ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, November 10, 2012

မှတ်ချက် ရဂုံ (၁)




   အတိုဆုံး မိတ်ဆက်ရရင်တော့ ဒီပို့စ်ဟာ ကျနော်ရေးဖြစ်ခဲ့တဲ့ မှတ်ချက်တွေကို စုစည်းထား
တယ်လို့ ပြောနိုင်ပါတယ် ။ စာတွေ သိပ်မရေးဖြစ်သလို ဖြစ်နေပေမယ့် တစ်ကယ်တန်းမှာတော့
မိသားစုအရေးတွေကို အချိန်ပေးရတာအပြင် Facebook လိုနေရာမျိုးမှာ မှတ်ချက်ရှည်တွေ ရေး
ဖြစ်ရာက စာတွေပြန့်ကြဲသွားတာကြောင့်ပါ ။

   ကျနော့်မှတ်ချက်တွေကို စုစည်းလိုက်တဲ့အခါ တစ်ခုနဲ့တစ်ခု အဆက်စပ်တော့ ရှိချင်မှ ရှိပါ
မယ် ။
   နောက် မှတ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း မှတ်ချက်နည်းနည်း ပေးချင်ပါတယ် ။
   မှတ်ချက်တွေ ပုံးပေါလအော ထုတ်နေသလိုဖြစ်ပေမယ့် တစ်ကယ်တန်းမတော့ အများစုကို
ချိန်ဆပြီးမှ ရေးဖြစ်တာပါ ။ တရုတ်နှစ်ကူး ဗျောက်အိုးဖေါက်သလို တစ်ဗျန်းဗျန်း ဖေါချင်းသော
ချင်း စာတွေထွက်တဲ့နေရာ စာမျက်နှာတွေမှာ လိုက်ရေးလို့ ဘာမှမထူးသလို ၊ အမည်ဝှက်နဲ့
လူကြိုက်များအောင်လုပ်ပြီး ကိုယ့်ကို အသားလွှတ်ဆော်ဖို့ ခွင်ဆင်ထားတဲ့နေရာတွေကိုလည်း
ရှောင်ရပါတယ် ။

   တစ်ခါ တစ်ဦးတစ်ယောက် သို့မဟုတ် ဆောင်းပါးတစ်ခုမှာ မှတ်ချက်ရေး ဆွေးနွေးတာဆိုပေ
မယ့် အဓိကက လာဖတ်သူ လူအများကို ဦးတည်ရေးရတာမျိုးတွေလည်း ရှိတတ်ပြန်တယ် ။
တည့်တည့်ပြောတာ ၊ စောင်းပါးရိပ်ချည်လုပ်တာ ၊ လက်သီးနဲ့ ချော်ထိုးသလို တမင်မထိတထိ
လုပ်တာ ၊ ရင်ဆိုင်နေရတဲ့လူကို တိုက်ရိုက်မဟုတ်ပဲ သူ့ပတ်ဝန်းကျင်ကို ပြောတာမျိုးတွေလည်း
လုပ်ရတတ်ပါတယ် ။ တစ်ခါ မှတ်ချက်တိုင်းလိုလိုမှာလည်း အနည်းဆုံးတော့ ကိုယ့်စိတ်ထဲက
တစ်ကယ့်အရိုးခံနဲ့ ရေးတာဖြစ်ပေမယ့် နောင်ကို ပြန်ဖြေရှင်းနိုင်ဖို့တွေကိုလည်း ထည့်တွက်ရပါ
သေးတယ် ။

   ဒီလိုပြောတာ ပဏါယူတာ မဟုတ်ပါဘူး ။ ကျနော်လည်း လူသားတစ်ယောက်မို့ မပြည့်စုံတာ
တွေ ရှိရုံမက အားနည်းချက်တွေဟာလည်း တစ်ခါတစ်ရံ မှတ်ချက်တွေမှာ လာထင်ဟပ်တတ်
ပါတယ် ။ ကိုယ့်ဘာသာ သိတာတွေ ရှိသလို ၊ မပြင်နိုင်သေးပဲ ကြိုးစားတည့်မတ်နေရဆဲ အစိတ်
ပိုင်းတွေလည်း ရှိနေတုန်းပါ ။ ဒီတော့ အပြင်မှာ ကံကြုံလို့ လူချင်းသာတွေ့မိရင် စာထဲကလို အ
ထပ်ထပ်ပြင်ထားလို့ ကောင်းမွန် ပြည့်စုံနေတာနဲ့ကွာခြားတဲ့ စာဖတ်သူထက်တောင် အချို့နေရာ
တွေမှာ ညံ့နေတဲ့လူတစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ် ။

မန်းကိုကို
၁၀ ၊ ၁၁ ၊ ၂၀၁၂


==========================================================

Suggestions and Discussions

by Bo K Nyein on Wednesday, September 19, 2012 at 2:26am ·

Mahn Koko - ဦးဘို ၊ ကျနော်ဖတ်မိသမျှ နားလည်မိသမျှတော့ ဦးဘိုဟာ တစ်ခါတစ်ရံ လူမျိုးရေး
ဘာသာရေးတွေမှာ ခံစားချက်တွေကို ရှေ့တန်းတင်တင်လာတယ်လို့ မြင်မိတယ် ။

  လုံးဝဥဿုံ မှားနေတယ်လို့ မဆိုလိုပါဘူး ။ ဒါပေမယ့် ဦးဘို ရေးနေကျ ဆောင်းပါးတွေလို အားလုံး
သိမ်းကျုံးမပါနိုင်တောင် အကျိုးအကြောင်းလေးတော့ ထောက်ပြသင့်တယ်လို့ ထင်ပါတယ် ။ ဒါမှမ
ဟုတ်ပဲ စိတ်ထဲလျှစ်ကနဲ ပေါ်လာရာကို (rant သဘောမျိုး) စာတင်မယ်ဆိုရင် hatred တွေကို multiply
လုပ်သလိုပဲ ဖြစ်စေနိုင်ပါတယ် ။ အကျိုးဆက်အနေနဲ့ နကိုက moderate ဖြစ်သူတွေကိုပါ ခတ်ကွင်း
ထဲ ဆွဲသွင်းသလိုဖြစ်ရင် အတူနေကြရတဲ့ ကျနော်တို့ အသိုင်းဝိုင်းအားလုံး မကောင်းမကောင်း ဖြစ်
ကုန်ကြနိုင်ပါတယ် ။ နာတဲ့အခါ အားလုံးနာကြရမှာပါ ။

  ကျနော့် တစ်ကိုယ်ထဲ သဘောကတော့ ခြုံငုံမြင်ကြည့်နိုင်ဖို့ ၊ လမ်းစနဲ့ အဖြေကိုရှာဖို့က ပိုအရေး
ကြီးပါတယ် ။ pragmatist ဖြစ်အောင် သတိထားပါတယ် ။ ဒီနေရာမှာ ကွာတာက ကျနော်ဟာ ကိုယ်
မြင်တာတွေကို micro အဆင့်လောက်ကနေ ထပ်တက်ဖို့ ခက်ပေမယ့် ၊ ဦးဘိုရဲ့ နောက်ခံအရ macro
အဆင့်ကို အများကြီးမြင်နိုင်တဲ့ အားသာချက်တွေ ရှိနေပါတယ် ။ အဲဒါတွေကို အသုံးချဖို့လည်း
တိုက်တွန်းချင်ပါတယ် ။

  အပေါ်က ပေးထားတဲ့လင့်အပါဝင် ဆစ်ဒ်နီမှာ ဆန္ဒပြတဲ့အကြောင်း သတင်းအချို့ကို ဖတ်ဖြစ်ပါ
တယ် ။ ဦးဘိုအနေနဲ့လည်း မွတ်ဆလင်တွေထဲတင် အစွန်းရောက်သူတွေ ရှိသလို ၊ အကြမ်းဖက်မှု
တွေဟာ သူတို့အသိုင်းဝိုင်းကို ထိခိုက်လာမယ် ရေရှည်အတွက် မကောင်းဘူးဆိုတာ သိတဲ့သူ
ပြောတဲ့သူတွေ အကြောင်းလဲ ဖတ်မိမှာပါ ။ (ပညာရေး နောက်ခံနဲ့လည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်
မယ်) ။

  သြစတြေးလျမှာ နေတဲ့သူတစ်ယောက်အနေနဲ့ ပြောရရင် - ဒီနိုင်ငံမှာ ခိုင်မာတဲ့ သမိုင်းနောက်ခံ ၊
အခြေခံစိတ်ထား ၊ တန်ဖိုး ၊ ယဉ်ကျေးမှုနဲ့ ဓလေ့တွေ ရှိပါတယ် ။ ကျောင်းတွေမှာ မျိုးစေ့ချပေးနေ
သလို ၊ နောက်ထပ်ဝင်လာသူ လူသစ်တွေကိုလည်း အနည်းနဲ့အများ citizenship education တွေ
ပေးထားပါတယ် ။ ဒါတွေကို လက်ခံပါတယ်လို့လည်း ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် ။

  ဒီတော့ ဒါတွေကနေ သွေဖည်သွားရင် ကျန်တဲ့ လူများစုက တစ်နည်းနည်း တုန့်ပြန်ကြပါလိမ့်မယ် ။
တစ်နည်းအားဖြင့် လူအချို့ရဲ့ အနာဂါတ် သေသွားပါလိမ့်မယ် ။ ဒါကိုမြင်သူအချို့ကလည်း ကိုယ့်
တွင်းကိုယ်တူးသူတွေရဲ့ အမှားနဲ့ အပျက်ဖက် လုပ်ရပ်တွေကို အပြင်းအထန် ဖာထေးကြရပါတော့
မယ် ။

  နောက်တစ်ခု မွတ်ဆလင်တွေဟာ ကနေ့အချိန်မှာ ဧရာမ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့
ကျနော်မြင်တယ် ။ ရွေးစရာလမ်းတွေထဲက ဘယ်လမ်းမှ ပြတ်ပြတ်သားသား မရွေးနိုင်ကြသေးဘူး ။
ဒါမျိုးကို ခရစ်ယာန်တွေတော့ ကြုံခဲ့ပြီးပြီမို့ ကနေ့ အေးချမ်းတိုးတက်တဲ့လမ်းကို လျှောက်နေနိုင်ကြ
တယ်လို့လည်း မြင်ပါတယ် ။ မွတ်ဆလင်တွေလည်း လက်ပန်းကျသွားကြတဲ့တစ်နေ့ ရှင်းလင်းတဲ့
အဖြေတစ်ခု ထွက်လာမှာပါ ။ (ခုနေတော့ ရွေးစရာ သိပ်မရှိပေမယ့် ဆေးမရှိတဲ့အဖျားအတွက် န
ဖူးပေါ် ရေပတ်တင်ပေးတာတော့ ကျနော်တို့ လုပ်ပေးဖို့ လိုပါမယ် ။ အမေရိကန်ကတော့ တစ်ချက်
တစ်ချက် အဆင်းမှာ ဘီးဝိုင်းတပ်ပေးတတ်ပါတယ်) ။

  ချုပ်ရရင် ကျနော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အမုန်းနဲ့ တွန်းထုတ်မှာထက် အားလုံးအတွက်
အဆင်ပြေမယ့် နည်းလမ်းတွေကို ဝိုင်းပြီးကြံဆတာက လက်တွေ့ပိုကျပါလိမ့်မယ် ။ ဒါဟာလည်း
ကျနော်တို့အတွက် စိန်ခေါ်မှုတစ်ခုပါ ။ ရင်မဆိုင်ပဲ မျက်နှာလွဲလိုက်တာဟာလည်း အရှူံးပေးမှု တစ်ခု
လိုပါပဲ ။ ဒါပေမယ့် ရွေးချယ်မှုကတော့ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အလမ်းပေါ့ ။

(ကျနော် ခုလိုရေးတာဟာ ဖေ့စ်ဘွတ်မှာ 'like' တွေရလာအောင် မဟုတ်ပါဘူး ၊ လိုအပ်တယ်လို့ ယူ
ဆလို့ပါ ။ ဦးဘိုအပါဝင် မည်သူမဆို ကျနော့်ကို ဆန့်ကျင်လို့ရပါတယ်) ။
8 hours ago · Like

Myo Min - အမှန်တော့ ကျနော်လည်း ကိုဘိုဆောင်းပါးတွေ အမြဲဖတ်ပြီးလေးစားခဲ့တဲ့သူတစ်
ယောက်ပါ။ ကျနော်မှတ်မိသလောက် ဆရာလူထုစိန်ဝင်း ဆုံးတဲ့နေ့မှာတွေ့တဲ့ ကိုဘို comment
ကကျနော်ကို စိတ်ပျက်စေခဲ့ပါတယ်။ ဒါပေမယ့် ကိုဘိုပြန်ရှင်းတာလေးကိုဖတ်ပြီး ခံစားနားလည်
ပေးလိုက်ပါတယ်။ နောက်ပိုင်း ရခိုင်ပြည်နည် ကိစ္စဖြစ်တော့ ဒီကိစ္စဘယ်လို ဖြစ်လာတယ်ဆိုတာ
ကျနော်တို့တောင် Analysis လုပ်တတ်ရင် ကိုဘိုလိုလူမျိုးကပိုပြီး မြင်နိုင်ပါတယ် ကို Mahn Ko
Ko ပြောသလိုပေါ့ ကိုဘိုက macro အဆင့်ကို ကျော်နေသူပါ။

  အဲဒီအချိန်ကစပြီး ဘာသာရေးဘက်လှည့်သွားတာ တကယ်တော့ မွတ်စလင်မ်တွေ ကြုံတွေ့ခံစား
နေရတာ ခါးတီးတဲ့ ၀ဟါဘီဝါဒရဲ့ ပြသနာတွေပါ။ ကျနော်ထပ်ပြောပါရစေ ၀ဟာဘီ ၀ါဒပါ။ ၀ါဒတွေ
ဟာ လူ့အသိုင်းအ၀ိုင်း အတွင်း ပြသနာနဲ့ စက်ဆုတ်ဖွယ်တွေ ပြွန်းတီးအောင် လုပ်လေ့ရှိတယ်ဆို
တာ နိုင်ငံရေးနဲ့နီးစပ်သူတွေ ပိုသိပါတယ်။ အဲဒီဝါဒကြောင့်ပဲ ကို Mahn ပြောသလို မွတ်စလင်မ်တွေ
ဟာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် Vocal Minority ကပဲ Majority ကို Drive လုပ်နေ
တတ်တဲ့ နိယာမအရ အခုလို ဒုက္ခရောက်နေကြတာပါ။ မွတ်စ်လင်မ်တွေလည်း ကောင်းကောင်း
သိပါတယ်။ ဆီးရီးယားနဲ့ တခြားအရှေ့အလယ်ပိုင်းမှာကြုံနေရတာကတော့ (ကျနော်တို့မြန်မာနိုင်ငံ
မှာကြုံခဲ့ရသလို) နိုင်ငံရေးပါပဲ အဲဒီအချိန်မှာပဲ အန်ကယ် ဆမ် ရဲ့ ရွေးကောက်ပွဲကြောင့် ဇာတ်ရှိန်
ပိုမြင့်လာတယ်လို့လဲမြင်မိပါတယ်။ အဲဒါတွေရောထွေးပြီး အစ္စလာမ် ဘာသာကို သိမ်းကြုံး ပြော
လိုက်မယ်ဆိုရင် Moderate တွေနဲ့ ပညာတတ် open minded ဖြစ်တဲ့ အင်အားစုကြီးကိုပါ ချောက်
ထဲတွန်းချနေသလိုဖြစ်နေပါလိမ့်မယ်။ ပြီးတော့ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့
တစ်ဖွဲ့ကြားမှာ သံသယတွေနဲ့ ဆက်ဆံကြရတော့မယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းက မကြာခင်
ပျက်စီးသွားလိမ့်မယ်။ ပဋိပက္ခက လူဆိုး၊ လူကောင်းမခွဲခြားပဲ အားလုံးကိုဖျက်စီးသွားစေမှာပါ။

                                                                ********************

Mahn နဲ့ ကိုမျိုးခင် ရေ…သတိပေး စကားပြောတာကို ကျေးဇူးတင်ပါတယ်။

ရုတ်တရက် ကြည့်ရင် ဦးကို emotional ဖြစ်တယ်လိုမြင်စရာရှိတယ်။ ဒါကလည်း ဦးက (လူသား)
တဦးသာဖြစ်တယ်။
macro level ကပဲရေးပြီး အမုန်းမခံပဲ ဟန် နဲ့ ဆရာကြီး ဂိုက် ဖမ်းနေလို့ရပါတယ်။
ဒါပေမဲ့ ဒီကိစ္စ ဟာ ဘာသာရေး ပါဝင်နေသလို ၊ ဒီမိုကရေစီ နဲ့ Human Rights ပါရောယှက် နေတာ
ကြောင့် ၊ complicated ဖြစ်လာတယ်။
ရုတ်တရက် ဖြတ်ကနဲ ကြည့်ရင် ၊ အထူးသဖြင့် Human Rights မျက်စိ နဲ့ကြည့် ရင် ကုလားတွေက ပဲ
သနားစရာ လိုလို ၊ ဗမာတွေက ပဲ racists လိုလို ထင်စရာတွေ ရှိတယ်။
စွပ်စွဲတဲ့ သူတွေက လည်း စွပ်စွဲ ကြတယ်။
ဒါကြောင့် ဒီကိစ္စ ကို နံမည်ခံပြီး ဗြောင် တိုက်ရဲ တဲ့သူက (ရှား) တယ်။

Micro level က Human Rights မျက်စိ နဲ့ကြည့်ရင် ဘင်္ဂါလီ ကုလားတွေဟာ သနားစရာ။ ငိုပြနေလိုက်ကြတာက လည်း နေ့တိုင်း။
macro level က ကြည့်မှ အန္တရာယ် က ထင်းထင်းကြီး မြင်ရတယ်။
Macro level မှာတောင် Untangle လုပ်ရတာ မလွယ်ဖူး။ ဦးရေးနေ တာ တလကျော်သွားပြီး။
research လုပ်ရတယ်။ ကိုယ့်အတွေး အခေါ် မှန်ရဲ့လား ပြန်..ပြန် … သုံးသပ်ရတယ်။
ကိုမိုးသီးတို့လို ၊ ဒေါက်တာနိုင်အောင် တို့တောင် ဟိုအော် ဒီအော် … အော် ..ကြတော့ လူငယ်လေး
တွေ မျက်စိလည် သွားနိုင်တယ်။
ပြည်ပ သတင်းသမားတွေက လည်း အာလုံး donor တွေ သဘောတွေ့အောင် ကုလား တွေကို ၀ိုင်း
(မ) နေကြတယ်။ မခက်ဖူးလား။
ဒါကြောင့် Micro level မှာဝင်ရေးပြီး သတိ ပေးနေ မိတာပါ။

အမှန်အတိုင်း ၀န်ခံရင် ကွန်မြူနစ် နဲ့ တိုက်ပွဲက ခံစားမှု တိုက်ပွဲ သက်သက် လို့ပြောလို့ရနိုင်တယ်။ ကွန်မြူနစ် စနစ် မြန်မာပြည် နဲ့ ကမ္ဘာမှာ ပြန်ခေါင်းထောင်ဖို့ ကမလွယ်ဖုး။
ဒါကြောင့် Clear and Present Danger မရှိလှဖူး။

ဘင်္ဂါလီ ကုလား ပြဿနာ က Micro level မှာ Human Invasion ဖြစ်ပြီး အန္တရာယ် က Macro level
မှာ လူမျုးရေး လွှမ်းမိုးမှု ကနေ ၊ ဘာသာရေးလွှမ်းမိုးမှု ဖက်ရောက်သွားတယ်။
ဒီ Macro level ရောက်မှ root cause ကို differentiate ပြန်လုပ်ရတာ အတော် သိမ်မွေ့တယ်။ မလွယ်
လှဖူး။
Micro level က Social Liberalism ရဲ့လွှမ်းမိုးမှု အရှိန် ကလည်း ပြင်းထန်တယ်။
တော်ရုံ တန်ရုံ ကြည့်ရင် ၊ ခေတ်ရဲ့ ရေစီးကြောင်း ကို ဆန့်ကျင်ပြီး ရှင်းဖို့ က မလွယ်လှ။
Conviction နဲ့ ကြည့်မှ မြင်သာ လာတယ်။
နောက်ပြီး ဒီကိစ္စ က ပြဿနာ ကို မီးမောင်းထိုးပြ ရုံနဲ့ ရပ်ထားလို့ မရ ။ ဘယ်လိုရင်ဆိုင် မလဲ ဆိုတာ
ကို ပါ စဉ်းစားရမယ်။
ဒါကြောင့် ပိုရှုပ်ထွေး သလို ၊ there is Clear and Present Danger involve.

ဒီအရွယ် ရောက် မှ …. ဦးက ရာထူး ရော ငွေ ပါ မမက်တော့ဖူး။
ဦး အတွက် က မသေခင် တိုင်းပြည် အတွက် တတ်စွမ်းသမျှ လုပ် ပေးခဲ့ချင်တယ်
မသေခင် ..(စိတ်) သန့်သန့် နဲ့ (သေ) ဖို့ က အရေးကြီးတယ်။ This is my priority
ဒီအတွက် PRINCIPLE becomes IMPORTANT.
PRINCIPLE နဲ့ BELIEF SYSTEM ကို ဖုံးကွယ်ပြီး ဟန်ဆောင် ခဲ့ရင် သေခါနီးမှာ စိတ်သန့်မှာ မ
ဟုတ်ဖူး

ဒါကြောင့် ဦးရေးရင် ဟန်ဆောင်မှု မပါဖူး။

နိုင်ငံရေး နေရာ ရ ဖို့ အတွက်သက်သက် ၊ (မညာ) နိုင်ဖူး
ဒါ ဦး ရဲ့ ယုံကြည်မှု ပဲ။
လက်ခံတာ လက်မခံ တာက တပိုင်း

ဦးရေးထားတာတွေ ကို ..စာအုပ်ထုတ်မယ်
My legacy will be my WRITING(S)

ဦးဝန်ခံ စရာ ရှိတာက I am a strong NATIONALIST. No doubt about that and NO REGRET.
ဘင်္ဂါလီ ပြဿနာ ဟာ မသေးဖူး။ မြန်မာနိုင်ငံမှာ ဗုဒ္ဓလာသာတွေ တင်း မခံနိုင်ရင် ၊ ချင်းတွေ Kosovo
လိုဖြစ်ပြီး နောင်တချိန် မှာ ကျန်တဲ့ Christian တွေလည်း Nigeria မှာလို အသတ်ခံ ကြရ လိမ့်မယ်။
ချင်းပြည် မှာ ချင်းတွေ မရှိတော့ဖူး။ ချင်းတွေ ပြန်လာရင် ကုလားပြည် ဖြစ်နေမှာ စိုးရိမ်ရတယ်။
Kosovo က Christian Serbs တွေကို မွတ်စလင် Albanians တွေက မောင်းထုတ်ပြီး Serbs တွေ
 ပြန်တိုက်တော့ တကမ္ဘာလုံး က Racists တွေဆိုပြီး ၀ိုင်း အပြစ်တင်ကြတယ်။ Sectarian Conflict
ဆိုရင် ရက်စက်ကြမှာပဲ။ ဆီရီးယား ကြတော့ ဘယ်သူမှ မပြောရဲကြဖူး မဟုတ်လား။

ချင်းမိုင်မှာ Roti ရောင်းတဲ့ ကောင်းမကလေးတွေအထဲ မှာ အဖွားက ကရင်။ ကုလားကို ယူပြီး
အားလုံး ခေါင်းမြီးခြုံတွေ ဖြစ်ကုန်ကြတာ များတယ်။

ဘာသာရေး ပါလာတော့ ..ကိုင်တွယ်ရတာ ပို ခက်တယ်။ ပိုအန္တရယ် များတယ်။

လူတိုင်း လူလည် လုပ်ပြီး ၊ လက်ရှောင် နေကြရင် ၊ တိုင်းပြည် ပါသွားမှ သံဝေဂ ရနေရင် နောက်ကျ
သွားပြီ။

ဦး အနှစ် (၃၀) နီးမှ ရွှေတိဂုံ ကို ပြန်ဖူးရတော့ ဘယ်လို appreciate လုပ်မိမှန်း မသိဖူး
ရွှေဂုံတိုင်မှာ ကြီးတော့ နေ့တိုင်း ရွှေတိဂုံ ကို မြင်ဖူးနေရတော့ … rights လို့ပဲထင်မိတယ်
ရွှေတိဂုံ နဲ့ ဝေးသွားမှ privilege ဆိုတာကို နားလည်မိရတယ်။
ဦးတို့ မြန်မာ culture မှာ ဘုရား မပါတာမှ မရှိတာ။
ဒါကို အများ က birth rights လို့ ထင်ကြတယ်
ဒီ rights တွေ အတွက် (မတိုက်) ရဲရင် ဘုရားတွေ မရှိမှ နောင်တ ရနေရင် လွန်သွားပြီ
ပြန် မရ နိုင်တော့ ။ အာဖကန်ကိုကြည့် ၊ အင်ဒိုနီးရှား ကိုကြည့်။

ဒါကြောင့် ဦးတို့ လို လူမျိုးတွေက သိသိကြီး နဲ့ (လူမိုက်) လုပ်နေရတာပါ။

ဒီကိစ္စ ဖြစ်မှ ဘယ်သူ တိုင်းပြည် ကို တကယ် ချစ်သလဲ ၊ ဘယ်သူ တကိုယ်ကောင်း ဆန်သလဲ ဆို
တာ ပေါ်လာရ တာပဲ။

တိုက်တိုက်ဆိုင်ဆိုင် ဒီ မနက်ပဲ Macro Level ကရေးတာ ရေးပြီး သွားတယ်။

Facts check လုပ်ရဦးမယ်။ ပြီး ပြန်ဖတ်ကြည့်ပြီး မှတ်ကြောက် တင်ခံနိုင် မခံနိုင် ပြန် ဆမ်းစစ်ရမယ်။

ဘာသာရေးပါတော့ ၀ိုင်းဆဲမဲ့ သူတွေ က တပုံကြီး။ မစဉ်းစား ပဲ တင်လို့ မရ

ခဏလေး စောင့်ပါ macro level က ဆွေးနွေးထားပါတယ်။ ပြီးတာနဲ့ တင်ပြ ပါ့မယ်။

တခုတော့ ရှိတယ် မန်းရေ … Christianity လျှောက်တဲ့ လမ်းနဲ့ Islam လျှောက်တဲ့ လမ်း ချင်း တူချင်မှ
တူမယ်။ Christianity က Dark Age ကိုဖြတ်ခဲ့ ပြီးပြီ။

Mahn တို့ စေတနာ ကို လေးစားပါတယ်။

ကျေးဇူးတင်လျက်

ဦးဘို

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  • Mahn Koko - ဦးဘိုခင်ဗျား ၊ မှတ်ချက်တစ်ချို့ ပြန်ရေးဖို့ရာ အကြောင်းအမျိုးမျိုးကြောင့်
    ခုမှပဲ အကျဉ်းရုံး ရေးဖြစ်ပါတယ်။

      ပထမဆုံး ကျနော့်ရဲ့ အခြေခံ ရပ်တည်ချက်အချို့ကို စကားဦးသန်းချင်ပါတယ် ။
      ဦးဘိုအနေနဲ့ Libertarianism လို့ မိမိကိုယ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ရပ်တည်န
ိုင်ပေမယ့်
    သင်ယူဆဲကျနော်ကတော့ မြင်လာ ဆုံလာသမျှကိုသာ လက်လှမ်းမီသလောက်ပိုင်းခြားပြီး ၊
    ဝါဒရေး ဘာသာရေး လူမျိုးရေးတွေကို တတ်နိုင်သမျှ ဘေးဖယ်ထားတဲ့ လက်တွေ့ဆန်ဖို့
    ကြိုးစားနေသူ တစ်ယောက်သာပါ ။ ကျနော့် အမြင်တွေကြားထဲ လစ်ဘရယ်တန်ဖိုးနဲ့
    human right တွေ ညှပ်ပါလာကောင်း ပါလာနိုင်ပေမယ့် လေ့လာလက်ခံ အကောင်ထည်
    ဖေါ်နေတာမျိုးမဟုတ်ပဲ ၊ မျှတအောင် ချင့်ချိန်ပြောဆိုတဲ့အထဲ တိုက်ဆိုင်တူညီသွားရုံပါ ။

      ဒါကိုအခြေခံပြီး ဆက်ပြောရရင် လတ်တလောဖြစ်နေတဲ့ ရိုဟင်ဂျာကိစ္စဟာ မြင်ကွင်းကျယ်
    ကြီးထဲက အစိတ်ပိုင်း တစ်ခုသာပါ ။ တစ်ဆက်ထဲမှာ အထူးသဖြင့် ဦးဘိုရဲ့ “ဒီမိုကရေစီ ၊
    လစ်ဖရယ်ဝါဒနှင့် မျိုးချစ်စိတ် - အပိုင်း (၂)” ထဲမှာ ပြောသွားတာတွေထဲက အတော်များများ
    ဟာ မှတ်သားစရာတွေ ဖြစ်သလို ၊ သတိထားစရာ ၊ သင်္ခန်းစာယူစရာတွေလည်း ပါပါတယ် ။

      အခြားတစ်ဖက်မှာလည်း ဗဟုသုတနဲ့ အခြေခံအတွေးခေါ်တွေ အုတ်မြစ်လုံးဝမရှိသေးတဲ့
    လူငယ်တွေကနေ အစိုးရိမ်လွန်ပြီး အစွန်းရောက်အောင် တွန်းပို့သလို ဖြစ်သွားနိုင်တာ
    လည်း ပြန်သုံးသပ်ဖို့ လိုကောင်းလိုပါမယ် ။ အဆိုးဆုံးအခြေနေထိ စိုးရိမ်ပြရမယ်ဆိုရင်
    အစွန်းရောက်သူတွေကြားမှာ ဦးဘိုနဲ့ ကျနော့်လိုလူတွေဟာ ကစဥ့်ကလျား ဖြစ်စဉ်တွေ
    ရဲ့ နောက်ဆုံးအဆင့် “ဖြုတ်ထုတ်သတ်”လို အခြေနေမျိုးမှာ မျိုးမစစ်တွေအနေနဲ့ သတ်မှတ်
    ခံရမယ့် သူတွေပါပဲ ။ မိုးပြိုခဲ့သော်လို့တွေးတာနဲ့ ဆင်တူပေမယ့် အဓိကလိုရင်းက - လူတွေ
    ကို အကောင်းဖက် ရောက်စေချင်တဲ့ စေတနာကနေ မရည်ရွယ်တဲ့ အဆိုးတွေ ဖြစ်သွားနိုင်
    တာကို ဆိုချင်တာပါ ။

      ကျနော့်အမြင်မှာတော့ လက်ရှိမြန်မာပြည်ရဲ့ အနေထားဟာ အသစ်တစ်ဖန် ပြန်လည်မွေး
    ဖွားခြင်း လိုပါပဲ ။ ခုနေ လေးဘက်တွား သွားနေတဲ့ အနေထားမှာ အရင်းအမြစ်ကနေ ဖြေ
    ရှင်းလို့ရတာ ၊ ရှိသင့်တဲ့ အုတ်မြစ်ချတာတွေကို လုပ်ဖို့အခွင့်အလမ်း အပွင့်ဆုံး အချိန်ခါတစ်
    ခုပါ ။နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးနဲ့ တိုင်းရင်းသားကိစ္စတွေမှာပါ ယောင်နေတဲ့အပေါ်က
    ဆီလိမ်းရုံမဟုတ်ပဲ အတွင်းကျကျ ဖြေရှင်းနိုင်ကြရင် အကောင်းဆုံးအနာဂါတ်ဆီ ဦးတည်
    နိုင်မှာပါ ။

      ဒီအထဲမှာ ဦးဘိုမကြာခဏပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပါ တွဲပြီးတွေးမိပါတယ် ။
      ဘယ်သူတွေပြောခဲ့သလဲ မသေချာပေမယ့် အမှတ်ရသလောက်ကတော့ မြန်မာပြည်မှာ
    trust လိုနေတယ် trust deficit ဖြစ်နေတယ်လို့ ဆိုကြပါတယ် ။ ကျနော့်အမြင်မှာတော့ တ
    ကယ်တန်း ဒိထက် အခြေခံကျတာက honesty ပါ ၊ မြန်မာပြည်မှာ honesty deficit ဖြစ်နေ
    တာပါ ။ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့ကတည်းက honesty deficit ဖြစ်နေခဲ့တာကြောင့်
    ပြဿနာပေါင်းစုံဟာ ဒီကနေ့အထိ သက်ဆိုးရှည်နေတာပါ ။ ဒီတစ်မျိုးထဲကြောင့် မဟုတ်
    ပေမယ့် အရေးပါတဲ့နေရာက ပါနေတယ်လို့ မြင်ပါတယ် ။

  • Mahn Koko - ဆက်စပ်တွေးလို့ရတာက အင်္ဂလိပ်တွေ မြန်မာပြည်ကိုသိမ်းပြီး ဘယ်နှနှစ်
    တော်လှန်ခဲ့ကြသလဲ ။ လွတ်လပ်ရေး ရပြီးကာမှ ကနေ့အထိ ကာလရှည်ကြာ တိုက်ခိုက်နေ
    ကြရတာဟာ အချို့သူတွေရဲ့ မိုက်မဲမှုတွေ ပါနေတာမှန်ပေမယ့် honesty ဟာလည်း အရေး
    ပါတဲ့နေရာက ပါခဲ့တယ်လို့ ယုံကြည်ယူဆပါတယ် ။ လွတ်လပ်ရေးလို့ ပြောပြန်တော့တစ်ခါ ၊
    ကျနော်တို့တစ်တွေ လွတ်လပ်ရေးရခဲ့တာဟာ ကံကောင်းတာတွေ အများကြီးပါခဲ့တယ်လို့
    ပြောရပြန်ပါဦးမယ် ။ ဦးနုကိုယ်တိုင်လည်း ပြောခဲ့ဖူးပါတယ် ။ “ငါတို့တစ်တွေ အင်္ဂလိပ်တွေ
    နဲ့မို့သာ လွတ်လပ်ရေးရတာ ၊ ပြင်သစ်နဲ့သာဆို သွေးချောင်းစီးမှာ သေချာတယ်” လို့ဆိုပါ
    တယ် ။

      ပြန်ကောက်ရရင် ၊ ဒီကနေ့မှာလည်း honesty ဟာ အရေးပါနေဆဲပါ ။ အထူးသဖြင့် ကျ
    နော်တို့တတွေ တစ်စုံတစ်ခု လုပ်တော့မယ်ဆိုရင် basic moral ground တော့ သတ်မှတ်
    ထားရှိဖို့ လိုတယ်လို့ ယုံကြည်ပါတယ် ။ လူသားတစ်ယောက်အနေနဲ့ ကိုယ်ပိုင်တန်ဖိုး တစ်
    စုံတစ်ရာ အတိုင်းတာတစ်ခုရှိပါမှ သူတစ်ပါးကို ဆုံးဖြတ်သတ်မှတ်ဖို့ရာ လိပ်ပြာလုံပါလိမ့်
    မယ် ၊ သင့်တင့်ပါလိမ့်မယ် ။ ဒါကိုအခြေခံပြီး သူတစ်ပါးကို ကိုယ်ချင်းစာတာ ၊ သူ့အခွင့်အ
    ရေးကို ကာကွယ်ပေးတာ ၊ မှန်တယ်လို့ ယုံကြည်ရာဖက်က ရပ်တည်ပေးတာတွေဟာ ပရ
    အကျိုး ၊ သူတစ်ပါးအကျိုးချည်း မဟုတ်ပါဘူး ၊ ကိုယ့်အတွက် သွယ်ဝိုက်တဲ့အကျိုးလည်း
    ပါပါတယ် ။

      ကိုယ့်ကို ကိုယ်ချင်းမစာ ၊ ကိုယ့်အခွင့်အရေးကို မလေးစား ၊ ကြောင်းကျိုးအမှားတွေအ
    ပေါ်မူတည်ပြီး ရပ်တည်သူတွေဆိုရင်တော့ ကိုယ့်ရန်သူမဟုတ်တောင် ၊ သဘောမတူ
    ကြောင်း လက်မခံကြောင်းကို ဗြောင်ပြောပြီး ဆန့်ကျင်သင့်လည်း ဆန့်ကျင်ရမှာပါပဲ ။ အ
    ရှင်းဆုံး ဥပမာအနေနဲ့ Sharia law ကို ကျနော် လေးစားပါတယ် ၊ ဒါပေမယ့် လက်မခံနိုင်
    မလိုက်နာနိုင်ပါဘူး ။ အဲဒါကိုမှ ကျနော့်လည်ချောင်းထဲ ပီကင်းဘဲလို အစာတွေ ထိုးထည့်
    ဖို့ ကြိုးစားသူရှိရင်တော့ ကျနော်လည်း ကျနော့်အကျိုးအတွက် တွန်းလှန်ရမှာပါပဲ ။ ကိုယ့်
    ဆီ ကူးမလာဖို့ ဆန္ဒရှိသူတွေလည်း ဝိုင်းတွန်းလှန်ရမှာပါပဲ ။ ဒါကို secularist ပဲခေါ်ခေါ် အ
    ဓိကကတော့ ကျနော့် ကိုယ်ပိုင်ယုံကြည်ချက်အပေါ် ရပ်တည်ဖို့ ကြိုးစားရုံသက်သက်ပါ ။

      ပြန်ချုပ်ရရင်တော့ ကျနော်တို့ရဲ့ ဘဝလမ်းနဲ့ နယ်မြေတွေကို အပြောင်းအလဲတွေမဖြစ်
    အောင် ထိန်းသိမ်းဖို့လိုတာ မှန်ပါတယ် ။ ဒါပေမယ့် အရာရာမှာ over reaction မဖြစ်ဖို့ ၊
    လူမှုအခြေခံတန်ဖိုးလေးတွေ သတ်သတ်မှတ်မှတ် ထားဖို့နဲ့ လက်တွေ့ဆန်ဖို့တွေလည်း
    လိုပြီး အစွန်းရောက်တွေအဖြစ် ကိုယ့်ကိုယ်ကို မကျင့်ကြံ ပုံမဖေါ်ကြဖို့ လိုအပ်လိမ့်မယ်လို့
    ယူဆပါတယ် ။

      ဒီစာကို စိတ်ထဲပေါ်လာတဲ့အတိုင်း ရေးချထားပြီး အထပ်ထပ် မစစ်ထားတာကြောင့် လစ်
    ဟာနေတာတွေတော့ အများကြီးရှိနေနိုင်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဦးဘိုရဲ့စာတွေကို အ
    ကျဉ်းချုံးမှတ်ချက်ပေး ဆွေးနွေးဖြစ်တယ်ဆိုရင်ပဲ ကျနော့်ရည်ရွယ်ချက် တစ်ချို့တစ်ဝက်
    ပြည့်စုံပါပြီ ။

      ကျနော့်မှတ်ချက်မှာ liberal ဆန်သွားတာရှိရင်လည်း liberal ဆိုတာကို အသေချာ မ
    လေ့လာရသေးတဲ့ ကျနော့်အနေနဲ့ ကိုယ်ပိုင်အတွေးတွေ ဘဝအတွေ့အကြုံ နောက်ခံ
    တွေအပေါ်သာ မူတည်တွေးခေါ်တယ်လို့ နားလည်ပေးစေချင်ပါတယ် ။
====================================================



   အောက်မတော့ အရင်မှတ်ချက်ဟောင်းတွေရှာရင်း ၂၀၁၀ ကတည်းက စာတစ်ပုဒ်ကိုပြန်တွေ့လို့
မှတ်တမ်းတင်ဖြည့်ထားလိုက်ပါတယ် ။

မန်းကိုကို
၁၀ ၊ ၁၁ ၊ ၂၀၁၂
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Bo K Nyein 

reply to mann

by Bo K Nyein on Tuesday, December 28, 2010 at 9:03pm ·
မန်းရေ

အလုပ်တွေရှုပ်နေတာနဲ့ ခုမှရေးဖြစ်တာကို ခွင့်လွှတ်ပါ

အရင် Happy New Year လို့ပြောပါရစေ

ဦးကို ပညာတတ်မာနရှိတယ် ပညာတတ်ဘ၀င်ရှိတယ် ပြောတဲ့လူတွေရှိတယ်။
ဦးကပညာတတ်အမြင်နဲ့ပြောဆိုတာကြောင့် ပြေရင်ခံရမှာပဲ တိုက်ခိုက်လာရင်လည်း ပြုံးနေ ရုံပဲ

ပညာတတ် ပညာမဲ့ပြဿနာက နိုင်ငံတိုင်းမှာ ရှိတာပဲ ရှောင်ပြေးလို့မှ မရတာ ဟိုတုန်းက ဆိုရှယ်လစ်ပါတီမှာ ဘုန်းကြီးကျောင်းသား ဆိုရှယ်လစ်နဲ့ ကောလိပ်ကျောင်းသား ဆိုရှယ်လစ်
ပြဿနာ ရှိသလို ၊ ကွန်မြူနစ်တွေမှာလည်းရှိတာပါပဲ။ ဗမာပြည်ကွန်မြူနစ်တွေရဲ့ ပါပါကြီး တရုတ်ကွန်မြူနစ်တွေမှာလည်း ဒီပြဿနာ ရှိခဲ့တာပါပဲ။

အမှန်ကတော့ ပညာတတ်တာတက် capacity ချင်းကွာရင် (အမြင်) ချင်းကွာ လာကြပြီး Vaule
System ပါကွာလာတော့ သူမှန်တယ် ငါမှန်တယ် ဆိုတဲ့ (မာန) နဲ့ ego တွေလာပေါင်းစပ်ရင် ပဋိ
ပက္ခဟာ ပိုကြီးထွားလာတော့တာပေါ့ ။ ပညာတတ်တာနဲ့ capacity မြင့်တာနဲ့မဆိုင်ဖူးဆိုတာ
ကိုတော့ သတိပြုစေချင်တယ်။ capacity ဆိုတာ လေ့လာမှုနဲ့ဆိုင် တယ် ပညာတတ်တာတခု
ထဲနဲ့မဆိုင်ဖူး။

Capacity ချင်းမတူရင် Interpretation ချင်းမတူတော့ဖူး -

Astronomy ဘာသာရပါမှာ ဆွဲအား gravity ကြီး မားလွန်းတာကြောင့်အလင်းရောင်တောင်
လွပ်မထွက်နိုင်တဲ့ အရာ ကို (Black Hole) လို့ခေါ်တယ်။ ဗမာစကားမှာ လုံးလုံးမြုပ်သွားပြီ
လို့တင်စားသလို ခေတ်ပေါ်အသုံး တခုမှာ လုံးလုံး ပျောက်သွားပြီးဆိုရင် it is like a black hole
လို့တင်စားကြတယ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမေရိကန်နိုင်ငံ Los Angeles မြို့ရဲ့ မြို့
တော် လူကြီး(၂) ယောက် ဘတ်ဂျက်အကြောင်းဆွေးနွေးရင်း အချိတ်အနယ် ..ငြင်းကြရာက
အဖြူလူကြီး မင်းက Black hole ဆိုတဲ့စကားကို သုံးလိုက်ရာ အမဲ လူကြီးမင်းက ဒေါသ ပေါက်
ကွဲပြီး ရန်ပွဲဖြစ်တာ ကမ္ဘာကျော်ခဲ့ရပါတယ်။ Astronomy အသုံးအနှုံး ကိုမသိရင် black ဆို
တာ (အမဲ) hole ဆိုတာ (အပေါက်) အမဲအပေါက် လို့ နားလည်လွဲတော့စိတ်ဆိုးပေ မပေါ့

ဒီလိုပဲ နောက်ခံ (အသိ) မတူရင် Interpretation ကွဲသွားတာကြောင့် နားလည်မှုပါချော်ထွက်
သွားနိုင် တာပေါ့

အသိစွမ်းအားချင်း မတူရင် နားလည်မှုခြင်း ကွဲလွဲနိုင်သလို (value system) လို့ခေါ်တဲ့ မိမိ
တန်ဖိုးထားရာ (စံ) တွေလည်း ခြားနားနိုင်ပါတယ်။

ဥပမာ ဒီဖက်ခေတ်မှာ လူတိုင်း ဒီမိုကရေစီ ဆိုတာကို ကုန်အော်နေကြတာပဲ။ လစ်ဖရယ် ဒီမိုက
ရေစီ ဆိုတာက one man one vote ကို ခြေခံပြီး rule of law နဲ့ human rights separation of
power - independent judicial တွေ အကုန်ပါလာတယ်။ ကွန်မြူနစ် ဒီမိုကရေစီ ဆိုတာက
ပြည်သူကရွေးချယ်ခွင့်ရတဲ့ one man one vote မှမဟုတ်တာ။ ကွန်မြူနစ်ကေတာတွေ က
ခေါင်းဆောင်ပိုင်းကိုရွေးတဲ့ ပါတီဗဟိုကိုရွေးတဲ့ ပါတီတွင်း ဒီမိုကရေစီ။ ပြီးပါတီဗဟိုက ချပေး
တာကို (မှန်ပါ့ဘုရား) ဆိုပြီး လိုက် အော်ကြရတဲ့ hollow democracy ကြီးပဲ ။ ဝေးဝေးမကြည့်
နဲ့ (မဆလ) နဲ့ ဒီကနေ့ North Korea ကိုကြည့် လိုက်ရုံပဲ။

တိုးတက်လှပါပြီဆိုတဲ့ တရုတ်ကြီးတောင် အစိုးရကိုဝေဖန်တဲ့ Noble Peace Prize ရတဲ့သူ ကို
ထောင်ထဲ ထည့်ထားတာပဲ။ဲ နမဖ နဲ့ ဘာထူးသလဲ? ဒါတွေက ကွန်မြူနစ်တွေ ယုံ တဲ့ ဒီမိုက
ရေစီ။ ဒီမိုကရေစီ အနှစ်သာရနဲ့ value တန်ဖိုးချင်းမတူဖူး

ဗမာကွန်မြူနစ်တွေကော သေသွားတဲ့ ဦးကျော်ငြိမ်း ကို ရဲရဲနီ တိုက်ခိုက်ရဲတယ် နအဖ ဗိုလ်
ချုပ်တွေကို အပြစ်တင်ဝေဖန် ဆဲရဲတယ်။ သူတို့ရဲ့ အဖေကြီး တရုတ်ကြီးကို ယောင်လို့ တောင်
မဝေဖန်ရဲဖူးမဟုတ်လား? တရုတ်ကြီး က ဗမာပြည်ကို စီးပွားရေး မုတိန်းကျင့် သေးစုတ်ခဲ့တာ
ကိုလိုနီ တွေထက်ဆိုးသေးတယ် တရုတ်တွေကလည်း ဗမာကွန်မြူနစ်ပါတီကို ဖုတ်လေတဲ့ ငပိ
ရှိတယ်လို့တောင် မထင်ဖူး - အဖေမပေါ်တဲ့သားလို အသိမှတ်တောင်မပြုဖူး
ဒါတောင် တရုတ်ကြီးကို ဘယ်သူဘာပြောရဲသလဲ? သတ္တိ ရှိလိုက်ကြတာ။ အဖေခေါ်ရတုန်းပဲ
မဟုတ်လား? အဲဒါ ကွန်မြူနစ်တွေယုံတဲ့ ဒီမိုကရေစီပဲ

လူငယ်လေးတွေကို စဉ်းစားစေချင်တယ်။ ကွန်မြူနစ်ခေါင်းဆောင်ကြီးတွေကို မေးခွန်းထုတ်
စေချင်တယ်

Western Style ဒီမိုကရေစီ မှာ တွေးခေါ်ပုံက critical thinking လို့ခေါ်တဲ့ (ဖက်စုံဝေဖန်) တွေး
ခေါ်မှုအပေါ်ရပ်တည်တယ်။ ဒါမဖြစ်နိုင်ဖူးလား? ဟိုလိုကော် မဖြစ်နှိုင်ဖူးလား? ဒီိလိုဆိုရင်ကော်
ဆိုပြီး ငြင်းမယ် ဆွေးနွေးမယ် ဝေဖန်မယ် ပြီးမှ ဖြေရှာကြမယ်ပေါ့ ဒါတွေရှိဖို့ က လွပ်လပ်စွာ
တွေးခွင့်ရှိရမယ် လွပ်လပ်စွာရေးခွင့်ရှိရမယ်

ကွန်မြူနစ် ဒီမိုကရေစီမှာတော့ ဗဟိုချုပ်ကိုင်မှုက အခရာကျလေတော့ ဗဟိုပြောတာအကုန်
မှန်တာပဲ။ ဗဟိုကိုဝေဖန်သူဟာ ဖေါက်ပြန်ရေးသမားပဲ ။ ဗဟိုကို ကာကွယ်ဖို့ Propaganda ၀ါ
ဒဖြန့်ချီရေးဌါန ဆိုတာကြီးကိုထောင်ပြီး အမြင်မတူသူတွေ ဝေဖန်သူတွေကို တိုက်ခိုက် ကိုယ့်
ပါတီဆိုချီးကျူးကြပေါ့။ ဒါကြောင့် ကွန်မြူနစ်တွေရေးတာကို သေသေချာချာ critical thinking
နဲ့ လေ့လာသုံးသပ်ရင် အနှစ်သာရ အလွန်နဲတာကိုတွေ့ရလိမ့်မယ် အတွေးအခေါ်ဆိုတာ မရှိ
သလောက်ပဲ

ဒါပေပမဲ့ သူတို့ရဲ့ ကမ္ဘာလေးထဲမှာတော့ တနေ့ ပစ္စည်းမဲ့တွေ အောင်ပွဲခံမဲ့နေ့ကိုစောင့်
မျှော်လျက်ပဲ။

စိတ်မကောင်းစရာ သနားစရာကောင်းတာက critical thinking မရှိတော့ သူများတွေကိုသာ
လိုက် အပြစ်တင်နေကြတယ် ကိုယ့်ချို့ယွင်းချက်ကို ခုတိ (မမြင်) နိုင်သေးကြသေးဖူး ပျက်အ
စဉ် ပြင်ခဏ ဆိုသလို ဘာ(မှား) တယ်ဆိုတာ မသိလေတော့ ဘာ (ပြင်) ရမှန်းတောင် မသိ
ရှာကြဖူး 

ဒါတွေအားလုံးကို ချုံကြည့်ရင် ………

Capacity – critical thinking – value system တွေဟာ သိပ်ရေးကြီးပါတယ်

ဦးက ဗိုလ်ချုပ်အောင်ဆန်းတို့ ကိုအတုယူပြီး လူငယ်တွေ သိစေချင်တဲ့ စေတ္တနာနဲ့ ရေးပြတာပါ

နောက်တော့ …… တော်လှန်ရေးသမား….. နိုင်ငံရေးသမား…. ပညာတတ်နိုင်ငံရေးသမား ….
မတူကြဖူး……

ဒါကိုနောက်မှ ဆွေးနွေးပါ့မယ်

တိုင်းရင်းသား လူမျိုးအရေးဟာ လည်းသိပ်ရှုပ်ထေးပြီး နက်ရှိုင်းတယ်

Capacity မရှိပဲ သွားကိုင်ရင် ပိုရှုပ် သွားနိုင်တယ်

ကွဲပြားနေတဲ့ တိုင်ရင်းသားအချင်းချင်း (မတူ) ဖူး လို့ (အမုန်း) ထားမဲ့ အစား တတိုင်းပြည်ထဲ နေ
ကြတဲ့ သူအချင်းချင်းလို့ (မြင်) နိုင်ရင် Nationalism ၀င်လာရင် (အမြင်) ကြည်လာမယ် တဦးကို
တဦး (စေတနာ)ပေါ်လာကြလိမ့်မယ်

အရေးအကြီးဆုံးက Fair ဖြစ်ရမယ်

ဒါကို ဖေါ်ထုတ်ဖို့ CAPACITY သိပ်လိုသလို စေတနာမှန် ဖို့ လိုတယ်။

လောလောဆယ် ဒေါ်စု တယောက်ပဲ အားလုံးရဲ့ ယုံကြည်မှု ကိုရနိုင် သလို capacity ရှိတာ ရှိတယ်။ Exposure ဆိုတာလဲ အရေးပါလာပြန်တယ်။

စစ်ဗိုလ်ချုပ်တွေအတွက်လည်း ကိုင်တွယ်တတ်ရင် ဒေါ်စုရဲ့ အရေအချင်းတွေကို တိုင်းပြည်အ
တွက်အသုံးချ နိုင်ရင် ဗမာပြည်ကြီးတိုးတက်ရေးအတွက် အများကြီးအကျိုး ရှိမှာပါ

ကမ္ဘာတ၀ှန်းမှာ ဗမာပညာတတ် လူတော်တွေ အများကြီးရှိကြတယ်။ အခြေအနေပေးရင် ကိုယ်
တိုင်းပြည်ကို ကိုပြန်ထူထောင်ချင်ကြတာပေါ့။ တရုတ်တွေ ကုလားတွေကို ကြည့် မိခင်တိုင်းပြည်
ကိုပြန်ထူထောင်ဖို့ အအုပ်လိုက်ပြန်လာကြတယ်။ တရုတ်ပြည်မှာဆို ပြန်လာတဲ့သူတွေကို ကွန်
မြူနစ်ပါတီထဲ ၀င်ခွင့်ပေးပြီး (ငွေ) အပြင် (အာဏါ) ပါဝေစားခွင့် ပြုလိုက်သေးတာကြောင့်
returnee faction ဆိုတာတောင် ပေါ်လာရတယ်။

အစိုးရကို ယုံကြည်မှု (trust) မရှိရင် ဘယ်သူပြန်လာဝံ့မှာလဲ?

ဒီကနေ့ တရုတ် Central bankers တွေဟာလွန်ခဲ့တဲ့ အနှစ် (၂၀) က လူတွေနဲ့တောင် အတူ
တော့ဖူး Wall St ကပြန်လာတဲ့ well seasoned well cultivated bankers တွေ။ ဒီလိုလူတွေမှ
အနောက်နိုင်ငံက လူစွာ အရင်းရှင် (ကျား) တွေကို အနိုင်ယူနိုင်မှာပေါ့

နိုင်ငံရေးဆိုတာ အားလုံးကို နေရာပေး (ဆွဲစား) တာပဲ

တရုတ် ကွန်မြူနစ်တွေက (ဥါဏ်ရှိ) ကြတယ်

ဗမာကွန်မြူနစ်တွေက တော့ ၁၉၄၅ခု က ရန်ငြှိုးမပြယ်နိုင်ကြသေးဖူး
လစ်တာနဲ့ ဆိုရှယ်လစ်တွေကို ခလုပ်တိုက်လိုက်ရမှ

သေသွားတဲ့ လူကြီးတွေကို အခဲအကြေနိုင်ကြသေးဖူး

နိုင်ငံရေးဆိုတာ ကာယအားကို တခုထဲနဲ့မနိုင် နိုင်ဖူး

နောက်ဆုံး (ဥါဏ) (ဥါဏ်) ဆိုတာ လိုအပ်လာတာပဲ

(ဥါဏ်နဲ) ရင် (မူ) (ပေါ်လစီ) (ဗျူဟာ) မှားမယ်

ဗျူဟာ မှားလို့ ဂျောက်ထဲကြသွားရင် ပြန် (မထွက်)  နိုင်ဖြစ်တတ်တယ်

လူကြီးတွေ (ဥါဏ်ပြိုင်) ခဲ့ကြတယ်

(ဥါဏ်နဲ) သူတွေရှုံးတာ ဓမ္မတာပဲ မဟုတ်လား?

သူပဲသူပဲလို့ အပြစ်တင်ရုံနဲ့ (နွံ) ထဲက (ရုံး) မထွက်နိုင်ပါဖူး

(ဘုံ) (အကျိုး) (ဘုံကိစ္စ) အတူတူလုပ်ကြရအောင် ခေါ်လိုက်ရတာ အော်လိုက် ကြရတာသနားစရာ

NLD အပါအ၀င် ဘယ်သူမှ ရေးမလုပ်ကြဖူး

Critical thinking ရှိရင် (ဘုံ) ထက် (trust) က ရေးကြီးပါတယ်

လူငယ်လေးတွေ Critical thinking - capacity တိုးပွားကြပါစေ


BKN
----------------------------------------------------------------------

Unlike · · · Share
  • You and 2 others like this.1 share
     
  • Mahn Koko - Happy New Year ပါ ဦးဘို၊
    လူတွေအများကြီးထဲ ကျနော့်ကို ရှည်ရှည်လျားလျား စာပြန်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။

    ဦးဘိုပြောတဲ့ capacity အသုံးအနှုန်းဟာ အင်မတန်သင့်တော်တဲ့ စကားလုံးလို့ မြင်မိပါတယ်။ ဒါကလည်း ဘဝအတွေ့အကြုံနဲ့ နှိုင်းပြီးမှ ပြောတာပါ။ လေ့လာတွေးတောမှု မရ
ှိတာတွေ
    ကြောင့် ပွဲစားဆိုရင် အချောင်သမား၊ အလုပ်ရှင်ဆိုရင် ဂုတ်သွေးစုပ်အမြတ်ထုတ်သူ စတာ
    တွေလောက်ပဲမြင်ပြီး တဖက်က ရင်းနှီးထားရတာတွေ ကြိုးစားရုန်းကန်ရတာတွေ ထိုးဖေါက်
    သိမြင်တတ်မြောက် ထားရတာတွေကို လုံးဝမမြင်နိုင်ကြတဲ့ လူတွေကိုတွေ့ခဲ့ရပြီး အုပ်ချုပ်ရေး
    စီးပွားရေး ပညာရေးက elite အနေအထားနဲ့ အခြားသက်ဆိုင်တဲ့ process တွေကို တစိုးတစိမှ
    သိမြင်နိုင်ဖို့ (တွေ့လျက်နဲ့ မမြင်နိုင်လို့ဖြစ်စေ) အခွင့်အလမ်းမရှိတဲ့ မရှိနိုင်တော့တဲ့ သူတွေကို
    ကြည့်ပြီးမှလည်း လက်ခံမိတာပါ။

    ပညာတတ်ကိစ္စကတော့ capacity နဲ့ တိုက်ရိုက်အချိုးကျမှုတွေ ရှိတယ်လို့ထင်ပါတယ်။ နမူနာ
    ဦးဘိုကိုပဲ ကြည့်ရင် ဦးဘို ပညာတတ်ရာက အပြန်အလှန် သက်ရောက်မှုနဲ့ လက်ရှိ capacity
    အဆင့်ကို ရောက်ခဲ့ (တော်ရုံလူ မမျှော်မှန်းနိုင်တဲ့ ရာထူးမြင့်ကိုရခဲ့) တယ်လို့ မြင်ပါတယ်။
    အဲဒီကမှတစ်ဆင့် အထက်စီးကနေ (ခြုံငုံပြီး) မြင်လာတာတွေကို စာအဖြစ်ချရေးတဲ့အခါ “The
    Prince" ရေးခဲ့တဲ့ "Machiavelli" ရဲ့ မြင်ပုံမျိုးကို ယှဉ်ပြီးသွားသတိရမိတယ်။ လူတိုင်းမဖြစ်နိုင်
    ပေမယ့် ပညာနဲ့ အချိုးကျ ရှိရင်းcapacity မြင့်လာရာက တော်ရုံလူတွေ မရောက်နိုင်တဲ့ေ
    ရောက်ခဲ့ပြီး ဒီကနေ့(လူငယ်တွေ) အလွယ်တကူ မမြင်နိုင်တာကို တွေးလာနိုင်တာ၊ ချပြနိုင်တာ
    ကို ဆိုလိုတာပါ။
     
  • Mahn Koko - ကွန်မြူနစ်စနစ်နဲ့ ပတ်သက်လို့ကတော့ ကျနော်ရေးခဲ့သလိုပဲ မူရင်းအတွေး
    အခေါ်မှာ သိပ်ပြဿနာမရှိလှဖူးထင်ပါတယ်။ ပြဿနာက ရောက်သွားတဲ့နိုင်ငံနဲ့ ဋ္ဌာနေမှာ
    ထပ်ဆင့်ပြောင်းလဲ ဖြည့်စွက်တဲ့အတွေးအခေါ်တွေ၊ အကောင်အထည်ဖေါ်တဲ့ သူတွေဆီမှာ
    တာဝန်ပိုရှိတယ်လို့ ယူဆမိပါတယ်။ ဆိုလိုတာက မာ့ခ်စ်တို့ အိန်ဂျယ်တို့သာ သူတို့ချပြခဲ့တာ
    တွေကို ဒီကနေ့ အကောင်ထည်ဖေါ်နေကြတဲ့ ပုံစံတွေနဲ့သွားဖို့ သဘောတူချင်မှတူမှာပါ။

    တဖက်မှာလည်း ဦးဘိုပြောတဲ့ ကနေ့ကွန်မြူနစ်တွေရဲ့ အနေအထားကို လက်ခံပါတယ်။ နမူ
    နာအနေနဲ့ တရုတ်ပြည်မှာ မကျေနပ်လို့ တိုင်တန်းသူတွေကို အရူးထောင်ထဲ အစုလိုက်ထည့်
    ပြီး ဘဝတုံးအောင် လုပ်နေတာ တစ်ခုထဲကြည့်ရုံနဲ့ သူတို့နိုင်ငံရဲ့ ပဒေသရာဇ်ခေတ်က လုပ်ပုံ
    ကိုင်ပုံတွေကို သွားသတိရမိပါတယ်။

    နောက်တစ်ချက် ဒေါ်စုနဲ့ ပတ်သက်လို့လည်း သဘောတူပါတယ်။
    တိုင်းရင်းသားတွေ ကိစ္စမှာလည်း ဦးဘိုနဲ့ အတော်များများ သဘောတူပါတယ်။
    အထူးသဖြင့် တနိုင်ငံထဲသား အချင်းချင်းလို့ မြင်ဖို့ဆိုတာ၊ Fair ဖြစ်ဖို့လိုတယ်ဆိုတာနဲ့ စေတနာမှန်ဖို့ဆိုတဲ့ နေရာတွေမှာပါ။ ကျနော်ကိုယ်ပိုင် မြင်တာ
    ကတော့ ဒီကိစ္စဟာ ရှုပ်ထွေးပေမယ့် အတိုချုံးပြီး ရိုးရိုးရှင်းရှင်းလေးဖြစ်အောင် လုပ်ယူလို့ရ
    တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေဖက်က ကိုယ့်အနေအထားကို မှန်
    မှန်ကန်ကန် သုံးသပ်နိုင်ရင်၊ (အချို့အဖွဲ့တွေမှာ) စစ်ဘုရင်ပုံစံထက် နိုင်ငံရေးကို ရှေ့တန်း
    တင်ဖို့ လိုတယ်ဆိုတာ သဘောပေါက်ကြရင်နဲ့ ထိုင်းနိုင်ငံမှာရောက်နေတဲ့ တိုင်းရင်းသား
    တွေထဲက ဆယ်ပုံပုံ တစ်ပုံလောက်ကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ရင် လက်ရှိအခြေ
    အနေကို ဆွဲခါပစ်လိုက်သလို လုပ်လို့ရတယ်လို့ ယုံကြည်ပါတယ်။

    ဒါပေမယ့် ငွေအား၊ အသိပညာ ဗဟုသုတအားနဲ့ စေတနာမှန်မှန်နဲ့ လူတွေယုံကြည် လက်ခံ
    မယ့် ဦးဆောင်သူတော့ လိုပါမယ်။ လောလောဆယ်တော့ ဒေါ်စုတစ်ယောက်ထဲ အထင်
    အရှားရှိနေတာဟာ ဝမ်းသာစရာဖြစ်သလို တဖက်ကလည်း အားမရစရာပါ။

    နောက်ဆုံးတစ်ခုက အပြစ်တင်နေရုံနဲ့ မပြီးဖူးဆိုတာတော့ လက်တွေ့ပါပဲ။ အထူးသဖြင့်
    ဒီကနေ့လူငယ်ပိုင်းတွေမှာ တော်တော်များများ တွေ့နေရတဲ့ ကိစ္စပါ။ တိုင်းရင်းသားတွေ
    လည်း ထို့နည်း၎င်းပါပဲ၊ အော်ရင်း ဟစ်ရင်း ဆဲရင်း အပြစ်တင်ရင်း ကိုယ့်အနေအထား
    ကိုနှိမ့်ချ၊ အာဏာရယူထားတဲ့သူတွေကို တခါတရံမှာ အမွမ်းတင်မိသလို တရားဝင်အောင်
    ခိုင်မာအောင် လုပ်ပေးနေသလိုမျိုး သက်ရောက်မှုသွားရှိတဲ့ ပုံစံမျိုးတွေ တွေ့နေရပါတယ်။

    လောလောဆယ်တော့ တစ်ကိုယ်စာ ရပ်တည်နိုင်ဖို့ကြိုးစားရင်း တနိုင်တပိုင် လုပ်ကိုင်ဖို့နဲ့
    ဝန်းရံပေးသင့်သူကို ဝန်းရံပေးနိုင်ဖို့ အဆင်သင့် ကြည့်နေရုံပဲ တတ်နိုင်ပါသေးတယ်။ အ
    ပြောင်းအလဲတွေလည်း တချိန်ချိန်မှာ ရုတ်တရက်ပေါ်လာနိုင်တယ်လို့ ယုံကြည်ပြီး ဦးဘို
    တို့လိုလူတွေလည်း သင့်တော်သလို အကြံဥာဏ်တွေ ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

No comments:

Post a Comment