ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, April 15, 2010

သွေးသွန်းတဲ့ သင်္ကြန်

ဒီကနေ့ ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ကန်တော်ကြီးနားက
သင်္ကြန်မဏ္ဍပ်တစ်ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဗုံး ပေါက်သံ

၃ ချက်ကြားလိုက်ကြပြီး လူ ၉ ယောက်သေ၊ ၆၀ ကျော် ဒဏ်ရရသွားတယ်လို့
ဆိုပါတယ်။ မပေါက်သေးတဲ့ စတုတ္ထမြောက် ဗုံးတစ်လုံးကိုလည်း တွေ့လို့ ဖယ်
ရှားခဲ့ရပြီး ဗုံးပေါက်ခဲ့တဲ့ လမ်းတလျောက်မှာ နအဖနဲ့နီးစပ်တဲ့ ကုမ္ပဏီတွေက
ထောင်ထားတဲ့ မဏ္ဍပ်တွေစီတန်းပြီး ရှိနေကြတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ
ရဲစခန်းကတော့ စုံစမ်းနေတုံးမို့ အသေးစိတ်မပြောနိုင်သလို၊ နအဖကလည်း
ဗုံးပေါက်ကြောင်းသာကြေငြာပြီး ဘယ်သူ့ကိုမှ မစွပ်စွဲသေးပါဘူး။

သွေးသွန်းတဲ့ သင်္ကြန်ကိုတော့ ကြုံဖူးရပြန်ပါပြီ။ နိုင်ငံရေးလှုပ်ရှားသူများနဲ့ လူမှု
ရေး အကျိုးဆောင်သူများလည်း မျက်ခုံးများလှုပ်နေလောက်ပါပြီ။ အတာရေ
နဲ့အတူ (တခါမှမကြားဖူးတဲ့) စည်းကမ်းရှိသောဒီမိုကရေစီစနစ်အတွက် ဆူး
ညှောင့်ခလုတ်ဖြစ်စေမယ့် သူတွေအားလုံးကို ဆေးကြောပစ်ဖို့ အခွင့်ထူးရသွား
တာမို့ နအဖအတွက်တော့ ထန်းလျက်အိုးတွေ့နေပြီလို့ပြောရမလားဘဲ။ ဒါပေ
မယ့် သူတို့ကိုယ်တိုင် ဖန်တီးလိုက်တာလားဆိုတာတော့ ဘုရားပဲသိမှာပါ။
မကြာခင်လည်း ထုံးစံအတိုင်း တစ်ဖွဲ့ဖွဲ့တော့ အလှည့်ကျမဲပေါက်ပြီး စွပ်စွဲခံရ
ပါအုံးမယ်။

ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲအဖြစ် မျက်ရည်နဲ့ သွေးတွေ ထပ်မစီးပါစေနဲ့လို့သာ
ဆုတောင်းမိပါတယ်။

- အဲခေါင်သောင့် ဘလော့မှစသိရပြီး ဗီအိုအေ၊ အယ်လ်ဂျာဇီးရာ နဲ့ ဘန်ကောက်
ပို့စ် များမှ သတင်းအရင်းအမြစ် ရယူထားပါတယ်။
- အပြည့်အစုံကို ဒေါက်တာလွဏ်းဆွေဘလော့ နဲ့ ညီလင်းစက်ဘလော့တွေမှာ
သွားကြည့်နိုင်ပါတယ်။
့http://blog.nyilynnseck.com/2010/04/bomb-blasts-infront-of-x2o-mandap.html

No comments:

Post a Comment