ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, April 7, 2010

ဘဝရဲ့ ခြေတစ်လှမ်း

မနေ့ကစပြီး စိတ်ကူးထဲပေါ်လာမိတဲ့ မဲမပေးရေး လှုပ်ရှားမှု (No Vote Campaign)
ကို စာစီပြီး လက်လှမ်းမှီသမျှ သတင်းဋ္ဌာနနဲ့ ဘလော့ခ်တွေကို ပို့ခဲ့ပါတယ်။ ဒါပေ
မယ့် ခုထိတော့ ဘယ်သူမှ လက္ခံပြီးတင်ပေးတာတော့ မတွေ့ရသေးပါဘူး။

ဒီလိုစိတ်ကူးပေါ်လာပြီး ကြိုးစားပမ်းစား အားတက်သရောလုပ်နေတာကို ဘယ်သူ
မှ အသိအမှတ်မပြုရင် လွန်ခဲ့တဲ့ ၁၀-၁၅ နှစ်လောက်ကဆိုရင်တော့ စိတ်ဓါတ်ကျ
မိမှာအမှန်ပဲ။
ခုတော့ ဘဝဆိုတာ ဒီလိုပဲဆိုတာကိုတွေးပြီး ဖြေသိမ့်နိုင်ပါတယ်။

မယ်။ အတ္တဟိတအချိန်လေး ထားအုံးမှပါပဲ။

(ခုတော့ ဟစ်တိုင်ရဲ့ “အခွင့်အလမ်း” ကဏ္ဍမှာတော့ ဖေါ်ပြထားပေးပါပြီ၊ ကိုညိုကြီး ကတော့
အရင်ဆုံး တင်ထားပေးတဲ့ ဘလော့ပါပဲ၊)


လိုရင်းပြောရရင် မြန်မာပြည်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အချိန်တိုင်းဟာ တန်ဖိုး
ရှိပါတယ်။ လှုပ်ရှားမှုတွေကို ခုကတည်းကစလုပ်ဖို့ လိုနေပါပြီ။ ခရီးသွားဖို့  ခြေ
တစ်လှမ်းကနေ စရပါတယ်။ နီးလာမှ ပြူးပြူးပြာပြာလုပ်ပြီး လွန်သွားမှ အန်အယ်ဒီ
တောင်းပန်သလိုမျိုး လုပ်ရင်တော့ မိအေး ၃-၄ ခါ နာတာထက် ဆိုးပါလိမ့်မယ်။

သတင်းဋ္ဌာနတွေရဲ့ သဘောသဘာဝအရ နာမည်ရှိသူတွေ ဘာပြောမလဲဆိုတာ
စောင့်နေတာမျိုးနဲ့ လှုပ်ရှားမှုတစ်ခု အရှိန်ရလာမှ ဝင်တွန်းပြီး ခါတော်မီ လုပ်တာ
တွေကတော့ သဘာဝပဲမို့ ဘယ်သူ့မှတော့ အပြစ်တင်စရာ မရှိပါဘူး။

(ကံ)၊ ဥာဏ်၊ ဝိရိယ သုံးပါးမှာ ဥာဏ်နဲ့ ဝိရိယ စိုက်ထုတ်ပေးဆပ်ပြီးသွားခဲ့ပါပြီ၊
ပို့လိုက်တဲ့စာကို လူတစ်ချို့ဖတ်မိလိုက်တာကိုပဲ ကျေနပ်ပါတယ်။ သူတို့ရဲ့ စိတ်ထဲ
ကို မျိုးစေ့လေးတစ်စေ့ ထည့်ပေးနိုင်လိုက်တာကိုပဲ ဂုဏ်ယူပါတယ်။

ကံ ရဲ့အကျိုးကိုတော့ စောင့်ကြည့်ရတော့မှာပဲ။

ကဲ .. (ကျောင်းကပေးတဲ့) အိမ်စာတွေလဲရှိသေးလို့ ဝိရိယ လှည့်စိုက်လိုက်ပါအုံး

No comments:

Post a Comment