပဲ
၊ ဖြတ်သန်းမှုဖြစ်စဉ်လည်း
ဒီလိုပါပဲ ၊ နှိပ်စက်ခံရတာ အခိုင်းခံရတာနဲ့ ထိန်းချုပ်ခံရတာလည်း ထူးမခြားနားပါပဲ
။
လူမှာကြည့်ရင်ကော …
ခင်ဗျားတို့ ကျနော်တို့တွေဟာ ဆင်ဖြူလို ဖြစ်နေကြပြီလား ။
ထားရာနေ ၊ စေရာသွား ၊ ကျွေးတာစား ၊ ပေးတာယူ ၊ ခံမပြော ၊ ခိုင်းတာလုပ်
၊ ကိုယ်ပိုင် အ
တွေးခေါ်မထား ၊ မတူရင် အမှားဆိုတဲ့ ပုံစံခွက်ထဲ ဝင်နေကြပြီလား ။
ဒီနေရာမှာ အရေးပါဆုံး လူတစ်စုကို သတိထားမိတယ် ။
မရှိမဖြစ် ဇာတ်လိုက်ကျော် ဆင်ထိန်းတွေပေါ့ဗျာ ။
ဆင်တွေကို ကျိုးနွံပြီး သတ်မှတ်ထားတဲ့ဘောင်အတွင်း အမိန့်နာခံဖို့ရာ
ရက်စက်တန်ရက်
စက် ၊ ဖျားယောင်းတန် ဖျားယောင်းပြီး လိုသလို ပုံသွင်းခဲ့သူတွေပေါ့ ။ (ခုခေတ်
ဆင်ထိန်း
တွေကို ကိုယ်လိုရာ ကိုယ်ဆွဲတွေးပြီး သတ်မှတ်ကြည့်ကြပါ) ။
ဒါပေမယ့် ခေတ်အဆက်ဆက် ပြန်ကြည့်လိုက်ပါ ။ ဘာတွေ့သလဲ ။
ဆင်ထိန်းတွေရဲ့ ကဏ္ဍဟာ မရှိမဖြစ်ဆိုပေမယ့် ၊ ဘယ်ဆင်ထိန်းက ရှေ့ထွက်ပြီး
“ခင်ဗျားတို့
ဒီလိုကျိုးနွံတဲ့ ဆင်ကြီးတွေရတာ ကျုပ်တို့လုပ်ပေးလို့ ၊ ချော့တစ်ခါ ချောက်တစ်လှည့်နဲ့
သင်ပေး
ပြီး ထိန်းချုပ်နေလို့ဗျ” လို့ ပြောခဲ့သူတွေ ရှိသလား ။
မရှိပါ ။ သို့သော် ရက်စက်မှု ကြမ်းကြုတ်မှုနဲ့ အတင်းကြပ်ခိုင်းစေမှုတွေက
ကန့်လန့်ကာ
နောက်ကွယ် ရောက်သွားပြီး ၊ လူတွေ တွေ့ချင်မြင်ချင်ကြတယ်လို့ ယူဆလို့ ရနိုင်တဲ့
- ဆင်
ကြီးက လိမ္မာလိုက်တာ ၊ ဘုရင်ကြီးက တန်ခိုးကြီးလိုက်တာ စတာတွေပဲ စွဲထင်ကျန်ခဲ့တယ်
။
စိတ်ထဲကို အတင်းသွတ်သင်းခံရတာလည်း ဖြစ်နိုင်တယ် ။
ဒီတော့ ၊ ဒါကိုမှီပြီး ပြောချင်တာက - ခင်ဗျားတို့ ကျနော်တို့တတွေဟ ကန့်သတ်ချက
ဘောင်တွေအတွင်းက လုပ်နေသမျှ တွေးနေသမျှ ကာလပတ်လုံး ၊ ချွန်းနဲ့ထိုးလို့
နာကျင်
မှာကို ကြောက်ရွံ့ပြီး (သင်မထားတဲ့)စည်းဝိုင်းရဲ့ အပြင်ဖက်ကို ခြေဦးလှည့်ဖို့
မပြင်သမျှ
မရည်ရွယ်ရဲသမျှ ကာလပတ်လုံး ၊ အဲဒီဆင်ထိန်းတွေရဲ့ သြဇာကနေ မလွတ်ကင်းသေးဘူး
ဆိုတာ
သိထားဖို့လိုတယ် ။ ကျုပ်တို့ကနေ ဘုရင်ဖြစ်ဖြစ် လူတွေရှေ့မှာဖြစ်ဖြစ် ၊ ကျိုးကျိုး
နွံနွံနဲ့
ခေါင်းငုံ့ပြီးပြောတာ ခိုင်းတာတွေ လုပ်နေသမျှ ကာလပတ်လုံး ၊ လူကြမ်းဆင်ထိန်း
တွေကတော့
နောက်ကနေကြည့်ပြီး ကျိတ်ပြုံးနေမှာပဲ ။
ဒီလို သတ်မှတ်ထားတဲ့ ဘောင်တွေထဲကနေ ထိုးဖေါက်ထွက်ပြီး မမြင်နိုင်
မလုပ်ကိုင်နိုင်သ၍
ခင်ဗျားတို့ ကျနော်တို့တစ်တွေဟာ ဆင်ဖြူတစ်ကောင်ထက် မပိုကြပါ ။
ခင်ဗျား ဒါကို လက်မခံဘူးလား ။
ဒါဆို ကျနော်နဲ့မတူအောင် ခုပြောနေတာတွေထက် ထူးထွေဆန်းပြားတဲ့
အတွေးမျိုး တွေး
ကြည့်လိုက်ပါ ။ တတ်နိုင်ရင် ချရေးကြည့်လိုက်ပါ ။
မရဘူးလား ။
ဟုတ်ကဲ့ … သေချာသွားပါပြီ …
ခင်ဗျားဟာ တကယ့်ကို “ဆင်ဖြူပိန်းကြီး” ဖြစ်နေပါပြီ :-)
(ဒီနေရာမှာ အချို့က ဘုရင်ရဲ့ကဏ္ဍကို ထောက်ပြကြမယ် ။
ဟုတ်ပါတယ် ၊ ဘုရင်နဲ့ အခြားအချက်လက်တွေကို မေ့ထားလို့ မရနိုင်တာ မှန်ပါတယ် ။
ဒီစာစုမှာတော့ ကျနော်တို့ ဖြတ်သန်းရတဲ့ ဖြစ်စဉ် ၊ ကျင်လည်ရတဲ့ ရွေးစရာသိပ်မရှိလှတဲ့
ဘဝနဲ့ ဒီလို ဖြစ်လာဖို့ရာ ပြုပြင်ပဲ့ထိန်းတဲ့ လူတွေအကြောင်း တွေးကြည့်တာပါ) ။
မန်းကိုကို
၁၈ ၊ ၁၂ ၊ ၂၀၁၂
No comments:
Post a Comment