ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, November 26, 2010

မြင်သမျှထဲက အစိတ်သား



   မအားမလပ် ဖြစ်နေတာက မပြီးသေးတာမို့ မြင်တာလေး အချို့ကိုပဲ အတိုချုပ်လေးတွေ ရေးချ
သွားကြည့်ပါမယ်။ နောင်များမှာ အခန့်သင့်ရင်၊ လေ့လာမိတာတွေနဲ့ တိုက်ဆိုင်ရင်တော့ ရှည်ရှည်
လျားလျား ခွဲခြမ်းပြီး ရေးသွားကောင်း ရေးသွားမယ်လို့တော့ စိတ်ကူးထားပါတယ်။

   ခုတလော ရုရှကလည်း လာဖတ်သူ အသင့်အတင့်ရှိတာမို့ စာဖတ်သူ အမျိုးအစား အားလုံးအတွက်
ရေးတယ်လို့ သဘောထားလို့လည်း ရပါတယ်။ (အခြား သဘောထား မတိုက်ဆိုင်သူအချို့လည်း ကြို
ကြား လာဖတ်ကြတာပါပဲ။)

(၁) မြန်မာပြည်မှာ ဗုံးတွေ ကြိုကြားပေါက်ခဲ့တာ ခဏငြိမ်သွားပေမယ့် သံသယတွေကတော့ ရှိနေဆဲပါ။
အထူးသဖြင့် စစ်အစိုးရကိုပါ။ အမြဲတမ်း သံသယ ရှိနေတဲ့သူကို လက်ညှိုးထိုးတယ်လို့ အချို့လည်း စော
ဒက တက်ပါလိမ့်မယ်။ လက်ရှိအနေအထားကိုကြည့်ရင် ပထမ လက်ရှိ သူပုန်တွေထဲမှာ အပစ်ရပ်ထား
တာ အတော်များပါတယ်။ နောက်တစ်ခုက အပစ် မရပ်သူတွေမှာလည်း လွန်ခဲ့တဲ့ နှစ် ၃-၄၀ လောက်က
ပုံစံတွေနဲ့စာရင် ခေတ်နဲ့အညီပြောင်းလဲပြီး ကြမ်းတမ်းတဲ့ လုပ်ဆောင်မှုမျိုး၊ ပြည်သူ ထိခိုက်မှာမျိုးကို
အတော်ရှောင် လာကြတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။

   ဒီနေရာမှာ ခင်ဗျားကြီးက စစ်တပ်အကြောင်း ဘာသိလို့တုန်းလို့ အချို့လည်း စောဒက တက်စရာ
ရှိလာပါတယ်။ အသေးစိတ် မပြောလိုပေမယ့် ယေဘုယျအားဖြင့် လက်ရှိ အနည်းဆုံး ဗိုလ်မှူး အဆင့်
ရှိတဲ့ ကျောင်းနေဖက်တွေ၊ အနားယူသွားပေမယ့် လက်ရှိ ရာထူးကြီး ယူထားသူများရဲ့ အပတ်စဉ်ချင်း
မတိမ်းမယိမ်းအချို့နဲ့ ထိတွေ့ဖူးတာတွေကြောင့် “မဆလ” ခေတ်မှာ ဂျာမဏီနဲ့ အစ္စရေး စတဲ့နိုင်ငံတွေကို
ပညာတော်သင်လွှတ်ပြီး ကွန်ပြူတာနဲ့ ထောက်လှမ်းရေးအတတ်တွေ သင်ခိုင်းခဲ့တာတွေ အပါအဝင်
ကိစ္စအချို့ကို အသင့်အတင့် သိထားပါတယ်။ ကိုယ့်ဘာသာ ဗုံးဖေါက်ပြီး အကွက်ဆင်တာမျိုးလောက်
ကတော့ အကင်းပဲ ရှိသေးတယ်လို့  ပြောရမယ်ထင်ပါတယ်။ (မမြင်နိုင်သေးတဲ့ သို့မဟုတ် မျက်စိဖွင့်
မကြည့်ချင်သူ အချို့နဲ့တော့ ပြိုင်ငြင်းသွားဖို့ မရှိပါဘူး။)

(၂) အပေါ်မှာ နိုင်ငံခြား ပညာတော်သင် ကိစ္စကို စပြောမိမှတော့ ဒီကနေ့ခေတ် ပညာတော်သင်
တွေအကြောင်း နည်းနည်းတွေးကြည့်တယ်။ သေချာတာက နိုင်ငံခြားသွား ပညာသင်သူတွေရဲ့ အနာ
ဂါတ်ဟာ ယေဘုယျအားဖြင့် အခိုင်းခံဘဝနဲ့တင် အဆုံးသတ် သွားကြရတာ များတယ်ဆိုတာပါပဲ။
ဒါကိုလည်း သွေးထိုးစကားလို့ ပြောချင်ပြန်စရာ ဖြစ်နိုင်ပါတယ်။ မြန်မာပြည် စစ်တပ်ထဲမှာ ပညာတတ်၊
တိုင်းရင်းသား၊ ဗုဒ္ဒဘာသာဝင် မဟုတ်သူ စတာတွေထဲက ထိပ်တန်းရာထူးကို လွတ်လွတ်ကျွတ်ကျွတ်
အရည်အချင်းနဲ့ ရလာသူ ဘယ်နှစ်ယောက်ရှိသလဲ ဆိုတဲ့ မေးခွန်းနဲ့ စပြီး ပြန်မေးရပါမယ်။ တခါ
ဦးသန်းရွှေက ဓနု၊ ဒေါ်ကြိုင်ကြိုင်က ပအို့ဝ်၊ သူရရွှေမန်းက ကရင်စပ်၊ ဦးခင်ညွန့်က တရုတ် စသည်ဖြင့်
တစ်ဆင့်တက် လာနိုင်ပြန်ပါတယ်။

   ဒါလည်း အဖြေရှိပါတယ်။ ဥပမာ တိုင်းရင်းသား စစ်ခေါင်းဆောင် ဆိုပါစို့။ ဒီဗိုလ်ချုပ်ကို သူ့နယ် ပြန်
သွားခိုင်းပြီး သူ့နယ်သားတွေနဲ့ တိုင်းရင်းသားဘာသာစကား ပြောဖို့တိုက်တွန်းကြည့်ပါ။ သူ့နယ်သား
ကနေ ဘာပြောမလဲဆိုတာ သိပ်စိတ်ဝင်စားစရာပါ။ နောက်တစ်ဆင့် ဒီဗိုလ်ချုပ်ကို သူ့တိုင်းရင်းသား
သမိုင်းနဲ့ အထွေထွေ ဗဟုသုတတွေ မေးကြည့်လိုက်ပါ။ ဒီလူတွေဟာ အနည်းဆုံး ဗမာမှု ပြုခံထားရတဲ့၊
ဘဝမေ့နေကြတဲ့ တိုင်းရင်းသားတွေ ဖြစ်နေတာ မြင်ရမှာပါ။ (လူမျိုးရေး သွေးထိုးစကား မဟုတ်ပါ၊ ဒါ
ပေမယ့် လူအချို့ရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်က တိုင်းရင်းသားတွေအပေါ် ကြီးကြီးမားမား သက်
ရောက်မှု ရှိနေတာကို ထောက်ပြချင်တာပါ။)

   ပြန်ကောက်ရင်တော့ စစ်တပ်ထဲက (ဥပမာ ရုရှပြန်) ပညာတတ်တွေဟာ နောင်တချိန်မှာ ဘေး (မဟုတ်
ရင်လည်း အဝေး) ကနေပြီး အံတကြိတ်ကြိတ်နဲ့ ခိုင်းတာလုပ်နေရတဲ့ နောက်လိုက်ဘဝတွေ မှာနေရင်း
မျှော်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ တဖြည်းဖြည်း မှုန်ဝါးသွားတာ တွေ့ကြုံလာရဖို့ အလားအလာ အများ
ကြီးရှိပါတယ်။ မသေချာရင် ရှေ့မှာ နောင်တော် (အကိုကြီး) တွေ အများကြီးရှိပါတယ်။

   ဒါဟာလည်း သွေးထိုးတာ မဟုတ်ဖူးဆိုတာ ထပ်ရှင်းပါအုံးမယ်။ စစ်တပ်မှာ နှလုံးရည်ကို မပစ်ပယ်
ပေမယ့် (ကြိုးစားသင်ယူလို့ ဖြစ်လာတဲ့) ပညာတတ် နှလုံးရည်သမားနဲ့ (နှလုံးရည် ပင်ကိုယ်ပါလာတယ်
လို့ ကိုယ့်ကိုယ်ကို ထင်တတ်ကြတဲ့) လက်ရုံးရည်သမားတွေဟာ မတူပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရေရှည်
မှာ တိုက်ခိုက်ရေးက လက်ရုံးရည်သမားတွေ အများစုက တဖြည်းဖြည်း အထက်ရာထူးတွေ ယူသွားကြ
တာ များပါတယ်။ သူတို့အတွက်ကတော့ နှလုံးရည်ဆိုတာ ကြံရည်ဖန်ရည်ပါ (အချို့လည်း ဒါကိုကောက်
ကျစ်တတ်တဲ့ အရည်အချင်း၊ ဥာဏ်များတာလို့ ခေါ်တတ်ကြပါတယ်၊ လူအပေါ် မူတည်ပါမယ်။)

(၃) ဆက်စပ်ပြီး နောက်တစ်ခု တွေးမိပါသေးတယ်။ အမိန့်နာခံရတဲ့ စစ်တပ်ရဲ့ သဘောသဘာဝပါ။ ဒါဟာ
အမှန်တော့ တကယ်လိုအပ်တယ်ဆိုတာ လက်ခံပါတယ်။ စစ်သားတွေ အမိန့်မနာခံရင် ခက်ရချည်ရဲ့၊
စစ်တပ်ဆိုတာ သဘောသဘာဝကိုက ဒီအတိုင်းကိုး။ ဒီတော့ စစ်တပ်ကိုစွန့်ခွာပြီး နိုင်ငံရဲ့ လျို့ဝှက်ချက်
တွေကို ဖေါ်ထုတ်ခဲ့သူတွေအပေါ် တိုင်းပြည်သစ္စာဖောက်လို့ နာမည်တပ်တာမျိုးဟာလည်း သာမန်
အခြေအနေမှာ သဘာဝကျတာပါပဲ။

   သဘာဝမကျတဲ့ အပိုင်းကတော့ စစ်တပ်က နိုင်ငံကို အုပ်ချုပ်သူဖြစ်နေတာ၊ အမိန့်အာဏာနဲ့ အတင်း
အကြပ် လုပ်ကိုင်တာတွေကို စစ်တပ်ပြင်ပအထိ ယူထုတ်သွားချင်တာနဲ့ အများစုကို ဆန့်ကျင်နေမိပေမယ့်
မှန်တယ်လို့ ဆက်ထင်နေမိရလောက်အောင် အမြင်တွေ ပိတ်နေတာမျိုး စတဲ့ အခြေအနေတွေပဲ ဖြစ်ပါ
တယ်။

   စစ်တပ်ထဲက လူတစ်ယောက်အနေနဲ့ ဒါတွေကိုမြင်ဖို့ ခက်ကောင်းခက်ပါမယ်။ လွယ်ချင်ရင်တော့ သာ
မန် မြန်မာပြည်သူ ပြည်သားတစ်ယောက် ကြည့်သလို ကြိုးစားကြည့်ဖို့တော့ လိုပါလိမ့်မယ်။ ဥပမာ ဒေါ်စု
ကို ထောင်သောင်းမကတဲ့လူတွေ ဘာမှပြောစရာမလိုပဲ ထွက်ကြိုပေမယ့် ဗိုလ်ချုပ်တွေလာရင် အမိန့်နဲ့
ခိုင်းမှ လူကလေး ချောက်ချက်လောက် တွေ့ရနိုင်တာမျိုးပါ။ အမှန်တော့ ဒီစကားမျိုးက လူအများစု
သိပြီးသားပါ။ ဒါပေမယ့် လုံးဝ မသိ မမြင်မိရပါဘူး ဆိုတဲ့သူအချို့တော့ အမြဲတမ်း ရှိနေမှာပါပဲ။ အဲဒီလူ
တွေကို ကျိုးစားပြီးကြည့်ဖို့ တိုက်တွန်းချင်သလို သဘောထား မတိုက်ဆိုင်သူတွေ အနေနဲ့လည်း ကူညီ
ပြသပေးကြဖို့ လိုအပ်ပါလိမ့်မယ်။ အပြန်အလှန်အားဖြင့်လည်း သူတို့ရဲ့အမြင်နဲ့ သဘောထားတွေရဲ့ မူရင်း
ဇစ်မြစ်တွေကိုလည်း နားလည်ပေးဖို့ မဖြစ်မနေ လိုပါတယ်။ (ဒီလုပ်ရပ်မျိုးဟာ အမျိုးသား ပြန်လည်သင့်
မြတ်ရေးဆိုတဲ့ စကားလုံးကြီးကြီးရဲ့ အခြေခံ အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။)

   တဆက်ထဲ တွေးစရာ ဖြစ်လာတာက (အထူးသဖြင့်) စစ်တပ်စားရိတ်နဲ့ ပြည်ပထွက် ပညာသင်သူတွေ
ဟာ အထက်တန်းပညာတွေ သင်ယူရာမှာ အရာရာကို မျက်စိမှိတ်ယုံဖို့ ဘယ်တက္ကသိုလ်ကမှ သင်ပေးမယ်
လို့ မထင်ပါဘူး။ အဲဒီလိုယုံမယ့် ပညာတတ်တွေ မွေးထုတ်ပေးလိုက်ရင်တော့ အဲဒီတက္ကသိုလ်ဟာလည်း
စက်ရုပ်ထုတ်တဲ့ စက်ရုံတစ်ရုံသာသာပဲ ဖြစ်နေပါလိမ့်မယ်။ ရှိပြီးသား ပညာတွေကိုသင်ရင်း ချွတ်ယွင်းချက်
တွေရှာ၊ အသစ်အသစ်သော နည်းလမ်းတွေရှာဖွေဖို့ အခြေခံအုတ်မြစ်ကို ချပေးဖို့ဟာ ဒီခေတ်ပညာရေးရဲ့
သော့ချက်တစ်ခုပါ။ ဒါပေမယ့် အသင်းအဖွဲ့စိတ် ဝင်နေတဲ့သူတွေကို လွတ်လပ်တဲ့ ကိုယ်ပိုင်အတွေးအခေါ်
သုံးစွဲပြီး ကိုယ့်ဘဝကို သုံးသပ်မိကြဖို့၊ ထိုးဖေါက်တွေးခေါ်ကြဖို့ အရေးကတော့ ဆုတောင်းပေးရုံပဲ တတ်နိုင်
ပါမယ်။

   ရှည်လည်း ရှည်သွားပါပြီ။ ဒီပို့စ်ကို စစ်တပ်ရဲ့ ဝါဒဖြန့် စာသားအချို့ကို မေးခွန်းထုတ်ကြည့်ရင်းနဲ့ပဲ
အဆုံးသတ်လိုက်ပါရစေ။ အသော့ကလေး တွေးမိတာတွေမို့လို့ ပြည့်စုံမှာတော့ မဟုတ်ပါဘူး။ သဘော
ထား မတူသူတွေကို တိုက်ခိုက်တာလည်း မဟုတ်ပါဘူး။ တွေးစရာလေးအချို့ ချပြကြည့်တာပါ။

ဒို့တပ်မတော်ဟာ မျိုးချစ်တပ်မတော် - ကျောင်းသား ပြည်သူ ဝန်ထမ်း စတာတွေက မျိုးများမုန်းကြသလား၊

သစ္စာရှိသော တပ်မတော်              - ဘယ်သူ့အပေါ် သစ္စာရှိသလဲ၊ နိုင်ငံအပေါ်လား ဗိုလ်ချုပ်တွေကိုလား၊

စည်းလုံးညီညွတ်သော တပ်မတော်  - အခွင့်အရေးတွေကြောင့်လား၊ စစ်ပြေးတွေကိစ္စကကော၊

စွမ်းရည်ရှိသော တပ်မတော်          - စစ်ပွဲကြီးတွေ တိုက်ဖူးပြီလား၊

စွန့်လွတ်စွန့်စားသော တပ်မတော်   - ဘယ်လိုနေရာတွေမှာလဲ၊ ဒုက္ခခံပြီး ဒုက္ခလိုက်ပေးနေကြသလား၊

စိတ်ဓါတ်မြင့်မြတ်သော တပ်မတော် - ဘာနဲ့ သက်သေပြမလဲ၊ လူများစု လက်ခံကြရဲ့လား၊

ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်း ဦးထိပ်ပန်ဆင်သော တပ်မတော် - ဒို့တာဝန်အရေးသုံးပါးဟာ
                                                         ခုမှပေါ်လာတာလား၊ အရင်ကတည်းက ရှိခဲ့ရဲ့လား၊

မွန်မြတ်တဲ့ အစဉ်အလာတွေနဲ့ ပြည့်စုံတာကြောင့် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်ခဲ့တာဖြစ်တယ် - လက်နက်
                                                         ကိုင်ပြီး သတ်ရဲဖြတ်ရဲလို့ ရပ်တည်နေနိုင်တာလား။


ကိုယ်စိတ်ချမ်းသာသူများ ကိုယ်စိတ်ချမ်းသာနေနိုင်ကြပါစေ၊
မန်းကိုကို

4 comments:

  1. ကိုမန်းရေ..

    စဉ်းစားချက်တွေ သဘောကျ၏.. ရေးထားတာလည်း ဖတ်လို့ ကောင်းသလို..

    စဉ်းစားစရာတွေလည်း ယူဆောင်သွားပါသည်..။ အောက်ဆုံးက မေးခွန်းတွေကို ပိုကြိုက်ပေသည်..။

    မဗေဒါ (၈၈)

    ReplyDelete
  2. အေးဗျာ၊ လွယ်လွယ်ကူကူ ကလေးတွေ တွေးကြည့်တာပါ၊ အချို့အတွက်တော့လည်း အောင့်သက်သက် ဖြစ်နိုင်ပါတယ်၊ ဖတ်လို့ကောင်းတယ် ဆိုတော့လည်း ဝမ်းသာရတာပေါ့။

    လက်တွေ့ဘဝမှာ ဘယ်နိုင်ငံမဆို စစ်တပ်ဆိုတာ ရှိကြရတာပါပဲ၊ ရှောင်လွဲလို့ မရပါဘူး။ အကယ်၍များ မြန်မာပြည်စစ်တပ်လည်း အခြားနိုင်ငံတွေမှာလိုပဲ သူ့နေရာကဏ္ဍကို တာဝန်ယူမယ်ဆိုရင်တော့ ပြဿနာ အများစု ပြေလည်သွားမှာပါ။ လွယ်တာ ခက်အောင် လုပ်နေကြတာကို အချို့သူတွေ မြင်ကောင်း မြင်နိုင်အောင်လို့ ဥာဏ်မှီသလောက်လေး လက်ကမ်းပေးကြည့်တာပါဗျာ။

    ဒီလောက်နဲ့လည်း မပြီးသေးပါဘူး။
    တိုင်းရင်းသား တွေဖက်မှာလည်း အစွန်းရောက်အောင် အလုပ်ခံထား ကြရတာ မှန်ပေမယ့် လျှော့နိုင်သလောက် လျှော့ကြဖို့ ကြိုးစား ပြောကြည့်သွားရမယ့် ဝတ္တရား ရှိတယ်လို့ ခံယူထားပါတယ်။

    ကိုယ့်ထ္မင်းကိုယ်စား၊ ကြီးတော်နွားကျောင်းတဲ့ ကျနော် :-)

    ReplyDelete
  3. ဘာတွေလည်း ပေါက်ရတွေလျှောက်ရေး
    ဘာမှလည်း အဆင့်တန်းမရှိဘူး

    ReplyDelete
  4. သူတို့အတွက်ကတော့ နှလုံးရည်ဆိုတာ ကြံရည်ဖန်ရည်ပါ (အချို့လည်း ဒါကိုကောက်
    ကျစ်တတ်တဲ့ အရည်အချင်း၊ ဥာဏ်များတာလို့ ခေါ်တတ်ကြပါတယ်၊ လူအပေါ် မူတည်ပါမယ်။)

    အောက်ဆုံးက မေးခွန်းတွေအကြိုက်ဆုံး

    ReplyDelete