ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, June 10, 2012

လမျှော် နေထွက်



     လက်ရှိအနေထားမှာ မြန်မာပြည်ထဲ အမြန်ဆုံးပြေလည်အောင် လုပ်သင့်တဲ့ အရေးကြီးဆုံး
အချက် ၂ ချက် ရှိပါတယ် ။

     (၁)  ကချင်စစ်ပွဲ
     (၂)  နိုင်ငံရေး အကျဉ်သား တွေ ဖြစ်ပါတယ် ။

     ဒါပေမယ့် အဲဒီကိစ္စတွေမှာ ခံစားချက် မရှိကြဘူးလို့ ထင်ရလောက်အောင် ငြိမ်နေခဲ့ကြသူ
တွေက ခုနေမှာ မျက်လုံးတွေထဲက မီးလျှံတွေထွက်မတတ် ဖြစ်ပျက်နေကြတာမြင်တော့ ကိုယ့်
ဘာသာ တစ်ယောက်ထဲ သံဝေဂပဲ ရပြီးနေရတော့ မလိုပါပဲ ။ 

     အောက်မှာတော့ တိုက်ရိုက် ဆက်စပ်မှုတွေ ရှိချင်မှရှိမယ့် စာလေးတွေကို စုစည်းလိုက်
ပါတယ် ။

*  မီ့ မီ မီး 

     မီဒီယာခေတ်ရောက်ပြီမို့ သတင်းတွေလည်း တလစပ် တက်လာခဲ့ပြီ ၊ သမရိုးကျ သတင်းဋ္ဌာ
နတွေနေရာမှာ ကင်မရာတစ်လုံး ၊ အင်တာနက်ရတဲ့ ကွန်ပြူတာတစ်လုံးလောက် ရှိရုံနဲ့ သတင်း
ဋ္ဌာနတစ်ခု ထောင်လို့ရတဲ့ ခေတ်မို့ စာချောစရာမလို ၊ ကျင့်ဝတ်မလို ၊ ထိန်းသိမ်း တွက်ဆ တင် 
ပြရတာတွေ မလို သို့မဟုတ် မရှိတဲ့ ဒီလောကသစ်က ၊ သတင်းတွေကို လျှပ်တစ်ပြက်အတွင်း
ကမ္ဘာ့တစ်ဖက်ခြမ်းဆီ ပို့နိုင်သလို ၊ လူတစ်ဦးစီရဲ့ အတွေးအမြင်တွေကို တင်ပြဖို့ အခွင့်အလမ်း
တွေ ပေးလာခဲ့တယ် ။ 

     ကောင်းကျိုးနဲ့ စိတ်ကျေနပ်မှုတွေ အများကြီးပေးနိုင်တဲ့ ဒီအခင်းအကျင်းသစ်မှာ နိုက်ကလပ်
က တဖျတ်ဖျတ်နဲ့ ရောင်စုံမီးတွေလို ထင်ယောင်မှား ပျော်ပါးစေမိတတ်တာလည်း သတိပြုမိသူ
တွေရှိပေမဲ့ အများစုကတော့ ကိုယ်လိုချင်တဲ့ မီဒီယာအသီးအပွင့်တွေကို စိတ်ကြိုက် ရှာဖွေရွေး
ချယ် စားသောက်ရင်း မွေ့လျော်နေကြတယ် ။ 

     မီဒီယာနဲ့ပတ်သက်လို့ အချို့လူတွေ သတိမထားမိတာတွေလည်း ရှိတယ် ။ 
     အခုခေတ် မီဒီယာဆိုတာ စာပေ ၊ ယဉ်ကျေးမှု ၊ စက်မှုအသိပညာကို အခြေခံတဲ့ ဆက်သွယ်
ရေးအပေါ် မှီတည်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်တဲ့ အနေထားရောက်နေပေမယ့် ၊ မီဒီယာ
ဟာ ဟိုး ပဝေသဏီကတည်းက ပုံစံမျိုးစုံနဲ့ ရပ်တည်နေခဲ့ကြတာပါ ။ အတင်းအဖျင်း ၊ ကောလ
ဟာလ ၊ တစ်ဆင့်စကား ၊ လူစုလူရုံးနဲ့ စကားပြောတာ ၊ အမိန့်ပြန်တမ်း စသည်ဖြင့် ရှိခဲ့ကြပြီး
လူတွေရဲ့ အတွေးအမြင် အသိနဲ့ လုပ်ကိုင်မှုတွေကို လမ်းကြောင်းပေးခဲ့ပါတယ် ။ 

     ဒါရဲ့ သဘောသဘာဝကို သိသူတွေက လူတွေရဲ့ အတွေးအမြင် အသိနဲ့ လုပ်ကိုင်မှုတွေကို
လမ်းကြောင်း ပေးဖို့ အားထုတ်ခဲ့တာဟာလည်း မီဒီယာနဲ့အတူ မွေးဖွားလာခဲ့တဲ့ မွေးချင်းလို့  ပြော
လို့ရပါတယ် ။


ရေးဖြစ်တဲ့ Facebook ကစာ 

   လက်ရှိ ဖြစ်နေတာတွေအပေါ် စိတ်မသက်မသာနဲ့ Facebook မှာ ရေးဖြစ်တဲ့စာပါ .....

Mahn Koko -  စိန်ခေါ်မှု တစ်ခုကတော့ အရှိန် အတော်အသင့် ရလာခဲ့ပြီ ။
     လူ အတော်များများရဲ့ သာမန်အချိန်မှာ ရှိကြတဲ့ မျက်နှာဖုံးတွေလည်း ကွာကျလာကြပြီ
     မျှမျှတတ တွေးခေါ်လုပ်ကိုင်မယ့်သူတွေလည်း လျော့နည်းလာခဲ့ပြီ ။

     ဒါပေမယ့် ဝေလေလေထဲ ကျနော် မပါနိုင်ပါဘူး ။
     ကြားချင်တဲ့ သတင်းနဲ့ သွေးထိုးစကားတွေပဲ ရွေးပြီး နားမထောင် မယုံနိုင်ဘူး ။
     မကြိုက်သူများ အနေနဲ့ ခုချိန်မှာ ကျနော့်ကို မိတ်ဆွေစာရင်းက ပယ်ဖျက်ဖို့ အချိန်ကောင်းပါပဲ ။
     ဘယ်သူ့ကိုမှ မချစ် ၊ ဘယ်သူ့ကိုမှ မမုန်းတဲ့ကျနော် ၊ ဘယ်သူမှ မရှိလည်း ဘာမှ မဖြစ်ပါဘူး ။

     ဒါပေမယ့် ကျားကွက်ရွှေ့သလို တစ်ကောင်ကျွေးပြီး သုံးကောင်စားမယ့် အကွက် ဖြစ်ကောင်း
ဖြစ်နေမယ့် လက်ရှိ အခြေနေမှာ ၊ ကျနော့်အနေနဲ့ ထိုးကျွေးခံရမယ့် ပွန်းကလေးကိုတော့ လက်
လွှတ်စပယ် မကျွေးနိုင်ပါဘူး ။ သုံးကောင်စားရဖို့လည်း မလိုချင်ပါဘူး ။

     ကိုယ့်ပွန်းကလေးကို မိုးလောက်ကြီး တန်ဖိုးထားတယ်ဆိုပြီး ထိုးကျွေးမယ့်သူတွေကို သဘော
မတူပေမဲ့ အမုန်းစူနာမီကြီးကိုလည်း တွန်းလှန်နိုင်တဲ့ အင်အား မရှိတာကြောင့် ဒီစာတိုလေးနဲ့ပဲ ......


မျှော်လေတဲ့မျှော်လေနဲ့ ရသေ့စိတ်ဖြေ 

     ကျနော်တို့ မြန်မာပြည်သူပြည်သားတွေ wishful thinking သိပ်များတယ်ပြောရင် လွန်မလား ။
     ဘာမှမသိတဲ့ ကလေးလေးတစ်ယောက်ကို ဒေါင်းအလံလေး ပေးကိုင်ပြီး ၊ နဖူးစည်းအနီလေး
စည်းပေးလိုက်ရင်ပဲ မြင်ရသူ အတော်များများမှာ ကြက်သီးတွေ တဖိန်းဖိန်း ထသပေါ့ ။ တခါ ချစ်
စရာကောင်းတဲ့ နောက်တစ်ယောက်ကို ဘာသာရေး အဆောင်ယောင်လေးတွေ ဆင်ပေးလိုက်
ပြန်ရင် စေတနာ သဒ္ဒါနဲ့ ကြည်ညိုစိတ်များကလည်း တဖွားဖွားယိုဖိတ်လို့ မိန့်မိန့်ကြီးများ ပြုံးပြီးကြည့်
ကြရတာ အမော ။ သတင်းမှာ ကိုယ်ပြုတ်စေချင်တဲ့ ဝန်ကြီးပြုတ်တော့မယ်လို့များ ဖတ်လိုက်ရရင်
အားရဝမ်းသာတွေဖြစ်လို့ ။

     အဖြေက ရှိပါတယ် ၊ နားမထောင်ချင် မသိချင်ကြလို့ပါ ။
     ကိုယ်လုပ်ချင်တာ ၊ ကိုယ်ဖြစ်ချင်တာ ၊ ကိုယ့်ရဲ့ အတ္တကို အကောင်ထည်ဖေါ်ချင်ရာမှာ ကိုယ်
တိုင် မလုပ်နိုင် မလုပ်ဖြစ် လုပ်ဖို့ မသင့်တော်တဲ့ အခါမတော့ Avatar ရုပ်ရှင်ထဲကလို ကိုယ်ပွား
လေးကို ကြည့်ပြီးပဲ ရသေ့စိတ်ဖြေ လုပ်ကြရတဲ့ သဘောပါ ။ ဒါမျိုးက လူတိုင်း အတွက်တော့ ဟုတ်
ချင်မှ ဟုတ်ပါလိမ့်မယ် ၊ ဒါပေမယ့် လူတိုင်းလည်း လက်ခံ ဝန်ခံမယ့် အရာမဟုတ်တာလည်း သေ
ချာပါတယ် ။ လိုရင်းကတော့ မသိစိတ်ထဲက သို့မဟုတ် သိစိတ်ထဲက wishful thinking လေး
တွေပေါ့ ။

     ဒါပေမယ့် လက်တွေ့ဘဝမှာတော့ မတူတာတွေ ဖြစ်နေတယ် ။ ကိုယ့်နဲ့ အဆင်မပြေသူဆိုရင်
စကားနဲ့ အပြတ်သတ် ချိုးဖဲ့လိုက်နိုင်ရင် ပြီးသွားမယ်လို့ စိတ်ကူးယဉ်ကြတယ် ၊ ခေါင်းရိုက်ခွဲလိုက်
ရင် တစ်သက်လုံး ကြောက်သွားလိမ့်မယ် မျှော်လင့်ကြတယ် ။ တစ်ကယ်တန်းမှာ တစ်ဖက်လူက
ကိုယ့်ကို ပြန်ချိုးဖဲ့ဖို့ ကြံစည်နေမှာ ၊ ကိုယ့်ခေါင်းကို နှစ်ဆရိုက်ခွဲဖို့ ရည်ရွယ်ချက် တိတ်တခိုး ဖြစ်
တည် လာတာတွေကိုကျတော့ မသိလို့ မဟုတ် ၊ သိလျက်နဲ့ မေ့ထားချင်ကြတယ် ။ 

     အရင်က တချို့လူတွေပြောကြတယ် ၊ ရခိုင်မှာ ရိုဟင်ဂျာတွေ သိပ်မများပါဘူးတဲ့ ။ ဖုံးဖိတာ
လား ၊ ဖြစ်စေချင်တာကို ပြောတာလား မသေချာပေမယ့် ခုမတော့ မောင်းတောမြို့နယ်တစ်ခုထဲ
တင် ၄ သိန်းကျော်ပါသတဲ့ ။ တခါ အကြမ်းဖက်သမားဦးရေ ၄ သိန်း ရှိတယ်ဆိုပြန်ပါတယ် ၊ ဒါ
ဆို ရိုဟင်ဂျာတွေမှာ မွေးကင်းစက အစ မသန်မစွမ်းနဲ့ အသက်ကြီးသူများ အပါအဝင် မိန်းမများ
ပါ အကြမ်းဖက်သမား စာရင်းဝင်လေပြန်တယ် ။ မပြီးပြန်တာက al quada က စာထုတ်ပြန်ပါ
တယ်ဆိုပြီး တင်လာကြပြန်တယ် ။ အဲဒီအဖွဲ့က ပေါပေါသောသော စာတွေ ဒီလိုပဲထုတ်တတ်
သလား ၊ သူတို့ဆက်သွယ်နေကျ CNN, Al Jazeera မီဒီယာဋ္ဌာနကြီးတွေကပဲ ဒီတစ်ခါတော့
လက်လှမ်းမမှီတော့လို့လား မသေချာပေမယ့် ၊ ဖတ်ရတဲ့ ပရိတ်သတ်မှာတော့ သူတို့ မျှော်လင့်
နေတဲ့ စိတ်အာဟာရ ပြည့်သွားပြီမို့ ဒေါသမီးခိုးတွေအဖြစ် ထပ်ဆင့်ထုတ်လုပ်နေကြပါပြီ ။


နိဗာန်ဆော်များ


     အွန်လိုင်းမှာ သတင်းမျိုးစုံ လှိမ့်ပြီးထွက်နေတယ် ၊ အွန်လိုင်းနိဗ္ဗာန်ဆော်တွေ ဆိုကြပါစို့ ။
     အသေချာလိုက်ကြည့်ရင် ပထမတစ်ချက် - တစ်ဖက်က အခြားတစ်ဖက်ကို အကြမ်းဖက်တာ
ချည်း ဖတ်နေရတယ် ။ ကိုယ်ဖတ်ချင်တဲ့ သတင်းတွေပဲ လိုက်ရှာဖတ်နေကြသလား ၊ မတော်တ
ဆ တိုက်ဆိုင်တာလားဆိုတာတော့ ကိုယ်တိုင်ပဲ သိကြမှာပါ ။ 

    ဒီအထဲမှာ ခုနေမှာ စစ်တပ်ကို တမ်းတနေသူတွေလည်း အတန်အသင့် မြင်လာရတယ် ။
ငုံကြည့်ရင် -

   -  ကချင်ကိစ္စ
   -  မီးကိစ္စ
   -  ရေကာတာ ၊ ထားဝယ် ရေနက်ဆိပ်ကမ်း ၊ တရုတ်ကို မကျေနပ်တာတွေ လမ်းလွဲသွားတယ် ။
  
    -  မီဒီယာကျင့်ဝတ် စောင့်ထိန်းရတဲ့ ပြည်ပ မြန်မာမီဒီယာတွေ သြဇာကျသွားမယ် ၊
   -  ဒေါ်စုသြဇာ ကျသွားမယ် ၊
   -  စစ်တပ်သြဇာ တက်လာမယ် - တစ်ကယ့် တစ်ချက်ခုတ် ဆယ်ချက်ပြတ် ဖြစ်စဉ်ပဲ ။

     အဖွဲ့စည်းတစ်ခုရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောရမလား ၊ မတော်တဆလို့ ပြောရ
မလား ။

     အခြားတစ်ဖက်မှာ လုံခြုံရေးတွေ ရှိသင့်တဲ့နေရာ ရှိသင့်တဲ့အချိန်မှာ ရှိမနေခဲ့တာ ၊ အခြားတစ်
ဖက်က ထိခိုက်တဲ့ သတင်းတွေ တက်လာရက်နဲ့ မတင်ကြတာကိုတော့ မသိလိုက်ကြတာလား နှာ
စေးနေကြသလားပဲ ။


တစ်လံတစ်လျား 

     ခုနေမှာ ရခိုင်နဲ့ပတ်သက်လို့ မျက်လုံး ဝေဝါးနေသူတွေ များနေတာကြောင့် ဘေးအမြင်ကို သိ
ချင်သူတွေအတွက် ဆက်ရေးလိုက်ပါတယ် ။ ဖတ်ဖို့ အသင့်မရှိသေးရင်လည်း မျက်လုံးအညောင်း
ဆက်မခံကြပါနဲ့ ။ သမိုင်းကဏ္ဍကိုတော့ ကျွမ်းကျင်သူတွေအတွက် ချန်ထားပါ့မယ် ။ 

   (စကားပလ္လင် ခံချင်တာက ကျနော့်အနေနဲ့ ခုဖြစ်နေတဲ့ လူမျိုးရေး ဘာသာရေးကိစ္စမှာ အဝေး
ကနေ စိတ်အေးအေးထားပြီး အချက်လက်ထုတ် ပြောနိုင်ပေမဲ့ ၊ လက်တွေ့ဘဝမှာ ကိုယ်တိုင်
ကြုံနေရသူတွေ အတွက်မှာတော့ ကျနော့်လို မအေးဆေးနိုင်တာ နားလည်ပါတယ် ။ ကျနော်
ကိုယ်တိုင်လည်း အဲဒီလို အနေထားမှာ ခုလို စာတွေ ရေးနေနိုင်မှာမဟုတ်တာ သေချာတယ် ။
ခုလို ရေးနိုင်ဖို့ အခွင့်အလမ်း ရတာကိုလည်း လာဟ်တစ်ပါးလို့ ခံယူ တန်ဖိုးထားပါတယ်) ။


Ø     မထမဆုံးတစ်ချက်အနေနဲ့ အချို့က ဘယ်သူတွေက ဘယ်လောက်အထိတောင် ကြုံတွေ့
     ခံစားနေရတာ ၊ ကိုယ်တိုင်မကြုံရပဲ ကိုယ်ချင်းမစာပဲ ရမ်းမပြောပါနဲ့လို့ ဒေါသများတောင်
     စွက်ပြီး ပြောကြတယ် ။

     မှန်ပါတယ် ၊ ကျနော် ကိုယ်တိုင်ကြုံနေရတာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လို
စိတ်နေစိတ်ထား ရှိတတ်သလဲ ၊ ဘယ်လိုလုပ်တတ်သလဲ ဆိုတာတွေကတော့ လူမသိသူမသိ အ
ရာမျိုး မဟုတ်ပါဘူး ။ သက်ဆိုင်သူတွေစိတ်ထဲ နာကျင်မှု မဖြစ်ရလေအောင် ၊ မလိုအပ်ပဲ ထိုးဆွ
ပေးသလို မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း အနေနဲ့ တည့်တည့်ဖွင့်မပြောတာသာ ရှိကြတာပါ ။
ပြီးရင်လည်း ဘယ်အခြေနေနဲ့ အနေထားမှာ ဘာတွေ ဖြစ်တတ်သလဲဆိုတာလည်း မှန်းဆလို့ ရ
ပါတယ် ၊ လက်ရှိ ပူထူနေကြချိန်မှာ ပြောလည်း မထူးတာကြောင့်သာ အသေးစိတ် မပြောပဲ နေ
တာပါ ။ ရှေ့လျှောက်လည်း ဘယ်သူမှ မထိခိုက်ပဲ ပြောလို့ဆိုလို့ရတဲ့ ဘောင်အတွင်းကပဲ ဆက်ေ
ပြောသွားဖို့ ကြိုးစားမှာပါ ။

     ဒါပေမယ့် အရေးအကြီးဆုံးက လူတိုင်းအတွက် ဆုံးရှူံးမှု အနည်းဆုံးနဲ့ အဆုံးသတ်သွားနိုင်ဖို့ ဖြစ်
တာကြောင့် ၊ အတတ်နိုင်ဆုံး မျှတအောင် မြင်နိုင်ဖို့ ကြိုးစားနေတာလို့ ပြောချင်ပါတယ် ။ နောင်မှ
မှားသွားခဲ့ပြီဆိုပြီး နောင်တ မရချင်ပါဘူး ။

Ø     ရိုဟင်ဂျာတွေလည်း လူပါပဲ ၊ ခံစားတတ်ပါတယ် ၊ ချစ်တတ် မုန်းတတ်ပါတယ် ။
     သူတို့ကို အောင်အောင်မြင်မြင် မောင်းထုတ်လိုက်နိုင်ရင်တောင် တစ်ချိန်မှာ တုံ့ပြန်ကြမှာပါပဲ ။
     အနီးဆုံး ခံရမယ့်သူတွေကတော့ ရခိုင်ညီအစ်ကို မောင်နှမတွေပါ ။ တစ်ဖက်နိုင်ငံနဲ့ နယ်နိမိတ်
ချင်းလည်း ထိစပ်နေကြသလို အဲဒီဖက်မှာလည်း မျိုးဆက်ပေါင်းများစွာ နေခဲ့ကြတဲ့ ရခိုင်လူမျိုးတွေ
ရှိပါတယ် ။ ဘာတွေ ဖြစ်လာနိုင်မလဲ မတွေးပြပါရစေနဲ့ ၊ ကိုယ့်ဘာသာ ချင့်ချိန်ကြပါ ။ မီးဆိုတာ မ
လောင်ခင်ပဲ တားရလွယ်ပါတယ် ။ လောင်ပြီဆိုရင်လည်း မီးတောက်မကြီးခင် ငြိမ်းသတ်ရပါတယ် ။


Ø     ရိုဟင်ဂျာတွေကိုသနားရင် ခင်ဗျားတို့ဆီမှာ ခေါ်ထားပါလားလို့ အချို့လည်း ပြောကြတယ် ။
     အမှန်တော့ ကျနော်တို့ဖက်မှာ ရိုဟင်ဂျာအပါဝင် မြန်မာမွတ်ဆလင်တွေနဲ့ ဗမာတွေရဲ့ အခြေ
လာချရာဒေသ ဖြစ်နေတာ ကြာလှပါပြီ ။ ဒါပေမယ့် နားနဲ့မနာ ဖဝါးနဲ့သာနာပါ ၊ မွတ်ဆလင်တွေ
ကိုယ့်ဘာသာ အခြေလာချကြပေမယ့် ဗမာရွာတွေ တည်ဖို့ရာတော့ ကျနော်တို့နယ်ခံတွေက တစ်
ရွာကို ၁၀-၁၅ ယောက် ခေါ်ပြီး အခိုင်းခံရပါတယ် ။ အာဏာသုံးပြီး ကျနော်တို့နယ်ခံတွေရဲ့ လုပ်
အားနဲ့ အရင်းအနှီးတွေကို အတင်းပေးဆပ်စေကြပါတယ် ။ လက်တွေ့ အခြေနေကို ပြောတာပါ ။
ဒီတော့ ကျနော်တို့နယ်ကို လာကြလို့ ရပါတယ် ၊ လူမျိုးဘာသာမရွေး အားလုံးကို လက်ခံပါတယ်
ဆိုတာ အသိပေးချင်ပါတယ် ။

Ø    ရိုဟင်ဂျာတွေ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောကြတယ် ။
    ဟုတ်ပါတယ် ၊ အချို့ရှိနိုင်ပါတယ် ။ အကြောင်း အမျိုးမျိုးလည်း ရှိနိုင်တယ် ။ ဒါပေမယ့် ဘယ်
လောက် ကျယ်ကျယ်ပြန့်ပြန့် ရှိသလဲ ၊ ကိုယ်ဖြစ်စေချင်သလို ပုံကြီးမချဲ့ပဲ လက်တွေ့ကျကျ ကြည့်
ရပါမယ် ။ မရှိအောင် ၊ နည်းပါးအောင်လည်း နည်းလမ်းရှာကြံရပါမယ် ။ အိမ်နီးချင်းနိုင်ငံနဲ့လည်း
ပူးပေါင်း လုပ်ကိုင်ကြရပါမယ် ။

Ø    ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ ကုလသမဂရဲ့ အစီအမံအောက်မှာ  ခိုလှုံရာ
    (ဒုက္ခသည်) စခန်းတွေထဲ နေနေကြတာပါ ။ အဓိပ္ပါယ်က ရှင်းပါတယ် ၊ ဒီလူတွေဟာ ဘင်္ဂါလီ
တွေ ဖြစ်ကောင်းဖြစ်ပါမယ် ၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလို့ နိုင်ငံတကာမှာ လက်မ
ထောင်ပြီး သွားပြောလို့တော့ မရပါဘူး ။

     ခုလည်း အချို့က ဦးသိန်းစိန် ဒေါ်စုနဲ့ လွှတ်တော်ထဲအထိပါ ဒီကိစ္စကို တွန်းလွှတ်ပေးချင်နေ
ကြတယ် ။ ဦးခင်ရီလိုလူက လက်လွှတ်စပယ် ပြောလို့ရပေမယ့် ဦးသိန်းစိန်နဲ့ ဒေါ်စုတို့လို တကယ်
တာဝန်ယူပြီး ဘက်စုံနားထောင်ပြီးမှ ဆုံးဖြတ်လုပ်ကိုင်ရသူတွေ အနေနဲ့ ရိုဟင်ဂျာတွေကို ဘယ်
လိုမှ ပစ်ပစ်ခါခါ လုပ်လို့မရသလို ၊ လွှတ်တော်မှာ ရိုဟင်ဂျာဟာ မြန်မာပြည်နဲ့ လုံးဝမသက်ဆိုင်ပါ
ဘူးလို့ ဆုံးဖြတ်လိုက်ရင်လည်း တကမ္ဘာလုံးနဲ့တစ်နိုင်ငံ ရင်ဆိုင်ရမှာမို့ အရှက်ဗြန်းဗြန်းကွဲကြရမှာ
သေချာပါတယ် ။ (အချင်းချင်း လက်တို့ပြီး ခေါင်းမြီးခြုံ ဇွတ်ငြင်းရင်တော့ ကျနော်လည်း ဘာမှ မ
တတ်နိုင်ပါ) ။

    အမှန်က ဒီကိစ္စဟာ နိုင်ငံရေးအရ အတိုးအလျှော့တွေနဲ့ ညှိနှိုင်းပြီး ပြေလည်အောင် ဖြေရှင်းရ
မယ့်ကိစ္စပါ ။ မဖြစ်သင့်တာ မဖြစ်ရလေအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လက်တွဲပြီး လုပ်သွားကြရ
မယ့်ကိစ္စပါ ။ ဆန္ဒရှိရုံနဲ့ ပျောက်ကွယ်သွားမှာ မဟုတ်သလို ၊ ဒေါသနဲ့ ဖြေရှင်းလိုက်ရုံနဲ့လည်း ပြီး
မသွားပါဘူး ။ နိုင်ငံအတွက် အလားအလာကောင်းတွေ ရှိနေတဲ့ အနေထားမှာ  နောက်ပြန်ဆွဲခံရ
မယ့် ခဲထုပ်တစ်ထုပ်ကို ကိုယ့်ဘာသာ လိုလိုလားလား လည်ပင်းမှာ မစွပ်မိစေဖို့ လိုအပ်နေတဲ့ သ
တိထားရမယ့် အချိန်ကာလပါ ။

     အဆုံးသတ်ပြောချင်တာက ကျနော်တို့တစ်တွေဟာ အခြားတစ်ဖက်က စကားဆိုရင် လုံးဝ
လက်မခံ အလျှော့မပေးပဲ နောက်ဆုံးအချိန်အထိ ကိုယ့်ရပ်တည်ချက်တွေကို စွဲကိုင်ခဲ့ကြလို့ ပဋိ
ပက္ခတွေ ရှောင်လွဲလို့ မရနိုင်ခဲ့ကြတာတွေကို သင်္ခန်းစာယူပြီး ကိုယ်တိုင်လည်း သိက္ခာရှိတဲ့ ၊ လူ
သားဆန်တဲ့ ၊ အားလုံးအကျိုးရှိမယ့် လမ်းပေါ်ကို မဖြစ်မနေ လျှောက်လှမ်းကြဖို့ပါပဲ



မန်းကိုကို
၀၉ ၊ ၀၆ ၊ ၂၀၁၂

ဖတ်ချင်သူတွေအတွက် ပဋိပက္ခရဲ့ အခြားရှုထောင့်က အမြင်တစ်ချို့နဲ့ သတင်းတွေပါ
သာဆွေ
ကုလားတန်သတင်း 
-   နေ့သစ် 
Yahoo News
The Daily Star
NDTV
Bangkok Post 
New Mandala
-  Reuters
-   Al Jazeera (စိတ်ဝင်စားသူတွေအတွက် သုံးသပ်မှုကောင်းလေးတစ်ခု)
-  UN News (13 June 2012) 
Asia Times (Bertil Litner 2002) 
-  The Daily Star ~ ဘင်္ဂလားဒေ့ရှ်သတင်း (မြန်မာပြည်သူတွေ သိခွင့်မရလိုက်တဲ့ သတင်း)
-  AFP news (မြန်မာပြည်ရဲ့ အင်တာနက်ပေါ် ပေါက်ကွဲသံတွေကို အသိမှတ်ပြုတဲ့ သတင်း) 

44 comments:

  1. အင်မတန်ကောင်းတဲ့ဆောင်းပါးလေးပါ လူတိုင်းဖတ်သင့်သည်။

    ReplyDelete
    Replies
    1. အားပေးတာ ကျေးဇူးတင်ပါတယ် ၊
      တစ်နိုင်တစ်ပိုင် ရေးထားတာလေးပါ ။
      လူအချို့အတွက် ကောင်းတဲ့ဖက်က သက်ရောက်မှုလေးတွေ အနည်းအကျဉ်း ရှိခဲ့မယ်ဆိုရင်ပဲ ၊ ရေးရကျိုး အမုန်းခံရကျိုး နပ်တယ်လို့ ယူဆပါတယ် ။

      Delete
    2. Thank you for your white heart.

      Delete
    3. ကျနော့်ကိုယ် ကျနော် မီးခိုးရောင် နှလုံးသားပိုင်ရှင်လို့ပဲ မှတ်ယူရဲပါတယ်ဗျာ ၊
      ကိုယ့်အနာအဆာ ကိုယ်သာသိတာမို့ ၊ မတန်မရာတွေကို မမျှော်မှန်းဝံ့ပါဘူး ။

      Delete
  2. Mahn Koko ခင်ဗျာ နဲနဲချေပခွင့်ပြုပါ
    "ရိုဟင်ဂျာတွေလည်း လူပါပဲ ၊ ခံစားတတ်ပါတယ် ၊ ချစ်တတ် မုန်းတတ်ပါတယ်" ဟုတ်ကဲ့ ဘာကြောင့်များ ရိုဟင်ဂျာတွေ က ရခိုင်ရွာတွေကို မီးရှိ့ အကြမ်းဖက် လူတွေကို သတ်နေရတာလဲ ကျောက်နီကျေးရွာမှာ ကျူးလွန်သူတွေ က ရိုဟင်ဂျာတွေပါ ဒါပေမဲ့ တောင်ကုတ်မှာ ကျူးလွန်ခံရသူတွေ က ရိုဟင်ဂျာတွေ မဟုတ်ပါဘူး မြန်မာပြည်ဖွါး အစ္စလမ်ဘာသာဝင်တွေပါ လူမျိုးမတူပါဘူး ဘာကြောင့် ရိုဟင်ဂျာတွေ အကြမ်းဖက် ရပါသလဲ ချစ်တတ်တယ် ဆိုတာ ဘာသာတူတဲ့ သူတွေကိုပဲ ချစ်တာလား
    ကျနော် မွန်ပြည်နယ် ကျိုက်မရော ဒေသကော ကရင်ပြည်နယ် ကျိုက်ဒုံ ကော့ကရိတ် ပိုင်ကျုံ ဒေသမှာ ကော ကျင်လည်ခဲ့ဘူးပါတယ် အဲဒီဒေသ က မွန်အစ္စလမ် တွေ ကော ကရင်အစ္စလမ် တွေ ကော သူတို.ကိုယ်သူတို. မွတ်ဆလင်လူမျိုး လို. ပဲသတ်မှတ်ပါတယ် မွန်, ကရင် ကပြားလို. မယူဆပါဘူး မွတ်ဆလင်ဆိုတာ လူမျိုးမဟုတ်ပဲ ဘာသာပဲဆိုတာကိုလဲ လက်မခံ ပါဘူး
    ပြီးတော့ "လွှတ်တော်မှာ ရိုဟင်ဂျာဟာ မြန်မာပြည်နဲ့ လုံးဝမသက်ဆိုင်ပါ
    ဘူးလို့ ဆုံးဖြတ်လိုက်ရင်လည်း တကမ္ဘာလုံးနဲ့တစ်နိုင်ငံ ရင်ဆိုင်ရမှာမို့ အရှက်ဗြန်းဗြန်းကွဲကြရမှာ
    သေချာပါတယ်" Mahn Koko ဆိုလိုချင်တာက ရိုဟင်ဂျာဟာ မြန်မာပြည်နဲ့ လုံးဝသက်ဆိုင်ပါ တယ်ပေါ့် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေကိုတောင် ဘင်္ဂလားဒေ့ရှ် ကလက်မခံပဲ ကုလသမဂ္ဂရဲ့ အစီအမံအောက်မှာ ခိုလှုံရာ(ဒုက္ခသည်) စခန်းတွေထဲ နေနေကြတယ်လေ လူမျိုးတူ ဘာသာတူ တဲ့သူတွေ က တောင် မသက်ဆိုင် သလိုသဘောထား တာပဲ မြန်မာပြည်နဲ့ လုံးဝမသက်ဆိုင်ပါဘူးလို့ ဆုံးဖြတ်လိုက်ရင်လည်း တကမ္ဘာလုံးနဲ့တစ်နိုင်ငံ ရင်ဆိုင်ရမှာမို့ အရှက်ဗြန်းဗြန်းကွဲကြရမှာသေချာ ရဲ့လား
    Mahn Koko စဉ်းစားအုံးနော် အခြားတစ်ဖက်က စကားဆိုရင် လုံးဝလက်မခံ အလျှော့မပေးပဲ ဆို တာက ဘယ်လောက်ထိ လက်ခံ အလျှော့ပေး ရမှာလဲ အခြားတစ်ဖက်က ကော လက်ခံ အလျှော့ပေး မှာတဲ့လား
    ကျနော ဆက်ပြီးတော့ မရေးချင်တော့ပါဘူး ဒါပေမဲ့ Mahn Koko အနေနဲ့ ဖြစ်နိုင်ရင် ရခိုင်လူမျိုးတွေကိုကိုယ့်ရဲ့ညီအကို မောင်နှမအရင်းတွေလို့သဘောမထားရင်တောင် ဆွေနီးမျိုးဆပ်လို့ သဘောထားပြီး သူတို့ ဘယ်လောက် ဒုက္ခေ၇ာက်နေ ခံစားနေရတယ် ဆိုတာ မြင်ပေးပါ

    ReplyDelete
    Replies
    1. စာမပြန်ခင် စုစည်းမှုလေး တချို့ကို ထည့်ပေးလိုက်ပါတယ် ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      (မြန်မာပြည်သူ ပြည်သားတွေ အင်တာနက်ပေါ် ရောက်နေကြသလောက်
      ကမ္ဘာကြီးနဲ့ အဆက်သွယ်ပြတ်နေကြတာ အံ့သြစရာကောင်းတယ် ။
      ဒါပေမယ့် လက်ရှိကိစ္စဟာ လ္ဘက်ရည်ခွက်ထဲမှာ မုန်တိုင်းထန်လို့ ရပေမယ့် ၊
      နိုင်ငံတကာကို ကိုယ့်ရဲ့ wishful thinking တွေ သွားချပြလို့ မရတာ
      တာဝန်ရှိတဲ့သူတွေ အများစုက သိထားပြီးသားပါ ။

      ကျနော့်ရဲ့ ရပ်တည်ချက်အတွက် အစွန်းရောက်ရောက်သူတွေ အမြင်မှာ ခဏ
      တာ ရေစုန်မျောသွားကောင်း မျောသွားပါမယ် ။ ဒါပေမယ့် ကျနော့်ဘဝ သေမ
      သွားနိုင်ပါဘူး ။ တစ်ချိန် တရားမျှတမှုကို လိုအပ်လာတဲ့အခါ အစွန်းရောက်ခဲ့
      သူတွေကိုယ်တိုင် ကိုယ့်လိုလူတွေကို လိုက်ရှာရမယ့်အချိန်ကို ရောက်လာဦး
      မှာပါ) ။
      ~ ၁၀ ၊ ၀၆ ၊ ၂၀၁၂
      - (ဦးဘိုဘိုကျော်ငြိမ်းဆီမှာ ဒီကနေ့ ရေးဖြစ်တဲ့စာပါ ။)

      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      Mahn Koko
      မနေ့က ပြောခဲ့သလိုပဲ
      ခုနေချိန်ဟာ ကျနော့်ကို
      unfriend လုပ်ဖို့ အခွင့်အခါကောင်းပါ ၊

      ဒါပေမယ့် ခင်မင်မှုအတွက်
      သူတစ်ပါးရဲ့ သွေးနဲ့ မျက်ရည်တွေကို
      ခုတုံး မလုပ်ပါရစေနဲ့ ။

      ~ ၁၀ ၊ ၀၆ ၊ ၂၀၁၂
      ~(ဒီမနက်စောစော ရေးဖြစ်ခဲ့တာပါ) ။

      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      Mahn Koko
      သမိုင်း တစ်ပတ်လည်ပြီ ။

      BIA ဝင်လာတုန်းက အဖေ့ရွာကို စစ်တပ်နဲ့အတူ လိုက်လာသူတွေ လုယက်ကြတဲ့ အဖြစ်ကို သတိရတယ် ။

      အကျိုးဆက် ဘာတွေ ရှိခဲ့သလဲ ၊
      ခုနေကော အကျိုးဆက် ဘာတွေရှိလာနိုင်သလဲ ၊

      ဗိုက်ထဲက ပုဏ္ဏားလေး သူ့ပါးစပ်ကို အတင်း ပိတ်ထားရရှာတယ် ။

      MrMaung KoThet
      Kyawswar Aung
      ရှေ့တန်းစစ်မျက်နှာ(ရခိုင်)ရောက်ဗိုလ်မှူးတစ်ဦး၏ ပြောစကား
      ----------------------------------------------------
      " စစ်တိုက်ထွက်ရတဲ့အထဲမှာ ဒီတစ်ခါလောက်အားပါတာမရှိဘူးဗျာ ခုကျွန်တော်တို့နဲ့ရှိနေတာ ပေါ်တာတွေ မဟုတ်ဘူးဗျာ တကယ်ကို သူတို့စိတ်နဲ့လိုက်လာပြီး ခေါ်တော တွေကိုချတာဗျ သူတို့ကတောင်ကျွန်တော်တို့ထက်ပိုတက်ကြွနေလို့ စိတ်ထိန်းဘို့ ပြောနေရတယ်ဗျာ ဒီမျိုးချစ် ဒေသခံတွေကို ကျွန်တော်တို့ရဲ့ မကောင်းမကန်း ရိက္ခာလေးတွေပဲကျွေးနိုင်တာ အားနာလိုက်တာဗျာ”..
      Like · · Share · about an hour ago ·

      (မကြာခင်လေးက share လုပ်ဖြစ်တဲ့ Facebook က status လေး တစ်ခုပါ) ။

      Delete
    2. စဝ်ရဲ့ အသိ အမြင်နဲ့ မေးခွန်းတွေကို လက်လှမ်းမီသလောက် ဖြေပေးပါ့မယ် ။

      (၁) “ဖြစ်နိုင်ရင် ရခိုင်လူမျိုးတွေကို ကိုယ့်ရဲ့ညီအကို မောင်နှမအရင်းတွေလို့ သဘောမထားရင်တောင် ဆွေနီးမျိုးဆပ်လို့ သဘောထားပြီး သူတို့ ဘယ်လောက် ဒုက္ခေ၇ာက်နေ ခံစားနေရတယ် ဆိုတာ မြင်ပေးပါ”

      ** စဝ်ရဲ့ အားမလို အားမရစကားကို ကျနော် ဖြေပေးထားပြီးသားပါ ၊ ကျနော်ရေးတာ တိုက်ရိုက် မဟုတ်တာကြောင့် ၊ နားလည်ဖို့ နည်းနည်း ခက်သွားခဲ့တယ်လို့ပဲ ယူဆပါတယ် ။

      “ကျနော့်အနေနဲ့ ထိုးကျွေးခံရမယ့် ပွန်းကလေးကိုတော့ လက်လွှတ်စပယ် မကျွေးနိုင်ပါဘူး ။ သုံးကောင်စားရဖို့လည်း မလိုချင်ပါဘူး ။

      ကိုယ့်ပွန်းကလေးကို မိုးလောက်ကြီး တန်ဖိုးထားတယ်ဆိုပြီး ထိုးကျွေးမယ့် သူတွေကို သဘောမတူပေမဲ့ အမုန်းစူနာမီကြီးကိုလည်း တွန်းလှန်နိုင်တဲ့ အင်အား မရှိတာကြောင့် … ”

      ဘာပဲဖြစ်ဖြစ် အရင်ဆုံး နာရမှာက ရခိုင်တွေပါ ။
      ဘေးကလူတွေက သတ်မယ်ဖြတ်မယ်လုပ်လေ ၊ သူတို့ကို ပိုထိခိုက်လေပါပဲ ။
      အရာတိုင်း ၊ အကျိုး သက်ရောက်မှုတိုင်းမှာ အကြောင်းတရားတွေ ရှိပါတယ် ။ ဒါတွေနဲ့ လက်တွေ့ကျကျ ဘဝတွေကို ကျနော် လစ်လျူထားလို့ မရပါဘူး ။

      (၂) “ဘာကြောင့်များ ရိုဟင်ဂျာတွေက ရခိုင်ရွာတွေကို မီးရှိ့ အကြမ်းဖက် လူတွေကို သတ်နေရတာလဲ”

      ** နံပါတ် (၁) မှာ တစ်ချို့တစ်ဝက် ဖြေထားပြီးပါပြီ ။
      အဦးဆုံး အကြံပြုချင်တာက သတင်းစုံအောင် ရှာဖတ်ဖို့ပါ ။ ကိုယ်ဖတ်ချင်တာချည်း ရွေးဖတ်တာဟာ မီးထဲကို
      ထင်းခြောက်ခြောက်တွေ ရွေးထည့်တာနဲ့ အလားသဏ္ဍာန် တူပါတယ် ။ အခြားတစ်ဖက်မှာလည်း ရခိုင်
      ညီအစ်ကိုတွေကို မခုတ်တတ်တဲ့ ကြောင်တွေလို့ နှိမ်ရာတောင် ရောက်သွားနိုင်ပါတယ် ။

      (၃) “ကျောက်နီကျေးရွာမှာ ကျူးလွန်သူတွေ က ရိုဟင်ဂျာတွေပါ ဒါပေမဲ့ တောင်ကုတ်မှာ ကျူးလွန်ခံရသူတွေ က ရိုဟင်ဂျာတွေ မဟုတ်ပါဘူး မြန်မာပြည်ဖွါး အစ္စလမ်ဘာသာဝင်တွေပါ လူမျိုးမတူပါဘူး ဘာကြောင့် ရိုဟင်ဂျာတွေ အကြမ်းဖက် ရပါသလဲ ချစ်တတ်တယ် ဆိုတာ ဘာသာတူတဲ့ သူတွေကိုပဲ ချစ်တာလား”

      ** များစွာသော အရာတွေမှာ ဆက်စပ်မှုတွေ ရှိနေတတ်ပါတယ် ။
      - ပထမတစ်ချက် ရခိုင်နဲ့ ဗမာကြားက ဆက်ဆံရေးကိုပဲ ပြန်ကြည့်လိုက်ပါ ၊ ဘာတွေနဲ့ ချိတ်ဆက်ထားသလဲ မေးစရာတောင် မလိုလောက်ပါဘူး ။
      - ဒုတိယတစ်ချက် - လက်ရှိ ပဋိပက္ခကို ဆက်လွှတ်ပေးကြည့်ပါ ၊ မြန်မာ မွတ်ဆလင်တွေကို အလွှတ်ပေးကြမယ်လို့ စဝ်အနေနဲ့ ထင်ပါသလား ၊ ထင်တယ် ယုံကြည်တယ်ဆိုရင်တော့ ခက်ပြီလို့ပဲ ပြောချင်ပါတယ် ။

      Delete
    3. (၄) “မွန်အစ္စလမ် တွေ ကော ကရင်အစ္စလမ် တွေ ကော သူတို.ကိုယ်သူတို. မွတ်ဆလင်လူမျိုး လို. ပဲသတ်မှတ်ပါတယ်”

      ** ကျနော့်အိမ်ရှေ့မှာ ကရင်မိသားစု အသစ်တစ်စု ရောက်လာစမှာ အကူညီတွေ လိုကောင်း လိုမှာမို့လို့ သွားလည်ပေးပါတယ် ။ မကြာခင်မှာ နောက်တစ်နေ့ လာကောက်မယ့် အမှိုက်ကားအတွက် အမှိုက်ပုံး ထုတ်ဖို့ ရှင်းပြပေးဖြစ်ပါတယ် ။ အမှိုက်ပုံး သုံးပုံးထဲက နှစ်ပုံးပဲ ထုတ်ရမယ်ဆိုတာကို ၄-၅ ခါလောက် ရှင်းပြလိုက်ပါတယ် ။ ဒါပေမယ့် နောက်ဆုံးမတော့ ကိုယ်ကိုယ်တိုင်ပဲ လက်နဲ့ဆွဲပြီး ရွေးထုတ်ပေးလိုက်မှ အဆင်ပြေသွားပါတယ် ။

      သူ့ကို ကျနော် စိတ်ဆိုးလို့ မရသလို ၊ အများကြီးလည်း မျှော်လင့်လို့ မရပါဘူး ။ ဒီနေရာမှာလည်း အလားသဏ္ဍာန် တူတယ်လို့ ယူဆပါတယ် ။

      (၅) “လူမျိုးတူ ဘာသာတူ တဲ့သူတွေ က တောင် မသက်ဆိုင် သလိုသဘောထား တာပဲ မြန်မာပြည်နဲ့ လုံးဝမသက်ဆိုင်ပါဘူးလို့ ဆုံးဖြတ်လိုက်ရင်လည်း တကမ္ဘာလုံးနဲ့တစ်နိုင်ငံ ရင်ဆိုင်ရမှာမို့ အရှက်ဗြန်းဗြန်းကွဲကြရမှာသေချာ ရဲ့လား”

      ** ကျနော့်အနေနဲ့ လက်တွေ့ကျကျ ပြောနေတာပါ ။
      - ဒေါ်စုကို ကြည့်လိုက်ပါ ၊ နှာစေးနေပါတယ် ။
      - ဦးတင်ဦးကို ကြည့်ပါ ၊ အရင်လေသံ မဟုတ်တော့ပဲ ပျော့ကျသွားပြီ ။
      - ရဲရဲတောက် ဦးရွှေမန်းကကော ၊ ဝစီပိတ် ကျင့်နေပါတယ် ။
      - ဦးသိန်းစိန်ကော ဘယ်လိုလဲ ၊ သမ္မတရုံးမှ အရာရှိတစ်ဦး ဆိုတဲ့ proxy လေး တစ်ယောက်ကိုပဲ ရှေ့ထုတ်ပြီး ကစားနေတယ် ၊ ကိုယ်တိုင်တော့ မဟရဲဘူး ။

      အထူးသဖြင့် ဒေါ်စု ကောင်းကောင်းသိပါတယ် ။
      နိုင်ငံတကာမှာ ၊ အထူးသဖြင့် တိုးတက်ပြီး နိုင်ငံတွေနဲ့ တက္ကသိုလ်လို ပညာတတ် အသိုင်းဝိုင်းတွေကြားမှာ လူမျိုးရေး ဘာသာရေး ခွဲခြားမှုဆိုတာ ဝက်ချေးထက်တောင် ရွံစရာကောင်းပါတယ် ။ မြန်မာပြည်မှာ အသာငြိမ်နေရုံနဲ့ ရှေ့နေလိုက်ပေးမယ့်သူ အများကြီး ရှိနေပေမယ့် ၊ နိုင်ငံတကာမှာတော့ သူ့နိုင်ငံရေး သေသွားမှာပေါ့ ။

      စမ်းကြည့်လိုက်ပါ ဆိုတဲ့စကားမျိုး ကျနော် အတော်လေးကို ရှောင်ဖြစ်ပါတယ် ၊ အင်မတန် ထိုးဆွပေးတတ်တဲ့ စကားမို့လို့ပါ ။ ဒီတော့ နီးစပ်ရာ နိုင်ငံရေး လေ့လာသူတွေရှိရင်သာ မေးကြည့်ပါလို့ အကြံပေးချင်ပါတယ် ။

      (၆) “ဘယ်လောက်ထိ လက်ခံ အလျှော့ပေး ရမှာလဲ အခြားတစ်ဖက် ကကော လက်ခံ အလျှော့ပေး မှာတဲ့လား”

      ** နိုင်ငံရဲ့ အရေးအရာ အားလုံးဟာ နိုင်ငံရေးပါပဲ ။ ခုကိစ္စဟာလည်း နိုင်ငံရေးနဲ့ ပတ်သက်နေပါတယ် ။ အပိုင်းကဏ္ဍတွေသာ ကွဲနေတာပါ ။

      နိုင်ငံရေးတို့မည်သည် ဆွေးနွေး အဖြေရှာ ညှိနှိုင်းပြီး အလျော့အတင်း လုပ်ရတဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုပါပဲ ။ ဒေါ်စုရဲ့ နိုင်ငံရေး ခရီးစဉ်မှာ မြင်နိုင်ပါတယ် ။ နှစ်ဖက်လုံး အတိုင်းတာ တစ်ခုအထိ လျှော့ကြမှ ၊ ရှေ့ဆက်နိုင်ခဲ့ကြတာပါ ။

      ဒီလောက်ဆိုရင် စဝ်အတွက် အတော်သင့် ပြည့်စုံလောက်ပြီ ထင်ပါတယ် ။

      Delete
  3. ကိုမန်းကိုကို အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုပ်ဆော်နေမှုတွေနဲ့ ပတ်သက်ပြီး ပြောထားတဲ့အပေါ်မှာတော့ ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ (((လွှတ်တော်မှာ ရိုဟင်ဂျာဟာ မြန်မာပြည်နဲ့ လုံးဝမသက်ဆိုင်ပါ
    ဘူးလို့ ဆုံးဖြတ်လိုက်ရင်လည်း တကမ္ဘာလုံးနဲ့တစ်နိုင်ငံ ရင်ဆိုင်ရမှာမို့ အရှက်ဗြန်းဗြန်းကွဲကြရမှာ
    သေချာပါတယ်)))) ဆိုတာနဲ့ ပတ်သက်ပြီး အဲလိုတော့ ဘယ်သူမှ ပြောမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လက်ရှိအခြေအနေကိုက သူတို့နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနေရတာကိုး။ ဒါကြောင့် အဲလိုတော့ ဘယ်သူကပြောမလဲ၊ အဲဒီစကားကို ပြောစရာလည်းမလိုတော့ ဘာမှလည်း အရှက်ကွဲစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာဟာ မြန်မာလူမျိုးစုထဲမှာ လုံးဝမပါဘူးလို့ ပြောတာကိုတော့ ဘာမှ အရှက်ကွဲစရာ အကြောင်းမရှိဘူး ကိုမန်းကိုကို။ ဘာကြောင့်လဲဆိုတော့ လူမျိုးနွယ်တိုင်းမှာ သမိုင်းဆိုတာ ရှိပါတယ်။ ရခိုင်ဆိုတာ လူမျိုးစုတွေထဲမှာ အခုမှ ဗြုန်းစားကြီး ပေါ်ထွက်လာတဲ့ လူမျိုး မဟုတ်ဘူး၊ မြန်မာနိုင်ငံက လူမျိုးစုတွေထဲမှာ ယဉ်ကျေးမှု ရှေးအကျဆုံးထဲမှာ ပါပြီး ခေတ်အဆက်ဆက်က သမိုင်းအတိအကျ ရှိပါတယ်။ ရိုဟင်ဂျာဟာ တိုင်းရင်းသားထဲမှာ ပါတယ်ဆိုတာ ရခိုင်သမိုင်းမှာလည်း မရှိဘူး မြန်မာသမိုင်းမှာလည်း မရှိဘူး။ မြန်မာနိုင်ငံက တခြားတိုင်းရင်းသားတွေနဲ့ အိမ်နီးနားခြင်း နိုင်ငံတွေရဲ့ ဘယ်သမိုင်းမှာမှလည်း မရှိဘူး။ သူများနိုင်ငံထဲမှာ ခိုးဝင်လာပြီး လာနေတဲ့အချိန် လူဝင်မှုကြီးကြပ်ရေး အားနည်းလို့ အခုလိုဖြစ်နေတာ အားလုံးသိပါတယ်။ ဘင်္ဂလားကို ဘင်္ဂလားလို့ ၀န်မခံဘဲ ဒါကို ဟိုရှေးပဝေသဏီကတည်းက ရခိုင်ဒေသမှာ နေလာတဲ့သူတွေလို့ သမိုင်းလိမ်ညာပြီးတော့ လူမျိုးစုအခွင့်အရေးတောင်းတာတင်မကဘဲ ဒေသခံတွေကို ခေတ်အဆက်ဆက်က ဒုက္ခပေးလာတဲ့ နယ်စပ်ဖြတ်ကျော်လာသူတွေကို ဘယ်လိုမှ မြန်မာတိုင်းရင်းသားလို့ လက်ခံဖို့ သတ်မှတ်လို့ မဖြစ်နိုင်ဘူး။ ဒေသခံရခိုင်တွေကလည်း လက်မခံဘူး တခြားဘယ်တိုင်းရင်းသားကမှလည်း ဘယ်သူမှလည်းလက်မခံကြဘူး။ ပြည်သူလူထု လက်မခံရင် လွှတ်တော်ကလည်း ဘယ်တော့မှ သတ်မှတ်လို့မရဘူး။ ဒီနိုင်ငံမှာ နေလာတာ နှစ်ပေါင်း ကြာလာပြီ ဖြစ်လို့ ဒီနိုင်ငံကို ဒေသခံတွေလိုပဲ ချစ်ပြီး သံယောဇဉ်ရှိနေ၊ ဒီနိုင်ငံရဲ့ ကောင်းကျိုးကို ဒီနိုင်ငံက တိုင်းရင်းသားတွေလိုပဲ စေတနာထားတယ်၊ ဒေသခံရခိုင်တွေကိုလည်း တခါမှ ဒုက္ခမပေးဘဲ ချစ်ခင်ရင်းနှီးစွာနဲ့ နေထိုင်လာလို့ ဘင်္ဂလားမျိုးနွယ် မြန်မာပြည်သားတွေ အဖြစ်သတ်မှတ်ပေးပါလို့ လူမျိုးကို မလိမ်ဘဲ အမှန်အတိုင်း ပြောပြီးတောင်းဆိုလာရင်တော့ နားထောင်လို့ ကောင်းသေးတယ်။ အခုကျတော့ သားရေပေါ်အိပ် သားရေနားစား၊ အရိပ်ကိုလည်းခို အခက်ကိုလည်းချိုး လုပ်တော့ ဘယ်သူကမှ လက်ခံလို့ မရနိုင်ဘူး။

    ReplyDelete
  4. ရခိုင်ပြည်သူတွေ ခေတ်အဆက်ဆက်က ဒုက္ခပေးခံလာရတဲ့အကြောင်းကို စာထဲမှာပဲ ဖတ်ဖူးတုန်းက ယုံတ၀က်မယုံတ၀က်ပဲ အခုတော့ မျက်ဝါးထင်ထင် တွေ့ရမှပဲ တကယ်အဟုတ်မှန်း သိရတယ်။ ခံစားချက်နဲ့ ရေးမိရင် တခြားသူတွေကိုလည်း ပြဿနာတခုကို မှန်ကန်တဲ့နည်းနဲ့ မဖြေရှင်းကြတော့ဘဲ သွေးထိုးပေးသလို ဖြစ်သွားမှာစိုးလို့ ကျွန်မ fb မှာ ဘာမှမရေးဖြစ်ခဲ့ဘူး။ ရင်ထဲမှာတော့ တကယ်ခံပြင်းတာ အမှန်ပဲ။

    ReplyDelete
    Replies
    1. မငယ်နိုင်ရေ - အပေါ်မှာ ကျနော် ပြောခဲ့သလို "သမိုင်းကဏ္ဍကိုတော့ ကျွမ်းကျင်သူတွေအတွက် ချန်ထားပါ့မယ်" ဆိုတဲ့အတိုင်း နောက်ကြောင်းကို နက်နက်နဲနဲ တူးဆွဖို့ မလုပ်ဖြစ်ပေမယ့် ၊ သာမန် လူတွေထဲက တစ်ယောက်အနေနဲ့ ဘယ်သူ့ကိုမှ မပွန်းမပဲ့မိအောင် ရှောင်ပြီး ရေးဖြစ်ခဲ့တာပါ ။

      တစ်ဖက်မှာလည်း မပြောပဲနေလို့ မရတော့တဲ့ အပိုင်းတွေနဲ့ ၊ အခြား သတင်းတွေထဲက အချက်တစ်ခုနှစ်ခုကို ထုတ်နှုတ်ပြပါ့မယ် ။

      Reuters (http://www.reuters.com/article/2012/06/11/us-myanmar-violence-idUSBRE85A01C20120611) က သတင်းတစ်ပိုင်းအရ -

      "The Rohingya are descended from South Asians and speak a regional dialect of Bengali. Most are stateless, recognized as citizens neither by Myanmar nor neighboring Bangladesh." - လို့ တွေ့နိုင်ပါတယ် ။ တစ်ဆက်ထဲမှာလည်း UN ရဲ့ကဏ္ဍ ပါနေတာလည်း တွေ့ရပါမယ် ။

      အရင်က ရေးဖြစ်ခဲ့တဲ့ "အတ္တတောင်ကိုကျော်၍ အမုန်းသမုဒ္ဒရာထဲသို့ ခုန်ဆင်းခြင်း" ဆိုတဲ့ ပို့စ်ထဲမှာ ရေးဖြစ်ခဲ့တာကတော့ အောက်က အတိုင်းပါ ။

      "အခြားနယ်တွေကို ကိုယ်စားမပြုနိုင်ပေမဲ့ ၊ ဘားအံသား တစ်ယောက်အနေနဲ့တော့ ပြောပါရစေ ။
      ငယ်စဉ်က ရခိုင်မှာ မွတ်ဆလင်ကုလားတွေ ရှိတယ်လို့ သိခဲ့ရပါတယ် ။ ၁၉၇၀ ကျော်ပိုင်းမှာ ဘင်္ဂ
      လားဒေ့ရှ်ကို တစ်သိန်းကျော်လောက် မောင်းထုတ်ခဲ့ရာမှာ ၊ နောက်ပိုင်း နှစ်သိန်းကျော်လောက် ပြန်
      ဝင်လာခဲ့တယ်လို့ ကြားသိ ခဲ့ရဖူးပါတယ် ။ နောက်ပြီး အဲဒီအချိန်က ရခိုင်မှာ တာဝန်ကျခဲ့တဲ့ စစ်ပြန်
      တစ်ဦးရဲ့ အဆိုအရ သူတို့ကိုယ်တိုင် အဲဒီ မွတ်ဆလင် ကုလားတွေထဲက ရွာစွန်မှာ နေသူမျိုးတွေကို
      ညအချိန်သွားပြီး မိသားစုအလိုက် သတ်ဖြတ်ပစ်ခဲ့ ကြတာတွေ ရှိတယ်လို့ ဆိုပါတယ် ။"


      ဒါတွေက အရင်ကတည်းက အကြောင်းနဲ့ အကျိုးတွေ ရှိခဲ့တယ်ဆိုတာ တစ်စိတ်တစ်ပိုင်း ပေါ်လွင်အောင် ပြန်ဖေါ်ပြပေးတာပါ ။ ခုနေတော့ ဘာပြောပြော ထူးလှမှာ မဟုတ်ပါဘူး ။

      ကျနော့်အနေနဲ့ ရိုဟင်ဂျာတွေကို ခြောက်ပစ်ကင်းစင်လို့ ပြောနေတာ မဟုတ်သလို ၊ အကုန်လုံး မှန်နေတယ်လို့ မဆိုလိုပါဘူး ။ တိုင်းရင်းသား လူမျိုးစု တစ်စုအဖြစ် ပါနေတယ်လို့လည်း အဆိုပြုနေတာ မဟုတ်ပါဘူး ။

      ဒါပေမယ့် မရှင်းလို့လည်း မပြီးပြန်ပါဘူး ။ ပထမဆုံး လိုအပ်တာက အားလုံး သွေးအေးသွားဖို့ပါ ။ ပြီးမှ ကျိုးကြောင်းကျတဲ့ ဖြေရှင်းမှုတွေကို စစဉ်းစားလို့ ရပါလိမ့်မယ် ။

      ဖြေရှင်းရာမှာ အပေါ်က သတင်းထဲပါသလို သူတို့အများစုဟာ နိုင်ငံမဲ့တွေဖြစ်ပြီး နှစ်နိုင်ငံလုံးက နိုင်ငံသားတွေအဖြစ် အသိမှတ် မပြုဘူး ဆိုတဲ့အချက်ကို သတိကြီးကြီးထား တွက်ဆဖို့ လိုပါလိမ့်မယ် ။ ထိုင်းစစ်တပ် လုပ်ခဲ့သလို ပင်လယ်ထဲ သွားလွတ်ရမယ့် အမှောင်လွမ်းတဲ့ (အလယ်) ခေတ်လည်း မဟုတ်တော့ပါဘူး ။ လူသားဆန်တဲ့ ဖြေရှင်းချက်တွေ ရှာဖွေပြီး လက်တွေ့ အကောင်ထည် ဖေါ်ရပါတော့မယ် ။

      ဒါမျိုး မလုပ်နိုင်တဲ့ နိုင်ငံနဲ့ လူမျိုးကတော့ ကမ္ဘာ့အလယ်မှာ ခေါင်းမော်လို့ မရနိုင်ပါဘူး ။ ကိုယ့်စိတ် ကိုယ်တင်းပြီး ၊ သို့မဟုတ် မသိချင်ဟန်ဆောင်ပြီး ခပ်တည်တည် နေလို့ ရပါတယ် ။ ဒါပေမယ့် အခြားသူတွေရဲ့ ပြုံးပြနေတဲ့ နောက်ကွယ်မှာ အထင်သေး အမြင်သေး တာတွေကိုတော့ ထိန်းချုပ်လို့ မရနိုင်ပါဘူး ။ ရုရှ ၊ သီရိလင်္ကာ ၊ ကာဇတ်စ်တန် စသည်ဖြင့် မျက်နှာထားတင်းတင်းနဲ့ နေနိုင်ကြပေမယ့် ၊ သူတို့ကို နောက်ကွယ်မှာ နှာခေါင်းရှုံ့ နေသူတွေကိုလည်း ဒေါသ တဖွားဖွား ဖြစ်နေရတဲ့ သံသရာမျိုးနဲ့ နေနိုင်ကြတယ် ဆိုရင်လည်း ၊ ဒါက နိုင်ငံကို ဦးဆောင်နေသူတွေရဲ့ ရွေးချယ်မှုပါ ။ အနည်းဆုံး ဦးသိန်းစိန်နဲ့ ဒေါ်စုတို့ကတော့ ရှောင်ဖို့ ကြိုးစားကြမယ်လို့ ယူဆပါတယ် ။

      ဘယ်လိုပဲဖြစ်ဖြစ်ပါ မငယ်နိုင်ရယ် ၊ ခုလှိ အဆိပ်မုန်တိုင်းတွေ ပြင်းထန်ပြီး အမုန်းမိုးတွေ သည်းနေချိန်မှာ ကျနော်တို့တစ်တွေ ချွင်းချန် သွယ်ဝိုက် ရွေးချယ် ပြောနေရတာတွေဟာ တစ်ခါတစ်ရံ လိုရင်းကို ရောက်လှတယ်တော့ မဟုတ်ပါဘူး ။ ဒါပေမယ့် မှန်ကန်တယ်လို့ ယုံကြည် ရပ်တည်တာမျိုး လိုအပ်တယ်ထင်လို့ ဒီပို့စ်ကို တင်လိုက်တာပါ ။ မငယ်နိုင်ရဲ့ မတူတဲ့ အမြင်တွေကို တူအောင်လုပ်လို့ မရပေမယ့် ၊ ကွဲပြားတဲ့ နောက်ခံ အကြောင်းရင်းအချို့ ကျနော့်မှာ ရှိတယ်ဆိုတာတော့ ရေးရေးလေးလောက် မြင်လာလိမ့်မယ် ထင်ပါတယ် ။

      Delete
  5. ကိုမန်းကိုကို ပြောချင်တာက နအဖတွေက ဒီလိုသတ်ထားပြုထားလို့ ဒေသခံရခိုင်တွေကို မင်္ဂလာလီတွေက ဒီလိုဆက်ဆံတယ်လို့ ဆိုလိုချင်တာလား။ နအဖ န၀တ မဆလ တရားလက်လွှတ် သတ်တာကတော့ ရိုဟင်ဂျာဘင်္ဂါလီတွေကိုမှမဟုတ်ဘူး အာဏာရှင် သက်တမ်းတလျှောက်မှာ နေရာတိုင်းမှာ ရှိခဲ့ပါတယ်။ အခုထိ ကချင်ဒေသမှာ ရှိနေဆဲ ဖြစ်တယ်။ ဒါပေမဲ့ အခု ရခိုင်မှာ ဖြစ်နေတာက ဒီပြဿနာမဟုတ်ပါဘူး။ သူများနိုင်ငံထဲမှာ လာနေပြီး သူများအသက်အိုးအိမ်ကို ရန်ရှာနေတဲ့ ပြဿနာသာ ဖြစ်တယ်။ ဘင်္ဂါလီတွေ သူများနိုင်ငံထဲ လာနေပြီး အေးအေးဆေးဆေး မနေဘဲ ရခိုင်ပြည်နယ်ကို နှစ်ခုခွဲပြီး လုယူဖို့ ကြိုးစားတာ၊ ဒေသခံမဟုတ်ဘဲ ဒေသခံပါလို့ သမိုင်းလိမ်ညာလှည့်ဖြားပြီး နေရာဝင်ယူဖို့ လုပ်နေတဲ့ပြဿနာ၊ ဒေသခံတွေကို တောက်ရှောက်ဒုက္ခပေးလာပြီး ပေးနေဆဲဖြစ် တဲ့ပြဿနာပါ။ အာဏာရှင် လက်ထက်တွေမှာ တရားဥပဒေ စိုးမိုးမှုမရှိလို့၊ ဒီလူတွေနိုင်ငံမဲ့ ဖြစ်နေရတာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်က သူများနိုင်ငံထဲလာနေပြီး အေးအေးမနေဘဲ ဂြိုလ်မွှေနေလို့ ဖြစ်နေတဲ့ ပြဿနာပဲ ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံက လူမျိုးမဟုတ်တဲ့သူတွေကို အမေရိကန်တို့ အင်္ဂလိပ်တို့နဲ့ ပြည်ပမီဒီယာက မငြိုငြင်အောင်ဆိုပြီး ကျွန်မတို့ မြန်မာလူမျိုးတွေက မဟုတ်ကို အဟုတ်လုပ်ပြီး လိပ်ပေးရတော့မလား။ သမိုင်းပညာရှင်တွေကလည်း ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ မရှိဘူး၊ ကမ္ဘာ့သမိုင်းထဲမှာလည်း ဘယ်မှာမှ မတွေ့ဘူး၊ အခုမှ ရိုဟင်ဂျာဆိုပြီး လုပ်ကြံဖန်တီးလာတဲ့ လူမျိုးတမျိုးကို မြန်မာနိုင်ငံက ဘယ်လိုသွားလက်ခံမလဲ။ ဒီမိုကရေစီ ရလာရင်လည်း သူတို့တောင်းဆိုနေတဲ့ လူမျိုးစုအခွင့်အရေး ကိုယ်ပိုင်နယ်မြေ ပေးဖို့နေနေသာသာ ဒီလိုအချိုးမျိုး ချိုးနေတဲ့ လူတွေကို အခြေခံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် နိုင်ငံသားအဖြစ် လာဘ်ပေးလာဘ်ယူပြီး အသိအမှတ်ပြုထားခြင်း ခံရသူတွေကိုပါ ပြန်စီစစ်ပြီး တိကျသေချတဲ့ ဥပဒေတွေ အများကြီးလုပ်ဖို့ လိုဦးမယ်။ အခြေခံလူ့အခွင့်အရေးအတွက် လက်ခံပေးရင်လည်း အခု သူတို့ပြောနေတဲ့အတိုင်း အာရပ်ကနေ ရောက်လာပြီး ရှေးပဝေသဏီကတည်းက ရခိုင်တွနဲ့ လက်ပွန်းတနီး နေထိုင်လာတဲ့ ရိုဟင်ဂျာတွေလို့ လိမ်တာကိုတော့ လက်ခံလို့ ဖြစ်မှာမဟုတ်ဘူး။ ဘင်္ဂါလီနွယ်ဖွားဟာ ဘင်္ဂါလီနွယ်ဖွားပေါ့ ဘာကိစ္စ သမိုင်းကို လိမ်စရာလိုလို့လဲ။ ဘင်္ဂါလီကနေ ဗြိတိသျှတွေ ခေါ်လာလို့ ရောက်လာရာကနေ နောက်ပိုင်းခိုးဝင်ပြီး များလာတဲ့လူတွေအဖြစ် သမိုင်းအမှန်အတိုင်းပဲ မှတ်တမ်းတင်ပြီး လက်ခံရဖို့ရှိပါတယ်။ ရခိုင်ပြည်ကို တောင်နဲ့မြောက်ခွဲပြီး သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေဆိုပြီး ထပ်တောင်းလာရင်တော့ ဗြဟ္မာဦးခေါင်းလို ဘယ်မှာမှ ချလို့မရ သူတို့အမျိုးတွေတောင် လက်မခံတဲ့ ဒီလူတွေကို သနားနေတဲ့နိုင်ငံတွေက ခေါ်ကြပါစေ မြန်မာနိုင်ငံကတော့ တခါတည်းသာ မောင်းထုတ်လိုက်ဖို့ပဲ ရှိပါတယ်။

    ReplyDelete
    Replies
    1. မငယ်နိုင်ရေ ၊ ကျနော်ပြောခဲ့တာဟာ လူသိနည်းတဲ့ မ.ဆ.လ ခေတ်က အဖြစ်ပါ ။ နှစ် ၃၀ ဝန်းကျင် ရှိခဲ့ပြီ ဆိုပါစို့ ။

      ကျနော့် ဆိုလိုရင်းက ၊ ဖြစ်ခဲ့တဲ့ ဖြစ်လာတဲ့ အကြောင်း အကျိုးတွေဟာ ကာလရှည်ကြာ အခြေခံခဲ့တာတွေ ရှိခဲ့တယ် ဆိုတာကိုပါ ။ အဲဒီအထဲက သိထားတာလေး တစ်ခုကို ထုတ်နှုတ်ပြီး ကွင်းစတစ်ခု ဆက်ပြတာပါ ။ ဒီအတွက် တစ်ဖွဲ့ထဲကို ကျနော် အပြစ်ပုံမချပါဘူး ။ မီးမွှေးဖို့ရာ မီးခတ်ကျောက် နှစ်တုံး ၊ လောင်စာနဲ့ မီးမွှေးချင်တဲ့ ဆန္ဒရှိသူလည်း လိုပါတယ် ။

      မငယ်နိုင် ပြောတဲ့အထဲက အခြေခံ (၃) ခု တွေ့မိပါတယ် ။
      (၁) အိမ်ရှင်ကို ရန်ရှာတာ ၊ (၂) သမိုင်းကို လိမ်တာ ၊ (၃) ရခိုင်ပြည်ကို နှစ်ခြမ်းခွဲ လုယူဖို့ ကြိုးစားတာတွေပါ ။

      နံပါတ် (၁) ကတော့ အပေါ်က ပြောခဲ့သလိုပဲ အကြောင်းတရားတွေ အများကြီး ရှိခဲ့ပြီး အဲဒီကနေ အကျိုး ၊ အကျိုးကနေ အကြောင်းတရားတွေ ပြန်ဖြစ်ပြီး မုန့်ကြိုးလိမ် ဖြစ်နေတယ်လို့ ယူဆပါတယ် ။ အနည်းဆုံး ရာစုဝက်ဝန်းကျင်ရှိတဲ့ ဒီပြဿနာကို ၁ + ၁ =၂ လောက် လွယ်ကူတဲ့ ပုစ္ဆာတစ်ခုအဖြစ် ပြောင်းပစ်လို့ မရနိုင်ဘူးလို့ မြင်ပါတယ် ။

      နံပါတ် (၂) ကတော့ ကျနော် ချန်ထားဖို့ ကြိုးစားတဲ့ သမိုင်းကဏ္ဍပေါ့ ။
      သမိုင်းကို မဆွေးနွေးလိုပေမယ့် ပတ်သက်နေတာ တစ်ချို့ကိုတော့ ပြောလို့ရပါတယ် ။ ပထမဆုံး အနေနဲ့ သမိုင်းဟာ အလိမ်အညာကြီး ဖြစ်နေတယ်ဆိုပြီး ကိုယ့်အချင်းချင်း ပြောရတာ လွယ်ပေမယ့် ၊ အနည်းဆုံး သူတို့ကို နိုင်ငံသားအဖြစ် လက်မခံတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဘယ်လို ပြောကြမလဲ ။ ဥုံဖွ လုပ်လို့ မရတာကြောင့် အခု မငယ်နိုင် တင်ထားတဲ့ ဒေါက်တာအေးချမ်းရဲ့ ဆွေးနွေးတင်ပြချက်နဲ့ စာအုပ်စာတန်းမျိုးတွေ လိုလာပါတယ် ။ ပြီးရင် ပညာရှင် အသိုင်းဝိုင်းမှာ သူတစ်ယောက်ထဲ စီးချင်း ထထိုးလို့ မရနိုင်ပါဘူး ၊ သူ့ဖက်က ထောက်ခံ ဆွေးနွေးတင်ပြမယ့် ပညာရှင် အထောက်အခံတွေ လိုပါသေးတယ် ။ အဲဒီကမှ ပညာရှင် အများစုက လက်ခံပြီဆိုရင် လုပ်ရကိုင်ရ လွယ်သွားလိမ့်မယ် ။

      လိမ်တယ် ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်း ပြောချင်ပါတယ် ။ ကျနော့် လက်လှမ်းမီသလောက်တော့ ရိုဟင်ဂျာမှာလည်း ကျနော်တို့ဖက်မှာလိုပဲ အရောအနှောနဲ့ အခွင့်ရေးသမားတွေ ရှိနိုင်ပါတယ် ။ ပြောရင် ရှည်မှာမို့ အတိုချုပ်ကတော့ ကုလသမဂ္ဂ လုပ်ကိုင်ပုံအတိုင်း အတုအယောင် တစ်ချို့ထက် ၊ အစစ်အမှန်တွေကို ငဲ့တဲ့ လုပ်ပုံကိုင်ပုံကို လက်ခံပါတယ် ။

      တစ်ဆက်ထဲမှာပဲ ၊ ထွက်ပေါက် မရှိတဲ့လူတွေဟာ ကြံမိကြံရာ လုပ်နိုင်ကြတယ်ဆိုတဲ့ သဘော သဘာဝကိုလည်း နားလည်ထားပါတယ် ။ ချောင်ပိတ်ပြီး အရိုက်ခံရတဲ့ အခါမျိုးမှာ ၊ ချိနဲ့နေတဲ့ လမ်းဘေးက ခွေးတွေတောင် ပြန်ကိုက်တတ်တာ သဘာဝမို့ ၊ ပြဿနာကို အဖြေရှာရာမှာ ထွက်ပေါက်တွေ အားလုံးများ ပိတ်နေသလားဆိုတာ ကြည့်ဖို့တော့ လိုပါမယ် ။

      အခြားတစ်ဖက်မှာ ၊ လိမ်တယ်ဆိုရင်လည်း အမှန် ဖြစ်ရလေအောင် ၊ ပွင့်ပွင့်လင်းလင်းနဲ့ သံသယတွေ မရှိရလေအောင် အားလုံးက ပါဝင်ပြီး ကိုယ့်အပိုင်း ကိုယ်လုံဖို့ ကြိုးစားရပါမယ် ။ အရင် ပို့စ်တစ်ခုမှာ မွတ်ဆလင်တွေ ကရင်မဲဆိုပြီး တတိယနိုင်ငံကို ထွက်တာမျိုးတွေရှိပြီး ၊ ဒါကို ရိုးသားကြဖို့ ကျနော် တိုက်တွန်းခဲ့ဖူး ပြီးပါပြီ ။ ဒါကို ပြဿနာ ရှာတာထက် အားလုံး နေသာမယ့်လမ်းမျိုး ရှာကြံတာက ပိုကောင်းမယ်လို့ ယူဆပါတယ် ။

      Delete
    2. နံပါတ် (၃) ကတော့ ကျနော့်အနေနဲ့ ပြောရခက်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံမျိုး ရိုဟင်ဂျာတွေက တောင်းဆိုတယ် ဆိုတာမျိုးကို ထင်ထင်ရှားရှား မတွေ့မိတာလည်း တစ်ကြောင်းပေါ့ ။ တစ်စု တစ်ဖွဲ့က ပြောတာမျိုး ရှိနိုင်ပေမယ့် ၊ အားလုံးကို ကိုယ်စားပြုတယ်လို့လည်း ပြောလို့ မရတာကို ထည့်တွက်ရပါမယ် ။

      ကျနော့် သိခဲ့ရတဲ့ အတိုင်းအတာအရ ၊ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ရေဒီယိုကနေပြီး မူဂျာဟစ်သူပုန် ၁၅၀ လောက်ပဲ ရှိတယ်လို့ နားထောင်ခဲ့ရပါတယ် ။ ခုချိန်မှာတော့ လက်နက်ကိုင်ထားသူ ၄-၅ ယောက်လောက်ရဲ့ ဓါတ်ပုံတစ်ပုံကို ထပ်ခါထပ်ခါ ဖေါ်ပြနေကြတာကလွဲရင် ၊ အထင်နဲ့ ပြောနေကြတာပဲ များတယ်လို့ ယူဆရလောက်အောင် ဘာမှ အချက်လက်တွေ ခိုင်ခိုင်မာမာ ထပ်ထွက်လာတာ မတွေ့ရပြန်ပါဘူး ။ ဒီတော့ တောင်းဆိုမှုတွေ ရှိနေရင်တောင်မှ နိုင်ငံရေး အရပဲလို့ ယူဆရမလားပဲ ။ နိုင်ငံရေး အရဆိုရင်တော့ ၊ ဒေါသထွက်နေတာထက် မျက်နှာချင်းဆိုင် စကားပြောဖို့ လိုပါတယ် ။

      အခြား ထည့်စဉ်းစားစရာတွေ အနေနဲ့က မြန်မာပြည် အပါဝင် နိုင်ငံအများစုဟာ နယ်ချဲ့လက်အောက်က လွှတ်မြောက်လာပြီး နောက်ပိုင်းမှသာ နယ်နိမိတ် အတိအကျနဲ့ အချုပ်ချာပိုင် နယ်မြေတွေအဖြစ် ပိုင်းခြား လာခဲ့တာကိုပါ ။ ဒီဖြစ်စဉ်မှာ ရိုဟင်ဂျာတွေဟာ နေရာပျောက်ရသူတွေ ဖြစ်နေရင်တော့ အိမ်နီးချင်း နှစ်နိုင်ငံလုံးရဲ့ တာဝန် မကင်းပါဘူး ။

      နောက်တစ်ခုက - အကယ်၍ ရိုဟင်ဂျာတွေဟာ အင်္ဂလိပ် လက်ထက်မှ ဝင်လာသူတွေ ဖြစ်တယ်ဆိုရင်လည်း နှစ် ၁၀၀ ဝန်းကျင် နေထိုင်လာသူတွေ အနေနဲ့ နိုင်ငံသားအဖြစ်ကို ထည့်စဉ်းစားပေးဖို့ ကိစ္စပါ ။ နောက်တစ်ပိုင်းကလည်း ဒေသခံတွေအတွက် ဖိအားနည်းပါးသွားအောင် ပြောင်းရွှေ့နေထိုင်ရေး စီမံချက်မျိုးတွေကို ပြည်မကနေ ကမကထ လုပ်ပေးဖို့ ဆိုတာမျိုးတွေ လိုကောင်း လိုလာပါမယ် ။ ဒါတွေက ကျနော် နားလည်ထား တာတွေနဲ့ယှဉ်ပြီး ထွက်လာတဲ့ အတွေးတွေပါ ။

      စာရင်းချုပ်တော့ ကြက်လည်းမောစေ ယာလည်းညက်စေ လုပ်ထားသလို ဖြစ်နေတဲ့ အဖြစ်မျိုးမှာ ၊ ကျနော့်အနေနဲ့ မျှမျှတတ ဖြစ်နိုင်သမျှဖြစ်အောင် ရပ်တည်ချင်တဲ့ စိတ်ဆန္ဒပဲ အဓိက ရှိပါတယ် ။

      မငယ်နိုင် ဖြစ်စေချင်တဲ့ - သနားတဲ့ နိုင်ငံတွေက ခေါ်ကြပါစေ ဆိုတာမျိုးက - လက်ရှိ ကမ္ဘာက သိလာတဲ့ အနေထားမှာ အနည်းနဲ့အများ ဖြစ်လာနိုင်ပါတယ် ။ ဖြစ်မလာရင်လည်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိထိရောက်ရောက် ဆွေးနွေး ညှိနှိုင်းဖို့ လိုနေပြီဆိုတာတော့ ထပ်ပြောစရာ မလိုလောက်အောင်ပဲလို့ ယုံကြည်တယ် ။

      Delete
  6. http://news.mmsy.info/news/3421

    ReplyDelete
    Replies
    1. ဆောင်းပါးက ကောင်းပါတယ် ၊ တစ်ခုပဲ ပြောစရာရှိတာက ဖြစ်နိုင်ရင် မွတ်ဆလင် ဝက်ဘ်ဆိုဒ် မဟုတ်ပဲ ၊ အခြားလူမျိုးနဲ့ ဘာသာတွေရဲ့ ဆိုဒ်ကဖြစ်ရင် ပိုပြီး ကောင်းမယ်လို့ ထင်ပါတယ် ။ (ရှိလည်း ရှိကြပါတယ်) ။

      မှားတယ်လို့ ပြောတာ မဟုတ်ပါဘူး ၊ အကြံပေးကြည့်တာပါ ။
      မြန်မာ ပြည်သူပြည်သား အတော်များများဟာ ခုနေမှာ အချို့က -
      - လူဟောင်း မွတ်ဆလင်တွေနဲ့ ရိုဟင်ဂျာ ခွဲခြားပြောကြပါလို့ တိုက်တွန်းတယ် ၊
      - အချို့လည်း ဘာသာ ၊ လူမျိုး ကွဲကွဲပြားပြား ပြောဆိုကြဖို့ ရေးကြတယ် ။

      ဒါပေမယ့် တကယ်တန်း ခြုံငုံကြည့်လိုက်ရင်တော့ ဘယ်သူမှ ဘာမှ ကွဲကွဲပြားပြား သိကြ လုပ်နေကြတာတွေ မတွေ့နေရတာကြောင့် မြန်မာ မွတ်ဆလင်တွေ အနေနဲ့ သတိ အရမ်းရှိရမယ့် အချိန်မို့ပါ ။

      အရင်က မြန်မာ မွတ်ဆလင်ဆိုတာ ကျနော်လည်း မသိခဲ့ပါဘူး ၊ မလေးရှားမှာတုန်းက မင်္ဂလာဒုံသူနဲ့ရတဲ့ ပျဉ်းမနားသား မြန်မာ မွတ်ဆလင်တစ်ယောက်နဲ့ တစ်နှစ်လောက် အတူ အလုပ်လုပ်မှ သိလာခဲ့တာပါ ။ အတော် သဘောကောင်းပြီး ရိုးသားပါတယ် ။

      Delete
  7. ကြည့်သောသူသည် မြင်ကောင်း မြင်မိတတ်ကြ၏ ။
    မြင်သောသူသည် သိကောင်း သိတတ်ကြ၏ ။
    သိသောသူသည် အမှန်ကို လုပ်ကောင်း လုပ်တတ်ကြ၏ ။
    လုပ်သော အလုပ်တို့သည် ထိရောက်မှု ရှိကောင်း ရှိတတ်ကြ၏ ။
    ထိရောက်မှုရှိသော အလုပ်တိုင်း မှန်သည် ကောင်းသည် မဟုတ်ပြန် ။

    အို လူ့ငနွား ၊
    သင် မြင်သလော ၊
    သိသလော ၊
    လုပ်သလော ၊
    သင့်အလုပ် ထိရောက်ပါ၏လော ၊
    မှန်၍ ကောင်းပါ၏လော ။

    သို့တည်းမမူ
    မသိ
    မမြင်
    မလုပ်
    မထိရောက်
    မမှန်
    မကောင်း
    အကျိုးမရှိ ဖြစ်တုံသလော ။

    သင်၏နှုတ်ဖြင့် လေထုကို အဆိပ်သင့်စေပြီလော ၊
    တစ်ပါးသူ၏ အသွေးဖြင့် ရေထုကို ညစ်နွမ်းစေပြီလော ၊
    တစ်ပါးသူ၏ အသားဖြင့် မြေထုကို ဖုံးလွမ်းစေပြီလော ၊
    သင်၏အတွေးဖြင့် စင်္ကြာဝဋာကို မှောင်မိုက်စေပြီလော ။

    သို့တည်းမူ
    သင်မရှိ
    ငါမရှိ
    ဘာမျှ မရှိသည်က
    သာ၍ ကောင်းတုံ၏ ။

    http://www.youtube.com/watch?v=GeVa6U9yLCc

    ReplyDelete
  8. Ye Htut - သူတို့ကမွေးလို့ရသမျှ စွတ်မွေးတာ။ လူဦးရေ က ..အဆမတန်ကြီးထွား လာတော့ စားဖို့ မလောက်ငှ တော့ဘူး။နေဖို့မင်္လု လောက်တော့ဘူး။ ဒီတော့ ပြသနာလိုက်ရှာတယ်။ အကြမ်းဖက်တယ်။ ကမ္ဘာကြီးကို နည်းမျိုးစုံ ဒုက္ခပေးလာတယ်။ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့ အရင်မစဉ်း စားဘူး။ ကိုယ်ကျင့်သုံးနေတဲ့ လူမှူရေး။ နိုင်ငံရေး ။ဘာသာရေး။ ဘာတွေမှားနေလည်း ။ ဒီလိုမျိုးမရှိဘူး။
    17 minutes ago • Like • 1

    Ye Htut ကျနော်တို့မြန်မာတွေလောက် ကိုယ်ချင်းစာတရား ရှိတဲ့လူမျိုး ကမ္ဘာမှာ ရှားပါတယ်။ အတတ်နိုင်ဆုံး သူတို့ကို စောင့်ရှောက် ပေးခဲ့ပြီ။ ကျွေးတဲ့လက်ကိုပြန်ကိုက် တဲ့ခွေးကိုတော့ ဆက်မမွေးနိုင်ဘူး။
    13 minutes ago • Like
    ----------------------

    ဖေ့ဘွတ်ထဲက သဘောကျလို့ ကူးလာတာပါ ။
    "ကမ္ဘာကြီးကို နည်းမျိုးစုံ ဒုက္ခပေးလာတယ်။"
    "ကျနော်တို့မြန်မာတွေလောက် ကိုယ်ချင်းစာတရား ရှိတဲ့လူမျိုး ကမ္ဘာမှာ ရှားပါတယ်။"
    - ဆိုတဲ့ စကားနှစ်စုကို သိပ်သဘောကျလို့ပါ ။ ပြုံးစရာလေးတွေ ပေးပါတယ် ။
    ------------------------

    နောက်ထပ် ဖေ့ဘွတ်ထဲက ကူးလာတာလေး တစ်ခုပါ ။ လူတိုင်း မဟုတ်ပေမယ့် ၊ ဘေးက လူတစ်ချို့ကတော့ ဒီလိုမြင်ပါတယ် ။

    Branden Brazil
    22 hours ago

    Over the past few days, I have had online conversations of complete irrationality, with people I once held up in high esteem, regarding the hell that Burma finds itself in now. There is a hysteria, compounded by stubbornness, personal agendas, blatant racism, religious sectarianism, ongoing-frustrations, ignorance, tit-for-tat politics, and a whole slew of other dynamics that are poisoning clear heads. I think that this is a very tragic moment for Burma, because I believe that all the progress that has been made, as well as a lot of international sympathy and goodwill for the pro-Democracy movement is about to be lost.

    13Like · · Share
    ---------------------

    ဒါက နောက်တစ်ခု ။ New Mandala ကပါ ။ (ဆောင်းပါးကို ဖတ်ချင်ရင် ပို့စ်အောက်နားမှာ လင့်ရှိပါတယ်) ။

    Nicholas Farrelly // Jun 12, 2012 at 9:30 am

    Thanks for all of these comments:

    What some of you voicing extreme views may not realise is that your comments on a site like New Mandala are read widely and then taken as exemplary of the rhetoric and mindsets in this conflict . For the record, there have been comments in the past few days that we can’t publish — they advocate violence or otherwise fail any standard of common decency and humanity.

    ReplyDelete
  9. ကိုမန်းကိုကိုရေ ရိုဟင်ဂျာက လူမျိုးစုအခွင့်အရေး မတောင်းဆိုဘူးလို့ ပြောကတည်းက ကိုမန်းကိုကို သူတို့နဲ့ပတ်သက်တဲ့စာတွေ လက်ရှိသတင်းတွေကို သိပ်မဖတ်သေးဘူးလို့ ကျွန်မထင်တယ်။ အရင်က ဟိုမိတ်ဆွေဒီမိတ်တွေ ပြောထားတာလည်း သက်သေထူလို့မရပါဘူ့း။ ကျွန်မတော့ သမိုင်းလိမ်တဲ့လူတွေကို လယ်လိုမှ လက်မခံနိုင်သလို အခုလက်ရှိဖြစ်နေတာကိုလည်း မြန်မာအစိုးရနဲ့ ရခိုင်တွေက ရိုဟင်ဂျာတွေကို attack လုပ်တယ်ဆိုလို့ ဗြောင်လိမ်ပြီး ပြောင်းပြန်ပြောနေကြတာ ကိုမန်းကိုကို မတွေ့သေးဘူးဖြစ်မယ်။

    ReplyDelete
    Replies
    1. http://www.facebook.com/photo.php?fbid=208253605952268&set=a.119850758125887.21319.100003028903364&type=1&theater

      http://www.facebook.com/photo.php?fbid=3802892284886&set=a.3802891644870.149502.1654735884&type=1&theater
      မငယ်နိုင်မေတွေ့သေးဘူးဖြစ်မယ်။

      Delete
    2. http://asiancorrespondent.com/84146/burma-riots-what-the-media-isnt-telling-you/
      ပြောင်းပြန်ပြောနေတာလား? အခြားရှုထောင့်က အမြင်

      Delete
    3. အရင်ဆုံး ပြောချင်တာကတော့ ၊ ကျနော်တို့ နှစ်ယောက်ကြားမှာ မတူညီတာတွေ ၊ သဘော မမျှတာတွေ ရှိတယ် ဆိုတာကိုပါ ။ ဒါကို တည်မှီပြီး မငယ်နိုင်ဖက်က မှားတယ်လို့ ပြောလို့မရသလို ၊ ကျနော်ဖက်ကလည်း မှန်တယ်လို့ ယုံကြည်တာတွေကို စွဲကိုင်ထားတာကြောင့် လက်ခံနိုင်လောက်တဲ့ အကြောင်းအရာတွေ မျက်မြင်ဒိဋ္ဌ မတွေ့မချင်း ရပ်တည်ချက်တွေကို အလွယ်တကူ ပြောင်းလဲကြမှာ မဟုတ်ပါဘူး ။

      ကျနော့်ကိုပြောတဲ့ စာတွေသိပ်မဖတ်ဖြစ်ဖူးထင်တယ် လို့ပြောတာဟာ ၊ အတိုင်းတာ တစ်ခုအထိ မှန်တယ်လို့ ပြောနိုင်မယ်ထင်တယ် ။ ကျနော့်အနေနဲ့ ပင်မရေစီးကြောင်း အပြင်ဖက်က သတင်းတွေကို သိပ်မဖတ်ဖြစ်ပဲ ၊ လက်လှမ်းမှီသလောက် ခိုင်မာတဲ့ သတင်းတွေကိုဖတ်ရင်း ၊ သိလာသမျှတွေကို ကိုယ်ပိုင် အတွေ့ကြုံတွေနဲ့ ချိန်ထိုးတွေးဆတာတွေလောက်ပဲ လုပ်နေမိတယ်လို့ ပြောနိုင်ပါတယ် ။

      တစ်ခုရှိတာကတော့ ရိုဟင်ဂျာနဲ့ ပတ်သက်လို့ မငယ်နိုင်အနေနဲ့ မြန်မာပြည်တွင်းက သူတို့ရဲ့ ပင်မနိုင်ငံရေး ရေစီးကြောင်းရယ် ၊ ဘင်္ဂလားဒေ့ရှ်ဖက်က သူတို့လူတွေကို ကိုယ်စားပြုဖို့ကြိုးစားတဲ့ အဖွဲ့စည်းတွေရယ် ၊ နိုင်ငံတကာရောက်နေတဲ့ သူတို့လူတွေရယ် စတာတွေထဲက ဘယ်သူတွေပြောတာကို အတည်ယူသလဲ မပြောတတ်ပါဘူး ။ ကျနော်ကတော့ အချို့အဖွဲ့စည်းက စကားတွေဟာ သူတို့အားလုံးကို ကိုယ်စားပြုတယ်လို့ မထင်မိဘူး ။ နောက်ပြီး ပြောဆို ၊ သတင်းထုတ် ၊ သမိုင်းရေးကြရာမှာလည်း အားလုံးကို အမှန်လို့ မျက်စေ့မှိတ် လက်မခံပါဘူး ။ လောလောဆယ် မပြောတတ်ပေမယ့် ၊ သူတို့ထဲက မှားတာတွေ ရှိခဲ့ရင်တော့ ၊ တစ်မျိုးလုံးအပေါ်မှာ သက်ရောက်မှုတွေ ရေရှည် ရှိသွားမှာပါ ။ သူတို့ဘာသာ သတိရှိရမယ့်အချက်မို့ အသာ ထားလိုက်ပါ့မယ် ။

      ကျနော့်အမြင်အရ လက်တွေ့ အခြေခံကျကျ ကြည့်လိုက်ရင် - ပထမဆုံး ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်မှာလည်း တရားဝင် နိုင်ငံသားတွေ မဟုတ်ကြတာကိုကြည့်ရင် တစ်စုံတစ်ခုတော့ လွဲနေပြီလို့ ကောက်ချက်ချနိုင်တယ် ။ ၂၀၁၁ မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရောက်လာခဲ့ရာမှာ ရိုဟင်ဂျာအရေးဟာ ထိပ်တန်းက ပါတယ်လို့ သူတို့သတင်းစာမှာ ဆိုထားတယ် ။ ဒါကို မြန်မာပြည်မှာ သတင်း တစ်စွန်းတစ်စတောင် မပေါ်ခဲ့ဘူး ။ ဒီခေတ်မှာတောင် ဒီလို ဖုံးဖိထားရင် ကိုယ်တွေဖက်က ခေတ်အဆက်ဆက် မရိုးသားခဲ့တာလား ၊ တွေးစရာ ရှိလာတယ် ။

      တစ်ခါ ရခိုင်မှာ ရှုပ်ထွေးလာတော့ ယူအန်က သူ့ဝန်ထမ်း ၃-၄၀ လောက် ရွှေ့ပြောင်းဖို့ လုပ်တယ် ။ အရင်က ယူအန်က မြန်မာပြည်မှာ ရုံးဖွင့်ထားတယ် သိပေမယ့် ရခိုင်မှာ ဒီလောက်အထိ များမယ်မှန်း ၊ တစ်ခါမှ မတွေးမိကြသူတွေ များပါတယ် ။ ဒီဝန်ထမ်းအင်အားနဲ့ လုပ်ရတဲ့အလုပ်တွေဟာ ဘယ်လောက်ထိ ကျယ်ပြန့်မလဲ တွေးဆလို့ ရပါတယ် ။ ကိုယ့်နိုင်ငံထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကျနော်တို့ ပွင့်ပွင့်လင်းလင်း သိခွင့် မရှိခဲ့ကြတာဟာ သံသယနဲ့ မဖြစ်သင့်တဲ့ အကျိုးဆက်တွေကို ဖိတ်ခေါ်ရုံတင်မက ၊ ကိုယ့်ဘာသာ ချိန်ကိုက်ဗုံးတစ်လုံး ထောင်ထားတာနဲ့ အတူတူပါပဲ ။

      နောက်တစ်ခုက ရခိုင်မှာ ပြည်မက လူတွေပို့ပြီး ဗမာရွာတွေ တည်နေခဲ့တာ ဖတ်ဖူးမယ် ထင်ပါတယ် ။ နိုင်ငံအနှံ့မှာ လုပ်နေတဲ့ Burmese-nisation လုပ်ငန်းစဉ်ပါ ။ ဒါပေမယ့် အစ္စလာမ် ဘာသာဝင်တွေကိုတော့ ဒီလို ဝါးမျိုလို့ မလွယ်ပါဘူး ။ အစ္စလာမ်ဘာသာဟာ ကိုးကွယ်သူအတွက် ယဉ်ကျေးမှုနဲ့ နေ့စဉ် လူနေမှုဘဝတွေကိုပါ ပုံဖေါ်တာကြောင့်ပါ ။ ဒီတော့ ဒီလိုလူတွေ အားနည်းသွားအောင် ၊ အမျိုးမာန်ကြီးတဲ့ ရခိုင်တွေကို ပိုပြီး အားနည်းသွားအောင် ၊ တစ်ချိန်ထဲမှာ ဒေါ်စု ၊ ကျင့်ဝတ်စောင့်ထိန်းရတဲ့ ပြည်ပမြန်မာမီဒီယာတွေကို သြဇာကျဖို့ရာနဲ့ အခြား နိုင်ငံရေးအမြတ်တွေ ရနိုင်ဖို့ရာ ဘယ်သူတွေဆီမှာ ဆန္ဒရှိမလဲဆိုတာ မေးခွန်းထုတ်သူတွေလည်း ရှိနေပါပြီ ။

      Delete
    4. သမိုင်းအရတော့ တလောက မှတ်ချက်တစ်ခုမှာ ဗြိတိသျှ ခေတ်ဟောင်းမှတ်တမ်းတွေမှာ ရှာကြည့်ရင် ရိုဟင်ဂျာရယ်လို့ မရှိဘူးဆိုပြီး ပြောတာတွေ့တော့ ၊ ကျိုးကြောင်းသင့်သားပဲလို့ ထင်မိပါတယ် ။ ဒါပေမယ့် မကြာခင်က ဒီကိစ္စနဲ့ ကျွမ်းဝင်သူလို့ ယူဆရသူတစ်ယောက်ရဲ့ ဗြိတိသျှတွေဟာ ရခိုင်တွေကို Magh ၊ ကျန်တဲ့ မွတ်ဆလင်တွေကို Chittagongian ဆိုပြီး မှတ်တမ်းတင်ထားခဲ့တယ်လို့ ဆိုလာပြန်တော့ ၊ ဒီကိစ္စဟာ ကွန်ပြူတာကို သုံးလေးချက် ခေါက်ရုံနဲ့ အဖြေထွက် ပြေလည်သွားမယ့် အရာမျိုးမဟုတ်ဘူးလို့ သဘောပေါက်လိုက်ပါတယ် ။ အပြင်လောကမှာ နိုင်ငံတစ်နိုင်ငံထဲ မျိုးနှစ်ဆက်လောက်ဆိုရင် နိုင်ငံသားဖြစ်သင့်ပြီလို့ အလွယ်ပြောနိုင်ပေမယ့် ၊ မူရင်းလူ ၊ နောက်ထပ် ရောက်လာ ရောနှော နေသူတွေကစလို့ ဥပဒေအရ ၊ လူမှုရေးနဲ့ အများလက်ခံနိုင်ဖို့ ညှိနှိုင်းဆုံးဖြတ် အဖြေရှာဖို့တော့ မလွယ်တာကြောင့် အရင်တစ်ခါ ပြောခဲ့သလိုပဲ ၊ ပညာရှင်တွေကို ဆွဲသွင်းပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ လိုမယ်လို့ ပြောခဲ့တာပါ ။

      ခုနေမှာ အွန်လိုင်းမှာ စိုးရိမ်စရာကောင်းလောက်အောင် ပြောကြ ဆိုကြ ဆဲကြ ၊ နိုင်ငံရဲ့ လူအများကထားတဲ့ မုန်းတီးစိတ် လူမျိုးရေး ဘာသာရေး ခွဲခြားတတ်တဲ့ စိတ်ထားတွေကို ပွင့်ပွင့်လင်းလင်း ဖေါ်ထုတ် နေကြတာတွေကြောင့် နိုင်ငံတကာကလည်း ဒါကို အသိအမှတ်ပြု ထောက်ပြလာကြပါပြီ ။ အရှိန် မကုန်သေးသူတွေလည်း အများကြီး ရှိနေတုန်းပါ ။ မြန်မာကတော့ ကမ္ဘာမှာ မှတ်တိုင်တစ်တိုင် အောင်အောင်မြင်မြင် စိုက်ထူနိုင်ခဲ့ကြပါပြီ ။ အမိနိုင်ငံရဲ့ မျက်နှာမှာလည်း အိုးမည်းတွေ အလိမ်းလိမ်းနဲ့ပေါ့ ။

      ဒါကို အဲရင်က ရဲရဲတောက်ခဲ့တဲ့ ကိုကိုကြီး(၈၈)တို့ ၊ ကိုချိုတူးဇော်တို့တောင် လန့်လာကြပါပြီ ။ ထိန်းကွပ်ဖို့လည်း ပြောလာကြပါပြီ ။ ဒါပေမယ့် သူတို့ဆီမှာ လောင်စာပဲရှိပြီး ၊ လောင်ကျွမ်းတာကို ငြိမ်းဖို့အတွက်တော့ ရေအလုံ အလောက် မရှိဘူးဆိုတာကို သတိမရှိခဲ့ကြပါဘူး ။

      လက်ရှိ အခြေနေမှာ ဘင်္ဂလားဒေ့ရှ်ကလည်း ခိုလှုံလာသူတွေကို လက်မခံပဲ ၊ ကမ္ဘာသိအောင် မီးလောင်ရာ လေပြင်းပြင်း ပင့်ပေးနေပါတယ် ။ ခက်တာက မီးလောင်နေတာ ကျနော်တို့ဖက်မှာပါ ၊ သူတို့ဖက် မဟုတ်ပါဘူး ။ အရင်ကတည်းက ထင်သာမြင်သာ ၊ ရိုးရိုးသားသား ၊ အားလုံး အကျိုးဖြစ်မယ့် နည်းလမ်းတွေ ရှာကြံဖြေရှင်းခဲ့ရမှာကို နေ့ရွှေ့ညရွှေ့ လုပ်ခဲ့တဲ့အကျိုးကို ထပ်ရွှေ့ဖို့ ကြိုးစားတာ ၊ သူ့အလိုလို ပျောက်သွားကောင်း ပျောက်သွားမယ်လို့ စိတ်ကူးယဉ်တာ ၊ ဒေါသနဲ့ တုန့်ပြန်တာတွေဟာ - ကိုယ့်ဘာသာ ဆေးမြီးတိုနဲ့ ကြိတ်ကုခဲ့တဲ့ အနာကို ၊ လူတွေသိ သွားမှ ဓါတ်ကြမ်းနဲ့ ကုပြသလို ဖြစ်နေပါတယ် ။

      ဒီတော့ ချုပ်ရရင် ၊ ချင့်ချိန်ပြောတယ် ဆိုဆို ၊ သံသယထားတယ် ပြောပြော ၊ သတိရှိတယ်လို့ နာမည်ပဲတပ်တပ် ၊ ကျနော့်အနေနဲ့ကတော့ ယတိပြတ် ပြောလို့မရတာကို အလောတကြီးနဲ့ ပြတ်ပြတ်သားသား အဖြေထုတ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ယူဆပါတယ် ။

      (ဝန်ခံရမှာကတော့ ကျနော်တို့တစ်တွေဟာ ရိုဟင်ဂျာကိုရော ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပါ ဘယ်တုန်းကမှ နားမလည်ခဲ့သလို ၊ နားလည်ဖို့ မကြိုးစားခဲ့ကြဘူး ဆိုတာကိုပါ) ။

      Delete
  10. တိုတိုတုတ်တုတ်ပြောရရင် မငယ်နိုင်ပြောတာ ကျုပ်တော့ထောက် ခံတယ်။

    ReplyDelete
    Replies
    1. မငယ်နိုင်အမြင်ကို လူအတော်များများ ထောက်ခံမယ်ဆိုတာ သဘောပေါက်ပါတယ် ။

      ကျနော်ကလည်း ကိုယ်ပြောတာကို လူအများ ထောက်ခံလိမ့်မယ်လို့ မမျှော်လင့်ပါဘူး ။ ကျိုးကြောင်းကျဖို့ ၊ ကိုယ့်စိတ်ကိုယ်လုံဖို့နဲ့ စံနမူနာဆိုး မဖြစ်ဖို့ကို ပိုအလေးထားပါတယ် ။

      ဒါပေမယ့် ကျနော်ဟာ မဟတ္တမဂန္ဒီနဲ့ မာသာထရီဆာ လမ်းမျိုးလျှောက်မယ့်သူ မဟုတ်သလို ၊ ကောင်းနိုးရာရာတွေ ယူငင်သုံးစွဲပြီး ဆင့်ပွား မျှဝေတာကလွဲရင် အခြား ဘယ်သူ့နောက်မှလည်း မျက်စေ့မှိတ် မလိုက်နိုင်ပါဘူး ။

      Anonymous မှာလည်း ကိုယ်ပိုင် အခွင့်အရေး ရှိပါတယ် ။
      ပွင့်ပွင့်လင်းလင်း ထောက်ခံ အားပေးနိုင်ရင်တော့ မငယ်နိုင်တို့လို အားပေးခံရသူအနေနဲ့ ပိုအားရှိမယ် ယူဆပါတယ် ။
      ကျနော့် အနေနဲ့ကတော့ ကိုယ့်ကို မထောက်ခံသူကို သိရလို့လည်း မုန်းစရာ မရှိပါဘူး ။

      Delete
  11. Mahn Koko ခင်ဗျာ နဲနဲလေး ထပ်ပြောပါရစေ
    အရင်ဆုံးပြောချင်တာကတော့ ကျနော့်ရဲ့ REPLY or COMMENT ကြောင့် အနည်းဆုံး လူတဦးရဲ့ ဒေါသမီး ကို ဆွပေးသလို ဖြစ်မှာ စိုးလို့ ကျနော် ဘယ်နေရာမှာမှ မရေးပါဘူး ဒါပေမဲ့ လက်ရှိ အခြေအနေက နဲနဲငြိမ် သယောင်ရှိတာရယ် Mahn Koko ရဲ့ Blog ကိုဖတ်ရှုလေ့ရှိသူတွေက ပိုပြီး တည်ငြိမ်တဲ့ သူတွေ များမယ်လို့ ယူဆတာမို့ REPLY ရေးရတာပါ
    Mahn Koko ကို စဉ်းစားစေချင်တာက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခအတွင်းမှာ မြန်မာပြည်ပြင်ပက မြန်မာMedia တွေ နဲ့ BBC,VOA etc တို့လို Media တွေက တောက်လျောက် ရိုဟင်ဂျာလို့ မသုံးဆွဲပဲ မွတ်ဆလင် လို့ပဲသုံးဆွဲတာ အကြောင်းရှိရပါမယ် BBC ဆိုရင် ရခိုင်ပြည်နယ်မြေပုံမှာ ရိုဟင်ဂျာပုံ ထည့်လိုထည့် ရိုဟင်ဂျာ ဟာရခိုင်ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားလို့ ရေးလိုရေး တောက်လျောက် ရိုဟင်ဂျာ ရိုဟင်ဂျာ တဖွဖွဆိုနေခဲ့ပြီး အခုမှ ဘာကြောင့် ရိုဟင်ဂျာဆိုတဲ့ အသံပြောက်သွားရတာလဲ ရိုဟင်ဂျာတွေဟာ အခုပဋိပက္ခအတွင်းမှာ
    မပါဝင်ဘူးလို့ ပြောချငိတာလား.....မွတ်ဆလင် နဲ့ ဗုဒ္ဒ ဘာသာ ရန်တိုက်တာလား


    ကျနော့်အမြငိအရ အခုပဋိပက္ခဟာ ဆိုရင် အင်မတန် မိုက်မဲလှတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် တချို့နဲ့ BBC,VOA သတင်းဌာနက သွေးထိုးပေးတဲ့သူတွေရဲ့ စည်းချက်ညီ လက်ဝါးရိုက်ကွက်လို့မြင်တယ် အခု ဘယ်သူတွေ ဘာတွေရှံးပြီး ဘာတွေမြတ်လဲ ရိုဟင်ဂျာတွေကို ဒေါ်အောင်ဆန်းစုကြည် က အပြည်ပြည်ဆိုင်ရာမှာ ပြည်နယ်သတ်မှတ်ပေးပါ့မယ်လို့ ပြောရမှာလား,မဖြစ်နိုင်ဘူး တကယ်ဖြစ်သွားတာက ရိုဟင်ဂျာတွေကို မြန်မာပြည်သူပြည်သားတချို့က(ကျနော် အပါ) အရင်ကထက် ပိုမုန်းသွားတယ်
    ပိုနာကျည်းသွားတယ် ရခိုင်တွေကို အရမ်းသနားသွားတယ် အရင်ကထက် ရခိုင်တွေကို ရင်းနှီးသွားတယ် ကိုယ့်မိသားစုအရင်းတွေလို့  ခံစားသွားတယ်
    ပြီးတော့ ရိုဟင်ဂျာတွေ အနေနဲ့လည်း အရင်လိုပြန်မဖြစ်န်ုင်တော့ဘူး ရိုဟင်ဂျာတွေက လူနဲစု သူတို့က သူများကို မှီခိုနေရတာ နောက်ဆိုရင် ဘယ်သူတွေက သူတို့ကို အလုပ်ပေးတော့မှာလဲ ပြောရရင်အများကြီးပဲ
    အလျဉ်းသင့်တုံးပြောရရင် မငယ်နိုင်ကို Mahn Koko REPLY လုပ်တာနဲ့ပတ်သတ်ပြီးတော့ပေါ့် ကွဲပြားတဲ့ နောက်ခံအကြောင်းရင်းအချို့MahnKokoမှာရှိတယ်ဆိုတာတော့ ရေးရေးလေးလောက် မြင်လာပါတယ် "အမှန်တော့ ကျနော်တို့ဖက်မှာ ရိုဟင်ဂျာအပါဝင် မြန်မာမွတ်ဆလင်တွေနဲ့ ဗမာတွေရဲ့ အခြေလာချရာဒေသ ဖြစ်နေတာ ကြာလှပါပြီ ။ ဒါပေမယ့် နားနဲ့မနာ ဖဝါးနဲ့သာနာပါ ၊ မွတ်ဆလင်တွေကိုယ့်ဘာသာ အခြေလာချကြပေမယ့် ဗမာရွာတွေ တည်ဖို့ရာတော့ ကျနော်တို့နယ်ခံတွေက တစ်ရွာကို ၁၀-၁၅ ယောက် ခေါ်ပြီး အခိုင်းခံရပါတယ် ။ အာဏာသုံးပြီး ကျနော်တို့နယ်ခံတွေရဲ့ လုပ်အားနဲ့ အရင်းအနှီးတွေကို အတင်းပေးဆပ်စေကြပါတယ် ။ လက်တွေ့ အခြေနေကို ပြောတာပါ ။ဒီတော့ ကျနော်တို့နယ်ကို လာကြလို့ ရပါတယ် ၊ လူမျိုးဘာသာမရွေး အားလုံးကို လက်ခံပါတယ်ဆိုတာ အသိပေးချင်ပါတယ်" ရေးရေးလေးလောက် မြင်လာပါတယ်

    ရွှငိလန်းပါစေဗျာ နောက်မှပဲရေးအုံးမယ်

    ReplyDelete
    Replies
    1. ဟုတ်ပါတယ် ၊ စဝ်ရဲ့ စာအဆုံးပိုင်းကို ပြန်ပြောရရင် -

      ကျနော်ဟာ ဘာသာကြီးတွေကြားမှာ ကျင်လည်ခဲ့ရတာကြောင့် ဘာသာရေးအမြင်တွေကို အလေးထားပါတယ် ။
      လက်ဝါးကြီးအုပ် လူမျိုးစုကနေ လာတာမဟုတ်တာကြောင့် လူနည်းစုရဲ့ ရှိသင့်တဲ့ အခွင့်လမ်းတွေကို မြင်ပေးပါတယ် ။
      အောက်ခြေအဆင့် အလုပ်လုပ်ခဲ့စဉ်က အခြားအလုပ်သမား ၊ အထက်အရာရှိနဲ့ အလုပ်ပိုင်ရှင်တွေ ဘယ်လို တွေးမလဲဆိုတာ နေရာချင်းလဲ မြင်ကြည့်ခဲ့သလို ၊ ရုံးလုပ်ငန်းမှာ လုပ်ခဲ့ဖူးတာကြောင့်လည်း စီမံခန့်ခွဲရေး အမြင်နဲ့ မြင်ကြည့်တတ်ပါတယ် ။

      ယဉ်ကျေးမှု ကွဲပြားတဲ့ နိုင်ငံတွေမှာ နေဖူးတာကြောင့် ဖြစ်တတ်တဲ့ သဘောသဘာဝတွေကို ထည့်တွက်ပါတယ် ။
      လူလတ်ပိုင်း ဖြစ်နေပြီမို့လည်း လူငယ်တွေကို လမ်းမှားမပြမိအောင် (သတိလွတ်တဲ့ အခါနဲ့ စိတ်မထိန်းနိုင်တဲ့ အခါမျိုးကလွဲရင်) သတိထားရပါတယ် ။
      ကျနော့် အတွေးအမြင်တွေဟာ လူတွေအတွက် ပြောင်းလဲဖို့ထက် လမ်းကြောင်းညှိပေးရုံလောက်ပဲ ရနိုင်မယ်ဆိုတာ နားလည်ထားလို့လည်း အပြောအဆိုမှာ မြင်သလောက် ချိန်ဆရပါတယ် ။

      စဝ်ရဲ့ အပေါ်ပိုင်းက အမြင်တွေကိုတော့ မငယ်နိုင်ကို ပြန်ထားတဲ့စာမှာ အသင့်အတင့် ဖြေပြီး ဖြစ်ပါလိမ့်မယ် ။
      ကျန်တာတွေကိုတော့ အချိန်ရ ၊ အဖြေပေါ်မှ ထပ်ရေးဖြစ်ကောင်း ထပ်ရေးဖြစ်ပါလိမ့်မယ် ။

      Delete
  12. ကိုကိုနဲ့ ငယ်နိုင် နှစ်ယောက်အပြန်အလှန်ရေးထားတာတွေ တကယ်ကိုကောင်းပါတယ်။
    ဆောင်းပါးလုပ်ရေးလို့တောင် ရနိုင်တယ်။

    ဘာပဲဖြစ်ဖြစ်မန်းကိုကိုအတွေး မန်းကိုကိုအရေးတွေက စာဖတ်အားကနေ အခြေခံလာတာမို့
    သူ့လို ဆောင်းပါးကောင်းတွေ ထွက်လာဖို့အတွက် ကျွန်တော်တို့လည်း
    ကဲ........စာများများဖတ်ကြစို့။

    ReplyDelete
    Replies
    1. အားပေးတာ ကျေးဇူးတင်ပါတယ် ၊ ကျနော် ရေးထားတာဟာ မဖြစ်ညစ်ကျယ် တစ်ပိုင်တစ်နိုင်စာပါ ၊ မငယ်နိုင် ပြောသလိုပဲ မဖတ်ဖြစ်ပဲ လွတ်သွားတာတွေက အများကြီးပါ ။ ဥပမာ - တာဝန်ယူမှု မရှိတဲ့ သမ္မတရုံးမှာ လုပ်တယ်ဆိုတဲ့ 'မှူးဇော်'လို လူမျိုးရဲ့ သွေးထိုးစာတွေကို တကူးတက သွားမဖတ်မိပါဘူး ၊ လူပြောများလွန်းမှသာ အနည်းအကျဉ်း ကြည့်ဖြစ်ပါတယ် ။ သတင်းတွေဆိုလည်း သတင်းနဲ့ မတူပဲ ၊ လိုချင်တဲ့ဖက်ယိမ်းပြီး ခေါင်းစဉ် တပ်ထားတာတွေ့ရင် မဖတ်ဖြစ်တာ များပါတယ် ။

      အပေါ်က မှတ်ချက်တွေကို ဖြတ်တောက်ပြီး ပို့စ်တစ်ပုဒ် လုပ်လို့ရပေမယ့် ၊ ခုနေခါမှာ သိပ်မထင်ပေါ်တဲ့ မှတ်ချက်နေရာ လောက်မှာတင် ထားတာပဲ ကောင်းလိမ့်မယ် ယူဆလို့ ၊ ဒီမှာပဲ ရေးချလိုက်တာပါ ။

      Delete
  13. ကူးခွင့်ပြုပါ။

    ReplyDelete
    Replies
    1. အပေါ်မှာ ရေးထားတဲ့ မူအတိုင်းပါပဲ ၊ လွတ်လွတ်လပ်လပ် ခွင့်မတောင်းပဲ ကူးသွားလို့ ရပါတယ် ။

      ဘယ်လိုဖြစ်ဖြစ် ခွင့်တောင်းတာကိုတော့ ကျေးဇူးတင်ပါတယ် ။

      Delete
  14. ရိုဟင်ဂျာတွေကို DNA စစ်လိုက်ရင် root ပေါ်လာပါလိမ့်မယ်။ဘယ်လူမျိုးက ဆင်းသက်လာသလဲဆိုတဲ့ ဇစ်မြစ်ကိုပေါ့။ အစိုးရကဦးစီးလုပ်ပြီး ရိုဟင်ဂျာခေါင်းဆောင်တွေကစပြီး အယောက်တထောင်လောက်ဖြစ်ဖြစ် random ကိုယ့်သဘောနဲ့ အစစ်ခံကြဖို့ကောင်းတယ်။ ဒါဆို ရိုဟင်ဂျာဇစ်မြစ်သမိုင်းတွေဘာတွေ ဓားထမ်းငြင်းစရာမလိုတော့ဘူး။
    National Geographic က ဒီလိုသုတေသနတွေ လုပ်ပြီးပြီ။

    ReplyDelete
    Replies
    1. Will DNA solve everything?
      I doubt it.
      Only political will of Burman citizens can give decisive answer to this mess.
      However, this is just a matter of distance reality since the majority of them are still in a delusional stage at this moment.

      Delete
    2. ဒါကိုတော့ အပေါ်က Dream Master နဲ့ သဘော နည်းနည်း နီးစပ်ပါတယ် ။
      ဒီလိုစစ်တာဟာ ရုပ်ပုံကားချပ်ကြီး တစ်ခုလုံးထဲက တစ်စိတ်တစ်ပိုင်း အဖြစ်လောက်ပဲ အသုံးတည့်မယ်လို့ ယူဆပါတယ် ။ ဥပမာ ရိုဟင်ဂျာတွေဟာ အာရပ်အနွယ် ဟုတ်မဟုတ် စသည်ဖြင့်ပေါ့ ။ ဒါပေမယ့် ဟိုးယခင်ကတည်းက နေလာခဲ့သူတွေ အတွက်တော့ သွေးရောမှု အနည်းအများပဲ အဖြေ ပေါ်နိုင်ပါလိမ့်မယ် ။ ဒီနယ် ဒီမြေမှာ ဘယ်လောက်ကြာကြာ နေခဲ့သလဲ ဆိုတာတော့ မဆိုင်တော့ပြန်ပါဘူး ။ ဆိုချင်တာက ဖြေရှင်းစရာက ကဏ္ဍပေါင်းစုံမှာ လိုနေပါတယ် ။

      အထူးသဖြင့် သမိုင်း ကဏ္ဍဖက်မှာဆို မြင်ရသလောက်က - လက်တွေ့ကျကျ ဖြစ်ခဲ့တာတွေကို အဓိက ဇာတ်ကောင်တွေက ပွင့်ပွင့်လင်းလင်း ချမပြ ပြောမပြကြ (မပြောဆို မဆွေးနွေးကြ) ဘူးလို့ ယူဆပါတယ် ။ လောလောဆယ်အထိ ငြင်းနေကြတဲ့ (ပညာရှင်တွေလို့ ယူဆရတဲ့) သူတွေကြားမှာ ၊ သဘော တူတာတွေထက် မတူတာတွေကိုပဲ စောင်းပေးပြီး ငြင်းခုံ နေကြတယ်လို့လည်း မြင်ပါတယ် ။

      အတိုချုပ်အနေနဲ့ ဒီကိစ္စမှာ တိုင်းရင်းသား လူမျိုးစုတစ်ခု ဟုတ်မဟုတ် ဆိုတာထက် ၊ နိုင်ငံသား ကိစ္စဖက်ကို ပိုယိမ်းနေတယ်လို့ ယူဆပါတယ် ။ တစ်ခါ ၊ မြန်မာပြည်မှာ တိုင်းရင်းသားနဲ့ နိုင်ငံသား အကြားမှာ ဘာတွေများ အခွင့်ရေးနဲ့ အနေထားတွေ ကွာခြားသလဲ ကြည့်ပြန်တော့ ကွဲကွဲပြားပြား ဘာမှ မတွေ့မိဘူး ။ ခုနေ ကျနော့်ကို ခင်ဗျားက တိုင်းရင်းသားလား ၊ နိုင်ငံသားလားလို့ မေးရင် ၊ ခင်ဗျား ထင်ချင်သလိုသာ ထင်လိုက်ဗျာလို့ ပြောရလောက်အောင်ကို ဘာမှ မကွဲပြား ၊ စိတ်ဝင်စားစရာ မကောင်းတာပါ ။

      National Geographic ကနေ လုပ်ခဲ့တဲ့ သုတေသနတွေက ဘာတွေပါလိမ့် ။ DNA စစ်တာ ဆိုရင်တော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခဲ့မယ့်ပုံ မပေါ်ပါဘူး ။
      ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ ဒီလိုစစ်တာတွေဟာ ခုကိစ္စရယ်လို့ မဟုတ်ပါဘူး ၊ နောင်ဆို လူမျိုးတိုင်းရဲ့ သမိုင်းတွေကို ပိုပြီး တိတိကျကျ ခြေရာခံနိုင်ဖို့အတွက် လုပ်ကြရမှာပါ ။
      (သိပ္ပံပိုင်းဆိုင်ရာ ရှာဖွေမှု တွေအတွက် အရေးပါတဲ့ လုပ်ရပ်မို့ လုပ်ကြရမယ်လို့ ဆိုလိုတာပါ ၊ ဘာနဲ့မှ ဆက်စပ်ပြောတာတော့ မဟုတ်ပါဘူး) ။

      Delete
    3. National Geographic က သိပ်ကျယ်ကျယ်ပြန့်ပြန့် သုတေသနမလုပ်လိုက်နိုင်ပါဘူး။ ဒီတကမ္ဘာထဲပဲ လုပ်လိုက်နိုင်တာပါ။
      ဒီလိုsite တွေကိုသွားလိုက်ရင် တွေ့နိုင်မှာပါ။
      https://genographic.nationalgeographic.com/genographic/atlas.html
      DNA နဲ့ဇစ်မြစ်ဖော်ထုတ်နိုင်တယ် ဆိုတာကလွဲပြီး ပြသနာဖြေရှင်းနိုင်တယ်လို့ မပြောခဲ့ဘူး။
      သမိုင်း သမိုင်းနဲ့ အော်နေတဲ့သူတွေအတွက် အုတ်ကျဉ်းလည်း ရှိသေးတယ်လို့ ပြောချင်တာပါပဲ။
      လက်ရှိ မြန်မာပြည်ထဲမှာ ပေါက်ဖွားလာတဲ့ ရိုဟင်ဂျာကလေးတွေကို နိုင်ငံခြားသားသတ်မှတ်ပြီး နှင်ထုတ်လို့ကော ဘယ်နိုင်ငံက လက်ခံမလဲ။

      Delete
    4. လင့်ထည့်ပေးလာတာကို ကျေးဇူးတင်ပါတယ် ၊ အချိန်ရတဲ့အခါကျ အစအဆုံး နားထောင်ကြည့် ဖတ်ကြည့်ပါဦးမယ် ။

      ပထမ ကျနော့်အနေနဲ့ လူသားသမိုင်းဖက်မှာ လေ့လာမှု အားနည်းတာ အရင်ဆုံး ဝန်ခံချင်ပါတယ် ။ National Geographic ထဲမှာ ဆိုထားသလို လူသားတွေဟာ အာဖရိကကနေ စတင်ပြန့်ပွားလာတယ် ဆိုတာဟာ ကနေ့ ကမ္ဘာမှာ အတော်များများ လက်ခံထားကြတဲ့ အဆိုပြုချက်လို့တော့ သဘောပေါက် ထားပါတယ် ။ အခြားတစ်ဖက်မှာလည်း ချားလ်ဒါဝင်ရဲ့ သီအိုရီကအစ ၊ လူသားသမိုင်းကို သီအိုရီတွေနဲ့ ကြိုးစားသက်သေပြပြီး တည်ဆောက်နေ ကြတာကိုလည်း သတိထားမိပါတယ် ။ သူတို့ရဲ့ သီအိုရီတွေ ခိုင်မာမှု ဘယ်လောက်ရှိမှန်း မသေချာပေမယ့် ၊ လက်တွေ့ကျတဲ့ အိုင်းစတိုင်းရဲ့ အနုမြူဆိုင်ရာ ညီမျှခြင်းမှာတော့ တရုတ်ပညာရှင် အချို့က မှားယွင်းမှုတဲ့ အပိုင်းကို ရှာတွေ့ခဲ့ဖူးပါတယ် ။ ဒီတော့ နောင်မှာ ထပ်တွေ့လာတဲ့ အချက်လက် တွေနဲ့ယှဉ်ပြီး လူသားသမိုင်း သီအိုရီတွေမှာလည်း အပြောင်းလဲ လေးတွေတော့ ရှိလာကြမယ် ထင်ပါတယ် ။

      တစ်လက်စထဲ သတိထားမိတာက လူသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၆၀၀၀၀ လောက်ကတည်းက အာဖရိကကနေ သြစတြေးလျအထိ ရောက်ရှိ အခြေချခဲ့ကြတယ် ဆိုတာကို စိတ်ဝင်စားမိပါတယ် ။ စာစောင်တစ်ခုမှာ သြစတြေးလျ ဌာနေ အဘောရီးဂျင်းတွေရဲ့ DNA ကို စစ်ကြည့်တော့ အိန္ဒိယဆီကို မြစ်ဖျား ရောက်သွားတယ်လို့ ပြောပါတယ် ။ နက်နက်နဲနဲ မရေးထားလို့လားတော့ မပြောတတ်ပါ ၊ အာဖရိကအထိ မရောက်ဘူး ဖြစ်နေပါတယ် ။ ကျနော် သိထားတာတွေ နည်းနေသေးတာလည်း ဖြစ်နိုင်ပါတယ် ။

      နောက်တစ်ခု သတိထားမိတာက ဥရောပမှာ နေခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀ လောက်မှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တဲ့ Neanderthal လို့ခေါ်တဲ့ ရှေးဦးလူတွေ အကြောင်းပါ ။ လူသားသမိုင်း လေ့လာသူတွေရဲ့ ထင်မြင်ယူဆချက် တွေအပေါ် မူတည်ပြီး သီအိုရီ ထုတ်ကြတာတွေ ရှိပေမယ့် ၊ မျိုးရိုးဗီဇအကြောင်းတော့ ပြောဆိုသွားတာ မတွေ့မိပြန်ပါဘူး ။ ကွင်းဆက်တွေ ပြုတ်နေသလို ယူဆမိပါတယ် ။ စိတ်ထဲ ပေါ်လာတာကို ပြောပြတာပါ ၊ Guest ကို ချေပနေတာ မဟုတ်ပါဘူး ၊ လိုနေတဲ့ ကွင်းဆက်လေးတွေ ဖြည့်ပေးနိုင်ရင်တော့ ဝမ်းသာစရာပါ ။

      Guest ကို နောက်တစ်ပိုင်း ပြောစရာက - ကျနော်ဟာ ဒီမှာ ရေးလာတဲ့ မှတ်ချက်တိုလေး တွေအပေါ် မူတည်ပြီး ၊ ကိုယ့်ဖက်က တတ်နိုင်သမျှ ပြည့်စုံအောင် စာပြန်ပေးရာမှာ ၊ အကြောင်း အမျိုးမျိုးကြောင့် လွှဲချော်နေတာမျိုးတွေ ရှိနိုင်ပါတယ် ။ အထူးသဖြင့် စာတိုလေလေ အဓိပ္ပါယ် ဖေါ်ရခက်လေမို့ ၊ အခက်ခဲတွေကို နားလည်ပေး နိုင်မယ်လို့ ယုံကြည်ပါတယ် ။

      Guest ရဲ့ နောက်ဆုံး စာကြောင်းကိုတော့ အပြည့်ဝ လက်ခံပါတယ် ။

      Delete
  15. တခါက ဘုရင်ကြီးတပါးဟာ သူတိုင်းပြည်အုပ်ချုပ်တာကို ပြည်သူတွေရဲ့ အမြင်မှာ ဘယ်လိုရှိလည်း သိချင်လို့  ရုပ်ဖျက်ပြီး ကွင်းဆင်းလေ့လာတယ်။ ပြည်သူတယောက်ကိုမေးလိုက်တယ်...ဘယ်လိုလည်း အခုအုပ်ချုပ်တဲ့ဘုရင်က ကောင်းလားလို့ ....အဲဒီတော့ ပြည်သူက ဘာပြန်ဖြေလိုက်တယ် မှတ်လို့ ...``ဘယ်မအေရိုးမှမကောင်းဘူး``တဲ့...
    မန်းကိုကိုဆိုလိုချင်တာက မဟာဗမာနဲ့ ရိုဟင်ဂျာ ဘယ်သူက ပိုကောင်းလဲ```..အဖြေကတော့ အပေါ်ကအတိုင်းပါဘဲဗျာ...

    ReplyDelete
    Replies
    1. ha ha
      you've nailed him
      good on you man
      but I'm sure that the blog owner must be in trouble to answer your assertion :)

      Delete
    2. ဒုက္ခပဲ ၊ ထိုင်နေရင်းငုတ်တုတ် ပျားလာတုပ်နေပြီ ။
      အတိုင်အဖေါက်ကလည်း ညီသေးသဗျာ ၊ ဘော်လီဘော အထောင်သမားနဲ့ အခုတ်သမား ကျနေတာပဲ :)

      တစ်ကယ်တန်း ကျနော့်မှာ သူတစ်ပါးကို ချိုးဖဲ့တိုက်ခိုက်ဖို့ထက် ၊ ကြုံတွေ့နေရတဲ့ အခြေနေ ကိစ္စရပ်တွေကို တတ်စွမ်းသလောက် တွေးတော အဖြေရှာပြီး ၊ အကောင်းဆုံး လမ်းတွေကို ရွေးချယ်နိုင်အောင် ချပြတာတွေပဲ ရှိပါတယ်ဗျာ ။ ဆွေးနွေး အဆိုပြုသူတွေ ပေါ်လာတဲ့ အခါမျိုးမှာတော့ ၊ ကိုယ် လက်လှမ်းမီတဲ့ အတိုင်းတာကဆိုရင် များများ ပြန်ဆွေးနွေးဖြစ်တာနဲ့ မဆွေးနွေးဖြစ်တာပဲ အဓိက ကွာသွားတာပါ ။ ဒါကို နားလည်ပေး နိုင်ကြမယ်လို့လည်း မျှော်လင့်မိပါတယ်ဗျာ ။

      Delete
    3. Here's the link. Have a look.

      mayaonlinemagazine.blogspot.com/2008/12/blog-post_4905.html

      Delete
  16. "Immigrants, Not Australians, Must Adapt, Says Aussie Prime Minister" ဆိုတဲ့ ခေါင်းစဉ်နဲ့ သြစတြေးလျ အမျိုးသမီး ဝန်ကြီးချုပ်က မွတ်ဆလင်တွေကို ပြတ်ပြတ်သားသား ပြောလိုက်တယ် ဆိုပြီး လူအတော်များများ ရေးကြ တင်ခဲ့ကြတာ တွေ့မိတယ် ။

    ခုလေးတင် အဲဒီစာလုံးတွေနဲ့ Google ထဲ ရှာကြည့်လိုက်တော့ ဒါဟာ အတုကြီးပါတဲ့ ။
    အရင် ဝန်ကြီးချုပ်ဟောင်း ဂျွန်ဟောင်းဝပ် ၊ ကီဗင်ရပ်ဒ် လက်ထက်တွေမှာလည်း သူတို့ပါးစပ်ထဲ အတင်း တပ်ပေးခဲ့ကြတဲ့ လိမ်စင် မိန့်ခွန်းကြီးပါလို့ ပြောထားကြတာ ရှာလို့ တွေ့နိုင်ပါတယ် ။

    လိုရင်းကတော့ - လိုရာဆွဲချင်သူတွေဟာ အတိုင်းအဆမရှိ ကိုယ့်ဖက်ပါအောင် ဆွဲဖို့ ဝန်မလေးတာနဲ့ ဂူဂယ်မှာ ခလုပ် တစ်ချက်ခေါက်ရုံနဲ့ သိလာနိုင်တာကို မသိလို့သော်၎င်း ၊ အပျင်းကြီးလို့သော်၎င်း မရှာကြည့်ကြရင် အလွယ်တကူ အလိမ်ခံရနိုင်တယ် ဆိုတာကို အသိပေးချင်ပါ ။

    ReplyDelete
  17. မငယ်နိုင် မတွေ့သေးဘူးထင်တယ်ဆိုပြီး လာတင်ထားတဲ့ Link နှစ်ခုကို သွားကြည့်ဖြစ်ပါတယ်။ မီးလောင်ပြီးသေနေတဲ့ ကလေးတယောက်ပုံနဲ့ ဘုန်းကြီးတွေ ပလီပေါ်ရောက်နေတဲ့ပုံ နှစ်ပုံတွေ့ရတယ်။ တခြားဘာမှ ထွေထွေထူးထူး မတွေ့ရဘူး။ ဘုန်းကြီးတွေက လူသတ်နေတာတော့ မဖြစ်လောက်ပါဘူး။ ကလေးကိုလည်း ရခိုင်တွေမီးရှို့တယ်လို့ ဆိုလိုချင်ပုံရပါတယ်။ တကယ်မီးရှို့တဲ့သူတွေကို လူတိုင်းသိပါတယ်။ ဒီ Link ထဲမှာ ရှိပါတယ်။ ၀ါကာအူတင်း ဗြောင်လိမ်လိမ်သလို လိမ်ထားတာ မဟုတ်ပါဘူး။ တက်ယ်အဖြစ်အပျက်ပါ။ http://www.youtube.com/watch?v=VFtFRq2sVzo&feature=player_embedded

    ReplyDelete
    Replies
    1. မငယ်နိုင်ပေးထားတဲ့လင့်ကို နေ့လည်လောက်က ကြည့်ဖြစ်ပါတယ် ။ အဓိကရုဏ်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမျိုးတွေပါပဲ ။ ဆုံးရှူံးမှု ရှိခဲ့သူတွေကို စာနာပါတယ် ၊ ဘယ်သူ့အပေါ်မှလည်း ဒီလိုမျိုး မဖြစ်စေချင်တာကတော့ ကျနော့်ရင်ထဲက စေတနာမှန်ပါ ။

      ဖြစ်ခဲ့တာတွေက ကမ္ဘာကတောင် အတန်သင့် သိနေကြပြီမို့ အကျယ်တော့ မချဲ့တော့ပါဘူး ၊ မနက်ဖြန် မနက်တော့ ကျနော်မြင်မိတဲ့ အလွဲလေးတစ်ချို့ကို နောက်ပို့စ်ထဲမှာ နည်းနည်း ထပ်ဖြည့် ရေးထည့်ပေးပါ့မယ် ။

      မငယ်နိုင်ပြောတဲ့ လင့်နှစ်ခုက ဘယ်သူပေးထားတဲ့ လင့်တွေလဲ သိပ်မသေချာတော့ မပြောတတ်ဘူး ။ မှန်းပြောရရင် ပလီပေါ် ဘုန်းကြီးတွေ ရောက်နေတဲ့ပုံကတော့ မော်လမြိုင်ကပုံကို ပြောတာလို့ ထင်ပါတယ် ။ အဲဒါကတော့ ဖြစ်နိုင်ခြေ ရှိပါတယ် ။ ခုနှစ် မမှတ်မိတော့ပေမယ့် အတော်ကြာသွားပါပြီ ၊ ဒစ်ဂျစ်တယ် ကင်မရာတွေ မတွင်ကျယ်သေးတဲ့ ခေတ်ကတည်းကပါ ။ အဲဒါတွေကိုတော့ အဟောင်းတွေ အသစ်မဖြစ်ရအောင် မပြောပဲ ရှောင်ဖြစ်ပါတယ် ။

      Delete
  18. မောင်တောမှာ စဖြစ်တဲ့နေ့က သောင်းကျန်းနေတဲ့ပုံလေ ကိုမန်းကိုကို။ ရခိုင်မှာဖြစ်တဲ့ ဓာတ်ပုံတွေတင်တုန်းက ရှုခင်းကိုမမှတ်မိဘူးဘူးလား။ ရခိုင်ဆိုတာ ဘုရားလက်ထက်တုန်းကတောင် သာသနာထွန်းကားတဲ့နေရာ သာသနာ့နယ်မြေ၊ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘူမိနက်သန် နယ်မြေ၊ သူများတိုင်းပြည်ထဲဝင်လာနေရင်လည်း အေးအေးဆေးဆေး နေတာမဟုတ်ဘဲ ဘုရားသနာအစစ်အမှန် ထွန်းကားခဲ့ ထွန်းကားနေဆဲ နေရာမှာ ဒုတိယ အဖဂန်နစ္စတန် ဖြစ်အောင်လုပ် လာလုပ်နေကြတာ အဲဒီပုံကိုသာ ကြည့်ပါ။ သူတို့ကပဲ အဲဒီလို သောင်းကျန်းပြီး ရခိုင်တွေနဲ့ စစ်တပ်က ရိုဟင်ဂျာတွေကို သတ်နေတယ်လို့ ၀ါကာအူတင်းဆိုတဲ့ ပုဂ္ဂိုလ်က ၀ါဒဖြန့်နေသေးတယ်။

    ReplyDelete