ဒီစာစု ရေးဖြစ်ဖို့ရာဟာ Facebook ပေါ်က ဗိုလ်မှူး Sai Thein Win ထံမှာ လတ်တလောဖြစ်နေတဲ့ ၊
ကရိုင်းမီးယား ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖြစ်ရာက စခဲ့ပါတယ် ။ အဓိကအနေနဲ့ ကျူးကျော်မှု
လုပ်လာတဲ့ရုရှကို အလွန်မရှိဘူးလို့ ဆိုချင်သူတွေရဲ့ လှုံ့ဆော်မှုကြောင့်လို့ ဝန်ခံရပါလိမ့်မယ် ။
Mahn Koko - ရုရှကျူးကျော်တာ မလွန်ဘူးလို့ ပြောသူတွေဟာ ၊ တစ်ခုခုတော့
လွဲနေပြီလို့
ကောက်ချက်ချမယ် ။
မသိလို့သော်၎င်း ၊ ကြီးနိုင်ငယ်ညှင်းစနစ် ကြိုက်လို့သော်၎င်း
၊ နိုင်ငံတကာ ကျင့်
ဝတ်တွေကို အလေးမထားလို့သော်၎င်း
၊ ဖြစ်နိုင်ခြေကတော့ အမျိုးမျိုးရှိတယ် ။
• ပါကစ္စတန်ဟာ အိန္ဒိယနဲ့ တွဲလျက် ရှိခဲ့တာပါ ။ မြန်မာပြည်တောင် ပါခဲ့သေး ။
• အရှေ့တီမောဟာ အင်ဒိုနီးရှားလက်အောက်မှာ ရှိခဲ့တာပါ ။
• တောင်ဆူဒန်ဟာ မကြာခင်ကမှ လွတ်လပ်ရေး ရခဲ့တာပါ ။
အရင်က ပိုင်ခဲ့ဖူးတယ်ဆိုပြီး ၊ အချုပ်အချာပိုင် နိုင်ငံတစ်ခုရဲ့ နယ်မြေကို ဘယ်သူမှ ဝင်သိမ်း
လို့ မရပါ ။ (ချွင်းချက်အနေနဲ့ - ကိုယ်လည်း ခံနိုင်တယ် ဆိုရင်တော့ ၊ အပြစ်မဆိုပါ) ။
ယူကရိန်း ခွဲထွက်စဉ်က သက်သေစုံညီနဲ့ သဘောတူ လက်မှတ်ထိုးခဲ့တာပါ ။ ရုရှက သိ
က္ခာရှိဖို့လိုသလို ၊ နိုင်ငံတကာကလည်း အနည်းဆုံး နှုတ်အားဖြင့် ယူကရိန်းကို ထောက်
ခံရပါလိမ့်မယ် ။
ရုရှကို မျက်စိမှိတ်ထောက်ခံရင် - နိုင်ငံတကာ "စံ"တွေ ကျိုးပေါက်ပြီး ၊ အလားတူဖြစ်ရပ်
မျိုးတွေ မျှော်လင့်ထားရပါမယ် ။ ကြီးနိုင်ငယ်ညှင်း လုပ်တတ်သူတွေဟာ ၊ ကိုယ့်နဲ့တွေ့
မှ ပျော့ပျောင်းသွားလိမ့်မယ်လို့လည်း အိပ်မက် မမက်သင့်ပါ ။
March 3 at 2:11pm · 28
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆက်စပ် တွေးတောမိတာတွေဟာ ဒီမှာတင် ရပ်မသွားခဲ့တာမို့ ၊ အသစ်ထပ်ဝင်လာတာတွေကို စာနဲ့
ချရေးဖြစ်တာကတော့ ၊ အောက်ကအတိုင်းပါ ။
(၁) အဝေးက နယ်ချဲ့
ကိစ္စတစ်ခုကို ထပ်ခါထပ်ခါ မှတ်ချက်ထပ်ရေးရတာ စိတ်ကြိုက်ဖြစ်တဲ့ ရွေးချယ်မှု မဟုတ်ပေမယ့် ၊ ရေး
သင့်တယ်ယူဆလို့ ထပ်ရေးဖြည့်လိုက်တယ် ။
ပထမ အချက်လက်တွေဖြစ်တဲ့ -
ф ခရိုင်းမီးယားမှာ ရုရှစကားပြောသူတွေ ၆၀% ဝန်းကျင် ရှိတာ ၊
ф ဌာနေလူများစုမှာ ရုရှနဲ့ ရင်းနှီးခိုင်မာတဲ့ ဆက်စပ်မှုတွေနဲ့ ယိမ်းယိုင်မှုတွေ ရှိတာ ၊
ф နယ်သားတွေရဲ့ ယူကရိန်းကနေ ခွဲထွက်လို့တဲ့ ဆန္ဒရှိသူတွေ အတော်များတာတွေ ၊ စတဲ့ လက်တွေ့
ဘဝက အဖြစ်မှန်တွေကို လက်ခံရမှာပါ ။
သို့သော် လက်ခံလို့မရတဲ့ အဓိက အချက်တွေအနေနဲ့ -
⌂ အချုပ်အချာအာဏာ ၊ နယ်နိမိတ်နဲ့ သဘောတူညီချက်တွေကို ရုရှကနေ မလေးစားတာ ၊
⌂ ခုလို ကျူးကျော်ဝင်ရောက်တာဟာ ချက်ချင်းလက်ငင်း မဟုတ်ပဲ ကာလရှည်ကြာ ကြိုတင်စီမံလာ
ကြောင်း ၊ လုပ်ကိုင်မှုတွေဟာ စနစ်ကျပြီး လက်နက်အင်အား လူအင်အား လုံလုံလောက်လောက်
သုံးထားကြောင်း ထင်ရှားနေတာ ၊
⌂ ခရိုင်းမီးယားသားတွေ ယူကရိန်းကနေ ခွဲထွက်လိုတယ်ဆိုပေမယ့် ၊ ရုရှနဲ့ ပြန်ပေါင်းဖို့ မဟုတ်ပါပဲ ခု
ကိစ္စမှာ တလွဲအကြောင်းပြ အသုံးချတာ ၊
⌂ ဒေသခံအများစုကနေ ထောက်ခံသူမဟုတ်တဲ့ ရုရှရုပ်သေး နိုင်ငံရေးသမားတွေနဲ့ အစားထိုးတာ ၊
⌂ ရုရှစစ်တပ် ကျူးကျော်ဝင်ရောက်နေတာကိုတောင် မဟုတ်ပါဘူးလို့ ဗြောင်လိမ်တာ ၊
⌂ စစ်တပ်လွှတ်ဖို့ ၊ နယ်မြေသိမ်းသွင်းဖို့ တရားဝင်သယောင် အချိန်ကိုက်လုပ်ဆောင်တာ ၊ အုပ်ချုပ်ရေး
အားနည်းနေချိန်မှာ စီစဉ်ထားတဲ့ လက်နက်ကိုင်တွေနဲ့ သူတစ်ပါးနယ်က ပါလီမန်ကို စိတ်ကြိုက်ချယ်
လှယ်ပြီး အချိန်တိုအတွင်း ရုပ်သေးပါလီမန်က ကြေငြာချက်တွေထုတ်တာ ၊ အလျင်စလို လူထုခံယူပွဲ
လုပ်ဖို့ကြိုးစားတာတွေ ၊
⌂ သတင်းနဲ့ စာနယ်ဇင်းတွေ ၊ ဆန့်ကျင်သူတွေကို တားဆီးနှိပ်ကွပ်လာတာ ၊ အများအမြင်ရှင်းစေမယ့်
ကုလသမဂ္ဂ ကိုယ်စားလှယ်အပါဝင် ပြင်ပကမ္ဘာကလူတွေကို မဝင်နိုင်အောင် တားဆီးတာ - စသည်
ဖြင့် ရှည်လျားတဲ့ အချက်အလက်တွေက သူတို့ရဲ့ လုပ်ရပ်နဲ့ သဘောထားတွေကို လက်ခံလို့ မရနိုင်
လောက်အောင် ရှိနေပါတယ် ။
ǂ ဒါပေမယ့် မြန်မာပြည်က အချို့လူတွေထဲမယ် “ခွဲထွက်တာ သို့မဟုတ် လွတ်လပ်ရေးရယူတာ” နဲ့
“အခြားနိုင်ငံနဲ့ သွားပေါင်းတာ”နှစ်ခုကို လေလုံးမကွဲကြဘူးလို့ ထင်ရလောက်ပါတယ် ။
ǂ အချို့ကျပြန်တော့ ဟို ဒီမိုဆိုတဲ့ ကောင်တွေတော့ ရုရှကို ကန့်ကွက်နေပြီ ၊ ကလိအုံးမှလို့ စိတ်ထား
ပုံရကြပါတယ် ။
ǂ အချို့ကတော့ ၊ အဖွဲ့စည်းကိုယ်၌က ရုရှနဲ့ ဆက်စပ်ပတ်သက်မှုလေးတွေ ရှိတော့လည်း ၊ အဖွဲ့စည်း
အစွဲနဲ့ မျက်တောင်တစ်ဆုံးပဲ ကြည့်သူတွေလည်း ရှိတာသေချာပါတယ် ။
စကားဆက်ရရင် -
လက်တွေ့ အခြေနေအချို့လည်း ရှိပါသေးတယ် ။
# လက်ရှိ အမေရိကန်မှာ စစ်တိုက်ဖို့ထက် နိုင်ငံပြန်ထူထောင်ချင်နေတဲ့ အိုဘားမားလို သမ္မတ ရှိနေပါ
တယ် ။
# ဥရောပကလည်း ဒုတိယကမ္ဘာစစ်ဆိုးကျိုးကို သိကြသူတွေပါ ။
စစ်မတိုက်ချင်တဲ့အပြင် ၊ ရုရှဆီက လောင်စာတွေကို ဈေးပေါပေါနဲ့ အတန်သင့် မှီခိုနေရတာကလည်း
တစ်ပိုင်းမို့ ၊ သံတမန်ရေးနဲ့ သွယ်ဝိုက်နစ်နာစေမယ့်နည်းတွေကို ရွေးကြရပါလိမ့်မယ် ။
# ရုရှဟာ စစ်ရေး အားကောင်းသလို ၊ ကျယ်ပြန့်တဲ့ နိုင်ငံထဲက သယံဇာတတွေကို ထုတ်ရောင်းရင်း ၊ ငွေ
အသင့်တင့် လျှံနေတဲ့နိုင်ငံပါ ။
သို့သော် “လူဦးရေ”အရတော့ ကျုံ့ဝင်နေတဲ့ နေဝင်အင်ပါယာ တစ်နိုင်ငံဖြစ်ပါတယ် ။
သူတို့ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ထားတွေနဲ့ အရက်တို့ဟာ အဓိက တရားခံတွေထဲက အ
ချို့ပါ။ ဒီ့အတွက်လည်း ရုရှစကားပြောနဲ့ ရုရှယိမ်းသူတွေကို ၊ ရသမျှ ပြန်ပြီး သိမ်းကျုံးစုကဲ့ယူနေတာလို့
သုံးသပ်မှုတွေက ဆိုပါတယ်။
ဒါတွေဟာ ဘါတွေ ဖြစ်လာနိုင်မလဲဆိုတာ ချိန်ဆကြည့်တဲ့အခါ ၊ ထည့်တွက်သင့်တဲ့ အချက်တချို့ပါ ။
ကျနော် တင်ပြသွားတာတွေကို သဘောမတူသူတွေလည်း ရှိမှာပါ ။
အချက်အလက်နဲ့ ထောက်ပြနိုင်ပါတယ် ။
ဒီနေရာမှာ ၊ လက်ယာအစွန်းရောက်တွေ ယူကရိန်းမြို့တော်မှာ အာဏာရလာတာတို့ ၊ ကရိုင်းမီးယားမှာ
ရုရှစကားပြောသူ အများစုဖြစ်တာတို့တွေဟာ ၊ ရုရှနဲ့သွားပေါင်းဖို့အတွက် လုံလောက်တဲ့ အကြောင်းပြ
ချက်တွေ မဟုတ်ဘူးဆိုတာကိုတော့ ပြောပြထားချင်ပါတယ် ။
ဒါတွေဟာ လူနည်းစုဆိုသော်လည်း သိပ်မနည်းတဲ့ အခြား ခရိုင်းမီးယားနယ်သားတွေကို လစ်လျူပြီး ၊
အချုပ်ချာ အာဏာပိုင် တစ်နိုင်ငံကို အငြင်းပွားစရာကောင်းတဲ့ အကြောင်းပြချက်တွေနဲ့ ဝင်ရောက်စွက်
ဖက်ဖို့ အားပေးရာကျပါတယ် ။
အဆုံးသတ်ရရင် -
● ကမ္ဘာ့သမိုင်းမှာ သူများနိုင်ငံနယ်မြေကို သိမ်းသွင်းတာမျိုးဟာ ဒီဖက်ခေတ်မှာ မဖြစ်တာကြာပါပြီ ။
အထူးသဖြင့် ဥပဒေသမားတွေ နားလည်ပါတယ် ။ legal floodgate ဆိုတာမျိုးကို ဖွင့်လိုက်လို့ကို
မရတာပါ ။ အစဉ်အလာတစ်ခု ဖြစ်သွားရင် ၊ နောက်ဟာတွေကို မှားတယ်လို့ ငြင်းဆိုလို့ မရတော့ပါ ။
ရခိုင်က ဘင်္ဂလား ၊ ချင်းက အိန္ဒယ ၊ ကချင်နဲ့ ဝက တရုတ် ၊ ရှမ်း ကရင်နဲ့ ကယားတွေက ယိုးဒယား
ဆီ သွားပေါင်းကြမယ်ဆိုရင် မြန်မာပြည်က ဘယ်နှစ်ယောက်လောက် လျှောလျှောရှူရှူ လက်ခံကြ
မလဲလို့ မေးစရာရှိပါတယ် ။
ဆင်ခြင်မှု ပြုနိုင်ကြအောင်ပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၂) အနီးဆုံးနယ်ချဲ့
ကျနော်တို့အာရုံကို အရှေ့ဖက် ရွှေ့ကြည့်ရအောင် ။
>> မြန်မာပြည်ကို သမိုင်းကြောင်းအရ ကျူးကျော်ခဲ့တာရော ၊ လက်ရှိမှာ မဟာဗျူဟာ အနေထားအတွက်
အသုံးချဖို့ရာ သြဇာခံ satellite state အဖြစ် စီးပွားရေး စစ်ရေးနဲ့ နိုင်ငံရေးတွေအရ ချုပ်ကိုင်ထားနိုင်ဖို့
ရာပါ လိုအပ်နေတဲ့နိုင်ငံဟာ ဘယ်နိုင်ငံပါလဲ ။
>> ၁၉၄၉ ခုနှစ်မှာ တိဘက်ကို ကျူးကျော်သိမ်းပိုက်ပြီး ၊ တိဗက်ပြည်သူတွေကို မြေရှင်ပဒေသရာဇ် စနစ်
ကနေ လွှတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တယ်လို့ ဂုဏ်ယူအောင် ၊ (ငါတို့'တံပိုး'က သူတို့'တံပိုး'
ထက် ပိုကောင်းတယ်လို့) သူ့နိုင်ငံသားတွေကို စိတ်ထဲရိုက်သွင်းထားတာ ဘယ်နိုင်ငံလဲ ။
>> လူဦးရေနည်းတဲ့ တိဗက်နဲ့ Xijiang နယ်တွေကို ၊ ပြည်မက အခြေချသူတွေနဲ့ ဝါးမျိုဖို့လုပ်နေတာ
ဘယ်နိုင်ငံလဲ ။
>> အိမ်နီးချင်းနိုင်ငံမှာ (သေဆုံးပြီးလူတွေကို အစားထိုးတာမျိုးကအစ) ထောင်သောင်းမက နေရာယူ
လာပြီး ၊ ဒေသခံအာဏာပိုင်တွေကလည်း မသိသလို မျက်နှာလွဲပေးထားတာ ဘယ်နိုင်ငံကလဲ ။
>> ၂၀၁၃ အတွင်းမှာ တောင်တရုတ်ပင်လယ်ရဲ့ ၈၀% လောက်ကို ပိုင်ဆိုင်ပါတယ်လို့ အဆိုပြုသတ်မှတ်
လာတာကြောင့် ၊ ဒေတစ်ခွင်လုံးနဲ့ အခြားအင်အားကြီး နိုင်ငံတွေကိုပါ တုန်ခါသွားစေတဲ့ နိုင်ငံကြီးဟာ
ဘယ်နိုင်ငံလဲ ။
>> အဲဒီနိုင်ငံကနေ သူ့ရဲ့ ရေပိုင်နက် အငြင်းပွားနေရတာတွေကို ရှောင်ကွင်းပြီး ၊ အချိန်နဲ့ ငွေကစလို့ အစ
စအရာရာ သက်သာစေပြီး မဟာဗျူဟာကျတဲ့ ၊ ဘင်္ဂလား ပင်လယ်အော်ထဲကို ကုန်းလမ်းကနေ ဖြတ်
သန်းနိုင်တဲ့ တစ်နိုင်ငံတည်းသော အိမ်နီးခြင်းနိုင်ငံကိုကော သိပါသလား ။
ဒီလောက်ဆို အချက်လက်တွေ အတန်သင့် ဖူလုံပြီလို့ ယူဆပါတယ် ။
နားမလည်နိုင်သေးရင်တော့ ၊ ကျနော် ညံ့တာပါ ။ ကျနော့်အပြစ်ပါ ။
၁၁ ၊ ၀၃ ၊ ၂၀၁၄
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၃) ဟားတိုက်ရမယ့် အိမ်တော်ပါ ကျွန်
ဒီ
တတိယပိုင်းကတော့ ၊ မြန်မာပြည်နဲ့ပတ်သက်ပြီး တွဲဆက်ပုံပမာတွေနဲ့ တင်ပြသွားမှာဖြစ်လို့
၊ မျက်စိ
အတော်စပ်နိုင်ပါတယ်
။ အမှန် အရှိတရားတွေအတွက် သည်းညည်းခံပြီး ၊ ဖတ်သွားနိုင်ကြမယ်လို့လည်း
မျှော်လင့်ပါတယ်
။
ပထမဆုံး
၊ ငယ်စဉ်ကတည်းက ဖတ်မိခဲ့တဲ့ ဆောင်းပါးလေးထဲက အချက်တစ်ခုကို ၊ ခုထိတိုင်အောင် သ
တိရနေဆဲပါ
။ အခြားတော့ မဟုတ်ပါ ၊ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးကြဲဖို့ရာ ၊ အဓိကသူ
လျိုအနေနဲ့
“၃” ယောက်သာ လိုခဲ့တယ် ဆိုတာလေးပါ ။
မြန်မာပြည်မှာကော
ဘယ်လိုလဲ ။
ကျနော်မြင်တာတော့
- အာဏာနဲ့ စစ်တပ်ကို လွမ်းမိုးချယ်လှယ်ထားတဲ့ ဗမာနဲ့ ပြည်မသူ ပြည်မသားတွေ
က
တစ်ဖက် ၊ သူတို့နဲ့ အစပ်ဟပ်မညီ ကတောက်ကဆဖြစ်နေသူ သန်းကဏန်းနဲ့ချီတဲ့ လူနည်းစုတွေက
တစ်ဖက်ဆိုပြီး
ရှိနေပါတယ် ။
ဒါဆို
၊ တကယ်လို့များ ပြည်ပနိုင်ငံကြီး တစ်နိုင်ငံနဲ့သာ စစ်ရေး ထိပ်တိုက်ဖြစ်ကြပြီဆိုပါစို့
။
ဘယ်လိုအခြေနေမျိုး
ကြုံလာမလဲဆိုတာ ရှင်းပြဖို့တောင် လို့ပါ့မလား ။
မသိသေးသူ
၊ နားဝေးနေသေးသူတွေကိုတော့ - အင်္ဂလိပ်-မြန်မာစစ်ပွဲကို ပြန်ကြည့်ပါလို့ တည့်တည့်ပြော
ရတော့မှာပါပဲ
။
အဲဒီလို
မဟန်တော့တဲ့ အခြေနေမျိုးကျမှ - ကိုယ့်ဖက်က အုပ်ချုပ်သူတွေရဲ့ ဆိုးရွားရက်စက်ခဲ့မှုတွေကို
မေ့လျော့ပြီး
၊ သူတစ်ပါးကို “အသားထဲက လောက်ထွက်တယ်”လို့ ၊ “သီလကြောင် စကား”တွေ ဖေါဖေါ
သီသီသုံးပြီး
ကြိတ်မနိုင်ခဲမရ ဖြစ်ကြရတာမျိုးဟာ ၊ လက်တွေ့အမှန်တရားကို လက်သင့်မခံနိုင်တဲ့အမှား
ရဲ့
အကျိုးဆက်သာပါ ။ သူတစ်ပါးကို အပြစ်တင်တာဟာ ၊ ကိုယ့်အမှားကို အတင်းဖုံးဖိပြီး ဒေါသတွေ
ဝေ
မျှဖို့အတွက်
ဓါးစာခံရှာတာထက် မပိုပါ ။
သို့သော်
ဒါနဲ့တင်မပြီး ၊ ဆက်စပ်ပြဿနာတစ်ခုက ရှိနေပြန်ပါတယ် ။
ခံစားချက်
ကိုယ်စီရှိတဲ့ လူတွေမှာ ရုပ်ပိုင်း (အပြင်ပိုင်း) ဆိုင်ရာမှာ ဒဏ်ရာနဲ့ ထိခိုက်မှုတွေရှိတတ်သလို
၊
မမြင်ရတဲ့
စိတ်ပိုင်း (အတွင်းပိုင်း) ဆိုင်ရာ ဒဏ်ရာတွေလည်း ရှိတတ်တာ သဘာဝပါ ။
ရှာဖွေ
အမြစ်ဖြုတ်လို့ မရနိုင်ကောင်းတဲ့ လောကသဘာဝကို အတင်းတွန်းလျစ်လျူပြီး ၊ ကိုယ့်နဲ့ ဆန့်ကျင်
သူတွေအားလုံးကို
ကျုပင်ငုတ် ကျူငုတ်မကျန် အမြစ်ပြတ် သတ်ဖြတ်နှိမ်နင်း ချေမှုန်းလို့ ရတယ်လို့ ယုံ
ကြည်ထင်မြင်
နေကြတာပါပဲ ။
ကျနော်တို့တတွေ
အချက်လက်တချို့ကို ချရေးကြည့်ရအောင် ။
မြန်မာပြည်သာ
အခြား အင်အားကြီးနိုင်ငံ တစ်နိုင်ငံနဲ့သာ ၊ တစ်ခုခုဖြစ်ပြီဆိုရင် -
ǂ
‘ဝ’လို တပ်ကလွဲရင် ၊ ထောင်ကဏန်းလောက်ပဲရှိတဲ့ တိုင်းရင်းသားတပ်တွေဟာ ၊ ကြားခံ ရုပ်သေး
ရုပ်အဆင့်လောက်ပဲ
ရှိနေကြတော့မှာပါ ။
ǂ
နယ်စွန်နယ်ဖျားက ဗမာစစ်တပ်တွေအနေနဲ့ ပစ်မှတ်သေတွေ ဖြစ်လာပါလိမ့်မယ် ။
ဒေသခံတွေကြားထဲလည်း
ရောနှောကိုယ်ဖျောက်ဖို့လည်း မဖြစ်နိုင်ပါ ။
ǂ
မြို့ပေါ်မှာလည်း လူထုတစ်ရပ်လုံးက ထောက်ခံတာ မဟုတ်တဲ့ စစ်တပ်အတွက် ၊ လုံခြုံတဲ့ နားခိုစရာ
နေရာရှိမရှိ
သိပ်မသေချာပါ ။ ခုနေခါ ကောင်းလှပါတယ်ဆိုပြီး ကြွားနေကြတဲ့ လက်နက်တွေကကော
တကယ်အသုံးဝင်နိုင်မလား
။ ကုန်းပိုင်းကျရှူံးသွားရင် ရေထဲက သင်္ဘောဆိုတာတွေကလည်း လှေတစ်
စီးလောက်တောင်
အသုံးဝင်ချင်မှ ဝင်တော့တာပါ ။
စွမ်းအင်
ဆီ လက်နက်နဲ့ လေ့ကျင့်မှုတွေ လစ်ဟာနေတဲ့ တိုက်လေယာဉ်တွေ ဆိုတာလည်း ၊ လက်လှမ်း
မီရာမှာ
ပုခုံးထမ်း တာတိုပစ်ဒုံးကျည်တွေ အရောက်ချထားရုံနဲ့တင် ပျားကိုမီးခိုးထိသလို တဖြုတ်ဖြုတ်
ကျနိုင်တာမျိုးပါ
။
ဒီကြားထဲ
ရေဒါယာဉ်လိုဟာဆိုရင် လေးခွစာတောင် ခံနိုင်ရဲ့လား ။
အမြောက်ပြောင်းတွေထဲ
၊ အလစ်မှာ ခဲလုံးတွေ ထည့်လိုက်မှာကိုကော ဘယ်လိုကာကွယ်မလဲ ။
သိပ်ကောင်းတယ်ဆိုတဲ့
တင့်ကားတွေဆိုတာ ချိန်းကြိုးကြားထဲ သစ်သားချောင်း သံချောင်း ထိုးသွင်း
လိုက်ရုံနဲ့
၊ သုံးမရတဲ့ သံတုံးကြီးသာသာတွေ ဖြစ်သွားနိုင်တာမျိုးရော ထည့်တွက်စရာတွေ လိုနိုင်ပါ
တယ်
။
ǂ
နောက်တစ်ခုက ၊ စစ်သား ၄ သိန်းနဲ့ စစ်လက်နက်တွေ တိုးတက်တပ်ဆင်ထားတယ်ဆိုတဲ့ ၊ နိုင်ငံခြား
ရန်
ကာကွယ်ဖို့ထက် ‘တစ်မြေထဲနေ တစ်ရေထဲသောက် ညီအစ်ကိုတွေ’ လို့ နာမည်တပ်ထားတဲ့ တိုင်း
ရင်းသားတွေလောက်ကိုသာ
တိုက်ခိုက်ဖိနှိပ်နေတဲ့ စစ်တပ်ဆိုတာကလည်း ၊ တိုက်ခိုက်ရေးတွေနဲ့ချည်း
ဖွဲ့စည်းထားတာ
မဟုတ်ပါ ။ လက်နက်မကိုင်တဲ့ အမျိုးမျိုးသော ထောက်ပံ့ရေးကဏ္ဍတွေ ပါရပါတယ် ။
ဒါ့ပြင်
တစ်နိုင်ငံလုံး အတိုင်းတာ ဖြန့်ကျဲချထားရတာကြောင့် ၊ အင်မတန် ပါးလျပါတယ် ။
ဗီယက်နမ်စစ်
၊ ကိုရီးယားစစ်တွေကိုကြည့်ပါ ။
အဲဒီနိုင်ငံသားတွေလို
အင်အားသိန်းနဲ့ချီသုံးတဲ့ တရုတ်တပ်မျိုး ၊ ယန္တယားနဲ့ ခေတ်မီကရိယာတွေ ထောက်
ပင့်ပေးထားတဲ့
အင်အားကြီးနိုင်ငံက တပ်တွေကို ၊ ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ စိတ်ဓါတ် အင်အားနဲ့ လက်
နက်ပြည့်စုံတဲ့စစ်တပ်မျိုး
မြန်မာပြည်မှာ မရှိပါဘူး ။ တပ်ပြေးတွေများလို့ အင်အားမပြည့်တာကလည်း ၊
နူရာဝဲစွဲ
လဲရာသူခိုးထောင်းပါ ။
နောက်ပြီးတစ်ခါ
လက်တွေ့ဘဝမှာ လူနည်းစုတွေကို ဖိနှိပ် သတ်ဖြတ် မောင်းထုတ်နေတာတွေအပြင်
ဘာတွေရှိသေးလဲ
ဆိုတဲ့ မေးခွန်းရှိတယ် ။
အဓိကတစ်ခုအနေနဲ့
- လူပြောအင်မတန်နည်းနေတဲ့ ၊ တိုင်းရင်းသားလူမျိုးတွေနဲ့
ဒေသတွေကို လူနဲ့
မြိုဖို့ လုပ်နေတဲ့ ကိစ္စ ပါပဲ ။
ဒီမှာ
ထပ်ဆင့်မေးခွန်းတစ်ခုက - လွတ်လပ်ရေးရပြီးနောက်ပိုင်း ၊ တိုင်းရင်းသားတွေရဲ့ ဒေသတွေကို
ပြည်
မ
(သို့မဟုတ်) ဗမာတွေရဲ့ ရွေ့ပြောင်းအခြေချမှုတွေကို ၊ စာရင်းဇယားနဲ့ ကိန်းကဏန်း ကောက်ခံထားမှု
တွေ
ရှိခဲ့ပါသလား ။ ခြေရာခံမှုတွေ ရှိခဲ့ဖူးပါသလား ။ ဘယ်သူမှ ဖြေနိုင်မယ်လို့တော့ မမျှော်လင့်ပါ
။
ဒါကို
လူတိုင်း မမြင် မသိနိုင်ကြပါ ။ အထူးသဖြင့် ဗမာနဲ့ ပြည်မသားတွေ မမြင်ပါ ။
မမြင်ဆို
စိတ်မဝင်စားတာ ပါနိုင်သလို ၊ ထင်ထင်ရှားရှားကြီး သိသာနေတာမျိုးလည်း မဟုတ်ပဲကိုး ။ မူဝါဒ
ချမှတ်သူတွေကနေ
အသာလေးလမ်းကြောင်းပေးပြီး ၊ အခါအားလျော်စွာ တွန်းအားလေးတွေပေး ထောက်
ပံ့မှုလေးတွေ
လုပ်လိုက်ရုံပဲမို့ ၊ တစ်စုံတစ်ခုဖြစ်လာရင်တောင် သူတို့အနေနဲ့ မသိချင်ဟန်ဆောင် နေလိုက်
ရုံသာ
။
ဒါတွေ
ဘယ်လိုလုပ် သိနိုင်သလဲ ။
စစ်မှုထမ်းဟောင်းတွေ
၊ အမှုထမ်း အရာထမ်းဟောင်းတွေ ၊ အိမ်ခြေယာခြေ မဲ့သူတွေ ၊ ထောင်ထွက်နဲ့
အချို့သော
မောင်းထုတ်ခံရတဲ့ ဗမာအများစုပါတဲ့ (ဗမာစကာပြော ၊ ဗမာယဉ်ကျေးမှု လက်ခံကျင့်သုံးသူ)
အစုအစုတွေဟာ
၊ တိုင်းရင်းသားနယ်တွေထဲမှာ ရွာတည်ပေးလို့သော်၎င်း ၊ အလုပ်အကိုင်အရနဲ့ စီမံ
ကိန်းတွေအရသော်၎င်း
တဖြည်းဖြည်း တိုးချဲ့လာခဲ့တာဟာ ၊ ဆယ်စုနှစ်တွေ အများကြီး ရှိခဲ့ပါပြီ ။ ခုဆို
ရင်
အရင်က ဗမာမရှိသလောက် ဖြစ်ခဲ့တဲ့နေရာ အချို့တွေမှာ ၊ ဗမာတွေ အများစုလိုတောင် ဖြစ်လာကြ
ပါပြီ
။
အချို့ကတော့
“ကိုယ့်နိုင်ငံထဲမှာ ကိုယ်ကြိုက်တဲ့နေရာကို သွားမယ် ၊ နေမယ် ၊ အခြေချမယ်”လို့ ဒေါသ
တကြီး
တုန့်ပြန်တတ်ကြတယ် ။ ဒါကို သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားကြတယ် ။
ဒါပေမယ့်
မူလ အခြေချလာခဲ့သူတွေ နစ်နာ ထိခိုက်ရတာတွေကိုကျ မေ့မေ့လျော့လျော့ ထားတတ်ကြ
တာ
၊ ဒေသရဲ့ လူနေရပ်ဝန်း စီးပွားရေး နိုင်ငံရေး လူမှုရေး သွင်ပြင်တွေကို အကြီးကျယ် ပြောင်းလဲစေပြီး
ဒေသခံတွေကို
အခွင့်မသာတဲ့ဖက် ဦးတည်စေတာတွေကို လျစ်လျူရှုတာတွေဟာ ၊ တကယ့်ကို ကြောင်
သူတော်
လုပ်ရပ်တွေပဲလို့ တည့်တည့်ပြောရပါလိမ့်မယ် ။
နယ်ခံနဲ့
တိုင်းရင်းသားတွေဖက်ကကြည့်တော့ - ဗမာတွေ လူအင်အား ၊ ငွေအင်အား ၊ ဥာဏ်အားအပြင် ၊
အာဏာနောက်ခံ
အကာကွယ်တွေနဲ့ နယ်ချဲ့လာတယ်ဆိုတာ ထင်ထင်ရှားရှား မြင်ကြပါတယ် ။
တစ်ဆက်ထဲ
၊ အဲဒီလို “ရှေ့တန်းခံတပ်”တွေလိုဖြစ်နေတဲ့ နေရာတွေမှာ ၊ ဒေသခံတွေကနေ တုန့်ပြန်မှု
တွေကြောင့်
ထိခိုက်မှုတွေ ရှိလာတဲ့အခါမျိုးမှာ ၊ နာကျည်းစိတ် ကလဲ့စားချေလိုစိတ် အနိုင်ယူလိုစိတ်တွေ
ကို
ထပ်ဆင့်မီးမွှေးပေးသလိုဖြစ်ပြီး ၊ မှားသူက ထပ်ထပ်မှား ၊ ဧည့်သည်က အိမ်ရှင်တွေကို ကုလားအုပ်
လို
တဖြည်းဖြည်း တွန်းထုတ် မောင်းနှင်ပစ်ကြတဲ့ ၊ ဖြစ်စဉ်တစ်ခု ဖြစ်လာပါတော့တယ် ။
အချိန်ကြာလာတာနဲ့အမျှ
ဒီလူတွေကို “မင်းတို့လာရာလမ်းအတိုင်း လှည့်ပြန်သွားကြ”လို့ မောင်းထုတ်ဖို့
လည်း
မဖြစ်နိုင်တော့ပြန်ပါဘူး ။
သွားရောက်
အခြေချသူတွေ ထိခိုက်နစ်နာတာတွေဟာ ၊ မူဝါဒချမှတ်သူတွေအတွက်တော့ ဘာမှမဖြစ်ပါ ။
ရေရှည်မှာ
အခြေခိုင်စေဖို့ ၊ အချို့ကို ထိုးကျွေးရတယ်လောက်ပဲ သဘောထားကြတာပါ ။
ထိုးကျွေးခံရသူတွေကလည်း
သူတို့နစ်နာမှုကိုသာ အာရုံစိုက်ကြပြီး ၊ ရထားတဲ့ အခွင့်ရေးနဲ့ အကျိုးစီးပွား
တွေကို
အသက်ပေးကာကွယ်သွားကြရင်း ၊ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်ဘဝမှာ မျောပါသွားကြရတာ
ပါပဲ
။
ဒါကြောင့်လည်း
ရိုဟင်ဂျာကိစ္စမျိုးမှာ ကိုယ်ဖေါ်မြူလာနဲ့ ပြန်ခံရမှာစိုးလေတော့ ၊ မီးမွှေးပြီး ရခိုင်တိုင်းရင်း
သားတွေနဲ့
အခြား ယောင်ဝါးဝါးသမားတွေနဲ့ တေ့ပေးလိုက်တာပေါ့ ။ ဒီလောက်များတဲ့ ရိုဟင်ဂျာတွေကို
တန်းတူ
အခွင့်အရေးတွေသာ ပေးလိုက်လို့ကတော့ ၊ အပွဲပွဲနွဲလာသမျှ သဲရေကျပြီး သံသရာ တစ်ပတ်
လည်သွားနိုင်တာကိုး
။ ဒါက မူဝါဒသမားတွေကို အဓိကဆိုလိုပါတယ် ။ နကိုကတည်းက မမြင်တတ်ကြ
တဲ့
သူသူငါငါတွေက ၊ ဒီကိစ္စကို လာငြင်းရင်တော့ ပြုံးပြီး ကြည့်နေရုံသာ ။
ဒီတော့
မြန်မာပြည်လို လူဦးရေ အတန်သင့်နည်း ၊ စီးပွားရေး နောက်ကျကျန်ရစ်ပြီး ၊ ပညာရေး အများ
ကြီး
ထပ်ဖြည့်ရဦးမယ့် နိုင်ငံမျိုးမှာ ဖြေဆေးအနေနဲ့ လုပ်လို့ရတာအချို့က -
• မညီမျှမှုတွှေအပါဝင် အားနည်းချက်တွေပြင်မယ်
၊
• လူတိုင်း ဒီနိုင်ငံသားအနေနဲ့ ခံယူချင်ပြီး
၊ တစ်ဦးကိုတစ်ဦး ချစ်ခင်စောင့်ရှောက် ယိုင်းပင်းကာကွယ်ချင်
တဲ့စိတ်တွေ
မွေးမြူလာအောင် ပျိုးထောင်ပေးမယ် ၊
• အားလုံးအကျိုးရှိမယ့် စီးပွား နိုင်ငံရေး
လူမှုရေးပြေလည်ပြီး မြင့်မားတဲ့စိတ်ထားခံယူချက်နဲ့ လူမှုအသိုင်း
ဝိုင်းတစ်ခု
တည်ဆောက်မယ် ၊ စသည်ဖြင့် စုစုပေါင်းပေါင်း လုပ်ကြမယ်ဆိုရင် ၊ အရေးကြုံမှ သစ္စာဖေါက်
လို့
နာနာကျည်းကျည်း လက်ညှိုးငေါက်ငေါက်ထိုးနေရမယ့် သီလကြောင်တွေအဖြစ်က ရှောင်လွှဲနိုင်ပါ
လိမ့်မယ်
။ ဒါက ကျနော့်အမြင်ပါ ၊ အတင်း လက်ခံခိုင်းနေတာတော့ မဟုတ်ပါဘူး ။
တကယ်တွေးကြည့်ရင်
တိုင်းရင်းသားနဲ့ လူနည်းစုတွေဆိုတာဟာ ၊ ဒီနိုင်ငံကို ထောက်ခံထားပေးတဲ့
ဒေါက်တိုင်တွေလိုပါပဲ
။ စစ်ဝတ်စုံ ချွတ်ထားသူတွေကနေ “ခေါင်”ကနေ ချုပ်ကိုင်ထားတဲ့အစိုးရကို
တိုင်းရင်းသားနဲ့
လူနည်းစု အစုဝင်တွေက ယုံသလား ၊ အားကိုးသလားလို့ မေးရင် ။ အဖြေကတော့
ရှင်းပါတယ်
။ သိပြီးသားကို ထပ်ပြောနေစရာ မလိုလောက်ဘူးလို့ ယူဆပါတယ် ။
ဒီတော့
တိုင်းရင်းသားနဲ့ လူနည်းစုတွေဟာ ရှုပ်တယ် ၊ အသုံးမဝင်ဘူး ၊ အနှောင့်ယှက်ဖြစ်တယ် ၊ လိုချင်
တာယူပြီး
မလိုချင်တာတွေပဲ ဝေပေးမယ်ဆိုတဲ့ ၊ ကိုယ့်အကိုင်းကိုယ်ခုတ် ကိုယ့်ရေသောက်မြစ် ကိုယ်တူး
တဲ့
လုပ်ရပ်မျိုးတွေကို ဗမာနဲ့ ပြည်မသားတွေ ဆက်လုပ်မယ်ဆိုရင်တော့ ၊ အားလုံး အတူမှီတင်းနေထိုင်
တဲ့
ဒီနိုင်ငံအတွက် အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး ။
ဒီမိုးဒီလေနဲ့တော့ အိမ်တော်ပါကျွန်တွေလို ဖြစ်နေကြတဲ့ တိုင်းရင်းသားတွေမှာ
၊
ထိုင်နေရင်း နောက်ထပ်တစ်ဆင့် ကျွန်လက်လွဲပြောင်းပွဲလိုသာ ထပ်ဖြစ်ခဲ့မယ်
ဆိုရင်လည်း
၊ ပျော်စရာမဟုတ်ပေမယ့် မျက်ရည်ကြားက ဟားတိုက်ရယ်ကြရ
မယ့် ဘဝတွေပါ ။
ဒါတွေကို
ပွင့်ပွင့်လင်းလင်း ပြောတာကြောင့် ၊ အချို့လည်း ကျနော့်ကို ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်
ကနေ
ကြည့်ပြီးပြောတာလို့ ၊ တစ်ထစ်ချ ယူဆနိုင်ပါတယ် ။
အမှန်အတိုင်း
ဝန်ခံရရင် ၊ ကျနော်ဟာ လူနည်းစုဝင် ကရင်အမျိုးသားတစ်ဦးဖြစ်တာကြောင့် ၊ ကိုယ့်အ
နေထားနဲ့
အရှိန်မပျက် သွားနေကြတဲ့ ကိုယ်ပိုင်လမ်းကြောင်းတွေကို သတိမထားမိကြတဲ့ ဗမာလူမျိုး
တွေထက်
ပိုပိုသာသာ မြင်မိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။
သို့သော်
တိုက်ခိုက်အပုတ်ချဖို့မဟုတ်ပဲ -
• ရေစီးကြောင်းအတိုင်း မျောပါနေမိလို့
မျက်စေ့လျှမ်းနေသူတွေကို အသိပေးဖို့သော်၎င်း ၊
• သိလျက်နဲ့ အသာမှိန်းနေသူတွေကို
တိုင်းရင်းသားတွေလည်း မသိပဲ မနေကြောင်း အသိပေးဖို့သော်၎င်း ၊
• သင့်တင့်တဲ့ အဖြေတွေရှာပြီး ပြင်ဆင်ညှိနှိုင်းလိုသူတွေ
ရှိနေရင်လည်း ၊ မြင်နိုင် သိနိုင် ရွေးချယ်မှုတွေ
လုပ်နိုင်အောင်သော်၎င်း
၊ ပြောသင့်တယ်ထင်လို့ ချရေးထားတာကတော့ အမှန်ပါ ။
အမြင်ညီ
၊ အသွင်ညီပြီး ၊ အကျိုးညီတဲ့ အနေထားနဲ့ အသိုင်းဝိုင်းလေးတစ်ခုကို တည်ဆောက်ကြပါစို့လို့
အဆုံးသတ်ပြောရင်း
၊ သတိလေးတွေ ကိုယ်စီကိုဌရှိကြဖို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ ။
No comments:
Post a Comment