ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, April 7, 2010

မဲမထည့်ရေး လှုပ်ရှားမှု၊ (No Vote Campaign)

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

သတင်းစကားလေးတစ်ခုလည်း ဝေငှပါရစေ။

မြန်မာပြည်သူ၊ ပြည်သားတွေအဖို့ နှစ်ပေါင်းများစွာ တစ်နည်းနည်းနဲ့
စစ်အာဏာရှင်တွေရဲ့ ဒဏ်ကိုခံခဲ့ကြရရာမှာ တပ်မတော်သားတွေလည်း
အပါအဝင် ဖြစ်ပါတယ်။

လူတစ်စုရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားထက် လူအများအတွက် ရှေ့တန်းတင်
သင့်ကြပြီ ထင်ပါတယ်။

လက်နက်မရှိ၊ အာဏာမရှိ၊ အားထားရာမဲ့တဲ့ ပြည်သူတွေရဲ့ အနေထား
ကို နားလည်ပါတယ်။ ဒါပေမယ့် ရင်မဆိုင်ရင် အားလုံးရဲ့ ဒုက္ခတွေ မဆုံး
နိုင်ဘူးဆိုတာလည်း နားလည်ပေးကြရပါမယ်။

တုတ်၊ ဓါးတွေ ဆွဲစရာ မလိုပါ၊
လက်သီး လက်မောင်းတန်းပြီး အော်ဟစ်နေစရာ မလိုပါ၊
ရှေ့ထွက်ပြီးလည်း ဦးဆောင်စရာ မလိုပါ၊

အအေးချမ်းဆုံး ကိုယ့်ဘဝ ကိုယ်ဆက်သွားရင်း ကိုယ်ပိုင်တဲ့ မဲတစ်ပြားကို
မကြာခင်ဇွတ်လုပ်တော့မယ့် ရွေးကောက်ပွဲမှာ ဝင်မထည့်ရုံပါ။ အကြမ်း
မဖက်ပဲ အာဏာရှင်တွေကို ရင်ဆိုင်ကြရအောင်။

တစ်ဆင့်တက်ပြီး အမိန့်အာဏာကို မလိုက်နာတာမျိုးတွေနဲ့ အနုနည်း
ဆန့်ကျင်သွားကြလို့ ရပါသေးတယ်။ နိုင်ငံကို ပြည်သူတွေနဲ့ ဖွဲ့စည်းထား
ပါတယ်။ ပြည်သူတွေအပ်မှ ပြည်သူ့ကိုယ်စားလှယ်တွေ အာဏာရ အုပ်
ချုပ်ရိုးထုံးစံရှိတာ နှစ်ပေါင်းထောင်နဲ့ ချီခဲ့ပါပြီ။

ဒါကြောင့် (စာဖတ်သူ) ပြည်သူတွေရဲ့ စွမ်းအားကို ယုံကြည်ပါတယ်။
အားလည်းထားပါတယ်။ လူတိုင်းလုပ်နိုင်မယ်လို့ မယူဆပေမယ့် ကြိုးစား
ကြည့်ကြရအောင်လို့ နှိုးဆော်လိုက်ပါတယ်။ ပြိုင်တူတွန်းရင် ရွေ့နိုင်
ပါတယ်။

မန်းကိုကို
၀၆၊ ၀၄၊ ၂၀၁၀

1 comment:

  1. ၂၀၁၀ မှာပြုလုပ်မယ့် စစ်အစိုးရရဲ့ရွေးကောက်ပွဲကို မဲသွားမပေးပဲနေကြပြီး ပြည်သူလူထုရဲ့ဆန္ဒတွေကိုစုပေါင်းဖေါ်ထုတ်ပြလို့ပဲရပါတယ် ဒါပေမယ့် န.အ.ဖ စစ်အစိုးရကတော့ ငါ့မြင်းငါစိုင်းညောင်ကိုင်းရောက်ရောက်ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်းပြောခဲ့တဲ့စကားအတိုင်းပဲ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ရာသန်ပန်စစ်ကျွန်ဖြစ်ရေးဖွဲ့စည်းအုပ်ချုပ်ပုံ အတိုင်းပဲမဖြစ်ဖြစ်တဲ့နည်းနဲ့ပဲ သူတို့ရဲ့လမ်းပြမြေပုံခုနှစ်ချက်ပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ဆက် လက်အကောင်အထည်ဖော်သွားနိုင်ပါတယ်။
    ပြည်သူတွေအားလုံးသတိထားရမှာက တကယ်လို့ပြည်သူအများစုက န အ ဖ ရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မယုံကြည်ဘူးဆိုပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲသွားမပေးပဲနဲ့ ယဉ်ကျေးစွာနဲ့ ဆန္ဒပြပြီးနေလိုက်ကြမယ် ဆိုရင် န အ ဖ စစ်အစိုးရကို ကမ္ဘာ္ကကောမြန်မာကပါ တရားဝင်အစိုးရဆိုပြီး အတည်ပြုပေးကြမှာမဟုတ်ပါဘူး။

    ReplyDelete