ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, January 31, 2011

ဘလော့ဆိုတာ ဒီလို ဒီလို



     နည်းပညာကျွမ်းကျင်သူတွေ၊ ဘလော့ဘိုးအေတွေကနေ ဘလော့အကြောင်း အတော်ရေးခဲ့ကြပါပြီ။
အခုလည်း ကျနော်ရေးပါအုံးမယ်။

     တတ်လို့ရေးတာတော့ မဟုတ်ပါဘူး။ ငတ်လို့လည်း မဟုတ်သလို အရမ်းတော်နေလို့လည်း မဟုတ်
တာသေချာပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်ဘလော့ဖန်တီးဖို့အတွက် လမ်းညွှန်ပေးတဲ့ စာအုပ်လေးတစ်
အုပ်ကို နည်းနည်းမြည်းမိလို့ လက်တစ်ဖျစ်စာ ပြန်မျှဝေလိုက်တာပါ။

     အရင်က ဘလော့ကနေတဆင့် တစ်နှစ်ကို ဒေါ်လာတစ်သိန်းအထက် ဝင်ငွေရစေနိုင်မယ့် လမ်းညွှန်
စာအုပ်ဆိုတာကို စာကြည့်တိုက်က ဌားလာဖြစ်ပါတယ်။ တစ်လကျော် စားပွဲပေါ်တင်ထားပြီး မဖတ်ပဲ
မျက်နှာဖုံးကိုမှတ်မိရုံလောက်ကြည့်နေရင်း အချိန်စေ့လို့ ပြန်အပ်ခဲ့ရပါတယ်။ ဒီတစ်ခါတော့ နောက်တစ်
အုပ်ဌားလာဖြစ်ရာက ပထမအခန်းတစ်ခုကို ခြေချော်လက်ချော် ဖတ်မိသွားတဲ့အတွက် ရေးဖြစ်သွားတာ
ပါ။

     ဖတ်ရင်းနဲ့ သဘောကျတာလေးအချို့ကို ထုတ်နှုတ်ချရေးသွားပါ့မယ်။ ပထမဆုံးတစ်ချက်က “if you
step back and look at what blogging is all about, it’s really just a set of technologies that
make communicating easier.” ပါ။ ဒါကိုဖတ်ပြီး http://www.aung.info/ ထဲမှာပါတဲ့ “ချမ်းသာသူကို
ဘယ်လိုလက်ထပ်ယူရမလဲ” ဆိုတဲ့ပို့စ်က ဝင်ငွေကောင်းသူတစ်ဦးရဲ့ တွက်ချက်ပုံနဲ့ တွဲပြီးသတိရမိပါတယ်။

     ဆိုချင်တာက ကျနော်လည်း ဟိုရေးဒီရေး တွေးတတ်သယောင် ဘာယောင်ယောင်နဲ့ နောက်ဆုံး တော့
ကိုယ်ပြောတဲ့ “နောက်တစ်လှမ်းဆုတ်ပြီး ကြည့်ဖို့” ဆိုတဲ့ သတိပေးစကားကို ကိုယ်တိုင် ပြန်မမြင် မတွေး
မိပဲ လွတ်သွားတာတွေ အများကြီးရှိမှန်း သတိဝင်လာတာကို ပြောပြချင်တာပါ။ ဘလော့ဟာ အသုံးခံ
ကြားခံပစ္စည်းပါ။ အဓိကက ရေးနေကြတဲ့ ခင်ဗျားတို့ ကျနော်တို့ဆိုတာကို အခုမှ ထင်ထင်ရှားရှား ဖြစ်
လာမိတယ်။

     စာအုပ်ရေးသူရဲ့အဆိုအရ ဘလော့ပေါ်လာတာဟာ ဆယ်နှစ်ကျော်ရုံပဲ ရှိသေးတယ်လို့ သိရပါတယ်။
web log ကနေ blog ဆိုပြီး အတိုကောက်တွဲရေးရာက ပေါ်လာတဲ့ အရာဟာ ၁၉၉၉ ကျမှ သာမန်
သူသူကိုယ်ကိုယ် အသုံးပြုနိုင်အောင် တီထွင်ခဲ့တာလို့ ပြောပါတယ်။ အရင်က သတင်းအယ်ဒီတာတွေ
ဆီကို စာတွေအများကြီးရေးပြီး စပ်စုသူတွေလို့ အခေါ်ခံခဲ့ရသူတွေဟာ ဒီကနေ့မှာ ဘလော့ဂါတွေဖြစ်
နေကြပါပြီ။ သတင်းဋ္ဌာနကြီးတွေထက်မြန်ဆန်တဲ့ လက်တွေ့ဘဝကသတင်းတွေကို ပလူပျံနေအောင်
အချင်းချင်းဝေဌကြပြီး သာမန်အားဖြင့် သတင်းနဲ့စာနယ်ဇင်းစည်းမျဉ်းတွေကို မလိုက်နာတဲ့ ပြည်သူ
ကြားက ကိုယ်တိုင်ခန့်စာနယ်ဇင်းသမားတွေ ဖြစ်လာကြတယ်။ သူတို့ဟာ ဘက်လိုက်တတ်ကြပြီး ကိုယ့်
အမြင်တွေကို လွတ်လွတ်လပ်လပ် ဖေါ်ပြကြ၊ လိုရာဆွဲကြတယ်လို့လည်း ဆိုပါတယ်။ အချို့ကတော့
ကိုယ်ကျိုးစီးပွားမမျှော်ကိုးတာ (ဘက်မလိုက်တာ) ကို အချို့ သူတွေထက်တော့ ပိုသာကြောင်း သက်သေ
ပြနိုင်ကြတာလည်း တွေ့ရပါတယ်တဲ့။

     စာအုပ်ရေးသူရဲ့ အဆိုပြုချက်အချို့ကတော့ “Blogging is about passion and storytelling.”
“Write for you. I wrote because I had opinions I wanted to share and nowhere else to
do it.” စတာတွေပါ။ Professional blogger တစ်ယောက်ရဲ့ လမ်းညွှန်ချက်ဖြစ်ပေမယ့် လူသားဆန်တဲ့
လမ်းကြောင်းဖြစ်တဲ့အပြင် ကိုယ့်စိတ်နဲ့လည်း အလျဉ်းသင့်တာကြောင့် နောင်ဘလော့တွေ ရေးရာမှာ
သူ့ရဲ့အကြံပေးချက် အတော်များများကို ယူမိမှာတော့ အမှန်ပဲ။

     ဘလော့ကို အဆင့်မြှင့်ပြီး ကိုယ်ပိုင်အင်တာနက်လိပ်စာ ဖြစ်အောင်လုပ်တဲ့အခါမှာလည်း dot com
(.com) လိပ်စာကို ပထမဦးစားပေးနဲ့ မရနိုင်မှ “.net”, “.org” တွေကို စဉ်းစားဖို့နဲ့ နောက်တစ်ခုက “.cn”,
“.jp” တို့လို ကိုယ်နေတဲ့နိုင်ငံလိပ်စာ စသည်ဖြင့် တစ်ဆင့်ချင်းစဉ်းစားဖို့၊ “.tv” က လိပ်စာဖိုး ဈေးပိုပေး
ရပြီး “.info” ကတော့ spam အထွက်များတဲ့ ဆိုဒ်တွေများတာမို့ အလုပ်ပိုရှုပ်တတ်တယ်လို့ ပြောထား
ပါတယ်။

     ကိုယ့်ဘလော့နာမည်ပေးရာမှာလည်း စိတ်ကူးကောင်းကောင်းနဲ့ ရေရှည်အတွက် မျှော်ကြည့်ရသလို
မမျှော်လင့်ပဲ ချောက်ကျမယ့်နာမည်မျိုးတွေကို သတိထားဖို့လည်း ပြောထားပါတယ်။ ဥပမာ Who
Represents – www.whorepresents.com (whore presents?), Experts Exchange –
www.expertsexchange.com (expert sex change?) ဆိုတာလိုမျိုးတွေမှာ အထင်မှားစရာ၊ လှောင်
ပြောင်ချင်စရာတွေ ဖြစ်သွားတတ်တာမျိုးတွေကို ထောက်ပြသွားပါတယ်။

     ပိုကျယ်ပြန့်တဲ့ အချက်အချို့နဲ့ ဘလော့နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်း အချက်အလက် အချို့ကို
တော့ ရေးသူညွှန်တဲ့ “www.sixbloggingprojects.com” မှာ သွားဖတ်ကြလို့လည်း ရပါတယ်။ (စမ်း
ကြည့်တာတော့ http://trishussey.com/ ဆိုတဲ့ စာအုပ်ရေးသူရဲ့နာမည်နဲ့ဆိုဒ်ကို ရောက်သွားတာ
တွေ့ရပါတယ်။)

     ပို့စ်မော်ဒန်ကို လူတစ်ယောက် အဓိပ္ပါယ်ဖွင့်သလို “ခင်ဗျားစိတ်စေရာကို ပုံဖေါ်တာဟာ ပို့စ်မော်ဒန်ပဲ”
တဲ့။ ပို့စ်မော်ဒန်ခေတ်က ကုန်သလောက်ဖြစ်နေပေမယ့် ဘယ်သူမဆို ဒန်ု ဒန် ဒန် ဆိုပြီး ကိုယ်ပိုင်သံစဉ်
လေးတွေနဲ့ ကိုယ့်စိတ်ဆောင်ရာကို ဘလော့နိုင်ကြပါစေဗျာ။


မန်းကိုကို
၃၁၊ ၀၁၊ ၂၀၁၁

7 comments:

  1. အော... ၁၀ နှစ် လောက်သက်တမ်းမှာ ကိုလဲ ဘလော့ဂင်းနိုင်ဒယ်ဆိုတော့ မဆိုးရှာပါဘူးလေ.....

    အဟီး (ကိုယ့်ဖာသာတော့ မြောက်ပင့်ပေးမှ)

    ReplyDelete
  2. ဗဟုသုတ အနေနဲ့ ဖတ်ခွင့် ရလို့ ကျေးဇူးပါပဲ။

    ReplyDelete
  3. @ ကိုဇော် - မစို့မပို့လေးပါဗျာ။ တစ်ယောက်နဲ့တစ်ယောက် ဒီလို ဖလှယ်ခွင့်ရတာကိုပဲ ဝမ်းသာပါတယ်။

    @ JUSTICE999BURMA - စိတ်ချမ်းသာမယ်ဆိုရင် မြှောက်သာမြှောက်ပါ၊ ဘယ်သူမှ မထိခိုက်ပါဘူး :-)

    စာအုပ်ရဲ့ အဆိုအရ ၂၀၀၇ ခုနှစ်မှာ (အိမ်ယာမြေတွေ ဈေးဖေါင်းပွ ဈေးကွက်ပျက်သလိုမျိုး) အကြိတ်အနယ် ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီး ဘလော့ကဏ္ဍဟာ အဆုံးသတ်သွားပြီလို့ သဘောထား အရေးရပ်လိုက်ကြတဲ့ ထိပ်သီး (“A” list bloggers) တွေတောင် အတော်များများ ရှိခဲ့တယ်ဆိုပဲ။ ဒီဖက်နောက်ပိုင်းမှသာ ဘလော့လောကဟာ ပိုရင့်ကျက်လာပြီး ကနေ့ new media လို့ခေါ်နေကြတဲ့ citizen journalist တွေရဲ့ အတန်းထဲမှာ အခြား facebook, twitter စတာတွေနဲ့အတူ ခိုင်ခိုင်မာမာ ဆက်ရပ်တည်နေတာ လို့လည်း ဆိုပြန်ပါတယ်။

    စာရေးသူညွှန်းတဲ့ လေ့လာစရာ ဘလော့အချို့ကတော့ ဒီမှာပါ။
    www.joeydevilla.com
    marshallk.com
    ma.tt
    www.penmachine.com
    queenofspainblog.com
    သတိပြုစရာကတော့ အားလုံးနီးပါးဟာ ကနေဒါအခြေစိုက်တွေပါ။ အတုယူလို့ ရတာတွေ ရှိနိုင်ကြရင်တော့ ဝမ်းသာရမှာပါ။

    ReplyDelete
  4. ကောင်းသဗျ.... ဒီလိုတော့ ရှားမယ်ထင်တယ်.....

    အဆင်ပြေပါစေ...

    ReplyDelete
  5. တို့ကတော့ ဖတ်တယ်မှတ်တယ်ပြန်မျှတယ်.. ဒီလောက်အဆင့်ပါပဲ...

    ရှာရှာဖွေဖွေ ဦးလေးမန်းကို တော့ လွှတ်ကျေးဇူးတင်တယ်ဗျာ

    ReplyDelete
  6. နိုင်ငံခြားမှာ ဘလောက် တဲ့သူ တွေ ဘလောက် ရတယ် ဆိုလားပဲ ဘလောက် တွေမှာ ဖတ်ဖူးတယ်။ ကျနော်တို့လဲ ဘလောက် တာဆိုတော့ ဘလောက် ရရ မဆိုးဘူး။ ဘလောက် နိုင်သလောက် ဘလောက် ကြ၊ ဘလောက် ရေးတဲ့ ဘလောက် တွေ ကို ဘလောက်ကြ ပြီး ဘလောက် တောင်းရင်းကောင်း မလဲနော်။ ဘလောက် ဖြစ်ဖြစ် ဘလောက် နိုင်သလောက် ဘလောက် တာပဲကောင်းပါတယ်။ ကျနော် လဲ ဘလောက် တွေ ရှောက်ဖတ်မိ ပြီး ဘလောက် မှ မရဘဲ ဘလောက် လုပ်လိုက်တာ။ ဘာဘဲဖြစ်ဖြစ်လေ.. ဘလောက် ချင်သလောက် တော့ ဘလောက် ကြာကြာ ဘလောက် နေလိုက်ဦးမယ်။

    ReplyDelete
  7. @ လင်းဦး(စိတ်ပညာ) - သဘောကျပုံရလို့ ဝမ်းသာရပါတယ်ဗျာ၊ ရှားမယ်ဆိုတာကတော့ ဘာကိုဆိုလိုသလဲ သိပ်မရှင်းဘူး။ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေဖို့လည်း ပြန်ဆုတောင်းပေးပါတယ်။

    @ အင်္ဂါဟူး - တို့တတွေ ဘာမှ မကွာကြပါဘူးကွာ။ ကွာတာက စာအုပ်စာပေတွေ အလွယ်တကူနဲ့ ငွေကြေးအကုန်အကျမရှိပဲ ရနိုင် ဌားနိုင်တာလေးလောက်ပါ။ မင်းလည်း အချိန်တန်ရင် နွားပိန်ကန်မှာပါ။ နွားနဲ့ နှိုင်းတယ်တော့ သဘောမထားနဲ့အုံးနော၊ ဗမာစကား အသွားအလာကလည်း ဒီလိုဖြစ်နေတော့သကိုး။ :-)

    @ ဘလောက်မှ ကြေနပ်နိုင်မှာတုန်း ဘလောက်ဂါကြီးရဲ့!
    အရင် တစ်နှစ် တစ်သိန်းအထက် ဝင်ငွေရဖို့ဆိုတဲ့ လမ်းညွှန်စာအုပ်တုန်းက အသေချာမဖတ်ဖြစ်ပေမယ့် မှတ်သားမိတာ သေးသေးလေးတော့ ရှိပါတယ်။
    - ဘလော့ ၁၅-၂၀ လောက် ဖန်တီး၊ အချို့က ပေါ်ပင်ကိစ္စတွေ ဖြစ်ကောင်းဖြစ်မယ်။ ဥပမာ - နည်းပညာ၊ သီချင်း၊ ကား စသည်ဖြင့်ပေါ့။
    - လူတွေ google လိုနေရာမျိုးမှာ ရှာတဲ့အခါ ကိုယ့်ဘလော့ကို ရလဒ်ရဲ့ထိပ်ပိုင်းမှာ ပေါ်နိုင်အောင် လုပ်ရမယ်။
    - ဘလော့တစ်ခု နာမည်ရလာရင် ငွေပေါ်အောင် ရောင်းသင့်ရင် ရောင်းထုတ်ရမယ်။
    - ကြော်ငြာတွေ (ရွေး)ထည့်ရမယ်။
    - ဖန်တီးထားတဲ့ ဘလော့တွေထဲက ကိုယ်မကျွမ်းကျင်တဲ့ ကိစ္စအချို့အတွက် နည်းလမ်းရှာပြီး ဖြစ်အောင် လုပ်ရမယ်။
    - အလုပ်တစ်ခုနဲ့ ဘလော့ကို တွဲလုပ်ရင်း ဝင်ငွေသေချာလာတဲ့အခါ အချိန်ပြည့် ဘလော့ဂါအဖြစ် ကူးပြောင်းလိုက်ပါ တဲ့။

    အဲဒါတွေကို အတုယူပြီး (ငွေကိုတော့) အစစ်တွေရအောင် ကြိုးစားကြည့်ပါလား။ :-)

    ReplyDelete