အခုပို့စ်ဟာ လွန်ခဲ့တဲ့ ကြာသပတေးနေ့က နားထောင်ခဲ့ရတဲ့ နာမူနာပို့ချချက်တို တစ်ခုကို အခြေခံ
ရေးထားတာပါ ။ မှတ်စုတစ်ခုလို့ ဆိုကြပါစို့ ။
“ထွန်းပေါက်အရေးပါလာတဲ့ ဈေးကွက်များ” လို့ အမည်တပ်ထားပေမဲ့ Emerging Markets ကို သင့်
တော်တယ်ထင်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ် ။ လိုတယ်ထင်ရင် ထောက်ပြ ပြင်ပေးကြလို့ ရ
ပါတယ် ။
∆ ထွန်းပေါက်အရေးပါလာတဲ့ ဈေးကွက်များဆိုတာ ဘာလဲ ?
သာမန်အားဖြင့် စီးပွားရေးနဲ့ လူမှုရေး စတာတွေမှာ အလျင်အမြန် ပြောင်းလဲတိုးတက်နေတဲ့ နိုင်ငံ
တွေကို ဆိုလိုပါတယ် ။ သူတို့ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် တိုတောင်းတဲ့ နောက်ခံတွေသာ ရှိ
ကြပါတယ် ။ တစ်နည်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ သူတို့ရဲ့ စီးပွားရေးတွေကို ရည်ညွှန်းတယ်လို့လည်း
ပြောနိုင်ပါတယ် ။
∆ ဘာကြောင့် ထွန်းပေါက်အရေးပါလာတဲ့ ဈေးကွက်တွေအကြောင်း လေ့လာသင့်သလဲ ?
အနည်းဆုံး အကြောင်းရင်း (၃) ချက်တော့ ရှိပါတယ် ။
√ အနာဂါတ် အလုပ်ကိုင်တွေဟာ အဲဒီဈေးကွက်တွေမှာ ဖြစ်ပေါ်နေတာတွေကို မူတည်ပြီး ရုပ်လုံး
ပေါ်လာမှာကြောင့် ၊
√ ကြီးမားတဲ့ ငွေကြေးပမာဏတွေဟာ အဲဒီဈေးကွက်တွေထဲက ထုတ်လုပ်လိုက်တဲ့ အခွင့်အလမ်း
တွေထဲမှာ ရှိနေမှာကြောင့် ၊ (ငွေတွေ အဲဒီမှာ သွားစုပုံနေမယ် ဆိုပါစို့)
√ လက်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ဝင်ငွေ ၊ နည်းပညာနဲ့ အရည်သွေးတွေမှာ လတ်တလော သာလွန်
နေပေမဲ့ ရေရှည်မှာ ရွေ့လျောသွားမှာမို့ ၊ တို့ဖြစ်ကြပါတယ် ။
∆ ထွန်းပေါက်အရေးပါလာတဲ့ ဈေးကွက်တွေထဲက ထိပ်တန်းနိုင်ငံများ ၊
နောက်အနှစ် ၄၀ အတွင်း အမြန်ဆုံးတိုးတက်လာမယ့် ဈေးကွက်/နိုင်ငံတွေထဲမှာ ထိပ်ဆုံးကပါတဲ့
၁၀ နိုင်ငံကတော့ -
(၁) အီဂျစ်
(၂) သီရိလင်္ကာ
(၃) အင်ဒိုနီးရှား
(၄) မွန်ဂိုလီးယား
(၅) ဖိလစ်ပိုင်
(၆) ဗီယက်နမ်
(၇) ဘင်္ဂလားဒေ့ရှ်
(၈) အီရတ်
(၉) အိန္ဒိယ
(၁၀) နိုက်ဂျီးရီးယား - တို့ပဲ ဖြစ်ပါတယ် ။
မထင်မှတ်တဲ့ နိုင်ငံတွေလည်း ပါလာတာကြောင့် စောဒက တက်စရာတွေ ရှိလာမှာ သေချာပါတယ် ။
နိုင်ငံတစ်ခုရဲ့ စီးပွားရေး စွမ်းဆောင်မှုကို တိုင်းတာတဲ့ နည်းလမ်းအချို့ကိုကြည့်ရင် ဒီစာရင်းကို လက်ခံ
ရတာ ပိုလွယ်လာပါလိမ့်မယ် ။
† နိုင်ငံတစ်နိုင်ငံရဲ့ စုစုပေါင်း ထုတ်ကုန်တန်ဖိုး (GDP) ၊
† စုစုပေါင်းထုတ်ကုန်တန်ဖိုး တိုးတက်မှု/နှုန်း ၊
† လူတစ်ဦးချင်း၏ ပျမ်းမျှဝင်ငွေ ၊
† ရရှိသောဝင်ငွေဖြင့် ကုန်ပစ္စည်းဝယ်ယူနိုင်သောပမာဏ ၊
† နိုင်ငံခြားအရန်ငွေ ပမာဏ - စတာတွေ ဖြစ်ပါတယ် ။
အပေါ်က ဇယားကိုကြည့်ရင် တရုတ်နိုင်ငံဟာ GDP အရ ကမ္ဘာ့ ဒုတိယအဆင့်ကို တက်လှမ်းလာတာ
မှန်ပေမဲ့ ၊ လူဦးရေနဲ့ အချိုးပြန်ချလိုက်ရင် လူတစ်ဦးချင်းရဲ့ ကုန်ထုတ်စွမ်းအားမှာ အမေရိကန် ၊ ဂျပန်တို့နဲ့
အပြတ်အသတ် ဖြစ်နေသေးတာ တွေ့ရပါမယ် ။ အပေါ်က “စံ” တွေ မြင့်တာနဲ့အမျှ နိုင်ငံတစ်နိုင်ငံရဲ့ စီး
ပွားရေးစွမ်းဆောင်မှုဟာ မြင့်မားတယ်/အောင်မြင်တယ်လို့ ဆိုရပါမယ် ။
∆ နိုင်ငံအချို့ရဲ့ စီးပွားရေးတွေဟာ ဘာကြောင့် အလျင်အမြန် ကြီးထွားလာနေရသလဲ ?
အဲဒီလို ကြီးထွားလာရတဲ့ အကြောင်းရင်းခံ အချို့ကို ကြည့်မယ်ဆိုရင် -
□ လူဦးရေ (အထူးသဖြင့် လူငယ်လူဦးရေ) ၊
□ နည်းပညာ ရယူသုံးစွဲနိုင်မှု ၊
□ အစိုးရရဲ့ စီစဉ် ပြင်ဆင် ပံ့ပိုးပေးမှု ၊
□ စွန့်ဦးတီထွင် လုပ်ငန်းတည်ထောင်ခြင်း အလေ့အထ ၊
□ နိုင်ငံခြား ရင်းနှံမြှုပ်နှံမှု ၊
□ စွမ်းအင် ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆက်သွယ်ရေး စတဲ့ စီးပွားရေးဆိုင်ရာ အခြေခံ အဆောက်
အဦများတို့ပဲ ဖြစ်ကြပါတယ် ။
∆ နမူနာ ဈေးကွက်တစ်ခု ၊
အိန္ဒိယကို ကြည့်ရအောင် ။ ဒီနိုင်ငံဟာ မနှေးအမြန် တရုတ်နိုင်ငံရဲ့ စီးပွားရေး ပမာဏကို ကျော်လွန်
သွားဖို့ ရှိတယ်လို့ ၊ တွက်ဆထားခြင်း ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ် ။
ပထမဆုံး သတိပြုမိနိုင်တာက တရုတ်နိုင်ငံရဲ့ လူဦးရေက ပိုများတဲ့အပြင် နိုင်ငံအကျယ်ဝန်းကလည်း
အိန္ဒိယနိုင်ငံက ပိုငယ်တာကို ဖြစ်ပါတယ် ။ အပေါ်က စီးပွားရေးတွေ အလျင်အမြန် ကြီးထွားလာရတဲ့
အကြောင်းရင်းတွေထဲမှာ လူဦးရေဆိုပြီးပါပါတယ် ။ မှန်ပါတယ် ။ ဒီ နှစ်နိုင်ငံအကြား မတူတဲ့ အချက်
တစ်ခုက တရုတ်နိုင်ငံဟာ အပေါ်ကပြောခဲ့တဲ့ ရှေ့အနှစ် ၄၀ မှာ အများစုက သက်ကြီးပိုင်းတွေ ဖြစ်လာ
ကြပြီး ကုန်ထုတ်စွမ်းအား လျော့လာချိန်မှာ ၊ အိန္ဒိယရဲ့ လက်ရှိအသက်ငယ်ရွယ်တဲ့ ကုန်ထုတ်စွမ်းအား
စုတွေက အရှိန်ရလာမယ့်အချိန်နဲ့ တိုက်ဆိုင်နေပါတယ် ။ ဒါ့ပြင် ကနေ့စီးပွားရေး အခင်းကျင်းဟာ အရင်
နဲ့စာရင် မတူတော့ပဲ ၊ လူသားအရင်းအမြစ်ကို အခြေခံပြီး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အချက်လက် နည်း
ပညာတွေကို အခြေခံလာတာကြောင့် အိန္ဒိယအတွက် မျက်နှာသာရစေတဲ့ အချက်တစ်ခု ဖြစ်လာပါ
တယ် ။
ကမ္ဘာမှာ ဈေးကွက်တွေ အဆင့်ဆင့် ဘယ်လိုဖွံဖြိုး တိုးတက်လာသလဲဆိုတာ ကြည့်တဲ့အခါ -
• စိုက်ပျိုးရေး (Agricultural)
• ကုန်ထုတ်လုပ်ရေး (Manufacturing)
• ဝန်ဆောင်မှု (Services)
• အချက်လက်နဲ့ နည်းပညာအသားပေး (Information Technology) အဆင့်တွေကို တွေ့ရပါမယ် ။
အိန္ဒိယဟာ စိုက်ပျိုးရေးအဆင့်ကနေ ကုန်ထုတ်လုပ်ရေးအဆင့်ကို ခုန်ကျော်ပြီး ၊ နောက်ဆုံးနှစ်ဆင့်
ဆီကို တက်လှမ်းနေတာ တွေ့ရနိုင်ပါတယ် ။ ဒါကြောင့်လည်း လိုအပ်နေတဲ့ ကုန်ထုတ်လုပ်ရေးအဆင့်
ဟာ ကနေ့တိုင် လိုအပ်ချက်တွေကို အမှီလိုက်ဖို့ ၊ ခေတ်နဲ့ညီဖို့ ကြိုးစားနေဆဲ ဆိုတာ တွေ့ရပါမယ် ။
တစ်ခါ အိန္ဒိယရဲ့ လက်ရှိ ထိပ်တန်းလုပ်ငန်းကဏ္ဍတွေကို ကြည့်ရအောင် ။
◊ ကားထုတ်လုပ်ရေး
◊ ဘဏ်လုပ်ငန်း
◊ ဖျော်ဖြေရေး
◊ ကျန်းမာရေးနှင့် ကိုယ်ကာယကြံ့ခိုင်ရေး
◊ အာမခံလုပ်ငန်း
◊ Information technology
◊ ဥပဒေဆိုင်ရာဝန်ဆောင်မှု
◊ စီမံခန့်ခွဲရေး အတိုင်ပင်ခံလုပ်ငန်း - တွေဆိုပြီး ကြီးစဉ်ငယ်လိုက် အဆင့်ဆင့်ရှိတာကို တွေ့ရပါမယ် ။
ရှေ့လာမယ့် အနာဂါတ်မှာ ဒါတွေဟာ အပေါ်ကပြောခဲ့သလို ၊ ကမ္ဘာသာမက မြန်မာကိုပါ ရိုက်ခတ်
လာမှာ ဖြစ်ပါတယ် ။
ဒီတော့ ပို့ချချက်မှာ အဆုံးသတ်အနေနဲ့ အကြံတစ်ခု တင်ပြလာတာ ရှိပါတယ် ။
ဖွံ့ဖြိုးပွားများလာနေတဲ့ လုပ်ငန်းကဏ္ဍတစ်ခုကို အသေချာ ရွေးချယ်လိုက်ပါ ။ ပြီးရင် အဲဒီကဏ္ဍအတွက်
လေ့လာသင့်ယူ သို့မဟုတ် ရင်းနှီးမြှပ်နှံလိုက်ပါ ။ ခင်ဗျားအတွက် အလုပ်ကိုင်နဲ့ ပတ်သက်လို့ဖြစ်ဖြစ် ၊ စီး
ပွားရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် အနာဂါတ်ရေးဟာ စိတ်ချရပါလိမ့်မယ် ။
၁၀ ၊ ၁၂ ၊ ၂၀၁၁
Credited to Swinburne TAFE teacher “Marcus G. Valles”
အင်ဒိုနီးရှား
ReplyDeleteဗီယက်နမ် may be next some year will be depelope but I do not think
ဘင်္ဂလားဒေ့ရှ်, အိန္ဒိယ will be develope next 200 year...they have alot of problem can not do anything in their country..
Anonymous ယူဆတာ မှားတယ်လို့ ပြောရခက်ပေမဲ့ ဘက်စုံ တွက်ချက်ထားသူတွေရဲ့ အဆိုကိုလည်း ငြင်းဆန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ဖတ်လိုရင်တော့ “http://www.businessinsider.com/fastest-growing-economies-2011-2” မှာ သွားကြည့်နိုင်ပါတယ် ။
ReplyDeleteသိထားတဲ့ အချက်အချို့ကို နည်းနည်းဖြည့်ပေးရရင်တော့ -
- လက်ရှိ တရုတ်နိုင်ငံမှာ အနောက်နိုင်ငံ လူနေမှုအဆင့်မျိုးနဲ့ စားသုံးသူပေါင်း သန်း ၁၀၀ ကျော်လောက် ရှိသလို ၊ အိန္ဒိယနိုင်ငံမှာလည်း သန်း ၂၀ ကျော်ရှိပြီး ဆက်ပြီးလည်း တိုးတက်နေပါတယ် ။
- တရုတ်နိုင်ငံရဲ့ ပျမ်းမျှအလယ်လတ် အသက်ရွယ်ဟာ ၃၅.၅ နှစ်ရှိပြီး ၊ အိန္ဒိယကတော့ ၂၆.၂ နှစ်ပဲ ရှိပါတယ် ။ အိန္ဒိယမှာ အလုပ်လုပ်နိုင်သူ အသက်ငယ်သူတွေ ပိုများတယ်ဆိုတဲ့ လက္ခဏာပါ ။ အလုပ်ကိုင် ဖန်တီးပေးဖို့ပဲ လိုတော့တာပါ ။
- တရုတ်နိုင်ငံမှာ အလုပ်ရှိသူ အရေတွက် ၈၁၅.၃ သန်းရှိပေမဲ့ ၊ အိန္ဒိယမှာတော့ ၄၇၈.၃ သန်းပဲ ရှိပါသေးတယ် ။ လူဦးရေ အချိုးနဲ့တွက်ရင် (တရုတ်နဲ့ စာရင်) နည်းနေသေးတယ်လို့ ဆိုနိုင်ပါတယ် ။ အလုပ်ကိုင် အခွင့်လမ်း အပါဝင် အခြားလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရင် အိန္ဒိယတစ်ပြည်လုံး အတိုင်းတာအနေနဲ့ တဟုန်ထိုး တိုးတက်လာနိုင်ချေ ရှိပါတယ် ။
အခြားအချက်တွေလည်း အများကြီး ရှိတာမို့ ၊ အချိန်ပေးပြီး သုတေသန မလုပ်နိုင်သေးတဲ့ ကျနော့်အဖို့ အချက်လက်တွေ စုံစုံလင်လင်နဲ့ ထောက်ပင့်တင်ပြပေးဖို့ အခက်ခဲ ရှိနေပါသေးတယ် ။ ဒါပေမဲ့ ပြဿနာတွေ ရှိတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ နိုင်ငံတိုင်းမှာ ပြဿနာတွေ ရှိကြတာပါပဲ ။ ထိုင်းနိုင်ငံမှာဆို သိသာထင်ရှားတာတွေ အများကြီး ထုတ်ပြလို့ ရသလို ၊ မလေးရှားမှာလည်း တသီတတန်းကြီးပါ ။
ဗီယက်နမ်မှာ ရင်းနှီးမြှပ်နှံမှု သွားလုပ်ခဲ့သူ ဥရောပသား တစ်ဦးကို ကြုံဖူးပါတယ် ။ အကျင့်ပျက်မှုတွေနဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ အစိုးရ ယန္တယားတွေကြောင့် မစွံပါဘူးလို့ ကြားခဲ့ရပါတယ် ။ ပုဂ္ဂလ အမြင်မှာ ဆိုးနေပေမဲ့ တစ်နိုင်ငံလုံး အတိုင်းတာအနေနဲ့ကျ တိုးတက်တဲ့ဖက်ကို ဦးတည်နေတာကတော့ ငြင်းလို့ မရနိုင်ပြန်ပါဘူး ။
အခုပို့စ်ကို တင်ပြရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံအတွက်ရော ၊ ကျနော်တို့ တစ်သီးပုဂ္ဂလတွေ အနေနဲ့ပါ အမြင်ပိုကျယ်လာပြီး အနာဂါတ်အတွက် ချိန်ဆနိုင်အောင်ပါ ။ ဒီတော့ ဆိုခဲ့သလိုပဲ ကျယ်ပြန့်များပြားတဲ့ အချက်အလက်တွေကို ထည့်တွက်ရမှာဖြစ်တာကြောင့် ဒီပို့စ်ကနေ အစလောက် ဖေါ်ပေးနိုင်ရင်ပဲ ကျေနပ်မိမှာပါပဲ ။
really interesting post..
ReplyDeletearound in 1950 people estamated to Burma after 50 year will be develope and powerful country in south east Asia...but........?
I think you need to consider with alot of other problem.
For exemple India already lost 20% of farm land because of they extend the city for living .next 40 year India population will be 2 billion and they will face alot of difficulty for food and living.
Bangladesh also the same problem with population they do not have enough farm land for food..population will be 350 millions with small country.
ဒီပို့စ်ဟာ မဟာဘွဲ့ရပြီး စီးပွားရေး အရလည်း အတန်သင့် အောင်မြင်နေတဲ့ အိန္ဒိယသား ဆရာတစ်ယောက်ရဲ့ အသက်မွေး ဝမ်းကျောင်းအဆင့် ကျောင်းသားတွေ နောင်နှစ် တက္ကသိုလ်ပညာရေးအတွက် အဆင့်သင့်ဖြစ်အောင် ပေါင်းကူး လေ့ကျင့်ပေးတဲ့ ပို့ချချက်ကို တင်ပြထားတာ ဖြစ်ပါတယ် ။
ReplyDeleteကျနော့် ကိုယ်ပိုင် အသိအမြင်အပေါ် အခြေခံပြီး ၊ အားလုံးကို ပြည့်စုံအောင် ခြုံငုံသုံးသပ် ပြဖို့ကတော့ နောင်တစ်ချိန်မှ ဖြစ်နိုင်မှာ ဖြစ်ပေမဲ့ ၊ လောလောဆယ်တော့ အချိန်လည်း ချွေတာရင်း သိသမျှ မျှဝေလိုက်ပါ့မယ် ။
၁၉၆၀ ကျော်ပိုင်းမှာ မြန်မာပြည် စီးပွားရေး နိုင်ငံရေးအရ ကျဆုံးခန်းကတော့ အားလုံးသိပြီးသားလို့ ယူဆပါတယ် ။ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ နိုင်ငံတွေဟာ အထည်ချုပ် လုပ်ငန်းတွေလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အများကြီး လက်ခံခဲ့တဲ့ နိုင်ငံတွေပါ ။ မြန်မာပြည်လို ဖွင့်လိုက် ပိတ်လိုက် မဟုတ်ပါဘူး ။ ဈေးပေါပေါနဲ့ ရနိုင်မယ့် လုပ်သားစွမ်းအားစုတွေ အလျှံပယ် ရှိနေကြပါသေးတယ် ။ မှတ်သားစရာ တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး သံနဲ့သတ္တုတွေ ပြန်ဖေါ်ထုတ်တဲ့ သင်္ဘောဟောင်းဖျက် လုပ်ငန်းစုကြီး ရှိပါတယ် ။
အိန္ဒိယကတော့ အရင်က ဥပမာ ကားသွင်းခွန်ကို ၁၅၀% လောက် ကောက်ခံရာက အခုဆိုရင် အများကြီးလျှော့ချခဲ့ပြီး အပြန်အလှန်အနေနဲ့ သူတို့ထုတ်ကုန်တွေကို နိုင်ငံတကာ ဈေးကွက်ထဲကို ဝင်ဖို့ကြိုးစားနေပါတယ် ။ ခုဆိုရင် သူတို့ဆီက Tata ကုပ္မဏီက ကမ္ဘာ့ ဈေးအတော်ဆုံးကားတွေ ထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပ ဈေးကွက်တွေမှာ အသာစီးယူ ယှဉ်ပြိုင်နေပါပြီ ။
အိန္ဒိယရဲ့ စိုက်ပျိုးမြေ ဧရိယာဟာ လက်ရှိမှာ တရုတ်ထက်တောင် ရာခိုင်နှုန်း များနေပါသေးတယ် ။ (CIA ဝက်ဆိုဒ်မှာ ယှဉ်ကြည့်နိုင်ပါတယ်) ။ တရုတ်ကတော့ မျိုးဗီဇ ပြုပြင်ထားတဲ့ ကောက်ပဲသီးနှံတွေကို အလွန်ကျွံ စိုက်ပျိုးပြီး အာဖရိကမှာလည်း အနာဂါတ် ရိက္ခာ လုံခြုံရေးအတွက် ရင်းနှီးမြှပ်နှံမှုတွေ စလုပ်နေပါတယ် ။ ဆက်စပ်ရရင် ထိုင်းနိုင်ငံမှာတောင် စိုက်ပျိုးရေးပိုင်းမှာ အာရုံစိုက် မလုပ်ခဲ့တဲ့ ဆော်ဒီအာရေဗျကနေ စိုက်ပျိုးမြေတွေ ဝယ်ယူဖို့ လွန်ခဲ့တဲ့နှစ်တွေက ကြိုးစားခဲ့တယ်လို့ သိခဲ့ရပါတယ် ။ ဆိုလိုချင်တာက စိုက်ပျိုးမြေ များတာ မများတာဟာ အဓိက မဟုတ်တော့ပဲ ၊ နိုင်ငံတစ်ခုမှာ စီမံခန့်ခွဲမှု နည်းပညာနဲ့ အခြား ကိုယ်အားသာတဲ့ ဖက်တွေမှာ အာရုံစိုက်ပြီး နိုင်ငံရဲ့ ကြွယ်ဝမှုကို မြှင့်တင်တဲ့ခေတ် ရောက်နေပြီဆိုတာ ပြောပြချင်တာပါ ။
ကျနော်သိတဲ့ အထဲမှာ ဟောင်ကောင်ဖွား ဆရာတစ်ယောက်လည်း ရှိပါတယ် ။ သူ့အဆိုအရ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ကြိုးစားရင်း ဒေါ်လာ သန်း ဆယ်ကဏန်း ရာကဏန်းကိုင် ဝင်သွားရာကနေ သောင်းကဏန်းလောက် လက်ကျန်လေးနဲ့ တပ်ခေါက်ပြန်ရတဲ့ သူ့မိတ်ဆွေတွေ ရှိဖူးတယ်လို့ ဆိုပါတယ် ။ တစ်ဆက်ထဲ မြင်ရသမျှမှာ တရုတ်ပြည်မှာ သွားရင်းနှီးမြှုပ်နှံတယ်ဆိုတဲ့ သတင်းမျိုးတွေ ရှားနေပေမဲ့ အခုပို့စ်ကို ပို့ချခဲ့တဲ့ ဆရာကတော့ တနိုင်တပိုင် အတိုင်ပင်ခံ ကုပ္မဏီလေးဖွင့်ပြီး တစ်လကို သြစတြေးလျ လုပ်ငန်းရှင်ပေါင်း ၃-၄ ယောက်လောက်ကို အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်အောင် အကူညီတွေ ပေးနေပါတယ် ။ သူ့ဆီမှာ စုဆောင်းထားတဲ့ လုပ်ငန်း အခွင့်လမ်းပေါင်း ထောင်ချီရှိတယ်လို့လည်း သိရပါတယ် ။ ဒါဟာ တစ်ယောက်ထဲရဲ့ လုပ်ဆောင်ချက်ပဲ ရှိပါသေးတယ် ။
လူသားအရင်းမြစ် အပိုင်းမှာလည်း ဒီနှစ်ပိုင်းအတွင်း ပိုသိသာလာတာက ၊ အရေတွက်များလာတဲ့ သြစတြေးလျနိုင်ငံမှာ မြင်တွေ့ရတဲ့ အိန္ဒိယနွယ်ဖွား အရေအတွက်ပါ ။ စင်္ကာပူလိုနေရာမှာ ရောနှောခိုကပ်နေကြတဲ့ အိန္ဒိယဖွား အကြောင်းတွေကို ကြားခဲ့ဖူးတာတော့ ကြာပါပြီ ။ ဒါတွေကိုကြည့်ရင် ၊ တစ်ချိန်မှာ သူတို့နိုင်ငံအတွက် အသိပညာနဲ့ အရင်းနှီးတွေ ပြန်လာစုစည်းပြီး နိုင်ငံတည်ဆောက်ရေးကို အဖက်ဖက်က ပံ့ပိုးနိုင်ကြမှာ သေချာပါတယ် ။
လက်ရှိအနေထားမှာ အိန္ဒိယဈေးကွက်ဟာ တကယ့် မျက်စိကျစရာပါ ။ အကျင့်ပျက်မှုတွေနဲ့ အခြား အဟန့်တားတွေကြောင့်သာ အရှိန်သတ်နေကြတာလို့ နားလည်ရပါတယ် ။ အိန္ဒိယမှာ မကြာခင်ကမှ ကျောင်းပြီးလာသူ မြန်မာပြည်သား တစ်ဦးရဲ့ အဆိုအရလည်း လက်ရှိတက်နေတဲ့ အစိုးရဟာ အကျင့်ပျက် ချစားမှုတွေမှာ အရင်လူတွေထက် လျော့နည်းတယ်လို့ သိရပါတယ် ။
ဒီတော့ သိထားရတဲ့ အချက်လက်တွေကို ခြုံငုံလိုက်ရင် ၊ တရုတ်နိုင်ငံထဲ မျက်ဖြူဆိုက်ရလောက်တဲ့ အပြိုင်ဆိုင်နဲ့ အိမ်ယာ ဈေးကွက်လို နေရာတွေမှာ ဈေးကွက်ပျက်ဖို့ ရင်တဖိုဖို ဖြစ်နေရချိန်မှာ ၊ အိန္ဒိယအတွက်ကတော့ အကောင်းဖက်က များနေတာ တွေ့ရပါတယ် ။
သတိရလာတာ တစ်ခုက ၊ သြစတြေးလျ အရှေ့မြောက်ပိုင်းမှာ အိန္ဒိယ ကုပ္မဏီတစ်ခုကနေ ကျောက်မီးသွေးတွင်းတွေ ဝယ်ဖို့ရှိတယ် ဆိုတာပါ ။ တဆက်ထဲ ကျောက်မီးသွေးသယ်ဖို့ မီးရထားလမ်းနဲ့ ကုန်တင်ဆိပ်ကမ်း ဆောက်ဖို့ပါ အစီစဉ်ရှိပါတယ် ။ ဒါဟာ တိုးချဲ့လာမယ့် အိန္ဒိယရဲ့ စွမ်းအင်သုံးစွဲမှု အနာဂါတ်အတွက် လုံခြုံမှု အစီစဉ်ပါ ။ စားရိတ်စကများတဲ့ သြစတြေးလျမှာမှ ဘာကြောင့် လာရင်းနှီးမြှုပ်နှံသလဲ ဆိုတာတော့ ရှည်သွားနိုင်မှာမို့ နောင်ပို့စ်တွေမှပဲ ရင်းနှီးမြှုပ်နှံမှု အကြောင်းတွေကို သီးခြား ရေးပါမယ် ။