ဘယ်လောက်သေးတဲ့ မြို့ ၊ နယ် ၊ ရွာမဆို ဂုဏ်ပုဒ်ကိုယ်စီ ခေါင်းမော့ ရင်ကော့စရာ ကိုယ်စီ
ရှိကြတာပါပဲ ။ ကျနော့်ရဲ့ မြို့ဘားအံလည်း ဘယ်လွတ်ပါ့တုန်း ။ ဒီတော့ မှတ်မိသမျှထဲက စုစည်း
ကောက်နှုတ်ပြီး ကြံဖန်ဂုဏ်ယူလိုက်ပါသဗျာ ။
(၁) မ.ဆ.လ ခေတ်တုန်းကပါ ။
ရေကြောင်းလူငယ် အဖွဲ့ဆိုတာ ကြားဖူးကောင်း ကြားဖူးကြမှာပါ ။ မြို့တိုင်း မရှိပေမဲ့ ဘားအံက
တော့ မြို့လယ်မကျတကျမှာ တမံတုတ်ပြီး ကန်/ဆည်လုပ်ထားတဲ့ ကန်သာယာဆိုတာ ရှိလေတော့
လှေလှော်ဖို့ရာ အဆင်သင့်ပေသကိုး ။ ကရင်ပြည်နယ်ရဲ့ မြို့တော်ဆိုတော့လည်း နည်းနည်းပါးပါး အ
လုပ်ပြတာမျိုး ဖြစ်ပါလိမ့်မယ် ။ အရင်ကတော့ အဲဒီနေရာတွေက လယ်ကွင်းတွေပါ ။ ထားပါတော့ ၊
အဲဒါနဲ့ အနောက်တိုင်း ခတ်လှေကလေး တစ်စီးနှစ်စီးလောက် လှော်နေကြတာတော့ တခါခါ တွေ့မိ
တစ်ချိန်မှာတော့ ဒီရေကြောင်းလူငယ်အဖွဲ့က ရန်ကုန်သွားပြီး ပြိုင်ပွဲဝင်စရာ ရှိလာခဲ့ပါတယ် ။
ကျနော့်အိမ်နီးနားချင်း မွန်ညီအစ်ကို နှစ်ယောက်လည်း ပါသွားခဲ့ပါတယ် ။ ဗလ အရမ်းမတောင့်ကြ
ပေမဲ့ အရပ်တွေက ခပ်မြင့်မြင့်တွေပေါ့ ။ များမကြာခင်မှာ အောင်ပွဲတွေနဲ့အတူ ပြန်လာကြတဲ့ သူငယ်
ချင်းတွေရဲ့ အတွေ့အကြုံလေးတွေကို ကြားခဲ့ရပြီး ဂုဏ်ယူမိပါတော့တယ် ။ လှေပြိုင်ပွဲ အမျိုးစား ၇
မျိုးရှိတာကို ပထမဆု ၆ ဆု ယူပြန်လာနိုင်ခဲ့ကြ တာကြောင့်ပါ ။
၆ ဆု ရပြီးမှ ဘာကြောင့် ရ ဆုမြောက်ကို မရခဲ့ကြသလဲလို့ မေးစရာ ရှိပါတယ် ။
ဖြစ်ပုံက ပြိုင်ပွဲမစခင်မှာ လှေတွေကို ကုန်းပေါ်မှာတင်ထားတုန်း ပဲခူးတိုင်း မြို့တစ်မြို့က လာပြိုင်
သူတွေက သူတို့လှေကို လေးထောင့်သံနဲ့ ရိုက်ဖေါက်သွားတာကြောင့်လို့ ဆိုပါတယ် ။ ပြိုင်ပွဲတွေကို
ပဲ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်လုပ်ခဲ့ရာမှာ ဘားအံအဖွဲ့ကနေ လှေထဲက ရေတွေကို ခပ်ထုတ်ချိန် မရ
သလို ၊ ပြိုင်ပွဲကော်မတီကလည်း အလေးမထားခဲ့ဖူးလို့ ဆိုပါတယ် ။
ပြိုင်ပွဲ ၆ ပွဲမြောက်တော့ လှေထဲမှာ ရေက တစ်ဝက်ကျော်နေပါပြီ ။ ဒါလည်း ပထမရလိုက်ပါသေး
တယ် ။ သတ္တမမြောက်ပွဲမှာတော့ လမ်းတစ်ဝက်မှာတင် လှေမြုပ်သွားတာကြောင့် ဘယ်လိုမှ ဆုမရ
နိုင်တော့ပဲ ရှူံးခဲ့ရပါတော့တယ်တဲ့ ။
ကျနော်တို့ နယ်သားတွေ သန်မာတာကို ဆက်စပ်ပြီး သတိရမိတာက ၊ အရင်တုန်းက တိုင်းနဲ့ပြည်
နယ် ဘော်လုံးကန်ရင် ကရင်ပြည်နယ်အသင်း ကွင်းထဲဝင်လာတဲ့အခါ လာကြည့်တဲ့သူတွေက “ကျွဲ
အုပ်ကြီးဝင်လာသလိုပဲ” ဆိုပြီး မှတ်ချက်ပေးကြတယ်လို့ စကားရှိပါတယ် ။ ဟုတ်ရင်လည်း ဟုတ်မှာ
ပေါ့ဗျာ ၊ တစ်ကောင်တစ်ကောင်က ကျွဲကြီးတွေလို လုံးနေတာကိုး ။ ကျနော်ကိုယ်တိုင် မော်လမြိုင်
တက္ကသိုလ်ထဲ နံပါတ် ၁ ကားစီးရင်း လက်တန်းကိုင်ထားတဲ့လက်တွေကို ကြည့်လိုက်တော့ ဖထီး
လေးဖြစ်တဲ့ ကိုယ့်ရဲ့လက်ဖျံက သူများထက် တစ်ဆခွဲလောက် ကြီးနေတော့သကိုး ။
==========================
(၂) မ.ဆ.လခေတ်မှာ ရှိခဲ့ဖူးတဲ့ သင်တန်းတွေထဲ ၊ လမ်းစဉ်လူငယ်ခေါင်းဆောင် မွမ်းမံသင်တန်းတွေ
မှာ ရိုင်ဖယ်သေနတ်ကို လက်တွေ့ပေးပစ်လေ့ရှိပါတယ် ။ အချက်ရေ ၁၅ ချက်ပစ်ရရာမှာ ဗဟိုမှန်ရင်
၃ မှတ် ၊ ကြားမှာမှန်ရင် ၂ မှတ်နဲ့ အပြင်စည်းမှန်ရင် ၁ မှတ် ပေးပါတယ် ။ မထိရင်တော့ ရှင်းပါတယ် ၊
သုညပေါ့ ။
ဤသို့ဤနှင် စက်ပစ်ကွင်းမှာ သွားပစ်ကြရာမှာ ဘားအံက အစ်မကြီးတစ်ယောက်လည်း ပါပါ
တယ် ။ သူဟာ အရင်လူတွေ မတတ်နိုင်ခဲ့တဲ့ စုစုပေါင်းအမှတ်ကို စံချိန်တင် ရယူနိုင်ခဲ့သူ ဖြစ်ပါ
တယ် ။ ဘာကြောင့်လဲဆိုတော့ အဲဒီ သေနတ်ပစ်ကြရာမှာ အများဆုံး ရနိုင်တဲ့အမှတ်ဟာ ၄၅ မှတ်
ထဲပါ ။ဒါပေမဲ့ ကျနော်တို့ ဘားအံသူကြီးကတော့ ဒီစံချိန်ကိုချိုးပြီး စုစုပေါင်း ၅၃ မှတ်လောက် ရခဲ့တာ
မို့ပါပဲ ။
ဘားအံသူမို့ သေနတ်ပစ် အရမ်းတော်တာလားလို့ မေးရင်တော့ ၊ မဟုတ်ပါဘူး ၊ ပစ်မှတ်တွေက
ကိုက် ၃၀၀ ရာလောက် ဝေးတာကြောင့် သိပ်မမြင်ရလို့ ဘေးကလူတွေက မှန်းသန်းပစ်ကြရင်း သူ့
ပစ်မှတ်မှာ မူလ ၁၅ ချက်ထက်ပိုပြီး ၊ အချက် ၂၀ ကျော်လောက် လာမှန်ထားလို့ပါတဲ့ ။
===========================
(၃) ၁၉၈၄-၈၅ လောက်မှာပါ ။ ဟာသပုံပြင်တွေထွက်တဲ့ ခလောက်နို့ရွာကနေပြီး သူတို့တတွေဟာ
စကားကြွယ်ရုံတင်မဟုတ်ပဲ ၊ တရွာလုံးဟာလည်း စုစုစည်းစည်း ရှိကြကြောင်း လက်တွေ့ပြခဲ့ကြပါ
တော့တယ် ။
အဲဒီအချိန်က “ခေတ်မီသူတိုင်း ပင်လယ်ငါး စားကြသည်” ဆိုတဲ့ဆောင်ပုဒ်နဲ့ ရေခဲရိုက် ပင်လယ်
ငါးတွေကို မြို့တကာ လှည့်ရောင်းနေတဲ့အချိန်ဖြစ်ပါတယ် ။ ကျနော်တို့နဲ့ မလှမ်းမကမ်း ခလောက်နို့က
တောသူဋ္ဌေးလို့ပြောနိုင်မယ့် မိသားစုကနေ ၊ ရွာကအိမ်မှာ အလှူလုပ်ဖို့ရာ ပင်လယ်ငါးသလောက်တွေ
ကို အတော်များများ ဝယ်သွားပြီး “ငါးသလောက်ပေါင်း” ပေါင်းပါတော့တယ် ။
အလှူနေ့မှာ လက်သီးဆုပ်လောက် ငါးသလောက်တုံးကြီးတွေကို ခဲလိုက်ကြတာ ၊ အတော်ကြာ
တော့ ပြဿနာ ပေါ်လာပါတော့တယ် ။ ငါးသလောက်ပေါင်းဖို့ကို ရှာလကာရည်တွေ သုံးခဲ့ရာမှာ ၊
ရွာဦးကျောင်းက ဌားလာတဲ့ ကြေးဒယ်အိုးကြီးတွေနဲ့ ကွက်တိဖြစ်သွားလို့ပါပဲ ။ ဓါတ်ပြုပြီး အစာအ
ဆိပ်သဘောမျိုး ဖြစ်သွားတယ် ဆိုကြပါစို့ ။
အဲဒီနေ့မနက်က GMC ကုန်ကားကြီးတွေရော ၊ နှစ်ထပ်ကားတွေနဲ့ပါ တစ်စီးပြီးတစ်စီး အပြည့် ပါ
လာကြတာကတော့ ခလောက်နို့ ရွာလုံးကျွတ်နီးပါးပေါ့ဗျာ ။ ဘားအံနှစ်ထပ်ဆေးရုံ တစ်ဆောင်လုံးကို
အော်ဒါ ယူထားလိုက်သလိုဖြစ်ပြီး ၊ ဖြစ်တာကလည်း ဝမ်းလျောတာဆိုတော့ ရှိတဲ့ အိမ်သာ ၉ လုံး ၊
၁၀ လုံးဟာလည်း လက်မလည်လောက်အောင်ပါပဲ ။ အိမ်သာမရောက်နိုင်ပဲ လုံချည်ပေါ်တင် ကိစ္စပြီး
ကြသူ ၊ အခြေနေဆိုးလို့ အိမ်သာနဲ့ခပ်နီးနီးမှာ ဖျာကြမ်းနဲ့ နေရာယူထားသူတွေနဲ့ မြင်ကွင်းကတော့
အမျိုးမျိုးပေါ့ ။
အလှူအိမ်က ကျနော့်သူငယ်ချင်းမကတော့ စောစောစီးစီးသက်သာပြီး နေ့လည်ကတည်းက ဆေး
ရုံက ဆင်းသွားတာကြောင့် ညပိုင်း လုပ်အားပေးလူနာစောင့် သွားလုပ်တဲ့အခါ မတွေ့ခဲ့ရတော့ပါဘူး ။
နောင်ပြန်ဆုံတိုင်း ပြောစရာ အမှတ်တရတစ်ခုဖြစ်သလို ခလောက်နို့ရွာ အနေနဲ့လည်း သမိုင်းမှာ ပုံပြင်
တွေနဲ့တင်မဟုတ်ပဲ လက်တွေ့မှတ်တမ်းပါ ကျန်ရစ်ခဲ့ပါတော့တယ် ။
=========================
ဒီလိုပဲ ကြံဖန် ဂုဏ်ယူရာမှာ ကျနော်ကိုယ်တိုင် စွမ်းဆောင် နိုင်ခဲ့တာလေးလည်း တစ်ခုရှိတာမို့ ၊
ထည့်မပြောလို့ မဖြစ်ဖူးထင်ပါတယ် ။
၁၉၈၇ ခုနှစ် မော်လမြိုင်တက္ကသိုလ် အရောက်မှာ ကျောင်းအားကစားပွဲလုပ်တော့ ၊ လူမရှိတာ
နဲ့ ကျနော်လည်း ထီပေါက်ပြီး သံလုံး သံပြားပစ် လက်ရွေးစင် ဝင်လုပ်ခဲ့ရတော့တယ် ။ ကံကောင်း
ထောက်မစွာပဲ အချို့လူတွေထက် နှာတစ်ဖျားအသာနဲ့ သံပြားပစ်မှာ တတိယဆု ယူပေးနိုင်ခဲ့ပါ
တယ် ။
ဒါပေမဲ့ ဆုယူမဲ့နေ့မှာ ဘားအံအသင်းက ကျိုက္ခမီသွားမယ်လုပ်လို့ ၊ လိုက်ချင်တာနဲ့ ရှားရှားပါး
ပါး တွေ့ရတဲ့ မော်လမြိုင်သား တစ်ယောက်ကိုပဲ ဆုအစားယူခိုင်းပြီး ပျော်ပွဲစားအဖွဲ့နဲ့ လိုက်သွားခဲ့
ပါတယ် ။
ဆုပေးတဲ့နေ့မှာ စာရင်းကြေငြာတဲ့ အခါမှာတော့ -
သံပြားပစ် ပထမဆုရ စော ...... ၊
ဒုတိယဆု စောကင်နီ ၊
တတိယဆု မန်းကိုကို ... ဆိုတဲ့အခါ လူတွေက ဟာ ... ဆုရတာက ကရင်တွေချည်းပါလား ဆိုပြီး အံ့
အားသင့်နေကြတယ် ။
ဒါနဲ့ ဆုတက်ယူကြတာပေါ့ ။
ပထမဆုအတွက် ထားဝယ်ဖက်က ထင်ပါတယ် ၊
အရပ်မြင့်မြင့် တောင့်တောင့်တင်းတင်း ကရင်ကြီးတစ်ယောက် တက်လာတယ် ၊
ဒုတိယဆုကလည်း ထောင်ထောင်မောင်းမောင်း စောကင်နီ ဆိုတာ တက်လာပြန်တယ် ။
တတိယဆုအတွက် တက်လာတဲ့လူကို ကြည့်လိုက်တော့ ...
ဟာ .. မန်းကိုကိုဆိုတာ ကုလားကြီးပါလား ... ဆိုပြီး လူတွေမှာ ပါးစပ်ကိုယ်စီ “ဟ”သွားကြတယ် ။
ဟုတ်တယ် ၊ မတတ်နိုင်ဖူးဗျာ ၊ ကိုယ့်မေဂျာမှာ ယောကျာင်္းသားတွေကလည်း ရှားရှားပါးပါးကိုးဗျ ။
ဆုယူပွဲ တက်မယ့်သူဆိုလို့ သူ့တစ်ယောက်ထဲ ရှိတာနဲ့ အကူညီတောင်းခဲ့တာလေ :D
မန်းကိုကို
၁၈ ၊ ၁၂ ၊ ၂၀၁၁
သံလုံးပြစ် ချန်ပီယံပေါ့ ...း)
ReplyDeleteဆရာမန်းကလည်း လူလေးဘာလေးသေချာကြည့်ပြီးမှ တာဝန်ပေးခဲ့တာ မဟုတ်ဘဲကိုး...
ReplyDeleteပဒိုကတော့ ဖြစ်ရမယ်...
ReplyDeleteသံပြားပါ ကိုအောင်ရယ် :-)
ReplyDeleteသံလုံးကတော့ ဆဋ္ဌမပဲ ရပါတယ် ။ ဒါပေမဲ့ ဆဋ္ဌမလည်း မေဂျာအတွက် တစ်မှတ် ရသေးတာမို့ တော်ပါသေးတယ် ။
ဆုရတာကတော့ ကံကောင်းတာလည်း ပါပါတယ် ၊ ရှေ့က ဆုရတဲ့ နှစ်ယောက်နဲ့ အပြတ်သတ်ကွာပေမဲ့ ကိုယ့်နောက်ကနှစ်ယောက်က တစ်ထွာ တစ်တောင်လောက်နဲ့ ကပ်ရှူံးသွားကြ လို့သာပေါ့ ။
လူက အသေချာ ကြည့်စရာကို မရှိတော့လို့ပါ ကိုဟန်ကြည်ရယ် ၊ နောက်ထပ် ရွေးစရာ မိန်းကလေးတွေပဲ ရှိတော့တာ :-)
မိုကန်းကန်းပဲ ဒါတွတ်ရာ ၊ ဟိုရမ်းသည်ရမ်း ဟိုမှန်းသည်မှန်းနဲ့ ဖမ်းလုပ်ပစ်လိုက်တာပေါ့ ၊ အသေးအဖွဲ မွေးပုလဲပါ :-)
ရန်ကုန်မှာဆောင်းတွင်းဓလေ့ အေးမြတဲ့ အတွေ့ လေးကို ခံစားလာရတော့ ဘားအံကဒီဇင်လာလ ဆောင်းတွင်း လေးကို သတိရမိတယ်..ဘားအံမှာဒီအချိန်မြူတွေဝေနေရောပေါ့ .....
ReplyDeleteဘားအံမှာဆောင်းတွင်းမနက်စောစော ထပြီး ဆိုင်ကယ်လိုက်စီးတာကိုပြန်တွေးမိရင်..အမြန်ဆုံးပြန်သွားချင်စိတ်တွေပေါ်လာမိတယ်...ငယ်ငယ်တုန်းကဆို .မနက်စောစောအိတ်ယာထ...ဂျာကင်စွတ် ..ခေါင်းစွတ်ကြီးဆောင်း..လက်အိတ်စွတ်..ဆိုင်ကယ်ကိုတက်ခွပြီး..ဇွဲကပင်တောင်ခြေဘက်ကိုမောင်းချသွားတာပေါ့ 
မြို့ တွင်းမှာမသိသာပေမဲ့ မြိုပြင်ဖက်ရောက်တော့ စိမ့် စိပ်ပြီးတော့ အေးလာတယ်..GTI(ယခု YTU)ဘက်ရောက့် ရင် လက်တဖက်ကို ဂျာကင်အိတ်ထဲ ထည့် လက်တဖက်နဲ့ ပဲမောင်းနိင်တော့ တယ်..
ဆောင်းနှင်းပွင့် လေးတွေမျက်နှာပေါ် လာရိုက်တာကိုခံစားရတဲ့ အရသာဟာ မမေ့နိုင်စရာတွေဘာပဲ..
ဇွဲကပင်တောင်ခြေမရောက်ခင်တောင်ကြားလေးတခုမှာ..ရှေ့ ကို မမြင်ရလောက်အောင်မြူနှင်းတွေပိတ်နေတက်ပါတယ်..ဆိုင်ကယ်မီးကြီးကိုဖွင့် ..ကလေးတယောက်လို့ ဟေး.အော်ပီးနှင်းမြူကြားဖြတ်မောင်းခဲ့ရတဲ့ အတွေ့ အ့ကြုံတွေဟာ..ကြည်နူးစရာလေးဘာ..
ဘားအံမြို့ ကို ဇွဲကပင်တောင်ခြေကနေတပတ် ပတ်ပြီး..အပြန်..ထန်းတဲလေးမှာ ထန်းရေချိုလေးသောက်ပြီး..နေထွက်တာကို ထိုင်ကြည့် ပါတယ်..တောင်ထိတ်ကနေ.ထွက်လာတဲ့ နေဟာ တောင်စွယ်..တောင်ကြား..တောတန်းလေးတလျှောက်..ရောင်ခြည်တန်းတွေနဲ့ နှင်းတွေကိုထိုးဖောက်ဝင်းလာကိုကြည့် ရင်း..ကြည်နှုးစရာဆောင်းတွင်းတနေ့ တာကိုဖြတ်သန်းခဲ့ ပါတော့တယ် ...
ရုတ်တရက် ဖတ်လိုက်တာ မဇ္ဈိမက ဆရာမ ဆောင်းနှင်းအိမ် ရေးထားတာကို ကူးပြီး လာထည့်ထားသလားလို့ မျက်စိတောင် မှားချင်ချင် ဖြစ်သွားတယ် :-)
ReplyDeleteဒါ့ပြင် ကြည်နူးစရာ အကြောင်းလေးတွေကြောင့် ဟုတ်မလိုလိုနဲ့ ဘယ်ကနေ ထန်းတဲအကြောင်းပါ ပါလာရတာတုန်း ။ (ကမော့ကစင် ဘုန်းကြီးကျောင်း မရောက်ခင်က ထန်းတဲလား ၊ ပြည်ထောင်စုကနေ ကြာအင်းဖက် အထွက်က ထန်းတဲလား) ။ အင်းလေ ၊ ဘယ်လိုပဲဖြစ်ဖြစ် ဘားအံမှာ ထန်းလျက်မထွက်အောင် တစ်တပ်တစ်အား ဝိုင်းကူခဲ့သူ တရားခံ တစ်ယောက်တော့ ပေါ်လာပြီ :-)
ငယ်စဉ်က ဖြတ်သန်းခဲ့ရတာတွေနဲ့ သတိရမိတာတွေတော့ အများကြီးပါပဲ ။ မှတ်မှတ်ရရ တစ်ခုကတော့ ရေတံခွန်ဖက် မရောက်ခင်လေးမှာ တောင်ဘေးကနေ မိသားစုနဲ့ လမ်းလျှောက်အပြန် ၊ မိုးကလည်း သည်းသည်းမဲမဲရွာ ၊ အဲဒီအချိန်မှာ တောင်နံဘေး ချုံပုတ်တွေထဲက တိမ်ခိုးတွေ ထွက်လာတာကို တအံ့တသြ တွေ့ခဲ့ဖူးတယ် ။