အောဆွန့်လားဆိုင်ဒ် = ကျန်းမာပါစေ
ဒီလို တိုင်းရင်းစကားလေး ဖတ်ရတာ အခွင့်အရေးတစ်ရပ်လို့ ခေါ်ရလေမလားပဲ၊
ဟုတ်တယ်လေ၊ ဧရာဝတီလို နေရာမျိုးမှာ ကွန်မင့်ထဲဒါသွားထည့်လို့ကတော့
ပျောက်စေပဲ၊ ဆင်ဆာကလည်းထက်ပါ့၊
စိတ်ဆိုးသလားဆိုရင်တော့ ... အင်းလေ၊ ကိုယ်လည်းလေ လောကီသားပေမို့
စိတ်တော့လည်း အခုသား၊
ဒါပေမယ့် အခုလို ဘလော့ရေးဖြစ်အောင် တွန်းပို့သလို ဖြစ်သွားခဲ့တော့လည်း
ကျေးဇူးမတင်သင့်ဖူးလားလို့ တွေးမိပြန်တယ်၊
ဒါတွေက လောကရဲ့ အဆိုးအကောင်း ဒွန်တွဲတတ်တဲ့သဘော၊
ဒါဆို ... အဖြူအမည်းဟာ ကိုယ့်ရဲ့စိတ် ထင်မှတ်မှုအပေါ် မူတည်နေသလား ...
မသေချာဖူး၊ မသေချာတာကပဲ ကောင်းသလိုလို၊
သိလို့ ဆက်ရေးမိရင် ... ပလေတိုရဲ့ ကြက်တူရွေးတွေလို့ အခေါ်ခံရတဲ့အထဲများ
ပါသွားလေမလား ...
စိုးရိမ်ပြီး နေနေရအုံးမှာလား၊ ကျိုးကြောင်းဆက်စပ်ပြီး ကိုယ့်ကိုယ်ကို အားပေး
ရရင်ကောင်းမလား ...
ဝိရောဓိတွေတော့ ဆွဲထုတ်လာနေမိပြန်ပြီ၊
အဘိဓမ္မာဆရာတွေ အဝေးကနေများ စောင်းငဲ့လို့ ကြည့်နေကြမလား ...
တစ်ရေးနိုးတော့ ... စကြဝဠာရဲ့ အခြားဗဟိုချက်တွေ (ဘလော့ဂါတွေ) နဲ့
လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ဖို့ လမ်းကလေးတွေ တွေးမိတယ်၊
ကဲ .. ခုရေးချလိုက်ပြီ၊ ဘယ်လိုလဲ ...
ဘာထင်သလဲ၊ အရောင်တွေမပါ ဗလာဖြစ်နေသလား ...
ပြောကြစမ်းပါ၊ ဘာတွေကို ပြောကြမလဲ ...
စကားစမြည်ပဲနော၊ ပေါ့ပေါ့ပါးပါးပေါ့ ...
စောဗညား
(နောင်လုံ - ရှမ်းစု)
၀၈၊ ၀၆၊ ၂၀၁၀
လာဖတ်သွားပါတယ်
ReplyDeleteဆိုက်လေးလှတယ်
ကောင်းလိုက်တာနော်
ReplyDelete