ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, November 27, 2010

ရင်မောတယ်၊ ရင်လေးတယ်၊



     အကြောင်းစုံ ပေါင်းဆုံလာလို့ နည်းနည်းလေး ရေးလိုက်ရပြန်တယ်။
ဒီတလော ထွက်လာတဲ့ သတင်းတွေနဲ့ အရင်သတင်းတွေကို ကြည့်တဲ့အခါ -

▲ ဒေါ်အောင်ဆန်းစုကြည် အိမ်တဝိုက် စွမ်းအားရှင်တွေ များလာတာ၊
▲ တလောက ဒေါ်စုနဲ့ ပတ်သက်လို့ လုပ်ကြံနိုင်ကြောင်း သတင်းထွက်ခဲ့တာ
▲ ဒေါ်စုရဲ့ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာခုံရုံးတင်ဖို့ မပြော/မထောက်ခံတာ၊
▲ ဒုတိယ ပင်လုံညီလာခံကိစ္စ ပေါ်လာတာ၊
▲ ဦးခင်ညွန့်ကို အိမ်ကနေ လာခေါ်သွားတဲ့ ဗီဒီယို ဆိုတာတွေကို တွေ့ရပါတယ်။

     ပထမဆုံး ဦးခင်ညွန့် နဲ့ပတ်သက်တဲ့ ဗီဒီယိုကိုကြည့်တော့ ရင်မောမိပါတယ်။
     မြန်မာပြည်မှာ နေရာတိုင်း ကိစ္စတိုင်းပါပြီး လက်စောင်းအင်မတန် ထက်ခဲ့တဲ့ အဖွဲ့ရဲ့ အကြီးအကဲ
တစ်ယောက်၊ သူ့ရဲ့ အချိန်အခါနဲ့ အလှည့်ရောက်တဲ့အခါ လာခေါ်တဲ့သူတွေကနေ ဘယ်လိုပဲ လေးလေး
စားစား ဖေးဖေးမမ လုပ်ပေမယ့် သလွန်ပေါ်က ဆင်းရတဲ့ မင်းသားကြီးရဲ့ ဟန်ပန်မျိုးဟာ ရာထူးဘယ်
လောက် ကြီးကြီးသေးသေး မတိမ်းမယိမ်းပါပဲဆိုတာ တွေ့ရတော့ တကယ်ကို သံဝေဂ ရစရာပါ။ ရှေ့
မှာလည်း လက်တွေ့ဘဝမှာ ဒီလိုအဖြစ်မျိုးတွေ အသင့်အတင့် တွေ့ခဲ့ဖူးတယ်၊ ခုလည်း တွေ့ရပြန်ပြီ၊
နောင်လည်း တွေ့နေရမှာပါပဲ။ ဒီကြားထဲ သဘာဝကို ခပ်ကြမ်းကြမ်း လွန်ဆန်ဖို့ကြိုးစားရင်း အသက်
တွေပါ ဆုံးနိုင်တာလည်း သတိပြုစရာပါ။

     တဖက်မှာ ပြန်တွေးကြည့်ပြန်တော့ အထူးသဖြင့် လက်နက်ဆိုလို့ အပ်တစ်ချောင်းတောင် ကိုင်မ
ထားပဲ အာဏာဆိုရင်လည်း မူးလို့ရှူစရာမရှိတဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးလုပ်မယ်လို့ ထင်ရတဲ့သူ
တွေကို ဒီလိုပဲ ညအချိန်မှာ သွားခေါ်ကြတဲ့အခါ စောင့်ဖို့နေနေသာသာ ဆွဲရမ်း ရိုက်နှက် နောက်ပြန်
ကြိုးတုပ် ခေါင်းစွပ်စွပ်တာတွေနဲ့ နှိုင်းရင်ပဲ အတော်လေး ခံသာတယ်လို့ ပြောရမှာပါပဲ။ သံဝေဂပဲ ရရ
တော့မလို၊ စိတ်မကောင်းပဲ ဖြစ်ရတော့မလို စိတ်ထဲဖြစ်ရင်း ဒီနေရာမှာ သွားသတိရတာက တိုင်းရင်း
သား အဒေါ်ကြီးတွေ ပြောသလို “စစ်သားတွေဟာ မုန်းစရာကောင်းပေမယ့် ရှေ့တန်းကနေ ကျိုးကန်း
ပြီး ပြန်လာတော့လည်း ကိုယ်ချင်းစာ သနားမိတာပါပဲ” ဆိုသလိုပေါ့။ (စစ်သားတွေအတွက် ဆတ်ဆတ်
ထိမခံ ပြန်ပြောချင်သူတွေ အတွက်တော့ နောင်မှပဲ ရှင်းပါအုံးမယ်။)

      ထားတော့၊ ဒေါ်စုကနေ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာခုံရုံး တင်ဖို့မတင်ဖို့၊ ထောက်ခံဖို့
မထောက်ခံဖို့ဆိုတာကို ကြည့်ရအောင်။

     လူအတော်များများ စစ်ခေါင်းဆောင်တွေကို စိတ်စေတနာ မရှိတာနဲ့ အချို့မှာ သတ်ပစ်ချင်လောက်
အောင် မုန်းတီးနေကြတယ်ဆိုတာ လက်တွေ့ဘဝမှာ အမှန်ဖြစ်နေတာပါ။ မျက်ကွယ်ပြုလို့ မရတဲ့ ဒီ
အဖြစ်မှန်ကို မငြင်းချင်သလို တားဆီးလို့ ရနိုင်ကောင်းတဲ့ ကိစ္စမျိုး မဟုတ်ဖူးဆိုတာလည်း နားလည်ပါ
တယ်။ အထူးသဖြင့် စကားလုံးတွေနဲ့ ဖေါ်ပြလို့တောင် မလွယ်တဲ့ ဒုက္ခတွေကို တွေ့ကြုံခံစားနေခဲ့ရတဲ့
တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအတွက် ပိုလို့တောင် ကိုယ်ချင်းစာပါတယ်။

     ဒါပေမယ့် .. ဒါပေမယ့် ... လို့ စကားဦးသန်းပါရစေ။
     လက်တွေ့ကျကျ သူသူကိုယ်ကိုယ်လိုပဲ စဉ်းစားကြည့်ပါ။
     မြန်မာပြည်မှာ အနိမ့်ဆုံးလို့ သဘောထားတဲ့ လမ်းဘေးခွေးတောင်မှ ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်
မှာပါ။ ခင်ဗျားတို့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ဗိုလ်ချုပ်တွေကို ကိုယ့်စိတ်ကိုယ် ဖြေနိုင်ဖို့ စိတ်သက်သာ
ရာ ထွက်ပေါက်ရှာတဲ့အနေနဲ့ ခွေးမကလို့ ဘာနဲ့နှိုင်းနှိုင်း သူတို့မှာ ဘာမှဖြစ်မသွားနိုင်ပါဘူး။ “ဆင်” နဲ့
“ခြင်” ဆိုတာ အသံထွက် နီးစပ်ပေမယ့် အဓိပ္ပါယ်ကွာခြားသလိုပဲ လက်တွေ့ဘဝမှာလည်း လက်တွေ့
ကျမှာကို စဉ်းစားရွေးချယ် လုပ်ကိုင်ဖို့လိုတယ်လို့ သတိပေးချင်ပါတယ်။ (ဒေါသကြောင့် မမြင်နိုင်ကြတဲ့
သူတွေကို ပြောတာပါ၊ ဘယ်သူမှတော့ မညံ့ကြဘူးလို့လည်း သဘောပေါက်ပါတယ်။)

     ဒီလိုပြောတာဟာ အညံ့ခံအရှူံးပေးဖို့ တိုက်တွန်းတာ မဟုတ်ပါဘူး။
     ဆိုလိုချင်တာက လက်နက်ကိုင် တော်လှန်လိုသူတွေလည်း လုပ်စရာရှိတာ လုပ်ပါ။ တစ်ဖက်မှာ
လည်း နိုင်ငံရေးအရ ဖြေရှင်းမယ့်သူတွေကိုလည်း နေရာပေးရပါမယ်။ နိုင်ငံရေးအရ သွားရင်တော့
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာမျိုးဟာ ရှေ့တန်းက ပါလာရပါတော့မယ်။ ဒါလုပ်သူတွေကို
လည်း မရှုတ်ချကြဖို့ လိုပါတယ်။ ဘယ်နေရာမဆို ဘယ်သူမှ အပြည့်အဝ အနိုင်မရတဲ့ အလယ်အလတ်
တစ်နေရာကို ညှိနှိုင်းရယူဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒါမျိုးလုပ်နိုင်သူတွေကိုတော့ စိတ်ဓါတ်ခိုင်မာသူ
တွေလို့ အမည်တပ် တတ်ကြပါတယ်။ ခံစားချက်ကို ရှေ့တန်းတင်တာမျိုးက ခေတ်အဆက်ဆက်မှာ
လုပ်ခဲ့ပြီးကြပါပြီ၊ ဘယ်တုန်းကမှ အကောင်းဖက်ကို ဦးတည်သွားတယ်လို့ သက်သေပြစရာ မရှိပါဘူး။

     ဒုတိယ ပင်လုံညီလာခံ အဆိုပြုချက်ကို ကြည့်ရအောင်။
     တည့်တည့်ပြောရရင်တော့ လက်ခံအားပေးဖို့ ခပ်ခက်ခက်ပဲလို့ ထင်ပါတယ်။ မေးစရာ တွေးစရာ
ဆွေးနွေးစရာတွေက အတော်များပါတယ်။ ဦးတည်ချက်က ကောင်းပါတယ်။ လက်တွေ့ကျမကျ
ဆိုတာကတော့ အားလုံးဝိုင်းစဉ်းစားပေးရမယ့် ကိစ္စပါ။ ပြည်သူတွေကြား နိုင်ငံရေးအသိ ပြန့်ပွားတဲ့
အခြေအနေ စိတ်အားထက်သန်တဲ့ အနေအထားကလည်း အင်မတန်အရေးပါတယ်လို့ ယူဆပါတယ်။
တစ်နိုင်ငံလုံး ပါဝင်နိုင်ဖို့၊ အောင်မြင်ဖို့၊ အကျိုးအမြတ်ရှိဖို့ လိုတာမို့ အနည်းဆုံး ဥုံဖွမလုပ်ပဲ အချိန်ယူ
ကြပါစေလို့ပဲ ဆန္ဒပြုမိပါတယ်။ (ဘယ်သူမှတော့ ကြားမယ် မထင်ပါဘူး။)

     နောက်ဆုံးတစ်ခုကတော့ ဒေါ်စု လုံခြုံရေးပါ။
     နိုဝင်္ဘာ ၁၄ ရက် ရက်စွဲနဲ့ ဒေါ်စုကို အပြတ်ဖြောင်ဖို့ ညွှန်ကြားစာတွေ ထွက်လာပါတယ်။ (ပတ်သက်
တဲ့ သတင်းလင့်က ဒီမှာပါ - http://thawthikho.blogspot.com/2010/11/blog-post_7347.html )

     ဒီနေရာမှာ ဒီစာနဲ့ ပတ်သက်လို့ အချို့စောဒက တက်လိုသူတွေနဲ့ အစစ်အတုကိစ္စ ငြင်းနေမှာ
မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်တန်လို့ အဖြေပေါ်မှ နောင်တရတာမျိုး မဖြစ်ရအောင် ကာကွယ်ဖို့
လိုပါတယ်။ ဒီရက်ပိုင်း စွမ်းအားရှင်တွေ ဒေါ်စုအိမ်နားမှာ များလာတာဟာ အပေါ်ကသတင်းကို
အတည်ပြုနေတာနဲ့ အတူတူပါပဲ။ မပြောကောင်း မဆိုကောင်းတွေ ဖြစ်လာရင်တော့ အင်မတန့်
အင်မတန်ကို ရင်လေးစရာပါလို့ပဲ ပြောချင်ပါတယ်။

     ဒီမှာ လာဖတ်သူတွေထဲမှာ ပညာတော်သင်၊ သံရုံးနဲ့ အခြားကိစ္စဆိုင်ရာ ဝန်ထမ်းတွေကစပြီး ကျ
နော် မသိနိုင်သူတွေ အများကြီးပါနိုင်ပါတယ်။ လေးလေးနက်နက်ပြောချင်တာက လူတိုင်းမှာ တတ်
စွမ်းနိုင်တာ ရှိကြပါတယ်။ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ မဖြစ်သင့်တာကို မဖြစ်ရအောင် ကျိုး
စားတားဆီးကြပါလို့ မေတ္တာရပ်ခံပါတယ်။

     ဒေါ်စုသာ တစ်ခုခု ဖြစ်သွားရင် အပေါ်ကပြောခဲ့တဲ့ (တိုင်းရင်းသားတွေအတွက် အပါအဝင်) ကျနော့်ရဲ့
သမာသမတ်ဖြစ်အောင် ကျိုးစားထားတဲ့ စကားတွေရော အားလုံးအတွက် ရှေ့ရှုတဲ့အရေးအသားတွေ
အားလုံးကိုသာ မေ့လိုက်ကြပါ။ အဲဒီအချိန်ကျရင် အမုန်းတရားတွေကို တားဆီးနိုင်တဲ့ စွမ်းအားမရှိတဲ့
ကျနော့်လို ကြားနေလိုလို ဘာလိုလိုနဲ့ မီးခိုးရောင်လိုလိုတွေဟာ မှေးမှိန်ပျောက်သွား ပါတော့မယ်။ ငရဲ
တံခါးပွင့်ပြီး ဆိုင်သူမဆိုင်သူတွေကို လောင်ကျွမ်းပါတော့မယ်။

     ဒုတိယကမ္ဘာစစ်လို အဖြစ်တွေမှာ လူသန်းပေါင်းများစွာ အသက်တွေရင်းနှီးခဲ့ရလို့ ဒါတွေကို ကြုံခဲ့
ရတဲ့ နိုင်ငံအများစုဟာ သင်္ခန်းစာယူပြီး ထပ်မဖြစ်အောင် လုပ်လာခဲ့ကြပေမယ့် ဒီခေတ်လူတွေမှာတော့
မျက်ကန်းတစ္ဆေမကြောက် (ကိုယ်ချင်းစာ စိတ်ကင်းကင်းနဲ့) ထင်ရာစိုင်းလာကြတာမျိုးဟာ အားလုံး
အပေါ် သက်ရောက်မှုတွေ ရှိမှာကိုတော့ သတိရှိကြပါ။ မရှူနိုင် မကယ်နိုင် အနေအထားကျမှ နောင်တ
ရတာမျိုးကို ရှောင်ရှားနိုင်ဖို့ဟာ လူတိုင်း သတိထားသင့်တယ်လို့ ယုံကြည်ယူဆမိပါကြောင်း။


ရင်မောစွာဖြင့်၊
မန်းကိုကို
၂၇၊ ၁၁၊ ၂၀၁၀

4 comments:

  1. ရင်မောတယ် ရင်လေးတယ် အမှန်ပါပဲ၊
    အမေရိကန်ရဲ့ leak တွေထွက်လာတော့
    ပိုရင်လေးစရာတွေပါပဲ

    ReplyDelete
  2. အေးဗျာ ရင်မော ရင်လေးစရာတွေက အပြည့်ပါ။
    အသေးစိတ်ရေးရင် ဆန်စင်ရာ ကျဉ်ပွေ့လိုက်သလို ဖြစ်နေမှာမို့ ပေါ်လွင်တာတွေကိုပဲ ဦးစားပေး လိုက်ရတာပါ။

    wikileaks ထွက်လာတာ မြန်မာပြည်အကြောင်း ထုတ်နှုတ်ချက်တွေ မတွေ့သေးလို့ အသေအချာ မပြောနိုင်ပေမယ့် စိတ်ပျက်စရာတွေ ပါလိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်။ ဘယ်နိုင်ငံမဆို ကိုယ့်အကျိုးကို ဦးထိပ်ထားတတ်ကြတာကိုး။ ဒါပေမယ့် မျှော်လင့်ချက် ကင်းမဲ့တဲ့ တရုတ်လို နိုင်ငံမျိုးနဲ့ စာရင်တော့လည်း အများကြီးတော်ပါသေးတယ်။

    ဘယ်လိုပဲဆိုဆို ပြင်ရမှာနဲ့ စရမှာကတော့ ကိုယ်ကိုယ်တိုင်ပဲလို့ ယုံကြည်ပါတယ်ဗျာ။ လက်နဲ့ မတတ်နိုင်ပေမယ့် ခုချိန်မှာ လေ (+ စာ) နဲ့တော့ စပြီး ကျိုးစားနေတာပါပဲ။ ဝမ်းစာ ပြည့်လာတာနဲ့အမျှ အချို့ မျက်ရည်တွေကို သိမ်းပေးနိုင် လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

    ReplyDelete
  3. ပို့စ်သစ် မတင်ခင် ရုရှအကြောင်း ရေးထားတာ တစ်ခုတွေ့လို့ လင့်ထည့်ပေးလိုက်ပါတယ်။ ရေးထားတာတွေ အားလုံးကို သဘောတူတယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ရေးတဲ့သူဟာ အနည်းဆုံး ပတ်သက်ရာ အတိုအစတွေကို သိထားသူတစ်ယောက်က ရေးထားတယ်လို့တော့ သဘောပေါက်မိပါတယ်။

    http://www.karenunited.com/index.php?option=com_content&view=article&id=1114:2010-11-30-05-55-04&catid=1:news&Itemid=2

    အဲဒီအထဲက စိတ်ဝင်စားမိတာ အချို့ကတော့
    (၁) လူကြီးသားသမီးတွေ ပါမလာတာ တစ်ချက်၊
    (၂) ပညာသင် ရောက်နေသူတွေ ကျီးလန့်စာ စားပြီး ပညာသင်နေရတယ် ဆိုတာက တစ်ချက်၊
    (အားလုံးတော့ ဟုတ်မယ် မထင်ဖူး၊ ဒါပေမယ့် ရုရှရဲ့ နောက်ခံသမိုင်းနဲ့ ပင်ကိုယ်စိတ်နေ သဘောထား၊ လက်ရှိ နိုင်ငံရေးနဲ့ လူမှုဘဝ အခြေအနေတွေ သိရသလောက်နဲ့ နှိုင်းချိန်ရင် အချို့ဒေသတွေမှာ ဖြစ်နိုင်လောက်ပါတယ်။)
    (၃) နောက်ဆုံးကတော့ နျူးကလီးယား ပညာရပ်တွေ သွားသင်နေကြတာ တစ်ချက်၊
    (ဒါကို သိတာတော့ ကြာပါပြီ။ ခုမှ ရလာတဲ့ ဗဟုသုတတွေနဲ့ နှိုင်းချိန်ကြည့်တော့ မြန်မာပြည်လို ကျဉ်းကျဉ်းလေးမှာ နျူးကလီးယား မတော်တဆမှု တစ်ခုလောက် ဖြစ်ခဲ့ရင် မတွေးရဲစရာ ပါပဲ။ ဆေးပညာအတွက် ဆိုရင်တော့ အားပေးသင့်ရင် အားပေးရပါမယ်။)

    အသေးစိတ်တွေ လျှောက်ပြောရင်တော့ သိပ်ရှည်နေပါ့မယ်၊
    သေချာတာ တစ်ခုကတော့ “မင်းခယောင်္ကျားဆိုတာ ကမ်းနားသစ်ပင် လိုပါပဲ” ဆိုတဲ့ စကားကို သွားသတိရတယ်။

    စစ်တုရင် ကစားတဲ့အခါ နယ်ရုပ်ကလေးတွေဟာ ရှေ့မှာနေရတာ ဓမ္မတာပါ။ သင့်တော်တဲ့ အချိန်မှာ ထိုးကျွေးတာ ခံကြရတာပါပဲ။ အဲဒီအချိန် မရောက်ခင်တော့ “ထင်” တစ်လုံးနဲ့ ဖြစ်နေတတ်ကြတဲ့ သဘော သဘာဝလည်း ရှိနေပြန်တယ်။

    သူတပါး အစားခံရတဲ့ အခါမျိုးမှာ သြဘာပေးမိ တတ်ကြပေမယ့် ကိုယ်အစား ခံရတဲ့ အခါမှာတော့ အူနုကို ကျွဲခတ်ခံရ သလိုပါပဲ။ (ဥပမာ - သူပုန်တွေ မျိုးပြုတ်အောင် ဆော်ပြစ်လို့ ပြောပြီး၊ ကိုယ်ရာထူးပြုတ်တော့ ဒါမတရား အလုပ်ခံရတာ၊ ကိုယ့်ထက်ဆိုးတဲ့ သူတွေအများကြီး၊ သူတို့ကျတော့ ဘာမှ မလုပ်ဖူး၊ စသည်ဖြင့်ပေါ့လေ၊)

    ဒီနေရာမှာ “ကိုယ့်အပေါ် ဖြစ်စေ လုပ်စေချင်သလို သူတပါးအပေါ်လည်း ကျင့်ကြံပါ” ဆိုတဲ့ ရွှေဥပဒေသကို ကြားယောင်မိတယ်။ အဲ . . . ဒါကလည်း လူမျိုးခြား ဘာသာခြားတွေဆီက လာတဲ့ ဆိုဆုံးမ စကားပဲ၊ ခေါင်းထဲ သိပ်ပြီးထည့်မနေပါနဲ့ . . . .

    ReplyDelete
  4. မငယ်နိုင် ဘလော့မှာ စစ်အုပ်စု (military junta) ဆိုတဲ့ စကားအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးထားချက်တွေအောက်မှာ အကျဉ်းဝင်ဆွေးနွေး မိတာလေးကို ကူးလာပြီး အောက်မှာထည့်လိုက်ပါတယ်။ ကိုယ်ပြောမိတဲ့ စကားလုံးတွေကို ပြန်စုထားတယ်ပဲ ဆိုကြပါစို့။

    ----------------------------------------------------

    မငယ်နိုင်ပြောမှ ကျနော် အဘိဓါန်လှန်ကြည့်မိတယ်။
    မြန်မာပြည်နဲ့ လက်ရှိအုပ်ချုပ်နေသူတွေကို ကမ္ဘာတဝှမ်း သတင်းတွေထဲမှာ junta, regime ဆိုပြီး အသုံးများကြတာတွေ့မိတယ်။

    junta = အာဏာသိမ်း စစ်ဘက်အရာရှိများ (ဂိုဏ်း)၊
    regime = အစိုးရစနစ်၊ အစိုးရ၊ စနစ် (ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ စစ်အုပ်ချုပ်ရေး နဲ့ အကြွင်းမဲ့ အာဏာရှင် အစိုးရ စသည်ဖြင့် သုံးကြတာ တွေ့ရပါတယ်။)

    ဒီတော့ မငယ်နိုင်က “စစ်အုပ်စု” လို့နာမည်တပ်ရင် စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာစက်ကွင်းနဲ့ ကင်းလွတ်တဲ့သူတွေသာ ခေါ်နိုင်ကြတာမို့ မြန်မာပြည်တွင်းက စိတ်ထဲအရိုးစွဲ နေတတ်ကြတဲ့ အချို့သူတွေအတွက် နေမထိထိုင်မသာ ဖြစ်ချင်စရာပါပဲ။

    ဒါပေမယ့် “တပ်မတော်” ဆိုတဲ့ ဝေါဟာရကိုတော့ သမိုင်းအရ စာပေအရ အသေအချာ ရှင်းလင်းပြထားတာတော့ မတွေ့မိသေးဖူး။ ဘုရင်ခေတ်မှာ သက်ဦးဆံပိုင် ဘုရင်ကိုမြှောက်ပင့်ပြီး ကိုယ်တော်၊ ဆင်တော်၊ မြင်းတော်၊ ကျွန်တော်တွေ စသည်ဖြင့် “ရာဇ” အသုံးအနှုန်းတွေ အသုံးပြုရင်း ဘုရင့်တပ်မို့လို့ “တပ်တော်” လို့ခေါ်ရာက စစ်တိုက်ဖို့ လူတွေအတင်းအကြပ် စုရုံးတဲ့အခါ တပ်ရင်း တပ်မကြီးတွေအဖြစ် ကြီးမားလာပြီး ဒီမှာတင် တပ်မတော် ဆိုတဲ့အခေါ် ဖြစ်လာရတယ်လို့ ယူဆရတော့တာပါပဲ။ သေချာတာ တစ်ခုကတော့ ဂုဏ်တင်ခေါ်တဲ့ အခေါ်အဝေါ်တစ်ခု ဆိုတာပါပဲ။ စစ်တပ်ဟာတော့ စစ်တပ်ပါပဲ။

    နောက်တစ်ဆင့် “အစိုးရ” ဆိုတဲ့ စကားလုံးကလည်း ခက်တော့အခက်သား။ ယေဘုယျအားဖြင့် အုပ်ချုပ်ချင်လို့ တက်ပြီးအုပ်ချုပ်နေတဲ့သူတွေကို လက်ခံဖို့ မလွယ်ရတဲ့ကြားထဲ ဒီလူတွေက နေနတ်ဘုရားက ဆင်းသက်လာတဲ့သူတွေလို ကျင့်ကြံတဲ့အခါကျတော့ ထွက်ပေါက်လမ်းကို မမြင်မိပါဘူးဗျာ။

    အကျိုးအကြောင်းတွေနဲ့ သင့်တင့်အောင်ပဲပြောပြော မခံနိုင်လို့ပဲအော်အော် မထူးလှတာမို့ တခါတရံလည်း တွေးမိပါတယ်။ “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုတာဟာ အသေကြီးပါလို့။

    ReplyDelete