ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, June 2, 2010

(မ) အေးချမ်းလှတဲ့ ထိုင်းနိုင်ငံ (၂)၊

ရာင်များ၊

ထိုင်းနိုင်ငံမှာ အင်္ကျီအရောင်မျိုးစုံဝတ်ပြီး ဆန္ဒပြသူတွေရဲ့ မူလအခြေခံကတော့
ရက်သတ္တပတ်ရဲ့နေ့တိုင်းကို (ဗုဒ္ဓဘာသာ ထုံးစံ) အရောင်တွေနဲ့တွဲပြီး သတ်မှတ်
ထားတဲ့ဆီက လာတယ်ရယ်လို့ ဆိုနိုင်ပါတယ်။



တနင်္လာ - အ၀ါ
အင်္ဂါ - ပန်းရောင်
ဗုဒ္ဓဟူး - အစိမ်း (ရာဟု - အစိမ်းနု)
ကြဿပတေး - လိမ္မော်
သောကြာ - အပြာ
စနေ - ခရမ်း
တနင်္ဂနွေ - အနီ တို့ဖြစ်ကြပါတယ်။

တခါ အ၀ါရောင်က လက်ရှိဘုရင်ရဲ့မွေးနေ့ရဲ့ အရောင်ဖြစ်သလို ပန်းရောင်က
လည်း ဘုရင့်မိသားစုကို ကိုယ်စားပြုပြန်ပါတယ်။ ဒီတော့ ဆန္ဒပြသူတွေကို
အရောင်ခွဲကြည့်ရင် -

၁။ အ၀ါရောင် - People's Alliance for Democracy (PAD) နာမည်ရ၊ ၀န်ကြီး
    ချုပ်ဟောင်း တပ်ဆင်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသူတွေ၊ (အဦးဆုံးအဖွဲ့)
၂။ အနီရောင် - Democracy against Dictatorship (UDD) နာမည်နဲ့ Thaksin
    Shinawatra ကို ထောက်ခံသူအများစုနဲ့ ဖွဲစည်းထားတဲ့ အဖွဲ့၊ (ဒုတိယအဖွဲ့)
၃။ အမဲ - အနီဝတ်တို့ရဲ့ လက်နက်ကိုင် လုံခြုံရေးအဖွဲ့ဝင်တွေ၊
၎။ အပြာ - တစ်ခါတစ်ရံ ကြိုကြားပေါ်လာတတ်တဲ့ လူတစ်စု၊ (`Newin Chitchob´
    ဆိုသူရဲ့ လက်စွဲအဖွဲ့)၊
၅။ င်စုံ - အနီရောင်ဝတ်တွေကို ဆန့်ကျင် (သို့မဟုတ်) လက်ရှိအစိုးရကို
    ထောက်ခံသူများနဲ့ ကြားနေကာ ထိုင်းနိုင်ငံအေးချမ်းဖို့ လိုလားသူများ (အ၀ါ
    ရောင်ဝတ်များလည်း ရောနှောပါဝင်တဲ့ နောက်ဆုံးအဖွဲ့) တို့ဖြစ်ကြပါတယ်။

ဆန္ဒပြတဲ့အဖွဲ့တွေအပြင် ထိုင်းနိုင်ငံရဲ့ အဓိက (နိုင်ငံရေး) အင်အားစုများကို
အောက်ကအတိုင်း ခွဲခြားနိုင်ပါတယ်။
 
• ဘုရင့်နန်းတော်၊
• စစ်တပ်၊
• ရဲတပ်ဖွဲ့၊
• Democrat ပါတီ၊
• Chart Thai Pattana ပါတီ (ယခင်က Chart Thai ပါတီ)၊
• Bhum Jai Thai ပါတီ၊
• Pua Paendin ပါတီ၊
• Phuea Thai ပါတီ (ယခင်က Thai Rak Thai ပါတီနှင့် PPP ပါတီ)၊
• ဒေသအလိုက် သြဇာရှိသူများနဲ့ အဆမတန် ချမ်းသာသူများ တို့ဖြစ်ကြပါတယ်။
(ပါတီငယ်များကိုတော့ ချန်ထားခဲ့ပါတယ်။)
 
မှတ်ချက် - ထိုင်းနိုင်ငံပါတီတွေမှာ ယေဘုယအားဖြင့် အနောက်နိုင်ငံများလို ၀ါဒ
တွေအပေါ်အခြေခံမှု မရှိသလောက်ပါပဲ။ စိတ်တူကိုယ်တူ၊ လူပုဂ္ဂိုလ်တစ်ဦး၊ နှစ်ဦး
ကို တည်မှီပြီးဖွဲ့စည်းထားတဲ့ ပါတီများသာဖြစ်ကြပါတယ်။

ဘုရင့်နန်းတော်

ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ်ဖြစ်ပေမယ့် အခြေခံဥပဒေအရ ဘုရင်ဟာ
နိုင်ငံရေးရဲ့ အထက်မှာရှိတယ်လို့ ပြဋ္ဌာန်းထားပြီး least majesty ဥပဒေနဲ့ ဘုရင်
ကို အကာအကွယ်ပေးထားပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ အင်မတန်ကျယ်ကျုယ်
ပြန့်ပြန့် အဓိပ္ပါယ်ဖွင့်ဆိုကြပြီး နိုင်ငံရေးသမားတွေ တစ်ဦးနဲ့တစ်ဦးသော်လည်း
ကောင်း၊ တသီးပုဂ္ဂလများကို ဆွဲချဒုက္ခပေးရာမှာ အလွဲသုံးစားပြုကြတယ်လို့ ပြော
ဆိုထောက်ပြကြပါတယ်။ ၂၀၀၆ မှာ ဆွစ်ဇာလန်နိုင်ငံသားတစ်ယောက်နဲ့ ၂၀၀၉
မွာ ၾသစေတ်းလ် သတင်းသမားတစ်ယောက်တို့ကို ဒီဥပဒေနဲ့ အရေးယူခဲ့မှုကြောင့်
ကမ္ဘာက ပိုသတိထားမိစေခဲ့ပါတယ်။ ဘုရင်ရဲ့ ရှည်ကြာတဲ့နန်းသက်နဲ့ နိုင်ငံသား
တွေအပေါ် သနားကြင်နာမှုတွေ ပြနိုင်ခဲ့တာတွေဟာ သူအရှိန်အ၀ါ အင်မတန်
ကြီးမားစရာ အကြောင်းရင်းတွေဖြစ်ပါတယ်။ သာမန်အခြေနေမှာ နိုင်ငံရေးကို
ဝင်ရောက်စွက်ဖက်တာ မရှိပေမယ့် သူ့ရဲ့စစ်ဗိုလ်ချုပ်တွေ အတော်များများပါဝင်
တဲ့ ဘုရင့်အတိုင်ပင်ခံကောင်စီကတော့ စွက်ဖက်မှုများရှိတယ်လို့ အတော်များ
များက ယုံကြည်ကြပါတယ်။

၁၉၉၂ ဆန္ဒပြမှုတွေမှာ အသက်သေဆုံးမှုတွေ ဖြစ်လာပြီးနောက် အာဏာချုပ်ကိုင်
ထားသူ ဗိုလ်ချုပ် Suchinda Kraprayoon နဲ့ ဆန္ဒပြခေါင်းဆောင် ဗိုလ်မှူးချုပ်
ဟောင်း Chamlong Srimuang တို့ကို ဘုရင်ကနန်းတော်ကို ဆင့်ခေါ်ညှိနှိုင်းပေး
ခဲ့ရာမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ အဆုံးသတ်ခဲ့ပါတယ်။ ဒီ ၂၀၀၉-၁၀ မှာတော့
ဆန္ဒပြသူတွေရဲ့ ဘယ်ဖက်ကိုမှ အတိအလင်း ထောက်ခံပြောဆိုခဲ့ခြင်းမျိုးမရှိပဲ
အာဏာပိုင်အဖွဲ့အစည်းများကိုသာ ဥပဒေကို အကောင်အထည်ဖေါ်ကြဖို့ သတိ
ပေးခဲ့ပါတယ်။
 
စစ်တပ်
 
ပထမနဲ့ ဒုတိယကမ္ဘာစစ်၊ လာအို (ပြင်သစ်) နယ်စပ်အငြင်းပွားမှုများ၊ ကိုရီးယားစစ်
ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ ကွန်မြူနစ်သူပုန်၊ ကမ္ဘောဒီးယားရောက်ဗီယက်နမ်တပ်၊ အရှေ့
တီမော ငြိမ်းချမ်းရေးတပ်၊ အီရတ်ပြန်လည်ထူထောင်ရေး စသည်ဖြင့် အသေးစား
ပါဝင်ရင်ဆိုင်ခဲ့မှု များသာရှိခဲ့ပြီး ပြည်တွင်းရေးမှာပိုအရေးပါတယ်လို့ ဆိုနိုင်ပါတယ်။
အတည်မပြုနိုင်ပေမယ့် Bangkok Post လို သတင်းစာမျိုးမှာ မှတ်ချက်ပြုသူတွေက
မကြာခဏဆိုသလို ကမ္ဘာပေါ်မှာ စစ်သားအချိုးနဲ့ တွက်ရင် ဗိုလ်ချုပ်အများဆုံးနိုင်
ငံလို့လည်း တင်ပြနေကြပါတယ်။ ထိုင်းနိုင်ငံဟာ ချွင်းချက်တွေပါရှိတဲ့ စစ်ထဲမ၀င်
မနေရ ဥပဒေပြဋ္ဌာန်းထားပါတယ်။
 
၁၉၃၂ ကစပြီး ၁၈ ကြိမ် အာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာ အခွင့်ထူးခံအဖွဲ့အစည်း
တစ်ရပ် ဖြစ်ပါတယ်။ စစ်တပ်ပိုင်ဘဏ်နဲ့ ရုပ်သံလွင့်ဋ္ဌာနတွေရှိပြီး နန်းတော်နဲ့လည်း
ဆက်စပ်မှုတွေရှိကာ ရှေးရိုးစွဲများက ကြီးစိုးထားတယ်လို့ ဆိုနိုင်ပါတယ်။ နောက်
ဆုံး နာမည်ပျက်တာတွေထဲမှာ တောင်ပိုင်းဒေသမှာ ဆန္ဒပြသူမွတ်ဆလင် ၈၅
ယောက် သေဆုံးခဲ့တဲ့ Tak Bai အရေး၊ ရိုဟင်ဂျာထောင်နဲ့ချီပြီး ပင်လယ်ထဲသွား
ရောက်စွန့်ပစ်မှု၊ အိမ်နီးချင်းနိုင်ငံတွေက ခိုလှူံသူတွေကို အတင်းအကြပ် ပြန်ပို့ရာ
တွေမှာ အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်
အပြည့်အ၀မရှိပဲ တရားမ၀င်စီးပွားရေးလုပ်ကိုင်မှု၊ လက်နက်ဝယ်ယူရေး စတာ
တွေမှာ မမှန်မကန်လုပ်ကိုင်မှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေခံထားရပါတယ်။ ၁၉၇၀
ခုနှစ်တွေမှာ ကွန်မြူနစ်တွေကိုရင်ဆိုင်ဖို့ လေ့ကျင့်ပေးထားတဲ့ ပုံမှန်စစ်တပ်မ
ဟုတ်တဲ့ Ranger တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အစွပ်စွဲခံနေ
ခဲ့ရပြီး အဖွဲ့ဝင်အချို့ဟာလည်း မကြာခင်ကပဲ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေရဲ့ လုံခြုံ
ရေးအဖြစ် တာဝန်ယူခဲ့ကြပါတယ်။
 
ရဲတပ်ဖွဲ့
 
လာဟ်စားမှုနဲ့ အထူးနာမည်ကြီးတဲ့ ထိုင်းရဲတပ်ဖွဲ့ဟာ ထိုင်းနိုင်ငံကိစ္စရပ်အတော်
များများမှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီးပါဝင်လေ့ရှိပါတယ်။ မှတ်သားစရာ
တစ်ခုကတော့ ထိုင်းနိုင်ငံမှာ Armed Forces Academies Preparatory School
လို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို လေ့ကျင့်ပေးတဲ့ အခြေခံကျောင်းမှာ
ကြည်း၊ ရေ၊ လေနဲ့ ရဲတပ်ဖွဲ့ဝင်အရာရှိလောင်းတွေကို အတူတကွ လေ့ကျင့်ပေး
နေရာမှာ နိုင်ငံအတော်များများမှာတွေ့ရတဲ့ လက်နက်ကိုင်တပ်ဖွဲ့ အရာရှိတွေရဲ့
`အကိုကြီး၊ ညီလေး´ ဆိုတဲ့ (ညီအကိုစိတ်ဓါတ်မျိုး) ဆက်စပ်မှုတွေ ရှိနေပါတယ်။
ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ ဒီကျောင်းထွက်ဖြစ်ပြီး ရဲတပ်ဖွဲ့ထဲ
မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့လို့ တပ်ဖွဲ့အပေါ် သြဇာ
သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် လက်ရှိစစ်ဦးစီးချုပ် Anupong Paochinda
ဟာ Thaksin နဲ့ အပတ်စဉ် ၁၀ ဆင်းအတူတူတွေ ဖြစ်ပေမယ့်လည်း အခြား
အတန်းဖေါ်တွေလိုမဟုတ်ပဲ ဆန့်ကျင်ဖက်တွေကို ရောက်နေကြပါတယ်။

နိုင်ငံရေးမှာ ရဲတပ်ဖွဲ့ရဲ့ဘက်လိုက်မှုတွေက ရှုပ်ထွေးပါတယ်။ အဆက်အသွယ်၊ သြ
ဇာအာဏာ၊ ငွေကြေးတွေဟာ ရဲတပ်ဖွဲ့ထဲ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်
နေပါတယ်။ နောက်ဆုံး ပတ်သက်မှုတွေမှာ အနီဝတ်ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်
တွေကို တရားရုံးအမိန့်အတိုင်း မဖမ်းပဲမသိသလို လုပ်နေခဲ့တာနဲ့ စစ်တပ်က အနီ
ဝတ်ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ ခေါင်းဆောင်တွေကို အရှက်တကွဲ အဖမ်းမခံ
ရအောင် ခေါ်ထုတ်သွားခဲ့တယ်လို့ အဆိုပြုချက်များလည်း ရှိပါတယ်။
 
မှီးငြမ်းများ၊
 - Hoare, Timothy D., 2004 ရဲ့ Thailand : A Global Studies Handbook
- BBC <http://news.bbc.co.uk/2/hi/asia-pacific/8267080.stm>
- Armed Forces Academies Preparatory School <http://www.afaps.ac.th/>
(မှီးငြမ်းများ မပြည့်စုံသေးသဖြင့် သည်းခံကြပါရန်နှင့် ဘုရင့်နန်းတော်နှင့်ပတ်သက်၍
မလျော်ကန်မှုများပါရှိသည်ဟု ယူဆပါက ထောက်ပြပေးကြပါရန်)

3 comments:

  1. ပိုစ်နဲ့တော့ မဆိုင်ပါ ငွန်ငယ်မိုး ဘလောက်တွင် UN ကိစ္စနှင့်ပတ်သတ်၍ ရေးထားသည်ကွန်မန်းကို ပြန်လည်းဖြေရှင်းချင်းသာဖြစ်ပါသည်။
    .................
    ( ပထမဆုံးပြောချင်တာက မြန်မာပြည်သားအချို့ UNHCR ကို ILO (International Labour Organisation) နဲ့မှားယွင်းပြီး အထင်လွဲနေကြတယ်လို့ ယူဆမိပါတယ်။ ဟုတ်ပါတယ်၊ အလုပ်သမားတွေအရေးကို ILO က ဆောင်ရွက်ပေးပြီး UNHCR က ခိုလှုံသူတွေအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ပေးပါတယ်။)
    >> ဘယ်သူမှ အဲဒီလို လွဲမှားပြီး မယူဆပါ။မလေးရှားမှာ ရှိနေတဲ့ အဖွဲ့အစည်းအားလုံး အလုပ်သမားတွေ ဖက်က ရပ်တည်နေတဲ့ အဖွဲ့တွေ (သံရုံးမှလွဲ၍)ဟာအဲဒီလောက်အထိ မညံ့ကြပါဘူး။အဲဒီလို ပြောတာဟာ မလေးရှားမှာ တကယ်တမ်းလုပ်နေတဲ့ အဖွဲ့တွေကို ဆော်ကားရာ ရောက်ပါတယ်။ မရေးသင့်ပါ။

    (UNHCR က Registration မလုပ်ပေးတာဟာ မတရားဖိနှိပ်၊ အနိုင်ကျင့်တာမဟုတ်ရပါ၊ ခွဲခြားဆက်ဆံတယ်ဆိုရင်တော့ မငြင်းလိုပါ။)
    ဘယ်လို သက်သေကြောင့် မလေးရှားမှာ ရှိနေတဲ့ UNHCR ဖိနှိပ်မှုမရှိဘူး၊ အနိုင်ကျင့်တာ မဟုတ်ဘူးလို့ ပြောနိုင်ပါသလည်း။ မလေးရှားမှာ ရှိနေတဲ့ UN ရုံးအကြောင်း ဒုက္ခသည်တွေ အကြောင်းကို အတွင်းကျကျ သေချာ မသိပဲ မပြောသင့်ပါဘူး။
    (အတင်းအကြပ်ဖမ်းဆီးထောင်ချတာကတော့ ကိုယ်ရွေးတဲ့လမ်းမို့ မလေးရှားခေတ်ဦး ၁၉၉၀ တွေကစပြီး ဘယ်သူမှတော့ အပြစ်တင်သံမကြားရဖူးပါ။)
    >> ဒီကိစ္စကိုတော့ မပြောလိုပါဘူး။မလေးရှားမှာ ဖမ်းလိုက်ဆီးလိုက်၊ လွတ်လိုက် ပြန်ဝင်လာလိုက် လုပ်နေကြတာကတော့ ရိုးနေပါပြီး။

    (လ၀က ဆီကို စာရင်းပေးပို့တာကတော့ ဒီလူတွေကိုအကာအကွယ်ပေးဖို့ တင်ပြတာရောမဖြစ်နိုင်ဘူးလား။ ထိုင်းနိုင်ငံမှာတော့ ခိုလှုံသူစာရင်းကို UNHCR ကနေကောက်ပြီးရင် သူ့နိုင်ငံရဲ့ အတည်ပြုချက်ရမှ တရားဝင်ခိုလှုံသူဖြစ်လာပါတယ်။ နိုင်ငံတိုင်းကိုသွားပြီး စာရင်းတောင်မပြပဲ၊ ဒါငါတို့လူ၊ မင်းတို့မထိကြနဲ့လို့ UNHCR ကပြောလို့မရပါ။)
    လုံးဝ လုံးဝ ကို မဖြစ်နိုင်ပါဘူး။ UN ကို တင်ပြထားတဲ့ စာရင်းဟာ တကယ် မြန်မာဒုက္ခသည်သီးသန့် စာရင်းသပ်သပ်ပါ။(တခြားတိုင်းရင်းသားများမပါ) ဒီစာရင်းကို UN က အသိအမှတ်မပြုသေးပဲ ဘာမှကို မလုပ်ရသေးပဲ လဝက ကိုတင်ပြတာအား တရားမဝင်နိုင်ငံခြားသား မြန်မာတွေ ဘယ်လောက်ရှိနေတယ် ဘယ်နေရာမှာ ပိုများနေတယ်လို့ အတိအကျ အသိပေးအကြောင်းကြားတာနဲ့ အတူတူပါပဲ။ ပို့ပေးတဲ့ မြန်မာဒုက္ခသည်တွေ ကို တကယ်ကူညီပေးနေစောင့်ရှောက် ပေးနေတဲ့ BRO အဖွဲ့ ဟာ ကိုယ်သေတွင်းကိုယ်တူးတာနဲ့ အတူတူပါပဲ။
    တခြားနေရာကUN ရုံးတွေက ဘယ်လိုရှိတယ် ဘယ်လို လိုက်နာတယ် မသိရပေမယ့် မလေးရှား UN ရုံးကတော့ ဘက်လိုက်တယ် လူမျိုးခွဲခြားတယ်ဆိုတာ ဒီနိုင်ငံမှာ ရှိနေတဲ့ မြန်မာ(ဗမာ) လူမျိုးတိုင်းသိပါတယ်။တခြား(ကရင်၊ထားဝယ်၊ရခိုင် လူမျိုးတွေလည်းမေးကြည့်ပါ)။

    (အဆုံးသတ်ပြောလိုတာကတော့ လူမျိုးရေးကိစ္စကို ဒီလောက်ဘောင်ဘင်ခတ်ပြီးရင် ကြေနပ်ပါတော့။ နယ်စပ်တွေမှာ တိုင်းရင်းသားတွေရဲ့ အလောင်းတွေတောင် သဂြိုလ်ဖို့ မကောက်နိုင်ကြသေးပါဘူး။ )
    >>> ဆောင်းပါးရှင်းဟာ တိုင်းရင်းသားလူမျိုးများအချင်းချင်း သွေးကွဲအောင်လုပ်နေတာ မဟုတ်ပါ။ လုပ်နေတာက UN ကိုယ်တိုင်ပါပဲ။ အတွင်းကိစ္စတွေ ကို အသေးစိတ်သိချင်ရင် သေချာ လေ့လာ ကြည့်ပါ။
    ကျွန်တော်သိတာပြောပြရရင်-
    “ မင်းတို့ကဗမာ၊ အစိုးရကလည်းဗမာ၊ မင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရဟာလည်း ဗုဒ္ဓဘာသာအစိုးရ၊ ဒါကြောင့် မြန်မာပြည်မှာ မင်းတို့ကို အစိုးရက မနှိပ်စက်ဘူး၊ မင်းတို့အနေနဲ့ အချိန်မရွေးပြန်သွားလို့ရတယ် ”
    အဲဒီ ဟာကအမှန်ပါပဲ။

    ReplyDelete
  2. တစ်ခုပြောချင်တာက သင်ဟာချင်းလူမျိုး တယောက်ဖြစ်နေခဲ့ရင်
    ဘယ်လိုနည်းနဲ့ပဲ မလေးရှားကို ရောက်ခဲ့ပါစေ။ လေယာဉ်ပျံနဲပဲလာလာ ဒီနေ့ရောက်တာနဲ့ UN မှာ စာရင်းပေးသွင်းထားလို့ ရပြီး နောက်တစ်ပတ်လောက်ဆိုမလေးရှားUN က အသိအမှတ်ပြုကဒ်ရပါပြီး။သင်တတိယနိုင်ငံ သွားလို့ ရပါပြီး။ဒီလောက်အထိဖြစ်နေပြီးတော့ တကယ်ကို မြန်မာပြည်ပြန်ရင် အဖမ်းခံရမယ် လုပ်ထားတဲကိစ္စတွေက တကယ် နိုင်ငံရေး အရ သေချာ နရဖ ကပေးမယ်ဆိုရင် တသက်လုံးတောင် ထောင်ထဲက ထွက်ရမှာ မဟုတ်ဘူး။သေချာ စုံစမ်းကြည့်လည်း အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို လူမျိုး မရပါဘူး။ဘာကြောင့်လည်းဆိုတော့ သူကမြန်မာလူမျိုး ဗုဒ္ဓဘာသာ ဖြစ်နေလို့ပါပဲ။ စောစောက အေးအေးဆေးဆေး အပေါ်လမ်းကနေ ပတ်စပိုစ်နဲ့လာတယ် မြန်မာပြည်မှ နိုင်ငံရေးနဲ့ဖြစ်ဖြစ် ဘာအမှုပဲဖြစ်ဖြစ်နေလို့မရတဲ့ကိစ္စဘာမှ မဖြစ်လာခဲ့ တဲ့သူကြတော့ ခိုလုံခွင့် ရပါတယ် ဘာကြောင့်ပါလည်း ဆိုတာကို ဥပမာ တခုပေးရင် နောက်ထပ် အကြောင်းတွေ အများကြီးရှိပါသေးတယ် ။


    သေချာ လေ့လာပြီးမှ မလေးရှား UN ကိစ္စကို ဝေဖန်စေလိုပါတယ်။
    တခုပြောချင်တာက ဒီနိုင်ငံမှာ ရှိနေတဲ့သူတွေ ဒီကိစ္စအတွက် လုပ်နေတဲ့သူတွေနဲ့ မေးမြန်း ဆက်သွယ်ကြည့်စေချင်ပါတယ်။ ကိုယ်သိထားတဲ့ UN အချက်အလက် အရာတွေကို ဆုပ်ကိုင်ပြီး တရားသေ ပြောနေလို့ မဖြစ်နိုင်ပါဘူး။မလေးရှားမှာ ရှိနေတဲ့သူတွေ ထပ် ပိုမသိနိုင်ဘူးထင်ပါတယ်။

    ဆောင်းပါးရှင်ဟာ တိုင်းရင်းသားလူမျိုးတွေ သွေးကွဲအောင် ညီညွတ်မှုပြိုကွဲအောင် တဖက်သက်ရေးထားတာမဟုတ်ပါဘူး မလေးရှားယူအန်ဖြစ်နေတာကို ဖော်ထုတ်ရေးသားထားတာဖြစ်ပါတယ်။
    ကိုမန်းကိုကိုပြောသည့်(အားလုံးအတွက် စေတနာနဲ့ တဖြည်းဖြည်း လုပ်ယူလိုတယ်ဆိုရင်တော့ တဖက်တလမ်းက ကူညီပေးပါ့မယ်။) ဆိုသည့်စကားအတွက် လေးစားပါသည်။


    ဒီဆောင်ပါးအတွက် မလေးရှားနိုင်ငံတွင်းမှာ နေသည့် မည်သူမဆို အထင်မမှားပါ။ UN အကြောင်းဟာ အမှန်တွေ ဖြစ်နေသည့်အတွက်။


    ကျွန်တော်သည် မလေးရှားမှာ နေပါသည်။သို့သော် ဘယ်အဖွဲ့အစည်း ဘယ်သူ၏ လက်အောက်ကမှမဟုတ်သလို ခိုလုံခွင် UN လည်းလျှောက်မထားပါ။
    ယခု ကိုမန်ကိုကို ရေးထားသည့် ကွန်မန်းကို ငွန်ငယ်မိုး ဘလောက်တွင် တွေ့ရှိသည့် အတွက် ဘေးမှသိထားမြင်ထားကြားထားသည့်တို့ကို ပြန်လည်ဖြေရှင်းပြောပြခြင်းသာဖြစ်ပါတယ်။ဒီကွန်မန်းတွေကို ဆောင်းပါးရှင်းကို ပို့ပေးလိုက်ပါမယ်။

    ကျွန်တော်သည်မည်သည့်ဖက်မှ ဘက်မလိုက် သို့သော်အမှန်တရားဖက်မှအမြဲ တမ်း ရပ်တည်သူသာ ဖြစ်ပါသည်။

    အမှားရှိခဲ့ပါက စေတနာအမှားဟုသာ။
    မလေးရှားရောက် မြန်မာပြည်သားတစ်ဦး။

    ReplyDelete
  3. မ မှားပါဘူး

    ReplyDelete