ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, November 3, 2010

“မောင်စင်ကြယ်” ရဲ့ အသည်းတခြမ်း၊

     ကျွန်တော့် ကဗျာများသည် နိုင်ငံရေးနှင့် မကင်းကြပါ။ အကြောင်းမှာ နိုင်ငံရေးခေါင်း
ဆောင် စာပေခေါင်းဆောင်များ၏အကြောင်းအပါအဝင် နိုင်ရေး ရေစီးကြောင်းထဲ၌ ကဗျာ
လှေသည် မျောပါနေ၍ပင်ဖြစ်ပါသည်။
(ပန်းကြာခိုင်-ကဗျာအမှာ)


             နိုင်ငံရေး သံဝေဂ
(၅)
     .............
     .............

     သြော် အပြစ်မြင် စစ်ဘုရင်
     ယဇ်ပလ္လင် လှုပ်ပြီလို့
     ဇာတိရုပ် သူ့မှာထင်
     အကောင်းမြင် သူ့မှာဝေးပြီမို့
     ကျောင်းသားလူငယ် မောင့်ရွှေသွေးတွေရဲ့
     သွေး သွေး သွေးတွေနဲ့ ခြေကိုဆေး။

(၆) ............
     ............

     အေး ခုအခါမှာ
     ကုစရာဆေးဝါးကလည်း နတ္ထိဝေးပါရဲ့
     (သီဟမင်းတို့ရေ) မင်းတို့ဆရာ ဦးလေးကတော့
     သက်ပြင်း သက်မတွေ အခါခါချကာ
     စာကဗျာတွေ ရေးရေးပြီး
     တော်လှန်ရေး နိုင်ငံရေးအတွက်
     သောကဖက်ကာ မဟာသံဝေဂတွေပွါး။

     သြော် မင်းတို့လေးတွေ အတွက်ကတော့ကွာ
     ရှာဖွေလို့သာ ကြည့်ကြပါကွယ့် နိုင်ငံရေးရဲ့ အမှန်တရား။      ။


မောင်စင်ကြယ် (ပန်းကြာခိုင် ကဗျာစု)
(ကဗျာအပိုဒ် ၅-၆ တို့မှ ထုတ်နှုတ်ချက်များ)


                            ==*==*==*==*==*==*==


- ၁၉၆၂ စစ်တပ်အာဏာမသိမ်းမီ “ခွဲထွက်ရေး လှုပ်ရှားမှု” လို့ စွပ်စွဲပြီး အာဏာသိမ်းဖို့
  အကြောင်းပြချက်အဖြစ် အသုံးချခံခဲ့ရတဲ့ (တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တိုးမြှင့်
  တောင်းခံတဲ့) ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူ၊
- စာပေဗိမာန် အထူးအရာရှိ၊
- စာရေးဆရာ၊
- အမျိုးသားစာပေဆု၊ လူ့အခွင့်အရေးဆုရ၊
- နိုင်ငံရေးသမားနဲ့ နိုင်ငံရေးအကျဉ်းသမားဟောင်းဖြစ်ခဲ့ပြီး သက်ရှိသမိုင်းတအုပ်လို့
ခေါ်ရင်လည်း မမှားနိုင်တဲ့ ဆရာကြီးမောင်စင်ကြယ်ရဲ့ မကြာခင် ထွက်လာတော့မယ့်
စာအုပ်တအုပ်ကတော့ -


        မာနယ်ပလော ခရီးသည် 


   စိတ်ဝင်စားသူတွေ၊ သမိုင်းအစကလေးတွေကို လက်ဝယ်ထားရှိလိုသူများအတွက်၊
မြန်မာပြည်က လူမျိုးမရွေး လက်စွဲထားရှိသင့်တဲ့၊ မမှားနိုင်တဲ့ မှတ်တမ်းလွှာတအုပ်။

   စိတ်ဝင်စားစရာ ခေါင်းစည်းလေးအချို့က ဟောဒီမှာ -

- အင်းစိန်ထောင် မြင်ကွင်း
- နိုင်သူလည်းမနိုင် ရှူံးသူလည်းမရှူံး
- မာနယ်ပလော ရောက်ပြီ
- ဗိုလ်ချုပ်မြ အိမ်သို့ ပထမတခေါက်
- မောင်သော်က တမ်းချင်းနှင့်လွမ်းချင်း
- လူပြောများသော အစိုးရအဖွဲ့
- နိုဘယ်ဆုရှင်များနှင့် မယ်လစခန်း
- မန်းရှာလဖန်း အိမ်တွင်
- ဇင်းမယ်ကကျား
- မြစ်ဆုံအရေးအခင်း
- ကရင်လက်နက်မဲ့ တော်လှန်ရေးလား
- မာနယ်ပလောမှ ပျောက် ပြန် ကွယ်များ
- မာနယ်ပလော အကြောင်း သိကောင်းစရာ

                  မျှော်...

No comments:

Post a Comment