ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, April 14, 2010

မင်္ဂလာ သင်္ကြန်ခါ၊

အလည်လာသူတွေအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

မြန်မာပြည်သူ၊ ပြည်သားတွေအတွက်တော့ နှစ်သစ်ကူးပြန်ပါပြီ၊
လူအတော်များများ ပျော်ကြမယ်လို့ ယုံကြည်ပါတယ်၊ တချို့လည်း ပျော်ဖို့
ကြိုးစားကြပါလိမ့်မယ်၊ မပျော်နိုင်သူတွေလည်း ဒုနဲ့ဒေးရှိကြမှာပါ။ (ယုံကြည်နိုင် လောက်တဲ့) စာရင်းဇယားနဲ့ စွက်ဖက်မှုကင်းတဲ့ ဋ္ဌာနဆိုင်ရာတွေ မပေါ်သေးတဲ့
တိုင်းပြည်မှာ နေသားကျနေတဲ့သူတွေအဖို့တော့ ဘယ်သူတွေဘယ်လိုဖြစ်ဖြစ်
သိစရာမလိုသေးပဲ တွေ့နေကြုံနေကျ နှစ်သစ်တစ်နှစ်ပဲ ဖြစ်မှာပါ။

ကိုယ်တိုင်မပျော်တတ်ပေမယ့် ပျော်တဲ့လူတွေ၊ ပျော်ချင်သူတွေကိုတော့
တကယ်ပျော်စေချင်ပါတယ်။ ရေဘောလုံးနဲ့ အပစ်ခံရတာ၊ ခွက်စောင်းခုတ်
ခံရတာ၊ မီးသတ်ပိုက်နဲ့ အဖြန်းခံရတာ၊ အရိုက်ခံရတာ၊ ဒါးထိုးခံရတာ၊ ဆေးရုံ
တက်ဖို့ ငွေမရှိတာ၊ မဏ္ဍပ်မထိုးဖို့ အတားခံရတာ၊ စည်းကမ်းရှိသော သင်္ကြန်
ဖြစ်စေရပါမယ်ဆိုပြီး ခံဝန်ကတိတွေနဲ့ ပွဲကျင်းပရတာ စတဲ့ “တာ” ပေါင်းများ
စွာ ကနေပြီးတော့လည်း ကင်းဝေးကြပါစေလို့ မပြည့်နိုင်တဲ့ဆုကို ထုံးစံအတိုင်း
တောင်းရင်းနဲ့ ၄ ရက်လောက်တော့ ကိုယ့်ရဲ့ပြူတင်းပေါက်တောင်မရှိတဲ့
ဂူသာသာ အိမ်ခန်းထဲမှာ ဧကစာရီကျင့်ရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။


မြန်မာပြည်ကြီး (အနာဂါတ်မှာ) အေးချမ်းပါစေ၊
တိုင်းရင်းသားအားလုံး (အနာဂါတ်မှာ) ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။

No comments:

Post a Comment