(၁) သိက္ခာ
အပစ်ရပ်ဖို့ အမိန့်ပေးထားပါတယ် ။
တိုက်လိုက်တာများ လိုင်ဇာနားရောက်သွားတယ် ။
နိုင်ငံရေးအကျဉ်းသားမရှိဘူး ။
လွှတ်လိုက်ပါပြီ ဟောကနဲ ဟောကနဲ ။
ကလေးစစ်သားမရှိဘူး ။
လွှတ်လိုက်ပြန်ပါပြီ ဟောကနဲ ဟောကနဲ ။
မြန်မာပြည်မှာ "သိက္ခာ"ဆိုတဲ့ စောင့်ထိန်းအပ်တဲ့အရာကို နားမလည်သူတွေ များနေတုန်းဆိုတာ ၊
ကမ္ဘာသိအောင် သက်သေပြခဲ့ပေါင်းလည်း များနေပါပြီ ။
(ပြန်ဆည်ခွင့်ရခဲ့တာတွေလည်း မနည်းတော့ပါ ။ သို့သော် အဲသည်အခွင့်ရေးတွေကို သေသေချာချာ
ကို လက်လွှတ်ခဲ့ကြတာပါ) ။
ဒီလိုကြုံရတိုင်း များသောအားဖြင့် ဘာမှကို ဆက်မပြောချင်လောက်အောင်ပဲ ။
ပြောရင်လည်း စကားတွေကြမ်းသွားနိုင်တယ် ၊ အမှားတွေ ဖြစ်သွားနိုင်တယ် ။
အဲဒီအချိန်မှာ ဝါဒဖြန့်သမားတွေရဲ့ အောက်ကလိအာ တုန့်ပြန်မှုတွေမြင်ရင် ပိုလို့တောင်ဆိုးသေး ။
ကျီးအာသီးစေ့နဲ့ ပဒေသာပင်ပေါက်အောင် စိုက်နေကြတာဟာ ၊ အင်မတန့်ကို နှလုံးဆို့စရာ ။
ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုကိုအခြေခံတဲ့ စနစ်သာ မြန်မာပြည်မှာ အရိပ်ရအပင်တစ်ပင်ဖြစ်အောင်
စိုက်ပျိုးထားပါတယ်ဆိုရင် ၊ ပေါင်းမြက် ကပ်ပါးနွယ်ပင် အပင်စားခြတွေနဲ့ လောင်းရိပ်တွေ ရှင်းလို့မလွယ်
လောက်အောင်ကို ၊ မယ်ဘုတ်ရဲ့ချည်ခင်လို ဖြစ်နေဆဲလို့ ပြောရမလားပဲ ။
(ဗီအိုအေက အစိုးရစစ်တပ်ကကလေးစစ်သား ၉၆ ယောက် ပြန်အပ် ဆိုတာလေးဖတ်မိပြီး ရေးဖြစ်ခဲ့တာပါ) ။
(၂) ရိုးသားမှုနဲ့ ပွင့်လင်းမှု
ပြောပြန်ရင် "အဆိုးမြင်" ရယ်လို့ ကိုယ့်ကို အမည်သညာ ပေးလိုသူတွေလည်း ရှိတယ် ။
ခက်သည်က “ရိုးသားမှု”နဲ့ “ပွင့်လင်းမှု”တွေကို အိမ်စာမကြေကြသေးတာပဲ ။
ရိုးသားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းနဲ့ အစုအဝေးတွေက ကိုယ်လုပ်ရင် ‘သဒ္ဒါ’ ၊ သူများလုပ်ရင်
‘ပဏာ’ ၊ သို့တည်းမဟုတ် ကိုယ်က “သတင်းဖြန့်”တာဖြစ်ပြီး သူတစ်ပါးကျမှ “ဝါဒဖြန့်သွေးထိုး”တာ ဖြစ်
နေသလား ။ ဒါမှမဟုတ်ရင်လည်း ကိုယ်သတ်ရင် ‘တရားဥပဒေအရ’ ၊ သူများကြောင့်သေရင် ‘ရက်စက်
ယုတ်မာရိုင်းစိုင်းတဲ့ မင်းမဲ့စရိုက်နဲ့ သောင်းကျန်းသတ်ဖြတ်မှုတွေ’ လား ။ ကိုယ်လုပ်ရင် ‘တိုင်းပြည်အ
တွက်’ ၊ သူများလုပ်ရင် ‘နိုင်ငံကို သစ္စာဖေါက် အရိုးထဲကလောက်ထွက်ပြီး စကောလောက်မှ စောက်မ
နက်တဲ့လုပ်ရပ်’ ။ ဒါတွေကို ရိုးသားတယ်လို့ ခေါ်မလား ။
ပွင့်လင်းမှုဆိုတာကကော အချင်းချင်းနှုတ်နဲ့ပြော လုပ်ချင်ရာလုပ်ပြီး စာရွက်ပေါ်မှာ မှတ်တမ်းမတင်
တာကြောင့် ၊ ဘာသက်သေမှ ပြလို့မရ ချွတ်ယွင်းချက်ထောက်ပြစရာ သိပ်မရှိတာတွေကို ပွင့်လင်းတယ်
လို့များ ယူဆထားကြလေသလား ။
‘ငါတို့က အများအတွက်လုပ်တာ ၊ ကောင်းအောင်လုပ်တာ ၊ ငါတို့ စိတ်အားဥာဏ်အား ကာယအားနဲ့
တတ်စွမ်းသမျှလုပ်နေတာကိုတောင် အကောင်းမမြင်ကြဘူး’လို့ ပြောလိုက်ရတာမျိုးကိုပဲ ပွင့်လင်းမှုလို့
အထင်ရောက်နေကြသလား ။
ဒါတွေကြောင့် ဘာပြဿနာတွေ ဖြစ်လာသလဲ ။
ဒါတွေဟာ လာရာလမ်းအတိုင်း စစ်တပ်ခေါင်းပေါ် တည့်တည့်ပြန်ပုံကျတယ် ။
ဗမာတွေခေါင်းပေါ် ကျယ်ကျယ်ပြန့်ပြန့် ပုံကျလာတယ် ။
လူမှုအသိုင်းဝိုင်းတစ်ခုလုံးရဲ့ ပြဿနာဖြစ်လာတယ် ။
ပြီးရင် ဘာဖြစ်သေးသလဲ ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာသလဲ။
အချို့လူတွေအတွက်တော့ အစာချေရ ခက်လိမ့်မယ် ။
သေချာတာတွေထဲက တစ်ခုကတော့ “တိုင်းရင်းသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်တွေ တိုး
ပွားလာတာပါပဲ” ။
ဟုတ်ပါတယ် ၊ ယုံတမ်းစကား မဟုတ်ပါဘူး ၊ အသေအချာကို ထပ်ပြောချင်ပါတယ် ၊ တရားမျှတမှုနဲ့
တရားဥပဒေမစိုးမိုးတာတွေကြာင့်အပါဝင် ၊ ရိုးသားမှု
နည်းပါးခြင်းနဲ့ ထင်သာမြင်သာ မရှိမှုတွေကြောင့် ၊
“တိုင်းရင်းသားတွေရဲ့
နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်ကို ပိုပြီးတော့တိုးပွားလာစေပါတယ်” ။အချို့က မြန်မာပြည် ပြဿနာတွေကို ဝါဒ ၊ ဘာသာရေး စသည်ဖြင့် လွှဲချချင်သူများလည်း ရှိတယ် ။
မြန်မာပြည်မှာ ဝါဒဟောင်းတွေက သေသလောက်ရှိနေပြီ ။
ဝါဒသစ်တွေက အညှောင့်ဘဝထက် မပိုနိုင်သေးဘူး ။
ဘာသာရေးဆိုတာက “ကျင့်ကြံမှ ရမယ်”တို့ ၊ “နောင်ဘဝမှာ စံစားရမယ်”တို့ စသည်ဖြင့် လက်ဆုပ်
လက်ကိုင် ပြလို့မရတာတွေနဲ့ ပြည့်နေတယ်ဆိုတာ ၊ ဝန်မခံချင်ပေမယ့် လူတိုင်းလိုလိုက သိနေပြီး ၊ တစ်
ပွဲထိုး’ဆေး’လို လိုအပ်မှ အရေးပေါ်ထုတ်သုံးရတဲ့ ကရိယာထက် ပိုရုံသာသာ ရှိနေတာလည်း သိနေကြ
တာပဲ ။
ကျနော်ကတော့ “လူမျိုးရေးက ထိပ်ဆုံးကပါ”လို့ တည့်တည့်ဆိုမယ် ။
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ရာ လူတိုင်းနဲ့ဆိုင်တယ် ၊ ဝတ္တရားကိုယ်စီ ရှိတယ်ဆိုတာလည်း အထူးထွေ
ပြောပြစရာ လိုမည်မထင် ။
အင်္ဂလိပ်စကားမှာတော့ “Don’t shoot the messenger” ဆိုလား ရှိတယ် ။
မြန်မာအသိုင်းဝိုင်းမှာတော့ ဒီစကားကို စိတ်ကူးထဲတောင် မဝင်ဖူးသူတွေက အများသား ။
ဒီတော့ messenger အတင်းဝင်လုပ်တဲ့ကျုပ်ကို ၊ shoot ချင် shoot ၊ ထုချင် ထုပေါ့ဗျာ ။
(၃) ယုံကြည်မှု
“ယုံကြည်မှု”ဆိုတာ
ဖြစ်တည်လာဖို့ ဘာလိုအပ်သလဲ ။
မမှားနိုင်တဲ့တစ်ချက်ကတော့
- ယုံကြည်နိုင်လောက်ဖို့ သက်သေတွေ ပြဖို့လိုတယ်ဆိုတာပဲ ။
ရိုးသားမှု
၊ တရားမျှတမှု ၊ ရှေ့နောက်ညီ ပြောဆိုမှုတွေနဲ့ တာဝန်ခံမှုတွေ ၊ သိက္ခာတွေအပေါ်မူတည်
ပြီး
တည်ဆောက်ရတာမျိုး ။
အခု
‘ယုံကြည်မှုတည်ဆောက်နေတယ်’လို့ သုံးနှုန်းနေကြတယ် ။
“တည်ဆောက်နေတယ်”ဆိုမှတော့
၊ ယုံကြည်မှု“မဲ့”နေလို့
တည်ဆောက်နေရတယ်ဆိုတာ ထပ်ပြော
ဖို့ လိုတော့မယ် မထင် ။
မြန်မာပြည်မှာ
တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကိုရဖို့ မဆိုထားနဲ့ ၊ ပြည်မ နေသူအချင်းချင်းတောင်
ယုံကြည်လို့
ရကြသလား ။ မြစ်ဆုံ ၊ လက်ပံတောင်း ၊ ဓါတ်ငွေ့ပိုက်လိုင်း ၊ ကျောက်မျက် ၊ သတ္တု ၊ သစ်
၊
မြေယာ ၊ တရားရေး ၊ အုပ်ချုပ်ရေး ၊ ကုန်သွယ်ကူးသန်းရေး … အသေးစိတ်စာရင်းတွေက ချရေးလို့
မကုန်နိုင်အောင် ရှိနေတယ် ။ အာဏာပိုင်/စစ်တပ်/အခွင့်ထူးခံတွေက တစ်ဖက်နဲ့ ကျန်တဲ့လူတွေကြား
၊
နက်နက်ရှိုင်းရှိုင်း ‘ဟ’နေတာကြီးကို ဒီယုံကြည်မှုဆိုတာကြီးမရှိပဲ တည်ဆောက်ဖို့
မဖြစ်နိုင် ။
ပြဿနာ
/ အခက်အခဲ / စိန်ခေါ်မှု / အဟန့်အတား - ဘယ်လိုခေါ်ခေါ် ၊ ပြေလည်အောင် ဖြေရှင်း
ဖို့ ၊ နီးစပ်အောင်
ညှိနှိုင်းဖို့နဲ့ ‘ဘက်’တွေအားလုံး အကျိုးအမြတ်ဖက်ဆီ
ဦးတည်နိုင်အောင် လုပ်ကိုင်အ
ကောင်ထည်ဖေါ်ဖို့ရာ လိုအပ်နေတယ် ။ ဒါကို အမိန့် ၊ အာဏာ ၊
အင်အား ၊ တစ်ဖက်လှည့် မလိမ့်
တစ်ပတ်တွေနဲ့ သဲအိမ်လို တည်ဆောက်လို့မရဘူး ။ ပြည်သူအများ
(အထူးသဖြင့် တိုင်းရင်းသားတွေ)
ကို “မင်းတို့
ဖင်ခံမလား ၊ ဒါမှမဟုတ် ကျွန်ခံမလား ၊ ကြိုက်ရာရွေး”လို့ လုပ်နေတာမျိုးတွေကို ရပ်တန်း
က
ရပ်ဖို့လိုတယ် ။
လူ့မလိုင်လုပ်ပြီး ခပ်တည်တည်နဲ့ ဝါဒဖြန့်နေတာတွေကိုလည်း
ရပ်တန်းကရပ် ဇက်သတ်ပြီး ၊ လူထုရဲ့
တုန့်ပြန်မှုတွေကိုလည်း သတ္တိရှိရှိ လက်ခံဖို့ လိုလိမ့်မယ်
။
အထူးသဖြင့် တိုင်းရင်းသားတွေအပေါ် တစ်ဖက်သတ်
အထက်စီးယူပြီး နားလှည့်ပါးရိုက်ထားတဲ့
အ
သုံးနှုန်းမျိုးတွေကအစ ပြန်ရုပ်သိမ်းဖို့လည်း လိုအပ်တယ် ။
> ကိုယ့်ကျ ‘အခွန်’ - သူ့ကျ ‘ဆက်ကြေး’ ၊
> ကိုယ်က ‘ပြည်သူ့တပ်မတော်’ - သူ့ကျ
‘သောင်းကျန်းသူအဖျက်သမား’ ၊
> ကိုယ့်ဖက်က ‘ဖွံ့ဖြိုးရေး’ - သူတို့က
‘ရပ်ရွာမတည်ငြိမ်အောင် ထိုးဖေါက်ဝင်ရောက်’ ၊
> ကိုယ့်ဆီကို အညံ့ခံလာရင် ‘အမြင်မှန်ရပြီး
လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်’ - ကိုယ့်ဆီက ထွက်
ပြေးသွားရင် ‘နိုင်ငံ့သစ္စာဖေါက်တဲ့
တပ်ပြေး’ ၊
> သာမန်နင်းပြားလူထုလုပ်ရင် 'ဆူပူတာ'
- ကိုယ့်ဖက် လိုရာတွန်းလွှတ် လမ်းကြောင်းဖန်တီးချင်ရင်
'ပြည်သူ့ဆန္ဒ ဖေါ်ထုတ်ပြသတာ' ၊
> ကိုယ့်ဖက် စိတ်ကူးပေါက်လို့လုပ်ရင်
ဘယ်လိုအမြီးအမောက် မတည့်မတည့် ‘နိုင်ငံတော်အတွက်’ -
- လူထုအများဆီက ထွက်ပေါ်လာတာဆိုရင်
‘လွဲမှားတဲ့ အသိအမြင်’
……..
ဒီလိုမျိုးတွေကို စာရင်းလုပ်ရင် တစ်သီတစ်တန်းကြီး
။ ဒါတောင် ပြောင်ပြောင်တင်းတင်း မျက်နှာစင်းနဲ့
လိမ်တာ (outright
lies) တွေ ထည့်မတွက်သေးဘူး
။
ဒီတော့ - သူပုန်လုပ်သူတွေက သူတို့ကိုယ်ကို
“တော်လှန်ရေး”လုပ်တာလို့ တစ်ခွန်းလောက်
သုံးတာ
တောင် ဆတ်ဆတ်ခါ
မခံနိုင်ပဲ ကိုယ့်ဖက်ကတော့
အလုံးအရင်းနဲ့ လူလည်ကျထားသ၍
၊ ကိုယ်တွေဟာ
အခွင့်ထူးခံဖို့ မိုးပေါ်က ကျလာတာ မဟုတ်ဘူးဆိုတာ လက်မခံသ၍ ၊ လူကိုလူလို့
တန်းတူလက်မခံနိုင်
သ၍ ၊ ရိုးသားမှု မရှိသ၍ ၊ မတရားသ၍ ၊ ပြောဆိုလုပ်ရပ်တွေ ရှေ့နောက်မညီသ၍
၊ သိက္ခာနဲ့ ခံရဲတဲ့
သတ္တိတွေ မရှိသ၍ကတော့ “ယုံကြည်မှု”ဆိုတာဟာ
ပျောက်ဆုံးလုမတတ် အလှမ်းဝေးဆဲ ဖြစ်နေမယ့် ၊
ဒီလူမှုအသိုင်းဝိုင်းရဲ့ အခြေခံအုတ်မြစ်
ရတနာတစ်ခုပါ ။
၀၂ ၊ ၀၂ ၊ ၂၀၁၄
No comments:
Post a Comment