မင်းရဲ့ ငါတို့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် ဦးတည်ရေးခဲ့တဲ့စာကို တလောက ဖတ်လိုက်ရတယ် ။
မင်းကြုံတွေ့နေခဲ့ရတဲ့ အခြေအနေတွေအပေါ် အားမလို အားမရမှုတွေနဲ့အတူ ၊ တစ်ခါတစ်ခါလည်း
စိတ်ပျက်အားလျော့မှုတွေအထိ ဖြစ်နေလိမ့်မယ်ထင်မိလို့ ဒီစာကို ရေးလိုက်တာပါ ။
စိတ်ပျက်အားလျော့မှုတွေအထိ ဖြစ်နေလိမ့်မယ်ထင်မိလို့ ဒီစာကို ရေးလိုက်တာပါ ။
ပထမဆုံးအနေနဲ့ ချီးမွမ်းတယ်ရယ်လို့မဟုတ်ပေမယ့် မင်းလုပ်ခဲ့ပြီးတာတွေအတွက် ငါဂုဏ်ယူတယ်
လို့ အရင်ပြောချင်တယ် ။ ရှေ့တန်းစစ်မျက်နှာမှာ ABSDF ကျောင်းသားတွေနဲ့လက်တွဲပြီး လက်ရုံးရည်
အရ ကြံ့ကြံ့ခံခဲ့သလို ၊ အခုလည်း နှလုံးရည်ပိုင်းနဲ့ဆက်နွယ်တဲ့ တစ်အိမ်တက်တစ်အိမ်မဆင်းရုံတမယ်
စည်းလုံးရေးအတွက် လိုက်ဆော်သြနေတယ်ဆိုတာတွေဟာ တို့အသိုင်းအဝိုင်းထဲမှာ အင်မတန်လို
အပ်နေတဲ့ လုပ်ဆောင်ချက်တွေပါ ။
ဒါပေမယ့် မင်းရဲ့ကြိုးပမ်းမှုတွေဟာ အရာမထင်သလို ဖြစ်နေတယ်လို့ မင်းထင်နေတယ်ဆိုတာ ငါ
နားလည်မိတာကြောင့် ၊ အရင်ကမင်းနဲ့ ပြောခဲ့ဖူးတဲ့ စကားအချို့ကို စားမြုံ့ပြန်ရင်း ထပ်တွေးမိတာ
လေးတွေနဲ့ပေါင်းစပ်ပြီး အားပေးလိုက်ချင်တယ် ညီငယ် ။
လေးတွေနဲ့ပေါင်းစပ်ပြီး အားပေးလိုက်ချင်တယ် ညီငယ် ။
ပထမ မင်းမေ့ကောင်းမေ့နေနိုင်တာက မင်းဟာ ငါ့ထက်ငယ်ရွယ်ပေမယ့် ဒုတိယအရွယ်နဲ့ နီးလာ
ပြီဆိုတာ သတိထားဖို့ပဲကွ ။ ဒီအရွယ်ရောက်လာတဲ့ တို့တတွေရဲ့လှုပ်ရှားမှုတွေဟာ ဆင်တွေလိုပဲ
တစ်လှမ်းဆိုရင် တစ်လှမ်းဆိုသလို သိသိသာသာ ကျယ်ကျယ်ပြန့်ပြန် ထိရောက်ဖို့လိုလာပြီလို့
မင်းစိတ်ထဲမှာ မဝင်မိဖူးလား ။ ထင်သလောက်မပေါက် ၊ လှမ်းသလောက်မရောက်ဖြစ်နေတယ်
ဆိုရင်တော့ မင်းလုပ်နေကိုင်နေတာတွေ ကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုလာလိမ့်မယ် ။ မှားနေတာ
တွေရှာပြီးပြင် ၊ ပြောင်းလဲလုပ်ကိုင်ကြည့် ၊ တစ်ဦးနဲ့ တစ်ဦး တိုင်ပင်လုပ်ကိုင်ကြရင် ၊ မင်းဖြစ်ချင်
တဲ့ အလုပ်နဲ့ဆန္ဒတွေ ပြည့်ဝလာလာလိမ့်မယ်လို့ ငါယုံကြည်တယ် ။
ငါမြင်တာကိုပြောရရင် လူထုကြီးဟာ (စားသုံးသူ) ဈေးကွက်တစ်ခုလိုပဲ ။
အခြားတစ်ဖက်မှာတော့ တော်လှန်ရေးလုပ်သူတွေဟာ ကုန်ပစ္စည်းထုတ်လုပ် သယ်ယူရောင်းချ
နေသူတွေနဲ့ မခြားဘူးကွ ။
ဒီတော့ ငါပြောချင်တာက ကုန်ပစ္စည်းတစ်ခုဟာ ဘယ်လောက်ပဲကောင်းကောင်း ဝယ်တဲ့သူမရှိရင်
အလုပ်မဖြစ်ဘူးကွ ။ ဆိုလိုတာက အရောင်းအဝယ်မဖြစ် ၊ အမြတ်အစွန်းမရှိတဲ့နောက်မှာတော့ ရောင်း
တဲ့သူလည်း ဒေဝါလီခံရရုံပဲပေါ့ကွာ ။
ဒီတော့ ဘာလုပ်ရင် ကောင်းမလဲ ။
ငါမြင်တာတော့ ဈေးကွက်ကို နောကြေနေအောင် သုတေသနလုပ် ၊ ပြီးတော့မှ ဖြန့်ကျက်ထိုးဖေါက်
ပြီး လုပ်ငန်းအောင်မြင်အောင် လုပ်ရမှာပဲ ။ ဒီလိုလုပ်ရာမှာတော့ အောင်မြင်ဖို့အတွက် အသေးစိတ်က
အစ ကုန်ပစ္စည်းကို ကောင်းအောင်လုပ်တာ ၊ ဈေးကွက်ရဲ့ ဆန္ဒနဲ့လိုအပ်မှုတွေကို လိုက်လျောညီထွေ
ဖြစ်အောင် တွက်ချက်ပြီးနဲ့ ထိုးဖေါက်ပုံနည်းအမျိုးမျိုးနဲ့ဝင်တာ ၊ ပြိုင်ဘက်နဲ့ ဖျက်လိုဖျက်ဆီးလုပ်မယ့်
အင်အားစုတွေကို ကျော်လွှားနိုင်ဘို့နည်းလမ်းတွေ ၊ လုပ်ပုံကိုင်ပုံတွေကိုလည်း အကောင်းဆုံးမဖြစ်
ရင်တောင် လုပ်လို့ရတဲ့ ၊ လုပ်သင့်တဲ့ အတိုင်းအတာတစ်ခုအထိတော့ ပြတ်သားတဲ့ဦးတည်ချက်တွေ
နဲ့အတူ ရွေးချယ်ထားတဲ့ လမ်းကြောင်းတွေရှိသင့်တယ်လို့ အခြေခံအားဖြင့်မြင်မိတယ် ။
အဲဒီ အပေါ်ကဟာတွေကို စကားလုံးကြီးကြီးသုံးတော့ မဟာဗျူဟာ ၊ နည်းဗျူဟာတွေဆိုပြီး ဖြစ်
သွားတာပဲ ။ သိပ်ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေနဲ့ ။
တခါ ဈေးကွက်နဲ့ ထုတ်ကုန်လို့ ဆိုကြရာမှာလည်း ...
* ရှိပြီးသားဈေးကွက်နဲ့ ဈေးကွက်အသစ်တွေ ၊
* ထုတ်ကုန်အဟောင်းနဲ့ ထုတ်ကုန်အသစ်တွေ အပေါ်မူတည်ပြီး ...
(က) ရှိပြီးသား ဈေးကွက်ထဲမှာ ဝယ်လိုအားမြင့်လာအောင်လုပ်တာ ၊
(ခ) ဈေးကွက်သစ်ကို ထိုးဖေါက်တာ ၊
(ဂ) ပစ္စည်းအဟောင်းကို ပိုကောင်းအောင်လုပ်ပြီး ဈေးကွက်ပြန်တင်တာ ၊
(ဃ) ပစ္စည်းအသစ်တွေ ထုတ်လုပ်မိတ်ဆက်ပေးတာတွေ ရှိလာနိုင်တယ် ။
နောက်ပြီး ဈေးကွက်တွေလို့ ဆိုရာမှာလည်း ၊ အကြမ်းဖျင်း ပိုင်းခြားလို့ရနိုင်မှာတွေက ...
(၁) ကယားပြည်နယ်ဘက်ကစလို့ ကရင်ပြည်နယ်တစ်ကြောအစု ၊
(၂) ရေး ၊ ဘိတ် ၊ ထားဝယ်အစု ၊
(၃) မြစ်ဝကျွန်းပေါ်အစု ၊
(၄) နယ်စပ်တစ်လျှောက်နဲ့ ခိုလှုံရေးစခန်းတွေကတစ်စု ၊
(၅) ထိုင်းနိုင်ငံအပါအဝင် မလေးရှား ၊ စင်္ကာပူတွေမှာ ယာယီလုပ်ကိုင်နေထိုင်ကြသူတွေနဲ့ တတိယ
နိုင်ငံတွေကို ပြောင်းရွှေ့နေထိုင်ကြတဲ့အစုတွေလို့ ယေဘုယျခွဲခြားနိုင်လိမ့်မယ် ။
နောက်တစ်ဆင့်မှာက ပိုပြီးအသေးစိတ်မယ့် ဒေသန္တရ ၊ လမ်းပန်းဆက်သွယ်ရေး ၊ အနီးကပ်နေ
ထိုင်နေတဲ့ အခြားလူမျိုးစု ၊ ပညာရေးနဲ့ ဘာသာရေးတွေရဲ့ သက်ရောက်မှုတွေကိုလည်း တွက်ရမှာ
တော့အမှန်ပဲ ။ ဥပမာ မြစ်ဝကျွန်းပေါ်ဖက်က လာသူတွေကို တို့တတွေ သုံးစွဲပြောဆိုနေတဲ့စကား
မျိုး ပြောတတ်ကိုတတ်ရမယ်လို့ မျှော်လင့်လို့မရသလို ၊ ဘာသာရေးမှာလည်း သာသနာတစ်ခုက
လူက အခြားသာသနာနယ်မြေထဲလာပြီး စိတ်ဖြောင့်ဖြောင့်နဲ့ ဘုရားအတူဝတ်ပြုကိုးကွယ်ကြလိမ့်
မယ်လို့ အထင်တွေမရှိသင့်ဘူး ။
စီးပွားရေးသဘောတရားအရ ကုန်ပစ္စည်းရောင်းချမှုနောက်မှာ ဝန်ဆောင်မှုဆိုတာလည်း တပါတည်း
ပါသင့်ရင် ပါရပါသေးတယ် ။ ခေတ်ကပြောင်းသလို ထုတ်ကုန်ပစ္စည်းတွေဟာလည်း လိုက်ပြောင်းသင့်
ရင် ပြောင်းလဲရတာလည်း ရှိပါသေးတယ် ။ မဟုတ်ရင်လည်း အနည်းဆုံးတော့ တံဆိပ်ပြောင်းကပ်
သင့်ရင် ကပ်ရတာပါပဲ ။ အရေးအကြီးဆုံး တစ်ချက်အနေနဲ့ကတော့ “ငါ့ကုန်ပစ္စည်းဟာ လူအားလုံး
အတွက်ထုတ်တာ” ၊ “အရည်အသွေးလည်းကောင်းတယ်” စသည်ဖြင့်တွေးပြီး လူတွေကြိုက်ရမယ် ၊
လူတွေဝယ်ရမယ်လို့ “ထင် ” ရုံနဲ့တော့ မရဘူးကွ ။
စားသုံးသူတွေ “မြင်” ကြမှ ၊ “ဝယ်” ကြမှ ၊ “အမြတ်” ရမှ လုပ်ငန်းအောင်မြင်တယ်လို့ ပြောလို့ရမှာ
ကိုး ။ ဒီခေတ်ဟာ “ဝယ်တဲ့သူ” ရဲ့ခေတ်ကို ရောက်နေပြီဆိုတာ စီးပွားရေးပညာမတတ်လည်း သိကြ
ပြီးသားပါ ။ ငါက မင်းသတိရအောင် ပြောပြရုံတင်ပါ ။
ဒီတော့ တဆက်ထဲမှာ မင်းတို့ ငါတို့အသိုင်းအဝိုင်းမှာ လိုနေတာကတော့ “အရောင်းစာရေးကောင်း”
တွေပဲကွ ။
ဘယ်လိုလဲ ၊ မင်းမျက်စိလည်သွားသလား ။
ငါဆိုလိုတာက ဈေးကွက်အတွက်လိုအပ်နေတာကတော့ ကေဒါလို့ ခေါ်လို့ရမယ့် ဘက်စုံစွမ်းရည်
ရှိတဲ့ အမာခံခြေလျင်စစ်သားကလေးတွေပဲ ။ စစ်သားဆိုတာကတော့ တင်စားခေါ်လိုက်တာပါကွာ ၊
တကယ် စစ်သားလည်းဖြစ်ချင်ဖြစ်လို့ရတယ် ၊ မဟုတ်ရင်လည်း ဒေါင်ကျကျ ပြားကျကျ ပစ်တိုင်း
ထောင်လို အရာရာကို ရင်ဆိုင်ဖို့အသင့်ဖြစ်နေတဲ့ လှုပ်ရှားသူအဖွဲ့ဝင်လေးတွေကို ဆိုလိုတာပေါ့
ကွာ ။ အေး ၊ သူတို့ဖေါ်ဆောင်ဖို့ နည်းဗျူဟာနဲ့ မဟာဗျူဟာတွေကိုတော့ တို့တတွေလို သက်လတ်
နဲ့ သက်ကြီးပိုင်းတွေက လမ်းကြောင်းပေးရမှာပေါ့ ။
ဒါပေမယ့် အသက်ကြီးတိုင်း အချိန်စီးတတ်တာ မဟုတ်လေတော့ ၊ လိုက်ပြီးတော့ဖြင့် မျှော်လင့်
မနေဖို့ တော့ သတိထားရမှာပေါ့ ။ မင်းကိုယ်ကိုယ်လည်း ငါမသိဘူး ၊ မတတ်ဘူးလို့ နှိမ့်ချတွေးနေ
တာထက် စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြည့်ရင်ကောင်းမလဲ ၊ ဘယ်လိုဖြေရှင်းရရင်ကောင်း
မလဲလို့ စဉ်းစားအဖြေရှာကြည့်ဖို့ အကြံပေးချင်တယ် ။ မင်းမယုံနိုင်လောက်တဲ့ အကြံဥာဏ်တွေ
မင်းဖာသာတွေးထုတ်လာနိုင်တာကို မင်းအံသြသွားရနိုင်တယ် ။ တစ်ဖက်မှာလည်း အနည်းဆုံး
တော့ လူကြီး ၊ လူငယ် ၊ လူလတ်အားလုံး အပြန်အလှန် ကူးလူးဆက်ဆံမှုလေးတွေတော့ လိုမှာ
ပေါ့ကွာ ။
တော့ လူကြီး ၊ လူငယ် ၊ လူလတ်အားလုံး အပြန်အလှန် ကူးလူးဆက်ဆံမှုလေးတွေတော့ လိုမှာ
ပေါ့ကွာ ။
ဒါပေမယ့် တစ်ခုတော့ သတိထားဖို့မှာချင်တယ် ။
အရောင်းသမားတစ်ယောက်ဟာ လူအတော်များများကိုချဉ်းကပ်မှ သူ့ကုန်ပစ္စည်းတစ်ခုလောက်
ရောင်းထွက်တတ်တယ်ဆိုတာပဲ ။ အခြေအနေအပေါ်မူတည်ပြီး အယောက် ၁၀၀ ချဉ်းကပ်မှ ၁
ယောက်လောက်ပဲ မင်းကိုလက်ခံတာမျိုးတွေ ကြုံလာရရင် စိတ်အားမလျော့ဖို့ပါ ။ အရောင်းသမား
တွေကနေ လူတိုင်းကို သူတို့ ဖြစ်စေချင်သလို လုပ်လို့သာရကြကြေးဆိုရင် ၊ ကမ္ဘာပေါ်မှာ အရောင်း
သမားတွေနဲ့ ပြည့်သွားမှာပေါ့ကွာ ။
နောက်ပြီး အရေးကြီးတဲ့အချက်တစ်ခု ငါပြောချင်တာရှိတယ် ။
အခြားတော့မဟုတ်ပါဘူး ။ တို့တတွေ တစ်မြေထဲနေပြီး တစ်ရေထဲသောက်နေကြသူတွေထဲမှာ
ငါတို့တစ်တွေပဲရှိတာတော့ မဟုတ်ဘူးကွ ။ လူမျိုး ၊ ဘာသာ ၊ စီးပွား ၊ ပညာ ၊ ဒေသနဲ့ အခြား
နောက်ခံအမျိုးမျိုးက လာကြ နေကြသူတွေလည်း အတော်များများရှိတယ်လေ ။ အဲဒါတွေကို
ကိုယ့်သွေးကိုယ့်သား ညီအစ်ကိုတွေလိုပဲ သဘောထားနိုင်ကြဘို့ကို တို့အသိုင်းအဝိုင်းထဲက မျက်
လွှာတွေဖုံးလောက်အောင် ဝေဝါးနေကြသူတွေကိုလည်း ဥာဏ်ချွန်း လေးတွေ ဝေဌထိန်းအုပ်နိုင်
အောင် မျှဝေအသိပေးစည်းရုံးကြဖို့ လိုမှာလည်းအမှန်ပဲ ။
လွှာတွေဖုံးလောက်အောင် ဝေဝါးနေကြသူတွေကိုလည်း ဥာဏ်ချွန်း လေးတွေ ဝေဌထိန်းအုပ်နိုင်
အောင် မျှဝေအသိပေးစည်းရုံးကြဖို့ လိုမှာလည်းအမှန်ပဲ ။
ဒါ့ပြင် ကုန်ပစ္စည်းထုတ်လုပ်ရောင်းဝယ်ရာမှာလိုပဲ သူတစ်ပါးပစ္စည်း ညံ့တာ ၊ ဝန်ဆောင်မှုနိမ့်ကျ
တာ ၊ တာဝန်ယူမှုမရှိတာ ၊ အောင်မြင်မှုမရှိတာတွေကို လက်ညှိုးထိုးအပြစ်ပြောနေဖို့ထက် ကိုယ်
ကိုယ်တိုင်က အဲဒါတွေထက် သာဖို့ ၊ အောင်မြင်ဖို့က အရေးကြီးတာကြောင့် ၊ အခက်အခဲနဲ့ စိန်ခေါ်
မှုတွေကို နောက်တစ် နေ့အထိမရွှေ့ပဲ ဒီကနေ့ပဲ ရင်ဆိုင်လိုက်ကြအောင်လို့ ပြောလိုက်ချင်တယ်
ညီငယ် ဖိုးသဒါးရေ ... ။
ညီငယ် ဖိုးသဒါးရေ ... ။
ဇွဲကပင်တောင်ခြေမှာ
ကျွဲချိုသံလှိုင်လှိုင်နဲ့ပြန်ဆုံနိုင်ကြဖို့
ယုံကြည်နေဆဲ မင်းရဲ့အစ်ကို ...
မန်းကိုကို
၂၄ ၊ ၀၇ ၊ ၂၀၁၁
ငြိမ်းချမ်းရေးဘလော့မှာ ပို့စ်ခေါင်းစဉ်တစ်ခု တွေ့ရတယ်။ “အချင်းချင်းတိုက်တာ မဆုံးနိုင်တော့ပါလား? စဉ်းစားကြပါဦး ဘယ်သူကြောင့်လဲဆိုတာ” တဲ့။
ReplyDeleteမနေ့ကတော့ သောသီးခိုစီဘောက်မှာ ခရစ်ယာန်ကျမ်းချက်တွေကို လူတစ်ယောက် လာရိုက်ထည့်သွားတယ်။ ပြန်ဖျက်လိုက်ပေမယ့် အကျိုးဆက်က ဘာသာရေးသမားတွေကို တိုက်ခိုက်ချင်တဲ့ စကားတွေ အချို့ထွက်လာတယ်။ ပြောချင်တာ လျှာကို ယားနေတာပဲ။
တိုတိုပြောရင် ကရင်တွေဟာ ကိုယ့်အရိပ်ကိုယ် လိုက်ကိုက်တဲ့ ခွေးတွေလိုပဲ။ ခွေးနဲ့နှိုင်းတာ မဟုတ်ဘူး။ အသုံးမကျ လမ်းလွဲနေတာကို ပုံပမာပြု ပြောတာ။
ကရင်တွေ မြန်မာပြည်ထဲ ဝင်လာတုန်းက ဘာ“ဘာသာ”မှ မရှိဘူး။ နတ်စားတာပဲ ရှိတယ်။ အခုမှ ဟိုဘာသာကိုးကွယ် ဒီဘာသာကိုးကွယ်ပြီး သူမှန်တယ် ငါမှန်တယ် လုပ်နေကြတာ။ အဲဒီလောက် မှန်နေကြရင်လည်း ဘာသာရေးပဲ လုပ်ကြပါလား။ မှန်ကြောင်း လူတိုင်းလက်ခံအောင် သက်သေ လိုက်ပြကြပါလား။ ခုတော့ လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့ အရာတွေအတွက် အကောင်အထည်ရှိတဲ့ (တွေ့ထိ ကိုင်တွယ်လို့ ရတဲ့) လူတွေက အသေခံ နေကြရတယ်။
ဒါတင်ဘယ်ကမလဲ၊ ခိုင်မာတဲ့ အတွေးအခေါ် ဝါဒနဲ့ အမြင်တွေက မရှိရတဲ့ကြားထဲ၊ ကောင်းကောင်း ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေကမရှိ၊ လုပ်လည်း မလုပ်ချင်ကြ၊ ရှိလာရင်လည်း အလေးမထား၊ သူတပါးက လူမျိုးပျောက်စေချင်လို့ ဘာသာရေးနဲ့ သွေးထိုး၊ ယဉ်ကျေးမှုကို ကန့်သတ်၊ လူမျိုးတစ်မျိုးရဲ့ ရေသောက်မြစ်ဖြစ်တဲ့ စာပေကို ရောသမမွှေပြီး ဖျောက်ဖျက်ဖို့ ဘေးတီးပေးလိုက်ရုံနဲ့ ဝှေးတက်အောင် မဟုတ်တဲ့ဖက်မှာ လိုက်“က”နေကြတာ တကယ့်ကို အားရစရာ။ ပြောင်းပြန်များ လုပ်လိုက်ကြရင် တိုးတက်လိုက်မယ့်ဖြစ်ချင်း။
မမှန်တာတွေကို ဂရုမစိုက်ပဲ စိတ်စေတနာကောင်းနဲ့သာလုပ်ရင် မကောင်းတာ မဖြစ်သင့်တာတွေ သူ့ဖာသာ ဘေးရောက်သွားမှာပဲလို့ တွေးပြီးလုပ်ရင် မကောင်းဘူးလား။ စိတ်ထား မမှန်သူဖြစ်ဖြစ်၊ သူလျိုဒလန်ဖြစ်ဖြစ် ကောင်းတာတွေ အားကောင်းလာရင် သူတို့ဘာမှ လုပ်လို့မရပါဘူး။ ရေလိုက်ငါးလိုက်နဲ့ အကူအညီတောင် ဝိုင်းပေးကြရမှာ။
နောက်တော့ စည်းလုံးရေး လုပ်ချင်တဲ့လူတွေ ရှိတယ်။ လုပ်စရာရှိတာကို လုပ်သာလုပ်။ ဘေးမကြည့်နဲ့ နောက်ကိုလှည့်မကြည့်နဲ့။ စိတ်ပါတဲ့လူ လိုက်လာလိမ့်မယ်။ ကိုယ်လုပ်တာသာ မှန်ပါစေ။
ReplyDeleteဘာလို့လဲဆိုတော့ စည်းလုံးရေးဆိုပြီး ခွဲခြားတဲ့စိတ်ထားနဲ့ တပြိုင်ထဲလုပ်နေ တတ်တဲ့လူတွေ ရှိလို့ပဲ။ အမျိုးစစ်မှ၊ စကားနဲ့ စာတတ်မှ၊ ငါ့လိုဖြစ်မှ၊ ငါပြောတာ လက်ခံမှ၊ ငါလုပ်သလို လိုက်လုပ်မှလို့ စိတ်ထဲရှိရင် စည်းလုံးညီညွတ်ရေးစကား မပြောတာက ပိုကောင်းတယ်။ ဒီထက်ပိုကောင်းတာက သီးခြားသွားနေတာ ပိုတောင်ကောင်းသေးတယ်။ အသိုင်းအဝိုင်းမှာ ရေမနောက်တော့ဘူး၊ အဆိပ်မသင့်တော့ဘူး။
နောက်ပီး သူများကို လက်ညှိုးလျှောက်ထိုး မနေနဲ့၊ လက်ညောင်း အချိန်ကုန်တယ်။ အဲဒီလိုလုပ်လို့ ကောင်းလာမယ်ဆိုရင်ပြော လိုက်လုပ်မယ်။ ကချင်တွေလုပ်တာကြည့် ကိုယ်တွေထက် အများကြီးသာတယ်၊ ငွေကြေး ပြည့်စုံလို့ကတော့ ပြည်မအစိုးရ ချွေးအတောင့်လိုက် ထွက်မယ်။ “ဝ” တွေကိုကြည့်၊ သူတို့လည်း ပြတ်တယ်။ သိန်းကဏန်းလောက်ရှိတဲ့ သူတို့လူမျိုး ရပ်တည်ရေးအတွက် လုပ်သွားတာတွေက အတုမခိုးသင့်ပေမယ့် သင်္ခန်းစာယူသင့်တယ်။
ကရင်တွေဆီမှာ ရွေးစရာလမ်း အနည်းဆုံး ၃ ခုရှိတယ်။ (၁)ကိုယ့်အခွင့်အရေးကို မရအရ လုယူ၊ (၂) လုံးဝအရှူံးပေး အညံ့ခံလိုက်၊ (၃) နောက်ဆုံးတစ်နည်းကတော့ အရှူံးလည်းမပေး အနိုင်လည်း မခံတဲ့နည်းပဲ။ အဲဒါက ဗမာတွေနဲ့ အတင်းဝင်ပူး၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာ၊ ဓလေ့၊ စာပေ၊ အတွေးအခေါ်နဲ့ အမြင်တွေကို ရောသမ မွှေအောင် လုပ်တဲ့နည်းပဲ။ အဲဒီနည်းက မိတ်ဆွေ ရန်သူ မရှိတော့ဘူး။ အားလုံးဟာ ဖားတစ်ပိုင်း ငါးတစ်ပိုင်းနဲ့ ခွဲခြားလို့ မရနိုင်တော့တဲ့ နည်းပဲ။
ဘယ်နည်း၊ ဘယ်လမ်းရွေးရွေး အားလုံးမှာ ယုံကြည်ချက်၊ ခံယူချက်၊ အသိ၊ ဥာဏ်၊ ပညာ၊ အတွေးအခေါ်၊ အစီအစဉ်နဲ့ အင်အားတွေ လိုတယ်။
လုပ်ရင်လုပ်၊ မလုပ်ရင် အပြုတ်ပဲ။
**ချောင်ထဲက ကရင်**
အကောင်းဆုံးက ဦးမန်းကိုကိုလို တတိယနိုင်ငံထွက်ပြေးပြီး ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား အထက်လေသံနဲ့ ဘလော့လေးပေါ်မှာ အော်နေဒါ ပို ကောင်းပါတယ်။
ReplyDeleteမှတ်ချက်မြင်တော့ အချိန်လည်း နည်းနည်းရလို့ စာပြန်ပေးမလို့ပါပဲ ။
ReplyDeleteဒါပေမယ့် အဓိပ္ပါယ် မသဲကွဲတာကြောင့် ဂဃနဏ ပြန်ရေးလို့ မရဘူး ဖြစ်သွားပါတယ် ။
အကြောင်းရင်းခံကတော့ ဘာသာစကားကနေ စပြောရပါမယ် ။ စာပေနဲ့ ဘာသာစကားဟာ လူမှုအသိုင်းအဝိုင်းတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုနိုင်ဖို့ တီထွင်ဖန်တီးထားပေမယ့် နေရာ အတော်များများမှာတော့ လိုရင်းအဓိပ္ပါယ်ကို အတိအကျ မဖေါ်ပြနိုင်ပဲ နားလည်မှုလွဲတာတွေ မကြာမကြာဖြစ်တတ်ပြီး သာမန်ကိစ္စရပ်လိုတောင် ဖြစ်လာပါတယ် ။
ဥပမာ လူတစ်ယောက်က “သရက်သီး” လို့ပြောရင် ၊ ပထမကြားတဲ့သူက သူစားဖူးနေကျ “မချစ်စု” သရက်သီးမျိုးကို တန်းပြီးမြင်ယောင်မယ် ၊ နောက်တစ်ယောက်က သူ့အိမ်ဘေးက “မနွယ်နွယ်” သရက်သီးမျိုးကို ထင်မယ် ၊ နောက်လူတွေက “တစုမိတ်” နဲ့ “ရင်ကွဲ” တွေလို့ နားလည်သွားနိုင်ပါတယ် ။
ဒါကြောင့် အပေါ်ကပြောတဲ့ တတိယနိုင်ငံထွက်ပြေးတယ် ဆိုတာဟာ အချို့လူအတွက် ဘေးလွတ်ရာကို ခိုလှုံတာ ၊ အချို့အတွက်ကတော့ ရေကြည်ရာ မြက်နုရာရှာတာ ၊ အချို့ကလည်း သူများပြောတဲ့အတိုင်း သံယောင်လိုက်ပြီး နယ်ချဲ့အားကိုး ပုဆိန်ရိုးလို့ ခေါ်နိုင်ကြပါတယ် ။
တခါ အချို့က ဒီလူဟာ သူသိတာတွေကို ဝေမျှပေးနေတဲ့လူပဲ ၊ အချို့ကတခါ ဒီလူက စေတနာနဲ့ ထောက်ပြနေတဲ့လူ ၊ အချို့က ငါတို့တတွေကို သိက္ခာကျအောင် အပုပ်ချနေသူ ၊ ဒါတင်မက အချို့ကလည်း ဒီကောင် ငါတို့နဲ့နေတုန်းက ငမြောက်ငချောက်ပါကွာ စသည်ဖြင့် ပြောကြတာလည်း ရှိနိုင်ပါတယ် ။
ဘယ်သူမဆို ကိုယ့်ရှုထောင့် ၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်ရပ်တည်ရာ နေရာကနေ မြင်ကြည့်လို့ရပါတယ် ။ ကိုယ့်အနေအထာားကို မြှင့်တင်ပြီး ဆွေးနွေးပြောဆိုကြလို့ ရသလို ၊ နှိမ့်ချပြီးတော့လည်း ရန်လို အပြစ်တင်လို့ ရပါတယ် ။ ကိုယ်ပိုင်ရွေးချယ်မှုတွေပါ ။ ဒါပေမယ့် မပြည့်စုံတဲ့ အပြစ်တင်စာကို ဘယ်လိုဖြေရမှန်း မသိတာတော့ အမှန်ပါ ။
အခုလို ရေးတာဟာ ၊ စာပြန်တယ်လို့ သဘောထားလို့ ရသလို ၊ လာလည်ကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျနော့်သဘောထားနဲ့ သိတာလေးအချို့ တင်ပြတယ်လို့ မှတ်ယူနိုင်ကြပါတယ် ။ အပေါ်လေ ရိုက်သလို ဖြစ်သွားရင်တော့ စာကို ရှင်းအောင် မတင်ပြနိုင်တဲ့ ကျနော့် အပြစ်ပါ ။