ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Showing posts with label Advertisement. Show all posts
Showing posts with label Advertisement. Show all posts

Tuesday, June 7, 2011

ကြော်ငြာမို့ အော်ပါသဗျို့ ၊



  
     ဒီပို့စ်မှာ ကရင်အမျိုးသားတွေထဲ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ဖို့ ကြိုးစားနေသူတွေထဲက “ထူးစေး”
ရဲ့ ကြိုးပမ်းချက်တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ် ။

     သူ့ရဲ့ လပေါင်းများစွာ အားထုတ်ခဲ့ပြီးတဲ့နောက် ၊ ထွက်ရှိလာခဲ့တဲ့ (စကော) “ကရင် - အင်္ဂလိပ်”
စကားပြော စာအုပ်ဟာ အောက်မှာပါတဲ့ပုံတွေအတိုင်း တွေ့ရနိုင်ပါတယ် ။ အခြေခံ အင်္ဂလိပ်စကား
ပြောအဆင့်ကို သေသေသပ်သပ် ကြိုးပမ်းပေါင်းစုချက်တွေနဲ့ လုပ်ကိုင်ထားရာမှာ A4 size စာအုပ်နဲ့
ထည့်စရာအိတ်/ဖိုင် ၊ native speakers တွေနဲ့ အသံသွင်းထားတဲ့ CD ချပ် ၊ ပလပ်စတစ်လောင်း
ထားတဲ့ A, B, C, D ကရင် - အင်္ဂလိပ် ရုပ်စုံစာရွက် ၊ ပလပ်စတစ်လောင်းထားတဲ့ ကရင်-အင်္ဂလိပ်
ပြက္ခဒိန် ၊ နိုင်ငံတကာမှတ်ပုံတင်နံပါတ် (ISBN) တွေပါတာကို တွေ့ရနိုင်ပါတယ် ။

Friday, April 1, 2011

ကြော်ငြာပါဗျာ ၊ ကြော်ငြာပါ

     ကဲ လာဖတ်တယ်ဆိုမှတော့ ကြော်ငြာဖတ်ချင်တာမို့လို့ဆိုပြီး သဘောထားလိုက်တော့မယ်နော ။
     ဆရာကြီးဦးစင်ကြယ်(မန်းညွှန့်မောင်)ရဲ့ စာအုပ်နှစ်အုပ်ထွက်လာလို့ပါဗျာ ။ ဒါပေမယ့် ရောက်တာ
ကနှစ်ပတ်လောက်တောင်ရှိတော့မယ် ၊ ဒီကနေ့မှ ကြိုးစားပြီးဓါတ်ပုံရိုက်တင်လိုက်ရတာပါ ။

     ပထမတစ်အုပ်ကတော့ အချို့သိထားပြီးတဲ့အတိုင်း “မာနယ်ပလော ခရီးသည်” ပါ ။
     စာမျက်နှာ ၂၇၀ ကျော်ပါပြီး ရှင်လိင် ၃ ခါမပြန်ပေမယ့် ထောင်ထဲက ၃ ခါပြန်ထွက်ခဲ့တဲ့ဆရာကြီးရဲ့
နောက်ဆုံးထောင်ကထွက်ခဲ့ပြီးတဲ့နောက်ပိုင်း တွေ့ကြုံခဲ့ရသမျှတွေကို သာမန်ထက်ထူးခြားတဲ့အမှတ်
သညာနဲ့ ရေးသားမှတ်တမ်းတင်ထားတာဖြစ်ပါတယ် ။


ဒါက ရှေ့မျက်နှာဖုံး ၊


ဒါက နောက်မျက်နှာဖုံးပါ ၊

Wednesday, November 3, 2010

“မောင်စင်ကြယ်” ရဲ့ အသည်းတခြမ်း၊

     ကျွန်တော့် ကဗျာများသည် နိုင်ငံရေးနှင့် မကင်းကြပါ။ အကြောင်းမှာ နိုင်ငံရေးခေါင်း
ဆောင် စာပေခေါင်းဆောင်များ၏အကြောင်းအပါအဝင် နိုင်ရေး ရေစီးကြောင်းထဲ၌ ကဗျာ
လှေသည် မျောပါနေ၍ပင်ဖြစ်ပါသည်။
(ပန်းကြာခိုင်-ကဗျာအမှာ)