အရင်က မပြောဖြစ်ခဲ့တာလေးတွေကို စုစည်းလိုက်ပါတယ် ။
ဒါတွေအားလုံးဟာ ကျနော့်သဘောထားပါ ။ တိကျတဲ့ စာအုပ်စာတန်း အချက်အလက်တွေကို အခြေ
ခံမထားပါဘူး ။ သိနားလည်ထားတာတွေနဲ့ ကိုယ်တွေ့ ကြားသိခဲ့ရတာတွေရယ်ကို ယှဉ်တွဲပြီး ယထာ
ဘူတကျအောင် ကြိုးစားတွေးမြင်ကြည့်ထားပေမဲ့ လွတ်ကွက် ဟာကွက်တွေလည်း ရှိနိုင်ပါတယ် ။ စိတ်
ခံစားချက်အပေါ် အခြေမခံတဲ့ ဆွေးနွေးအကြံပြုချက်တွေကို အမြဲတမ်း လက်ခံနားထောင်ပေးသွားမှာပါ ။
Russia ရောက် လူဆိုးတွေလား
ဒီမိုကရေအစီအကြောင်း ပြောဆိုပြီး လိုလားကြောင်း အရိပ်အယောင် ပြမိတာနဲ့ “ဒီမိုတွေ” ဆိုတဲ့
ရထားတွဲထဲ ရောထည့်ခံရတတ်သလို ၊ ရုရှကို ပညာတော်သင် သွားသူတွေ အပါအဝင် လူများစု စီး
မျောနေတဲ့ ပင်မသဘောထားတွေကို လက်မခံပဲ မေးခွန်းထုတ်သူတွေကိုလည်း အာဏာရှင်တွေရဲ့
လက်ကိုင်တုတ်စာရင်းထဲ အမေးအမြန်းမရှိ တွန်းသွင်းတတ်ကြပြန်တာ မကြာမကြာ တွေ့နေရပါ
တယ် ။