လူတိုင်းရဲ့ဘဝမှာ မတူညီတဲ့ အတွေ့အကြုံကလေးတွေ ရှိစမြဲဖြစ်သလို ၊ အချို့အဖြစ်တွေဟာ
လည်း စိတ်ဝင်စားစရာကောင်းနေတတ်ပါတယ် ။ စိတ်ဝင်စားစရာ ကောင်းချင်မှကောင်းမယ့် အဖြစ်
အချို့ဟာလည်း ကြုံတွေ့ရသူအတွက်ကတော့ တစ်သက်တာမှာ အမှတ်ရစရာတွေအဖြစ် ကျန်
ရစ်နေတတ်ပြန်ပါတယ် ။ တခါတရံကျတော့လည်း စိတ်ကူးယဉ်အိပ်မက်လား ၊ အပြင်မှာ တကယ်
ဖြစ်ခဲ့တာလားဆိုတာ မသဲကွဲတဲ့ ဖြစ်ရပ်တွေဟာလည်း အတွေးကြွယ်သူတွေဆီမှာ ကပ်ညိပြီး ကျန်
ရစ်နေတတ်ပြန်ပါတယ် ။ အဲဒါတွေအထဲက လက်ရွေးစင်တစ်ချို့ကို သင့်တော်အောင် စာအဖြစ်နဲ့
မှတ်တမ်းတင်လိုက်ပါတယ် ။
-----------------------------------------------
(၁) မြို့ကလေးတစ်မြို့ရဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ မိတ်ဆွေနှစ်ဦးစားသောက်ရင်း စကားပြော
နေကြ ပါတယ် ။ တစ်ယောက်က စီးပွားရေးသမား ၊ နောက်တစ်ယောက်က နိုင်ငံရပ်ခြားထွက်
ပြီး အလုပ်လုပ်သူ ။
ကိုမြင့် ။ ။ ဟဲ ဟဲ ၊ စိတ်တောင်မကောင်းဘူးဗျာ ။ ရှေ့နှစ်ဆိုရင် ဟော ဟိုနေရာမှာ ဆောက်လုပ်ရေး
စီမံကိန်းတစ်ခု ရှိလိမ့်မယ်ဗျ ။ တွက်ကြည့်လိုက်တော့ အဲဒါပြီးသွားရင် သိန်းတစ်သောင်း
လောက် လက်ထဲအသားတင်ကျန်လိမ့်မယ် ။ ပြီးတော့ ဒီကန်ထရိုက်ကို ကျနော်ပဲ ရမှာဗျ ။
ကိုဝ ။ ။ ဟင် .. ၊ အေးဗျာ ဝမ်းသာပါတယ် ။ ခင်ဗျား ပိုက်ဆံထားဖို့ နေရာရှိပါ့တော့မလားဗျ ။
ကိုမြင့် ။ ။ ဒီလိုပါပဲဗျာ ၊ လည်ပတ်နေရတာပါပဲ ။ လက်ထဲမှာကို ဘယ်တုန်းကမှ ငွေတွေတစ်လုံးတစ်
ခဲထဲ မရှိပါဘူးဗျာ ။ ဒါနဲ့ ကျနော့်သားကျောင်းတက်ဖို့ အကြံဥာဏ်လေးလုပ်စမ်းပါဦး ၊ ခင်
ဗျားက နိုင်ငံစုံတဲ့သူဆိုတော့ အဲဒီဘက်မှာ ပိုသိမှာပေါ့ ။
ဒီလိုနဲ့ပဲ စီးပွားရေးကိစ္စအရိပ်အမွက် ၊ စစ်တပ်နဲ့ ဆက်နွယ်နေတာတွေရဲ့ အရိပ်အမွက် ၊ သားရေး
သမီးရေး ပညာရေးတွေကို တစ်နေ့တာပြောဆိုကြရင်း ကိုယ့်နေရာကို ကိုယ်စီပြန်ခဲ့ကြပါတော့တယ် ။
------------------------------------------------
(၂) ရန်ကုန်မြို့ ၊ လမ်း ၃၀ ဝန်းကျင် ၊ ရုံးခန်းတစ်ခန်းထဲမှာ ။
“မောင်တော”တစ်ယောက် ရန်ကုန်ရောက်တော့ သူ့ရဲ့ သင်ဆရာတစ်ယောက်ရှိရာ ရုံးခန်းကို
သွားပြီး တွေ့ပါတယ် ။ ရုံးခန်းအပြင်က ရိုးရိုးလေးဖြစ်ပေမယ့် တံခါးဖွင့်ဝင်လိုက်တာနဲ့ ပြောင်လက်
နေတဲ့ ကျွန်းစားပွဲ ၊ ကုလားထိုင်နဲ့ အခြားဈေးကြီးတဲံ အပြင်အဆင်တွေကြောင့် တော်ရုံမသိသူက
တော့ အပေါက်ဝမှာဖိနပ်ချွတ်ပြီး ဝင်မိကြတာပါပဲ ။ ခရီးရောက်မဆိုက် မောင်တောရဲ့ဆရာ “ကိုမဲ”
ခေါ်တာကြောင့် ရုံးခန်းအောက်က ဘီယာဆိုင်ကို ဆင်းလာကြပါတယ် ။
ကိုမဲ ။ ။ အေးကွာ အခုပဲ အလုပ်တစ်ခုပြီးသွားတာ ၊ နောက်တစ်ဆင့်မလုပ်ခင် နည်းနည်း
လုပ် (သောက်) လိုက်ဦးမယ် ။
မောင်တော ။ ။ ဘာတွေများလဲ ဆရာရဲ့ ။
ကိုမဲ ။ ။ ခုနပဲ အသိတစ်ယောက် အကူအညီလာတောင်းလို့ လိုက်လုပ်ပေးလိုက်တာ ခုပဲ
အလုပ်ဖြစ်သွားတာကွ ၊ အခြားတော့ မဟုတ်ပါဘူးကွာ ၊ တူးမြောင်းတူးဖို့ ကန်ထ
ရိုက်ရတာကို ဝန်ကြီးအတွက် ၁၀ ရာခိုင်နှုန်း သိန်း ၅၀၀ လက်ထဲမရှိလို့ ငွေလိုက်
ဖေါ်နေတာလေ ။ အဲဒါကို သူ့ပစ္စည်း (...) ကို သွားပေါင်လိုက်လို့ ၄၅၀ ဘိုး အဆင်
ပြေသွားတယ်လေ ။ အဲဒီသူ့ ပစ္စည်းက မြန်မာပြည်မှာ ဆယ်ခုတောင် မပြည့်ဘူးကွ ။
မောင်တော ။ ။ ဟုတ်လား ၊ ဆရာလည်း ပွဲစားဖြစ်နေတော့တာပါပဲလား ခင်ဗျ ။
ဒီအချိန်မှာပဲ လူရွယ်တစ်ယောက်ဖြတ်လာလို့ ကိုမဲက လှမ်းဖိတ်လိုက်ပါသေးတယ် ။ အဲဒီလူရွယ်နဲ့
သောင်တူးစက်ဌားဖို့ ကိစ္စတွေပြောရင်း ဦးနေဝင်းမြေးအကြီးကနေ ဘယ်ဗိုလ်မှူးရဲ့သားကို ဘယ်လို
သတ်လိုက်တာတွေကနေစပြီး စကားကောင်းနေကြပါတယ် ။ အတော်ကြာလို့ လူရွယ်ထွက်သွား
တော့မှ သူဘယ်သူလဲ မင်းသိလား ၊ ဗိုလ်မှူး ကြီး (...) ရဲ့သားလေ ၊ ဦးနေဝင်းမြေးတွေနဲ့တွဲဘက်ပေါ့
လို့ပြောတဲ့စကားတွေကို မောင်တောတစ်ယောက် အင်း .. လိုက်ရင်းနဲ့သာ သက်ပြင်းချ ပြန်ခဲ့ပါတော့
တယ် ။
----------------------------------------------------
(၃) ဘန်ကောက်မြို့ရဲ့ စားသောက်ဆိုင်တစ်ဆိုင် ၊ လူလတ်ပိုင်းတစ်စု ဆူဆူညံညံဝိုင်းထိုင်နေကြ
တယ် ။ စီးပွား ရေးသမားကြီး “ကိုထော” က ဒိုင်ခံတဲ့ပွဲ ။ မြို့ခံ “ကိုလည်” ရယ် နှစ်ဖက်လုံးက
အပေါင်းအပါ နည်းနည်းနဲ့ စားနေ သောက်နေကြတာပါ ။
ကိုလည် ။ ။ စားဗျ ၊ ဒီဆိုင်က အကောင်းဆုံးဆိုင်မဟုတ်ပေမယ့် ကဏန်းချက်တာကောင်းလို့ ရွေး
ပြီးခေါ်လာတာဗျ ၊ ဘယ်လိုလဲ အဆင်ပြေရဲ့လား ကိုထော ။
ကိုထော ။ ။ ကိုလည်ကတော့ဗျာ ၊ လာတိုင်းလာတိုင်း မညီးရအောင် ပို့လည်းပို့တတ်ပါပေတယ် ။
စားကြဗျာ ၊ ပြီးရင် အချစ်ကလေးကိုပါ သွားခေါ်ပြီး နောက်တစ်ဆိုင်သွားကြမယ် ၊ ပြီးမှ
RCA (နိုက်ကလပ်) ကို သွားကြတာပေါ့ ။
ကိုလည် ။ ။ ဟဲ ဟဲ ၊ နောက်နေ့ကျရင် အမဲသားသုတ်ဆိုင်ကို ခေါ်သွားဦးမယ်ဗျ ၊ လမ်းကြားထဲဖွင့်
ထားပေမယ့် နာမည်တော့ ကြီးတယ် ။ ဒါနဲ့ အလုပ်အကိုင် အဆင်ပြေတယ်မဟုတ်
လား ဆရာ ။
ကိုထော ။ ။ ပြေရမှာပေါ့ဗျာ ၊ ကိုယ်က ပိုက်ဆံယူလာတဲ့သူပဲ ။ ပြောရင်လည်း ကြွားရာကျမယ်ဗျ ၊
အဲဒီ ကျနော်တို့ စီးပွားရေးသွားလုပ်တဲ့နိုင်ငံမှာ လေယာဉ်ပေါ်တက်တာတောင် ကျုပ်
တို့ကအရင်တက်ပြီး သူတို့ဝန်ကြီးတွေက နောက်မှလိုက်တက်ရတာ ။
ကိုလည် ။ ။ ဆရာတို့ကတော့ လုပ်ပြီ ၊ ကဲ ကဲ ကဏန်းတွေစားဗျာ ၊ ပူနေတုန်း ။
အများနဲ့မတူ အင်္ကျီအနက်ရောင် လက်ရှည်ဝတ်ထားပြီး လည်ပင်းမှာလက်သန်းလုံးလောက် ရွှေ
ကြိုးပတ်ထားတဲ့ ကိုထော တို့အဖွဲ့ကို လိုက်ပို့ရင်း ကိုလည်နဲ့အပေါင်းအပါအချို့ဟာ သူတို့စတည်းချ
ရာကို မနက် ၃ နာရီလောက်မှ ပြန်ရောက်ကြပါတော့တယ် ။
-----------------------------------------------
(၄) ဘန်ကောက်မြို့လယ်က ရုံးခန်းတစ်ခု ။
စီးပွားရေးသမားတစ်ယောက်နဲ့ ကိုပန်ကာတို့ စကားပြောနေကြပါတယ် ။
ကိုပန်ကာ ။ ။ ပစ္စည်းတွေစုံပြီလား ဦးဂျင် ၊ ဘာတွေလိုသေးလဲ ။
ဦးဂျင် ။ ။ မစုံသေးဘူးဗျ ၊ တစ်ရက်လောက်တော့ စောင့်နေရဦးမယ် ။
ကိုပန်ကာ ။ ။ ဦးဂျင် ၊ ကျနော့်လိုင်းနဲ့မတူလို့ နည်းနည်းမေးချင်တယ် ၊ အခု မြန်မာပြည်ကို US
ကပိတ်ထားတာ ဦးဂျင်တို့ဘယ်လိုလဲ ၊ မထိဘူးလားဗျ ။
ဦးဂျင် ။ ။ ထိတဲ့သူလည်း ထိတာပေါ့ဗျာ ၊ မနူးမနပ် ကွန်တိန်နာတစ်လုံးစ နှစ်လုံးစလောက်
လုပ်ပြီး အမေရိကန် city bank နဲ့ချိတ်ထားတဲ့ဘဏ်တွေနဲ့ L.C တွေသွားကိုင်မိလို့
ထိကြတာပါ ။ ခပ်ကြီးကြီးသမားတွေကတော့ မထိတာများပါတယ် ။
ကိုပန်ကာ ။ ။ အင်း .. ထိုင်းမှာ ငွေကိစ္စ လုပ်လို့ရတာတော့သိပါတယ် ။ နောက်တစ်ခုက စင်္ကာပူ
လား ။
ဦးဂျင် ။ ။ ဟုတ်တယ် ၊ အမေရိကန်က city bank အပါအဝင် အခြားချိတ်ထားတဲ့ ၊ လက်လှမ်း
မှီတဲ့ဟာတွေလောက်ပဲ လုပ်လို့ရတာပါ ။ ငွေကိစ္စက ထိုင်းမှာလုပ်လို့ရသလို စင်္ကာပူ
မှာလည်း နည်းလမ်းတွေရှိပြီးသားပါ ၊ ကိုပန်ကာလည်း နောက်ဆိုစင်္ကာပူကိုပါ ချဲ့မှာ
မဟုတ်လား သိလာမှာပါ ။
ကိုပန်ကာ ။ ။ ဒါနဲ့ တရုတ်နဲ့ကအဆင်ပြေနေတာပဲ ငွေတွေကို အဲဒီကလှည့်မထုတ်ကြဘူးလား ။
ဦးဂျင် ။ ။ အင်း ၊ ထုတ်ကြတာပါပဲ ။ ဒါပေမယ့် နည်းတယ်ဗျ ၊ ထိုင်းကပိုအဆင်ပြေတယ် ။
ဒီလိုနဲ့ပဲ ပြောရင်း ဆိုရင်း ရုံးခန်းထဲကို ဦးဂျင်တစ်ယောက် လှည့်ပတ်ကြည့်လိုက်ပါတယ် ။ သူ့
လက်စွဲ ရုံးမှာ လုပ်နေတဲ့ “မောင်ထက်” ကိုရှာနေဟန်တူပါတယ် ။ ဟိုဟာဒီဟာကိစ္စတွေအတွက်
ဒီကောင်က အားကိုးရတယ်လေ ။ ဘေးမှာ မျက်လုံးကလေးဝိုင်းပြီး နားထောင်နေတဲ့ “မောင်ပြူး” နဲ့
“မတော်” တို့နဲ့က မဖြစ်ဘူးလေ ။
------------------------------------------------------
(၅) ကားကြီးနားကို ကားကလေးတစ်စင်း လာရပ်တယ် ။
စက္ကူပုံးကြီး ၃-၄ ပုံးကိုချပြီး ကားကြီးဝမ်းထဲထည့်လိုက်တယ် ။
ကိုလူခံ ။ ။ အဲဒါဘာတွေလဲ မင်းသိလား ။
ကိုထုံ ။ ။ ဟင့်အင်း ဘာတွေမို့လို့လဲ အကို ။
ကိုလူခံ ။ ။ ဗမာငွေတွေလေ ၊ ငွေလဲဖို့အတွက် အမြတ်များတဲ့ဆီကို ပို့တာ ။
ကိုထုံ ။ ။ အတော်များတာပဲ ။ ဒီလိုပဲ အဝေးကို အလွယ်ပို့တာပဲလား ။ အမြတ်က နည်းနည်း
လေးမဟုတ်လား ။
ကိုလူခံ ။ ။ ဒီလိုပဲ ဆယ်စုနှစ်နဲ့ချီပြီး လုပ်လာကြတာပဲလေ ။ ဒါတောင် ကုန်သယ်တစ်ဦးစာပဲ ရှိ
သေးတယ် ။
ဒီလိုနဲ့ ကိုထုံတစ်ယောက် ကိုလူခံဆီမှာ နှစ်နဲ့ချီပြီး သွားသွားလာလာလုပ်နေရင်း ထူးဆန်းတာတွေ
တစ်ခုပြီး တစ်ခု တွေ့နေရပါတော့တယ် ။ ကုန်နိုင်ဖို့ရှိမယ်ကို မထင်ရတော့ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ်
အချိန်ကာလတွေ လွန်လာခဲ့တယ် ။ လည်ပတ်လှုပ်ရှား လုပ်ကိုင်မှုတွေကတော့ ပိုနေမြဲ ကျားနေမြဲ ။
ပြောင်းသွားတာကတော့ လူတစ်ချို့တွေသာ ။
------------------------------------------------------
(၆) လူနှစ်ယောက် ကြုံဆုံသိကျွမ်းလာကြတာ မကြာသေးပေမယ့် ငယ်ပေါင်းကြီးဖေါ်တွေလိုပါပဲ ။
တစ်ယောက်က လုပ်ရဲကိုင်ရဲပြီး တစ်ယောက်က နယ်မြေကျွမ်းသူတစ်ယောက် ။
ကိုရှေ့ ။ ။ ကိုမှီ ၊ ငွေလိုရင်ပြောဗျ ၊ ခင်ဗျားအလုပ်မျိုး ကျနော်က နားလည်းမလည် လုပ်လည်း
မလုပ်တတ်ဘူးဗျ ။
ကိုမှီ ။ ။ မလိုသေးပါဘူးဗျာ ၊ လိုရင်ပြောပါ့မယ် ။
ကိုရှေ့ ။ ။ လိုရင် ကြိုက်သလောက်သာပြော ၊ ခင်ဗျားကတိတည်ရင်ပြီးတာပဲ ၊ ဒါပေမယ့် ကတိ
တော့တည်ဖို့ လိုတယ်နော် ၊ ကျနော်ကကိစ္စမရှိပေမယ့် ကျနော့်အဖွဲ့က နည်းနည်းကြမ်း
တတ်တယ် ။
ကိုမှီ ။ ။ ဟုတ်ပါပြီဗျာ ၊ ဒါနဲ့ ကိုရှေ့တို့က တယ်လည်းရဲတာပဲဗျ ၊ ဟိုပစ္စည်းတွေကို ဘယ်လိုသယ်
ကြတာတုန်း ။
ကိုရှေ့ ။ ။ ဟဲ ဟဲ ၊ ခက်တာလိုက်လို့ဗျာ ၊ အဲဒီလမ်းကတက်လာတဲ့ အကြီးဆုံးအရာရှိကားနဲ့ကို တင်
လာခဲ့တာပဲ ။ အပြည့်ကို သယ်လာခဲ့တာဗျ ။
ကိုမှီ ။ ။ ဗျာ .. အဲဒီပစ္စည်းမျိုးကို ကားအပြည့် ... ဟုတ်လား ။
ကိုရှေ့ ။ ။ ဟုတ်တယ်လေ ၊ အရာရှိကြီးကို အိတ်ထဲထည့်ထားတာပဲဗျာ ၊ အဲဒီလို တစ်ချီဆိုရင် တစ်
ချီဆိုဆိုသလို ခင်ဗျားတို့ပြောတတ်တဲ့ ပွဲသိမ်းဆိုတာမျိုးပေါ့ဗျာ ။ ဒါပေမယ့် ကျနော်တို့
ကတော့ အခေါက်ခေါက်အခါခါ လုပ်နေကြတာပဲ ။
ကိုမှီ ။ ။ အေးဗျာ ၊ ခင်ဗျားပြောမှပဲ ရှင်းသွားတော့တယ် ။ လူတွေကတော့ ပုံပြင်လို့ထင်ကြမှာပဲ ။
ကိုရှေ့ ။ ။ ဟဲ ဟဲ ၊ ဒီလိုပါပဲဗျာ ၊ ငွေရဘို့က အရေးကြီးတာပါ ။ အခြေအနေတွေကလည်း တွန်းပို့ခဲ့
တာတစ်ပိုင်း ပါတာပေါ့ဗျာ ။
--------------------------------------------------------
ဒါပါပဲဗျာ ၊ ထူးကောင်းထူးမယ် ၊ အချို့အတွက်လည်း ဆန်းကောင်းဆန်းမယ် ။
အချို့လည်း တကယ်လို့ ယုံကောင်းယုံမယ် ။ အချို့အတွက်လည်း အပျင်းပြေဒဏ္ဍာရီပေါ့ ။
ဒီအထဲက ဇာတ်ကောင်တချို့ဟာ ကွယ်ပျောက်သွားကောင်း ကွယ်ပျောက်သွားမယ် ၊ ကျက်စားရာ
ရွေ့လျားကောင်းရွေ့ရှားသွားမယ် ၊ အချို့ဟာလည်း သဏ္ဍာန်တစ်မျိုးနဲ့ တည်ရှိနေကြကောင်း
တည်ရှိနေကြနိုင်တယ် ။ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ပုံရိပ်ကလေးတွေအကြောင်းဖတ်ပြီး
စိတ်ကူးယဉ်နိုင်ကြပါစေဗျား ။
မန်းကိုကို
၂၀ ၊ ၀၆ ၊၂၀၁၁
No comments:
Post a Comment