ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, December 28, 2011

ညီအစ်ကိုတွေ စုဆုံတဲ့နေ့


   ၂၇ ၊ ၁၂ ၊ ၂၀၁၁ နေ့ ၊ မနေ့ကတော့ Melbourne မြို့နဲ့ ကီလို ၇၀ ကျော်ဝေးကွာတဲ့ Geelong မြို့
မှာ ကရင်နှစ်သစ်ကူးနေ့ကို ကျင်းပခဲ့ပါတယ် ။ မြို့ခံ ၊ အနီးပါးနယ်မှာ နေထိုင်သူတွေ ၊ ဖိတ်ထားတဲ့
အသင်းဖွဲ့စုံက တာဝန်ရှိသူတွေ ၊ ပွဲကျင်းပတဲ့ Geelong Grammar School က တာဝန်ခံဆရာတွေ ၊
မဲလ်ဘုန်းမြို့က AKO အဖွဲ့စည်းအပါဝင် ယဉ်ကျေးမှု အဖွဲ့ဝင်တွေအပြင် ကရင်နီများလည်း တူရိ
ယာအဖွဲ့တစ်ဖွဲ့နဲ့အတူ တက်ရောက်ခဲ့ကြပါတယ် ။ စုစုပေါင်း ၂၀၀ ကျော်ကျော် လာရောက်ခဲ့ကြ
ပြီး မနက် ၉ နာရီကနေ ညနေ ၂ နာရီအထိကို ကြားမှာ နေ့လည်စာစား အားလပ်ချိန်ထားပြီး ကျင်း
ပခဲ့တာ ဖြစ်ပါတယ် ။

   အောက်မှာကတော့ လက်လှမ်းမီသမျှ ရိုက်ကူးထားတဲ့ အခမ်းအနားက ဓါတ်ပုံတွေပါ ။

ပွဲကျင်းပတဲ့ Geelong Grammar School က ခန်းမ
 (ဟိုးအပေါ်ဆုံးကတော့ ဖိတ်စာပါ)


 အခမ်းနား စင်မြင့်နဲ့ သဘာပတိ အဖွဲ့ဝင်တွေပါ ။


 စုံစုံညီညီတွေ့ရတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ဧည့်သည်တွေ (အနောက်ပိုင်းက မှောင်လို့ သိပ်မပေါ်ပါ)


 အမှာစကား ပြောနေတဲ့ “တီးကနဲမီ”


 မပါမဖြစ် ဒုံးဒိုင်းဂွမ်း ၊


ကရင်နီ ရိုးရာတီးဝိုင်း ၊

 ဧည့်ဝတ်ကျေတဲ့ အကျွေးမွေး အစီစဉ် ၊


ပိုပိုလျှံလျှံ နှစ်ပန်းကန်မက စားလို့ရတဲ့ ထ္မင်းနဲ့ဟင်း ၊


 အထူးတန်းကနေ မြင်ရတဲ့ မြင်ကွင်း ၊

   စာရင်းချုပ်ရင်တော့ ပွဲကျင်းပချိန် ရှည်တာကလွဲရင် ချောချောမွေ့မွေ့ ကျင်းပနိုင်ခဲ့ကြတာကို တွေ့
ခဲ့ရပါတယ် ။ နောင်နှစ်များမှာလည်း ဒိထက်မက ဆပွားတိုးပြီး အောင်အောင်မြင်မြင် လုပ်နိုင်ကြပါစေ
လို့ ဆန္ဒပြုပေးလိုက်ပါတယ် ။

============================

   Geelong မြို့ကလေးဟာ မဲလ်ဘုန်းမြို့ရဲ့ အနောက်တောင်ဖက် ပင်လယ်ဝနားမှာ ရှိတဲ့မြို့ကလေးပါ ။
   သာယာပြီး ကိုယ်ပိုင် မော်တော်ဘုတ်တွေ အများကြီး ဆိုက်ကပ်ထားရာ ၊ Great Ocean Road လို့
ခေါ်တဲ့ အတော့်ကို ရှုခင်းလှလှတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အလည်အပတ်သွားရာ ပင်လယ်ကမ်း
ခြေလမ်းမကြီးဆီ ဆက်သွားရာ လမ်းတစ်ဝက်လောက်မှာ ရှိနေတဲ့ မြို့ကလေး တစ်မြို့ပါ ။ အဲဒီ လမ်းမ
ကြီးရဲ့ ဘေးတစ်နေရာက ပင်လယ်ကမ်းခြေမှာ Twelve Apostles လို့ခေါ်တဲ့ သဘာဝ မြေမာတောင်
ချွန်လေး ၁၂ ခု ရှိပါတယ် ။ Victoria ပြည်နယ် ၊ မဲလ်ဘုန်းကိုရောက်ရင် သွားလည်သင့်တဲ့ နေရာလေး
တစ်နေရာပါ ။




၂၈ ၊ ၁၂ ၊ ၂၀၁၁

No comments:

Post a Comment