လူအတော်များများ
၊ ကိုယ်မကျွမ်းကျင် မရင်းနှီးတဲ့ ပတ်ဝန်းကျင်ထဲကို မျက်စေ့လည်လမ်းမှားပြီး
ရောက်ဖူးကောင်း
ရောက်ဖူးကြမယ် ။
အဲသည်ထဲမယ်
ရာခိုင်နှုန်းအတော်အတန်ရဲ့ စိတ်ထဲပူပင်သွားတာမျိုး ၊ စိုးရိမ်သွားတာမျိုး ၊ မသက်
မသာ
ဖြစ်တာမျိုးတွေလည်း ဖြစ်တတ်ကြလေ့ရှိတာ ၊ သိကြ ကြုံကြ ကြားဖူးကြလိမ့်မယ်လို့ ယူဆပါ
တယ်
။
ဒါမျိုးကို
ကျနော်လည်းမကြုံချင်သလို ၊ စာဖတ်သူအများစုကလည်း ကြုံချင်ကြလိမ့်မယ် မထင်ပါ ။
သို့သော်
တစ်ခါတစ်ရံမှာတော့ ၊ စိတ်အလိုလိုက်လို့ဖြစ်စေ ချိန်ဆပြီးတော့ဖြစ်စေ လိုအပ်လို့ဖြစ်စေ
၊
တမင်ကို သွားရ ဝင်ရ ပြောဆိုရတာမျိုးတွေလည်း ရှိတတ်တာပါပဲ ။
များမကြာခင်ကတော့
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စစ်တပ်အသိုင်းဝိုင်းတွေကြားထဲ မှတ်ချက်တွေ ဝင်
ပေးဖြစ်ခဲ့ပါတယ်
။
-
ကျားကျားလျားလျား အသိုင်းဝိုင်း (macho community) ဖြစ်တဲ့အားလျော်စွာ ၊ ဖိုဗဟိုပြု
ထေ့ငေါ့
စကားတွေ ဆိုကြတာ ၊
-
ကျိုးကြောင်းနဲ့ ထောက်ပြငြင်းခုံတာမျိုးတွေနဲ့ ဓါတ်မတည့်တတ်တဲ့ သဘာဝတွေကြောင့် ၊ အ
ကြောက်အကန်
တွန်းကန်မောင်းထုတ်တာ ၊
-
လူငယ်တွေ အများစုဖြစ်တာကြောင့် လက်လှမ်းမီရာလေးတွေနဲ့ ထိလည်းအမြတ်ပဲဆိုပြီး တစ်ချက်
ကောင်းလေးတွေပစ်
(pot shot လေးတွေလုပ်) တာမျိုး ရရာနဲ့ကောက်ပေါက်ကြတာ ၊
-
လက်နှစ်လုံးလောက်တောင် မနက်နဲတဲ့ စကားလုံးတွေကို ၊ အသူရာချောက်ကြီးလို self-made
hallucination တွေဖန်တီးပြီး ၊ သူတို့မြင်တဲ့ လေထဲက တိုက်အိမ်ကြီးတွေကို မမြင်ရကောင်းလား
ဆိုပြီး
ဟားတိုက်ကြတာ ၊
-
ကိုယ့်ဖက်က ဖိမထောင်းမိအောင် ထွက်ပေါက်လေး ‘ဟ’ထားပေးတာကို ၊ ‘ဟာကွက်’လို့ ထင်ပြီး
သရော်တာတွေကတော့
ထုံးစံအတိုင်းလို့ ပြောရလောက်အောင်ပါပဲ ။
တကယ်တန်း
အဓိကအကျဆုံး မှတ်ချက်သွားရေးဖြစ်တဲ့ အကြောင်းရင်းခံကတော့ - စစ်ဖက်အ
သိုင်းဝိုင်းရဲ့
ကိုယ့်အဖွဲ့စည်းကို မလုံလုံအောင် မိသမျှရသမျှ ထန်းလက်တွေနဲ့ကာပြီး လုံလှပြီထင်နေ
သလောက်
၊ အခြား မတူကွဲပြားသူတွေနဲ့ အဖွဲ့စည်းတွေကိုကျတော့ ဝါးလုံးထုံးသုတ်ပြီး ရမ်း ၊ တစ်
ပုတ်ထဲ
တစ်ပဲထဲပဲလို့ သမုတ်ချင်တဲ့ သဘောသဘာဝကို ထောက်ပြချင်တဲ့ စိတ်နဲ့ပါ ။
ဒီတစ်ချီမှာ
ကျနော်နိုင်သွားတယ် ၊ အသာရသွားတယ် ၊ နှိပ်ကွပ်လိုက်နိုင်တယ် ဆိုတဲ့သဘောနဲ့
ဒီမှတ်တမ်းကို
တင်တာတော့ မဟုတ်ရပါဘူး ။ ရေးဖြစ်တဲ့တာ အများကြီးကို တစ်စုတစ်စည်းထဲဖြစ်
အောင် စုစည်းထားရုံပါ
။ ဒီအထဲမယ် စစ်ဖက်နဲ့ အသိုင်းအဝိုင်းတွေရဲ့ ညှိနှိုင်းဖို့ဆန္ဒမရှိတဲ့ သဘာဝမျိုး
ကို တွေ့နိုင်သလို
၊ ကျနော့်ရဲ့ ဟာကွက် အားနည်းချက်လို့ ယုံကြည်ယူဆရတာတွေကိုလည်း တွေ့
ကြမှာပါ ။
စာတွေက
ရှည်လျားလွန်းတာကြောင့် ၊ ကျော်ခွပြီး ဖတ်သွားချင်ရင်လည်း စာဖတ်သူသဘောပါပဲ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

January 4
at 9:45pm via mobile
·
- တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်တဲ့ပွဲမှာ အရာရှိတစ်ယောက်ကို အင် တာဗျူးတော့ ဖြေသွားတာလေး ကြိုက်တယ်။ဒို့တာဝန် အရေးသုံးပါးကိုထိပါး လို့ ကာကွယ်ဖို့တိုက်ရရင် တရားသောစစ်ပါပဲတဲ့ ။ မြန်မာပြည်မှာ တိုင်းရင်းသားနှင့် ပြည်ထောင် စုအစိုးရအကြား အာဏာခွဲဝေမှုမမျှတာကို ကျွန်တော်လည်း တိုင်းရင်းသားဖြစ်လို့ ဘက်လိုက်ပြီးမ ပြောချင်ဘူး ဒါပေမယ့် မြန်မာပြည်က သူပုန်တွေကတော့ ဘိန်းအပါအဝင် မူးယစ်ဆေးမျိုးစုံနှင့် ကမ္ဘာ့လူသား တစ်ရပ်လုံးကို ဒုက္ခပေး နေရတာအမေရိကန်နှင့် UN ကသိပါတယ် ဒါ့ကြောင့်လည်း တစ်ဖက်က လူ့အခွင့်အရေး ဒီမိုကရေစီအရေး ကြောင့် မြန်မာပြည်ကို ပိတ်ဆို့ယောင်ပြပေမယ့်လည်း မူးယစ်ဆေး နိုမ်နင်းရေးအတွက် တပ်မတော်ကို ထောက်ပံ့နေတာလူတွေ သိပ်မသိကြပါဘူး တပ်မတော်မှာသုံးခဲ့တဲ့ Bell ရဟတ်ယာဉ်နှင့် Isuzu မော်တော်ယာဉ်တွေက မူးယစ်ဆေး နိုမ်နင်းရေးအတွက် အထောက်အပံ့တွေပါ။ နည်းပညာပိုင်း ဆိုင်ရာအကူအညီတွေလည်း မပြတ်ပေးနေပါတယ် ။တကယ်တာ တိုင်းရင်းသား အခွင့်အရေး သက်သက်လုပ်ချင်တာမှန်ရင် လူသားကောင်းကျိုးမပေးတဲ့ မူးယစ်ဆေးနှင့်ကင်းအောင်နေပြီး နာမည်မပျက်ရင် တိုင်းရင်းသားတွေကလည်း ထောက်ခံကြမှာပါ။ တကယ်တော့ လူနည်းစုအခွင့်အရေးအော်ပြီး လုပ်နေကြတဲ့ သူပုန်တွေရဲ့ လုပ်ရပ်တွေဟာ ကိုယ့်လူမျိုး ကို ပြန်အကျိုးမပြုယုံမက ကမ္ဘာ့လူသားတစ်ရပ်လုံး၏ လူ့အခွင့်အရေးကိုချိုးဖေါက်နေ သူများသာဖြစ်ပါတော့တယ်။
- — with ကွန်းဇော် အညာမြေ and 37 others.
- Htein Lin, Aung Tun, ဗညား ပိစိ and 222 others like this.
ဆုံးဖြတ်လိုက်ပါတယ် ။
ပထမ မေးစရာလေးတွေက - မူးယစ်ဆေးဝါးကို ဘယ်နယ်မှာ အဓိက ထုတ်လုပ်သလဲ ၊ ဘယ်အဖွဲ့
တွေ အဓိက
ထုတ်လုပ်သလဲ ၊ သူပုန်ဆိုသူချည်းလား ၊ ပြည်မကဖွဲ့ပေးတဲ့ ပြည်သူ့စစ်တွေကော လုပ်
သလား ၊
ပြည်မအာဏာပိုင်တွေဆီ လက်နက်ချ (သို့မဟုတ်) ပူးပေါင်းနေတဲ့ အဖွဲ့ပေါင်းစုံတွေကော
ပါသလား
၊ ပြည်မစစ်တပ်ရဲ့ကဏ္ဍကကော ဘယ်လောက်ပါသလဲ စသည်ဖြင့် အသေးစိတ် မှန်မှန်ကန်
ကန် ချပြရဲပါသလား
၊ ချပြနိုင်တဲ့ အချက်အလက်တွေ လက်ဝယ်ရှိပါရဲ့လား ။
ဒီလို မလုပ်နိုင်ရင်တော့ - ဗွက်အိုင်ကို ရေနောက်အောင်လုပ်ပြီး အရင်ဖြတ်တဲ့လူတွေ လုပ်သွားတာ
ဒီလို မလုပ်နိုင်ရင်တော့ - ဗွက်အိုင်ကို ရေနောက်အောင်လုပ်ပြီး အရင်ဖြတ်တဲ့လူတွေ လုပ်သွားတာ
လို့
၊ လွဲချ ပုခုံးပြောင်းပြီး စွပ်စွဲတာထက် မပိုပါဘူး ။ ဒီလိုပြောလို့ နည်းနည်းတော့ တွန့်ကောင်းတွန့်
သွားနိုင်ပါတယ်
။ စိတ်အေးအေးထားပြီး စဉ်းစားကြည့်ရင် - လူအချို့ကနေ ဘာတွေဖြစ်ဖြစ် စစ်တပ်
ကို စုပုံအပြစ်တင်တာမျိုးလိုပါပဲ
။ ဒါဟာ သဘာဝမကျသလို စစ်တပ်ဖက်က လူတွေအနေနဲ့ ၊ ကြိုက်
လည်း မကြိုက်ကြဘူး မဟုတ်လား ။ ကိုယ့်အလှည့်မှာ
ရွှေပန်းကန်ဖြစ်ပြီး ၊ သူများကျ လုပ်ချင်သလို
လုပ်စတမ်းဆိုတဲ့ အလေ့အကျင့်မျိုးဟာ ၊ ရင့်ကျက်မှုကို
ပုံမဆောင်ပါဘူး ။
အတွေ့အကြုံ တစ်ခု ဝေမျှချင်တယ် ။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် နာမည်ရှိတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ကို သိကြမှာပါ ။ တကယ်လည်း လုပ်
အတွေ့အကြုံ တစ်ခု ဝေမျှချင်တယ် ။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် နာမည်ရှိတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ကို သိကြမှာပါ ။ တကယ်လည်း လုပ်
ကြပါတယ်
။ တစ်ရက်မှာ မိတ်ဆွေတစ်ယောက်က သူတို့ထဲကတစ်ယောက်ကို မေးလိုက်တယ် ။ မူး
ယစ်ဆေးဝါးတွေကို
ပြည်တွင်းကနေ နယ်စပ်ဖက်ကို ဘယ်လိုသယ်သလဲလို့ပါ ။
အဲဒီလူအဖြေကရှင်းပါတယ် ။
"တပ်မမှူး ၊ ဗျူဟာမှူးတို့ကားတွေနဲ့ သယ်တာပေါ့" တဲ့ ။
ဒါကိုမူတည်ပြီး မေးစရာမေးခွန်းတွေက -
- မူးယစ်ဆေးဝါး ဘယ်သူထုတ်သလဲ ၊ (အပေါ်ကပို့စ်လို သပုန်တွေ ၊ ဒါမှမဟုတ် စည်းပါးပါးလေး
အဲဒီလူအဖြေကရှင်းပါတယ် ။
"တပ်မမှူး ၊ ဗျူဟာမှူးတို့ကားတွေနဲ့ သယ်တာပေါ့" တဲ့ ။
ဒါကိုမူတည်ပြီး မေးစရာမေးခွန်းတွေက -
- မူးယစ်ဆေးဝါး ဘယ်သူထုတ်သလဲ ၊ (အပေါ်ကပို့စ်လို သပုန်တွေ ၊ ဒါမှမဟုတ် စည်းပါးပါးလေး
ခြားနေတဲ့
အချို့အဖွဲ့တွေကပဲ ထုတ်တာလား) ၊
- ဘယ်မှာထုတ်တာလဲ ၊ (အပေါ်မှာပြောသလိုပဲ ၊ မူးယစ်ဆေးဝါးတွေက ပြည်မကနေ နယ်စပ်ကို
- ဘယ်မှာထုတ်တာလဲ ၊ (အပေါ်မှာပြောသလိုပဲ ၊ မူးယစ်ဆေးဝါးတွေက ပြည်မကနေ နယ်စပ်ကို
ထုတ်တာနော်)
၊
- တပ်မမှူး ၊ ဗျူဟာမှူးတွေ ပါဝင်ပတ်သက်နေတာကြောင့် စစ်တပ်တစ်ခုလုံး (သို့မဟုတ်) အောက်
- တပ်မမှူး ၊ ဗျူဟာမှူးတွေ ပါဝင်ပတ်သက်နေတာကြောင့် စစ်တပ်တစ်ခုလုံး (သို့မဟုတ်) အောက်
ခြေက
စစ်သားတိုင်း ပါဝင်ပတ်သက်နေတယ်လို့ ၊ ပြောလို့ဖြစ်နိုင်ပါ့မလား ။
ဒါက လက်တွေ့အနေထားကို ပြောပြတာပါ ။
နောက်တစ်ခုက တို့တာဝန်အရေးသုံးပါး ဆိုတာပါ ။
ဒါဟာ ကောင်းကင်ကကျလာတဲ့ ထာဝရအမှန်တရားလား ။
တရားမျှတမှုဆိုတာ ဘာလဲ ၊ တို့တာဝန်အရေးသုံးပါးကို ဘာသာရေးအဆုံးအမတို့ ဝါဒရေးရာအ
ဒါက လက်တွေ့အနေထားကို ပြောပြတာပါ ။
နောက်တစ်ခုက တို့တာဝန်အရေးသုံးပါး ဆိုတာပါ ။
ဒါဟာ ကောင်းကင်ကကျလာတဲ့ ထာဝရအမှန်တရားလား ။
တရားမျှတမှုဆိုတာ ဘာလဲ ၊ တို့တာဝန်အရေးသုံးပါးကို ဘာသာရေးအဆုံးအမတို့ ဝါဒရေးရာအ
တွေးအခေါ်တို့ကို
"စံ"ထားပြီး တိုင်းတာရမှာလား ။ သို့တည်းမဟုတ် ၊ လူသားတိုင်းရဲ့ သင်ကြားစရာ
မလိုပဲ
သိရှိနိုင်တဲ့ လူ့ကျင့်ဝတ်တွေနဲ့ တိုင်းတာသင့်သလား ။ မြန်မာပြည်ကြီးကို စစ်တပ်တစ်ခုထဲ
အနေနဲ့ လျှောက်လှမ်းသွားကြမလား ၊ အားလုံး တစ်ပေါင်းတစ်စည်းထဲအနေနဲ့
လက်တွဲတည်ဆောက်
သွားကြမလား ။
ဒီလောက်နဲ့ပဲ တော်ထားပါဦးမယ် ။
အားသန်ရာမြင်ပြီး စိတ်သန်ရာ ပြောကြဆိုနိုင်ပါတယ် ။
တစ်ခုပဲ ဖိတ်ခေါ်ချင်တာက - "ရင့်ကျက်ဖို့ ကြိုးစားကြရအောင်" ရယ်လို့ပါ ။
ဒီလောက်နဲ့ပဲ တော်ထားပါဦးမယ် ။
အားသန်ရာမြင်ပြီး စိတ်သန်ရာ ပြောကြဆိုနိုင်ပါတယ် ။
တစ်ခုပဲ ဖိတ်ခေါ်ချင်တာက - "ရင့်ကျက်ဖို့ ကြိုးစားကြရအောင်" ရယ်လို့ပါ ။
................................................................................................
(ထပ်ဖြည့်ထားချင်တာလေး တစ်ခုရှိပါတယ်
။
အိုး .. ခင်ဗျားကြီးက ဘာသိလို့တုန်းလို့
ပြောချင်သူတွေလည်း ရှိကောင်းရှိမယ် ။
တစ်ကြိမ်မှာ မှတ်မှတ်ရရ မြင်းဆေးထုတ်ဖို့အတွက်
အရေးပါတဲ့ "ကော်စေ့"တွေ တင်လာတဲ့ကားပေါ်
ကျနော်ကိုယ်တိုင် လမ်းကြုံလိုက်ခဲ့ဖူးပါသဗျား
။
ဟာ .. မဖြစ်နိုင်ဘူးလို့ ဇွတ်ငြင်းချင်သူများလည်း
ရှိနိုင်သေးတယ် ။
ဟုတ်ကဲ့ ၊ စာရင်းနဲ့အင်းနဲ့ တရားဝင်
ခိုးသွင်းလာတာလို့ ပြောလို့ရပါတယ်ဗျာ ။
ကျနော့်ရှေ့တင် "ဘယ်နှစ်အိတ်ပါလဲညီလေး"လို့တောင်
လာမေးပြီး စာရင်းယူသွားတဲ့ 'တာဝန်ရှိသူ
တစ်ဦး'နဲ့တောင် ကြုံခဲ့ပါသေးတယ် ။)
.................................................................................................

(တပ်မမှူး ၊ ဗျူဟာမှူး) ကားတွေနဲ့ သယ်တယ်ဆိုတာ သက်သေပြနိုင်တဲ့အချက်
အလက်တွေ
လက်ဝယ်ရှိပါသလား ? မူးယစ်ဆေးသယ်တဲ့ သူပုန်တစ်ယောက်က ပြောတာ ကြားရုံနဲ့တော့
?
ကျွန်တော် တပ်မမှူး မဟုတ်ပါဘူး။ အကိုရေးထားတဲ့ စာအကြီးကြီးတွေ အလကားဖြစ်မှာစိုးလို့။
နောက်မှ ဆက်ဆွေးနွေးတာပေါ့။

ရေးပြပါမယ် မသိလို့ ဖုံးထားချင်လို့ မရေးတာမဟုတ်ပါ ဒါကအဖျားအနား
ဘေးထွက်ဆိုးကျိုးပါ ပင်မက
တရားဥပဒေမစိုးမိုးလို့ သူပုန်ထိန်းချုပ် ရာနယ်မြေမို့ သူပုန်က
အကျိုးအမြတ်ယူ လုပ်ဆောင်နေတာက
အဓိကပြဿနာအဖြစ် ထောက်ပြတာ ဒါက ကမ္ဘာကတောင် လက်ခံလို့အစိုးရ
ကို ထောက်ပံ့နေတာ
ငြင်းနေရင် UN ကိုငြင်းနေတာနှင့်မတူဘူး လား ကိုMahn Ko Ko
January
5 at 1:21am via mobile · 11

တွေပါ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဒါကိုလက်ခံလို့ ပြည်သူ့ကိုယ်စားလှယ်
လုပ်နေကြတာပါ။
ဒီသုံးချက်နှင့် ငြိမငြိ ကိုတော့ အငြင်းပွား ခွင့်ရှိပါတယ်။ လူတွေဆိုတော့
မှားတတ်လိုပါ။ ထာဝရအမှန်
တရား မဟုတ်လို့ လက်မခံချင်ဘူးဆိုရင်တော့ မြန်မာပြည်မှာမ နေတာပဲကောင်းပါတယ်
။ ကမ္ဘာပေါ်မ
ဘယ်စနစ်မှ ထာဝရမမှန်ပါဘူး Mahn Ko Ko
January
5 at 1:30am via mobile · 13
တိုင်က ရင့်ကျက်စွာ စဉ်စားတတ်ခြင်းမရှိ။ရင့်ကျက်စွာတွေး ခေါ
်တတ်ခြင်းမရှိသေးတာကို ထင်ထင်ရှား
ရှား တွေ့ နေရပါတယ်။ ၁။မူးယစ်ဆေးဝါးလုပ်နေတဲ့လူကိုမေးတယ်
ဒီလူက ဒီလိုဖြေပါတယ် ဆိုရုံနဲ့  ယုံ
တတ်အမှန်ယူတတ် တဲ့အတွက် ရင့်ကျက်မှုပိုင်းမှာ နဲနဲလေးမှမရှိတာတွေ့ရပါတယ်။
၂။ သူ့ရဲ့ အမေး
စာမှာတော့ အသေးစိတ် မှန်မှန်ကန်ကန် ချပြရဲပါသလား လို့သုံးနှုံးပြီး ပွင့်လင်းတိကျ
သလိုဟန်
ဆောင်ထားပေမယ့် သူ့ဖော်ထုတ်ပြဆိုချက်မှာကြတော့ အဖွဲ့ကြီးတစ်ဖွဲ့ မိတ်ဆွေတစ်ယောက်
စသည့်
မရေရာမတိကျ စကားတွေသုံး။ ၃။ တို့တာဝန်အရေးသုံးပါးကို နက်နက်နဲနဲ နားလည်နိုင်စွမ်း
မရှိတာကို
တွေ့ရပါတယ်။ ၄။ နားလည်သည်ဆိုပါက ဘယ်အချက်က တိုင်းပြည်အတွက် အကျိုးမဲ့စေသောအ
ချက်ဖြစ်နေပါသလဲ။ ၅။မိမိမနှစ်သက်သော
တပ်မတော်က ချမှတ်ခဲ့ရုံသက်သက်ဖြင့် ထိုသုံးချက်ကို
လက်မခံပါဟု ဆိုပါလျင် ကြောင်းကျိုးဆင်ခြင်သုံးသပ်တတ်မှုဆိုသော
ရင့်ကျက်ခြင်းက ဘယ်ရောက်
သွားပါသလဲ။
January
5 at 3:15am via mobile · 12
လိုက်ပါတယ် ။
အရင်ဆုံးပြောချင်တာက ကျနော်ပေးချင်တဲ့ သတင်းစကား (message) ကို ၊ ဘယ်လိုမှ နားမပေါက်
အရင်ဆုံးပြောချင်တာက ကျနော်ပေးချင်တဲ့ သတင်းစကား (message) ကို ၊ ဘယ်လိုမှ နားမပေါက်
နိုင်လောက်အောင်
ပိန်းပိန်းပိတ်ထားသူတွေ များနိုင်တာ နကိုကတည်းက မျှော်လင့်ပြီးသားပါ ။ ခုရေး
တာကို အချို့က
ဆရာကြီးလုပ်တယ်လို့ ယူဆသူတွေလည်း ရှိမှာပါ ။ အချို့ရဲ့ အသုံးအနှုန်းအရ ‘အဆိုး
မြင်သူတွေ’ပေါ့ဗျာ
။ ကျနော့်ဖက်ကကြည့်ရင်တော့ တွေ့ထိမှု လုပ်တယ်ပေါ့ ၊ ဖားတစ်ပိုင်းငါးတစ်ပိုင်း
ပြောတော့
engage လုပ်တယ်ပေါ့လေ ။ တစ်ဆက်ထဲလည်း မျှော်လင့်တာကတော့ debate တစ်ခု
ဖြစ်ကောင်း ဖြစ်လာနိုင်တယ်ပေါ့
။ သို့သော် များစွာသော အခါတွေမှာတော့ fussy argument လောက်
နဲ့ပဲ ကြုံရတာ များပါတယ်
။
နောက်တစ်ချက်က ခုလိုနေရာတွေမှာ ဖတ်ရသူ နားခံသာအောင် သွယ်ဝိုက်ပြောတဲ့အခါ ၊ အဖွဲ့အ
နောက်တစ်ချက်က ခုလိုနေရာတွေမှာ ဖတ်ရသူ နားခံသာအောင် သွယ်ဝိုက်ပြောတဲ့အခါ ၊ အဖွဲ့အ
စည်းဗဟိုပြု
စဉ်းစားသူတွေအနေနဲ့ ဒါကိုသဘောမပေါက်ပဲ ၊ သူတို့လိုချင်တဲ့အချက် အားသာတယ်လို့
ယူဆတဲ့
အချက်တွေဆီကိုပဲ ဆွဲယူပြောဆိုနိုင်တယ်ဆိုတာလည်း မျှော်လင့်ထားပါတယ် ။
သွယ်ဝိုက်တဲ့ နမူနာလေး နည်းနည်းပြောပါမယ် ။
အနည်းဆုံး ရခိုင်အမျိုးသားတွေကို - မင်းတို့ ရခိုင်သူပုန်တွေ မူးယစ်ဆေးဝါးလုပ်လို့ ၊ ငါတို့တပ်ကနေ
သွယ်ဝိုက်တဲ့ နမူနာလေး နည်းနည်းပြောပါမယ် ။
အနည်းဆုံး ရခိုင်အမျိုးသားတွေကို - မင်းတို့ ရခိုင်သူပုန်တွေ မူးယစ်ဆေးဝါးလုပ်လို့ ၊ ငါတို့တပ်ကနေ
bell ရဟတ်ယာဉ်တွေသုံးပြီး အပြင်းအထန် နှိမ်နင်းခဲ့ရတာပေါ့ကွာ လို့သွားပြောရင်
၊ ဘယ်လိုတုန့်ပြန်ကြ
မယ် ထင်ပါသလဲ ။
နောက်တစ်ခု - ဒီအွန်လိုင်းပေါ်တင် ထောက်လှမ်းရေးဟောင်းတွေ အများကြီးပါ ။ ခင်ဗျားကြီးတို့ အ
နောက်တစ်ခု - ဒီအွန်လိုင်းပေါ်တင် ထောက်လှမ်းရေးဟောင်းတွေ အများကြီးပါ ။ ခင်ဗျားကြီးတို့ အ
မှန်အတိုင်းပြောဗျာ ၊ သူပြောတာ မှန်ရဲ့လားလို့ မေးကြည့်ဖို့ စိတ်ကူးများ ရှိကြပါသလား
။ သူတို့တွေ ဖြေ
မယ်လို့ ယုံကြည်ပါသလား ။ အတိုင်းအတာတွေ ၊ မျဉ်းမတားထားတဲ့ ဘောင်တွေကိုကျော်ပြီး
၊ ဂေဟစ
နစ်ကြီးတစ်ခု လှုပ်ခါသွားဖို့ ဘယ်သူမှ စိတ်မကူးသလောက်ပါပဲ ။ သို့သော် အချိန်အခါဆိုတာ
ရောက်
လာဦးမှာပါ ။
တစ်ခါတစ်ရံမှာလည်း လူငယ်တွေဆီကသော်၎င်း ၊ အဖွဲ့အစည်း ကိုယ်စီကိုယ်င ဖြစ်နေကြသူတွေ
တစ်ခါတစ်ရံမှာလည်း လူငယ်တွေဆီကသော်၎င်း ၊ အဖွဲ့အစည်း ကိုယ်စီကိုယ်င ဖြစ်နေကြသူတွေ
ဆီကသော်၎င်း
၊ သင့်တင့်တဲ့ (critical thinking အဆင့် မဟုတ်ရင်တောင်) common sense အဆင့်
လောက် မျှော်လင့်မိပါတယ်
။ ဒါပေမယ့် ရွှေပြည်တော် မျှော်တိုင်းဝေးရသလိုပါပဲ ။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ၊ မြန်မာပြည်သူပြည်သားတွေ ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ - "အနီ
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ၊ မြန်မာပြည်သူပြည်သားတွေ ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ - "အနီ
ရောင်သည် ရဲရင့်ခြင်းကို အဓိပ္ပါယ်ဆောင်သည်" ၊ "အပြာရောင်သည် တည်ကြည်ခြင်းကို
ကိုယ်စားပြု
သည်" ဆိုတဲ့ ၊ နှုတ်တိုက်ချပေးတာတွေလောက်ကို လိုက်ရွတ်ပြီး အသည်းထဲ
အတုအယောင် စွဲမြဲနေ
တဲ့ အနေထားတွေကနေ ကျော်လွန်ဖြတ်သန်းနိုင်ကြဖို့ မျှော်လင့်နေဆဲပါ
။
ကမ္ဘာကြီးဟာ မိုင် ၁၃၀၀ ကျော်ရှည်ပြီး ၊ မိုင် ၅၀၀ ကျော်လောက်ကျယ်တဲ့ဒေသထက် အများကြီး
ကမ္ဘာကြီးဟာ မိုင် ၁၃၀၀ ကျော်ရှည်ပြီး ၊ မိုင် ၅၀၀ ကျော်လောက်ကျယ်တဲ့ဒေသထက် အများကြီး
အပြောကျယ်တယ်ဆိုတာ သိစေချင်ပါတယ် ။ လူ့လောကကြီးထဲ တစ်သက်လေ့လာလို့မကုန်တဲ့ “ပ
ညာ”တွေဟာလည်း
၊ လက်ချောင်းထိပ်ကလေးတွေတင် လေ့လာမြည်းစမ်းကြည့်နိုင်ပြီး ၊ နှစ်ပေါင်းများ
စွာ အံ့သြတကြီး
ဖြစ်နေရလောက်အောင် အဆုံးအစမဲ့တယ်ဆိုတာကို သတင်းစကားလေး ပါးချင်ပါ
တယ် ။

ပညာမသင်ဖူးဘူးထင်နေရင်တော့ တပ်မတော်ကြီး အကြောင်းလေ့လာပြီးမှ
ဝေဖန်ပါ ပြောချင်တယ်။
အခုကျွန်တော့် Friends list ထဲမှာ ဂျပန်အပါအဝင် နိုင်ငံခြား မှ
MBA အပါအဝင် အဆင့်မြင့်ပညာ လက်
ရှိသင်နေသူ စစ်သားတွေ စစ်သားလူထွက်တွေ ဘွဲ့ရပြီးသွားသူများ
ရှိပါတယ် သူတို့တင်နေတဲ့ Photo
တွေသာဝင်ကြည့်ပါ။
January
5 at 5:41am via mobile · 8
ဒီနေ့အထိသစ္စာစောင့်သိမှုနဲ့
စစ်သားကောင်းတစ်ယောက်ပီသမှုအတွက်ပေါ့။ သူငယ်ချင်းရယ် မင်းအစား
ငါမောမိတယ်ကွာ။ ငါတို့တိုင်းပြည်အတွက်
ဘယ်တော့မှအဆုံးရှုံးခံလို့မရတ နောက်ဆုံးခံစစ်မျဉ်း လိုအပ်
ရင်ငါတို့အသက်တွေပေးဆပ်ဖို့
နောက်တွန့်လို့မရအောင် အရေးကြီးတဲ့ ဒို့တာဝန်အရေးသုံးပါး အနှစ်
သာရကိုမသိတဲ့ တက်ယောင်ကားတွေကို
ဥပေက္ခာပြုထားလိုက်ပါတောကွာ။ ကျွန်ဘဝကို မခံစားဘူး
သေးလို့ ခံစားဘူးချင်နေလို့ဖြစ်ပါလိမ်မယ်။
့
January
5 at 6:42am via mobile · 8
ဟုတ်လှ ပြီထင်နေတာ ဗျ ကိုသော်
ရ လွှတ်ထားလိုက်ပါဗျာ
January
5 at 7:43am via mobile · 4

မေးထား တဲ့မေးခွန်းလေးတွေ message ကပို့လာပါတယ် ဖြေနိုင်ရင် သူနှင့်
ဆက်ဆွေးနွေးချင် ပါ
တယ် တဲ့ ###########
စစ်သားတွေ စာမတတ်ဘူးထင်တော့လည်းရေးပေးရမှာပေါ့
ပထမဆုံးသချာင်္လေး ဆွေးနွေးတာပေါ့ …. Metric Space, Norm Space, Norm Vector Space ဆိုတာ
စစ်သားတွေ စာမတတ်ဘူးထင်တော့လည်းရေးပေးရမှာပေါ့
ပထမဆုံးသချာင်္လေး ဆွေးနွေးတာပေါ့ …. Metric Space, Norm Space, Norm Vector Space ဆိုတာ
ဘာတွေများပါလိမ့်
Hydrodyanmic ကိုဘာအတွက်များ တွက်ရပါသလဲ ….. PDE တို့  ODE တို့ များ ကြားဘူးရင် တစ်ချက်
Hydrodyanmic ကိုဘာအတွက်များ တွက်ရပါသလဲ ….. PDE တို့  ODE တို့ များ ကြားဘူးရင် တစ်ချက်
လောက်ပြောပြပါ
Real analysis ကိုပြောချင်သလား Functional Analysis ကို ပြောချင်သလား ကွဲပြားမှုလေးတွေရော
Real analysis ကိုပြောချင်သလား Functional Analysis ကို ပြောချင်သလား ကွဲပြားမှုလေးတွေရော
သိပါသလား
မြန်မာပြည်မှာက GDP တိုးရင် growth rate တက်တာနဲ့  စီးပွားရေးတက်နေဘီ ထင်ကြတယ် တကယ်
မြန်မာပြည်မှာက GDP တိုးရင် growth rate တက်တာနဲ့  စီးပွားရေးတက်နေဘီ ထင်ကြတယ် တကယ်
မှန်မမှန်ဘာတွေ နဲ့ အလွယ်တကူတိုင်းတာမလဲ
ငွေကြေးဖေါင်းပွရင် ဈေးတက်မယ် ဒါဆိုရင် ငွေကြေး ကျုံ့ တယ်ဆိုတာ ကြားဖူးပါသလား ….
ငွေကြေးဖေါင်းပွရင် ဈေးတက်မယ် ဒါဆိုရင် ငွေကြေး ကျုံ့ တယ်ဆိုတာ ကြားဖူးပါသလား ….
ဘယ်တိုင်း
ပြည်တွေမှာ ဖြစ်နေသလဲ … ဘာကြောင့်ဖြစ်ရတာလဲ ….. အကျိုးသက်ရောက်မှုက ကောင်း
သလား မကောင်းဘူးလား
IS-LM မှာ Good market, Money Market နှစ်မျိုးရှိတယ်
G တိုးရင် ဘယ်ကို အကျိုးသက်ရောက်မှာလဲ
အခွန်တွေကို တိုးကောက်လိုက်ရင် ဘယ်ကိုသက်ရောက်မလဲ
ဘဏ်တိုး နှုန်းတွေ လျော့လိုက်ရင်ဘယ်ကိုသက်ရောက်မလဲ
Short sighted, far sighted ကိုဘယ်လိုနားလည်သလဲ
IS_ LM အပြင် အခု ထပ်လေ့လာနေကြတာ Dyanmic Model ပါ …. ဘာကို အဓိကထား ပါသလဲ
Economic Growth, Economic Development ဘယ်လိုများကွာပါသလဲ
Dollarization ဆိုတာ ဘာကို ပြောတာပါလိမ့် …. ဘယ်တိုင်းပြည်တွေ မှာသုံးနေပါသလဲ
Second City Plan လုပ်ဖို့  ဘယ် Rule ကိုသုံးသင့်ပါသလဲ
မြန်မာပြည်မှာ SME တိုးတက်ဖို့  ဘာကို တွန်းအားပေးဖို့  လိုအပ်ပါသလဲ
ဒါလေးတွေက အခြေခံ ရိုးရိုး လေးတွေပါ ….. စစ်သားတွေ စာမတတ်ဘူးထင်တဲ့ Mahn Ko Ko အတွက်မေးလိုက်တာပါ ……… ဖြေကြည့်ပါ …..
(မင်းသုတ)

6 at 8:53am via mobile · 5

တစ်ဖက်သတ် ဇွတ်မှဇွတ်ဆိုသူတွေကို စိတ်ရှည်လက်ရှည် ရှင်းပြရတာဟာ ၊ မင်္ဂလာတစ်ပါး မဟုတ်ပေ
မယ့်
အချိန်ပေးနိုင်တုန်းမှာ ပြောပြသင့်တယ်ထင်လို့ ထပ်ရေးပေးလိုက်ပါတယ် ။
ပထမ ကိုယ်ပြောသွားတာတွေထဲ အဓိကကျတာလေးတွေ ပြန်ကြည့်ရအောင် ။
ပထမတစ်ချက် - ရင့်ကျက်ကြရအောင်လို့ ဖိတ်ခေါ်ထားတယ်နော် ။
ဒုတိယတစ်ချက် - ကမ္ဘာကြီးဟာကျယ်ဝန်းသလို ၊ ပညာတွေဟာလည်း တစ်သက်တာ လေ့လာလို့
ပထမ ကိုယ်ပြောသွားတာတွေထဲ အဓိကကျတာလေးတွေ ပြန်ကြည့်ရအောင် ။
ပထမတစ်ချက် - ရင့်ကျက်ကြရအောင်လို့ ဖိတ်ခေါ်ထားတယ်နော် ။
ဒုတိယတစ်ချက် - ကမ္ဘာကြီးဟာကျယ်ဝန်းသလို ၊ ပညာတွေဟာလည်း တစ်သက်တာ လေ့လာလို့
မကုန်နိုင်လောက်အောင်ရှိတယ်ဆိုတာ
အသိပေးပြောခဲ့တယ်နော် ။
ဒီတော့ ငါ့ညီတို့ရဲ့ တုန့်ပြန်ချက်တွေကို ပြန်ဖတ်ကြည့်ကြပါ ။ ဖိတ်ခေါ်မှုကို လက်ခံမခံနဲ့ပတ်သက်ပြီး အဖြေတွေက ကိုယ်စီအသိထဲမှာ ရှိနေကြပြီးသားပါ ။ ပြောပြမှ သိနိုင်တဲ့အရွယ်တွေ မဟုတ်တော့ဘူးလို့ ယုံကြည်ပါတယ် ။
ပညာရပ်တွေ များပြားကျယ်ပြန့်ပုံကို အသိပေးတယ် ဆိုရာမှာလည်း ၊ ငါ့ညီတို့ ဘာမှမတတ်ဘူး ဘာမှ

မသိဘူးလို့ အဓိပ္ပါယ်ဆောင်တယ်လို့ အဓိပ္ပါယ် ကောက်သင့်သလား ။ သခ်ာၤတစ္မ်ိဳးထဲ ၊ ဒံုးပ်ံသိပၸံ
ပညာ
တစ်ရပ်ထဲ ၊ စစ်ချီစစ်တက် တစ်ကဏ္ဍထဲလောက်နဲ့ လူဘောင်ကို တည်ဆောက်ထားတယ်လို့များ ယူဆ
ထားကြလို့လား
။ ငါ့ညီတို့ထဲမှာ ဝိဇ္ဇာပညာရပ်နဲ့ပတ်သက်ပြီး ပညာသင်တွေ လောက်လောက်လားလား
မရှိတာဟာ ၊
ဘာကြောင့်များလဲလို့ တွေးများတွေးမိကြသလား ။ ဒီပညာတွေဟာ တစ်သွေးတစ်သံ
တစ်မိန့်ဖြစ်စဉ်ကို
ကြီးကြီးမားမား ခြိမ်းခြောက်နိုင်လို့များ ဖြစ်မလားလို့ ၊ အတွေးများ ဝင်မိဖူးကြသလား
။
ငါ့ညီပြောတာတွေနဲ့ သက်ဆိုင်တာတချို့ကို ပြောပြရမယ်ဆိုရင် - ငါ့ညီမေးပေးထားတဲ့မေးခွန်းတွေ
ငါ့ညီပြောတာတွေနဲ့ သက်ဆိုင်တာတချို့ကို ပြောပြရမယ်ဆိုရင် - ငါ့ညီမေးပေးထားတဲ့မေးခွန်းတွေ
ကို
မရရအောင် ဖြေလို့ရပါတယ် ။ ကိုယ့်ဆီမှာ Public Finance and Public Policy, Business
Law
လိုစာအုပ်တွေကစလို့ ၊ သမိုင်း စီးပွားရေး နိုင်ငံရေးဆိုင်ရာစာအုပ်တွေကို အပိုင်ဝယ်ထားတာမို့လို့
ဘေးမှာတင် ရှိနေပါတယ် ။ ဒါနဲ့ မကျေနပ်သေးရင် တက္ကသိုလ်နှစ်ခုရဲ့ အွန်လိုင်းစာကြည့်တိုက်မှာ
ကျောင်းသားတစ်ယောက်အနေနဲ့ ရှာကြည့်လို့ရသလို ၊ ပြည်နယ်စာကြည့်တိုက်အထိသွားပြီး ရှားပါး
စာအုပ်တွေကို
ဆွဲထုတ်လေ့လာလို့ ရပါသေးတယ် ။ ဒါပေမယ့် စကားအသာစီးရရင်ပြီးရော ပြောပစ်
လိုက်မယ်ဆိုတဲ့စိတ်မျိုး
ကိုယ့်မှာမရှိသလို ၊ ကိုယ်ဟာ keyboard soldier လည်း မဟုတ်တာကြောင့် ၊
ခုလို နားလည်အောင်ပြောပြပြီး
အဓိပ္ပါယ်မရှိတဲ့ တစ်ဖက်သတ် အတ္တပြိုင်ပွဲကို အပြိုင်မနွဲဖို့လမ်းကိုပဲ
ရွေးလိုက်ပါတယ်
။
အဓိကအကျဆုံး အချက်တစ်ချက်အနေနဲ့ - ငါ့ညီရဲ့ပို့စ်မှာ ကျိုးကြောင်းမကျတဲ့ အဆိုပြုချက်တွေ သုံး
အဓိကအကျဆုံး အချက်တစ်ချက်အနေနဲ့ - ငါ့ညီရဲ့ပို့စ်မှာ ကျိုးကြောင်းမကျတဲ့ အဆိုပြုချက်တွေ သုံး
ထားတာကြောင့် ၊ ဝင်ထောက်ပြတာနဲ့ စခဲ့တာပါ ။ အထူးသဖြင့် ရှမ်းပြည်နယ်မှာ ကွက်ကျားဖြစ်နေခဲ့တဲ့
မူးယစ်ဆေးဝါးပြဿနာကို ၊ တစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေပုခုံးပေါ် တင်ပေးလိုက်တဲ့
အပြင်
၊ လူသားတစ်ရပ်လုံး ဆိုတာအထိပါ အတင်းတွန်းတင်နေတာမျိုးဟာ ကျိုးသင့်ကြောင်းသင့် တွေး
သူတစ်ယောက်အနေနဲ့ဆိုရင်
၊ ဘယ်လိုမှ မအပ်စပ်ဘူးဆိုတာ ဖတ်မိသူ လူငယ်တွေကို အသိပေးချင်
လို့ပါ ။
တွေကို ၊ ဒါတွေဟာ အမေရိကန်ရောက်သွားမှာပဲဆိုပြီး
လွှတ်ပေးထားတဲ့ (စာရွက်ပေါ်မှတ်တမ်းတင်
မထားတဲ့) မူဝါဒမျိုးရှိခဲ့တာ ကိုယ်သိပါတယ် ။ ဘယ်သူ့ဆီက
စကားလဲလို့မေးရင် တပ်ချုပ်ဟောင်း
တစ်ယောက်ဆီကလို့ ပြောရလိမ့်မယ် ။ နောက်ပြီး ပထမမှတ်ချက်မှာပြောခဲ့တဲ့
မူးယစ်ဆေးဝါးသယ်
တဲ့သူ ဆိုတာမျိုးကလည်း ၊ အရေးပါတဲ့ဌာနမျိုးကသာမဟုတ်ရင် ဗိုလ်မှူးအဆင့်လောက်ဆိုတောင်
လှည့်မကြည့်တဲ့ လူမျိုးတွေပါ ။ ရန်ကုန်မြို့လယ်ခေါင်မှာ အပေါ်အင်္ကျီအောက်ထဲ သေနတ်ထည့်
သွားလာနေပြီး
သေမှာလည်း မကြောက်သူမျိုးတွေပါ ။
ဒါတွေကို အထောက်အထားနဲ့ ဒီလိုနေရာမှာ လာချပြလို့ ၊ ငါ့ညီတို့က ဘာများတတ်နိုင်မှာလဲ ။
ဒါတွေကို အထောက်အထားနဲ့ ဒီလိုနေရာမှာ လာချပြလို့ ၊ ငါ့ညီတို့က ဘာများတတ်နိုင်မှာလဲ ။
ခင်ဗျားကြီး ဘယ်သူလဲ ၊ ဒီကိစ္စ ဘယ်ကသိလဲ ၊ လာမလိမ်နဲ့ စသည်ဖြင့် ထေ့ငေါ့ပြောဆိုပြီး
၊ အလွန်
ဆုံး ဆဲဆိုရုံကလွဲပြီး ဘာမှတတ်နိုင်ကြတာ လုပ်နိုင်ကြတာ မဟုတ်ပါဘူး ။ လုပ်နိုင်တယ်ဆိုရင်လည်း
ငါ့ညီတို့ အခု “အဘ”လို့ခေါ်နေသူတွေ လက်ချိုးရေတွက်လို့ရလောက်အောင်ပဲ ကျန်နေပါလိမ့်မယ်
။
ကိုယ့်အနေနဲ့ ပြောစရာရှိတာကို ကိုယ့်အတွေ့အကြုံနဲ့ အသိအမြင်တွေအပေါ် မူတည်ပြီးပဲ ပြောတတ်
ကိုယ့်အနေနဲ့ ပြောစရာရှိတာကို ကိုယ့်အတွေ့အကြုံနဲ့ အသိအမြင်တွေအပေါ် မူတည်ပြီးပဲ ပြောတတ်
ပါတယ်
။ PhD ရထားတဲ့ မောင်နှမဆွေမျိုးသားချင်းတွေ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅-၂၀ ကတည်းက ဗိုလ်
မှူးလောက်ဖြစ်နေခဲ့ကြတဲ့
သူငယ်ချင်းနဲ့ စပ်ဆွေစပ်မျိုးတွေရဲ့ အရှိန်အဝါတွေကို သုံးမထားပါဘူး ။ သူတို့
ဖြစ်တာ
ကိုယ်ဖြစ်တာလည်း မဟုတ်ပါဘူး ။
ခုနေဖြစ်နေတဲ့ ပြည်တွင်းစစ်ကိစ္စလည်း နည်းနည်းပြောချင်တယ် ။
ငါ့ညီတို့ သူပုန်ဆိုတာ ဘယ်လောက်ဆိုးရွားအောက်တန်းကျကြောင်း စိတ်ရှိလက်ရှိ ပြောကြ ထောက်
ခုနေဖြစ်နေတဲ့ ပြည်တွင်းစစ်ကိစ္စလည်း နည်းနည်းပြောချင်တယ် ။
ငါ့ညီတို့ သူပုန်ဆိုတာ ဘယ်လောက်ဆိုးရွားအောက်တန်းကျကြောင်း စိတ်ရှိလက်ရှိ ပြောကြ ထောက်
ခံကြ
တစ်ယောက်နဲ့တစ်ယောက် သြဘာပေးနေကြလို့ ရပါတယ် ။ သို့သော် ပြည်တွင်းစစ် ဖြစ်နေရတာ
ဟာ နိုင်ငံရေးကြောင့်ပဲဆိုတာလည်း
သိစေချင်တယ် ။ နိုင်ငံရေးမို့လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆွေးနွေးနေရ
တာပေါ့ ။ အဲဒီ ဆွေနွေးနေရာကနေ
အဆင်ပြေသွားပြီဆိုရင် ဘာဖြစ်သွားမလဲ ။ အဘတို့အားလုံးက
အိုကေဆိုပြီး ပုခုံးဖက်နေကြမယ်
။ ငါ့ညီတို့ကတော့ ဟပ်ကော့ (half-cooked) ကြီးနဲ့ သူပုန်တွေကို
အပုတ်ချတဲ့ လုပ်ငန်းစဉ်
(vilification process) ကြီးထဲမှာ ကန့်လန့်ကြီး ကျန်နေခဲ့မယ်ဆိုတာ သတိ
ရှိကြဖို့ လိုပါတယ်
။
ဒါဆိုရင် ခင်ဗျားကြီးကကော ဘာလဲလို့ သိချင်သူတွေလည်း ရှိမယ် ။
ကိုယ်ဟာ သူပုန်တစ်ယောက်ပါ ။
ပြည်မအာဏာပိုင်တွေကို စာနဲ့ထောက်ပြနေမယ့် သူပုန်ဖြစ်သလို ၊ သူပုန်တွေကိုလည်း အမှားတွေ
ဒါဆိုရင် ခင်ဗျားကြီးကကော ဘာလဲလို့ သိချင်သူတွေလည်း ရှိမယ် ။
ကိုယ်ဟာ သူပုန်တစ်ယောက်ပါ ။
ပြည်မအာဏာပိုင်တွေကို စာနဲ့ထောက်ပြနေမယ့် သူပုန်ဖြစ်သလို ၊ သူပုန်တွေကိုလည်း အမှားတွေ
ပြင်ဖို့
ပြောနေမယ့် (အာဏာပိုင်အသေးစားတွေဖြစ်တဲ့ သူပုန်တွေကိုလည်း ပုန်ကန်နေတဲ့) သူပုန်တွေ
အတွက်သူပုန်တစ်ယောက်ပါ
။
အဆုံးသတ်အနေနဲ့ပြောချင်တာက - လူငယ်တွေ discussion တို့ debate တို့ လုပ်ချင်တာမျိုး အား
အဆုံးသတ်အနေနဲ့ပြောချင်တာက - လူငယ်တွေ discussion တို့ debate တို့ လုပ်ချင်တာမျိုး အား
ပေးသလို ၊ နည်းမှန်လမ်းမှန်နဲ့ လုပ်ဖို့ကြိုးစားကြဖို့လည်း တိုက်တွန်းချင်ပါတယ်
။ ခုဒီမှာ tag လုပ်ထား
တဲ့ ဦးဘို ( Bo K Nyein ) ဆီမှာ တော်ရုံလူ လက်လှမ်းမမီတဲ့ စီးပွားရေးအဆောက်အဦအပေါ်ထပ်ဖက်
က
ဗဟုသုတတွေ ရနိုင်သလို ၊ (တပ်ကလူတွေ အင်မတန်အားနည်းတဲ့) နိုင်ငံရေးပိုင်းဆိုရင်လည်း
ကို
Myo Set လိုလူဆီမှာ မြည်းကြည့်လို့ ရပါတယ် ။ နောက်ဆုံး ဗဟုသုတ တစ်စနှစ်စနဲ့ အခြေခံအဆင့်
လေးတွေလောက်
အနည်းအကျဉ်းဖတ်ချင်ရင် ၊ ဘာအစွဲမှမပါပဲ ကိုယ်ဖန်တီးထားတဲ့ ပုရိဝုဏ်
(http://www.parawon.org/) ဝက်ဘ်ဆိုဒ်ကို
ဖတ်ကြည့်နိုင်ပါတယ် ။ ဆန္ဒရှိရင်ပြောတာပါ ၊ ဆွယ်
လည်းမဆွယ်သလို ကြော်ငြာဝင်တာလည်း မဟုတ်ပါ
။
(စာကြွင်း - တိကျမှုနဲ့ အဓိပ္ပါယ်လေးနက်မှုတွေအတွက် အင်္ဂလိပ်စာလုံးတွေ ကြားညှပ်ရေးရတာပါ ။
(စာကြွင်း - တိကျမှုနဲ့ အဓိပ္ပါယ်လေးနက်မှုတွေအတွက် အင်္ဂလိပ်စာလုံးတွေ ကြားညှပ်ရေးရတာပါ ။
ဖတ်ရအခက်အခဲ ရှိသူတွေအတွက်တော့ အားနာပါတယ်) ။
အစိုးရ ဘက်က သစ္စာ စမဖောက်ခဲ့သလို ချုပ်သမျှစာချုပ်တွေ တိုင်းကို ရေအိမ်သုံးစက္ကူ
လောက်တောင်
တန်ဖိုးမထားတတ်တဲ့ သောင်းကျန်းသူတွေရဲ့ အဖွဲ့အစည်းစိတ်ဓါတ်မရှိခြင်းတွေနဲ့သူတို့ ပြောနေကျ
စစ်အာဏာရှင်ကို ကာကွယ်နေကျတယ်လို့ ပြောသလို မျိုး သူတို့တွေဟာလည်း ဆတ်ကြေးကောက်
လက်နက်ကိုင်တာတွေ
မစွန့်လွှတ်တာကနေ သူပုန်အဖြစ်သမုတ်ခံရတဲ့နောက် နိုင်ငံရေးကို ဒုက္ခပေးခဲ့
တာပါပဲ
စာအုပ်ကောင်းများကို ခေါင်းခုအိပ်ရုံမျှမက အိမ်မှာ စာကြည့်တိုက်ဖွင့်ုပြီး အလုံပိတ်ဖတ်နေပါစေ ဖတ်တဲ့
စာအုပ်ကောင်းများကို ခေါင်းခုအိပ်ရုံမျှမက အိမ်မှာ စာကြည့်တိုက်ဖွင့်ုပြီး အလုံပိတ်ဖတ်နေပါစေ ဖတ်တဲ့
မျက်လုံးဟာ အစကတည်းက ဆင်ခြင်ထုံတရားမရှိ အမှန်မမြင်ခဲ့ရင် မိမိကိုယ်ကို သိပ်အထင်ကြီးလွန်း
နေခဲ့ရင် သူတစ်ပါးကို နင်းပြောဖို့ စိတ်ကူးနဲ့ လေ့လာနေခဲ့ရင် အဲဒီ့စာအုပ်ဟာ အဲ့ဒီလူရဲ့လက်ထဲက
လက်နက်တစ်ခုသာဖြစ်ပါလိမ့်မယ် ဘယ်တော့မှ လမ်းကောင်းတစ်ခုဖြစ်မလာပါဘူး ဘယ်သူ့ မှ မရည်
ရွယ်ပါဘူးဗျာ
ကျနော် ပြောကြည့်တာပါ (ဇင်ယော်လိပ်ပြာ )
များရေးဖွဲ့ဆွေးနွေးကြတာကို့ ကျေးဇူးတင်ပါတယ်
ဗဟုသုတ ကျနော်အများကြီးရရှိပါတယ်
အားလုံးကိုကျေးဇူး တင်ပါတယ်။
January
7 at 12:43am via mobile · 1

အမည်ခံ ပေးစာကမ်းစာ မျှော်ရသော ရှမ်းကရင်ကပြားလေးဖြစ်နေသည့်
အတွက် စကားဖက်ပြိုင် မပြော တော့ကြောင်းပါ ခင်ဗျာ
13
hours ago via mobile · 4
ဆောင်ပုဒ်ကိုတောင် ပြေးသတိရတယ် ။ ဖြောင့်ဖြောင့်ပြောရရင်တော့
- ဒီကိစ္စ တစ်ခန်းရပ်ပြီလို့ယူဆပြီး
စိတ်ထဲတောင် မထားမိတော့ပါဘူး ။ သို့သော် အဖွဲ့စည်းအစွဲ
၊ (ကိုယ့်ဘာသာ ရှိမှန်း သတိတောင်မထား
မိတဲ့) လူမျိုးကြီးအစွဲတွေကိုကျော်ပြီး မမြင်နိုင်တဲ့အပြင်
၊ လူကိုလူလို့လက်မခံနိုင်ပဲ နိုင်ငံတကာက လက်
သင့်ခံတဲ့ ‘ခိုလှုံသူ’နဲ့ပတ်သက်တာတွေကို ကျယ်ကျယ်ပြန့်ပြန့်
သိထားပုံသိပ်မရတဲ့ငါ့ညီက ပြန်နွှေးလာ
တော့လည်း လက်စသတ်ရေးစရာလေးတစ်ခုလို့ စိတ်ထဲအတွေးဝင်လာပြန်မိတော့တာကိုး
။
- ကိုယ် ကရင်ဖြစ်တာ ရှက်စရာလို့ ငါ့ညီယူဆလို့လား ။
- ကိုယ် ရှမ်းသွေးစပ်ရတာ ရှက်စရာလို့ ငါ့ညီထင်နေတာလား ။
- အားနည်းသူနဲ့ ထားရာမနေ စေရာမသွားသူတွေကို နှိပ်ကွပ် သတ်ဖြတ် မောင်းထုတ်နေတဲ့ လူတွေ
- ကိုယ် ကရင်ဖြစ်တာ ရှက်စရာလို့ ငါ့ညီယူဆလို့လား ။
- ကိုယ် ရှမ်းသွေးစပ်ရတာ ရှက်စရာလို့ ငါ့ညီထင်နေတာလား ။
- အားနည်းသူနဲ့ ထားရာမနေ စေရာမသွားသူတွေကို နှိပ်ကွပ် သတ်ဖြတ် မောင်းထုတ်နေတဲ့ လူတွေ
နဲ့
စနစ်ဆီကနေ ၊ လူသားစိတ်ဓါတ်နဲ့ စာနာမှုတရားတွေလက်ကိုင်ထားပြီး တရားဥပဒေစိုးမိုးမှုနဲ့
လုံခြုံမှုရှိ
တဲ့ လူနေမှုစနစ်အောက်ကို ခိုလှုံတာဟာ ရှက်စရာလား ။
- ကိုယ့်ပတ်ဝန်းကျင်မှာ လူတိုင်းရနိုင်တဲ့ အခွင့်အလမ်းတွေကိုရယူပြီး ၊ ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်အောင်
- ကိုယ့်ပတ်ဝန်းကျင်မှာ လူတိုင်းရနိုင်တဲ့ အခွင့်အလမ်းတွေကိုရယူပြီး ၊ ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်အောင်
ပညာရေးအခြေခံတဲ့ဘဝကို တည်ဆောက်ဖို့ကြိုးစားရင်း ၊ လိုချင်သူတွေရဲ့လက်ထဲကို ပညာနဲ့ဗဟုသုတ
တွေ
လက်ဆင့်ကမ်းဖို့လုပ်နေတာဟာ ရှက်စရာလား ။
(ငါ့ညီ စိတ်အပင်ပန်းခံ စဉ်းစားနေစရာတော့ မလိုပါဘူး ။ ဘာမှ ရှက်စရာမရှိတဲ့အပိုင်းတွေကို ကိုယ်က လက်လီစိပ် ပြန်ထောက်ပြရုံပါ) ။
လက်တွေ့ဘဝမှာ မတရားမှုနဲ့ သာမန်လူသားတွေတောင် ဘယ်လိုမှလက်မခံနိုင်တဲ့ အကြောင်းရင်း

အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ၊ ရထားခဲ့တဲ့ ရာထူးရာခံ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ခဲ့ရ
သူတွေတောင်
၊ နောင်တရဖို့အသာထားလို့ “ရှက်သလား”လို့ သွားမေးမိရင် ဒေါသနဲ့တုန့်ပြန်ကြမယ့်သူ
တွေက
အများစုပါ ။ ဒီတော့ ကိုယ့်လို အခံဖက်ကလူတစ်ယောက်အနေနဲ့ ၊ စိတ်လုံသူတစ်ယောက်
အနေနဲ့တော့ ဘာမှ အထွေထူးကွန့်နေစရာ
ဖြေရှင်းနေစရာ မလိုလောက်ဘူးလို့ ယူဆပါတယ် ။
လိမ့်မယ် ။
ငါ့ညီလည်း ရှေ့လျှောက် အများကြီးကြုံဆုံလာရဦးမှာပါ ။
ငါ့ညီနဲ့ တစ်တန်းထဲရှိခဲ့သူတွေ တစ်ဆင့်တစ်ဆင့် တက်သွားကြ အဆင်ပြေသွားကြတာတွေကိုကြည့်
ငါ့ညီလည်း ရှေ့လျှောက် အများကြီးကြုံဆုံလာရဦးမှာပါ ။
ငါ့ညီနဲ့ တစ်တန်းထဲရှိခဲ့သူတွေ တစ်ဆင့်တစ်ဆင့် တက်သွားကြ အဆင်ပြေသွားကြတာတွေကိုကြည့်
ပြီး
စိတ်ထဲမှာ ခံစားချက်တွေရှိနိုင်သလို ၊ ဒီအသိုင်းအဝိုင်းကို အခြေခံပြီး ဘဝထိန်းကျောင်းဖို့ရာ
ကြိုးပမ်း
တာမျိုးတွေလည်း ရှိနိုင်တာပါပဲ ။ ငါ့ညီကို ကိုယ်ပြောပြချင်တာက - အဲဒီလိုဘဝမျိုးရဲ့
ဖြစ်ပျက်ပြောင်းလဲ
မှုတွေ ကိုယ့်ရှေ့မှာတင်ဖြစ်နေခဲ့တာကို စောင့်ကြည့်မှတ်သားနေခဲ့ဖူးတယ်
ဆိုတာပါပဲ ။
ဒီဖြစ်စဉ်ရဲ့ အနှောင်းပိုင်းဖြစ်တဲ့ ၊ ရာထူးအရှိန်အဝါနဲ့ တစ်ဖက်သတ် ဖိသိပ်ထည့်ခံထားခဲ့ရတဲ့ ငါ့ညီ
ဒီဖြစ်စဉ်ရဲ့ အနှောင်းပိုင်းဖြစ်တဲ့ ၊ ရာထူးအရှိန်အဝါနဲ့ တစ်ဖက်သတ် ဖိသိပ်ထည့်ခံထားခဲ့ရတဲ့ ငါ့ညီ
စိတ်ထဲက အဆိပ်အတောက်တွေ တဖြည်းဖြည်းပျော့ပျယ်လာတဲ့အခါမတော့ ၊ အချိန်တွေဟာ အများ
ကြီးလွန်ခဲ့
နှောင်းခဲ့ပြီးဖြစ်နေတာကို မြင်လာတာမျိုး ငါ့ညီမှာလည်း မဖြစ်စေချင်တာက ကိုယ့်စေတနာ
ပါ
။
အတော်များများလည်း ရေးထားခဲ့ပြီမို့ အများကြီးလည်း ထပ်မရေးတော့ပါဘူး ။
ဖတ်သူတွေထဲက အားလပ်လို့ စိတ်ဆန္ဒများပေါ်ပေါက်ခဲ့ရင်တော့ ၊ (မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဒေါက်
အတော်များများလည်း ရေးထားခဲ့ပြီမို့ အများကြီးလည်း ထပ်မရေးတော့ပါဘူး ။
ဖတ်သူတွေထဲက အားလပ်လို့ စိတ်ဆန္ဒများပေါ်ပေါက်ခဲ့ရင်တော့ ၊ (မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဒေါက်
တာတင့်ဦး
ညွှန်တဲ့) လင့်လေးတစ်ခု ပေးလိုက်ချင်ပါတယ် ။
သြစတြေးလျမှာ နေထိုင်ပြီး ၊ စစ်တပ်အပေါ်သစ္စာရှိဆဲ ကလေးစစ်သားဟောင်းတစ်ဦးဖြစ်တဲ့ ဦးလှဦး
သြစတြေးလျမှာ နေထိုင်ပြီး ၊ စစ်တပ်အပေါ်သစ္စာရှိဆဲ ကလေးစစ်သားဟောင်းတစ်ဦးဖြစ်တဲ့ ဦးလှဦး
ရဲ့
၊ သူကြုံခဲ့ရတဲ့ စစ်တပ်ရဲ့ မူယစ်ဆေးဝါးဆိုင်ရာတွေထဲ နက်နက်နဲနဲ ပါဝင်ပတ်သက်နေပုံကို
ကိုယ်တွေ့
တင်ပြထားတာပါ ။
ရလိုသူယူလိုသူတွေအတွက် ၊ ရစရာ ယူစရာလေးတွေ ရနိုင်ယူနိုင်စေဖို့ ဆန္ဒပြုပါတယ် ။
The Scourge of Burma - Part 6 (Final) - (Hla Oo's Blog)
The scourge of Burma, Part 6 - [New Mandala (Australian National University)]

၁၄ ၊ ၀၁ ၊ ၂၀၁၄
၁၁ : ၀၀ pm
Facebook မှာ ဒေါက်တာတင့်ဦးနဲ့ အပြန်အလှန်ပြောဖြစ်တာတွေကို ကူးလာလိုက်တာပါ ။
ReplyDelete========================================================
Tint Oo ကိုမန်းရ မူးယစ်ဆေးကိစ္စက တကယ်လိုက်ရင် ကျွန်တော် ဟိုအတင်းထောက် အဲလေ သတင်းထောက် ညီလေးပြောသလိုဘဲ မှန်တာ ပြောတာပြောရင် ဂျန်န၀ါရီကျော်မထင်ဘူးဗျ။ သြဇီတော့မသိဘူး ။ယူကေဆိုတဲ့  ကျွန်းလေး ဟ်ုလား ။ ပါတ်လည်လေပိုင်နက်ရေပိုင်နက်ကို ယင်ကောင်တို့  ငါးမြွေထိုးတို့ တောင် ပုလိပ် မသိဘဲ ၀င်မရတဲ့  နေရာတောင် လမ်းထောင့်တိုင်း မှာ ဆေးရတယ် ။ အဲ လမ်းဘေးထားပါ ။ ထောင်ထဲတောင် ရသေး ။ ဘာလိုချင်လဲ ။ ကျန်တဲ့ ဆေး ဘယ်လောက်မြတ်လဲတော့မသိဘူး ။ ဘိန်းဖြူကတော့ ထိုင်းနယ်စပ်မှာ ၁သောင်းဘိုး ဟာ ယူကေမားကက်ထဲမှာ အနဲလေး တသိန်းရတယ် ။ ( အနဲ လေးပြောတာနော် ။ တကယ်က ၅သိန်းလောက် ကိုရတာ ) အဲတော့ အမြတ်ကြမ်းတော့ လုပ်တဲ့ သူက ငွေလမ်းခင်းနိုင်တာပေါ့ဗျာ ။ ဗမာအရာရှိဆိုတာလောက်တော့  ဟိုလူတွေက ရီတာပေါ့ လို့ တောင် အော်သွားအုံးမဗျ ။ တခါ ဆေးရောင်းတဲ့ သူတယောက်ဗျူးဘူးသဗျ။ ( သူလဲ ရောင်းရင်းဝယ်ရင်း မြည်းရင်းနဲ့  စွဲလာတာကိုး ဒါနဲ့ လာဖြတ်တာ ) ခု ခင်ဗျားထောင်ထဲ ရောက်နေ ၊ ဆေးလဲပြတ်ပြီ လွတ်ရင် ဘာလုပ်စားမလဲ ဆိုတော့ ကောင်လေးရယ်တဲ့  မင်းတုံးတာဘဲတဲ့ မင်း လခ ၁၀ဆလောက် ငါရနေတာ ဆေးဘဲ ပြန်ရောင်းစားမှာပေါ့တဲ့ 
Mahn Koko - ကျနော်နားလည်တာကိုပြောရရင်
Delete- ခြုံငုံကြည့်တဲ့ မူဝါဒအပိုင်းရယ် ၊
- လူတွေရဲ့ ထင်မြင်ယူဆချက်ရယ် ၊
- လက်တွေ့ဘဝ ဖြစ်ပျက်နေတာတွေရယ်ဆိုပြီး ၊ သုံးပိုင်းလောက်တော့ ခွဲလို့ရမယ်ထင်တယ် ။
အားလုံးဟာ ဆက်စပ်ပတ်သက်ပြီး အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ဖြစ်နေကြတာပါပဲ ။
ပထမ ကမ္ဘာမှာကြည့်လိုက်ရင် ထိပ်ဆုံးကအထင်ရှားဆုံး အမေရိကန်ကစပြီး မူးယစ်ဆေးဝါးတွေကို တရားမဝင်အဖြစ်သတ်မှတ်ပြီး ၊ လုံးဝအလျှော့အတင်းမလုပ်ပဲ ၊ အပြစ်ပြုတ်တိုက်ဖျက်ဖို့ မူဝါဒတွေနဲ့ ကြိုးစားလာနေခဲ့ကြ အားလုံးအသိပါ ။
ဒုတိယ လူတွေကိုကြည့်ပြန်တော့ - အများစုက မူဝါဒချမှတ်အုပ်ချုပ်သူတွေနဲ့ သူတို့နဲ့ မတိမ်းမယိမ်း အယူဆရှိတဲ့ မီဒီယာတွေရဲ့ လမ်းကြောင်းနောက်ကို ယုံကြည်လိုက်လျှောက်ပြီး ၊ ညှိနှိုင်းမှု မရှိသလောက်ဖြစ်တဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးဖက်ကို ယိမ်းကြပြန်တယ် ။
နောက်ဆုံး လက်တွေ့ဘဝမှာကြည့်တော့ - အကြိုက် ၊ ခံစားမှုနဲ့ မတူညီတဲ့ နောက်ခံကိုယ်စီရှိတဲ့ လူတွေထဲမှာ - မူးယစ်ဆေးဝါးကိုမှ ကြိုက်သူ ၊ မလုပ်နဲ့ပြောလို့ လုပ်ဖြစ်အောင် လုပ်ချင်သူ ၊ ကာယနဲ့ ကျန်းမာရေးအတွက် လိုအပ်သူအပြင် ၊ ကြီးမားတဲ့ အကျိုးစီးပွားရဲ့ တိုက်စားတွန်းပို့မှုတွေနောက် မျောပါရသူ စသည်ဖြင့် အပိုင်းအစလေးတွေက အများကြီးရှိနေပြန်တယ် ။
ဒါကို နားလည်ဖို့ မလုပ်ပဲ ၊ ညှိနှိုင်းဖြေရှင်းဖို့ စိတ်ကလေးမဝင်ပဲ အချိန်တွေအကြာကြီး တစ်ဖက်သတ်ဖြေရှင်းဖို့ လုပ်လာခဲ့တာကြောင့် ပဋိပက္ခတွေ ရှည်ကြာနေခဲ့တာလို့ ကျနော်ကတော့ မြင်တယ် ။
တလောလေးက အမေရိကန်မှာ ဆေးခြောက်ကို တရားဝင် အပန်းဖြေဖို့ သုံးစွဲနိုင်အောင် စဖွင့်လိုက်တာ ဆရာလည်းတွေ့မိမှာပါ ။ အမှန်တော့ အခြားနိုင်ငံတွေမှာ ဒါတွေလုပ်နေတာ အတန်တောင် ကြာနေပါပြီ ။ နောင်ဆိုရင် 'အမြင်'နဲ့'မူ' တွေရဲ့ ပြောင်းလဲလာပုံကို ပိုပြီးတော့ မြင်လာရမယ်လို့ မျှော်လင့်ထားလို့ရတယ်ဗျ ။ ဒါကလည်း ပြောခဲ့တဲ့ 'လက်တွေ့ဘဝ'ကို သဘောပေါက်နားလည်အောင်ကြည့်ပြီး လိုက်လျောညီထွေ လုပ်လာကြတဲ့ ပြယုဂ်တွေပါပဲ ။
ဆရာပြောတဲ့ ဟာတွေကတော့ တတိယအချက်နဲ့ ပိုသက်ဆိုင်ပြီး ၊ ကျန်တဲ့နှစ်ချက်ကတော့ ပံ့ပိုးပေးတဲ့ အကြောင်းရင်းခံတွေပေါ့ဗျာ ။ မဆလခေတ်တုန်းက "မှောင်ခို"ဆိုတာနဲ့ သဘောသဘာဝ အတူတူလောက်ပါပဲ ။
Mahn Koko အပေါ်ကဟာတွေက အားလုံးကိုခြုံပြောထားတော့ ၊ နည်းနည်းလမ်းလွဲသလို ဖြစ်ကောင်းဖြစ်နေနိုင်တယ် ။
Deleteမြန်မာပြည်နဲ့ပတ်သက်ပြီး ဇာတ်ကောင်တစ်ကောင်ချင်းနဲ့ အခြေနေတွေကို ကောက်သင်းပြန်ကောက်ရရင် -
(၁) ဘိန်းတင်သွင်းလာပြီး ၊ အကောက်အခွန်လည်းရ ၊ အုပ်ချုပ်ရေးဆိုင်ရာ ရည်မှန်းချက်တွေလည်း အတော်အတန်ပြည့်ခဲ့တဲ့ အင်္ဂလိပ်နဲ့ အကျိုးဆက်အမွေနှစ် ၊
(၂) နိုင်ငံရေးရည်မှန်းချက်နဲ့ ရပ်တည်နိုင်ရေးအတွက် ကိုယ့်ပြည်သူကို ဘေးချိတ်ခဲ့တဲ့ ဦးနေဝင်းနဲ့ အပေါင်းအပါတွေ ၊
(၃) ဒေသန္တာရအခြေနေအရရော ၊ မျိုးပြုတ်မယ့်အရေးကနေပါ မိုက်မိုက်ကန်းကန်း ရုန်းထွက်ဖို့ အခြေနေတွေ ဖန်တီးခံခဲ့ရတဲ့ လူမျိုးစုတစ်စု ၊
(၄) အဖွဲစည်းရပ်တည်ရေး ၊ ကြုံနေရတဲ့ စစ်ရေးနဲ့ နိုင်ငံရေး ၊ ရေမြေနဲ့ မှီတင်းနေကြသူတွေရဲ့ ရပ်တည်ရေးနဲ့ ဆွဲဆောင်မှုတွေကြားက (ဒေသကြီးတစ်ခုအတွင်းက ) အလတ်စားအဆင့် အဖွဲ့အစည်းတွေ ၊
(၅) ရှေ့ကအမွေတွေကို လက်ဆင့်ကမ်းယူခဲ့ပြီး ၊ လူတောလည်းမတိုး ခြူးလည်း တစ်ပြားမှ မရှိသလောက်ဖြစ်နေခဲ့တဲ့ စစ်အစိုးရ ၊
(၆) ဘက် ထောင့်ပေါင်းစုံက ဥစ္စာဓနကိုပဲ အဓိကထားကြတဲ့ သိုက်သမားတွေ - စသည်ဖြင့် အများကြီးပါပဲ ဆရာရေ ။
ကျနော် share လုပ်လာတဲ့ post မျိုးတွေက - မသိလို့သော်၎င်း ၊ သိလျက်နဲ့သော်၎င်း ၊ ဝါဒဖြန့်ချီရေးနဲ့ အတိုက်အခံလုပ်သူတွေကို အပုတ်ချဖို့သက်သက် ရည်ရွယ်တာကြောင့် ၊ ဝင်ထောက်တဲ့သဘောပါ ။ အခြားတစ်ဖက်က ကြည့်ပြန်ရင်လည်း - ခုလို ဝါဒဖြန့်သူတွေဟာ ၊ ရာထူးအထောက်အခံ အလယ်အလတ်ပိုင်းတွေတောင် မပါလှတာ သတိထားမိပါလိမ့်မယ် ။
သူတို့ အဓိကဦးတည်တာက -
(က) အချင်းချင်း အားပေးအားမြှောက်လုပ်ဖို့ ၊
(၂) သိပ်မတွေးတောသူတွေနဲ့ ဗဟုသုတ အကန့်အသတ်ရှိသူတွေကို သိမ်းသွင်းဖို့ ၊
(၃) Neutral အနေထားမှာ ရှိနေသူတွေ အာရုံထွေပြားသွားစေဖို့ စသည်ဖြင့်လည်း ပြန်ခွဲလို့ ရနိုင်ပါလိမ့်မယ် ။
ဒါက တစ်ပိုင်း ။
အဲဒါတွေထက်ကို ထပ်ချဲ့လို့ရတဲ့ အပိုင်းတွေလည်း ရှိသေးတယ် ဆရာရေ့ ။
အထူးသဖြင့် မူးယစ်ဆေးဝါးတွေကို တရားဝင် ဆန့်ကျင်လာခဲ့ကြတဲ့ အဖွဲ့တွေနဲ့ သူတို့နဲ့ ဆက်စပ်ပတ်သက်ရာ အဖွဲ့ငယ်တွေအကြောင်းလေး အနည်းအကျဉ်းပါ ။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မပြောသေးပါဘူးဗျာ ။ နောင်များ ကြုံကြိုက်လို့ဖြစ်ဖြစ် ၊ ပြောသင့်လို့ဖြစ်ဖြစ် ပြောရမယ့်အချိန်တော့ ရောက်လာပါလိမ့်မယ် ။ ယေဘုယအားဖြင့် အဖြူအမည်းမဟုတ်ပဲ ၊ မီးခိုးရောင် အပိုင်းကလေးတွေ ရှိတတ်တာတွေကို ဆိုလိုတာပါ ။
ဘယ်လိုပဲဖြစ်နေပါစေ ၊ လက်ရှိ တာဝန်အရှိဆုံးသူတွေနဲ့ တာဝန်အယူသင့်ဆုံးလူတွေကို ဦးတည်ပြောနေတာမျိုးတွေဟာကတော့ ၊ လုပ်သင့်တာတွေပဲလို့ ယူဆပါကြောင်း .. ဆရာရေ့ .. ။
[ စာရှည်ရှည်ရေးရမှာမို့ ဒီပြန်စာလေး နည်းနည်းကြာသွားတာပါ ဆရာရေ ]
Nice Article
ReplyDeleteDont forget to visit my blog too
SAHABATPOKER