ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, March 19, 2011

စာအုပ်ဒွေဝယ်ဒယ်



     ဟုတ်ကဲ့ မန်းကိုကို မကြောင်သေးပါဘူး (ဒါပေမယ့် ထင်မြင်သူအပေါ်လည်း မူတည်နိုင်ပါတယ်) ။
     စာအုပ်အပါအဝင် တိုလီမုတ်စအစုံဝယ်ပြီး ကြီးပွားသွားကြတဲ့ ကုလားပဲကုလားတွေကို အားကျပေ
မယ့် အခုပြောမှာက စာအုပ်တစ်မျိုးထဲနဲ့ ဆိုင်ပါတယ် ။

     ဒါနဲ့ခင်ဗျား စာအုပ်ဝယ်ဖူးသလား ။
     ဝယ်ဖူးတယ် .. ဟုတ်လား ၊ ဒါဆို နောက်တစ်ယောက် .. ဟုတ်တယ် ၊ ခင်ဗျားပဲ ။ ခင်ဗျားလို စာ
အုပ်မဝယ်ဖူးမှ ဆက်ရွှီးလို့ရမှာလေဗျာ ။

     နောက်တာပါဗျာ ၊ ဖတ်တာမဖတ်တာ အသာထား ၊ စိတ်ရှိသလို စာအုပ်အဟောင်းအသစ်တွေ
အဝယ်ကောင်းလို့ ခုတော့ဖြင့် စာကြည့်ခန်း (ကွန်ပြူတာခန်း) ထဲမှာ ဆိုင်းဝိုင်းကလေးလို အပုံအပုံ
ကလေးတွေနဲ့ ဝိုင်းကြီးပတ်ပတ်လည်နေပြီမို့ ကြွားလည်းကြွားရင်း ၊ အာလူးလည်းဖုတ်ရင်း ထရေး
မိတာပါ ။ ဒါပေမယ့် ခင်ဗျားဟာ ကျောင်းကြီးကျောင်းငယ်တွေက ဘွဲ့ရ ၊ ဘွဲ့လွန်မဟုတ်ရင်လည်း
မဟာဘွဲ့တွေ ဒေါက်တာဘွဲ့တွေဆီခြေလှမ်းနေရင်တော့ ပျင်းစရာကောင်းလိမ့်မှာသေချာတယ် ၊
ကျုပ်ရေးတာက မလေးရှားနဲ့ ယိုးဒယားလိုနေရာက ကလေးတွေအတွက်ရေးတာဗျ ။

     စာအုပ်ကောင်းတွေကို ကြိုက်တတ်လို့ကြုံရင်ကြုံသလို အဝယ်ကောင်းတာနဲ့ ခြစ်ချုပ်စုထားတဲ့ ဒေါ်
လာခြူးပြားလေးတွေ အတော်ကုန်သွားပြီးတဲ့နောက် သိလာမိတာလေးအချို့ ပြောပြဖလှယ်ချင်လို့
ရေးတာမို့ သိတဲ့သူတွေလည်း ဆန္ဒရှိရင်ဝင်ဖြည့်ပေးကြပေါ့နော ။

     ပထမဆုံးပြောရရင် စာအုပ်ဝယ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ရှိခဲ့တဲ့အဓိကဆန္ဒတွေကတော့ -

(၁) အဆင့်အတန်းရှိ ၊ မှီးငြမ်းကိုးကားနိုင်လောက်တဲ့ ၊ ခေတ်နဲ့အညီဖြစ်တဲ့ စာအုပ်မျိုးကို လိုချင်တယ် ။
(၂) အသစ်ဖြစ်စေ အဟောင်းဖြစ်စေ စာအုပ်ဝယ်ရာမှာ ပေးရတဲ့ငွေကြေးနဲ့ထိုက်တန်တဲ့ ၊ ဖြစ်နိုင်ရင်
     ဈေးသက်သာတဲ့ စာအုပ်မျိုးကို လိုချင်တယ် ။ (ပေါချောင်ကောင်း လိုချင်တယ်ပြောလဲ ခံရမှာပါ ။
     ပိုက်ဆံမှမရှိပဲကိုး) ။
(၃) နောက်ဆုံးတစ်ချက်ကတော့ အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးပုံစံနဲ့ ဝယ်ချင်တယ် ။

     တောင်းတဲ့ဆုတွေက ပြည့်လည်းမပြည့်လေတော့ မှားရင်းပြင်ရင်း မှတ်ထားမိတာလေးတွေကို အစီ
အစဉ်ချကြည့်မယ် ။

#   ဂူဂယ်ထဲမှာ ရှာကြည့်တော့ (အထူးသဖြင့် ပညာရပ်ဆိုင်ရာ စာအုပ်တွေထုတ်တဲ့) ကမ္ဘာ့ထိပ်သီး
     ၁၀ ခုထဲပါတဲ့ ပုံနှိပ်တိုက်တွေဟာ တကယ်လဲအရည်အချင်းပိုင်းမှာ ယုံကြည်လောက်တာတွေ့ရ
လို့ သူတို့ထုတ်တဲ့ စာအုပ်တွေဆိုရင် အများစုဟာ မျက်စိမှိတ်ဝယ်လည်း မမှားနိုင်ဘူးလို့ ပြောနိုင်တယ် ။
ဥပမာ - Polity တို့ ၊ Oxford တို့ စသည်ဖြင့်ပေါ့လေ ။ ချွင်းချက်တစ်ခုကတော့ သူတို့စာအုပ်တွေဟာ
သီအိုရီပိုင်းနိုင်ပေမယ့် ကိုယ့်လို ဟိုမရောက်ဒီမရောက်သမားတွေအတွက် စာလေးတာ သတိထားမိ
တယ် ။

#   နာမည်ကြီးတက္ကသိုလ်တွေက ထုတ်တဲ့စာအုပ်တွေဟာလည်း အားကိုးယုံကြည်လို့ရပါတယ် ။ ဒါ
     ပေမယ့် အကြိုက်ဆုံးကတော့ ကောလိပ်အဆင့် စာအုပ်တွေပါ ။ ဘာလို့လဲဆိုတော့ အသက်မွေး
ဝမ်းကြောင်းကဏ္ဍလို့ခေါ်ကြတဲ့ ဒီအဆင့်အတွက်ထုတ်တဲ့စာအုပ်တွေဟာ နားလည်လွယ်ပြီး လက်တွေ့
ဘဝနဲ့ နီးစပ်အောင်စီစဉ်ထားကြလို့ပါ ။ Mc Graw Hill, Peason Education တို့လို စာအုပ်တိုက်တွေ
ဟာ ပညာရေး ၊ သင်ရိုးညွှန်းတန်းစာအုပ်တွေကို ထုတ်လုပ်နေကျသူတွေဖြစ်လို့ စိတ်ချလို့ရနိုင်ပါတယ် ။
Sage, Routledge, Wiley, Blackwell, palgrave macmillan နဲ့ Thomson တို့လိုတွေကလည်း စာ
အုပ်ကောင်းတွေ ထွက်လာတတ်တာ သတိထားမိတယ် ။ လှေနံဓါးထစ်တော့ မဟုတ်ဖူးပေါ့လေ ၊ အ
ခြားပုံနှိပ်တိုက်တွေကလည်း သူ့အဆင့်နဲ့သူ ရှိတတ်ကြတာပါပဲ ။

#   တခါတရံတော့လည်း စာကြည့်တိုက်လို နေရာတွေမှာ တွေ့ဖူးထားတဲ့ ကောင်းတာသေချာတဲ့စာ
     အုပ်ဆိုရင် ဝယ်တဲ့အခါအမှားလုပ်မိဖို့ ရာခိုင်နှုန်းပိုနည်းသွားတတ်ပါတယ် ။ ယိုးဒယားနဲ့ မလေးရှား
လိုနေရာမျိုးမှာတော့ စာကြည့်တိုက်အခက်အခဲရှိနိုင်ပါတယ် ။ ဒါပေမယ့် ဝင်ကြေးပေးပြီး အဖွဲ့ဝင်
နိုင်တဲ့နေရာတွေ ရှိပါတယ် ။ ဝါသနာရှိသူနဲ့ ကိုယ်ပိုင်အသိပညာ အဆင့်မြှင့်လိုသူတစ်ယောက်ဆို
ရင်တော့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့သဘောထားပြီး လုပ်သင့်တယ်ထင်ပါတယ် ။ အဲဒီနိုင်ငံတွေမှာ နေ
ခဲ့စဉ်တုံးက ဒါတွေလုပ်လို့ရမှန်း ၊ လုပ်ရကောင်းမှန်းမသိခဲ့လို့ အခွင့်အရေးတွေ လက်လွှတ်ခဲ့မိသလို
ခံစားရတယ် ။

     တဆက်ထဲမှာ အင်တာနက်ထဲက စာအုပ်ဝယ်ဖြစ်တဲ့ ဆိုဒ်လေးတွေကတော့ -

*   Better World Books - ကောလိပ်သင်ရိုးညွှန်းတမ်းတွေ စုစည်းထားတဲ့ဆိုဒ်ဖြစ်ပြီး စာအုပ်အ
ဟောင်းအသစ်တွေနဲ့ ဈေးလည်းသင့်တင့်တာကအများစုမို့ ကြိုက်မိတာပါပဲ ။ အမေရိကန်မှာ အခြေ
စိုက်ပေမယ့် နိုင်ငံရပ်ခြားပို့ပေးခ မကုန်ကျတဲ့အတွက် ဈေးသက်သာတာတစ်ကွက် ၊ ကျောင်းသင်ရိုး
တွေမို့အကောင်းဆုံးဟုတ်ချင်မှဟုတ်ပေမယ့် ခြေဝေးဝေးမချော်နိုင်တာတစ်ခုတွေကြောင့်လည်း သ
ဘောကျတာပါ ။ အဓိကချွင်းချက်ကတော့ ပို့ချိန်ကြာတတ်ပါတယ် ။ တစ်လ ၊ တစ်လခွဲအထိ အချိန်
စောင့်ရတတ်ပါတယ် ။ (http://www.betterworldbooks.com/custom.aspx?f=textbooks)

*   Fish Pond - အင်္ဂလန် ၊ သြစတြေးလျ ၊ ကနေဒါနဲ့ နယူးဇီလန်တွေမှာ အခြေစိုက်တဲ့ အွန်လိုင်းစာ
အုပ်ဆိုင်ထင်ပါတယ် ။ စာအုပ်ရှာရတာရှင်းလင်းပြီး တခါတရံလည်း အဟောင်းတွေရှိတတ်ပါတယ် ။ ပို့
ချိန်မြန်တတ်ပြီး အခြေမစိုက်တဲ့နိုင်ငံတွေကိုတော့ ပို့ခပိုပေးရတယ် ။ Review တွေ အသင့်အတင့်ပြည့်စုံ
တာများလို့ အမြည်းသဘောသိနိုင်တာလည်း ကောင်းတာတစ်ချက်ပါ ။ ကောလိပ်အဆင့်အတွက်ထုတ်
တဲ့ သင်ရိုးညွှန်းတမ်းတွေကို TAFE (Technical and Further Education) လို့နှိပ်ပြီးရှာလိုက်ရင် အုပ်
ရေတစ်ထောင်လောက် ထွက်လာပါလိမ့်မယ် ။ (http://www.fishpond.com.au/Books)

*   Amazon - စာအုပ်အင်မတန် စုံစုံလင်လင်ရှာနိုင်ပြီး ဈေးလည်းတော်တတ်ပါတယ် ။ စုံလွန်းလို့
ကိုယ်ဘာလိုချင်လဲကြိုမတွေးထားရင် ခွကျတတ်ပြီး ဈေးနှုန်းကိုတော့အခြားဆိုဒ်တွေနဲ့ အရင်ယှဉ်ပြီးမှ
ဝယ်သင့်ပါတယ် ။ e-bay လည်း ထို့နည်း၎င်းပါပဲ ။ google book ကတော့ အလွယ်တကူတွေ့ရတဲ့
ဆိုဒ်ဖြစ်ပေမယ့် မသုံးဖူးပါ ။

     အပေါ်မှာပြောခဲ့တာတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ရောက်ခွင့်မလွယ်ကြတော့တဲ့ မြန်မာပြည်က
လူတွေအတွက် နည်းနည်းအကျိုးရှိမယ်လို့ ယူဆတာပါပဲ ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အလုပ်
လုပ်ရင်း ဘဝမှာတိုးတက်မှုတစ်ခုခုတော့ ရှိလာအောင်လုပ်ဖို့ စိတ်ကူးရှိသူတွေအတွက်ပါ ။ အဆုံးသတ်
ပြောချင်တာကတော့ အခက်အခဲတွေဟာ အနည်းနဲ့အများ ဘယ်နေရာမဆို ရှိတတ်ကြတာပါပဲ ။ ဒါပေ
မယ့် သိပ်မခက်ပဲ ခက်တယ်လို့သဘောထားပြီး ထိုင်နေကြရင်တော့ တွေးတောဆင်ခြင် တိုးတက်ပွား
များအောင်လုပ်တတ်တဲ့ လူသားသဘာဝနဲ့ သွေဖည်လာနေပြီမို့ “မောင်မင်းသေသင့်တယ်” လို့သာ
ပြောလိုက်ချင်ပါတယ် ။


မိုကန်းကန်း
၁၈၊ ၀၃၊ ၂၀၁၁

စာကြွင်း -  ထပ်ရွှီးစရာ အဲ ဆွေးနွေးပြောဆိုစရာ အများကြီးရှိပါသေးတယ် ၊ အချိန်မလောက်လို့ပါ ။
            -  ဒါပေမယ့် ဒေါ်မာမာအေးရဲ့ “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” ဆိုတာနဲ့
               ဘာမှမဆိုင်ဖူးနော် ... :-)
            - အင်္ဂလိပ်အဘိဓါန်ဝယ်ရင်တော့ အင်္ဂလန်နဲ့ အမေရိကန် အသံထွက်ပြတဲ့ စီဒီအချပ်ပါ
              Cambridge Advance Learner's Dictionary ကတော့ မဆိုးလှဘူး ထင်ပါတယ် ။
              (အင်္ဂလန် ၊ ဖင်လန်နှင့် နယ်သာလန်မှလူများအတွက် မပါ) ။

4 comments:

  1. ကိုမန်းနဲ့  လေပန်းမလားလို့  စောင့်နေတာဗျာ ။ ကိုယ့်ဆရာက ပျဉ်းမနားကျော်ဟိန်းလုပ်နေတော့ မအားတော့ဘူးမှတ်နေတာ ။ ခုမှဘဲ ပေါ်တော်မူတော့တယ် ။
    စာအုပ်ကတော့ ပြည်ပရောက်မှ သိပ်မ၀ယ်ဖြစ်တော့ဘူးဗျ။ မ၀ယ်ဖြစ်ဆို အလုပ်နဲ့ ဆိုင်တဲ့ စာအုပ်တွေရော အပြင်စာအုပ်တွေပါ စာကြည့်တိုက်တွေကလွယ်မှလွယ်ကိုးဗျာ ။
    ငယ်ငယ်တုန်းကတော့ စအုပ်ဝယ်ရတာ ပျော်လဲ ပျော် ၀ါသနာလဲပါအောင် မိဘက သင်ပေးအကျင့်လုပ်ပေးထားတော့ စာအုပ်ရှာရ ၀ယ်ရတာကိုက အလုပ်ကြီးတခုဘဲလေ။

    စာအုပ်ဇာတ်လမ်းတွေလဲ မနဲဘူးပေါ့ဗျာ ။ နောက်အားမှလေလာမှုတ်အုံးမယ်ဗျာ

    ReplyDelete
  2. ကျားသားမိုးကြိုးဗျာ ၊ ဆရာတင့်က ကျနော့်ကို လာစောင့်ရတယ်လို့ ။
    မအားတာက ဆရာသမားပါဗျာ ၊ ကျနော်က မအားရင်လည်း တစ်ရက်တစ်ခေါက်တော့ ကိုယ့်ဘလော့ပေါ် ရောက်ပါတယ် ။ ဆရာကသာ Aung.info မှာ ကွန်မန့်တွေ အားရပါးရ သွားပေးပြီး ကျနော့်ဆီမှာတော့ ပဟေဠိ မဏိကွမ်းထုပ်တောင် ဖြေမသွားပေးသေးဘူး ... :-)

    ပန်းချင်တာလေးတွေရှိရင် လူမရှိလည်း ပန်းသွားလို့ရပါတယ်ဗျာ ၊ ဒါပေမယ့် ပျဉ်းမနားကျော်ဟိန်းတော့ မလုပ်ပါရစေနဲ့ ၊ ကမ်းနားသစ်ပင်လို ဖြစ်နေပါ့မယ် ။

    စာအုပ်နဲ့ပတ်သက်လို့ကတော့ ကြီးမှဝက်သက် ပေါက်ရလို့လားမသိဘူး ကျနော်ကတော့ လောဘကြီးတယ် ၊ စာကြည့်တိုက်မှာ အများစုရနိုင်ပေမယ့် စာအုပ်ကောင်းတွေဆိုရင် လွတ်လွတ်လပ်လပ် စိတ်ကြိုက်ယူဖတ်လို့ ရနိုင်တဲ့ အနေအထားဖြစ်အောင် ဝယ်ထားချင်တဲ့ အာသီသရှိတယ်ဗျ ။ ငယ်ငယ်တုန်းကတော့ တနင်္ဂနွေနေ့တိုင်း အမျိုးတော်တဲ့ စာအုပ်ဆိုင်တစ်ဆိုင်မှာ မိဘတွေက သွားအပ်ထားပေးတော့ ကာတွန်းရုပ်စုံလေးတွေ တနေကုန်အောင် ကြည့်ခဲ့ဖတ်ခဲ့တာပါပဲ ။ စာကောင်းကောင်းဖတ်တတ်တဲ့ အရွယ်ရောက်တော့ မသွားဖြစ်တော့ဘူး ။

    သိတတ်လာကတည်းက နေတာကလည်း စာအုပ်အဟောင်းတွေ ရနိုင်တဲ့ မြို့တော်ရန်ကုန် မဟုတ်လေတော့ ပျင်းစရာကောင်းတဲ့ အလကားမတ်တင်းနဲ့ရတဲ့ စာပေဗိမာန် ရသစာအုပ်တွေပဲ အိမ်မှာထားနိုင်ခဲ့တယ်လေ ။ စိတ်ကြိုက်စာအုပ်တွေ မပိုင်ခဲ့ဖူးဘူးသလို ဘားအံစာကြည့်တိုက် ၊ အထက်တန်း ကျောင်းစာကြည့်တိုက် ဆိုတာတွေကလည်း အားကိုးလောက်တဲ့ နေရာတွေမဟုတ်ပဲကိုး ။ ခုတောင် စာကြည့်တိုက်ကိုသွားဖို့ ကားမရှိတာနဲ့ ကျောင်းစာကြည့်တိုက်သွားဖို့ကလည်း နှစ်နာရီနီးပါး ခရီးသွားရလေတော့ အခက်ခဲလေးတွေတော့ ရှိပါတယ် ။

    ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေသလို မှတ်ချက်တွေ ချန်ထားရစ်ခဲ့ပါဗျာ ၊ အားတာနဲ့ ပြန်ရေးပေးပါ့မယ် ။ ဆရာ့ဘလော့တွေကျတော့ ဝင်လို့မရတဲ့ ဘလော့ကတစ်ခု ၊ ကိုယ့်နဲ့မဆီမဆိုင် Admin အများကြီးကိုင်တဲ့ ကျန်းမာရေးဘလော့တစ်ခုနဲ့ အသက်မဝင်တဲ့ ဘလော့တစ်ခုဆိုတော့ ဘယ်မှာသွား ဘာပြောရမှန်း မသိလို့ပါဗျာ ။ ကိုယ့်ဟာကိုယ်လည်း ပြန်စစ်ကြည့်ပါဦး ။

    ReplyDelete
  3. ဟိဟိ အလုပ်များတာတော့မပြောပါနဲ့ ဗျာ .စားဘို့ ကတဘက် ။ မသုံးရင်အဆုံးဆိုတဲ့  study money လေးကုန်အောင်သုံးပေးရတာက တဘက် ။ မနေနိုင်လို့  ပြသနာဝင်ရှင်းပေးမိရာကနေ ဂျပန်ထန်းတက်လက်မှတ်ရနေတာက တမျိုးနဲ့ ဆိုတော့ နက်ထဲ ခြေမရှုပ်နိုင်တော့ပါဗျာ .
    ကိုအောင်ဘလော့မှာ စတုန်းကစမိပြီး ကိုအောင်နဲ့  ကိုဝေက အစဆွဲထုတ်လာတဲ့  ဟစ်တလာနဲ့  မိန်းမကြီးစိုးသော အဲလိဇဘက်ခေတ် ထဲက မိန်းမသားတွေအကြောင်းတောင် ဆက်လျှာမရှည်နိုင်တော့ပါဗျာ ။
    ကျွန်တော့နာမည်နဲ့  ဘလော့တွေတော့ ၀င်မရေးနဲ့ ဗျို့  ။ အဲတွေကို ၀င်မကြည့်ဖြစ်တာ နှစ်ပေါက်နေပြီ
    :P

    ReplyDelete
  4. study money လေးကုန်အောင် သုံးပေးရတဲ့တစ်ချက်တော့ အားကျတယ်ဗျာ ။ စားဘို့အလုပ်များတာနဲ့ အုန်းပင်တက်လက်မှတ် ရတာတွေကသာ နည်းနည်းဆိုးတာ ။

    ကျနော်လည်း ကိုယ့်အပူကလေး အနည်းအကျဉ်းတော့ ရှိပါတယ် ၊ ဆရာ့လိုပါပဲ ။ ဒါကြောင့် ဘလော့ ၅-၆ ခုလောက်လုပ်ထားမိတာ ဒီတစ်ခုပဲ ကိုင်နိုင်တယ် ။ လုံးဝမသုံးတဲ့ ဘလော့တွေကိုတော့ နောင်ကိုဖျက်လိုက်မှာပါ ။ ဒါပေမယ့် ဆရာ့လို လည်ပင်းရှည်နေကြတဲ့ follower တွေ မရှိတော့ တော်ပါသေးရဲ့ ။

    သမိုင်းအကြောင်းတွေ သူများဘလော့မှာ အကုန်မဆွေးနွေးနိုင်လို့ ဘာမှဖြစ်မသွားပါဘူး ၊ စိတ်ထဲဘာမှ မထားစမ်းပါနဲ့ ။ ပရော်ဖက်ဆာတွေတောင် သူ့အကွက်ကွင်းနဲ့သူပဲ ပိုင်နိုင်ကြတာမျိုးဗျ ၊ သူ့ဘောင်ကျော်သွားရင် ဘဲဥတောင်ပြုတ်တတ်ချင်မှ ပြုတ်တတ်တာ .. :-)

    ဘာပဲဖြစ်ဖြစ် ဆရာသမားရဲ့ ဆွေးနွေးချက်ကို ကန့်ကွက်သူမရှိ ထောက်ခံသူချည်း ရထားတာကိုပဲ ဂုဏ်ယူပေးပါတယ်ဗျာ ။

    ReplyDelete