ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, November 9, 2010

အသင်းအဖွဲ့၊ အခွင့်အရေး၊ ငွေကြေးအကျိုးအမြတ်နဲ့ အနာဂါတ်များ





   လောကမှာ ကိုယ်ရပ်တည်နိုင်ဖို့ရာ လူများစုရဲ့ ဆန္ဒကို လစ်လျူရှုသင့်သလား။
   နအဖကို ဆန့်ကျင်နေသူတွေဟာ ကြေးစားတွေလား၊
   ဒါမှမဟုတ် ဒီဆန့်ကျင်နေသူတွေကို အပုပ်ချနေသူတွေကသာ နအဖနဲ့ မကင်းရာမကင်းကြောင်း ဖြစ်နေ
တာလား။


   အထူးသဖြင့် ပညာတတ်ဆိုသူတွေ၊ ပြည်သူတွေရဲ့ ဆန္ဒကိုသိနိုင်ဖို့ သုတေသနလုပ်မလား အာဏာပိုင်
တွေရဲ့ ပြောသမျှကို နားထောင်လက်ခံမလား။ သုတေသနကို မြန်မာ့အလင်းသတင်းစာဖတ်ပြီး လုပ်မလား၊
ရပ်ကွက်ထဲဆင်းပြီး အလွှာစုံက လူတွေကို မေးခွန်းမေးမလား။

   ခပ်ငယ်ငယ်တုန်းက မဆလရဲ့ ရှေ့ဆောင်လူငယ်နဲ့ လမ်းစဉ်လူငယ်တွေမှာ ပါခဲ့ရင်း သူငယ်ချင်းတစ်
ယောက်က ဦးသန့်အရေးအခင်းမှာ ပါဖူးတဲ့လူတစ်ယောက် ကိုယ့်အဖွဲ့အစည်းကို ပမာပခန့် လုပ်တယ်
ဆိုပြီးပြောတော့ မခံချင်ဖြစ်ဖူးတယ်။ ကိုယ့်အသိ အမြင် အတွေးတွေက မျက်တောင်တဆုံးတောင် မရှိ
ခဲ့ပဲကိုး။ နမူနာအနေနဲ့ စာကြည်တိုက်ကိုပဲကြည့်၊ တစ်ရက်ကို ၂ နာရီလောက်ဖွင့်တယ်၊ မဂ္ဂဇင်းလေး၊
တေဇနဲ့ ရွှေသွေးစာစောင်အပါအဝင် ဆယ်အုပ်လောက်ဖတ်စရာရှိခဲ့တာမျိုး။ တက္ကသိုလ်တက်တော့
စာကြည့်တိုက်မရှိဖူး၊ ပြဋ္ဌာန်းစာအုပ်တွေဆိုတာ မတွေ့ဖူးဘူး။

   ခုတော့ အနှစ် ၂၀ ကျော်ခဲ့ပါပြီ။
   ဒီအရွယ်မှာ မဆလကို ကောင်းတယ်၊ မှန်တယ်လို့ ဆက်ပြောနေရင်တော့ ကိုယ်ဟာဘယ်လိုလူမျိုး
ဖြစ်နေမလဲ။

   ကိုယ့်ရဲ့ ကြုံတွေ့ခဲ့ဖူးတဲ့နောက်ခံကြောင့် ခုချိန်မှာ “နအဖ”ကောင်းတယ်လို့ ပြောနေသူ လူငယ်တွေကို
ကိုယ့်ချင်းစာမိပါတယ်။ ဒါပေမယ့် ခေတ်က မတူတော့ပြန်ဘူး။ အသိပညာ ဗဟုသုတတွေက အတော
မသတ် ရှာဖွေလို့ရတဲ့ လွယ်တဲ့ခေတ်ကို ရောက်နေပြီ။ ဒီတော့ ကိုယ့်ထက် အခွင့်အရေးပိုရပေမယ့် ကိုယ်
ပိုင်အသိဥာဏ်ကို လွှာမသုံးတဲ့ ဒီလူငယ်တွေကို ဘယ်လိုများပြောပြရမလဲ။

   အခွင့်အရေးကို သာမန်ထက်ပိုရတဲ့ အသင်းအဖွဲ့ထဲမှာ ဝင်ပါပျော်မွေ့နေရာက အုပ်စုစိတ်ဓါတ် (group/
organizational mentality) ဝင်ပြီး မာန်အဆိပ်တက်တဲ့အချိန် ကုန်ဆုံးသွားရတဲ့အခါမျိုး၊ အုပ်စုအပြင်ကို
အကန်ထုတ်ခံလိုက်ရတဲ့အခါမျိုး ကြုံတဲ့အခါ သတိဝင် သိလာကြပေမယ့် အချိန်နှောင်းတာပဲ များပါတယ်။
ရေမြွေဖြစ်မှတော့ ဘာမှလုပ်လို့ မရတော့ပါဘူး။

   မေးစရာဖြစ်လာတာက မြန်မာပြည်မှာ ဒီလိုလူတွေသိပ်များနေပြီလား၊ ဒီလူတွေကို မွေးထုတ်ပေးနေတဲ့
လူမှုယန္တယားကို တည်ဆောက်မိလျက်သား ဖြစ်နေပြီလား။ မြန်မာပြည်အနာဂါတ်ဟာ ဒီလိုလူတွေနဲ့ မှေး
မှိန်ဖို့လမ်းကို ဦးတည်နေသလား။ မျှော်လင့်ချက်တွေ ရှိနိုင်အုံးမလား။

   ကိုယ်ဟာ အဲဒီအထဲက တစ်ယောက်ပဲဆိုတာ မတွေးမိတဲ့သူတွေထဲများ ပါနေသလား။


မန်းကိုကို
၀၉၊ ၁၁၊ ၂၀၁၀

(က) မအားမလပ်နဲ့မို့ လက်တန်းချရေးလိုက်တဲ့ facebook က စာစုလေးပါ။ လာသာလာ ဘာမှမတွေ့ပဲ
      ပြန်သွား ကြရသူတွေ ဖတ်နိုင်အောင် လွယ်လွယ်ကူကူရတာကလေး တင်ထားပေးတာပါ။ နားလည်
      ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
(ခ) မြဝတီနဲ့ ဘုရားသုံးဆူမှာ အခက်အခဲဖြစ်နေကြသူတွေ ရှိပါတယ်။ ကူညီနိုင်ကြရင် နီးစပ်ရာလူတွေ
     ကတစ်ဆင့် လှူနိုင်တန်းနိုင်ကြရင် သာဓုကြိုခေါ်လိုက်ပါရစေ။ လူမျိုး၊ ဘာသာ၊ ဟိုဖက် ဒီဖက်ဆိုတာ
     ထက် ကူညီဖို့က အဓိကပါ။ လက်လွတ် ကိုယ်လွတ်နဲ့ ပြေးလာကြရသူတွေကို သတင်းတွေမှာ တွေ့
     နိုင်ကြမှာပါ။

No comments:

Post a Comment