ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, December 22, 2011

ဇယားတွေပြောတဲ့ စကားများ


     ဇယားတွေက ဘာပြောသလဲ ။
     ဟုတ်ကဲ့ ၊ ဘာမှ မပြောပါဘူး ၊ ကိုယ့်ဘာသာ အဓိပ္ပါယ်ဖေါ်ရတာပါ ။
     လုပ်ကိုင်မယ့် စီမံခန့်ခွဲမှုနဲ့ အခြေနေတစ်ခုကို နားလည်လွယ်အောင် ကြိုးစားကြတဲ့ လုပ်ငန်းစဉ်တွေ
မှာ သင့်တော်ကိုက်ညီမယ့် ကိန်းကဏန်းနဲ့ အခြေပြ စာရင်းဇယားတွေဟာ အနည်းနဲ့အများ အထောက်
ကူ ပေးနိုင်ကြလို့ ၊ အရေးပါတာတော့ အမှန်ပါပဲ ။

     ဒီပို့စ်မှာတော့ မြန်မာပြည်နဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် အရေးပါတဲ့ နိုင်ငံအချို့တွေကိုပါ လက်
လှမ်းမီသမျှ ယှဉ်တွဲဖေါ်ပြလိုက်ပါတယ် ။ စုစည်းလို့ ရတာလေးတွေကို တစ်ခုပြီးတစ်ခု ထည့်ပေးသွား
မှာဖြစ်ပြီး လိုအပ်မယ် ထင်တာလေးတွေကိုလည်း အကြံပြုနိုင်ကြပါတယ် ။ comparative politics
စာအုပ်တစ်အုပ် မြင်မိရာက ဒါတွေစုစည်းဖို့ စိတ်ကူးပေါက်လာတာပါ ။


အခြေခံ အကျဆုံးတွေထဲက မြေအကျယ်အဝန်း နှိုင်းယှဉ်ချက်ပါ ။

   မှတ်ချက်ထဲက "my world" ရဲ့ ထောက်ပြချက်အရ ၊ စတုရန်းမိုင်ကို စတုရန်းကီလိုမီတာအဖြစ် ပြောင်း
ဖတ်ပေးကြပါ ။ အမှားကိုတော့ ဒီအတိုင်းပဲ အမှတ်တရ ထားလိုက်ပါတော့မယ် ။



   လူဦးရေ နှိုင်းယှဉ်ချက်ပါ ။ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း အရေတွက်တွေဖြစ်ပြီး ၊ နိုင်ငံအလိုက် တိကျ
မှုနဲ့ ကောက်ခံမှု ၊ ခန့်မှန်းမှုတွေမှာ ကွာခြားတာတွေ ရှိပေမဲ့ အသေးစိတ် ထည့်မထားပါဘူး ။


ဖြည့်ဆည်းစရာ လိုကောင်း လိုနိုင်မယ့် ကုန်ထုတ်လုပ်မှုအား ။



ဂုဏ်ယူရခက်မယ့် စစ်အင်အား ။ စစ်တပ်နိုင်ငံ ထူထောင်တာလား ဒါမှမဟုတ် ....

     သီအိုရီတစ်ခုကတော့ - စစ်တပ်ကို ကြီးသထက်ကြီးအောင်ထူထောင် ၊ အဲဒါနဲ့ ဆက်နွယ်ပြီး
လူတိုင်းဟာ စစ်တပ်နဲ့ စီးပွားရေး လူမှုရေး နိုင်ငံရေး အားလုံးယှက်နွယ်ပြီး မကင်းနိုင်အောင်လုပ် ၊
ပညာရေးမှာ ခိုင်းလို့ရမယ့် ပညာတွေကို ပေးသင်ပြီး မေးခွန်းပြန်ထုတ်စေမယ့် ပညာရပ်နဲ့ အတွေး
ခေါ်တွေကို နှိပ်ကွပ် ၊ လူတိုင်း လောင်းကစားအပါဝင် တရားမဝင်ဘူးလို့ သတ်မှတ်ထားတွေနဲ့ မ
ကင်းနိုင်အောင် လုပ် ၊ စီးပွားရေးနဲ့ တိုးတက်ဖို့ အခွင့်လမ်းတွေကို နည်းနိုင်သမျှနည်းအောင်လုပ်ပြီး
လူတိုင်းလိုလို တစ်ဝမ်းတစ်ခါးစာထက် မပိုပဲ အလုပ်များနေကြအောင် ဆင် - ဒါမှ လူအားလုံးနီးပါး
က ဆက်စပ်မှုတွေကြောင့် ပြန်မလှန်ချင် ၊ အခွင့်အရေးနဲ့ မေးခွန်းထုတ်ရမှာတွေကို မသိ ၊ လူတိုင်း
ဟာ ဥပဒေတွေနဲ့ ညိစွန်းနေကြတယ်လို့ အသိတွေဝင် ၊ အဲဒီ တံတိုင်းအထပ်ထပ်ကို ကျော်ဖြတ်လာ
သူတွေကိုတော့ ကိုယ့်ခြံထဲဝင်လာတဲ့ သားကောင်တွေလို ဗြောင်ပဲ ရိုက်သတ်လိုက်ဖို့တို့ပဲ ဖြစ်ပါ
တယ် ။ ဒါဟာ အာဏာလောဘရှိသူ အချို့အတွက် ရိုးနေပြီဖြစ်ပေမဲ့ အလုပ်ဖြစ်နေဆဲ ဖေါ်မြူလာ
တစ်ခုဖြစ်ပြီး မြန်မာပြည်မှာ ကျင့်သုံးနေဆဲ ဖြစ်ပါတယ် ။ (ထပ်ဖြည့်ရဦးမယ် ထင်ပါတယ်) ။



     Transparency International ရဲ့၂၀၁၁ အတွက် အစီရင်ခံစာထဲက ဖြစ်ပါတယ် ။
     တိကျလွန်းလှတယ်လို့ ပြောရခက်ပေမဲ့ ၊ လားရာနဲ့ ညွှန်ကိန်းတွေကိုတော့ ငြင်းရခက်မှာပါ ။
     အခြားတစ်ဖက်မှာလည်း အကျင့်ပျက်ခြစားမှုဆိုတာ ကူးစက်ရောဂါ တစ်ခုလိုပဲ ပွားများတတ်
သလို ၊ ဥုံဖွဆိုပြီး ပျောက်တတ်တာ မဟုတ်ပါ ။ ဆေးပေးမီးယူ လုပ်ရပါတယ် ၊ ကိုယ်ခံအားကောင်း
အောင် ဖြည့်တင်းပေးရပါတယ် ။

     ခုထက်ထိ မြန်မာအပါဝင် အာရှတစ်ခွင်လုံးနီးပါးမှာတော့ ၊ အနာပေါက်ရင် ဒါးနဲ့ လှီးထုတ်ဖို့နဲ့
အနူစွဲတဲ့လက် ခုတ်ဖြတ်ပစ်ဖို့တွေလောက်ပဲ အားသန်နေကြပါသေးတယ် ။ “အူမတောင့်မှ သီလ
စောင့်နိုင်မယ်” ဆိုတဲ့ စကားပုံမျိုး ရှိပေမဲ့ ၊ နားလည်ပေးနိုင်စွမ်းနဲ့ သင်္ခန်းစာယူပြီး အသုံးချနိုင်စွမ်း
တွေ သိပ်မရှိကြသေးပါဘူး ။



     လူသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွှန်ကိန်း ဖြစ်ပါတယ် ။
     ကျန်းမာရေး ၊ ပညာရေး ၊ ဝင်ငွေ ၊ ဆင်းရဲချမ်းသာ ကွာဟမှု ၊ ဆင်းရဲမှု ညွှန်ကိန်း ၊ လိင်/ကျားမ
အချိုး ၊ လူဦးရေ ၊ သက်ရှိနှင့် သဘာဝဝန်းကျင် ရေရှည်တည်တံ့နိုင်မှု စတာတွေကို ထည့်သွင်းတွက်
ချက်ထားတာ ဖြစ်ပါတယ် ။







မှီငြမ်း
*  CIA The World Factbook
    https://www.cia.gov/library/publications/the-world-factbook/index.html
http://www.transparency.org.au/
http://www.beta.undp.org/undp/en/home.html
http://www.freedomhouse.org/template.cfm?page=1
http://csis.org/
http://www.globalfirepower.com/
http://www.indexmundi.com/
*  Cases in Comparative Politics by O'Neil P, Fields K, Share D

7 comments:

  1. ဗျို့ ပဒို.. ဆက်ရင်လဲ မြန်မြန်ဆက် ဗျာ။ ဒါပေမယ့် နောက် ဇယားတွေက ကိုယ့်ပေါင် ကို လှန်ထောင်းတော့ မဖြစ်စေနဲ့ ဗျ။ :))

    ReplyDelete
  2. ကိုအောင်(ပျူနိုင်ငံ)December 23, 2011 at 6:07 AM

    ဒို့အောက်မှာ လောရှိသေးတယ်၊ မကြောက်ပါဘူး ...း)

    ReplyDelete
  3. Area is not miles . 676573(square KM) for Myanmar.
    When I was young I learn Myanmar was 261228 sq miles now 261227 sq miles.
    As I know when they made boundery line China they had to exchange over 100 sq miles .maybe Myanmar had to give more to China.( around Shwe Li river).with India also we had to give some village. So that area may not be exect 261227 sq mile.

    ReplyDelete
  4. @ AATO
    အားလုံးရဲ့ ငယ်ထိပ်ကို ထုမယ်ဆိုရင်ကော ? :-)

    @ ကိုအောင်(ပျူနိုင်ငံ)
    ဟုတ်တယ် ကိုအောင် ၊ ဒါတောင် ကြံကြံဖန်ဖန် အာဖရိကနိုင်ငံတွေနဲ့ မြောက်ကိုရီးယားလိုနိုင်ငံတွေ မပါသေးဘူး :-)

    @ my world
    ကျေးဇူးပါ ။ မိုင်နဲ့ ကီလိုမီတာ မှားတယ်ဆိုကတည်းက စုစည်းသူရဲ့ ကြီးပြင်းခဲ့တဲ့ ဒေသနဲ့ အချိန်တွေကို ထင်ဟပ်တယ်လို့ ပြောရမယ်ထင်ပါတယ် ။ ခုခေတ်လူငယ်တွေ လက္မတို့ ၊ ပေတို့ ၊ ငါးမူးတို့ ၊ တစ်မတ်တို့ မသိကြတော့သလိုပါပဲ ၊ ကျနော်တို့လို လူတွေမှာလည်း မိုင် ၊ ပေါင် ၊ ပိဿာ စတာတွေက ခေါင်းထဲစွဲပြီး ၊ ခုလို တစ်ခါခါမှာ မှားတော့တာပါပဲ ။ ဒါပေမဲ့ အမှားဟာ အမှားတော့ အမှားပါပဲ ။

    အမှားကို မပြင်တော့ပဲ ၊ ဇယားအောက်မှာ credit ပေးပြီး ၊ မှတ်ချက်ပဲ ပေးထားလိုက်ပါမယ် ။ information အတွက်လည်း ကျေးဇူးတင်ပါတယ် ၊ နောင်ကို သတိထားမိသွားတာပေါ့ ။

    ReplyDelete
  5. good job, you should also include the area of the second largest country which is Canada.

    kkk

    ReplyDelete
  6. ကနေဒါက လူကလည်း ကနေဒါကို ပါစေချင်တော့ ထပ်ထည့်ပေးလိုက်ပါတယ် :-)

    တလက်စထဲ ဇယားအရွယ် နည်းနည်းပြင်လိုက်လို့ ပုံပိုကြည်လာမယ် ထင်ပါတယ် ။

    ReplyDelete
  7. Wow, maгvelous blоg lаyout! How long have yоu bеen blogging for?
    you mаde blogging look easy. The overall look оf your web
    sіtе iѕ wοnderful, as ωell as
    the сontеnt!
    Visit my weblog :: matchmaking millionaire

    ReplyDelete