ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, November 14, 2010

နောက်တစ်လှမ်း ဆုတ်အကြည့်မှာ


...........................................


   Facebook မှာ တွေ့ရတဲ့ ဘုရားသုံးဆူ တိုက်ပွဲသတင်းကိုဖတ်ပြီး မှတ်ချက်ပေးခဲ့မိတာလေးကို အောက်
မှာ အမှတ်တရ တင်လိုက်တာပါ။ စိတ်ထဲက ယုံကြည်တာကို ရေးထားတာမို့ ဘယ်ဖက်ကမဆို စိတ်ဆိုး
ဒေါသထွက်တာတွေရှိနိုင်ပေမယ့် ကိုယ်ယုံကြည်ရာကိုတော့ ဆက်ပြီးစွဲကိုင်သွားမယ်လို့ ခံယူထားပါတယ်။

...........................................

(သတင်းကတော့ စစ်အစိုးရတပ်ကို KNU က ခြုံခိုတိုက်ရာမှာ အယောက် ၆၀ လောက် ကျသွားတယ်
ဆိုတဲ့သတင်းပါ။)

...........................................


   ကိုယ်ရပ်တည်နေရတဲ့ နေရာအရ အပေါ်က သတင်းဟာ သတင်းကောင်းပါပဲ။
ဒါပေမယ့် ဝမ်းသာစရာ သတင်းလို့တော့ နာမည်မတပ်ချင်ဖူး။


   မြေဇာပင် ခေါ်ခေါ်၊ ဓါးစာခံလို့ နာမည်တပ်တပ် အရာရာကို နောက်တစ်လှမ်း ဆုတ်ပြီးကြည့်လိုက်ရင်
မြင်ကွင်းတွေဟာ တမျိုးပြောင်းသွားတတ်ပါတယ်။

   လူမဆန်မှုတွေကြောင့် အမုန်းတရားနဲ့ ထိုက်တန်သူတွေနဲ့အတူ အခွင့်အလမ်းမရှိ၊ ဝမ်းရေးထက် ပိုကျယ်
ပြန့်တဲ့ အမြင်အတွေးတွေရှိဖို့ရာ လမ်းစပျောက်လို့ လုပ်မိလုပ်ရာ ရွေးမိရွေးရာ လွဲချော်ခဲ့ရသူတွေ အတွက်
ကတော့ တခါတရံ သက်ပြင်းပဲချမိပါတယ်။

   ၁၉၈၃-၈၄ စစ်ဆင်ရေးတွေမှာ သားဇောနဲ့ လူနာတင်ရဟတ်ယာဉ်လာတိုင်း အရူးမတစ်ယောက်လို
ပြေးသွားတတ်တဲ့ ဘားအံကသူငယ်ချင်း တစ်ယောက်ရဲ့ အမေပုံကို အမြဲသတိရနေမိတယ်။ တောထဲမှာ
အသက်လုပြေး နေကြရတဲ့သူတွေ၊ နည်းမျိုးစုံနဲ့ ဒုက္ခပေးခံနေကြရတဲ့ သူတွေအတွက်ကော ...

   ပြင်စရာက ထိပ်ခေါင်မှာပါ။ နိုင်ငံရေးပါ။ ဒါတင်လား ..
အဓိက ပြင်ရမှာက ခင်ဗျားတို့ ကျနော်တို့ရဲ့ စိတ်ထားတွေလို့ ထင်မိတယ်။
အားလုံးကို ချမ်းသာကိုယ်စိတ် မြဲစေချင်ပါတယ်။ ဒါပေမယ့် ...

မန်းကိုကို
၁၃၊၁၁၊ ၂၀၁၀

No comments:

Post a Comment