ငယ်စဉ် ကလေးဘဝကတည်းက တွေ့၊ ကြုံ၊ ကြား၊ သိ၊ သင်၊ မြင်ခဲ့ရတာ
တွေ ပြန်တွေးလိုက်ရင် မကုန်နိုင်လောက်အောင်ပါပဲ။
အားလုံးခြုံလိုက်ရင်တော့ အဓိကနေနဲ့မှတ်မှတ်ရရဖြစ်စရာ နည်းနည်းပဲ
ရှိပါလိမ့်မယ်။ ဒီအထဲက တွေးမိတာလေးတစ်ခုက ငယ်ငယ်တုန်းကဆို
သင်၊ မြင်လာရသမျှ အဖြူနဲ့ အမည်း၊ အပူနဲ့ အအေး၊ အကောင်းနဲ့ အဆိုး
စသည်ဖြင့် ဆန့်ကျင်ဖက်အစွန်းနှစ်ခုထဲ ရှိတယ်လို့ နားလည်ခဲ့ရတယ်။
အသက်ကလေးနည်းနည်းရလာပြီး မြန်မာပြည်ထဲအသင့်အတင့်၊ နိုင်ငံခြား
တိုင်းပြည်တွေကို အသင့်အတင့် ရောက်ပြီး၊ လူပေါင်းစုံနဲ့ တွေ့ထိဆက်ဆံ၊
အလုပ်အကိုင် အမျိုးမျိုးအဆင့်ဆင့်နဲ့ မတူညီတဲ့ ပညာရေး၊ လူမှုရေး၊ ယဉ်
ကျေးမှုနဲ့ အမြင်တွေကို ကြုံခဲ့ရပြီးတဲ့နောက်မှာတော့ ငယ်စဉ်က နားလည်
လက်ခံခဲ့မိတာတွေဟာ ရေထဲလွတ်လိုက်တဲ့ စက္ကူလှေလေးလိုပဲ ပျက်စီး
မသွားပေမယ့် မူလပုံသဏ္ဍာန်ပျောက်သွားခဲ့တော့တယ်။
အဖြူအမဲ နေရာမှာ မီးခိုးရောင်တွေကိုမြင်လာတယ်၊ အပူနဲ့အအေးကြားက
နွေးနေတာတွေကို ခံစားသိလာရတယ်၊ အမှားနဲ့အမှန်ကြားမှာ ဒင်္ဂါးပြားလေး
တစ်ချပ်လို ခွဲမရတဲ့ သဘောသဘာဝတွေကို နားလည်လာတယ်။ လူတစ်ဦး
အတွက် မှန်တာ၊ ကောင်းတယ်ထင်တာဟာ အခြားသူတစ်ဦးအတွက် ငရဲ
ဖြစ်နေတတ်တာကို မသိချင်လည်း သိလာရတော့တယ်။
အတိုချုပ်ရရင်တော့ လူတိုင်းရဲ့ ခံစားတွေ့ကြုံနေကြရတဲ့ ဆင်းရဲဒုက္ခကို
ပျောက်သွားအောင် မတတ်နိုင်ပေမယ့် သက်သာစေချင်တယ်။
ဒီဘလော့ဟာ ပထမဆုံးအုတ်မြစ်လေးသာသာပါ။
နောင်ဆိုရင်တော့ ပညာရေးဝက်ဘ်ဆိုဒ်တစ်ခုတော့ ဖြစ်နိုင်ရင် ထောင်ချင်
ပါတယ်။ ရထား၊ သိထားတာလေးတွေကို ဝေမျှဖလှယ်ပေးချင်တယ်။
ဒါပေမယ့် ကျွန်တော်လည်း လူသားတစ်ယောက်ပါပဲ။
ဘလော့ဖတ်ရင်း အားနည်းချက်တွေ၊ တစ်ဖက်သတ်ဆန်တာတွေအပါဝင်
လူသားဆန်မှု အမျိုးမျိုးကိုတွေ့ကြရမှာပါ။
ဝိုင်းဝန်းဝေဖန် ထောက်ပြကြပြီး ပိုကောင်းတဲ့လူသားတစ်ဦး ဖြစ်လာအောင်
ဖေးမကြပါလို့ .....
No comments:
Post a Comment