နိဒါန်း
အာရှဒေသ၏ သဘာဝပတ်ဝန်းကျင်သမိုင်း အခန်းကဏ္ဍသည် အတော်ပင်နုနယ်လျက် ရှိနေပါ
သေးသည် ။ ဤစာစုတွင် လူသားတို့၏လုပ်ဆောင်ချက်များမှ သဘာဝပတ်ဝန်းကျင်အပေါ် သက်
ရောက်မှုများအား တရုတ်နိုင်ငံကို စံနမူနာပြု၍ တင်ပြသွားမည်ဖြစ်ပါသည် ။ ဤတင်ပြမှုတွင် သက်
ဆိုင်ရာစာအုပ်စာတန်းစာစောင်များမှ လေ့လာတွေ့ရှိချက်များကို ကောက်နှုတ်စုစည်းသွားပါမည် ။
တရုတ်နိုင်ငံသည် ကျယ်ပြန့်သောနယ်မြေဒေသပေါ်တွင်တည်ရှိရာ စုံလင်လှသည့် သက်ရှိနှင့်
အပင်များ မှီတင်းနေကြသည့်အပြင် မြေမျက်နှာပြင်အရလည်း ရေခဲတောင်များမှစ၍ ကန္တာရနှင့်
အပူပိုင်းသစ်တောများအထိ ပါဝင်ကြလေသည် ။ ၄င်းပြင် ရှည်လျားရှေးကျသော မြို့ပြလူနေမှုနှင့်
ယဉ်ကျေးမှုကိုအခြေခံသော လူမှုစိတ်ထားများကလည်း နိုင်ငံအတွင်းရှိ လူသားနှင့်သဘာဝတို့
အကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှုများအပေါ် သက်ရောက်မှုများ ရှိနေခဲ့ပါသည် ။
၎င်း၏ကျယ်ပြန့်သောဧရိယာ ၊ ကမ္ဘာ့အများဆုံးလူဦးရေ ၊ အထက်အောက်အမိန့်ပေးလုပ်ကိုင်
သည့်စနစ် စသည်များသည် အခြားနိုင်ငံများနှင့်ကွဲပြားသည့်အနေအထားတစ်ရပ်ကို ဖန်တီးဖြစ်ပေါ်
နေစေခဲ့ပြီး ကြီးမားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေ
ရပေသည် ။
နောက်ခံ
တရုတ်နိုင်ငံဒေသဝန်းကျင်မှ လူသားများကိုခြေရာကောက်လျင် လွန်ခဲ့သောနှစ်ပေါင်းလေး
သောင်းခန့်ကနေထိုင်ခဲ့သော ရှေးဦးပီကင်းလူသားအထိပင် တွေ့ရှိနိုင်ပေသည် ။ ဒေသတွင်း
ပထမဦးဆုံးသော မြို့ပြလူနေမှုထူထောင်ခဲ့ကြသူများအနေဖြင့်လည်း မြောက်ပိုင်းဒေသမှ “ရှန်း”
(Shang) ဟုခေါ် သောလူမျိုးစုနှင့် အရှေ့တောင်ပိုင်းမှ ဇောင် (Zhou) မျိုးနွယ်စုတို့ကဲ့သို့သော
ရေကြည်ရာမြက်နုရာသို့ ရွေ့ပြောင်းနေထိုင်တတ်သော လူမျိုးစုများကို (ခရစ်တော် မပေါ်မီ)
ဘီစီ ၁၇၆၀ ဝန်းကျင်ကတည်းမှ ထွက်ပေါ်လာခဲ့ကြသည်ကို မှတ်တမ်းမှတ်ရာများအရ သိရှိရ
ပေသည် ။ စိုက်ပျိုးရေးနှင့် မွေးမြူရေးများအပေါ် တဝက်တပျက်မှီခိုခဲ့ကြသည့် ထိုကဲ့သို့သောလူ
မျိုးစုများမှ တဖြည်းဖြည်းနှင့် အင်အားကောင်းလာခဲ့ကြပြီး ပြည်မအတွင်းပိုင်းများသို့ ချဲ့ထွင်လွမ်း
မိုးလာကြလေသည် ။
တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို အချိန်အားဖြင့် သုံးပိုင်းခွဲ၍
ရနိုင်ပါသည် ။ ပထမပိုင်းမှာ သမိုင်းတင်သည်မှအလယ်ခေတ် ၊ မန်ချူးမင်းဆက် နောက်ဆုံးပိုင်း
ခေတ်နှင့် ၁၉၄၉ ခုနှစ်မှစတင်သော ကွန်မြူနစ်အုပ်ချုပ်ရေးခေတ်ကာလတို့ ဖြစ်ကြပါသည် ။
ပထမဦးဆုံးသော မှတ်တမ်းတင်ထားသည့် ကြီးမားသည့်ပြောင်းလဲသက်ရောက်စေခဲ့မှုများကို
ဘီစီ ၂၂၀၅ မှ ၁၇၆၆ ခုနှစ်များအတွင်း အဦးပိုင်း စီယာမင်းဆက် (Hsia dynasty) လက်ထက်တွင်
စတင်တွေ့ရှိရသည် ။ ထိုကာလအတွင်း တရုတ်မြောက်ပိုင်း လွင်ပြင်ဒေသရေကြီးခဲ့ခြင်းများတွင်
လူအင်အားများပြားစွာဖြင့် ရေများကိုအောင်မြင်စွာဖေါက်ထုတ်နိုင်ခဲ့ပြီး သဘာဝကို အံတုတွန်းလှန်
ခဲ့ကြလေသည် ။ နောက်တစ်ခုမှာ အေဒီ ၆ ရာစုအတွင်း တရုတ်နိုင်ငံ၏အဓိကမြစ်ကြီးနှစ်ခုကို တူး
မြောင်းကွန်ယက်များဖြင့် ဆက်သွယ်ခဲ့ခြင်းဖြစ်ပေသည် ။
ထင်ရှားသောသဘာဝပတ်ဝန်းကျင်ပြောင်းလဲချက်များကို မန်ချုးမင်းဆက်နောက်ဆုံးပိုင်းတွင်
ပိုမိုတွေ့ရှိလာခဲ့ကြရသည် ။ ခေတ်မီသယ်ယူပို့ဆောင်ရေး ၊ မိုင်းလုပ်ငန်းနှင့်အခြားစက်မှုလုပ်ငန်း
များ ၊ စိုက်ပျိုးရေးကို ခေတ်မှီနည်းပညာများအသုံးပြုလုပ်ကိုင်ခြင်းနှင့် အုပ်ချုပ်သူလူတန်းစားမှ
သူတို့အကျိုးစီးပွားအတွက် သဘာဝအရင်းအမြစ်များကို အသုံးချခြင်းများတွင် အင်တိုက်အား
တိုက်ဖြစ်လာခဲ့သည် ။ ထို ၁၈ ရာစုနှောင်း ပိုင်းကာလတွင် သစ်တောများသည် အရှိန်မြှင့်ခုတ်လှဲ
ခံခဲ့ကြရပြီး ပြောင်းနှင့်ရာဘာစိုက်ပျိုးရေးအတွက် မြေရိုင်းများကိုလည်း ချဲ့ထွင်ခဲ့ကြလေသည် ။
ယနေ့အချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့လူဦးရေ၏ ၂၁% ရှိကာ ဆက်လက်၍လည်း နှစ်စဉ်
၁၂% နှုန်းဖြင့် ပွားများတိုးတက်နေပေသည် ။ ထို့ပြင် ပတ်ဝန်းကျင်ညစ်ညမ်းစေမှုနှင့် သဘာဝ
ပတ်ဝန်းကျင်ပျက်စီးစေမှုများတွင် ကမ္ဘာ့နိုင်ငံများအကြား ထိပ်တန်းမှပါဝင်ပတ်သက်နေပေသည် ။
ဘာသာအယူဝါဒနှင့် သဘာဝပတ်ဝန်းကျင်
တရုတ်နိုင်ငံဒေသတွင်းတွင် ဘာသာအယူဝါဒများ ပေါ်ပေါက်ရောက်ရှိပျံ့နှံ့ခဲ့လေရာ ယဉ်ကျေး
မှု ဓလေ့များကိုသာမက သဘာဝပတ်ဝန်းကျင်အပေါ်ထားရှိသော လူတို့၏သဘောထားများအပေါ်
တွင်ပါ ကြီးစွာသောသက်ရောက်မှုများ ရှိခဲ့လေသည် ။ ယင်းတို့အနက်မှ အဓိကကျသည်များအနေ
ဖြင့် ကွန်ဖြူးရှပ်ဝါဒ (၅၅၁-၄၇၉ ဘီစီ) ၊ တာအိုဝါဒ (ဘီစီ ၂-၃ ရာစုကြား) နှင့် အေဒီတစ်ရာစုအ
တွင်းပျံ့နှံ့လာသည့် ဗုဒ္ဒဘာသာတို့အား တွေ့ရှိရမည်ဖြစ်သည် ။
တာအိုဝါဒ (Taoism/Daoism) ကိုကြည့်လျင် လူသားများသည် သဘာဝ၏အစိတ်အပိုင်းများ
ဖြစ်သောကြောင့် သဘာဝဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး သဘာဝလောကနှင့် သဟဇာတ
ကျအောင် နေဖို့လိုသည်ဟု သွန်သင်သည်ကို တွေ့မြင်ရမည်ဖြစ်သည် ။ ကွန်ဖြူးရှပ်ဝါဒ
(Confusianism) တွင်မူ အုပ်ချုပ်သူများ၏စီမံမှုကို နာခံရမည်ဟူသော သင်ကြားချက်များက
လည်း ယနေ့အာဏာရှင်ဆန်သော အုပ်ချုပ်ရေး၏ အုတ်မြစ်ဖြစ်ခဲ့ပေသည် ။ ဗုဒ္ဒဘာသာ
(Buddhism) မှာမူ လူသားတို့၏ ခက်ခဲပင်ပန်းသောဘဝစက်ဝန်းမှ လွတ်မြောက်ဖို့ရန်အားပေး
ပြီး ရုပ်ဝတ္ထုများကိုခင်တွယ်တန်ဖိုးထားမှုနှင့် သဘာဝအား ဖျက်ဆီးအသုံးချခြင်းများကို အားမ
ပေးပါ ။
၁၉၄၉ ခုနှစ်မှစခဲ့သော ဥက္ကဋ္ဌကြီးမော်လက်ထက်တွင် ဘာသာအယူဝါဒများဖိနှိပ်ချုပ်ချယ်ခံခဲ့
ရပြီး ရိုးရာယဉ်ကျေးမှုများနှင့်လည်း ကင်းကွာလာခဲ့ကြသည် ။ တဆက်တည်းမှာပင် သဘာဝပတ်
ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုအရေးကိစ္စများသည် အရင်းရှင်လူမှုအသိုင်းဝိုင်းများတွင်သာဖြစ်တတ်ပြီး
လူသားများသည် သဘာဝအပေါ် အောင်နိုင်ဖို့ရာစွမ်းအားရှိပြီး အောင်နိုင်ဖို့ရာလည်း လုပ်သင့်
သည်ဟု ကွန်မြူနစ်ခေါင်းဆောင်များမှ ယုံကြည်ခဲ့ကြသည် ။
လူသားနှင့် သဘာဝဝန်းကျင်
စက်မှုခေတ်မရောက်မီက လူသားတို့၏ဘဝကို သဘာဝကလွမ်းမိုးထားခဲ့သော်လည်း ယနေ့
အချိန်တွင်မူ လူသားတို့၏ လုပ်ဆောင်မှုများမသက်ရောက်သော သဘာဝလုပ်ငန်းစဉ်ဟူ၍ အ
နည်းငယ်မျှသာ ရှိပေတော့သည် ။ အနောက်နိုင်ငံများ၏ လူနေမှုအဆင့်အတန်းကို မှီနိုင်ဖို့ရန်
ရည်မှန်းချက်ထားရှိသော တရုတ်နိုင်ငံသည်လည်း ဤသဘောသဘာဝမှ မလွတ်ကင်းနိုင်ပေ ။
သို့ရာတွင် စက္ကူ ၊ ယမ်း ၊ ပိုးချည် စသည်တို့ကို အဦးဆုံးတီထွင်ထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံ၏
သဘာဝနှင့်ဆိုင်သည့် သိသာသောပြောင်းလဲမှုများသည် ၁၉၄၀ လွန်ကာလမှစ၍ ပိုမိုထင်ရှားစွာ
တွေ့ကြရပေသည် ။
တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ယိုယွင်းမှုများ၏ အဓိကတရားခံနှင့်အခန်း
ကဏ္ဍအဖြစ် အစိုးရ၏ စီမံခန့်ခွဲမှုလွဲမှားခြင်းအား ညွှန်ပြနိုင်ပေသည် ။ နမူနာအနေဖြင့် ၁၉၅၈ - ၅၉
ခုနှစ်များအတွင်း သံမဏိထုတ်လုပ်နိုင်ဖို့ရန် လေ့ကျင့်မှုမရှိသော ဆင်းရဲသားများနှင့် လွန်စွာခေတ်
နောက်ကျသော နည်းလမ်းများကိုအသုံးပြုကာ ဖြစ်လာမည့်ဆိုးကျိုးများကိုလည်းထည့်မတွက်ပဲ အ
လောသုံးဆယ်ကြိုးစားခဲ့ခြင်းအား တွေ့နိုင်ပေသည် ။ တဖန် ၁၉၆၅ ခုနှစ်လွန်များတွင် ဒေသဆိုင်
ရာအစိုးရနှင့် စက်ရုံအလုပ်ရုံများက ထိရောက်မှုနှင့်ကုန်ကျများမှုကိုလစ်လျူကာ ကုန်ထုတ်လုပ်ရေး
ကို ဆိုရှယ်လစ်စီမံကိန်းများနှင့် ကိုက်ညီဖို့ရန်သာ အစွမ်းကုန်အားသွန်ခွန်စိုက်လုပ်ကိုင်ခဲ့ကြသည် ။
ဤမှသည် စွမ်းအင်များကို အလဟဿဖြုန်းတီးခြင်း ၊ ကုန်ကြမ်းများကို အစုလိုက်အပြုံလိုက် စု
ဆောင်းခြင်းနှင့် ဦးတည်ချက်မဲ့ကုန်ထုတ်လုပ်ခြင်းများဆီသို့ ဦးတည်စေခဲ့ပေသည် ။
ယနေ့အချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ကျောက်မီးသွေး၏ လေးပုံတစ်ပုံ ၊ ၂၀% သော ဓါတ်
မြေသြဇာနှင့် ပိုးသတ်ဆေး ၁၄% ကိုသုံးစွဲနေပြီး လျှပ်စစ်ဓါတ်အားဒုတိယအများဆုံးထုတ်သောနိုင်
ငံ ၊ ရေနံကို တတိယအများဆုံးအသုံးပြုသော နိုင်ငံလည်းဖြစ်သည် ။ ၄င်းပြင် အိုဇုန်းလွှာပျက်စီး
ကုန်ခန်းစေသည့် ဓါတုပစ္စည်းအများဆုံးထုတ်လုပ်အသုံးပြုနေပြီး သစ်ထွက်ပစ္စည်းအသုံးပြုမှုတွင်
လည်း ကမ္ဘာ့တတိယအဆင့်တွင် ရောက်ရှိနေလေသည် ။ ထို့တွင်သာမက စုစုပေါင်း ၂၈ % မျှ
သော အန္တရယ်ဖြစ်စေသည့် မာကျူရီထုတ်လုပ်စွန့်ပစ်မှုအတွက်လည်း တာဝန်ရှိနေပေသည် ။
တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်စေသည့်အပိုင်းများကို ခြောက်
ပိုင်း ခွဲခြားထားနိုင်သည် ။ ၄င်းတို့မှာ -
လေထု
တရုတ်နိုင်ငံ၏ လူတစ်ဦးချင်းစီအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုအချိုးအစားသည်
ကမ္ဘာပေါ်တွင် ဒုတိယလိုက်နေပြီး သက္ကရာဇ် ၁၉၈၀ မှ ၂၀၀၀ အတွင်း ၉၁% တိုးပွားခဲ့ခြင်းဖြစ်ပေ
သည် ။ ၁၉၉၈ တွင် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ကြီး ၁၀ မြို့စာရင်းတွင် တရုတ်နိုင်ငံမှ မြို့ ၅
မြို့ပါဝင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်လည်း အလားတူသောစံချိန်ကို ဆက်လက်ရရှိထားနေဆဲဖြစ်သည် ။
အကျိုးဆက်အားဖြင့် တရုတ်နိုင်ငံ၏ လေးပုံတစ်ပုံသောမြို့များပေါ် ရွာချသောမိုးများထဲတွင် ၅၀%
ခန့်သည် အက်ဆစ်မိုးများဖြစ်နေခဲ့သည် ။
(အပိုင်း -၂ သို့ ဆက်ရန်)
မန်းကိုကို
၂၀၊ ၀၄၊ ၂၀၁၁
တရုတ်နိုင်ငံက ကြောက်စရာကြီးပါလား။ အက်ဆစ်မိုးတွေရွာတာ ၅၀ ရာခိုင်နှုန်းဆိုတော့။ တော်ကြာ အဲဒီ မိုးရေတွေ မြန်မာပြည်ဘက် စီးဆင်းလာရင် ဒုက္ခ။ ဒါနဲ့ အဲဒီ အက်ဆစ်မိုးက စိုက်ပျိုးရေးတွေနှင့် ရေသတ္တ၀ါတွေကို ထိခိုက်ပျက်စီးစေနိုင်သလား မသိဘူး။
ReplyDeleteစိတ်ဝင်စားစရာတော့ အကောင်းသား။ အပိုင်းနှစ်ကို ဆက်ဖတ်မယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
စိတ်ဝင်စားတဲ့သူများ မရှိဖူးလားလို့ဗျာ ၊ လာအားပေးပြီး အသိပေးမှတ်ချက်ပါ ရေးသွားတာ ကျေးဇူးတင်ပါတယ် ။
ReplyDeleteတရုတ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ စက်မှုနိုင်ငံ တည်ထောင်ဖို့အတွက် ပေးဆပ်လိုက်တဲ့ တန်ဖိုးတွေလို့ ပြောရပါလိမ့်မယ် ။ အဲဒါကို လူသန်းပေါင်းများစွာ ခံစားနေခဲ့ကြရပြီး သားစဉ်မြေးဆက်လည်း လက်ဆင့်ကမ်းသွားကြဦးမှာ သေချာပါတယ် ။
ဒီစာထဲမှာ ရေးထားတာတွေဟာ အတိုချုပ် သဘောလောက်မို့ အထင်ရှားဆုံး အချက်လေးတွေလောက်ပဲ စုထားပေးပါတယ် ။ မိုးရေကတော့ သံလွင်မြစ် တစ်ကြောင်းပဲ မြန်မာပြည်ဖက် ရောက်စရာရှိပါတယ် ။ ဒါပေမယ့် မြစ်ကြောင်းတစ်လျှောက်က ထပ်ရောလာတဲ့ ရေပမာဏက အများစုဖြစ်လေတော့ အန္တရာယ်တော့ နည်းသွားမှာပါပဲ ။ ရေကာတာ ဆောက်တာကတော့ တစ်ကဏ္ဍပေါ့ ။
အက်ဆစ်မိုးဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေရဲ့ အကျိုးဆက်တွေထဲက တစ်ခုထဲရှိပါသေးတယ် ။ နောက်တစ်ပိုင်းမှာ “ရေ” အကြောင်း အကျဉ်းချုံး ထည့်ရေးထားတဲ့အထဲ အချို့အဝက် တွေ့ပါလိမ့်မယ် ။ ဒါ့ပြင် တရုတ်ပြဿနာ သူတို့ပြဿနာလို့ လုပ်လို့မရတာကိုလည်း ထည့်ရေးထားပါတယ် ။
ဒီစာရေးရတဲ့ အကြောင်းရင်းခံတွေထဲမှာ အခု အထူးစီးပွားရေးဇုံတွေ ဘာတွေဆိုပြီး လုပ်လာရာမှာ သူများတွေကနေ ဒုက္ခသုခစုံ ခံစားလို့ဝမှ ကိုယ့်ဆီ ဘော်လီဘော ပုတ်ပေးလိုက်မှာကို သတိပေးချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ် ။
ဒါပေမယ့် လောဘသားတွေကတော့ အာဏာနဲ့ပေါင်းပြီး လိုရာလမ်း ခင်းသွားကြမှာမို့ တားဆီးနိုင်ဖို့တော့ မျှော်လင့်ချက် သိပ်မရှိလှပါဘူး ။ globalisation ရဲ့ ဆိုးကျိုးတစ်ရပ်လို့ပဲ ပြောရမလားပဲ ။ ဆက်စပ်တာတွေကို ထပ်စုဆောင်းပြီး ရေးနိုင်အောင်လည်း ကြိုးစားပါဦးမယ် ။
ကောင်းပါတယ်
ReplyDelete