ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, April 10, 2010

ရင်မောရတဲ့ ခဏတာ၊

ဒီကနေ့ လုပ်စရာရှိတာလုပ်၊ ဆောင်းပါးတစ်ပုဒ်ရေးဖို့လည်း စာစီရင်း ဘလော့
တွေဆီ ရောက်သွားဖြစ်ခဲ့တယ်။ တစ်ခုဖတ်ရာက လင့်တွေအတိုင်းလိုက်ရင်း
ဆောင်းပါးနဲ့ သဘောထားလေးတစ်ချို့ကိုဖတ်မိလိုက်တာ ရင်ကိုအတော်
ကလေး လေးသွားစေတာတော့ အမှန်ပဲ။

ပထမတော့ စစ်အစိုးရကို မျက်စိစုံမှိတ်ထောက်ခံတဲ့ ဆိုဒ်တွေ၊ နောက်တော့
စစ်အစိုးရနဲ့ သဘောချင်းမတိုက်ဆိုင်သူတွေအားလုံး သိမ်းကျုံးပြီး အလွတ်
ကန်ဘောကို ဂိုးသမားမရှိပဲ အားပါးတရသွင်းနေတာတွေ၊ ဗမာမျက်ကန်း
မျိုးချစ် အရေးအသားတွေနဲ့ဆုံးသွားပါတယ်။ သေချာတာတစ်ခုကတော့ ဘယ်
တစ်ယောက်မှ ချက်ကျလက်ကျ၊ အကိုးအကားနဲ့ တင်ပြတာမျိုးမရှိတာပါပဲ။
လူငယ်တွေ မဟုတ်ရင်လည်း စစ်အစိုးရအသိုင်းအဝိုင်းထဲက ဖြစ်ဟန်တူကြ
ပါတယ်။

အဖွဲ့အစည်းစိတ်ဓါတ် (organisational mentality) ဝင်ပြီး အရှိန်ရ၊ အဆိပ်
တက်နေကြသူတွေကိုကြည့်ပြီး တရားလည်းကျမိပါတယ်။

မိဘက အစိုးရဝန်ထမ်း၊ မ.ဆ.လ အဖွဲ့ဝင် လုပ်ခဲ့ပြီး ကိုယ်တိုင်လည်း ဒီနေ့
ကြံ့ဖွတ်နဲ့ညီမယ့် တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ခေါင်း
ဆောင်သင်တန်းတွေ၊ ဘင်ခရာ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ကြက်ခြေနီ နဲ့ မီး
သတ်သင်တန်းတွေပါမကျန် ကျော်ဖြတ်ခဲ့ပြီးပြီမို့ သူတို့တွေရဲ့ စိတ်ဓါတ်ကို
အပြည့်မဟုတ်ရင်တောင် အတန်အသင့်တော့ နားလည်ပါတယ်။ တစ်ချိန်
ဒီလိုလူတွေ အပြင်ကိုကန်ထုတ်ခံရတဲ့ အချိန်မှာ အများစုဟာ တစ်ခါမှမတွေး
ဖူးတဲ့ ဘေးအမြင်တွေ အဲဒီကျမှမြင်လာပြီး မထူးတော့တဲ့ နောင်တတွေ
ရလာတတ်ပါတယ်။

အခုနေတော့ တိုင်းရင်းသားတွေအပါဝင် ပြည်သူလူထုအနေနဲ့ အသတ်ပဲခံရ
ခံရ၊ အိုးအိမ်စည်းစိမ်ပဲဆုံးရှူံးရှူံး၊ မတရားအလုပ်ခံရလို့ ကြိမ်မီးအုံးသလို ခံစား
ရတာတွေဟာ သူတို့လက် ဒါးရှတာကလေးလောက်တောင် အရေးမကြီးဖူးလို့
ထင်တတ်ကြပါတယ်။

ဒီလို လူ့ကျင့်ဝတ်၊ ဘာသာတရားတွေရဲ့အဆုံးအမနဲ့ ဝေဖန်ပိုင်းခြားတတ်တဲ့
အသိဥာဏ်တွေကို မျက်ကွယ်ပြုပြီး လူတွေရဲ့အခြေခံအကျဆုံး ဗီဇအတ္တစိတ်
ကို ဦးထိပ်ထားတဲ့သူတွေ အများစုနဲ့ တည်ဆောက်ထားတဲ့ လက်ရှိမြန်မာနိုင်ငံ
ရဲ့ အုပ်ချုပ်သူတွေကို ဆန့်ကျင်တာ မမှားနိုင်ဖူးလို့ ယုံကြည်မိတယ်။

ဒါကြောင့်လည်း ရောက်ရာနေရာကနေ ဒီလူတွေကို တစ်နိုင်တစ်ပိုင် ရင်ဆိုင်
သွားဖို့ ဆုံးဖြတ်ထားပါတယ်။ စာဖတ်သူအနေနဲ့လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်
ချနိုင်သူတစ်ယောက်လို့ ယုံကြည်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုကိုချပြီး လုပ်
လိုက်ပါ။ တစ်ချိန်မှာ ကိုယ်စိုက်တဲ့အပင်ရဲ့အသီး ကိုယ်စားရကြမှာပါ။
အောင်မြင်ကြပါစေ။

3 comments:

  1. ဆရာမန်းကိုကိုခင်ဗျား ကျုပ် ဖူ့တာမိက် ပါ ဆရာ့ဆီကို လာလည်ဖြစ်ပေမယ့် အခုမှ စာရေးဖြစ်ပါတယ် အရေးအသားတွေက အရမ်းကောင်းပါတယ် ဆိုလိုတာက ကျစ်ကျစ်လျစ်လျစ်ရှိတာကိုပါ ကျုပ်ဆီကိုလာလည်စေချင်တယ် ပြီးတော့ အားနည်းချက်လေးတွေ ထောက်ပြပေးစေချင်ပါတယ် ဘာကြောင့်လည်းဆိုတော့ ကျုပ်က အတန်းပညာမတတ်တော့ အရေးအသားနဲ့ တင်ပြပုံတွေက အားနည်းချက်ရှိတတ်လို့ပါ မျှော်နေမယ်ဗျို့။

    ReplyDelete
  2. မင်္ဂလာပါ။ နှစ်သစ်မှာ မင်္ဂလာအပါင်းနဲ့ ပြည့်စုံပါစေ။ အခုမှရောက်ဖူးပါတယ်။ ဘလော့ဂ်ကို လာလည်တာ ကျေးဇူးတင်ပါတယ်။ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ဘလော့ဂ်က C-Box မှာ ရေးထားခဲ့တာ ဘာကိုဆိုလိုလဲမသိဘူး။ ကောင်းကောင်း မဖတ်ဖြစ်သေးပေမဲ့ Skim read လုပ်ကြည့်တော့ စာအရေးအသား သိပ်ကောင်းသလို အကြောင်းအရာတွေလည်း စိတ်ဝင်စားစရာကောင်းတာတွေ့လို့ တခါတည်း link သွားလိုက်ပြီနော့်။ C-Box မထားဘူးလား။

    ReplyDelete
  3. ကိုမန်းရေ..

    ဟုတ်ပါတယ်.. နောင်တ လို့ ပြောကတည်းက နောက်ကျနေပြီလို့ ယူဆရပါတယ်.. နိုင်ငံရေး အခြေအနေနဲ့ သက်ဆိုင်တဲ့ ကိစ္စမှာမှ နောင်တက ခေတ်စားတာ မဟုတ်ပါဘူး..နိုင်ငံရေး အခြေအနေနဲ့ နွယ်ပြီး ပြောမယ် ဆိုရင်တော့လည်း ငါစွဲနဲ့ ပြောနေတဲ့ လူတွေ တနေ့ကြရင်တော့ နောင်တ ဆိုတာထက် လူတယောက်ရဲ့ ရပိုင်ခွင့်ဆိုတာနဲ့ တရားမျှတမှုဆိုတာကို ကိုယ်တိုင်ဆုံးရူံးတဲ့တနေ့ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို ပြန်လှည့်ကြည့်မိမယ်ထင်ပါတယ်..။

    မဗေဒါ

    ReplyDelete