ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, March 20, 2011

Jim Rohn ရဲ့လက်ဆောင်



     ဒီကနေ့ခေတ်ကြီးဟာ ဘာဖြစ်တယ်ညာဖြစ်တယ်တွေနဲ့ စကားချီးတွေ လုပ်မနေတော့ပါဘူး ။
     လိုရင်းအနေနဲ့ ကြီးပွားတိုးတက်ရေး လမ်းညွှန်ဆရာကြီး Jim Rohn ရဲ့ တန်ဖိုးရှိတဲ့မေးခွန်း ၄ ခု
ကိုပဲ သင့်တော်သလိုစကားတွေနဲ့ မျှဝေလိုက်ပါရစေ ။

(၁) ဘာကြောင့်လဲ (why?)

     ကျနော်တို့အားလုံးအတွက် မေးခွန်းတွေရှိပါတယ် ။
     ဘာကြောင့် ခင်ဗျားအလုပ်တွေ ကြိုးစားပမ်းစားလုပ်နေသလဲ ၊
     ဘာကြောင့်များ ခင်ဗျားလေ့လာသင်ယူနေသလဲ ၊
     ဘာကြောင့်များ ကိုယ့်ကိုယ်ကို သက်လုံကောင်းအောင်လုပ်ကြ စည်းကမ်းတွေစောင့်ထိန်းကြသလဲ ။

     မတွေးမိသေးရင် တွေးကြည့်ဖို့အချိန်ရောက်ပြီလို့များ စိတ်ထဲမထင်မိဖူးလား ၊
     မေးပြီး အဖြေရှာကြည့်ကြရအောင် ။

(၂) ဘာကြောင့် မဖြစ်ရမှာလဲ (why not?)

     အပေါ်ကမေးခွန်းရဲ့ တုန့်ပြန်အဖြေလို့လည်း သဘောထားလို့ ရပါတယ် ။

     ဟုတ်ပါတယ် ၊
     ဘာကြောင့် မလေ့လာမသင်ယူရမှာလဲ ၊
     ဘာကြောင့် အလုပ်မလုပ်ပဲ နေရမှာလဲ ၊
     ဘာကြောင့် ခင်ဗျားစာအုပ်ဘယ်လောက်များများ ဖတ်နိုင်သလဲ ၊ တတ်ကျွမ်းမှုပညာတွေ ဘယ်
လောက်များများသင်ယူနိုင်သလဲ ၊ ခင်ဗျားရဲ့ တန်ဖိုးတွေကိုတိုးတက်အောင် ဘယ်လောက်လုပ်နိုင်
သလဲ ၊ ဒါတွေကို မဆန်းစစ်ကြည့်သင့်ဖူးလား ။

     အားလုံးအတွက် အဖြေရှိပါတယ် ၊
     အဖြေမရှိတဲ့ အချက်တစ်ခုခုများ ရှိနေပြီလား ၊
     လိုအပ်ချက်နဲ့ ပြင်သင့်တဲ့လွဲချော်မှု တစ်ခုခုတော့ ရှိနေနိုင်ပါပြီ ။ မျှဝေအဖြေရှာလိုက်ရအောင်ပါ ။

(၃) ဘာကြောင့် ခင်ဗျားမဖြစ်ရမှာလဲ (why not you?)

     လူတွေ အောင်မြင်တိုးတက်နေကြတယ် ၊
     လူတွေ ချမ်းသာနေကြတယ် ၊
     လူတွေ လိုချင်တဲ့ဘဝတွေ ကိုယ်စီရနေကြတယ် ။

     ဒီတော့ တန်ဖိုးဖြတ်ဖို့မရနိုင်လောက်အောင် အဖိုးတန်တဲ့ခင်ဗျားလိုလူအတွက် ဘာကြောင့်
မရနိုင်ရမှာလဲ ၊ ဘာကြောင့် ခင်ဗျားအတွက် မဖြစ်နိုင်ရမှာလဲ ။

     ခင်ဗျားမှာ အတွေးအခေါ်တွေရှိပါတယ် ၊ စိတ်ဝင်စားမှုနဲ့ ခံနိုင်ရည်တွေရှိတဲ့အပြင် ကိုယ့်
အနာဂါတ်ကိုလည်း ပိုင်ဆိုင်ထားပါတယ် ။

     သူများတွေတတ်နိုင်ရင် ခင်ဗျားလည်းတတ်နိုင်ပါတယ် ၊
     သူများတွေရရင် ခင်ဗျားလည်း ရနိုင်ပါတယ် ၊
     သူများတွေဖြစ်နိုင်ရင် ခင်ဗျားအတွက်လည်း ဖြစ်နိုင်ပါတယ် ၊
     ဘယ်သူမဆို တတ်နိုင် ရနိုင် ဖြစ်နိုင်ပါတယ် ။

(၄) ဘာကြောင့် အခုမလုပ်ရမှာလဲ (why not now?)

     အပေါ်ကပြောခဲ့တဲအတိုင်း ဖြစ်နိုင် တတ်နိုင် ရနိုင်အောင် ဘာကြောင့် အခုကိုစမလုပ်ရမှာလဲ ၊
     အခုအချိန်ဟာ စတင်လိုက်ဖို့ အကောင်းဆုံးအချိန်ပါ
     ပြောင်းလဲဖို့ ၊ တိုးတက်ဖို့ ၊ လိုချင်တာရဖို့ ၊ သူတပါးတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ အခုပဲ လုပ်စရာ
တွေကို စလိုက်ကြရအောင် ... ။



မန်းကိုကို
၂၀၊ ၀၃၊ ၂၀၁၁

- ဘာသာပြန်တွေနဲ့ ရောထားတာမို့ စာတွေမချောပဲ ဖြစ်နေနိုင်ပါတယ် ။ သင့်တော်သလိုသာ နားလည်ယူသုံးသွားကြပါ ။
- မရှိတော့ပြီဖြစ်တဲ့ လမ်းညွှန်ဆရာကြီး Jim Rohn ရဲ့ ဟောပြောချက်တစ်ခုကို မှီးငြမ်းပါတယ် ။

No comments:

Post a Comment